← Chapters

ဗုဒ္ဓ နဂါးဆင်

Vol. 193 Ch. 2882

ဗုဒ္ဓ နဂါးဆင်

Vol. 193 Ch. 2882

မြောက်လေက တိုက်ခတ်မလာခင်မှာပင် ဆောင်းဝင်တော့မည်ကို ပုစင်းရင်ကွဲများက ကြိုတင်အာရုံခံမိနိုင်သည်။

ယက္ခတစ္ဆေ စိတ်ဝိညာဉ်က မတိုက်ခိုက်ခင် ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များဘက်မှ ရန်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်ကို အာရုံခံမိနေပြီးသားဖြစ်သည်။

သူက အဲဒါအတွက် ကြိုတင်ပြင်ဆင်ထားလေသည်။

ဓားကမ္ဘာမှ ဆူကျူးက သူ့ဘက်ကို တည်ငြိမ်စွာ လှည့်ကြည့်လိုက်စဉ်မှာပင် သူက ရှုပ်ထွေးသော ဓမ္မပညာရပ်တစ်ခုကိုပင် ဆင့်ခေါ်ထားပြီဆိုတာ ယက္ခတစ္ဆေ စိတ်ဝိညာဉ်က နားလည်သဘောပေါက်လိုက်သည်။

အတိအကျဆိုရလျှင် ဆူကျူး၏ မျက်နှာက တည်ငြိမ်နေရုံသာမက တစ်မူထူးခြားစွာ ဂမ္ဘီရဆန်၍ ခံ့ညားထည်ဝါနေ၏။

နောက်ခဏ၌…

မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုက ထိုဓမ္မပညာရပ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ ကြယ်တာရာအကျဉ်းထောင်ထဲ မနိမ့်ကျပေ။

ရုတ်တရက် အကျဉ်းချထားသော လေဟာနယ်ထဲမှာ ဗုဒ္ဓပုံရိပ်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်တစ်ခု ပေါ်ထွက်လာသည်။ သူတို့က ထိုင်သူထိုင်၊ မတ်တတ်ရပ်သူရပ်ကာ မျက်လွှာချထားပြီး ခံ့ညားထည်ဝါသော သွင်ပြင်ဟန်ပန်များ ရှိနေသည်။ သူတို့၏ အောက်ဘက်မှာ ကြာခုံများက လွင့်မျောနေ၏။

“ဥုံ မာ နီ ပါ မီ ဟုံ…”

ရုတ်တရက် ကျယ်ပြော၍ တည်တံ့သော ဂါထာမန္တန် ရွတ်ဖတ်သံက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည့် ဗုဒ္ဓပုံရိပ်များထံကနေ ထွက်ပေါ်လာ၏။ ထိုအသံက ဧရာမခေါင်းလောင်းထိုးသံကဲ့သို့ လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး တုန်ခါလှိုင်းများက အတောမသတ်ပေ။

ဂါထာမန္တန်အသံ ထွက်ပေါ်လာစဉ် ကောင်းကင်ထက်ကနေ ကြာပန်းများက စတင်ကျဆင်းလာပြီး မြေကြီးထဲကနေ ရွှေရောင်ကြာပန်းများကပင် တလိပ်လိပ်ထိုးတက်လာ၏။

ကောင်းကင်ဘုံပန်း ကြွေကျခြင်းနှင့် ကမ္ဘာမြေရွှန်းရွှန်းဝေ ရွှေကြာပန်း၊ ဗုဒ္ဓဝါဒ၏ လေးနက်သိမ်မွေ့မှုများက ဤနေရာလွတ်ထဲမှာ သူတို့၏ အကန့်အသတ်အထိ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓအလင်းရောင်က ဖြန့်ကြက်လာပြီး ဆိုးယုတ်သက်ရှိများအားလုံးအတွက် ပုန်းကွယ်စရာ နေရာမရှိပေ။

အစကတော့ ယက္ခတစ္ဆေ စိတ်ဝိညာဉ်က လေဟာနယ်ထဲမှာ ပုန်းကွယ်နေ၏။ သို့သော်လည်း သူသည် ဗုဒ္ဓအလင်းရောင်၏ လွှမ်းခြုံမှုအောက်မှာ အတင်းအကျပ် ဖော်ထုတ်ခံလိုက်ရ၏။

ဤသည်က အဆုံးသတ်မဟုတ်ပေ။

“ဂါး…”

ကျီ…

ဂါထာမန္တန်ရွတ်ဖတ်သံ ထွက်ပေါ်လာစဉ်မှာပင် အလွန်တရာကျယ်လောင်သော ဟိန်းဟောက်သံနှစ်သံက လောကမှာ တစ်ဖန်ထွက်ပေါ်လာ၏။

နတ်နဂါးများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည့် ဗုဒ္ဓများ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး ကျယ်လောင်သော နဂါးဟိန်းသံများကို ထုတ်ဖော်လိုက်ကြသည်။

မြေကြီးထဲကနေ ပေါ်ထွက်လာသည့် ရွှေရောင်ကြာပန်းများစွာ၏ အထဲမှာ ဧရာမနတ်ဆင်များက တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာ၏။ သူတို့က သူတို့၏ နှာမောင်းများကို မြှောက်ပြီး ခေါင်းကိုမော့ကာ သံရှည်ဆွဲ၍ ဟစ်ကြွေးလိုက်ကြ၏။

နဂါးဟိန်းသံ၊ ဆင်ကျီသံနှင့် မန္တန်ရွတ်ဖတ်သံတို့က ပဲ့တင်ထပ်ပြီး ဤလောကမှာ ထိတွေ့တိုက်ခတ်နေ၏။ သို့သော်လည်း သူတို့ကြားမှာ မည်သည့်ပဋိပက္ခမှ မရှိဘဲ ပြီးပြည့်စုံသော ပဲ့တင်ထပ်သံတစ်ခုကိုပင် ထွက်ပေါ်လာစေ၏။

ဗုဒ္ဓပုံရိပ်များ၊ နတ်နဂါးများနှင့် နတ်ဆင်များဖြင့် ဝန်းရံခံထားရပြီး ဆူဇီမိုကို ရွှေရောင်အလင်းတစ်လွှာက ဖုံးလွှမ်းထားသည်ဟု ထင်ရသည်။ အဲဒါက သူ့ကို ပို၍မြင့်မြတ်ထည်ဝါပြီး ထာဝရတည်တံ့သည့်ပုံပေါ်စေ၏။

ဤမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ အပြင်ဘက်နှင့် အထဲမှာရှိသော သက်ရှိများစွာသည် တုန်လှုပ်နေသော အမူအရာများဖြင့် ကြက်သေသေနေကြ၏။

“အဲဒါက ဗုဒ္ဓနဂါးဆင်လား”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ ဘုရင်တစ်ဦး၏ အသံက သံသယနှင့် တုန်လှုပ်မှုဖြင့် ပြည့်နှက်နေပြီး သူက မယုံကြည်နိုင်စွာ မေးလိုက်၏။

“ဗုဒ္ဓနဂါးဆင်က အန္တိမနတ်ဘုရားစွမ်းအားတစ်ခုမလား… အဲဒါက ဘယ်လိုလုပ် အဲ့လောက်ထိ စွမ်းအားကြီးမားနေရတာလဲ”

“အော်မီထောဖော”

ဗုဒ္ဓဓမ္မတာအိုမှာ ကျွမ်းကျင်ပိုင်နိုင်သော အောင်မြင်ပေါက်မြောက်သည့် ကိုယ်တော်တစ်ပါးက ဗုဒ္ဓအာလုပ်စကားတစ်ခုကို ညင်သာစွာ ရွတ်ဆိုလိုက်၏။ သူက တိုက်ပွဲနယ်မြေမှ ပုံရိပ်ကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဗုဒ္ဓနဂါးဆင်ရဲ့ ဓမ္မတာအိုကို သူ့ရဲ့အကန့်အသတ်အထိ နားလည်ဆင်ခြင်နိုင်တဲ့အခါ အဲဒီအန္တိမနတ်ဘုရားစွမ်းအားက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့အဆင့်အထိ တကယ်ပဲ ရောက်ရှိလာနိုင်တယ်… ဒါပေမဲ့ အဲ့လိုလုပ်ဖို့အတွက် အရမ်းခက်တယ်… အရမ်းအရမ်းကို ခက်တယ်”

အခြားသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေနှင့်ယှဉ်လျှင် ဗုဒ္ဓနဂါးဆင်သည် နားလည်ဆင်ခြင်ရန် တကယ်ပင် များစွာပုံစံခက်ခဲလေသည်။

သမိုင်းတစ်လျှောက်မှာ ဗုဒ္ဓကျောင်းတော်များတွင် အောင်မြင်ထွန်းပေါက်သော ကိုယ်တော်များစွာ ပေါ်ထွက်ခဲ့ကြလေသည်။ သို့သော်လည်း ဗုဒ္ဓနဂါးဆင်ကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်အထိ မြှင့်တင်နိုင်သည့်သူက အနည်းအကျဉ်းမျှသာ ရှိခဲ့သည်။

ဗုဒ္ဓဝါဒအပေါ် လူတစ်ယောက်၏ နားလည်ဆင်ခြင်မှုက ဘယ်လောက်ပင် နက်ရှိုင်းသည်ဖြစ်စေ၊ သူတို့သည် ဆင်မျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်နိုင်ခြင်းမရှိလျှင် ထိုနတ်ဘုရားစွမ်းအား၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်သောကြောင့်ပေ။

ဤအောင်မြင်ပေါက်မြောက်သော ကိုယ်တော်များသည် ဗုဒ္ဓဝါဒမှာ နက်ရှိုင်းသော အောင်မြင်မှုများကို ရရှိထားသော်လည်း သူတို့အနေဖြင့် နဂါးမျိုးနွယ်နှင့် ဆင်မျိုးနွယ်တို့၏ ဓမ္မတာအိုများ၏ အနှစ်သာရနှင့် ထိတွေ့နိုင်ဖို့က အင်မတန် ခဲယဉ်းလေသည်။

“ဗုဒ္ဓနဂါးဆင်… အဲဒါက ခုနစ်ခုမြောက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားပေါ့… ဟုတ်တယ်မလား”

“ဗလာနယ်ဝိညာဉ်နယ်ပယ်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခုနစ်ခု… တကယ့်ကို စဉ်းစားကြည့်လို့ မရနိုင်အောင်ပဲ”

“တိုက်ပွဲရဲ့ ဒီအခြေအနေအရောက်မှာတောင် သူ့မှာ ဝှက်ဖဲတစ်ခု ရှိနေသေးတာပဲ… သူက နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကိုတောင် ထုတ်ဖော်နိုင်သေးတယ်”

ယခင်ထွက်ပေါ်ခဲ့သော အုန်းအုန်းကျက်ကျက်အသံများနှင့် မတူဘဲ ထိုစကားကို ကြားသောအခါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ ဆွေးနွေးပြောဆိုသံများက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

လက်ရှိဘုရင်များစွာကို မမြင်ရသော ဖိအားတစ်ခုက လွှမ်းခြုံလာသည့်အလားပင်။

တာအိုသစ်သီးက ပိုမိုသန်မာလေလေ၊ စုဖွဲ့ထားမည့် ကောင်းကင်လိုဏ်ဂူကလည်း ပိုမိုသန်မာလေလေပင်။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခုနစ်ခုဖြင့် ပေါင်းစည်းထားသည့် တာအိုသစ်သီးတစ်လုံးက ဘယ်လောက်တောင် စွမ်းအားကြီးမားမလဲ ချဲ့ကားပြောဆိုနေစရာ မလိုတော့ပေ။

ဤကဲ့သို့သော တာအိုသစ်သီးတစ်လုံး ကြွေမွသွားသည့်အခါ မည်ကဲ့သို့သော ကောင်းကင်လိုဏ်ဂူအမျိုးအစား ထွက်ပေါ်လာမလဲ။

မည်သူကမှ အဲဒါကို စဉ်းစားမကြည့်နိုင်ပေ။ သို့မဟုတ် မည်သူကမှ အဲဒါကို စဉ်းစားမကြည့်ရဲပေ။

တိုက်ပွဲနယ်မြေမှာ…

ယက္ခတစ္ဆေ စိတ်ဝိညာဉ်၏ ကြယ်တာရာအကျဉ်းထောင်က သန်မာသော်လည်း ၎င်းသည် ဗုဒ္ဓနဂါးဆင်၏ ထိတွေ့တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပေ။

မရေမတွက်နိုင်သော အကြည့်များအောက်မှာ ကြယ်တာရာအကျဉ်းထောင်သည် ချက်ချင်းပင် ကြေမွသွားပြီး ဗုဒ္ဓပုံရိပ်များ၊ နတ်နဂါးများနှင့် နတ်ဆင်တို့က သူတို့၏ အချုပ်အနှောင်ကနေ ရုန်းထွက်လာခဲ့သည်။

ဗုဒ္ဓပုံရိပ်များက သူတို့၏ လက်ဖဝါးများကို ဖိချလိုက်၏။ နတ်နဂါးများက ရစ်ခွေနေပြီး နတ်ဆင်များက နင်းခြေတက်လှမ်းလာကြသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးဖြစ်သော လေဟာနယ်ယက္ခသည် ဗုဒ္ဓနဂါးဆင်ကြောင့် ချက်ချင်းပင် စိစိညက်ညက် ဖိချေခံလိုက်ရသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားပြီး သူက နေရာမှာပင် သေဆုံးသွား၏။

ထိုသည်ကို တွေ့မြင်သောအခါ ဓားကမ္ဘာမှ ဆူကျူးအပေါ် ဘုရင်စုန်းသွေး၏ စွပ်စွဲပြောဆိုမှုက ပျက်ပြယ်သွားပြီဆိုတာ လူတိုင်းက သိရှိလိုက်သည်။

ဓားကမ္ဘာက မည်သည့်အရာကိုမှ ရှင်းပြနေစရာ မလိုတော့ပေ။

ဓားကမ္ဘာမှ ဆူကျူးသည် လူတိုင်း၏ ရှေ့မှောက်မှာ လေဟာနယ်ယက္ခကို သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။

အဲဒါက အကောင်းဆုံးသက်သေဖြစ်သည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှာ ကိုးဦးသာ ကျန်တော့သည်။

တိုက်ပွဲက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

လေဟာနယ်ယက္ခ သေဆုံးသွားသည့်ခဏမှာပင် နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်လာ၏။

အသင်္ချေနယ်မြေဖြစ်စဉ်…

တိုက်ခိုက်လိုက်သောသူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများက သွေးမျက်လုံးဟု ခေါ်ဆိုသည့် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ နောက်ထပ်တစ်ဦးဖြစ်သည်။

သွေးမျက်လုံး၏ မျက်လုံးများက နီရဲနေပြီး သူက မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။ သူက ခပ်လှမ်းလှမ်းမှာရှိသော ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ရူးသွပ်စွာ တိုက်ခိုက်လိုက်၏။

ဓားကမ္ဘာမှ ဆူကျူးသည် သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ခုခံနိုင်မည်ဟု သူ မယုံကြည်ပေ။

အသင်္ချေနယ်မြေဖြစ်စဉ်သည် သတ်ဖြတ်ခြင်းမှာ အာရုံစိုက်ထားခြင်း မဟုတ်ပေ။ ထိုအစား ၎င်းသည် ပုံရိပ်ယောင်တာအိုကို ၎င်း၏ အကန့်အသတ်အထိ မြှင့်တင်ပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ထုတ်ဖော်ကာ ကျင့်ကြံသူများ၏ စိတ်အာရုံကို ထွေပြားစေခြင်းဖြစ်သည်။

ဓားကမ္ဘာမှ ဆူကျူးသည် အဆက်မပြတ်တိုက်ခိုက်ပြီးနောက် စွမ်းအင်အမြောက်အများကို သုံးစွဲထားရသည်။ သူက ခြေကုန်လက်ပန်းကျလာစဉ်မှာ သူသည် သူ၏ တာအိုနှလုံးသားနှင့် အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသည့် ပုံရိပ်ယောင်များကို သေချာပေါက် ခုခံနိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုက လေထဲမှာ မတ်တတ်ရပ်နေသည်။

သူ့မှာ ဆင်းသက်လာသော အသင်္ချေနယ်မြေဖြစ်စဉ်ကို ဖြေရှင်းရန် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများ ဆက်လက်၍ မကျန်ရှိတော့ပေ။

သို့သော်လည်း ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် တာအိုနှလုံးသားနှင့် အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားခြင်းဖြစ်သည်။

သူ၏ တာအိုနှလုံးသားက ဖျက်ဆီး၍မရနိုင်ဘဲ တစ်ခါက တာအိုနှလုံးသားလှေကားမှာ ဒသမမြောက်လှေကားထစ်ကို စုဖွဲ့ခဲ့ဖူးလေသည်။

တာအိုနှလုံးသားလှေကားမှာ ဒသမမြောက်လှေကားထစ်ကို မပြောနှင့်… နဝမမြောက်လှေကားထစ်၏ ရိုက်ခတ်မှုကပင် အသင်္ချေနယ်မြေဖြစ်စဉ်ထက် များစွာသာလွန်လေသည်။

အသင်္ချေနယ်မြေဖြစ်စဉ် ဆင်းသက်လာသည့်အခါ သူ၏ တာအိုနှလုံးသားက တည်ငြိမ်နေ၏။

တကယ်ဆို ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် လှိုင်းလုံးများ၏ ပုံစံဖြင့် သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို တွေဝေရှုပ်ထွေးစေကာ သူ့ကို ပုံရိပ်ယောင်များကြားမှာ ကျဆင်းစေချင်လေသည်။

ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာကဲ့သို့ မာန်နတ်မျက်နှာဖုံးကို ပိုင်ဆိုင်မထားသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်ကိုလည်း အဆင့်-၁၂ ဖန်တီးခြင်းကြာခုံက ကာကွယ်ပေးထား၏။

အသင်္ချေနယ်မြေဖြစ်စဉ်၏ နတ်ဘုရားစွမ်းအားက သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာသည့်ခဏမှာပင် အဆင့်-၁၂ ဖန်တီးခြင်းကြာခုံက အန္တရာယ်ကို အာရုံခံမိသွားပြီး သူ့ကို လွှမ်းခြုံစေမည့် အစိမ်းရောင်အလင်းရောင်ခြည်များကို ချက်ချင်းပင် လျှံထုတ်ပေးကာ သူ၏ အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်ကို ကာကွယ်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်သည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ရွတ်ဆိုလိုက်၏။ မန္တန်ရွတ်ဖတ်သံက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာပြီး ဗုဒ္ဓအလင်းရောင်တစ်ခုဖြင့် တောက်ပကာ ပြင်ပအင်အားများအားလုံးကို တွန်းလှန်ထုတ်နေ၏။

ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုဖြစ်ရုံသာမက ၎င်းသည် အမြုတေစိတ်ဝိညာဉ်ကို သန့်စင်မွမ်းမံရာမှာ နံပါတ်တစ် ဂမ္ဘီရကျင့်စဉ်အဖြစ် ကျော်ကြားလေသည်။

အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာနှင့် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ ကာကွယ်မှုနှင့်အတူ အသင်္ချေနယ်မြေဖြစ်စဉ်၏ နတ်ဘုရားစွမ်းအားက အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်အပေါ် လုံးဝသက်ရောက်စေခြင်းမရှိပေ။

ထို့ကြောင့် ဆူဇီမို၏ ရှေ့မှာ မည်သည့်အသင်္ချေနယ်မြေဖြစ်စဉ်မှ ပေါ်ထွက်မလာပေ။

သူ၏ ရှင်းလင်းသော အကြည့်မှာ မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦး၊ သွေးမျက်လုံးတစ်ဦးတည်းသာ ရှိနေသည်။

လေဟာနယ်များစွာနှင့် ပုံရိပ်ယောင်အလွှာများစွာကို ဖြတ်ကျော်ပြီး ဆူဇီမို၏ အကြည့်နှင့် အော်ရာက သွေးမျက်လုံးအပေါ် မမှိတ်မသုန်ကျရောက်နေ၏။

“ဟာ…”

“သူက လုံးဝသက်ရောက်မခံရဘူးလား”

သွေးမျက်လုံး၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွားသည်။

သူက ရှေ့သို့တက်လှမ်းမလာခင် သူက ဆူဇီမို၏ ပစ်မှတ်ထားခြင်း ခံနေရပြီဆိုတာကို နားလည်သဘောပေါက်လိုက်သည်။

ချက်ချင်းပင် သူက ပင့်သက်ကိုရှိုက်ပြီး ခေါင်းနားပန်းကြီးလာခဲ့သည်။

ထိုအခိုက်အတန့်မှာ ဝူရှင်း၊ ရှယင်နှင့် အခြားသူများ ခံစားခဲ့ရသည့် မွန်းကျပ်ဖွယ်ရာဖိအားကို သူက နောက်ဆုံးမှာ ကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရသည်။

နောက်ခဏ၌ ကပ်ဘေးတစ်ခုက ဆင်းသက်ကျရောက်လာတော့မည့်အလားပင်။

All Chapters