← Chapters

နံပါတ်တစ် ပကတိစိတ်ဝိညာဉ်

Vol. 193 Ch. 2887

နံပါတ်တစ် ပကတိစိတ်ဝိညာဉ်

Vol. 193 Ch. 2887

ထိပ်တန်းကမ္ဘာကြီးများမှ ဘုရင်စုန်းသွေး၊ ဘုရင်အေးစက်မျက်လုံးနှင့် အခြားသောဘုရင်လေးဦးသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို သုံးပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုနေကြသည်။

အုန်းအုန်းကျက်ကျက်နှင့် ဆူညံပွက်လောရိုက်နေသော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ အခြားသူများအနေဖြင့် သူတို့ကို အာရုံစိုက်မိဖို့က မလွယ်ပေ။

သူတို့ခြောက်ယောက်၏ ဆွေးနွေးပြောဆိုမှုပြီးသွားပြီးနောက် ဘုရင်စုန်းသွေးက သူတို့နှင့်အတူပူးပေါင်းရန် အခြားသော အဆင့်နိမ့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှ ဘုရင်များကို ဆက်လက်၍ ဖျောင်းဖျလိုက်၏။

ဤကမ္ဘာများမှ အန္တိမပကတိစိတ်ဝိညာဉ်များသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူဇီမို၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။ ဘုရင်စုန်းသွေးအနေဖြင့် သူတို့ကို ယုံကြည်လက်ခံလာအောင် ပြောဆိုဖို့က သိပ်ပြီးမခက်ခဲပေ။

သူသည် အမုန်းတရားအချို့ကို နှိုးဆွပေးပြီး ဓားကမ္ဘာနှင့် ပတ်သက်သည့် ဤကမ္ဘာများ၏ စိုးရိမ်ပူပန်မှုကို ဖယ်ရှားပေးနိုင်သည်နှင့်အမျှ လုံလောက်လေသည်။

ခဏနေပြီးနောက်။

လုယွင်က အပြင်ကဘက်ကနေ လျှောက်လှမ်းလာပြီး ဓားကမ္ဘာဘက်ခြမ်းသို့ ပြန်လည်ရောက်ရှိလာသည်။ သူက တည်ငြိမ်သောအမူအရာနှင့်အတူ အခြားတောင်ထွတ်သခင်များနှင့် ပခုံးချင်းယှဉ်ရပ်လိုက်ပြီး သူနှင့်ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာရှိပုံမရပေ။

“ရှင် သတင်းပို့ပြီးပြီလား”

ယုလန်က သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ကာ မေးလိုက်သည်။

လုယွင်က ခေါင်းညိတ်ပြလိုက်သည်။

စောစောက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ တိုက်ပွဲအပြီး၌ လုယွင်သည် အန္တရာယ်ကို အာရုံခံမိနေခဲ့ပြီဖြစ်သည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူဇီမိုကို မည်သူကမှ ထပ်မံ၍ မခြိမ်းခြောက်နိုင်တော့ပေ။

အစစ်အမှန်အန္တရယ်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ အပြင်ကနေလာနေသည်။

ဘုရင်စုန်းသွေးနှင့် အခြားသူများ ပြုလုပ်နေသည့်အရာကို လုယွင်က မသိရှိပေ။

သို့သော်လည်း ဆူဇီမို ပြသခဲ့သော ပါရမီအရည်အချင်းကြောင့် ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများသည် အန္တရယ်ကို စွန့်စားပြီး သူ့ကိုသတ်ဖြတ်ရန် မျှခြေကို ချိုးဖောက်လာမှာကို သူက စိုးရိမ်ပူပန်နေခဲ့သည်။

အဲဒါက ဖြစ်နိုင်ခြေ တစ်ထောင်ပုံမှာတစ်ပုံဆိုလျှင်တောင် သူက အန္တရာယ်ကို စွန့်စားလိုမည်မဟုတ်ပေ။

ဆူဇီမိုသည် ဓားကမ္ဘာ၏ အနာဂတ်မျှော်လင့်ချက်ဖြစ်ပြီး အလွန်တရာအရေးကြီးလေသည်။ မည်သည့်အမှားအယွင်းကိုမှ သူက အဖြစ်မခံနိုင်ပေ။

ဒါ့အပြင် သူက သတင်းပို့အဆောင်ကို ခြေမွှလိုက်မည်ဆိုလျှင် သံသရဖူဆောင်းအဖိုးအိုက သတင်းကို ချက်ချင်းလက်ခံရရှိပေလိမ့်မည်။

သို့သော်လည်း အထွတ်အထိပ် ဧကရာဇ်ပညာရှင်များပင် ဓားကမ္ဘာကနေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ချက်ချင်းရောက်ရှိလာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လုယွင်သည် သံသရဖူဆောင်းအဖိုးအိုကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ အရင်လာနှင့်ပြီး ဆူဇီမိုကို ဓားကမ္ဘာသို့ ပြန်လည်ခေါ်ဆောင်သွားစေရန် သတင်းပို့အဆောင်ကို ကြိုတင်ချိုးချေခဲ့ခြင်းဖြစ်သည်။

လုယွင်က ခေါင်းညိတ်ပြလိုက်သည်ကို တွေ့ရသောအခါ ယုလန်နှင့် အခြားသောတောင်ထွတ်သခင်များ၏ တင်းကျပ်နေသော အမူအရာများက အနည်းငယ်ပြေလျော့သွား၏။ သူတို့က နောက်ဆုံးမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြ၏။

စောစောက ဘုရင်အေးစက်မျက်လုံးနဲ့ ဘုရင်ရှစ်ရှောတို့ဘက်မှာ မူမမှန်တဲ့ စိတ်ဝိညာဉ်အတက်အကျတချို့ရှိနေခဲ့တယ်… သူတို့က အကွက်ချကြံစည်နေတာဖြစ်လောက်မယ်”

ယုလန်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“မပူပါနဲ့”

လုယွင်က မှင်သေသေဖြင့် ပြုံးပြလိုက်၏။

“ပကတိခွန်အားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အကွက်ချကြံစည်မှုတွေအားလုံးက ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး… သူတို့အကွက်ချကြံစည်နေတဲ့အရာကို ဘယ်သူက ဂရုစိုက်မှာလဲ… ဓားဧကရာဇ်သံသရဖူရောက်လာရင် သူတို့တွေက ရိုက်ချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးခံရလိမ့်မယ်”

တောင်ထွတ်သခင်များက ခေါင်းညိတ်လိုက်ကြသည်။

ဓားကမ္ဘာမှ ပကတိအင်မော်တယ်တချို့သည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ တိုက်ပွဲအကြောင်းကို ဆွေးနွေးပြောဆိုနေကြဆဲဖြစ်သည်။ သို့သော်လည်း လုယွင်နှင့်အခြားသူများသည် ပိုမိုလေးနက်စွာစဉ်းစားတွေးတောပြီး ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်က တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း မြေအောက်စီးကြောင်းများက တလိပ်လိပ်ထိုးတက်လာနေပြီဖြစ်သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ကန့်သတ်ချက်များ အပြောင်းအလဲကြောင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များစွာက ဤနေရာမှာ စုဝေးရောက်ရှိနေကြသည်။ အရာရာတိုင်းက အပေါ်ယံမှာ တည်ငြိမ်အေးချမ်းနေသည်ဟု ထင်ရသော်လည်း သူတို့အားလုံးက အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေကြခြင်းသာဖြစ်သည်။

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။

ထိုနေ့၏ နောက်ပိုင်းအချိန်များမှာ ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ခိုက်ခြင်းမရှိတော့ပေ။

သူသွားလေရာနေရာတိုင်းမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်များဖြစ်စေ၊ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များဖြစ်စေ သူတို့က လူစုခွဲသွားပြီး မည်သူကမှ သူ့ကို ရန်မစရဲကြပေ။

တကယ်တော့ သူကလည်း အခြားသူများနှင့် သူ၏ စွမ်းအင်ကို ဖြုန်းတီးနေလိမ့်မည် မဟုတ်ပေ။

သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အေးအေးဆေးဆေးလျှောက်လှမ်းနေသည်ဟု ထင်ရသော်လည်း သူက သူ၏ စွမ်းအင်အများစုကို ချွေတာကာ သူ၏ အမြုတေချီကို ပြန်လည်ဖြည့်တင်းနေခြင်းဖြစ်သည်။ သူ့အတွက် အစစ်အမှန်အန္တရာယ်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မဟုတ်ပေ။

ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူ၏ ဦးဆောင်မှုအောက်မှာ သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အာကာသဆုံမှတ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။

သူ့မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား မရှိသော်လည်း သူသည် ထိုအာကာသဆုံမှတ်နှင့်အတူ အချိန်မရွေးထွက်ခွာနိုင်လေသည်။

ထိုတိုက်ပွဲက သူ၏ စွမ်းအင်အမြောက်အမြားကိုလည်း ကုန်ဆုံးစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆင့်-၁၂ထိ အသွင်ပြောင်းလဲလာပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်၏ ပြန်လည်ကုသနိုင်စွမ်းအားကလည်း အတော်လေးတိုးလာခဲ့သည်။

နေ့တစ်ဝက်မကြာခင်မှာပင် သူသည် သူ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်များနှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကြား တိုက်ပွဲများကိုတော့ သူက တစ်ချိန်လုံး ကြားဝင်စွက်ဖက်ခြင်းမရှိပေ။

သူသည် ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူကို စာနာမိသော်လည်း လက်ရှိသူ၏ခွန်အားအရ သူလုပ်ပေးနိုင်တာများစွာမရှိပေ။

သို့သော်လည်း မထွက်ခွာခင် ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပြီး တမလွန်ကိုးဘုံအပြစ်သားကုန်းမြေက ကြေမွသွားပြီဖြစ်ကြောင်း သူက လောကျွင်းကို ပြောပြလိုက်၏။

လောကျွင်းနှင့် အခြားသော ဆိုးယုတ်မိစ္ဆာများ အပြစ်သားစိတ်ဝိညာဉ်များသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အကျဉ်းချခံထားရပြီး အပြင်ဘက်မှာ ဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။

ဆူဇီမိုက လောကျွင်းကို ဤအကြောင်းပြောပြလိုက်သည့်အချိန်မှသာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဘာ့ကြောင့် ဤမျှအထိ ဒေါသထွက်နေသလဲ ထိုသူက နားလည်သိရှိသွားသည်။

သူသည် လောကျွင်းကို ကောင်းကောင်းရှင်သန်နေထိုင်ရမည့်အကြောင်းလည်း ပြောပြခဲ့သည်။

တမလွန်ကိုးဘုံး အပြစ်သားကုန်းမြေက ကြေမွသွားမည်ဆိုမှတော့ တစ်နေ့မှာ ဤဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကလည်း ကြေမွပျက်စီးကာ သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိကောင်းရရှိလာနိုင်လေသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဖွင့်လှစ်ပြီးနောက် နေ့တစ်ဝက်မကြာခင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အေးစက်နေသောအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေနဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ယာယီပိတ်ဆို့ထားမယ်… နှစ်နာရီနေပြီးရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ဘယ်သက်ရှိမဆို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆက်ရှိနေဦးမယ်ဆိုရင် သူတို့တွေက သတ်ဖြတ်ခံရမယ်”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထံမှ သတိပေးချက်က ဆိုင်းမဆင့်ဗုံမဆင့်ထွက်ပေါ်လာခဲ့သည်။

ထိုအသံထွက်ပေါ်လာသည့်ခဏမှာပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်က အုန်းအုန်းကျက်ကျက်ဖြစ်သွားသည်။

ဤကဲ့သိုသော ဖြစ်ရပ်မျိုးက ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဘာ့ကြောင့် ဤကဲ့သို့သောကိစ္စများကို ပြုလုပ်နေသလဲ မည်သူကမှ မသိကြပေ။

လုယွင်နှင့် အခြားသောတောင်ထွတ်သခင်များက အကြည့်ချင်းဖလှယ်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။

ထိုအပြုအမူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအားလုံးကို ရည်ရွယ်ပုံရသော်လည်း သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ထွက်ခွာမည်ဆိုလျှင် ဓားကမ္ဘာက အန္တရာယ်နှင့် ရင်ဆိုင်ရဖို့ အခွင့်များနေသည်။

ဒါ့အပြင် အဲဒါက ရုတ်တရက်ဆန်လွန်းလေသည်။

လုယွင်က အကြောက်မပြေသေးပေ။

ကံကောင်းထောက်မစွာဖြင့် သူသည် သူ၏ သတင်းပို့အဆောင်ကို ကြိုတင်ချိုးချေခဲ့သည်။ မဟုတ်ပါက ဤကဲ့သို့သော ကိစ္စတစ်ခု ရုတ်တရက်ဖြစ်ပွားလာပြီးနောက် သံသရဖူဆောင်းအဖိုးအိုကို သတင်းပေးဖို့က နောက်ကျသွားပေလိမ့်မည်။

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ နတ်ဘုရားဘုရင် ရီယောင်နှင့် အခြားသောဘုရင်များကလည်း ထိုသတင်းကိုကြားသောအခါ တုန်လှုပ်သွားကြသည်။

ဘီလူးကမ္ဘာနှင့် အဆိပ်ကမ္ဘာကဲ့သို့ ကမ္ဘာများမှ ဘုရင်များသည် ဘုရင်စုန်းသွေး၏ သွေးထိုးလှုံ့ဆော်မှုကို ကြားရစဉ် စစချင်း သူတို့က တွေဝေတုံ့ဆိုင်းနေခဲ့ကြသည်။ သို့သော်လည်း ဤသတင်းက သူတို့အတွက် အကောင်းဆုံးအခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သူတို့ကို ကူညီပေးနေပုံရသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာရှိသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်များက ထိုသတင်းကိုကြားသောအခါ သူတို့က ဆက်လက်၍ ကြန့်ကြာမနေရဲဘဲ သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို တစ်ယောက်ပြီးတစ်ယောက်အသက်သွင်းလိုက်ကြသည်။

ဆိုးယုတ်မိစ္ဆများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ မနာလိုအားကျနေသော အကြည့်များအောက်မှာ သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်သို့ ပြန်လည်ရောက်ရှိလာကြသည်။

ဆူဇီမိုကလည်း အာကာသဆုံမှတ်ကနေတစ်ဆင့် ရင်ပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

သူပေါ်ထွက်လာသည့်ခဏမှာပင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ယခုတင် ပြန်လည်ရောက်ရှိလာသော ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာက အနီးနားမှာ စုဝေးရောက်ရှိနေကြသည်။

သို့သော်လည်း သူတို့သည် သူပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ လူတိုင်း၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားကြသည်။ တကယ်ဆို သူတို့သည် လူအုပ်ကြီးနှင့်ရောနှောပြီး ခပ်သုတ်သုတ်ပြေးလွှားသွားလေသည်။

“မင်းတို့တွေ ဘာကိုကြောက်နေကြတာလဲ”

ဘုရင်တစ်ပါးက မျက်မှောင်ကြုတ်ပြီး ဒေါသတကြီးအော်ပြောလိုက်၏။

“ဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာပဲ… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမဟုတ်ဘူး… တိုက်ခိုက်တာကို ပိတ်ပင်တားမြစ်ထားတယ်”

ထိုစကားကိုကြားသောအခါ ပကတိစိတ်ဝိညာဉ်ပညာရှင်များက တုံ့ပြန်လိုက်ကြပြီး သူတို့၏ မျက်နှာများက နီမြန်းသွားကြသည်။

သူတို့အပေါ် ထိုတိုက်ပွဲ၏ သက်ရောက်မှုက အရမ်းကို ကြီးမားခဲ့၏။

သူတို့က ဆူဇီမိုနှင့် ရင်ဆိုင်ရသည့်အခါ သူတို့သည် အလိုလိုနောက်ဆုတ်ကာ ရှောင်တိမ်းဖို့ ရွေးချယ်ကြပေလိမ့်မည်။

အဲဒါသည် သူတို့၏ အလိုအလျောက် အပြုအမူတစ်ခုလို ဖြစ်လာခဲ့သည်။

တိုက်ပွဲတစ်ခုတည်းက ဤမျှအထိ သက်ရောက်မှုကို ဖြစ်စေခဲ့သည်။

ဘုရင်များက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က သူတို့၏ ခေါင်းများကိုခါယမ်းပြီး သက်ပြင်းချလိုက်ကြ၏။

ဤတိုက်ပွဲအပြီးမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်များသည် ဓားကမ္ဘာမှ ဆူကျူးနှင့် နောက်တစ်ဖန်ကြုံတွေ့ရမည်ဆိုလျှင် သူတို့သည် မတိုက်ခိုက်ခင်မှာပင် သူတို့၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးရပေလိမ့်မည်။

ဤတိုက်ပွဲတစ်ခုတည်းကပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ နံပါတ်တစ် ပကတိစိတ်ဝိညာဉ်ဟူသော သူ၏ အဆင့်အတန်းတစ်ခုကို တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်သည်။

All Chapters