လက်ရှစ်ဖက်အဆူရာ
Vol. 193 Ch. 2883
ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ ကံကြမ္မာကို တကယ်ပင် စာနာမိလေသည်။
အရင်တုန်းက ဖြစ်ပျက်ခဲ့သောအရာများက မရိုးရှင်းနိုင်ကြောင်း သူက ခန့်မှန်းမိနေသည်။ ထို့ကြောင့် သူသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကို ဤနေရာမှာ စတင်တိုက်ခိုက်လိုစိတ်မရှိပေ။
သို့သော်လည်း ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များက အခြေအနေပေါ် အမြတ်ထုတ်ပြီး သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင် သူက သနားညှာတာမှု ဆက်ပြနေလိမ့်မည်ဟု မဆိုလိုပေ။
ဖျတ်ခနဲဆို သူက ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များရှိရာဘက် ပြေးထွက်သွားပြီး သွေးမျက်လုံးရှိရာသို့ ဦးတည်လိုက်လေသည်။
သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက ဆူဇီမိုအပေါ် သက်ရောက်မှုမရှိသည်ကို တွေ့မြင်သောအခါ သွေးမျက်လုံး၏ သတ္တိက ပျောက်ဆုံးသွားပြီး သူက ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။
ဆူဇီမိုသည် အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျောက်ကို သတ်ဖြတ်ထားခဲ့ပြီဖြစ်ပြီး သူ၏ လက်က သွေးများဖြင့် ပေစွန်းနေ၏။
သူ၏ ခေါင်းလေးလုံး လက်ရှစ်ဖက်အခြေအနေမှာ သူ၏ အော်ရာက သိပ်သည်းလေးလံနေပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
သူ့ကို တွေ့မြင်သော ဘယ်သူမဆို ကြောက်ရွံ့မှုကို ခံစားရပေလိမ့်မည်။
“မိစ္ဆာနတ်ဆိုး… ငါ့ကို ကယ်ပါဦး”
သွေးမျက်လုံးက ဘေးတစ်ဘက်မှာ တောင်တစ်လုံးနှင့်တူသော ပုံရိပ်ကို ကြည့်ပြီး အကူအညီလှမ်းအော်တောင်းလိုက်၏။ ထိုပုံရိပ်၏ မျက်နှာက လူသားတစ်ယောက်နှင့် အတော်လေးဆင်တူလေသည်။ သို့သော်လည်း သူ၏ ဦးခေါင်းထက်မှာ အနည်းငယ်ကွေးညွှတ်၍ ထက်ရှနေသော ဦးချိုတစ်စုံရှိနေသည်။ ထိုဦးချိုများကို ရှုပ်ထွေးပွေလီသော နွယ်လိမ်အင်းကွက်များဖြင့် ရစ်ပတ်ထားလေသည်။ သူတို့မှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပါဝင်နေသည့်အလားပင်။
ဘုန်း…
မိစ္ဆာနတ်ဆိုးဟုခေါ်သော ထိုပုံရိပ်က ရုတ်တရက်မတ်တတ်ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါချလိုက်၏။ စောစောက သူသည် မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေရုံသာဖြစ်သည်။ ယခု သူက မတ်တတ်ထရပ်လိုက်ပြီး ပေပေါင်းရာချီမြင့်မားသည့် အလွန်ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကို ပေါ်ထွက်လာစေသည်။
သူက အရမ်းကို တုတ်ခိုင်သန်မာကြီးမားပြီး သူ့ကို အနက်ရောင်ချီများက လွှမ်းခြုံထားလေသည်။ သူသည် လောက၏ မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့် တကယ်ပင်တူပြီး သည်းမခံနိုင်လောက်အောင် မောက်မာခက်ထန်နေ၏။
“ဂါး”
မိစ္ဆာနတ်ဆိုး၏ ခေါင်းလောင်းလိုမျက်လုံးများက အဝေးကနေ လာနေသော ဆူဇီမိုကို မမှိတ်မသုန်စိုက်ကြည့်ပြီး ကမ္ဘာတုန်လောက်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။ သူက ဟိန်းဟောက်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးပြန်ကြောများက သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်ထားသော အနာကွန်ဒါများကဲ့သို့ အလွန်တရာ ကြောက်စရာကောင်းသည့်ပုံစံဖြင့် ပေါ်ထွက်လာသည်။
သူနှင့်ယှဉ်လျှင် ဆူဇီမို၏ ပုံရိပ်က အစက်အပြောက်တစ်ခုကဲ့သို့ သေးငယ်နေ၏။
ဆူဇီမိုသည် ထိုဟိန်းဟောက်သံနှင့်ရင်ဆိုင်ရချိန်မှာ ခဏမျှရပ်တန့်ပြီး အာရုံစိုက်၍ ကြည့်လိုက်၏။
အနီးကပ်စစ်ဆေးအကဲခတ်ကြည့်စဉ် ထိုသတ္တဝါ၏ နောက်ဘက်မှာ ဒုတိယမြောက်ဦးခေါင်းတစ်လုံးနှင့် လက်လေးဖက်ရှိနေသည်ကို သူက တွေ့ရှိလိုက်ရသည်။
အဆူရာမျိုးနွယ်။
ဆူဇီမို၏ စိတ်ထဲ အတွေးတစ်ခုဖျတ်ခနဲပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ သွားရောက်ခဲ့စဉ်က မဟာထျဲဝေတောင်ပေါ်ရှိ အဆူရာကျောင်းတော်မှာ အဆူရာတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။
အဆူရာမျိုးနွယ်သည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာပြီးနောက် သူတို့မှာ နောက်ထပ်အပို ဦးခေါင်းတစ်လုံးနှင့် လက်နှစ်ဖက်ပေါ်ထွက်လာပေလိမ့်မည်။
ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ သူတို့တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိလာပေလိမ့်မည်။
ဒဏ္ဍာရီအရဆို ဧကရာဇ်နယ်ပယ်အဆူရာများက ပေပေါင်းသောင်းချီမြင့်မားလေသည်။ သူတို့၏ ဦးခေါင်းများက ဆက်လက်၍ တိုးမလာတော့ဘဲ ဦးခေါင်းသုံးလုံးသာဆိုသော်လည်း သူတို့မှာ လက်ရှစ်ဖက်ရှိလာပြီး သူတို့သည် လက်ရှစ်ဖက်အဆူရာများအဖြစ် ကျော်ကြားကြသည်။
ခေါင်းသုံးလုံးလက်ခြောက်ဖက်၏ နတ်ဘုရားစွမ်းအားသည် အဆူရာမျိုးနွယ်ကနေ ဆက်ခံဆင်းသက်လာခြင်းဖြစ်သည်။
သို့သော်လည်း ဧကရာဇ်နယ်ပယ်အဆူရာများမှာပင်လျှင် ခေါင်းသုံးလုံးလက်ရှစ်ဖက်သာရှိလေသည်။ ထို့ကြောင့် ဆူဇီမိုက ခေါင်းလေးလုံး လက်ရှစ်ဖက်ကို ထုတ်ဖော်သည့်အခါ ဘုရင်များစွာသည် တုန်လှုပ်၍ မယုံကြည်နိုင်ဖြစ်နေခဲ့ကြခြင်းပင်။
“နိမ့်ကျလူသား… ထွက်သွားစမ်း”
မိစ္ဆာနတ်ဆိုးက မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို အော်ငေါက်လိုက်ပြီး သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် ရန်လိုစိတ်နှင့်အတူ ပြည့်နှက်လာ၏။
သူတို့မျိုးနွယ်မှာ ဧကရာဇ်နယ်ပယ်ပညာရှင်များပင်လျှင် ခေါင်းသုံးလုံး လက်ရှစ်ဖက်သာရှိလေသည်။ သူ့ရှေ့မှလူသားမှာ အမှန်တကယ်ပင် ခေါင်းလေးလုံး လက်ရှစ်ဖက်ရှိနေပြီး ထိုအချက်က သူ့ကို အလွန်တရာ မနှစ်မမြို့ဖြစ်စေသည်။
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ရှေ့သို့ နောက်တစ်ဖန်ပြေးဝင်လာခဲ့သည်။
“သတ်…”
မိစ္ဆာနတ်ဆိုးက ဟိန်းဟောက်လိုက်ပြီး သူ၏ ဦးခေါင်းထက်ရှိ ဦးချိုများပေါ်မှာ နွယ်လိမ်အင်းကွက်များက အညိုရောင်အလင်းတစ်ခုဖြင့် တောက်ပလာခဲ့လေသည်။
အဆုံးမဲ့စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့လေသည်။
ဝေါ…
မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်ထဲရှိသွေးချီက ဒီရေလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်ထိုးတက်လာ၏။
နောက်ခဏ၌ ပေတစ်သောင်းမြင့်မားသော ပုံရိပ်တစ်ခုက မိစ္ဆာနတ်ဆိုး၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။ ၎င်းသည် ခေါင်းသုံးလုံးလက်ရှစ်ဖက်ပါသော အဆူရာတစ်ကောင်ဖြစ်သည်။
အဆူရာမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေ လက်ရှစ်ဖက်အဆူရာ။
မိစ္ဆာနတ်ဆိုးသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ယခုအချိန်ထိ နားလည်ဆင်ခြင်ရခြင်း မရှိသေးပေ။ သို့သော်လည်း ထိုမျိုးဆက်သွေးနယ်မြေနှင့်အတူ သူသည် အခြားသော မည်သည့်ဆိုးယုတ်မိစ္ဆာနှင့်မဆို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။
ခေါင်းသုံးလုံးလက်ရှစ်ဖက်နှင့်အဆူရာက ပေါ်ထွက်လာပြီး ခေါင်းလေးလုံးလက်ရှစ်ဖက်နှင့် ဆူဇီမိုကို တွေ့မြင်သောအခါ သူကလည်း တွေဝေရှုပ်ထွေးသွားသည့်အလား မှင်တက်နေ၏။
သို့သော်လည်း သိပ်မကြာခင် သူ၏ မျက်လုံးများထဲမှာ သတ်ဖြတ်လိုစိတ်သာလျှင် ကျန်တော့လေသည်။
လက်ရှစ်ဖက်အဆူရာသည် လှံ၊ ဆေဘာ၊ ဓား၊ ပုဆိန်သွားလှံ၊ ပုဆိန်၊ သံလျက်ပုဆိန်၊ ချိတ်ဆူးနှင့် ခရင်းခွလက်နက်တို့ကို ကိုင်ဆွဲပြီး သူ၏ လက်ရှစ်ဖက်ကို ဝေ့ယမ်းကာ ဆူဇီမိုကို ဖိချေသတ်ဖြတ်ချင်သည်။
ထိုမြင်ကွင်းသည် ရှေးဟောင်းကြယ်တစ်စင်းကို ပစ်တိုက်လာသော ဖုန်မှုန့်တစ်မှုန့်နှင့် ဆင်တူနေ၏။
ဝုန်း…
သူတို့နှစ်ယောက်က ကျယ်လောင်သောမြည်သံနှင့် ထိတွေ့ရိုက်ခတ်သွားသည်။
ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေမှာ ဆူဇီမိုသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၊ အမြီးကိုးချောင်း ဖီးနစ်ငှက်မွေးယပ်တောင်နှင့် အနှိုင်းမဲ့ချင်းဖျင်ဓားကိုပင် ကိုင်ဆွဲထားလေသည်။ သူ၏ နတ်ဘုရားစွမ်းပကားက စီးပိုးခြယ်လှယ်မှုရှိပြီး ပြိုင်ဘက်ကင်းနေသည်။ လက်ရှစ်ဖက်အဆူရာမှာ လက်နက်များစွာရှိသော်လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်သည့်အခါ သူတို့က ဆူဇီမိုကို ပျက်စီးထိခိုက်မှုများစွာ မဖြစ်စေနိုင်ပေ။
ဆူဇီမို၏ ဘေးပတ်လည်မှာ အဝါရောင်သဲတစ်လွှာက တစ်ချိန်လုံးရှိနေ၏။
ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာ။
ထိုအခိုက်အတန့်မှာ ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော အဆုံးစွန်ခုခံရေးရတနာက အလွန်တရာ အသုံးတည့်လာခဲ့သည်။
ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာသည် ပျက်စီးထိခိုက်မှု၏ ထက်ဝက်ကျောက်ကို ပိတ်ဆို့တားဆီးပေးထားပြီး ကျန်ရှိနေသော စွမ်းအားကသာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ် ဆင်းသက်လာခဲ့သည်။ အဲဒါက ဒဏ်ရာတချို့ကို ဖြစ်ပေါ်စေသော်လည်း ဆူဇီမိုပေါ် များစွာသက်ရောက်မှုမရှိပေ။
အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းကို အသုံးချကာ ထိုဒဏ်ရာအသေးအဖွဲများသည် တိုက်ခိုက်နေစဉ် အတောအတွင်း လျင်မြန်စွာသက်သာပျောက်ကင်းလာပြီး ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။
ဆန့်ကျင်ဖက်အနေဖြင့် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးဖြစ်စေ၊ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ဖြစ်စေ သူတို့သည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်သည့်အခါ လက်ရှစ်ဖက်အဆူရာပေါ် ကြီးမားသည့် ထိခိုက်မှုကို ဖြစ်စေပေလိမ့်မည်။ သို့သော်လည်း ချင်းဖျင်ဓား၏ ပျက်စီးထိခိုက်မှုက အကြီးမားဆုံးဖြစ်သည်။
နှစ်ဖက်စလုံးက တိုက်ခိုက်နေကြသည်။ အသက်ရှူချိန်အနည်းငယ်အကြာမှာ လက်ရှစ်ဖက်အဆူရာ၏ လက်လေးဖက်က ဆူဇီမို၏ ဖြတ်တောက်ခြင်းခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် မိစ္ဆာချီကလည်း သိသိသာသာလျော့ကျလာသည်။
မိစ္ဆာနတ်ဆိုး၏ အစစ်အမှန်ခန္ဓာသည် ရှေ့သို့အကြိမ်ပေါင်းများစွာ ပြေးဝင်ကာ သူ၏ လက်ရှစ်ဖက်အဆူရာ မျိုးဆက်သွေးနယ်မြေနှင့်အတူ တိုက်ခိုက်ချင်လေသည်။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူက အမြီးကိုးချောင်းဖီးနစ်ငှက်မွေးယပ်တောင်ကို ခတ်ထုတ်လိုက်၏။
သူသည် ပကတိဧကကောင်းကင်ဘုံကပ်လေးကို ဖြတ်ကျော်ခဲ့စဉ်က အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်သည် အမြီးကိုးချောင်းဖီးနစ်ငှက်မွေးယပ်တောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ စွမ်းအားကလည်း သိသိသာသာတိုးလာခဲ့သည်။
ဆူဇီမို၏ စွမ်းအားအပြည့်လှည့်ပတ်မှုအောက်မှာ အမြီးကိုးချောင်းဖီးနစ်ငှက်မွေးယပ်တောင်က လောင်ကျွမ်းလာခဲ့ပြီဖြစ်ပြီး မီးတောက်များကို ပစ်ထုတ်လိုက်လေသည်။
ထိုမီးတောက်များထဲမှာ ကြောက်စရာကောင်းသော အော်ရာတစ်ခုဖြာထွက်နေသည့် သတ္တဝါတစ်ကောင် မွေးဖွားပေါ်ထွက်လာသည်။ ထိုသတ္တဝါမှာ နဂါးဦးခေါင်းနှင့် ဖီးနစ်အမြီးရှိပြီး နဂါးဖီးနစ်နှင့် ဆင်တူလေသည်။ ၎င်း၏ လက်သည်းများနှင့်သွားများက ထက်ရှနေပြီး ၎င်း၏ ဦးချိုနှစ်ဖက်က ငွားငွားစွင့်စွင့် မြင့်မားကာ မိစ္ဆနတ်ဆိုးကို ခုန်အုပ်တော့မည်သကဲ့သို့ အသက်ဝင်နေ၏။
တဗူးနဂါးဖီးနစ်။
အစကတော့ ဖီးနစ်ငှက်မွေးယပ်တောင်သည် အလွန်ဆုံး ဂမ္ဘီရဟွမ်၏ ပုံရိပ်ယောင်တစ်ခုကိုသာ ထုတ်ဖော်ပေးနိုင်သည်။
သို့သော်လည်း ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်သည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားခဲ့သည်။
နဂါးဖီးနစ်အော်ရာ၏ အသက်သွင်းမှုအောက်မှာ တဗူးနဂါးဖီးနစ်က မီးတောက်များကြားကနေ မွေးဖွားပေါ်ထွက်လာသည်။
မိစ္ဆာနတ်ဆိုးသည် ဆူဇီမိုကို လုံးဝမထိနိုင်ဘဲ တဗူးနဂါးဖီးနစ်နှင့် ငြိတွယ်နေရပြီး မလွတ်မြောက်နိုင်ပေ။
အခြားတစ်ဘက်မှာတော့။
သွေးမျက်လုံးသည် ဆူဇီမိုက မိစ္ဆာနတ်ဆိုးနှင့် တိုက်ခိုက်နေသည်ကို တွေ့ရသောအခါ သူက စိတ်ပိုင်းဖြတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ရူးသွပ်စွာလှည့်ပတ်ကာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်လွှတ်လိုက်၏။
သူ၏ ဘေးပတ်လည်မှ စိတ်ဝိညာဉ်အသိစိတ်အတက်အကျကို အာရုံခံရင်း ဆူဇီမိုသည် လှည့်ကြည့်စရာမလိုဘဲ သူ့အပေါ် တစ်ယောက်ယောက်က အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု ထုတ်လွှတ်လိုက်သည်ကို နားလည်သဘောပေါက်လိုက်သည်။
လက်ရှစ်ဖက်အဆူရာနှင့် တိုက်ခိုက်နေစဉ် သူက အားနေသော လက်တစ်ဖက်ကို သုံးကာ သူ၏ နှာရောင်ကို ညင်သာစွာထိလိုက်၏။
ရုတ်တရက် သူ၏ နှာရောင်ကနေ နဂါးကြေးခွံတစ်ခု လွင့်မျောထွက်လာပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးကာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ရှိရာသို့ ပစ်ဝင်သွားလေသည်။
“ဘက်ပြန်ကြေးခွံ”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ နဂါးဘုရင်မဦးချိုမဲ့က ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ အမူအရာက ပြောင်းလဲသွားပြီး အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်၏ မူလဇာစ်မြစ်ကို ချက်ချင်းပင် မှတ်မိသိရှိသွားသည်။
ဘက်ပြန်ကြေးခွံသည် နဂါးမျိုးနွယ်၏ အဓိကကျသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်။ ယခု ဤလျှို့ဝှက်အတတ်ကို လူသားတစ်ယောက်က အမှန်တကယ် ထုတ်ဖော်လိုက်လေသည်။