← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 193 Ch. 2884

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 193 Ch. 2884

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ။

ဘက်ပြန်ကြေးခွံက ပေါ်ထွက်လာပြီး သွေးမျက်လုံးထုတ်လွှတ်လိုက်သော အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှင့် ထိတွေ့ရိုက်ခတ်သွားသည်။

သွေးမျက်လုံးက ဆတ်ခနဲတုန်ယင်သွားသည်။

ထို့နောက် ချက်ချင်းပင် သူက သိပ်သည်းပြင်းထန်သော နာကျင်မှုကို တွေ့ကြုံခံစားနေရသည့်အလား သူ၏မျက်နှာက ရှုံ့မဲ့သွားပြီး ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့သည်။

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူမည်သူမဆို သေရပေလိမ့်မည်။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် သုခဘုံလေဟာနယ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဘက်ပြန်ကြေးခွံလျှို့ဝှက်အတတ်ကနေ ထုတ်ဖော်လိုက်သည့်စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။

သို့သော်လည်း သွေးမျက်လုံးသည် မည်သို့ပင်ဆိုစေ မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။ သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်ကလည်း သုခဘုံလေဟာနယ်နယ်ပယ်ကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ဒါ့အပြင် သူသည်‌ နောက်ထပ် အမြုတေစိတ်ဝိညာည်လျှို့ဝှက်အတတ်တစ်ခုကို နားလည်ဆင်ခြင်ထားသည်။ အန္တရာယ်ကို နားလည်ပြီးနောက် သူက ဘက်ပြန်ကြေးခွံလျှို့ဝှက်အတတ်၏ ပျက်စီးထိခိုက်မှုကို ခုခံရန် နောက်ထပ် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။

ထိုသို့ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဉ်သည် သိပ်သည်းပြင်းထန်သော ထိခိုက်မှုကို တွေ့ကြုံခံစားလိုက်ရပြီး အလွန်တရာ အားနည်းလာခဲ့သည်။

သွေးမျက်လုံး၏ အမူအရာက ထိတ်လန့်တကြားဖြစ်လာပြီး ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်လေသည်။

ဆူဇီမိုကလည်း သူ့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ပေပေါင်းရာချီမြင့်မားသော မိစ္ဆာနတ်ဆိုးက သူ့ကို တားဆီးထားသည်။

သွေးမျက်လုံးကို သတ်ဖြတ်မည်ဆိုလျှင် သူသည် အဆူရာ၏ ဟန့်တားမှုကို အရင်ဆုံးဖြတ်ကျော်ရပေမည်။

ဆူဇီမိုက မိစ္ဆာနတ်ဆိုးကို လျစ်လျူရှုပြီး သွေးမျက်လုံးရှိရာသို့ ဖျတ်ခနဲပြေးထွက်သွား၏။ တစ်ချိန်တည်းမှာပင် သူက လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး မိစ္ဆာနတ်ဆိုး၏ မြင့်မားသော ခန္ဓာကိုယ်ကို လက်ညှိုးထိုးကာ နောက်ထပ်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဤသည်က အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ထိုအန္တိမနတ်ဘုရားစွမ်းအားထွက်ပေါ်လာပြီးနောက် မိစ္ဆာနတ်ဆိုးသည် ရင်တထိတ်ထိတ်ဖြစ်လာခဲ့သည်။ နောက်ခဏ၌ ကပ်ဘေးတစ်ခုက သူ့ထံ ဆင်းသက်လာတော့မည့်အလားပင်။

ဒေါင်…

ရှည်လျားသော ခေါင်းလောင်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

ဒုံ…

မိစ္ဆာနတ်ဆိုးက မတုံ့ပြန်နိုင်ခင် မနှိုင်းယှဉ်သာအောင် သိပ်သည်းလေးလံသော ဗုံသံက ဆင်းသက်လာပြီး ယတိပြတ်ရပ်တန့်သွားသည်။

ထိုဗုံသံနှင့်အတူ သူ၏ နှလုံးခုန်သံကလည်း ရပ်တန့်သွားလေသည်။

မိစ္ဆာနတ်ဆိုးသည် သူ၏ ဘဝသက်တမ်းက လျင်မြန်စွာလျော့ကျလာသည်ဟု ခံစားလိုက်ရသည်။ ချက်ချင်းနီးပါးပင် သူ၏ ဘဝသက်တမ်းနှစ်ပေါင်းသိန်းချီက အဆုံးသတ်လာခဲ့သည်။

ခေါင်းလောင်းသံ ထွက်ပေါ်လာသည့်ခဏမှာပင် ဗုံသံက အဆုံးသတ်သွားသည်။

အရုဏ်ဦးခေါင်းလောင်း၊ ဆည်းဆာဗုံ၊ တဒင်္ဂအခိုက်အတန့်။

ဤနှစ်များအားလုံးမှာ ဆူဇီမိုသည် အရုဏ်ဦးခေါင်းလောင်း၊ ဆည်းဆာဗုံနှင့် တဒင်္ဂအခိုက်အတန့်တို့ကို လုံးလုံးလျားလျား မပေါင်းစည်းနိုင်ခဲ့သော်လည်း ထိုအချိန်နတ်ဘုရားစွမ်းအားသည် အလွန်တရာကြောက်စရာကောင်းသောစွမ်းအားကို ထုတ်ဖော်နိုင်ဆဲဖြစ်သည်။

တကယ်တော့ မိစ္ဆာနတ်ဆိုး၏ မျိုးဆက်သွေးနယ်မြေက တဒင်္ဂအခိုက်အတန့်ကို ခုခံဖို့အတွက်လုံလောက်လေသည်။ သို့သော်လည်း သူ၏ မျိုးဆက်သွေးနယ်မြေ လက်ရှစ်ဖက်အဆူရာသည် ဆူဇီမို၏ ခေါင်းလေးလုံးလက်ရှစ်ဖက်ကြောင့် ဒဏ်ရာများရရှိထားပြီး လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။

မိစ္ဆာနတ်ဆိုး၏ အစစ်အမှန်ခန္ဓာကတော့ သူသည် တဗူးနဂါးဖီးနစ်နှင့် ရင်ဆိုင်တိုက်ခိုက်ရာမှာ အရေးသာနေခြင်းမရှိပေ။ ထို့သို့ဖြင့် သူသည် တဒင်္ဂအခိုက်အတန့်ကို ခုခံရန် သူ့မှာ စွမ်းအင်အပို မကျန်ရှိတော့ပေ။

မိစ္ဆာနတ်ဆိုးသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုက သူ့အသက်ကို ရန်ရှာလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

လူတိုင်း၏ ရှေ့မှောက်မှာပင် သိပ်သည်းပြင်းထန်သော မိစ္ဆာချီနှင့်အတူ သည်းမခံနိုင်လောက်အောင် မောက်မာဝင့်ကြွားသော ခန္ဓာကိုယ်ကြီးက ချက်ချင်းပင် အိုမင်းရွတ်တွလာခဲ့သည်။

သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်သောအလင်းက ဆက်လက်၍ မရှိတော့ဘဲ သူ၏ ထိုင်းမှိုင်းလာသော မျက်လုံးထဲရှိအလင်းရောင်က မှေးမှိန်လာခဲ့သည်။

မိစ္ဆာနတ်ဆိုးသည် ဆူဇီမို သူ့ဘေးကနေ ဖြတ်သွားသည်ကို ကူကယ်ရာမဲ့စွာကြည့်နေရသည်။

ဝုန်း…

ပေပေါင်းရာချီမြင့်မားသော သူ၏ ဧရာမခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ဝုန်းခနဲပစ်လဲကျသွားပြီး ဖုန်မှုန့်များက တထောင်းထောင်းထသွားသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦး အဆူရာအပြစ်သားကုန်းမြေမှ မိစ္ဆာနတ်ဆိုးသည် ဘဝသက်တမ်းကုန်ဆုံးပြီး သေဆုံးသွားလေသည်။

သွေးမျက်လုံးသည် ထိုသည်ကို တွေ့မြင်သောအခါ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။

အစကတော့ မိစ္ဆနတ်ဆိုးသည် ဆူဇီမိုကို ခဏကြာ တားဆီးပေးထားနိုင်မည်ဟု သူက တွေးထားခဲ့သည်။ ယခု မိစ္ဆာနတ်ဆိုးက နေရာမှာပင် သေဆုံးသွားခဲ့လေပြီ။

တစ်ခဏချင်းမှာပင် ဆူဇီမိုက အနားသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။

ရွှစ်…

သူ့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့က နောက်ကျလွန်းသွားလေပြီ။

သွေးမျက်လုံးသည် သူ၏ သန့်စင်ယန်စိတ်ဝိညာဉ်ရတနာ သွေးသံရဲရဲနှင့် ညစ်ညမ်းနေသော သွေးဆေဘာတစ်လက်ကို ဆင့်ခေါ်လိုက်၏။ သူ၏ အကြည့်ကို အာရုံစူးစိုက်ပြီး သူက ဆူဇီမိုထံ ခုတ်ပိုင်းချလိုက်သည်။

ဆူဇီမိုက ရှောင်တိမ်းခြင်းမရှိဘဲ ချင်းဖျင်ဓားကိုဝေ့ယမ်းကာ ရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။

ချွင်…

ဆေဘာနှင့်ဓားက ထိတွေ့ရိုက်ခတ်သွားသည်။

သွေးမျက်လုံး၏ ခန္ဓာကိုက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ မျက်လုံးထဲရှိအလင်းရောင်က လျင်မြန်စွာမှေးမှိန်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက ပျက်ပြယ်သွားပြီး သူကနေရာမှာတင် သေဆုံးသွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှာ သိသာထင်ရှားသော မည်သည့်ဒဏ်ရာမှမရှိပေ။

သို့သော်လည်း သူ၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်သည် ချင်းဖျင်ဓားကနေထုတ်လွှတ်လိုက်သော အစိမ်းရောင်ကြာပန်းဓားချီဖြင့် ထိုးဖောက်ခံလိုက်ရပြီဖြစ်သည်။

ဤသည်က ချင်းဖျင်ဓား၏ သတ်ဖြတ်စွမ်းအားဖြစ်သည်။

ချင်းဖျင်ဓားသည် မနှိုင်းယှဉ်သာအောင် ထက်ရှသော နတ်ဘုရားလက်နက်တစ်ခု ဖြစ်ရုံသာမက ၎င်းသည် တိုက်ပွဲတစ်ခုမှာ အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုတစ်ရပ်ကိုလည်း ထုတ်ဖော်နိုင်သည်။

သွေးမျက်လုံးက ဘက်ပြန်​ကြေးခွံကို ခုခံခဲ့သည့်ခဏမှာပင် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ​ကုန်ခန်းသွားခဲ့ပြီဖြစ်သည်။

ချင်းဖျင်ဓား၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သူက အဲဒါကို ချေဖျက်ရန် စွမ်းအားမဲ့နေသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှတစ်ဦး အပြစ်သားကုန်းမြေဆယ်ခုမှ သွေးမျက်လုံးသည် သူ၏ အမြုတေစိတ်ဝိညာဥ်ဖျက်ဆီးခံရခြင်းနှင့်အတူ သေဆုံးသွားခဲ့သည်။

ဖြစ်စဥ်တစ်ခုလုံးက အလွန်တရာလျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။

ဆူဇီမိုသည် တစ်ချိန်တည်းမှာ မဟာဆိုးယုတ်မိစ္ဆာနှစ်ဦးနှင့် တိုက်ခိုက်နေရသည်ဟုဆိုနိုင်သည်။ အသက်ရှူချိန်ဆယ်ကြိမ်မပြည့်ခင် မဟာဆိုးယုတ်မိစ္ဆာနှစ်ဦးက သေဆုံးသွားသည်။

ယခင်သေဆုံးသွားခဲ့သော ယက္ခတစ္ဆေစိတ်ဝိညာဥ်အပါအဝင် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ သုံးဦးက သေဆုံးသွားခဲ့ပြီဖြစ်သည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးသည် နှစ်ပေါင်းများစွာကြာအောင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ စိုးမိုခြယ်လှယ်နိုင်ခဲ့ကြသည်။ သို့သော် ဤတစ်ခေါက်မှာတော့ သူတို့ထဲမှသုံးယောက်သည် အတွက်လွဲ၍ ပြိုင်ဘက်အရွေးမှားခဲ့ကြလေသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ ကျန်ရှိနေသောခုနှစ်ဦးတွင် ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူလောကျွင်းသည် ဆူဇီမိုကို တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေ။

အနက်ရောင်ဝတ်အမျိုးသမီးကလည်း ဆူဇီမိုထံမှ တစ်စုံတစ်ရာကို တွေ့မြင်ထားခဲ့ပုံရကာ သူ့အပေါ် ရန်လိုစိတ်မရှိပေ။

အခြားငါးယောက်က ဤမတိုင်ခင် တိုက်ခိုက်ဖို့ကို အနည်းနှင့်အများဆိုသလို တွေးထားခဲ့ကြသည်။

သို့သော်လည်း သူတို့သည် ယက္ခတစ္ဆေစိတ်ဝိညာဥ်၊ မိစ္ဆာနတ်ဆိုးနှင့် သွေးမျက်လုံးတို့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားသည်ကို တွေ့မြင်ရသောအခါ ထိုဆိုးယုတ်မိစ္ဆာငါးဦးသည် တိုက်ခိုက်ဖို့အတွေးကို ချက်ချင်းပင်စွန့်လွှတ်ပြီး တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြသည်။ သူတို့သည် တိုက်ပွဲနယ်မြေကနေ ထွက်ပြေးတိမ်းရှောင်ကာ ဆူဇီမိုထံကနေ တတ်နိုင်သမျှဝေးဝေး ဆုတ်ခွာဖို့ကြိုးစားလိုက်ကြသည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာများ၏ မျက်လုံးထဲတွင် နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့သည်။

ယခင်က မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးဖြစ်သော ည၏ စိတ်ဝိညာဥ်ပင်လျှင် သူတို့ကို ဤကဲ့သို့သောအကြောက်တရား မခံစားရစေခဲ့ပေ။

“ဟမ့်”

ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာသုံးဦးကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ နောက်ဘက်မှာ ပကတိစိတ်ဝိညာဥ်ပညာရှင်များသည် စောစောကတင်သေဆုံးထားသော အန္တိမပကတိစိတ်ဝိညာဥ်အလောင်းများထံမှ ရတနာများကို ခိုးယူလိုပြီး အခြေအနေအပေါ် အမြတ်ထုတ်နေကြောင်း သူက သတိထားမိလိုက်သည်။

ဆူဇီမိုသည် အန္တိမပကတိစိတ်ဝိညာဥ်နှစ်ဆယ်ကျော်ကို ယခုတင်သတ်ဖြတ်ထားပြီး သူက တစ်ချိန်လုံး ရပ်နားခဲ့ခြင်းမရှိပေ။ သူသည် တိုက်ပွဲနယ်မြေကိုရှင်းလင်းကာ ထိုအန္တိမပကတိစိတ်ဝိညာဥ်များ၏ ခန္ဓာကိုယ်များထဲမှ တာအိုသစ်သီးများကိုထုတ်ယူဖို့ အချိန်မရခဲ့ပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များဘက်သို့ ပြေးထွက်သွားသည်ကို ပကတိစိတ်ဝိညာဥ်ပညာရှင်တချို့တွေ့မြင်သောအခါ သူတို့သည် အန္တိမပကတိစိတ်ဝိညာဥ်ပညာရှင်များ၏ တာအိုသစ်သီးများကိုခိုးယူရန် အခွင့်အလမ်းကိုချိန်ဆလာခဲ့ကြသည်။

ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားသော အန္တိမပကတိစိတ်ဝိညာဥ်တာအိုသစ်သီးတစ်လုံးသည် ရတနာစေတီမှာ စုစုပေါင်းတိုက်ပွဲရမှတ်ငါးထောင်ထိုက်တန်လေသည်။

သူတို့၏ တိုက်ခိုက်ရည်ခွန်အားအရ သူတို့အနေဖြင့် တိုက်ပွဲရမှတ်ငါးထောင်ကို စုဆောင်းဖို့က မဖြစ်နိုင်ပေ။

ယခုအချိန်မှာ အန္တိမပကတိစိတ်ဝိညာဥ် တာအိုသစ်သီးနှစ်ဆယ်ကျော်က ရှိနေသည်။

နောက်​ဆုံးမှာတော့ သူတို့ထဲမှတချို့သည် ရမ္မက်လောဘ၏ ဆွဲဆောင်မှုကို တောင့်မခံနိုင်ဘဲ အန္တရာယ်ကိုစွန့်စားလာကြသည်။

သို့သော်လည်း ဆူဇီမိုသည် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးကို သတ်ဖြတ်ပြီးနောက် ပြန်လှည့်လာခဲ့လေသည်။

ဝုန်း...

ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များမှ ဓမ္မချိပ်စည်းနှစ်ခုကို လက်နှစ်ဖက်ဖြင့်ဆင့်ခေါ်ပြီး တိုက်ပွဲနယ်မြေရှိ ပကတိစိတ်ဝိညာဥ်ပညာရှင်တချို့ရှိရာသို့ ပစ်ပေါက်လိုက်၏။

မဟာဝရဇိန်လှည်းဘီးချိပ်စည်း...။

မဟာမြင်းမိုရ်တောင်ချိပ်စည်း...။

ချက်ချင်းပင် မနှိုင်းယှဥ်သာအောင် ခံ့ညားထည်ဝါသော တောင်နှစ်လုံးက ဆူဇီမို၏ လက်ထဲမှာ ပေါ်ထွက်လာပြီး တားဆီးမရနိုင်သောအော်ရာတစ်ခုနှင့်အတူ ဖိချေကျဆင်းလာ၏။

ဝုန်း...

ဘုန်း....

ပကတိစိတ်ဝိညာဥ်တချို့သည် အပိုင်းပိုင်းကြေမွအောင် ပစ်ဆောင့်ခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာခဲ့ကြသည်။

သူတို့သည် သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို အလောတကြီး ဆင့်ခေါ်ပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာသွားကြသည်။

သူတို့ထဲမှအချို့သည် မဟာမြင်းမိုရ်တောင်ဖြင့် ကြိတ်ချေခံရပြီး သွေးမြူများအဖြစ်ပြောင်းလဲကာ နေရာမှာတင် သေဆုံးသွားကြသည်။

ဗုဒ္ဓကျောင်းတော်များမှ တောင်ထွတ်နှစ်ခုက ဆင်းသက်လာသောအခါ ပကတိစိတ်ဝိညာဥ်ပညာရှင်တစ်အုပ်စုသည် ဆိုးဆိုးဝါးဝါးအခြေအနေဖြင့် ခြေဦးတည့်ရာ လှည့်ထွက်ပြေးလိုက်ကြသည်။

ခေါင်းလေးလုံး လက်ရှစ်ဖက်အခြေအနေမှာ ဆူဇီမိုသည် တိုက်ပွဲနယ်မြေတွင် တရကြမ်းပြေးလွှားနေပြီး အဘက်ဘက်မှာ ဝင်ရောက်သတ်ဖြတ်နေ၏။ သူဖြတ်သွားရာနေရာတိုင်းမှာ လူတိုင်းသည် ဆုတ်ခွာသွားကြပြီး မည်သူကမှ သူနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။

All Chapters