အခန်း (၂၀၇၇-၂၀၈၂)
Vol. 127 Ch. 2077-2082
အခန်း ၂၀၇၇ အရာအားလုံးကို ကိုယ့်အစွမ်းအစနဲ့ရယူနိုင်တယ်
ကုနင်းက ၎င်းတို့သည် အဆိပ်တောက်များအားလုံးကို ရပ်တန့်စေပြီး လူများကို လျင်မြန်စွာ ခွန်အားဖြည့်ပေးနိုင်သည့် မှော်စွမ်းအား၏ အလွန်သန့်စင်သော မှော်စွမ်းအင်သလင်းကျောက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူ့ဆရာက သူ့အား ပေးခဲ့တယ်ဆိုတာကိုလည်း ရှင်းပြသည်။
ရှန်းကွမ်းယန်သည် စီနီယာ ကျင့်ကြံသူဖြစ်သောကြောင့် သူ့တွင် ဤမျှ ထိရောက်သော ဆေးများ ရှိသည်မှာ မထူးဆန်းပေ။
"စီနီယာချင်းဟယ် စီနီယာ ရှန်းကွမ်းမှာ ဒီလိုဆေးမျိုးတွေ အများကြီးရှိေသးလား " တောက်ပသော မျက်လုံးများဖြင့် မော့ချီလင်က မေးလိုက်သည်။ ကုနင်းသည် သူ့ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သည်။
သူလိုချင်တာက စွမ်းအားဖြစ်တယ်ဆိုတာကို သူမသိသည်။
သို့သော်လည်း ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို သိရှိပြီးနောက် လူတိုင်းက ၎င်းတို့ကို အလိုရှိလာတာကို ကုနင်းသည် မကျေမနပ်မှုမရှိခဲ့ပေ။
"မင်း သူတို့ကို လိုချင်လို့လား?" ကုနင်းက ရည်ရွယ်ချက်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ် စီနီယာ ရှန်းကွမ်းဆီက တစ်ခုခု ရနိုင်မလား? အိုး၊ ငါသူတို့အတွက် ပိုက်ဆံပေးချေလို့ရတယ်" မော့ချီလင်သည် အားနာပါးနာဖြင့် ပြောခဲ့သည်။ နဂိုက ၎င်းတို့ထံမှ အချို့ကို လိုချင်ခဲ့သော်လည်း မသင့်လျော်ဟု ခံစားခဲ့ရသည်။ သူတို့ လုံး၀ မရင်းနှီးကြတဲ့အတွက် ဆေးကို အလကား ယူ၍ မဖြစ်ပါ။ ထို့ကြောင့် သူသည် သူတို့အတွက် ပေးချေနိုင်သည်ဟု ဆိုသည်။
“ငါတို့မှာ ဆေးပြားတွေ အများကြီးမပါဘူး။ ဒါပေမယ့် ဆယ်ပြားတော့ ပေးနိုင်ပါတယ်။ မင်းရဲ့ဆရာကလွဲရင် ဘယ်သူ့ကိုမှ မပြောနဲ့” ဟု ကုနင်းက ဆိုသည်။ မော့ချီလင်အား စွမ်းအင်သလင်းကျောက်ဆယ်လုံး ပေးသည်ကို စိတ်မရှိပါ။
ကျင့်ကြံရေးလောကတွင် ရှန်းကွမ်းယန်ကို မည်သူမျှ မနှောက်ယှက်ရဲကြသော်လည်း အနာဂတ်တွင် ကျင့်ကြံရေးလောကနှင့် ရင်းနှီးသောဆက်ဆံရေးရှိမည်ဖြစ်သောကြောင့် ရိုးသားသောမိတ်ဆွေများနှင့် အဆက်အသွယ်ထားရှိခြင်းက ပိုကောင်းပါသည်။
ထို့ကြောင့် ကုနင်းသည် ယခုအချိန်တွင် ရင်းနှီးမြုပ်နှံထားရမည်။
"တကယ်လား?" ထိုစကားကိုကြားတော့ မော့ချီလင် စိတ်လှုပ်ရှားစွာ ပျော်မြူးခုန်ပေါက်သွားပြီး ချက်ချင်းပင် ကတိပေးလိုက်သည်။ "စီနီယာချင်းဟယ် ကျေးဇူးအများကြီးတင်ပါတယ်။ ငါ့ဆရာကလွဲရင် ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးတယ်။ ငါ့ဆရာကိုလည်း လျှို့ဝှက်ခိုင်းထားပါမယ်"
ယွင်ဟုန်ချင်က တခြားလူတွေကို ပြောပြမှာလား သူမ,မသိပေမယ့် ထျန်းတောက်ကျုံးနဲ့ အချိန်အတော်ကြာကြာ ဆက်ဆံပြီးနောက် သူ့အပေါ် အထင်ကြီးသွားခဲ့သည်။ သူသည် ဖြောင့်မှန်သောလူဖြစ်ပုံရသည်။
ပိုင်လင်ထျန်း နှင့် ရှီပိုင်ချွမ်းတို့သည်လည်း လူကောင်းများဖြစ်သည်။
ကုနင်းက တခြားလူတွေကိုေတာ့ သေချာမသိပေမယ့် တခြားသူတွေအပေါ်ေတာ့ ကောင်းမွန်တဲ့ အထင်အမြင်မရှိခဲ့ပါ။
"ငါတို့ပြန်သွားပြီးရင် မင်းကိုငါပေးမယ်။ အခုက ဆက်ပြီး တိုက်ခိုက်ဖို့ လိုေသးတယ်။ ငါမင်းကို အခုချက်ချင်းပေးလိုက်ရင် မင်းေပျာက်သွားနိုင်တယ်” ဟု ကုနင်းက ဆိုသည်။
"ပြဿနာမရှိပါဘူး" မော့ချီလင် သဘောတူသည်။
ခြောက်နာရီကျော်ကုန်ဆုံးသွားခဲ့ပြီး ပြိုင်ပွဲထဲမှာ နှစ်နာရီပဲကျန်တော့သည်။ တစ်ဝက်တစ်ပျက် လက်လျော့ခဲ့ကြသော ပါဝင်သူ ဆယ်ဦးရှိနေပြီဖြစ်သော်လည်း ၎င်းတို့အားလုံးမှာ အောက်ခြေအဆင့်ရှိ ကျင့်ကြံသူများဖြစ်သည်။
ထို့အပြင် ၎င်းတို့တစ်ဦးစီမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး အချို့မှာ အဆိပ်သင့်ခဲ့သည်။
ကုနင်းနှင့် သူမ၏အသင်းဖော်များ အဝေးသို့ ထွက်ခွာသွားပြီးနောက်တွင် သူမ၏ ကျောက်စိမ်းမျက်ဝန်းနှင့် မဝေးမကမ်းတွင် ပဉ္စမအဆင့် နတ်ဆိုးသုံးကောင်ကို တိုက်ခိုက်နေသော လူလေးဦးကို သူမတွေ့လိုက်ရသည်။ ကုနင်းနှင့် လင်ရှောင်းထင် တို့သည် အခြားသူများထံမှ မှော်သလင်းကျောက်များကို ခိုးယူရန် စိတ်ကူးမရှိကြပေ။
သို့သော် ကျင်းယွင်ယန်နှင့်မတူ။ ကျင်းယွင်ယန်က မြင်လျှင် ထိုသူနှင့်ယှဉ်ပြိုင်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
ကုနင်းသည် ဤတစ်ကြိမ်တွင် ကျင်းယွင်ယန်ကို တိုက်ဆိုင်စွာတွေ့လိုက်ရပြီး တိုက်ပွဲအတွင်းရှိ မိစ္ဆာနတ်ဆိုးများထဲမှ မှော်သလင်းကျောက်ပါရှိသည်ကို တွေ့လိုက်ရသည်။
"အဲဒီကို သွားရအောင်" ကုနင်းက ပြောပြီး ကျင်းယွင်ယန်ဆီသို့ လျှောက်သွားသည်။
လင်ရှောင်းထင်က ဘာလဲဆိုတာ မသိပေမယ့် ကုနင်းမှာ အကြောင်းပြချက်ရှိတယ်ဆိုတာကို သူသိသည်။
မော့ချီလင်က ဘာမှမသိတဲ့အတွက် သူတို့သွားတဲ့ေနာက်ကို လိုက်သွားသည်။
လင်ရှောင်းထင်၏အဖွဲ့ရောက်လာသည်ကိုမြင်တော့ ကျင်းယွင်ယန် မျက်မှောင်ကြုတ်လိုက်သည်။ မိစ္ဆာနတ်ဆိုးများတွင် မှော်သလင်းကျောက်များ ရှိမရှိ မသိသော်လည်း ရှိလျှင် လင်ရှောင်းထင်၏အဖွဲ့သည် မှော်သလင်းကျောက်များကို ခိုးယူနိုင်သည်။
မလွယ်ဘူးဆိုရင်တောင်မှ မှော်သလင်းကျောက်တွေကို (အလုယူမခံရအောင်) ထိန်းသိမ်းစောင့်ရှောက်ဖို့ သူ့မှာ ယုံကြည်ချက် သိပ်မရှိေပ။ သူ့ပိုင်ဆိုင်မှု အလုခံရတော့မယ်လို့ တွေးပြီး စိတ်ဆိုးသွားသည်။
ဒါပေမယ့် သူကိုယ်တိုင်လည်း လုပ်တဲ့အတွက် တခြားသူတွေရဲ့ ပစ္စည်းတွေကို လုယူတာ မှားတယ်လို့ မထင်ပါ။
လင်ရှောင်းထင်သည် ကျင်းယွင်ယန်ကိုမြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်ပြီး ကုနင်းအဘယ်ကြောင့် ဤနေရာကို လာချင်သည်ကို သဘောပေါက်သွားသည်။
“ချင်းဖုန်း၊ ဒီနတ်ဆိုးကို သတ်လိုက်” ဟု ကုနင်းက မိစ္ဆာနတ်ဆိုးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
ထိုစကားကိုကြားတော့ လင်ရှောင်းထင်သည် မိစ္ဆာနတ်ဆိုးအတွင်း၌ မှော်သလင်းကျောက်ရှိရမည်ကို သိလိုက်သောကြောင့် သူ မနှောင့်နှေးဘဲ ရှေ့သို့ ပြေးသွားခဲ့သည်။
ထိုမိစ္ဆာနတ်ဆိုးကို ကျင်းယွင်ယန် တိုက်ခိုက်ေနတာမဟုတ်ဘဲ သူ့အသင်းဖော်က တိုက်ခိုက်နေခြင်းဖြစ်သည်။ သူ့ရဲ့ အသင်းဖော်ဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိတဲ့အတွက် ဆုတ်ခွာသွားခဲ့သည်။
ထိုအခြေအနေတွင်ပင် လင်ရှောင်းထင်သည် ထိုလူအတွက် ပေါ်လာေပးသည်ဟု မထင်ခဲ့ကြပေ။ လင်ရှောင်းထင်သည် ၎င်းတို့အဖွဲ့၏ အညံ့ဆုံးအဖွဲ့ဝင်ကို တိုက်ခိုက်ရန် ထွက်သွားသည်ဟု သူတို့ထင်ကြသည်။
ကျင်းယွင်ယန်နှင့် အခြားအသင်းဖော်များ စိတ်ဆိုးသွားကြသည်။ သူတို့သည် လင်ရှောင်းထင်ကို ရပ်တန့်ချင်သော်လည်း ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပေ။ ကျင်းယွင်ယန်က ဒေါသတကြီး အော်လိုက်ပြီး "မင်း အရှက်မရှိလိုက်တာ! ဓားပြတွေလို ဘာလို့ ပြုမူေနရတာလဲ”
“စည်းကမ်းအရ ခွင့်ပြုတယ်လေ။ ငါတို့ရဲ့ အစွမ်းအစကနေတစ်ဆင့် အရာအားလုံးကို ရယူလို့ရတယ်” ကုနင်းသည် လက်ပိုက်ကာ သစ်ပင်တစ်ပင်ကို မှီလိုက်ရင်းေပြာလိုက်သည်။ ကျင်းယွင်ယန် ကို စိုက်ကြည့်သောအခါတွင် သူမ၏ မျက်နှာပေါ်တွင် အပြုံးအတုတစ်ခု ရှိနေသည်။
“မင်း…” ကျင်းယွင်ယန် ဒေါသထွက်သွားသည်။ စည်းမျဉ်းတွေက တကယ်ပဲ ခွင့်ပြုထားပေမယ့် သူခွင့်မပြုနိုင်ပါ။
“ပြီးတော့ ဒီမိစ္ဆာနတ်ဆိုးထဲမှာ မှော်သလင်းကျောက်ရှိမရှိ ဘယ်သူမှ မသိဘူးေလ” ဟု ကုနင်းက တမင်တကာ ပြောခဲ့သည်။ တကယ်တော့ မှော်သလင်းကျောက်က သူမဒီနတ်ဆိုးနတ်ဆိုးကို သတ်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းပါပဲ။
ကျင်းယွင်ယန်သည် ကုနင်းပြောတာကို သဘောတူသော်လည်း သူ၏အဖွဲ့သည် ကုနင်းအဖွဲ့ထက်အရင် မိစ္ဆာနတ်ဆိုးများကို တွေ့ရှိခဲ့ခြင်းကြောင့် ၎င်းတို့လုပ်အား၏အသီးအနှံကို ခိုးယူရန် ခွင့်မပြုနိုင်ပေ။
ကံမကောင်းစွာဖြင့် ကျင်းယွင်ယန်သည် ကုနင်းနှင့် ငြင်းခုံရန် ခွန်အားမရှိခဲ့ပေ။ ပဉ္စမအဆင့် နတ်ဆိုးများကို တိုက်ရာတွင် သူဒဏ်ရာရလုနီးပါးဖြစ်နေပြီဖြစ်သောကြောင့် အာရုံပျံ့လွင့်၍ မရပေ။
ထိုအချိန်တွင် ထိုလူသည် မိစ္ဆာနတ်ဆိုးမလုယူရန် လင်ရှောင်းထင်ကို ချက်ချင်းတားရန်သွားသော်လည်း တားနိုင်မည့်အစား မိစ္ဆာနတ်ဆိုး၏ ရိုက်ထုတ်ခြင်းကို ခံခဲ့ရသည်။ ဒဏ်ရာရပြီး လောလောဆယ် မထနိုင်သေးပေ။
ကျင်းယွင်ယန်သည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး ဘာမှပြန်မပြောနိုင်ပေ။ သူသည် ယခုအချိန်တွင် သူ၏ဒေါသကို မျိုသိပ်လိုက်ပြီး သူတိုက်ခိုက်နေသော နတ်ဆိုးကိုသာ သတ်ရန် အာရုံစိုက်လိုက်ရသည်။
မော့ချီလင်သည် ၎င်းတို့၏ယခင်အတွေ့အကြုံအရ ကုနင်းသည် မိစ္ဆာနတ်ဆိုးထဲတွင် မှော်ကျောက်သလင်းတစ်ခုရှိနိုင်သည်ဟု ခံစားရသောကြောင့် သူမသည် လင်ရှောင်းထင် ကိုသတ်ရန်ပြောခဲ့ခြင်းဖြစ်နိုင်သည်။ သူ,မသိသည်မှာ ကုနင်းသည် မိစ္ဆာနတ်ဆိုးထဲတွင် မှော်သလင်းကျောက်ရှိရမည်ကို ရှင်းရှင်းလင်းလင်းသိနေတာကို ဖြစ်နေသည်။
ထို့အပြင် ကုနင်းသည် လင်ရှောင်းထင်ကို မိစ္ဆာနတ်ဆိုး လုယူရန် ပြောသောအခါတွင် မော့ချီလင်သည် မှားသည်ဟု မထင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ စည်းမျဉ်းများက ခွင့်ပြုထားပြီး ကျင်းယွင်ယန်အဖွဲ့ထံမှ မိစ္ဆာနတ်ဆိုးကိုသာ လုယူခြင်းဖြစ်သည်။ မော့ချီလင်သည် လူ့ဆက်ဆံေရး၌ အတွေ့အကြုံမရှိသော်လည်း ကုနင်းနှင့် လင်ရှောင်းထင်သည် ကျင်းယွင်ယန်ကို မနှစ်သက်ကြောင်း သူခံစားနိုင်သည်။
သူလည်း ကျင်းယွင်ယန်ကို မုန်းတီးသည်။ ကျင်းယွင်ယန်သည် သူမိဘမဲ့ဖြစ်ခြင်းကြောင့် ယခင်က သူ့ကို အကြိမ်ကြိမ် အထင်အမြင်သေးခဲ့သည်။ သူ့ဆရာကလွဲလို့ ဘယ်သူမှ သူ့ကို မထောက်ခံေပ။ ထို့ကြောင့် ကုနင်းသည် ကျင်းယွင်ယန်၏ မိစ္ဆာနတ်ဆိုးကို လုယူရန် လင်ရှောင်းထင်ကို ပြောသောအခါတွင် သူပျော်နေခဲ့သည်။
လင်ရှောင်းထင်သည် ကျင့်ကြံရေးအဆင့်နှင့် ကိုယ်ခံပညာသည် ကျင်းယွင်ယန် ထက် သာလွန်သောကြောင့် ပဉ္စမအဆင့် မိစ္ဆာနတ်ဆိုးကို ကိုင်တွယ်ရန်မှာ အလွန်လွယ်ကူသည်။
ထို့ကြောင့် ကျင်းယွင်ယန်သည် သူတိုက်ခိုက်နေသော မိစ္ဆာနတ်ဆိုးကို အနိုင်ယူခါနီးတွင် လင်ရှောင်းထင် သည် မိစ္ဆာနတ်ဆိုးကို သတ်နိုင်ခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်မှ မှော်ကျောက်သလင်းကို ထုတ်ယူလိုက်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၇၈ ငါတို့ မနိုင်နိုင်ဘူး
ကျင်းယွင်ယန်နှင့် သူ့အဖွဲ့သည် လင်ရှောင်းထင် မှော်သလင်းကျောက်ကို ထုတ်ယူသည်ကို တွေ့လိုက်သောအခါတွင် ဒေါသတကြီး ဖြစ်သွားကြသည်။
"ဟင့်အင်း အဲဒါ ငါ့ရဲ့ မှော်သလင်းကျောက်ပဲ!" ကျင်းယွင်ယန်က ဒေါသတကြီးပြောသည်။ သူသတ်နိုင်လုနီးပါးဖြစ်နေတဲ့ နတ်ဆိုးကို ချန်ထားခဲ့ကာ မှော်သလင်းကျောက်ကို ဖမ်းဖို့ လင်ရှောင်းထင် ကို တိုက်ခိုက်ဖို့ သွားခဲ့သည်။
ယင်းနောက် လင်ရှောင်းထင်နှင့် ကျင်းယွင်ယန်တို့ အချင်းချင်း စတင်တိုက်ခိုက်ကြသည်။
စီနီယာ ကျင့်ကြံတွေ တိုက်ခိုက်တဲ့အခါ မှော်ပညာကို အသုံးပြုကြသည်။ တခဏချင်းမှာပဲ လေပြင်းတွေတိုက်ပြီး နေရာအနှံ့ သစ်ပင်တွေ ကျိုးကျသွားသည်။ ထို့အတွက်ကြောင့် အခြားသူများလည်း ထိခိုက်ေစနိုင်သောကြောင့် ကုနင်းသည် မော့ချီလင် ကို ချက်ချင်းဆွဲထုတ်ပြီး ထွက်ခွာသွားခဲ့သည်။
သာမာန်အားဖြင့် တီဗီရှိုးတစ်ခုတွင်သာ ထိုကဲ့သို့သောအရာကို မြင်နိုင်သောကြောင့် ထိုမြင်ကွင်းကို မြင်ရလျှင် လူများ အံ့အားသင့်သွားမည်ဖြစ်သည်။ ဒါဟာ ဆန်းကြယ်တဲ့ စိတ်ကူးယဉ်ဝတ္ထုတွေမှာ ရေးထားသလိုပါပဲ။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယန်တို့ တိုက်ခိုက်သောအခါ ကျင်းယွင်ယန်သည် သူ၏ ခွန်အားကို အပြည့်အ၀ အသုံးပြုခဲ့ပြီး လင်ရှောင်းထင်သည် သူ၏ ခွန်အား 70% ကိုအသုံးပြုခြင်းဖြင့် ကျင်းယွင်ယန်ကိုအနိုင်ယူရန် လုံလောက်နေပြီဖြစ်သည်။
သူတို့နှစ်ဦးလုံးသည် ရွှေအမြုတေအဆင့်တွင်ရှိသော်လည်း ကျင်းယွင်ယန်သည် ကနဦးအဆင့်တွင်ရှိပြီး လင်ရှောင်းထင်သည် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ သေးငယ်တဲ့ ကွာဟချက်ဖြစ်ပုံရပေမယ့် အမှန်တကယ်တော့ ကွာခြားချက်မှာ အလွန်ကြီးမားပါသည်။
ကျင်းယွင်ယန် အားကိုးရာမဲ့နေတဲ့အခါ သူ၏အသင်းဖော်များသည် မိစ္ဆာနတ်ဆိုးများနှင့် တိုက်ခိုက်ခြင်းကို ရပ်လိုက်ပြီး သူ့ကို ကူညီရန် လှည့်လာသည်။
ဒါကိုမြင်တော့ ကုနင်းက မော့ချီလင်ကို သူ့ကိုယ်သူ ကာကွယ်ဖို့ပြောကာ မဆိုင်းမတွ တိုက်ပွဲဝင်ခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ယခု ကျင်းယွင်ယန်နှင့် သူ၏အသင်းဖော် သုံးဦးတို့နှင့် တိုက်ခိုက်နေကြသော်လည်း ကုနင်းသည် ပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများထက် သာလွန်သောကြောင့် အသာစီးရနေသည်။
သူတို့သည် တိုက်ပွဲဝင်စဉ်တွင် မိစ္ဆာနတ်ဆိုးများကိုလည်း ဖြေရှင်းနေရသောကြောင့် ပြင်းထန်သောတိုက်ပွဲတွင် လူအုပ်စုသုံးစုနှင့် မိစ္ဆာနတ်ဆိုးများ ရှိခဲ့သည်။
ကုနင်း၊ လင်ရှောင်းထင်နှင့် ကျင်းယွင်ယန်တို့သည် မိစ္ဆာနတ်ဆိုးများကို အလွယ်တကူ ရှောင်နိုင်ကြသော်လည်း အခြားလူများမှာ ကံမကောင်းလှပေ။ ပြန်တိုက်ခိုက်ရသည်။
ထိုအခြေအနေတွင် သူတို့သည် မိစ္ဆာများကို အနိုင်ယူရန် အချိန်အလုံအလောက်ပေးထားရသည့်အတွက် လင်ရှောင်းထင်နှင့် ကုနင်းတို့ကို အာရုံမစိုက်နိုင်ေတာ့ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကျင်းယွင်ယန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် ရည်ရွယ်ချက်မရှိပေ။ သူတို့က သူ့ကို အနိုင်ယူဖို့ ရည်ရွယ်ပြီး မှော်သလင်းကျောက်ကို ခိုးယူနိုင်ပြီူနောက် ရပ်တန့်ဖို့ ရည်ရွယ်ပါသည်။
သူတို့၏တိုက်ပွဲအတွင်းတွင် မိစ္ဆာနတ်ဆိုးများအားလုံး သတ်ဖြတ်ခံခဲ့ရသော်လည်း ၎င်းတို့တွင် မှော်သလင်းကျောက်များမရှိသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့က ၎င်းတို့အား တစ်ချက်မျှ မကြည့်ကြပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့နှင့် မယှဉ်နိုင်ဟု ကျင်းယွင်ယန်က သိရှိပြီးနောက်တွင် သူသည် တိုက်ပွဲကို ရပ်လိုက်သော်လည်း အဖြစ်မှန်ကို လက်ခံရန် တွန့်ဆုတ်နေခဲ့သည်။ သူသည် ကုနင်းနှင့် လင်ရှောင်းထင်ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် ဝေဖန်လိုက်သည်။ "မင်း ငါတို့ကို အနိုင်ကျင့်နေတာလား"
“ငါတို့က စည်းကမ်းဖောက်တာမှမဟုတ်တာ။ မင်းလည်းတတ်နိုင်ရင် ငါတို့ရဲ့ မှော်သလင်းကျောက်တွေကို လာခိုးပေါ့" ကုနင်းက မောက်မာစွာပြောသည်။
“မင်း…” ကျင်းယွင်ယန် ဒေါသထွက်သွားသည်။ အမှန်ပင် စည်းကမ်းအရ ခွင့်ပြုထားသောကြောင့် ဘာပြောရမှန်းမသိ။ ကုနင်းသည် သူတို့၏ မှော်သလင်ကျောက်များကို လုယူရန်လည်း စိန်ခေါ်ခဲ့သည်။
သူလုပ်ချင်ပေမယ့် အောင်မြင်မှာမဟုတ်ဘူးဆိုတာ သူသိသည်။ လုပ်နိုင်ရင် သူ ဒီလောက် စိတ်ဆိုးနေမှာ မဟုတ်ပါ။
ကုနင်းက ကျင်းယွင်ယန်က သူတို့ကို အရမ်းစိတ်ဆိုးနေတာမြင်သောအခါ ကျေနပ်နေမိသည်။ မည်သို့ပင်ဖြစ်စေ သူသည် ၎င်းနှင့်ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ေတာ့ပါ။ လင်ရှောင်းထင် တောင်မှပဲ ရလဒ်ကို ပျော်ရွှင်နေသည်။
ကျင်းယွင်ယန်နှင့် သူ့အဖွဲ့သည် ကုနင်းနှင့် လင်ရှောင်းထင်ကို တိုက်ခိုက်တာကို ရပ်တန့်လိုက်ပြီးနောက် သူတို့လည်း အပြန်အလှန် ရပ်တန့်လိုက်ကြသည်။
"သွားကြရအောင်!" လင်ရှောင်းထင်သည် အသင်းဖော်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ကျင်းယွင်ယန်က သူလုပ်နိုင်တာဘာမှမရှိ၍ သူတို့ကို မတားေပ။ သူ့မျက်လုံးများတွင် ပြင်းပြင်းထန်ထန် သတ်ပစ်ချင်သည့် အကြည့်ဖြင့် သူတို့ ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့သည်။ သူ့အကြည့်နဲ့သာ သတ်နိုင်ရင် ကုနင်းနဲ့ လင်ရှောင်းထင် သေသွားလိမ့်မည်။
တကယ်တော့ အကြည့်နဲ့ သတ်ပစ်နိုင်ရင်တောင် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ကျင်းယွင်ယန်ကို သူ့အကြည့်နဲ့ သတ်ဖို့ အခွင့်အရေးပေးမည်မဟုတ်ပါ။
"ငါတို့ အခု ဘာလုပ်ရမလဲ သခင်လေးကျင်း" ကျင်းယွင်ယန်၏ အသင်းဖော်က မေးသည်။
“ငါတို့ မနိုင်နိုင်ဘူး။ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး။ မင်းတို့ အသုံးကိုမကျဘူး!" ကျင်းယွင်ယန် က သူ့လူတွေကို အမျက်ဒေါသ ထွက်ခဲ့သည်။
ကျင်းယွင်ယန်၏ အသင်းဖော်များသည် အလွန်မေကျမနပ်ဖြစ်ကြသော်လည်း ဘာမှ မပြောဝံ့ပေ။ ကျင်းယွင်ယန်သည် ၎င်းတို့အနက်မှ အဆင့်အမြင့်ဆုံးဖြစ်သည်။ အကယ်၍ သူတို့သည် ကျင်းယွင်ယန်နှင့် တူညီသော အဆင့်တွင် ရှိနေပါက ၎င်းတို့သည် တိုက်ပွဲတွင် ရှုံးနိမ့်လိမ့်မည် မဟုတ်ပါ။
ကျင်းယွင်ယန်သည် ပဉ္စမအဆင့် မှော်ကျောက်တုံးကို ဆုံးရှုံးပြီးနောက် အလွန်ဒေါသထွက်ခဲ့သော်လည်း ၎င်းကြောင့်သာ နုတ်ထွက်မည်မဟုတ်သောကြောင့် ဂိမ်းကို ဆက်လက်ပြီးအောင် ကစားခဲ့သည်။
ကုနင်း၏အဖွဲ့သည် အဝေးသို့ ထွက်ခွာသွားသောအခါ မော့ချီလင်က အလွန်စိတ်လှုပ်ရှားစွာပြောခဲ့သည် "ကျင်းယွင်ယန် ဒေါသထွက်နေပြီး ဘာမှမလုပ်နိုင်တာကို တွေ့ရတာ အရမ်းဝမ်းသာလိုက်တာ။ အရင်က ငါ့ကို အမြဲ အနိုင်ကျင့်ခဲ့တယ်၊ ဒါကြောင့် သူ ဒီလို ခံရသင့်တယ်!"
ထိုစကားကိုကြားတော့ ကုနင်းက ပြုံးရုံသာ ပြုံးပြလိုက်သည်။ သူမသည် ကျင်းယွင်ယန်ထံမှ မှော်သလင်းကျောက်များအားလုံးကို ခိုးယူချင်သော်လည်း သူမသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ် ရှာဖွေခဲ့ရာ မှော်သလင်းကျောက်များကို မတွေ့ရတော့ပေ။
ကုနင်းက သူတို့မှာ မှော်သလင်းကျောက်တွေမရှိဘူးလို့ သူမ မယုံပါ။ ကျင်းယွင်ယန်ဟာ ချန်ခွင်းအိတ်ကို ကိုင်ဆောင်နေတာကို သူမမြင်တာကြောင့် သူ့ရဲ့ မှော်သလင်းကျောက်တွေအားလုံးကို ချန်ခွင်းအိတ် ထဲမှာ ထားထားတာဖြစ်နိုင်သည်။
ကုနင်း၏ မှော်သလင်းကျောက်များသည် သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် ရှိနေစဉ် လင်ရှောင်းထင်သည် သူ၏ မှော်သလင်းကျောက်များကို ချန်ခွင်းအိတ်ထဲတွင် ထားထားသည်။ မော့ချီလင်သာလျှင် ၎င်းတို့အား ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ သိုင်းကြိုးထဲတွင် ထည့်ထားသည်။
ထိုအခြေအနေမျိုးတွင် သူ၏ရန်သူများသည် အနိုင်ယူပြီး မှော်သလင်းကျောက်ထုတ်ယူရန် အတင်းအကြပ်ေစခိုင်းခြင်းမခံရပါက သူ၏ မှော်သလင်းကျောက်များ လုယူခံရမည်မဟုတ်ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့က ထိုသို့လုပ်ရန် မလိုအပ်ပေ။
…
ကုနင်းနှင့် လင်ရှောင်းထင်တို့က မှော်ကျောက်တုံးကို ခိုးယူသွားသောကြောင့် ကျင်းယွင်ယန်သည် မွန်းကြပ်သည့်စိတ်များနှင့် ပြည့်နှက်နေတော့သည်။
ရလဒ်အနေနဲ့ သူ့ထက် နိမ့်ကျတဲ့ တခြားလူတွေက နတ်ဆိုးတွေနဲ့ ရန်တိုက်နေတာကို မြင်တဲ့အခါ သူလည်း သူတို့ရဲ့ နတ်ဆိုးတွေကို ခိုးယူသည်။ ကံမကောင်းစွာဖြင့် မှော်သလင်းကျောက်များမရှိသောကြောင့် သူသည် အခြားသူများ၏ မှော်ကျောက်ခဲများကို တိုက်ရိုက်လုယူပြီး ဒုတိယအဆင့်ရှိ သလင်းကျောက်နှစ်ခုကို အောင်မြင်စွာရခဲ့သည်။
သူတို့ရဲ့ မှော်သလင်းကျောက်တွေကို လုယက်ခံရတဲ့သူတွေက စိတ်တိုနေကြပေမယ့် ကျင်းယွင်ယန်ကို အနိုင်မယူနိုင်ခဲ့တဲ့အတွက် ရလဒ်ကို လက်ခံလိုက်ရသည်။
"ကျင်းယွင်ယန်က အရမ်းအရှက်မရှိတာပဲ။ တခြားလူတွေရဲ့ မှော်သလင်းကျောက်တွေ ဘယ်လိုလုပ် လုယက်နိုင်တာလဲ"
"စည်းကမ်းအရ ခွင့်ပြုထားတယ်လေ"
“…”
ကုနင်း၏အဖွဲ့သည် အတန်ကြာအောင် ရှေ့သို့ လျှောက်သွားသောအခါတွင် မိစ္ဆာနတ်ဆိုးလေးကောင်နှင့် တိုက်ခိုက်နေသော ရင်းနှီးသူများကို ထပ်မံတွေ့လိုက်ရသည်။ သူတို့က ပိုင်လီကျုံးရွှယ်နဲ့ သူမရဲ့ အသင်းဖော်တွေပါ။
ပိုင်လီကျုံးရွှယ်သည် မော့ချီလင်နှင့် အဆင့်တူဖြစ်သောကြောင့် သူမသည် စတုတ္ထအဆင့် မိစ္ဆာနတ်ဆိုးများနှင့် မယှဉ်နိုင်ပါ။
ပိုဆိုးတာက မိစ္ဆာနတ်ဆိုးတွေ အများကြီးရှိတာကြောင့် သူ့အသင်းဖော်တွေက သူ့ကို မကူညီနိုင်ကြပါ။ ရလဒ်အနေဖြင့် ပိုင်လီကျုံးရွှယ်သည် မိစ္ဆာနတ်ဆိုး၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာသွားခဲ့သည်။ ပိုင်လီကျုံးရွှယ်နှင့် တိုက်ခိုက်နေသော မိစ္ဆာနတ်ဆိုးတွင် မှော်သလင်းကျောက်တစ်ခုရှိသည်။
ဤတစ်ကြိမ်တွင်လည်း ကုနင်းသည် လင်ရှောင်းထင်နှင့် မော့ချီလင်တို့နှင့်အတူ ထိုနေရာသို့သွားလိုက်သည်။ ပိုင်လီကျုံးရွှယ်၏ မှော်သလင်းေကျာက်များကို ခိုးယူရန် သွားတာမဟုတ်ပဲ ပိုင်လီကျုံးရွှယ်နှင့် သူမ၏ ဆက်ဆံရေးကြောင့် သူမကို ကူညီဖို့ သွားခြင်းဖြစ်သည်။
သို့သော် သူတို့ နီးကပ်လာသောအခါတွင် မော့ချီလင်သည် ပိုင်လီကျုံးရွှယ်၏အဖွဲ့ကိုမြင်ပြီး ကုနင်းက စိုးရိမ်တကြီးမေးသည် "စီနီယာ ချင်းဟယ် ငါတို့ သူတို့ပစ္စည်းကို လုမှာလား"
ပိုင်လီကျုံးရွှယ်နဲ့ ကုနင်းရဲ့ ဆက်ဆံရေးကို သူမသိတဲ့အပြင် ယခင်က ကျင်းယွင်ယန်ရဲ့ မှော်သလင်းကျောက်ကို လုယူဖူးတာကြောင့် သူ့မှာ ရှောင်လွှဲလို့မရတဲ့ အတွေးတစ်ခု ၀င်လာခဲ့ခြင်းဖြစ်သည်။
မော့ချီလင်သည် ပိုင်လီကျုံးရွှယ်နှင့် မရင်းနှီးသော်လည်း သူသည် သူမကို သိပြီး ပိုင်လီမိသားစုအပေါ် ကောင်းသော သဘောထားအမြင်ရှိသည်။ ပိုင်လီမိသားစုသည် အဓိကမိသားစုလေးခုတွင် ဂုဏ်သိက္ခာအရှိဆုံးဖြစ်ပြီး အခြေခံသတ်မှတ်ချက်များရှိကြောင်း သူ၏ဆရာက ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် ကုနင်းကို ၎င်းတို့၏ မှော်သလင်းကျောက်များအား လုယူသည်ကို မမြင်ချင်ပေ။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၇၉ ပိုင်လီကျုံးရွှယ်ကိုကူညီခြင်း
ပိုင်လီကျုံးရွှယ်၏အသင်းဖော်များသည် လင်ရှောင်းထင်က မိစ္ဆာနတ်ဆိုးကို လုယူမည်ဆိုး၍ လင်ရှောင်းထင်၏အဖွဲ့အား မြင်လိုက်ေသာအခါတွင် ကြောက်လန့်သွားပြီး သတိရှိလာသည်။ ပိုင်လီကျုံးရွှယ်ကသာ စိတ်အေးလက်အေးဖြစ်ပြီး စိတ်မပူပေ။
“မဟုတ်ဘူး၊ ငါ သူတို့ကို ကူညီမလို့” ဟု ကုနင်းက ဆိုသည်။
ထိုစကားကိုကြားတော့ မော့ချီလင် စိတ်သက်သာရာရသွားကာ ကုနင်းသည် ဂိမ်း၏ပထမပိုင်း၌ ပိုင်လီကျုံးရွှယ်ကိုကယ်တင်ခဲ့ကြောင်း သတိရမိသွားသည်။
တစ်ချိန်တည်းမှာပင် သူတို့က ကျင်းယွင်ယန်ကို မကြိုက်သောကြောင့် သူ့မှော်သလင်းကျောက်ကိုလုယက်ကြောင်း ပိုသေချာသွားသည်။
"ကိုယ်ကူညီရမလား?" လင်ရှောင်းထင်က မေးသည်။
“အင်း” ဟု ကုနင်းက ပြောသည်။
မနှောင့်နှေးဘဲ ချက်ချင်းလုပ်ဆောင်ခဲ့သည်။
မော့ချီလင်က သူ့အဆင့်သူ ကောင်းကောင်းသိပြီး သူတို့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့အတွက် ဘာမှမလုပ်ပါ။
"ငါတို့ကူညီပါရစေ!" ကုနင်းက သူတို့အနားကို ရောက်တဲ့အခါ သူမကို သူတို့ အထင်မလွဲသွားအောင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်!" ပိုင်လီကျုံးရွှယ် က ကျေးဇူးတင်ကြောင်း ခံစားလိုက်ရသည်။
ပိုင်လီကျုံးရွှယ်ရဲ့ အသင်းဖော်တွေလည်း စိတ်သက်သာရာရသွားကြသည်။ ကုနင်းသည် ဂိမ်း၏ပထမပိုင်း၌ ပိုင်လီကျုံးရွှယ်ကို ကယ်တင်ခဲ့သည်ကို သတိရသွားမိသောကြောင့် ကုနင်း၏စကားကို ယုံကြည်ကြသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့၏အကူအညီဖြင့် မိစ္ဆာနတ်ဆိုးလေးကောင်သည် မကြာမီ အသတ်ခံခဲ့ရသည်။
"ကျေးဇူးအရမ်းတင်ပါတယ်!"
မိစ္ဆာနတ်ဆိုးများ အသတ်ခံရပြီးနောက်တွင် မှော်ကျောက်ခဲများ ရှိမရှိ သိရှိရန် ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖွင့်ရန် အလျင်စလို မလုပ်ခဲ့ကြပေ။ အဲဒီအစား သူတို့က ကုနင်းနဲ့ လင်ရှောင်းထင်ကို အရင်ဆုံး ကျေးဇူးတင်သည်။
"ရပါတယ်။ မိစ္ဆာနတ်ဆိုးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မှော်သလင်းကျောက်တွေ ရှိ၊ မရှိ သွားစစ်ဆေးလိုက်ပါ" ဟု ကုနင်းမှ ပြောသည်။ ကုနင်းသည် ထိုမိစ္ဆာနတ်ဆိုးများ၏ အလောင်းများကို ဖွင့်ရန် ပိုင်လီကျုံးရွှယ်ကို မကူညီဘဲ သူမကိုယ်တိုင် လုပ်ခွင့်ပေးခဲ့သည်။
“ဟုတ်ပြီ!”
ပိုင်လီကျုံးရွှယ်နဲ့ သူမရဲ့ အသင်းဖော်တွေက အဲဒီမိစ္ဆာနတ်ဆိုးတွေရဲ့ အလောင်းတွေကို ချက်ချင်းဖွင့်ရန်သွားကြသည်။
တစ်ချိန်တည်းမှာပင် ကုနင်းသည် လင်ရှောင်းထင်၏ဘက်သို့ ပြန်သွားပြီး ထွက်ခွာရန် ပြောလိုက်သည်။
ပိုင်လီကျုံးရွှယ်နှင့် သူမ၏အသင်းဖော်များ ပြီးဆုံးသောအခါ ကုနင်း၏အဖွဲ့သည် အဝေးသို့ရောက်နေပြီဖြစ်သည်။
အဲဒီလိုဆိုရင် သူတို့ မတားတော့ပေ။
ထို့နောက်တွင် ပိုင်လီကျုံးရွှယ်သည် မိစ္ဆာနတ်ဆိုးထံမှ မှော်သလင်းကျောက်ကို တွေ့ရှိခဲ့ပြီး သူမ၏အသင်းဖော်များက အော်ဟစ်အားပေးခဲ့ကြသည်။
ပိုင်လီကျုံးရွှယ်ရဲ့အသင်းဖော်က "သူတို့သာ မကူညီဘူးဆိုရင် ငါတို့အများကြီး ဒုက္ခရောက်လိမ့်မယ်" လို့ ပိုင်လီကျုံးရွှယ်အား ပြောသည်။
"ဟုတ်တယ် တခြားလူတွေသာဆို ဒီမှော်သလင်းကျောက်ကို လုသွားမှာပေါ့!" ပိုင်လီကျုံးရွှယ်က ပြောသည်။
"ကျုံးရွှယ်၊ ကောင်မလေးက မင်းကို နှစ်ခါတောင် ကူညီခဲ့တယ်။ မင်းတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိနေကြမယ်လို့ ငါ ထင်တယ်” ဟု ပိုင်လီကျုံးရွှယ်၏ အခြား အသင်းဖော်က ပြောသည်။
"ဟုတ်တယ် ငါလည်းထင်တယ်" အခြားအသင်းဖော်တစ်ဦးက အော်ဟစ်ခဲ့သည်။
“ငါ သူ့ကို လုံးဝမသိဘူး။ သူ့ကို ရင်းနှီးနေတယ်လို့ပဲ ခံစားမိတာ” ဟု ပိုင်လီကျုံးရွှယ်က ပြောသည်။ ကောင်မလေးကို သူမမသိကြောင်း သေချာသော်လည်း သူမသည် ကောင်မလေးကို အလွန်ရင်းနှီးသည်ဟု ခံစားမိသည်။
မိန်းကလေး၏ အသွင်အပြင်နှင့် အသံကို သူမ မသိသော်လည်း သူမ၏ အငွေ့အသက်ကို ကောင်းစွာ သိသည်။ မတွေ့တာကြာ၍ တစ်ယောက်နဲ့တစ်ယောက် မေ့သွားကြတာများလား။
အဲဒါကိုတွေးပြီး ပိုင်လီကျုံးရွှယ်က ဖြစ်နိုင်တယ်လို့ တွေးလိုက်သည်။
“ဒီကိုရောက်ဖို့ ငါတို့အတွက် မလွယ်ဘူး။ နှစ်နာရီပဲကျန်တော့တယ်၊ ဒါပေမယ့် ငါတို့ ဒီထက်ပိုပြီး ဆက်လျှောက်သင့်တယ်လို့ ငါမထင်ဘူး။ မဟုတ်ရင် အန္တရာယ်နဲ့ကြုံလာရင် ပိုဆုံးရှုံးရလိမ့်မယ်” ဟု ပိုင်လီကျုံးရွှယ်က ဆိုသည်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တွေကြောင့် ထိပ်တန်း 10 ယောက်ကဆုတွေ ဆွတ်ခူးနိုင်ပေသည်။
အဲဒါကိုကြားတော့ သူ့အသင်းဖော်တွေက သဘောတူပြီး ပြန်သွားကြသည်။
ကုနင်း၏အဖွဲ့သည် အဝေးသို့ ထွက်ခွာသွားပြီးနောက်တွင် ပဉ္စမအဆင့် မိစ္ဆာနတ်ဆိုးနှစ်ကောင်ကို တွေ့ခဲ့ကြသည်။ သူတို့မှာ မှော်သလင်းကျောက်တွေ မရှိပေမယ့် ကုနင်းရဲ့ အဖွဲ့ဟာ သူတို့ကို သတ်ပစ်ဖို့ လိုနေပါသေးသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် မိစ္ဆာနတ်ဆိုးများနှင့် တိုက်ခိုက်နေချိန်တွင် သုန်းဖန်းကျီယွီ၏အဖွဲ့သည် ရပ်တန့်သွားသည်။
ဒါကိုမြင်တော့ ကုနင်းနဲ့ လင်ရှောင်းထင်က သူတို့ကို အထူးဂရုမစိုက်ေပ။ ကျင်းယွင်ယန်သည် လင်ရှောင်းထင်အတွက် မယှဉ်နိုင်သောကြောင့် သုန်းဖန်းကျီယွီသည် လင်ရှောင်းထင်နှင့် ယှဉ်ရန် ခက်ခဲလှသည်။ တကယ်တော့ သုန်းဖန်းကျီယွီဟာ ကုနင်းကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်ပေ။
မော့ချီလင်ကအနည်းငယ် မပျော်သော်လည်း သူ ဘာမှ မပြော။
“ကျီယွီ ငါတို့…” ဝူရွှမ်းဟွာက သုန်းဖန်းကျီယွီကို အသံတိုးတိုးဖြင့် မေးသည်။ သူ့စကားမဆုံးပေမယ့် ပြောချင်တာက ရှင်းပါသည်။ သူက ကုနင်းအဖွဲ့ကို လုယက်မှာလားဆိုပြီး သုန်းဖန်းကျီယွီကို မေးခြင်းပင်။
"သူတို့က အရမ်းသန်မာပြီး မိစ္ဆာနတ်ဆိုးတွေထဲမှာ မှော်သလင်းကျောက်တွေ မရှိတာလည်းဖြစ်နိုင်တာမို့ ခဏလောက်စောင့်လိုက်ရအောင်" ဟု သုန်းဖန်းကျီယွီက ပြောသည်။
အဲဒါကိုကြားတော့ သူ့အသင်းဖော်တွေက ရပ်ပြီး ဘေးကနေ ကြည့်နေလိုက်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကုနင်း၏အဖွဲ့သည် မိစ္ဆာနတ်ဆိုးများနှင့်တိုက်ခိုက်သောအခါတွင် အလွန်စိတ်အေးလက်အေးဖြစ်ပုံရသောကြောင့် ၎င်းတို့သည် မကျေမနပ်ဖြစ်လာသည်။
ခဏအကြာတွင် လင်ရှောင်းထင်သည် နတ်ဆိုးတစ်ကောင်ကို သတ်လိုက်ပြီး ကုနင်းသည်လည်း ထိုနည်းအတိုင်းပင် ပြုလုပ်ခဲ့သည်။
သူတို့ခန္ဓာကိုယ်ထဲမှာ မှော်သလင်းကျောက်တွေမရှိမှန်းသိပေမယ့် သုန်းဖန်းကျီယွီ ရှိနေတာကြောင့် သူတို့ရဲ့အလောင်းတွေကို ဖြတ်တောက်ပစ်ခဲ့ရသည်။
သုန်းဖန်းကျီယွီနှင့် သူမ၏ အသင်းဖော်များသည် သူတို့က ၎င်းတို့ထက် အလွန်လျှင်မြန်သောကြောင့် သူတို့၏ စွမ်းဆောင်ရည်ကို အံ့အားသင့်ခဲ့ကြသည်။
ကုနင်းသည် ပေါင်းစည်းခြင်းအဆင့်တွင်သာရှိသော်လည်း သူမသည် မိစ္ဆာနတ်ဆိုးတစ်ကောင်ကို သုန်းဖန်းကျီယွီ ထက် ပိုမိုလျင်မြန်စွာသတ်နိုင်ခဲ့သည်။ ကုနင်းဟာ တကယ်ပဲ ပေါင်းစည်းခြင်းအဆင့် မှာပဲလား။
သုန်းဖန်းကျီယွီက သူတို့ကို တိုက်ခိုက်ခဲ့လျှင် ရှုံးနိမ့်တဲ့သူက သူမဖြစ်နိုင်သည်။
ကံကောင်းစွာနဲ့ပဲ သူ့အဖွဲ့သည် ကုနင်း၏အဖွဲ့မှ နတ်ဆိုးဘီလူးများကို ခိုးယူရန် အလျင်စလိုမလုပ်ခဲ့ကြဘဲ မှော်သလင်းကျောက်လည်း မရှိပေ။
နောက်နာရီများတွင် သုန်းဖန်းကျီယွီသည် ကုနင်းနှင့် လင်ရှောင်းထင်ကို တမင်တကာ ရှောင်ရှားခဲ့သည်။ သူတို့ရဲ့ မှော်သလင်းကျောက်တွေကို ခိုးယူဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်တာကြောင့် မဟုတ်ဘဲ သူမမှာ အဲဒီစွမ်းရည် မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားတာကြောင့်ပါ။ ထိုအစား ကုနင်း၏အဖွဲ့သည် ၎င်းတို့၏ မှော်သလင်းကျောက်များကို လုယူသွားနိုင်မည်ကို သူမ စိုးရိမ်နေမိသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် သုန်းဖန်းကျီယွီ အဖွဲ့မှ ၎င်းတို့၏ မှော်ကျောက်ခဲများကို လုယက်ရန် ရည်ရွယ်ချက်မရှိပေ။ သုန်းဖန်းကျီယွီ၏အဖွဲ့နားက ထွက်ခွာသွားပြီးနောက် ၎င်းတို့သည် တောနက်ထဲသို့ လျှောက်သွားခဲ့ကြသည်။
သူတို့မှာ တစ်နာရီနဲ့ မိနစ်နှစ်ဆယ်ပဲရှိတော့ပြီး မှော်သလင်းကျောက်အနည်းငယ်ကို စုဆောင်းရမှာပါ။ ပိုမြင့်တဲ့အဆင့်ရှိမိစ္ဆာနတ်ဆိုးတွေနဲ့ တွေ့ရင် ပိုကောင်းေပသည်။
သေချာပေါက် မှော်သလင်းကျောက်ခဲများ ပါရှိရပါမည်။ မရှိတဲ့ မိစ္ဆာနတ်ဆိုးနဲ့တော့ သူတို့ မတွေ့ချင်ပါ။ သူတို့ရဲ့ အရည်အချင်းတွေကို အသုံးချဖို့က အရေးကြီးပေမယ့် ဆုရဖို့က ပိုအရေးကြီးသည်။
“စီနီယာ ချင်းဖုန်း၊ စီနီယာ ချင်းဟယ်၊ ငါတို့ ပိုတောနက်နက်ထဲသွားရင် မိစ္ဆာနတ်ဆိုးတွေက ပိုအဆင့်မြင့်လာလိမ့်မယ်။ သူတို့ ကိုင်တွယ်ဖြေရှင်းရ ပိုခက်တယ်” ဟု ကုနင်းနှင့် လင်ရှောင်းထင်သည် အတွင်းဘက်သို့ မရပ်မနား လျှောက်သွားသည်ကို မြင်သောအခါ မော့ချီလင်က ပြောသည်။
တောနက်ထဲတွင် အလွန်အန္တရာယ်များသောကြောင့် သူကြောက်သည်ဟု ဝန်ခံရမည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အလွန်သန်မာကြောင်း သူသိသော်လည်း သူတို့က အသန်မာဆုံးသော ကျင့်ကြံသူများမဟုတ်သောကြောင့် ပိုမိုနက်နဲလာသည်နှင့်အမျှ အန္တရာယ်ဖြစ်လိမ့်မည်။
သူ့ဆရာတောင်မှ တောနက်ထဲ မသွားရဲပေ။ မဟုတ်ရင် သူ့ဆရာက နတ်ဆိုးတွေကို သတ်ပြီး ကျင့်ကြံဖို့ အဆင့်မြင့်တဲ့ မှော်သလင်းကျောက်တွေကို စုဆောင်းဖို့ ဒီကို ရောက်လာလိမ့်မည်။
“မင်းကြောက်ရင် ငါတို့နဲ့လိုက်ဖို့ မလိုဘူး၊ ဒါပေမယ့် မင်းဒီမှာနေရင်တောင် ဘေးကင်းမှာမဟုတ်ဘူး။ တကယ်တော့ မင်းဒီမှာနေခဲ့ရင် ပဉ္စမအဆင့် နတ်ဆိုးတွေ အများကြီးရှိလို့ ဒီမှာ တစ်ယောက်တည်း နေတာက ပိုအန္တရာယ်များတယ်။ မင်းက သူတို့နဲ့ မယှဉ်နိုင်ဘူး။ မင်း ငါတို့နဲ့ လိုက်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ မင်းဘေးကင်းလိမ့်မယ်ဆိုတာ သေချာပါတယ်။ ငါတို့တော့ ဒီထက်ပိုပြီး နက်နက်သွားဖို့ ဆုံးဖြတ်ထားတယ်” ဟု ကုနင်းက ပြောသည်။ နည်းနည်း သွေးအေးတယ်လို့ ထင်ရပေမယ့် ဒါဟာ အမှန်တရားပါပဲ။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၈၀ အရမ်းများတယ်
မော့ချီလင်က အခုနောင်တရနေရင်တောင်မှ သူတို့နဲ့ လိုက်ဖို့ထက် ဒီမှာနေနေရတာက သူ့အတွက် ပိုအန္တရာယ်များတာကြောင့် ထွက်သွားဖို့ အခွင့်အရေး မရှိတော့ပေ။
မော့ချီလင်က သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ကုနင်းပြောတာ မှန်နေ၍ အဆုံးတွင် ဘာမှ မပြောပေ။ သူဒီမှာ တစ်ယောက်တည်းနေမယ်ဆိုရင် ပိုအန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေလိမ့်မည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို ယုံကြည်ပြီး ၎င်းတို့နောက်ကို လိုက်ခဲ့သည်။
နောက်ထပ်အကြာကြီး လမ်းလျှောက်ပြီးနောက်မှာ မြင့်မားတဲ့အဆင့်ရှိ မိစ္ဆာနတ်ဆိုးတွေနဲ့ တွေ့ခဲ့ကြသည်။ နှစ်ေကာင်က ဆဌမအဆင့်မှာရှိပြီး တစ်ယောက်က သတ္တမအဆင့်မှာ ရှိနေသည်။
သူတို့သည် ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် မိစ္ဆာနတ်ဆိုးများနှင့် တွေ့ဆုံသည်နှင့် တပြိုင်နက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ပြင်းထန်သော အကျပ်အတည်းကို ခံစားခဲ့ရသည်။
ဆဌမအဆင့်နှင့် သတ္တမအဆင့် နတ်ဆိုးဘီလူးများသည် လင်ရှောင်းထင် ထက် အားကောင်းသောကြောင့် ၎င်းတို့သည် အလွန်အန္တရာယ်များသော တိုက်ပွဲကို ရင်ဆိုင်ရမည်ဖြစ်သည်။
သူတို့မှာ ကျောင်းလုံရှိပေမယ့် မော့ချီလင် ရှိနေတာကြောင့် အခုချက်ချင်းမလွှတ်နိုင်သေးပါ။
ဒီအချိန်မှာ ကုနင်းက မော့ချီလင် ကို သူတို့နဲ့အတူ ခေါ်လာမိတာကို ပထမဆုံးအကြိမ် နောင်တရမိသွားသည်။
မော့ချီလင် မရှိပါက ကျောင်းလုံကို သူတို့အလိုအတိုင်း လွှတ်ပေးနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူတို့က မော့ချီလင်ကိုခေါ်လာပြီးသားမို့ သူ့ကို တစ်ယောက်တည်း ပြန်မလွှတ်နိုင်ပါ။ ထို့အပြင် မိစ္ဆာနတ်ဆိုးသုံးကောင်စလုံးတွင် မှော်ကျောက်သလင်းတစ်ခုစီပါရှိပြီး ၎င်းတို့ အရှုံးမပေးနိုင်သည်မှာ သေချာသည်။
ရလဒ်အနေနဲ့ သူတို့က မော့ချီလင်ကို ခပ်ဝေးဝေးမှာနေပြီး သူ့ကိုယ်သူ ကောင်းကောင်းကာကွယ်ဖို့ ပြောပြီး ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ မိစ္ဆာနတ်ဆိုးတွေကို ကိုင်တွယ်ဖို့ သွားခဲ့ကြသည်။
အထက်တန်းအဆင့်ရှိ မိစ္ဆာနတ်ဆိုးများသည် ကိုင်တွယ်ရန် ပို၍ခက်ခဲသည်မှာ အမှန်ပင်။ ကုနင်းသည် သူမ၏ သိုင်းကွက်များသို့ ဖီးနစ်သွေး၏ မှော်စွမ်းအင်ကို ပေါင်းထည့်လိုက်လျှင်ပင် မိစ္ဆာနတ်ဆိုးများသည် အနည်းငယ် ဒဏ်ရာရပြီး ထိခိုက်ရုံသာ ရှိသေးသည်။
ဆယ်မိနစ်လောက်ကြာတော့ တိုက်ပွဲက မတည်ငြိမ်သေးပေ။
မိနစ်နှစ်ဆယ်ကြာပြီးနောက် အခြေအနေမေကာင်းလာသော်လည်း ကုနင်းမှာလည်း ခွန်အားမရှိတော့ပေ။
နာရီဝက်အကြာတွင် ကုနင်းသည် ဆက်လုပ်ရန် ခက်လာသည်နှင့်အမျှ လင်ရှောင်းထင်လည်း ခွန်အားများ ဆုံးရှုံးလာသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် မိစ္ဆာနတ်ဆိုးများနှင့် ဖြေရှင်းနေကြစဉ် အခြားနေရာများမှ လူများသည် မှော်သလင်းကျောက်များ အချင်းချင်း လုယက်ကြသည်။
အရင်ကအသင်းဖော်တွေက အခု ရန်သူတွေဖြစ်နေပြီ။ တစ်ချို့က အဖွဲ့အချင်းချင်းထဲမှာတောင် လုယက်ကြသည်။
ပါဝင်သူအများအပြားသည် လင်ရှောင်းထင်၏အဖွဲ့ကို ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း အချို့က အထူးသဖြင့် ရွှေအမြုတေအဆင့်ရှိ အခြားသော ကျင့်ကြံသူများက ၎င်းတို့ကို ရှာဖွေလိုသေးသည်။
လင်ရှောင်းထင်၏ စွမ်းရည်အစစ်အမှန်ကို မမြင်ကြသောကြောင့် ၎င်းတို့သည် တူညီသင့်သည်ဟု ယူဆကြပြီး ရန်ဖြစ်လျှင် ရှုံးမည်မဟုတ်ပေ။
သူတို့မှာလည်း မှော်သလင်းကျောက်တွေ အများကြီးရှိတာကြောင့် လင်ရှောင်းထင်ရဲ့ မှော်သလင်းကျောက်တချို့ကို သူတို့ လုယူနိုင်မလားဆိုတာ သူတို့ သိချင်ကြသည်။
လင်ရှောင်းထင်၏အဖွဲ့နှင့်တွေ့ဆုံရန်မျှော်လင့်ထားသော်လည်း ၎င်းတို့သည် တူညီသောအဆင့်တွင်ရှိနေသောကြောင့် အနည်းငယ်စိုးရိမ်ကြသည်။ ဘယ်သူအနိုင်ရမယ်ဆိုတာ ပြောဖို့ခက်သည်။ လင်ရှောင်းထင်ကိုရှုံးရင် သူတို့ရဲ့ မှော်သလင်းကျောက်တွေ ဆုံးရှုံးသွားမှာကို ကြောက်ကြသည်။
ဘာပဲဖြစ်ဖြစ် လင်ရှောင်းထင်နှင့် ကုနင်းတို့သည် တောနက်ထဲမှာမှ အလွန်နက်ရှိုင်းတဲ့ေနရာမှာ ရှိသောကြောင့် သူတို့သည် လင်ရှောင်းထင်၏အဖွဲ့နှင့် မတွေ့ဆုံနိုင်ပေ။ မည်သူမျှ မလိုက်ရဲသောကြောင့် တွေ့ဆုံရန် မဖြစ်နိုင်ပေ။
မိနစ်လေးဆယ်အကြာတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ထိခိုက်မိသော်လည်း မိစ္ဆာနတ်ဆိုးများမှာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။
မော့ချီလင်သည် သူတို့အတွက် ပိုစိုးရိမ်လာသည်။ အခုအချိန်မှာ ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ နတ်ဆိုးဘီလူးသုံးကောင်ကို သတ်နိုင်ပါ့မလားဆိုတာက အရေးမကြီးေတာ့ဘူးလို့ သူထင်သည်။ အရေးကြီးဆုံးကတော့ သူတို့ဟာ နောက်ထပ် နာရီဝက်လောက်အထိ သန်မာနေဖို့ လိုပြီး အချိန်တန်ရင် သူတို့ရဲ့ နံပါတ်ကတ်တွေက သူ့ဘာသာသူ ကွဲသွားလိမ့်မည်။ ထို့နောက် သူတို့သည် အုံ့ဆိုင်းနေသော တောအုပ်မှ ထွက်ခွာသွားနိုင်မည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့တွင် မတူညီသော အယူအဆတစ်ခုရှိခဲ့သည်။ သူတို့သည် မိစ္ဆာနတ်ဆိုးသုံးကောင်ကို သတ်ပြီး ၎င်းတို့၏ မှော်သလင်းကျောက်များကို ယူဆောင်ရန် နာရီဝက်သာရှိတော့သည်။
မတော်တဆမှု တစ်ခုခုဖြစ်ရင် ကျောင်းလုံကို လွှတ်လိုက်သင့်တယ်လို့ ထင်သည်။
ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြု၍ မီတာနှစ်ဆယ် သို့မဟုတ် သုံးဆယ်အကွာအဝေးအတွင်း အခြားအပျက်အစီးများ မရှိသည်ကို တွေ့လိုက်ရသောကြောင့် သူမသည် မော့ချီလင်အား “မော့ချီလင်၊ ဆယ်မီတာ နောက်ပြန်ဆုတ်ပါ။ ငါ့ခွင့်ပြုချက်မရှိရင် မင်းလာလို့မရဘူး"
ထိုစကားကိုကြားတော့ မော့ချီလင် စိတ်ရှုပ်သွားသည်။ ကုနင်းကို ဘာလုပ်မယ်မှန်းမသိပေမယ့် မမေးဘဲ ဆယ်မီတာအကွာကို ပြန်ဆုတ်သွားသည်။
ဆယ်မီတာအနောက်ကို လှမ်းကြည့်လိုက်တော့ တိုက်ပွဲကို မမြင်နိုင်တော့တဲ့အတွက် ကုနင်းက လင်ရှောင်းထင်ကို ကျောင်းလုံကို ချက်ချင်းလွှတ်ပေးဖို့ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည်လည် မိစ္ဆာမြေခွေးကို လွှတ်လိုက်သည်။
မိစ္ဆာမြေခွေးသည် မြင့်မားသောအဆင့်မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်သည်။
ကျောင်းလုံနှင့် မြေခွေး၏အကူအညီဖြင့် ကုနင်းနှင့် လင်ရှောင်းထင်အတွက် တိုက်ပွဲသည် ပိုမိုလွယ်ကူလာသည်။
ဆယ်မိနစ်အကြာတွင် ကုနင်းနှင့် လင်ရှောင်းထင်သည် အသာစီးရလာပြီး ငါးမိနစ်အကြာတွင် မိစ္ဆာနတ်ဆိုးသုံးကောင် ဖိနှိပ်ခံခဲ့ရသည်။
မော့ချီလင်သည် အရာအားလုံး မည်သို့ဖြစ်နေသည်ကို မသိ။ တိုက်ပွဲသံများကိုသာ ကြားနေရသောကြောင့် အလွန်စိုးရိမ်နေသည်။ သို့သော်လည်း ကုနင်းက သူမခွင့်ပြုချက်မရှိဘဲ လာလို့မရဘူးလို့ ပြောထားတဲ့အတွက် သူ့ကိုယ်သူ ထိန်းထားပြီး သူတို့အဆင်ပြေပါစေလို့သာ ဆုတောင်းနိုင်သည်။
နောက်ဆုံးငါးမိနစ်တွင် မိစ္ဆာနတ်ဆိုးသုံးကောင်သည် အသတ်ခံခဲ့ကြရသည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အနားယူရန် အချိန်မရှိသဖြင့် မှော်ကျောက်ခဲများကို အမြန်ထုတ်ယူလိုက်ကြသည်။
မှော်သလင်းကျောက်များကို မြင်လိုက်ရသောအခါ မိစ္ဆာမြေခွေးနှင့် ကျောင်းလုံတို့၏ မျက်လုံးများသည် တစ်ပြိုင်နက် တောက်ပလာသည်။ သူတို့လိုချင်နေတာ ထင်ရှားသည်။
ကုနင်းက သူတို့ရဲ့ တုံ့ပြန်မှုကို မြင်တော့ သူမက "ငါတို့ အိမ်ပြန်ရောက်ရင် မင်းတို့ကို နည်းနည်းလောက် ပေးမယ်" ဟု ပြောလိုက်သည်။
“ဟုတ်ပြီ” ဟု ကျောင်းလုံနဲ့ မြေခွေးတစ်ကောင်က တစ်ချိန်တည်းမှာ ပြောလိုက်သည်။ ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် မော့ချီလင် ဩဆီသို့ မသွားမီ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်လိုက်ကြသည်။
ကုနင်းနှင့် လင်ရှောင်းထင် နောက်ဆုံးတွင် ပြန်ပေါ်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားနေသော မော့ချီလင်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူတို့ဆီ ချက်ချင်းပြေးသွားသည်။ "စီနီယာ ချင်းဟယ်၊ စီနီယာချင်းဖုန်း နောက်ဆုံးတော့ မင်းတို့ထွက်လာပြီ။ အဆင်ပြေရဲ့လား?"
"ငါတို့ အဆင်ပြေပါတယ်" ကုနင်းက ပြုံးပြီး ပြောလိုက်သည်။
"မိစ္ဆာနတ်ဆိုးသုံးကောင်ေရာ ဘယ်လိုလဲ" မော့ချီလင်က မေးသည်။ မိစ္ဆာနတ်ဆိုး ၃ ကောင်သည် သန်မာလွန်းသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့အား မိစ္ဆာနတ်ဆိုး ၃ ကောင်ကို သတ်နိုင်သည်ဟု သူ မယုံနိုင်ပေ။
"သူတို့သေသွားပြီ" ကုနင်းကပြောသည်။
"ဘာ?" အဲဒါကိုကြားတော့ မော့ချီလင် အံ့သြသွားသည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အံ့သြစရာကောင်းလောက်အောင် သန်မာသော နတ်ဆိုးများကို သတ်နိုင်ခဲ့သည်။
"သူတို့မှာ မှော်သလင်းကျောက်တွေ ရှိလား" မော့ချီလင်က မေးသည်။
"ရှိတယ်" ဟု ကုနင်းက ပြန်ပြောပြီး သူမရဲ့ အိတ်ထဲက စတုတ္ထအဆင့်ရှိ သလင်းကျောက်တစ်ခု၊ တတိယအဆင့်တွင် တစ်ခု၊ ဒုတိယအဆင့်တွင် နှစ်ခုနဲ့ ပထမအဆင့်ရှိ မှော်သလင်းကျောက်တစ်လုံးကို ထုတ်ယူလိုက်သည်။ “ဒီမှာ သူတို့ကို မင်းယူလိုက် မင်းဆုရပြီးရင် ငါမင်းကို နောက်ထပ်နည်းနည်းပေးမယ်" သူမသည် ၎င်းတို့ကို မော့ချီလင် သို့ ပေးအပ်ခဲ့သည်။
ယခုအချိန်တွင် ကုနင်း နှင့် လင်ရှောင်းထင်တို့တွင် သတ္တမအဆင့်တွင်တစ်ခု၊ ဆဋ္ဌမအဆင့်တွင် နှစ်ခု၊ ပဉ္စမအဆင့်တွင် တစ်ခု၊ အဌမမြောက်အဆင့်တွင်တစ်ခု၊ တတိယအဆင့်တွင် ခုနှစ်ခု၊ ဒုတိယအဆင့်တွင် ခြောက်ခုနှင့် ပထမအဆင့်တွင် မှော်ကျောက်သလင်းတစ်ခု ရှိနေပြီဖြစ်သည်။ မော့ချီလင်အား အနည်းငယ်ပေးပြီး ဆုတစ်ခုရနိုင်သေးသည်။
“အာ… အများကြီးပဲ…” မော့ချီလင်သည် မှော်သလင်းကျောက်များအားလုံးကို ယူရန် အနည်းငယ်အားနာမိသွားသည်။
“သူတို့ကို ယူလိုက်ရုံပဲ။ အချိန်က ကုန်ခါနီးပြီ။ ငါတို့ထွက်သွားပြီးရင် သူတို့ကို ထည့်တွက်မှာမဟုတ်ဘူး” ဟု ကုနင်းက ပြောသည်။ မော့ချီလင်က ထပ်မငြင်းတော့ဘဲ သူတို့ကို ယူသွားလိုက်သည်။ "ကျေးဇူးတင်ပါတယ် စီနီယာချင်းဟယ်"
ယခုအချိန်တွင် လင်ရှောင်းထင်တွင် သတ္တမအဆင့်တွင်တစ်ခု၊ ဆဌမအဆင့်တွင်တစ်ခု၊ ပဉ္စမအဆင့်တွင် နှစ်ခု၊ စတုတ္ထအဆင့်တွင် နှစ်ခု၊ တတိယအဆင့်တွင် နှစ်ခုနှင့် ဒုတိယအဆင့်တွင် နှစ်ခုအစရှိသည့် မှော်သလင်းကျောက်များရှိသည်။
ကုနင်းတွင် ဆဋ္ဌမအဆင့်တွင်တစ်ခု၊ ပဉ္စမအဆင့်တွင်သုံးခု၊ စတုတ္ထအဆင့်တွင်တစ်ခု၊ တတိယအဆင့်တွင် လေးခုနှင့် ဒုတိယအဆင့်တွင် တစ်ခု အစရှိသည့်မှော်သလင်းကျောက်များ ရှိေပသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၈၁ သူမက ကျင်းယွင်ယန်ထက်တောင် ပိုဆိုးသေးတယ်
မော့ချီလင်တွင် စတုတ္ထအဆင့်တွင်တစ်ခု၊ တတိယအဆင့်တွင် နှစ်ခု၊ ဒုတိယအဆင့်တွင် နှစ်ခုနှင့် ပထမအဆင့်ရှိ မှော်သလင်းကျောက်တစ်ခု ရှိသည်။
မော့ချီလင် သည် ကုနင်းနှင့် လင်ရှောင်းထင် ထက် မှော်သလင်းကျောက်များစွာ နည်းပါးသော်လည်း ထိပ်တန်း 10 ယောက်စာရင်းဝင်ရန် သူ့အတွက် ပြဿနာရှိမည်မဟုတ်ပေ။
မော့ချီလင် သည် မှော်သလင်းကျောက်များကိုယူ၍ လွယ်အိတ်ထဲသို့ထည့်ပြီးနောက်တွင် သူ၏အမြင်အာရုံ အနည်းငယ်တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး သူ၏အမြင်အာရုံများ ပြန်လည်ကြည်လင်လာသောအခါ ရင်ပြင်တွင် ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
ဒီအချိန်က ညနေ ၆ နာရီရှိပြီ။ မနက် ၁၀ နာရီမှာ သူတို့ မြူခိုးတွေ တောထဲကို ၀င်လာခဲ့သည်။
ကောင်းကင်က မမှောင်သေးပေမယ့် နိုဝင်ဘာလဖြစ်၍ မကြာခင် မှောင်တော့မည်။
ရှစ်နာရီအတွင်း အခြားလူများက ရင်ပြင်တွင် စောင့်ဆိုင်းရုံမျှမက ထျန်းတောက်ကျုံးက သူတို့ကို လက်ဖက်ရည်ဖြစ် ဧည့်ခံခဲ့သည်။ ရှစ်နာရီမပြည့်ခင် နာရီဝက်အလိုအထိ သူတို့ ပြန်မထွက်လာကြပေ။
ပါဝင်သူများသည် ရင်ပြင်တွင် ထပ်မံပေါ်လာသောအခါတွင် ၎င်းတို့သည် တောအုပ်မှ ၎င်းတို့၏ ကိုယ်ဟန်အနေအထားများအတိုင်းဖြစ်သောကြောင့် ဗရုတ်သုတ်ခဖြစ်ေနကြသည်။ အချို့မှာ မြေပြင်ပေါ်တွင် လဲလျောင်းရင်း ဒဏ်ရာရေနပြီး အချို့မှာ တိုက်ပွဲဖြစ်ေနဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ မတူညီတဲ့ ကိုယ်ဟန်အနေအထားတွေ ရှိခဲ့သည်။ လူအနည်းငယ်ကသာ ပြီးပြည့်စုံသော ပုံရိပ်ကို ထိန်းသိမ်းထားနိုင်သည်။
သူတို့သည် တောအုပ်ထဲမှ ထွက်လာပြီဟု သိလိုက်သည်နှင့် သူတို့ အဝတ်အစားများ ပြင်လိုက်ကြသည်။
ကျင်းယွင်ယန်သည် လင်ရှောင်းထင်နှင့် ကုနင်းကို စိုက်ကြည့်နေသည်။ သူတို့ကိုသတ်ပစ်ချင်စိတ်ပေါက်နေပုံရသည်။ ကုနင်းနှင့် လင်ရှောင်းထင်ကို မဖယ်ရှားနိုင်ခဲ့သောကြောင့် အလွန်စိတ်မကြည်မလင်ဖြစ်မိသေးသည်။
စည်းကမ်းအရခွင့်ပြုထားပြီး သူလည်း တခြားသူတွေကို ဒီလိုပဲ လုပ်ခဲ့မိလို့ ဘာမှ မပြောနိုင်ပေ။
အခြားလူများစွာသည်လည်း ကုနင်းနှင့် လင်ရှောင်းထင် မှော်သလင်းကျောက်များ မည်မျှရခဲ့သည်ကို သိချင်သောကြောင့် လင်ရှောင်းထင်နှင့် ကုနင်းကို လှည့်ကြည့်လိုက်သည်။ သူတို့ရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံရေးအဆင့်က အားလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ကျင့်ကြံသူများ၏ မိသားစုဝင်များသည် ၎င်းတို့ အဆင်ပြေကြောင်း တွေ့ရှိသောအခါ စိတ်သက်သာရာ ရသွားကြသည်။
လင်ရှောင်းထင် နဲ့ ကုနင်းကို စိုက်ကြည့်နေတဲ့ ကျင်းယွင်ယန် ကိုမြင်တော့ ကျင်းယောင်ရုန် က မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ မှော်သလင်းကျောက်တွေ အများကြီးရခဲ့လို့လား ဒါမှမဟုတ် ပဋိပက္ခတွေရှိခဲ့ဖူးပြီး ကျင်းယွင်ယန်က ခံရခဲ့လို့လား။
မည်သို့ပင်ဖြစ်စေ သူတို့သည် ကျင်းယွင်ယန် ကို မကြင်မလင်ဖြစ်အောင်လုပ်ခဲ့သဖြင့် ကျင်းယောင်ရုန် သည် ကုနင်းနှင့် လင်ရှောင်းထင် ကို ကြင်နာစွာ မကြည့်နိုင်တော့ပေ။
သုန်းဖန်းကျီယွီ၏ စိုးရိမ်သောကအမူအရာကို မြင်လိုက်ရတော့ သုန်းဖန်းဟယ်သည် သူမတွင် ရလဒ်ကောင်းများ မရရှိနိုင်ကြောင်း နားလည်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ရလဒ်မထွက်သေးတဲ့အတွက် သုန်းဖန်းကျီယွီ ရှုံးတယ်လို့ ကောက်ချက်မချနိုင်သေးပါ။ အခြားလူများတွင် မှော်သလင်းကျောက် မည်မျှရှိသည်ကို မည်သူမျှ မသိခဲ့ကြပေ။
သူတို့မှာ ကျောက်စိမ်းမျက်ဝန်း မရှိတဲ့အတွက် တခြားသူတွေ ယူဆောင်လာတဲ့ မှော်ကျောက်ခဲတွေ ဘယ်လောက်ရှိလဲဆိုတာ မမြင်နိုင်ကြပါ။
သို့သော် ကုနင်းသည် တုံ့ဆိုင်းမနေပဲ ဘယ်သူ့မှာ မှော်ကျောက်သလင်း မည်မျှရှိသည်ကို ကြည့်လိုက်သည်။
ကျင်းယွင်ယန်၊ သုန်းဖန်းကျီယွီ နှင့် ယင်ရူယန်တွင် ချန်ခွင်းအိတ် ပါသောကြောင့် အတွင်းပိုင်းကို သူမ မမြင်နိုင်သော်လည်း ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူ သုံးဦးအပါအဝင် အခြားသော သူများတွင် မှော်သလင်းကျောက်များ မည်မျှ ရှိသည်ကို သူမတွေ့မြင်နိုင်ခဲ့သည်။
ကုနင်းသည် လင်ရှောင်းထင်နှင့် သူမအနိုင်ရမည်ဟု ယုံကြည်သော်လည်း ရလဒ်မထွက်မီ 100% မသေချာနိုင်ပေ။
အကယ်၍ ၎င်းတို့အနက်မှ တစ်ခုထက်ပိုသော မှော်သလင်းကျောက်များရှိသည့် ပါဝင်သူရှိပါက သူမသည် သူမ၏ မှော်သလင်းကျောက်များအားလုံးကို လင်ရှောင်းထင်အား ပေးအပ်ပြီး အနိုင်ရအောင် ကူညီပေးရန် ဆန္ဒရှိပါသည်။
ရွှေအမြုတေအဆင့်ရှိကျင့်ကြံသူ သုံးယောက်တွင် ကုနင်းသည် ၎င်းတို့ထက် များစွာသာလွန်သောကြောင့် ကုနင်း၏ထင်မြင်ချက်မရ မှော်သလင်းကျောက်များစွာမရှိနိုင်ပါ။
ကျင်းယွင်ယန်၏အဖွဲ့သည် ကျင့်ကြံသူ သုံးဦးနှင့် တူညီသော မှော်သလင်းကျောက်များ ရှိလျှင် သူမနှင့် လင်ရှောင်းထင် တို့သည် သေချာပေါက် အောင်နိုင်မည်ဖြစ်သည်။
မော့ချီလင်ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ ယွင်ဟုန်ချင်က သူတို့မှာ မှော်သလင်းကျောက်တွေ အများကြီးရထားတာကို သိလိုက်ရတဲ့အတွက် သူလည်း ပြုံးလိုက်သည်။
ကုနင်း နှင့် လင်ရှောင်းထင်တို့၏ ငြိမ်သက်နေသော မျက်နှာများကို မြင်လိုက်ရသောအခါတွင် ရှန်းကွမ်းယန်သည် အလားတူ ခံစားချက်မျိုး ခံစားခဲ့ရသည်။
သတိပြန်ဝင်လာပြီးနောက် သူတို့၏ သလင်းကျောက်များကို မှတ်တမ်းတင်ရန် ၎င်းတို့၏ နံပါတ်ကတ်များအတိုင်း သွားကြသည်။
ကျင်းယွင်ယန်သည် နံပါတ်ကတ်ကို ယှဉ်ပြိုင်ရန်သွားသောအခါတွင် နံပါတ် (၁) ရခဲ့သည်။ ထို့ကြောင့် ကျင်းယွင်ယန်သည် သူ့တွင်ရှိသော မှော်သလင်းကျောက်များကို မှတ်တမ်းတင်ရန် ပထမဆုံး လျှောက်လှမ်းလာသူဖြစ်သည်။
ကျင်းယွင်ယန်သည် မြင့်မားသောအဆင့်တွင် ရှိနေသောကြောင့် ရလဒ်ကောင်းရမည်ဟု လူအများက ယုံကြည်ခဲ့ကြသည်။ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူအများအပြားရှိလျှင်ပင် ၎င်းတို့သည် ကျင်းယွင်ယန် ထက်သာလွန်မည်မဟုတ်နိုင်ပေ။
ကျင်းယွင်ယန် တွင် ပဉ္စမအဆင့်မှ တစ်ခု၊ စတုတ္ထအဆင့်တွင် တစ်ခု၊ တတိယအဆင့်တွင် နှစ်ခုနှင့် ဒုတိယအဆင့်တွင် သုံးခုအပါအဝင် မှော်သလင်းကျောက်ခုနစ်ခုပါရှိသည်။
မှော်သလင်းကျောက် ခုနစ်လုံးတွင် နှစ်ခုက အခြားလူဆီမှ လုယက်ခဲ့ခြင်းဖြစ်သည်။ တစ်ခုက တတိယအဆင့် မှော်သလင်းကျောက်ဖြစ်ပြီး နောက်တစ်ခုက ဒုတိယအဆင့် မှော်သလင်းကျောက် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ တောအုပ်ထဲက ထွက်မသွားသရွေ့ တခြားလူတွေဆီက လုယက်ထားရင်တောင်မှ မှော်သလင်းကျောက်တွေက သူ့ပိုင်ဆိုင်မှုဖြစ်သည်။
သူ့တွင် လွန်ခဲ့သော သုံးနှစ်က ပိုင်လီကျုံးယန်ထက် မှော်ကျောက်ခဲများ ပိုမိုပိုင်ဆိုင်ထားသော်လည်း ပိုင်လီကျုံးယန် သည် ထိုအချိန်က ရှင်းထျောင့်အဆင့်၏အထွတ်အထိပ်တွင်သာ ရှိသောကြောင့် ကျင်းယွင်ယန်သည် ပိုင်လီကျုံးယန် ထက် ပိုေတာ်ကြောင်း သက်သေမပြနိုင်ပေ။
ပိုင်လီကျုံးယန်သည် ယခင်က ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် ၎င်းသည် ဂိမ်းတွင် ထပ်မံမပါဝင်နိုင်တော့ပါ။ မဟုတ်ပါက သူသည် လွန်ခဲ့သော သုံးနှစ်ကထက် ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိနိုင်သည်။
ထို့အပြင် ပိုင်လီကျုံးယန်သည် မှော်သလင်းကျောက်များစွာရရှိရန် သူ့ကိုယ်သူ အားကိုးခဲ့ပြီး ကျင်းယွင်ယန်တွင် သူ့ကိုကူညီရန် အဖွဲ့တစ်ဖွဲ့ရှိကာ အခြားလူများဆီမှ မှော်သလင်းကျောက်များ လုယက်ထားသောကြောင့် ကျင်းယွင်ယန်သည် ပိုင်လီကျုံးယန်ထက် မသာလွန်ပေ။
ဘာပဲဖြစ်ဖြစ် ကျင်းယွင်ယန် နဲ့ ယှဉ်လိုက်ရင် ရလဒ်ကောင်းတွေ ရတဲ့အတွက် လူတိုင်းက သူ့ကို မနာလိုဖြစ်ခဲ့ကြသည်။
ကျင်းယောင်ရုန်က သူ့နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုရှိသည်။ အခြားသူများတွင် မှော်သလင်းကျောက်များ မည်မျှရှိသည်ကို သူမသိသော်လည်း ကျင်းယွင်ယန်သည် ရလဒ်ကောင်းကို ရရှိနေပြီဖြစ်သည်။ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူ အများအပြားသည်ပင် ကျင်းယွင်ယန်ထက် ပိုမိုကောင်းမွန်သော ရလဒ်ကို မရရှိနိုင်ပေ။
ကျင်းယွင်ယန် ပြီးနောက် မှော်သလင်းကျောက် လုံးဝမရှိသော ပါဝင်သူအနည်းငယ်ရှိပြီး နံပါတ်ငါးပါ၀င်သူမှာ ဒုတိယအဆင့် မှော်သလင်းကျောက်တစ်ခုသာရှိသည်။
နံပါတ် ၆ ကတော့ သုန်းဖန်းကျီယွီ ဖြစ်ပေသည်။
သုန်းဖန်းကျီယွီတွင် ပဉ္စမအဆင့်တွင် တစ်ခု၊ စတုတ္ထအဆင့်တွင် တစ်ခု၊ တတိယအဆင့်တွင် တစ်ခုနှင့် ဒုတိယအဆင့်တွင် လေးခုအပါအဝင် မှော်သလင်းကျောက်ခုနစ်ခုရှိသည်။
သုန်းဖန်းကျီယွီမှာလည်း မှော်ကျောက်တုံး ခုနစ်လုံးပါရှိသော်လည်း သူမ၏ အဆင့်များသည် ကျင်းယွင်ယန်ထက် နိမ့်ပါးသည်။ ထို့အတွက်ကြောင့် ကျင်းယွင်ယန်နှင့် ကျင်းမိသားစု သက်သာရာရသွားသော်လည်း သုန်းဖန်းကျီယွီနှင့် သုန်းဖန်းမိသားစုတို့ကတော့ မပျော်မရွှင်ဖြစ်ခဲ့ကြသည်။
သုန်းဖန်းကျီယွီသည် ရလဒ်ကို လက်ခံရန် တွန့်ဆုတ်နေသော်လည်း သူမကိုယ့်ကိုယ် ကိုယ်ဟန်ဖွဲ့ရန်အတတ်နိုင်ဆုံး ကြိုးစားခဲ့သည် မဟုတ်ပါက နာကျင်စွာ ရှုံးနိမ့်သူအတွက် လှောင်ရယ်ခံရနိုင်သည်။
သူမတကယ်မရှုံးနိမ့်ချင်ပေမယ့် ရလဒ်က သူတို့ရဲ့အစွမ်းအစကို ပြသနေတာကြောင့် အရှုံးသမားပုံစံအားညတခြားသူတွေကို မမြင်စေချင်ပါ။ သူမ ရှုံးနေပြီဖြစ်ပြီး သူမသည် အခြားပါဝင်သူများထက် ပိုဆိုးကြောင်း သက်သေပြသွားလိမ့်မည်။ အရှုံးကို လက်ခံဖို့ ငြင်းပါက တခြားလူတွေက သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း နားလည်မှုမရှိဘူးလို့ ထင်ကြလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သုန်းဖန်းကျီယွီဟာ သူမ အပေါ်ယံမှာတော့ တည်ငြိမ်နေသလိုဖြစ်တဲ့အတွက် အတွင်းပိုင်းမှာလည်း တကယ်ကို ငြိမ်သက်နေတယ်လို့ ဘယ်သူမှ မယုံခဲ့ကြပေ။ ဒါပေမယ့် ဒါဟာ ကြီးမားတဲ့ ကွာဟချက် မရှိတာကြောင့် ပုံမှန်သာဖြစ်သည်။
ရလဒ်အနေနှင့် သုန်းဖန်းကျီယွီသည် ရလဒ်အတွက် စိတ်မချမ်းသာကြောင်းသာ နားလည်နိုင်သည်။
သို့သော် ပွဲမစမီတွင် လူများစွာသည် သုန်းဖန်းကျီယွီအပေါ် မြင့်မားသောမျှော်လင့်ချက်များရှိခဲ့ကြသည်။ ထို့ကြောင့် သူမသည် ကျင်းယွင်ယန်ထက် ပိုဆိုးသည်ကိုမြင်ပြီးနောက်တွင် သူမအကြောင်းကို စတင်ပြောဆိုခဲ့ကြသည်။
"သုန်းဖန်းကျီယွီက ပထမဆုရဖို့ ဖြစ်နိုင်ခြေအရှိဆုံးလို့ ငါထင်ခဲ့တာ ဒါပေမယ့် မထင်မှတ်ပဲ သူက ကျင်းယွင်ယန်ထက်တောင် ပိုဆိုးသေးတယ်"
***
ဖီးနစ်သွေးစက်
အခန်း ၂၀၈၂ သူတို့၏ ဂုဏ်ကျက်သရေကို မျှဝေခဲ့သည်
"ဟုတ်တယ် ဒါပေမယ့် ကျင်းယွင်ယန်က မပျော့ညံ့ဘူးလေ။ ဒါကြောင့် သူ့ထက် ပိုဆိုးတာ မထူးဆန်းပါဘူး။ သုန်းဖန်းကျီယွီက ဒုတိယဆုကို ရနိုင်မလားလို့ တွေးမိတယ်။ မဟုတ်ရင် သူလွန်ခဲ့တဲ့ သုံးနှစ်ကထက် ပိုဆိုးတဲ့ ရလဒ်ကို ရလိမ့်မယ်”
“အဲ့လိုဖြစ်ရင်ေတာင် နားလည်နိုင်လောက်မယ်လို့ထင်တာပဲ။ ဒီနှစ်မှာ စီနီယာကျင့်ကြံသူအသစ်တွေ အများကြီး ရှိနေပြီး သုန်းဖန်းကျီယွီက လွန်ခဲ့တဲ့ သုံးနှစ်ကထက် မှော်သလင်းကျောက်တွေ အများကြီး ရထားတယ်ေလ”
"သုန်းဖန်းကျီယွီက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကထက် အဆင့်အများကြီး ပိုမြင့်တယ်!"
"ဟုတ်တယ်"
“…”
သုန်းဖန်းကျီယွီသည် သူတို့၏ ဆွေးနွေးမှုကို ကြားသောအခါ သူမ စိတ်ဆိုးသွားသော်လည်း ဘာပြန်ပြောရမှန်း မသိပေ။
သုန်းဖန်းဟယ်သည်လည်း အစပိုင်းတွင် သုန်းဖန်းကျီယွီက ပထမဆုရရန် အလားအလာအလွန်ကောင်းသည်ဟု ယုံကြည်သည်။ ကျင်းယွင်ယန်လည်း ရွှေအမြုတေအဆင့်မှာရှိရင်တောင် ကျင်းယွင်ယန်က သုန်းဖန်းကျီယွီ ရဲ့နောက်မှ ရောက်တာမို့ သုန်းဖန်းကျီယွီက ကျင်းယွင်ယန်ထက် ပိုေတာ်သင့်သည်။
အရမ်းခက်ခဲနိုင်ပေမယ့် သုန်းဖန်းကျီယွီကတော့ မရှုံးနိုင်ပါ။
ထို့နောက်တွင် သုန်းဖန်းဟယ်သည် ထျန်းတောက်ကျုံးရှိ ရွှေအမြုတေအဆင့်တွင် အခြားသော ကျင့်ကြံသူ ရှိသေးကြောင်း သိလာသောကြောင့် သူ စိတ်ပူသွားသော်လည်း ရလဒ်ကို မသိရသေးကြောင်း သူနေသာသေးသည်။
သူထင်သည်ထက် ယနေ့အချိန်တွင် ရွှေအမြုတေအဆင့်တွင် ကျင့်ကြံသူ အများအပြားရှိနေသည်ကို သိသောကြောင့် သူပို၍စိုးရိမ်လာပြီး သုန်းဖန်းကျီယွီ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဟူေသာ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်သည်။ သူမသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ထိပ်တန်းသုံးနေရာ သို့ဝင်ရောက်ပြီး မှော်သလင်းကျောက်များကို ပိုစုဆောင်းနိုင်သရွေ ၎င်းသည် ဆိုးရွားသောရလဒ်မဟုတ်ပေ။ ရှက်စရာမဟုတ်ပေ။
သုန်းဖန်းကျီယွီသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ယခုနှစ်တွင် မှော်ကျောက်သလင်းကျောက်များစွာကို ရရှိခဲ့သော်လည်း ကျင်းယွင်ယန်က သူမကို သာလွန်နေသေးသည်။
သုန်းဖန်းဟယ်သည် ရွှေအမြုတေအဆင့်မှ အခြားသော ကျင့်ကြံသူလေးဦးသည် သုန်းဖန်းကျီယွီကို မကျော်လွန်နိုင်ဟုသာ မျှော်လင့်နိုင်သည်၊ မဟုတ်ပါက သူမသည် ထိပ်တန်းသုံးနေရာထဲသို့ပင် ၀င်ရောက်နိုင်နည် မဟုတ်ပေ။
ကံမကောင်းစွာပဲ ဒီတစ်ကြိမ်မှာတော့ သူစိတ်ပျက်ဖို့အတွက် ကံပါလာတော့သည်။
သိပ်မကြာခင်မှာပဲ ယင်ရူယန်ရဲ့အလှည့်ရောက်လာသည်။ သူမတွင် မှော်သလင်းကျောက် ခြောက်ခုပါရှိပြီး စတုတ္ထအဆင့်တွင် တစ်ခု၊ တတိယအဆင့်တွင် နှစ်ခု၊ ဒုတိယအဆင့်တွင် နှစ်ခုနှင့် ပထမအဆင့်တွင် တစ်ခုဖြစ်သည်။ အခုအချိန်မှာတော့ သူမက တတိယနေရာမှာ ရပ်တည်နေပေသည်။
ယင်ဝမ်တျန့်နှင့် ယင်ရူယန်တို့သည် ရလဒ်ကို မကျေနပ်သော်လည်း မလွယ်ကူကြောင်းကို သူတို့သေချာပေါက်သိသည်။
နောက်ပါဝင်သူများသည် အရေးမကြီးသောကြောင့် အသေးစိတ်ပြောရန်မလိုအပ်ပါ။
ပိုင်လီကျုံးရွှယ်တွင် စတုတ္ထအဆင့်တွင် တစ်ခု၊ ဒုတိယအဆင့်တွင် နှစ်ခုနှင့် ပထမအဆင့်တွင် တစ်ခုအပါအဝင် မှော်သလင်းကျောက်လေးခုပါရှိသည်။
ပိုင်လီမိသားစုသည် ပိုင်လီကျုံးရွှယ်၏အဆင့်သည် အလွန်မြင့်မားခြင်းမရှိသောကြောင့် ကျေနပ်ခဲ့သည်။ ထို့အပြင် ပိုင်လီကျုံးရွှယ်သည် သူမအဖွဲ့၏ မှော်သလင်းကျောက်အားလုံးကို သူမကိုယ်ပိုင်အဖြစ် မယူခဲ့ပါ။ သူမသည် ၎င်းတို့ကို အသင်းဖော်များနှင့် မျှဝေခဲ့သည်။ သူမ၏အသင်းဖော်များတွင် မှော်သလင်းကျောက်တစ်ခု သို့မဟုတ် နှစ်ခုပါရှိသော်လည်း အဓိကအားဖြင့် ပထမအဆင့်နှင့် ဒုတိယအဆင့်တွင်ရှိကြသည်။
နောက်ထပ် မော့ချီလင်က သူရရှိတာတွေကို ပြသခဲ့သည်။ သူ့တွင် စတုတ္ထအဆင့်တွင် တစ်ခု၊ တတိယအဆင့်တွင် နှစ်ခု၊ ဒုတိယအဆင့်တွင် နှစ်ခုနှင့် ပထမအဆင့်တွင် နှစ်ခုအပါအဝင် မှော်သလင်းကျောက်ခုနစ်ခုရှိသည်။
သူ့တွင် ယင်ရူယန်ထက် မှော်သလင်းကျောက်များ ပိုများသောကြောင့် သူမကို အစားထိုးပြီး တတိယအဆင့်၌ ရပ်တည်ခဲ့သည်။
မော့ချီလင်သည် ထိပ်တန်းသုံးယောက်တွင် ဆက်နေရန် မဖြစ်နိုင်ပေ။ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် သူ့ထက်သာလွန်သည်သာမက၊ သူ့ထက် ပိုအောင်မြင်နိုင်သည့် အခြားသော ကျင့်ကြံသူ သုံးဦးလည်း ရှိသေးသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ပထမနှင့် ဒုတိယဆုများရရှိရန် ရည်မှန်းထားသောကြောင့် မော့ချီလင်အား မှော်သလင်းကျောက်များစွာကို မပေးစွမ်းနိုင်ပေ။
မော့ချီလင် ရရှိခဲ့တာက သူ့ဆရာ ယွင်ဟုန်ချင် အပါအဝင် လူတော်တော်များများကို အံ့အားသင့်စေတာ အမှန်ပါပဲ။
ယွင်ဟုန်ချင်သည် မော့ချီလင်တွင်တတိယအဆင့်နှင့် စတုတ္ထအဆင့် မှော်သလင်းကျောက်များပါပါရှိသောကြောင့် မော့ချီလင်က ဤမျှလောက်သော မှော်သလင်းကျောက်များကို သူ့ဘာသာသူ မရရှိနိုင်ေကြာင်းရှင်းရှင်းလင်းလင်း သိထားသည်။
ထို့ကြောင့် မော့ချီလင်၏ မှော်သလင်းကျောက်များ အထူးသဖြင့် တတိယအဆင့်နှင့် စတုတ္ထအဆင့် မှော်သလင်းကျောက်များကို ကုနင်းနှင့် လင်ရှောင်းထင်တို့က သူ့အား ပေးခဲ့ကြောင်းကို သေချာပေါက် သိလိုက်ရသည်။
သူတို့ဟာ ဒီလောက် မှော်သလင်းကျောက်တွေအများကြီးကို မော့ချီလင်ကို ပေးနိုင်လျှင် သူတို့မှာ...
ဒါကိုတွေးရင်း လူတွေက ကုနင်းနဲ့ လင်ရှောင်းထင်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ဆုများကို ဂရုမစိုက်ဘဲ မော့ချီလင်အား မှော်သလင်းကျောက်များကို ပေးမည်မဟုတ်ကြောင်း ခံစားခဲ့ရသည်။ ရလဒ်အနေဖြင့် မော့ချီလင်အား များစွာပေးပြီးနောက် ၎င်းတို့တွင်လည်း မှော်သလင်းကျောက်များ ပိုမိုကျန်ရှိနိုင်သည်။ အနည်းဆုံး စာရင်း၏ထိပ်ဆုံးတွင် ဆုများရရန် ယုံကြည်မှုရှိရမည်။ သို့ဆိုလျှင် ၎င်းတို့၏ မှော်သလင်းကျောက်များ၏ အရေအတွက်သည် အခြားသူများ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေရမည်ဖြစ်သည်။
သုန်းဖန်းကျီယွီသည် ပဉ္စမအဆင့် နတ်ဆိုးဘီလူးများကို တိုက်ခိုက်ရာတွင် ၎င်းတို့၏ စွမ်းရည်များကို သတိရသွားပြီး ကျင်းယွင်ယန်လည်း သူလင်ရှောင်းထင်ကို တိုက်ခိုက်ရာတွင် လျင်မြန်စွာ ကျရှုံးခြင်းအကြောင်းကို တွေးခဲ့သည်။ သူတို့ကံကောင်းပြီး မှော်သလင်းကျောက်များပါတဲ့ မိစ္ဆာနတ်ဆိုးများစွာနဲ့ တွေ့ခဲ့မယ်ဆိုရင် မှော်သလင်းကျောက်တွေ အများကြီး စုဆောင်းနိုင်မှာပါ။ အနည်းဆုံးတော့ သူတို့ထက် မှော်သလင်းေကျာက်တွေ အများကြီးရှိနိုင်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ယခုအကြိမ်တွင် ပထမနှင့် ဒုတိယဆုများ ဆွတ်ခူးနိုင်ခြေအများဆုံးဖြစ်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ယန် သည် လင်ရှောင်းထင် နှင့် ကုနင်းတို့ကို ထိပ်တန်းသုံးနေရာသို့ တက်နိုင်တာကိုပင် မမြင်လိုပါ။
သူသည် လင်ရှောင်းထင်နှင့် သဘောထားကွဲလွဲခဲ့သောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်အစား အခြားလူများက ပထမနှင့် ဒုတိယဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟုသာ မျှော်လင့်ခဲ့သည်။
သုန်းဖန်းကျီယွီသည် လင်ရှောင်းထင်နှင့် ကုနင်းတို့၏ စွမ်းရည်များကြောင့် အံ့အားသင့်နေခဲ့ပြီး ပထမနှင့် ဒုတိယဆုရပါက လက်ခံရန် ဆန္ဒရှိသော်လည်း သူမ၏ ဆိုးရွားသောရလဒ်ကြောင့် စိတ်မကောင်းဖြစ်လိမ့်မည်။
သို့သော် ၎င်းသည် သူမ၏ကိုယ်ပိုင်ပြဿနာဖြစ်သောကြောင့် အခြားသူများကို အပြစ်မတင်နိုင်ပေ။
အခြားသူများ၏ အကဲခတ်မှုကို ရင်ဆိုင်ရင်း ကုနင်းနှင့် လင်ရှောင်းထင် နှစ်ဦးစလုံး ငြိမ်သက်နေခဲ့သည်။ တခြားသူတွေက မနာလိုသည်ဖြစ်စေ မနာလိုသည်ဖြစ်စေ ဂရုမစိုက်ပါ။
"စီနီယာ ရှန်းကွမ်း၊ မင်းရဲ့တပည့်တွေက မှော်သလင်းကျောက်တွေ အများကြီးရထားပုံရတယ်။ ငါ့တပည့်ကို သူတို့ရဲ့ဂုဏ်ကျက်အသရေတွေ အများကြီးဝေမျှခဲ့တယ်” ဟု ယွင်ဟုန်ချင်က ရှန်းကွမ်းယန်ကို ပြောသည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့ကို ချီးကျူးခဲ့ပြီး မော့ချီလင်အတွက်လည်း ပျော်ရွှင်ေနခဲ့သည်။
မော့ချီလင်သည် ကုနင်းနှင့် လင်ရှောင်းထင်တို့ကို မှော်သလင်းကျောက်များရရှိရန် အားကိုးခဲ့ရသော် လည်း ဂုဏ်အသရေက သူ့ကို စိတ်ပျော်ရွှင်စေသည်။
သူသည် ကျင့်ကြံသူမည်မျှကို ကျော်နိုင်မည်ကို သူမသိသော်လည်း ထိပ်တန်း 10 ယောက်စာရင်းဝင်ရန် လွယ်ကူလိမ့်မည်။
“သူတို့ အများကြီး မရရင် ကျွန်တော် စိတ်ပျက်သွားမှာပေါ့” ဟု ရှန်းကွမ်းယန်က အလေးအနက်ပြောခဲ့ပေမယ့် သူ့မျက်နှာမှာ ထင်ရှားတဲ့ ဂုဏ်ယူမှုတွေ ရှိနေပါသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကံဆိုးပြီး မှော်သလင်းကျောက်ပါေသာ မိစ္ဆာနတ်ဆိုးများနှင့် မတွေ့ဆုံပါကလည်း အခြားပါဝင်သူများထက် ရလဒ်ပိုကောင်းမည်ဟု သူယုံကြည်ခဲ့သည်။
မဖြစ်နိုင်ဘူးဆိုတာ သိသာပါသည်။ အကယ်၍ ၎င်းတို့သည် မိစ္ဆာနတ်ဆိုးအနည်းငယ်နှင့် တွေ့ဆုံခဲ့မည်ဆိုလျှင် ၎င်းတို့သည် ပထမနှင့် ဒုတိယဆုကို တားဆီးနိုင်သောကြောင့် မော့ချီလင်ကိုမှော်သလင်းကျောက်များစွာကို ပေးမည်မဟုတ်ပါ။ ထို့ကြောင့် သူတို့တွင် မှော်ကျောက်သလင်းများ မည်မျှပင်ရှိပါစေ၊ အနည်းဆုံး ပထမနှင့် ဒုတိယဆုများကို ဆွတ်ခူးရန် ယုံကြည်ချက်ရှိသည်။
ကျင်းယွင်ယန်နှင့် သုန်းဖန်းကျီယွီ၏ မှော်သလင်းကျောက်များ အရေအတွက်ကို သိပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ပထမနှင့် ဒုတိယဆုများ ရရှိရန် သေချာသွားခဲ့သည်။ ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းအကူအညီဖြင့် အခြားပါဝင်သူများတွင် မှော်သလင်းကျောက် မည်မျှရှိသည်ကို မြင်ပြီးဖြစ်သည်။ သူတို့ထက် မှော်သလင်းကျောက်တွေ ပိုများတာ ဘယ်သူမှ မရှိတော့ပါ။
ရှန်းကွမ်းယန်သည် မောက်မာပုံရသော်လည်း လူတိုင်းက ကုနင်းနှင့် လင်ရှောင်းထင်တို့၏ အရည်အချင်းကို မြင်ဖူးသောကြောင့် သူ့စကားများကို မည်သူမျှ သံသယမ၀င်ရဲကြပေ။
ထို့နောက် ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူ သုံးဦးသည် ၎င်းတို့၏ လုပ်အား၏ အသီးအပွင့်များကို ပြသခဲ့သည်။
ထျန်းတောက်ကျုံး၏တပည့်၌ ပဉ္စမအဆင့်တွင် တစ်ခု၊ စတုတ္ထအဆင့်တွင် တစ်ခု၊ တတိယအဆင့်တွင် တစ်ခုနှင့် ဒုတိယအဆင့်တွင် လေးခုအပါအဝင် မှော်သလင်းကျောက်ခုနစ်ခုပါရှိသည်။
သူ့မှာ သုန်းဖန်းကျီယွီနဲ့ တူညီတဲ့ ရလဒ်တွေ ရရှိခဲ့တဲ့အတွက် သူတို့နှစ်ယောက်ဟာ လက်ရှိအချိန်မှာ ဒုတိယနေရာမှာ ပူးတွဲရှိနေလေသည်။
***