အခန်း (၂၀၈၉-၂၀၉၄)
Vol. 128 Ch. 2089-2094
အခန်း ၂၀၈၉ လာမနှိုးနဲ့
"ကုနင်းက အရမ်းအံ့သြဖို့ကောင်းတယ်။ ငယ်ငယ်လေးကတည်းက သူက ယွမ်ဘီလီယံပေါင်းများစွာ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီ။ မယုံနိုင်စရာပဲ!"
“ဟုတ်တယ်။ သူက အဲ့လို ကြီးမားတဲ့ စီးပွားရေးအုပ်စုတွေကို ပိုင်ဆိုင်ရုံသာမက အရေးကြီးတဲ့ လူပုဂ္ဂိုလ်တွေနဲ့လည်း သိသေးတယ်”
"သူ့ကို မနာလိုမဖြစ်ဖို့ ခက်လိုက်တာ"
"ငါလည်းသဘောတူတယ်"
“…”
လူတွေက ကုနင်းအကြောင်း ပြောကြတဲ့အခါ သူတို့က သူမကို အမြဲအလိုလို ချီးကျူးသည်။ လူအများက သူမကို မနာလိုကြသော်လည်း ညစ်ပတ်သောလှည့်ကွက်များဖြင့် သူမအောင်မြင်သည်ဟု မပြောကြပေ။
ကုနင်းသည် ဤမျှအောင်မြင်လာစေရန် ညစ်ပတ်သောလှည့်ကွက်များကို အားမကိုးခဲ့ကြောင်းအရာများစွာက သက်သေပြခဲ့ပြီး အဓိကအားဖြင့် သူမရှိ အားကောင်းသောအဆက်အသွယ်များဖြင့် ဖြစ်သည်။
မုန်းသူအနည်းငယ်ကသာ ကုနင်းကို တိုက်ခိုက်တာကို မရပ်တန့်ေပမယ့် သူတို့ကို အာရုံစူးစိုက်သူ သိပ်မရှိခဲ့ပါ။
ကုနင်း နဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ပြီးတဲ့ နောက်မှာတော့ သနားစရာကောင်းတဲ့ လူတွေက ကုနင်းကို ဆက်ပြီး ဝေဖန်နေကြသည်။ တကယ်တော့ လူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာကြပါ။
ကျောင်းနေဖက် တော်တော်များများက ကုနင်းကို လာနှုတ်ဆက်ကြပြီး ကုနင်းက သူတို့ကို ယဉ်ကျေးစွာ ပြန်ဖြေသည်။ သူမသည် မောက်မာခြင်း လုံးဝမပြုလုပ်ခဲ့ဘဲ လူအများ၏ ဂုဏ်ပြုမှုကို ခံစားခဲ့သည်။
သို့သော် ကုနင်းသည် အလွန်ဖော်ရွေသော်လည်း သူမအား အောင်မြင်သော စီးပွားရေးသမားတစ်ယောက်၏ အငွေ့အသက်ဖြင့် တွေ့မြင်ရသည့်အတွက် လူအများက စိတ်ဖိစီးနေကြဆဲဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူမနှင့် စကားသိပ်မပြောဖြစ်ခဲ့ကြပေ။
လူအများစုသည် ကုနင်းကို ကြင်ကြင်နာနာကြည့်ကြသော်လည်း အချို့က သူမကို မနာလိုမှုနှင့် မုန်းတီးမှုများရှိကြသည်။ ထိုလူများက ကုနင်းရှေ့မှာ မနှစ်မြို့တဲ့အမူအရာကို ရည်ရွယ်ချက်ရှိရှိ ပြကြသည်။
သို့သော် ကုနင်းသည် ကလေးဆန်သည်ဟုသာ ခံစားခဲ့ရသည်။ သူတို့ကြားတွင် အာဃာတမရှိရင်တောင်မှ မနာလိုခြင်းသည် လူတစ်ဦး၏ စိတ်အခြေအနေကို ကမောက်ကမဖြစ်စေနိုင်သည်။
ကုနင်းသည် သင်ကြားရေး အဆောက်အအုံသို့ ရောက်သောအခါ သူမသည် အခြားလမ်းကြောင်းမှ ဖြတ်သွားသော ယွမ်ရှူးယန်ကို တွေ့သည်။ နှစ်ယောက်စလုံးက စီးပွားရေးကျောင်းမှာ ပညာသင်ကြ၍ စာသင်ခန်းတစ်ခုတည်းမှာ အတန်းတက်ကြရသည်။
ယွမ်ရှူးယန်သည် ကုနင်းကိုတွေ့မြင်ပြီးချင်းတွင် မကျေမနပ်ဖြစ်သွားပြီး ကုနင်းအပေါ် ထင်ရှားသော မနာလိုမှုနှင့် မုန်းတီးမှုတို့ကို ပြသခဲ့သော်လည်း မကြာမီ ကိုယ့်ကိုယ်ကိုယ် ကိုယ်ဟန်ဖွဲ့လိုက်သည်။ ကုနင်းကို သူမကြောက်သည်။
ယွမ်ယီလင်းသည် ကုနင်းက သြဇာကြီးသော မိသားစုမှဖြစ်ကြောင်း သူမအား သတိပေးခဲ့သည်။ ကုနင်းသည် ကိုယ်ခံပညာကိုလည်း ကျွမ်းကျင်သောကြောင့် ယွမ်ရှူးယန်သည် သူမအပေါ် ခက်ခဲသောအရာများကို ထပ်မံမပြုလုပ်တော့ပေ။
ကုနင်းသည် ယွမ်ရှူးယန်ကို လုံးဝ ဂရုမစိုက်ဘဲ သူမကို တစ်ချက်တောင် မကြည့်ပဲ အဆောက်အဦးထဲသို့ တိုက်ရိုက်ဝင်ခဲ့သည်။
ကုနင်းပေါ်လာပြီးတာနဲ့ သူ့အတန်းဖော်တွေက သူ့ကိုဝိုင်းပြီး မေးခွန်းတွေ ဆက်မေးသည်။ သူမကိုလည်း ချီးကျူးကြသည်။
ရှန်းနဉ် အဖွဲ့အစည်းတည်ထောင်ပြီးနောက်ပိုင်းမှာ ကုနင်း၏ အတန်းဖော်များက သူမကို ပထမဆုံးအကြိမ်တွေ့တာဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
သူ့ကုမ္ပဏီတွေအကြောင်း သူတို့ကြားပြီးသားဖြစ်ပေမဲ့ သူမရဲ့အောင်မြင်မှုနဲ့ အချိတ်အဆက်တွေကြောင့် အံ့သြနေကြဆဲပါ။
"ကုနင်းမင်း မယုံနိုင်စရာပဲ။ မင်းမှာ ယွမ်ငွေ ဘီလီယံပေါင်းများစွာ ရှိတယ်ဆိုတာ ငါမယုံနိုင်ေသးဘူး။ သြဇာရှိတဲ့လူေတွနဲ့လည်း သိေသးတယ်။ မယုံနိုင်စရာပဲ။”
"ဟုတ်တယ်၊ အထူးသဖြင့် မြို့တော်ရဲ့ လင်မိသားစုနဲ့ Bမြို့ရဲ့ ထန်မိသားစုပဲ ငါ အရမ်းအံ့သြသွားတာ"
"ကုနင်း မင်းသူတို့ကို ဘယ်လိုသိအောင်လုပ်ခဲ့တာလဲ"
“ဟုတ်တယ်။ မင်းက သူတို့ကုမ္ပဏီနှစ်ခု ဒါမှမဟုတ် သူတို့ ထိန်းချုပ်တဲ့ နာမည်ကြီးဂိုဏ်းနှစ်ခုနဲ့ ဆက်ဆံရေးရှိတာလား"
“ဘုရားေရ မင်းက ကျော်ကြားတဲ့ ဂိုဏ်းနှစ်ခုနဲ့ ဆက်ဆံရေးရှိရင် မင်းလုပ်ချင်တာလုပ်လို့ရတယ်။"
"ကုနင်း..."
သူမ မဖြေခင် သူတို့မေးခွန်းတွေကို ဆက်တိုက်မေးသည်။ တကယ်တော့ သူတို့ဟာ သူမရဲ့အဖြေတွေကို ဂရုမစိုက်ပါ။ သူတို့ရဲ့ လေးစားမှုနဲ့ အံ့အားသင့်မှုကို ဖော်ပြချင်ကြရုံပင်။
တရားမဝင်ဂိုဏ်းများကို လူတိုင်းမကြိုက်တာ မဟုတ်ပါ။ လူတော်တော်များများက သူတို့ဟာ အရမ်းမိုက်တယ်လို့ ထင်ကြသည်။ လူအများစုသည် တရားမဝင်ဂိုဏ်းများကို ဆိုးရွားေသာ အမြင်ရှိကြသော်လည်း မတူညီသောလူများကြားတွင် အမြင်များကွဲပြားသည်။ အတိအကျပြောရသော် ကုနင်းသည် တရားမဝင်ဂိုဏ်းများနှင့် ဆက်ဆံရေးရှိသောကြောင့် သူမအပေါ် ဆိုးရွားသော အထင်အမြင်မရှိခဲ့ပေ။
"အိုး သခင်လေးလင်ရဲ့ နာမည်ကြီး သခင်လေးလင်ကိုလည်း တွေ့လိုက်တယ်။ သူက စစ်သားဆိုတာ ကြားဖူးတယ်။ ဒါပေမယ့် သူ့ရာထူးက စစ်တပ်ထဲမှာ ဒီလောက်မြင့်တာ ငါမသိခဲ့ဘူး။ သူက စစ်ဗိုလ်ချုပ်တဲ့လေ!"
“ဟုတ်တယ်။ သူက ချောမောရုံသာမက အင်အားကြီးမားတဲ့ မိသားစုကလည်းဖြစ်တယ်။ သူက အရမ်းထူးချွန်တာပဲ။ အိုးမိုင်ဂေါ့ သူ့ကို လက်ထပ်နိုင်တဲ့ ဘယ်သူမဆို ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီး ဖြစ်လိမ့်မယ်”
"ဟုတ်တယ် ငါဖြစ်ချင်လိုက်တာ" တစ်ချို့မိန်းကလေးတွေ အိပ်မက်မက်လာကြသည်။
“အမယ်ေလး သူကဖြင့် မင်းကို တစ်ချက်ကြည့်ဖို့တောင် စိတ်မ၀င်စားဘူး”
“ငါ့ကိုလာမနှိူးစမ်းနဲ့။ ငါ့ဟာငါ အိပ်မက်မက်နေတာ ဘယ်သူ့ကိုမှ ထိခိုက်မှာမဟုတ်ဘူး” ကောင်မလေးက ဒေါသတကြီး ပြန်ပြောတယ်။ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း နားလည်ထားသောကြောင့် စိတ်ဆိုးခြင်းအလျင်းမရှိပါ။ သူမ အဲဒါကို ပြောရုံသာ ပြောနေခြင်းဖြစ်သည်။
“…”
သခင်လေးလင်ကို လက်ထပ်တော့မယ့် ကုနင်းက သူမ လင်ရှောင်းထင်နဲ့ အတူရှိနေနိုင်တာ တကယ်ကို ကံကောင်းတယ်လို့ ခံစားရသည်။ ထိုသို့သောသစ္စာရှိသူတစ်ဦးနှင့် တွေ့ဆုံနိုင်စေကာ ကောင်းချီးခံစားရပေသည်။ အမှန်တော့ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် သစ္စာစောင့်သိသော အမျိုးသားများသည် အလွန်ရှားပါးသည်။
ထို့ကြောင့် လင်ရှောင်းထင်နှင့် လက်ထပ်ရခြင်းသည် အလွန်ကံကောင်းကြောင်း သူမသဘောတူရသည်။ နောက်ဆုံးတော့ သူမဟာ အရင်ဘ၀က လူကောင်းတစ်ယောက်မဟုတ်ခဲ့ပါ။ သူမသည် လူများစွာကို သတ်ခဲ့ဖူးသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် လူဝင်စားခဲ့ပြီး အရည်အသွေးပြည့်ဝသောလူတစ်ဦးဖြစ်သည့် လင်ရှောင်းထင် နှင့်တွေ့ဆုံခဲ့ရတဲ့အတွက် သူမသည် ကောင်းချီးပေးခံခဲ့ရခြင်းဖြစ်သည်။
တခြားမိန်းကလေးတွေက လင်ရှောင်းထင် ကို လက်ထပ်ဖို့ စိတ်ကူးယဉ်တဲ့အခါ ကုနင်းဟာ ဟာသတစ်ခုသာဖြစ်လို့ စိတ်မဆိုးပေ။
သူမသည် အခြားလူများ ဝိုင်းရံထားသောကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း စိတ်မချမ်းမသာမဖြစ်ပေ။
ကံကောင်းထောက်မစွာဖြင့် ငါးမိနစ်အကြာတွင် သူတို့၏အတန်းပိုင်ဆရာရောက်လာပြီး သူမ၏အတန်းဖော်များက ၎င်းတို့၏ထိုင်ခုံဆီသို့ ပြန်သွားကြသည်။
သူတို့၏အတန်းပိုင်ဆရာက ကုနင်းကိုတွေ့သောအခါတွင် သူသည် ထင်ရှားသော လေးစားမှုကို ပြသခဲ့သည်။
ကုနင်းသည် သူတို့၏အတန်းနှင့်ကျောင်းအတွက် ဂုဏ်ယူစရာဖြစ်သည်။ ထို့ကြောင့် အတန်းပိုင်ဆရာက ကုနင်းကို တစ်တန်းလုံးရှေ့တွင် ထပ်မံချီးကျူးခဲ့သည်။
ကုနင်း၏ စီးပွားရေးအဖွဲ့အစည်းကို လွန်ခဲ့သည့် ရက်အနည်းငယ်က တည်ထောင်ခဲ့သော်လည်း ထိုသတင်းသည် ယခုအချိန်အတွင်း အနှံ့နှံ့သို့ ပျံ့နှံ့ေနဆဲဖြစ်သည်။ သတင်းဖြန့်ဖို့ အချိန်တစ်ခုယူရသည်။
လူတိုင်းက သူမကို ဆက်၍ ချီးကျူးကြသောအခါ ကုနင်းအနည်းငယ် ရှက်လာရသည်။
အတန်းပိုင်ဆရာမ ပြောစကား ပြီးဆုံးသောအခါတွင်် ကုနင်းအား စင်မြင့်ပေါ်တက်၍ မိန့်ခွန်းပြောရန်ပင် ဖိတ်ကြားခဲ့သည်။
ကုနင်းသည် ဘာပြောရမှန်းမသိသောကြောင့် သူမ ပေါ့ပေါ့ပါးပါး စကားများသာပြောလိုက်သည်။
ကုနင်းသည် ကျောင်းသို့ရောက်ပြီးနောက်တွင် သူမသည် ၎င်းတို့၏ WeChat အဖွဲ့တွင် ရောက်ရှိကြောင်း မက်ဆေ့ချ်ပေးပို့ခဲ့သဖြင့် ကုနင်းသည် ညနေ စာသင်ချိန်ပြီးသောအခါ ကျန်းကျီခိုင်ကို သွားတွေ့ကာ အတူတူ အိပ်ဆောင်သို့ ပြန်လာခဲ့ကြသည်။
ကျန်းကျီခိုင်သည် ကုနင်းကို ရက်အနည်းငယ်ကြာ မတွေ့ခဲ့ရသောကြောင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမသည် ကုနင်းအား စိတ်လှုပ်ရှားစွာ ပြောခဲ့သည် "ကုနင်း ဒီရက်ပိုင်း မင်းရဲ့ဂုဏ်သရေတွေကို ငါမျှဝေပေးလိုက်တယ်ဆိုတာ မင်းသိလား။ ကျောင်းနေဖက်တော်တော်များများက မင်းနဲ့တူတူ အဆောင်မှာနေရလို့ ငါ့ကို မနာလိုဖြစ်ေနကြတာ”
အဲဒါကိုကြားတော့ ကုနင်းသာ ပြုံးရုံသာ ပြုံးပြလိုက်ပေမယ့် သူမ နားလည်နိုင်ပါသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၉၀ သူ့ကို ဘယ်လို အပြစ်ပေးမလဲ
တခါတရံမှာ ကုနင်းက သူမကိုယ်သူမ အရမ်းထူးချွန်တယ်လို့ မထင်ထားပေမယ့် တခြားသူတွေရဲ့အမြင်မှာတော့ မယုံနိုင်လောက်အောင်ပါပဲ။
ကျန်းကျီခိုင် ပြောသည့်စကားသည် အမှန်တရားလည်းဖြစ်သည်။ အကြောင်းမှာ အခြားလူများက သူမအား ကုနင်းနှင့် အလွန်နီးစပ်ကြောင်း သိလိုက်သောအခါ မနာလိုစိတ်ဖြင့် ကြည့်ေနကြသည်။ သူတို့ အကြောင်းကို အသံတိုးတိုးေလးနဲ့တောင် ပြောကြတယ်။
“အဲဒီကောင်မလေးကို ငါအရမ်းမနာလိုတာပဲ။ သူက ကုနင်းရဲ့ သူငယ်ချင်းတဲ့"
"ဟုတ်တယ် သူတို့က အခန်းဖော်လည်း ဟုတ်တယ်!"
"တကယ်လား? ငါသူ့ကိုအရမ်းမနာလိုတာပဲ!"
“…”
သူတို့၏ အသံများသည် တိုးသော်လည်း ကုနင်းနှင့် ကျန်းကျီခိုင်တို့သည် ၎င်းတို့၏ ဆွေးနွေးမှုကို ကြားနေရဆဲ ဖြစ်သည်။ သူတို့စကားကြားတော့ ကျန်းကျီခိုင်သည် ထင်ရှားသော ဂုဏ်ယူမှုကို ထပ်မံပြသခဲ့သည်။
"ဟားဟား တွေ့လား။ ငါပြောတာ အမှန်တရားပဲ!" ကျန်းကျီခိုင်က ကုနင်းကို ဂုဏ်ယူစွာပြောသည်။
ကုနင်းက ပြုံးရုံသာပြုံးနေလိုက်တော့သည်။
ဒီရက်တွေအတွင်းမှာ သူတို့ကျောင်းမှာ သတင်းတွေ အများကြီးထွက်နေပေမယ့် ကုနင်းက အချိန်တိုင်းမရှိတာမို့ သူမမသိလိုက်ပါ။
ကျန်းကျီခိုင် နှင့် အခြားသူများသည် ၎င်းတို့၏ WeChat အဖွဲ့တွင် အဆိုပါသတင်းကို ဆွေးနွေးခဲ့ကြသော်လည်း ကုနင်းသည် မက်ဆေ့ချ်များကို ဖတ်လေ့မရှိသောကြောင့် သူမ သတိမထားမိခဲ့ပေ။
"အိုး ကုနင်း ငါတို့ WeChat အဖွဲ့ထဲမှာ မင်းရဲ့မက်ဆေ့ချ်ကို ငါမတွေ့ဘူး။ အခုငါတို့ပြောမယ့်သတင်းကို မင်းဘာမှမသိဘူးဆိုတာ ငါသေချာတယ်" ကျန်းကျီခိုင်က မေးသည်။ ကုနင်းက အတင်းအဖျင်းပြောတာကို စိတ်မဝင်စားတာကြောင့် ဒါကို သတိပြုမိသလားဆိုတာ မသေချာပေ။ ဒါပေမယ့် ကုနင်းက ဒီသတင်းကို ကြားခဲ့တာ ဖြစ်နိုင်ပေမယ့် သူတို့နဲ့ မပြောဖြစ်တာလည်း ဖြစ်နိုင်သည်။
"ဟုတ်တယ် ငါဒီရက်ပိုင်း အလုပ်နည်းနည်းရှုပ်နေတော့ WeChat ကို တကယ်မကြည့်မိဘူး။ မက်ဆေ့ချ်တွေ အရမ်းများနေတယ်။ အားလုံးကိုဖတ်ရတာ ပျင်းလို့” ဟု ကုနင်းကပြောပြီး “ဘာဖြစ်လို့လဲ” ဟု မေးသည်။
“ပြီးခဲ့တဲ့စနေနေ့ မင်းရဲ့စီးပွားရေးလုပ်ငန်းကို တည်ထောင်တဲ့နေ့မှာ စုန့်ရှီယောင်က စီနီယာတစ်ယောက်ဆီမှာ ဝန်ခံခဲ့တယ်။ စီနီယာက သူ့မိသားစု နောက်ခံကို သိလို့ လက်ခံပေမယ့် သူ့မှာ ရည်းစားရှိတယ်။ စုန့်ရှီယောင်က စီနီယာရဲ့ ရည်စားနဲ့ တနင်္လာနေ့မှာ သူနဲ့ တွေ့တဲ့ချိန်အထိ အဲ့အကြောင်းကို မသိခဲ့ဘူး။ ကံမကောင်းစွာနဲ့ပဲ စီနီယာရဲ့ရည်းစားက စုန့်ရှီယောင်ရဲ့မိသားစုနောက်ခံကိုမသိတော့ သူ့ကိုရိုက်ခဲ့တယ်။ ပြင်းထန်လားဆိုတာကိုတော့ ဘယ်သူမှ မသိပေမယ့် စုန့်ရှီယောင်ကတော့ ခုထိကျောင်းမတက်သေးဘူး။ ရိုက်နှက်တဲ့ မိန်းကလေးကို နှင်ထုတ်ခဲ့တယ်” ဟု ကျန်းကျီခိုင်က ပြောသည်။ သူမသည် အတင်းအဖျင်းပြောခြင်းမဟုတ်သော်လည်း စုန့်ရှီယောင်သည် ၎င်းတို့အပေါ် ရန်ငြိုးထားသောကြောင့် သူမသတင်းကို ပြောပြခဲ့သည်။
ကုနင်းက သူေပြာတာကို နားထောင်ပြီး ဘာမှ မပြောပါ။
အိပ်ဆောင်သို့ရောက်ခါနီးတွင် ကုနင်း၏မျက်လုံးထဲတွင် ပုံရိပ်တစ်ခုရုတ်တရက်ပေါ်လာသည်။ ကောင်လေးနှစ်ယောက် သူတို့ကျောင်းရဲ့ တောအုပ်လေးထဲမှာ ရန်ဖြစ်နေကြတာကို သူမတွေ့ရသည်။
ကောင်လေးတစ်ယောက်က ဓားတစ်ချောင်းကိုထုတ်ပြီး ကျန်ကောင်လေးရဲ့ ဗိုက်ကို ထိုးသည်။ ချက်ချင်းပင် သွေးများထွက်လာသည်။
ကုနင်းက ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ကို မြင်ဖူးသည်။ ကောင်လေးက သူတို့နဲ့ စကားစမြည်ပြောဖူးတဲ့ တုကျားလဲ့ဖြစ်ပြီး စာနယ်ဇင်းဌာနမှာ ပညာသင်ကြားသည်။
ကုနင်းမျက်မှောင်ကြုတ်လိုက်သည်။ သူမက ကျန်းကျီခိုင်ကို ခဏလောက် ထွက်သွားဖို့လိုကြောင်း ပြောခဲ့ပြီး နောက် မနှောင့်နှေးဘဲ ပြေးသွားလိုက်သည်။
ကုနင်းနှင့် သာယာသော စကားများကြားတွင် ရှိနေသော ကျန်းကျီခိုင်သည် စက္ကန့်အနည်းငယ်မျှ ထုံထိုင်းသွားသည်။ သူမ အာရုံတွေပြန်ရလာတဲ့အခါကုနင်းပျောက်ကွယ်သွားပါပြီ။
ကုနင်း ဘာလုပ်မယ်မှန်းမသိပေမယ့် ကုနင်းက သူမကိုယ်သူမ ကာကွယ်နိုင်တယ်ဆိုတာ သူမ သိတာမို့ ကျန်းကျီခိုင် တစ်ယောက်တည်း အပေါ်ထပ်တက်သွားသည်။
သို့သော်လည်း အဝေးက စုန့်မြောင်ကောရဲ့ အသံကို ကြားလိုက်ရေတာ့ သူမလှည့်ကြည့်လိုက်သည်။ "ဟေ့ ကျန်းကျီခိုင် မင်း ဘာလို့ ဒီမှာ တစ်ယောက်တည်းလဲ။ ကုနင်းရော ဘယ်မှာလဲ သူ မင်းနဲ့အတူ ပြန်မလာဘူးလား? ထပ်ပြီး တခြားကိစ္စတွေနဲ့ ထပ်ပြီးဖြေရှင်းဖို့ သွားပြန်ပြီလား”
ကုနင်းရဲ့ နာမည်ကိုကြားတော့ လူတော်တော်များများက သူတို့ကို မနာလိုစိတ်နဲ့ လှည့်ကြည့်လာကြသည်။ သူမတို့က ကုနင်းနဲ့ သိပြီး သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းအတွက် သူတို့ မနာလိုဖြစ်ကြရသည်။
"သူတစ်ခုခု ကိုင်တွယ်လိုလို့တဲဘ ခဏနေရင် ပြန်လာလိမ့်မယ်" ကျန်းကျီခိုင် ပခုံးတွန့်ပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက အမြဲတမ်း အလုပ်ရှုပ်နေကြမို့ သူတို့လည်း ကျင့်သားရနေကြပါပြီ။ ကုနင်းရုတ်တရတ်အားလပ်သွားတယ်ဆိုရင်တောင် ထူးဆန်းတယ်လို့ ခံစားရလိမ့်မည်။
“သူက ခနလေးတောင် အလကားမနေဘူးဆိုတာ ငါသိသားပဲ။ ထားလိုက်ပါ၊ အခု အပေါ်ထပ်တက်ရအောင်” စုန့်မြောင်ကော က ခေါင်းယမ်းကာ ပြောလိုက်သည်။ ကုနင်းပြန်လာကြောင်းသိလိုက်သည်နှင့် သူမပြေးလာသော်လည်း မထင်မှတ်ပဲ သူမအရိပ်ကိုပင် မမြင်နိုင်ခဲ့ပေ။
ပိုင်လီကျုံးရွှယ်သည် ရက်အတော်ကြာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့ထံ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် မက်ဆေ့ချ်များ ပေးပို့ခြင်းမပြုခဲ့ပေ။ ပိုင်လီကျုံးရွှယ်က အရေးကြီးတဲ့ကိစ္စကြောင့် အိမ်ပြန်ရမယ် လို့ ပြောခဲ့ပေမယ့် သူမ ပျောက်သွားတာ ကြာပါပြီ။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ သူငယ်ချင်းများ ဆိုးရွားသော တစ်စုံတစ်ရာ ဖြစ်ခဲ့သည်ကို သူတို့ မယူဆချင်ေပ။ မဟုတ်လျှင် ၎င်းသည် သူတို့၏ သူငယ်ချင်းများကို ကံဆိုးစေမည် ဖြစ်သည်။
…
တစ်မိနစ်အကြာတွင် ကုနင်းသည် တောအုပ်ငယ်သို့ ရောက်လာသည်။ ကျောင်းသားများသည် ညနေအတန်းမှ ထွက်ရမည့်အချိန်ဖြစ်သောကြောင့် ကုနင်းအမြန်မပြေးနိုင်ပေ။
သူမသည် လူကယ်တင်ရန် တစ်စက္ကန့်မျှ မဖြုန်းတီးနိုင်သော်လည်း လိုအပ်လာသောအခါတွင် သူမကိုယ်သူမထိန်းထားရသည်။
ထို့အပြင် ကုနင်းသည် ယခုအလှမ်းဝေးသော မဖြစ်သေးတဲ့ အရာများကို ကြိုမြင်တာဖြစ်သောကြောင့်ဓားထိုးမှုမဖြစ်နိုင်သေးပေ။
ဒါပေမယ့် ကုနင်းက သူတို့နဲ့ ငါးမီတာအကွာမှာ ရှိနေချိန်မှာ ကောင်လေးက တုကျားလဲ့ကို ဓားနဲ့ထိုးဖို့ သူ့အိတ်ကပ်ထဲက ဓားတစ်ချောင်းကို ထုတ်လိုက်သည်။
ကုနင်းမလာဘူးဆိုရင် တုကျားလဲ့ ထိခိုက်သွားမှာ သေချာပေမယ့် ကုနင်းရောက်လာပြီဖြစ်၍ ထိခိုက်စရာ အကြောင်းမရှိေတာ့ပေ။ ထို့ကြောင့် ကောင်လေးက ဓားကိုထုတ်လိုက်ပြီးနောက် ကုနင်းအမြန်ပြေးသွားလိုက်သည်။
သူမ လျင်မြန်စွာ ရွေ့လျားသွားသဖြင့် ရေတွက်ချိန်တောင်မရပဲ အရိပ်တစ်ခု လေထဲ ဖြတ်သွားသလိုပင်။ ကောင်လေးရော တုကျားလဲ့ ရော တစ်စုံတစ်ယောက်ရောက်လာတာကို သတိမထားမိလိုက်ပေ။
သူတို့ သဘောပေါက်လိုက်သောအခါတွင် ဓားကိုင်ထားသည့် ကောင်လေး၏လက်ကို ကုနင်းက ဖမ်းမိလိုက်နေပြီဖြစ်သည်။
မြန်ဆန်လွန်းသဖြင့် နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
နောက်တစ်စက္ကန့်တွင် တုကျားလဲ့သည် သူ နှင့် ငြင်းခုံနေသော ကောင်လေး၏လက်ထဲတွင် ဓားကိုတွေ့လိုက်ရသည်။ သူ့မျက်နှာက ဖြူဖျော့သွားသည်။ ကောင်လေးက သူ့ကို သတ်မယ်ဆိုတာကို မယုံနိုင်ပေ။
ကောင်လေးက ကြောက်လန့်ပြီး သူ့လုပ်ရပ်သူသတိထားမိသွားသည်။ သူချက်ချင်း ဓားကိုဆုတ်ကိုင်ထားေသာ လက်ကိုဖြည်လိုက်ပြီး ဓားပြုတ်ကျသွားပြီးနောက် ကုနင်းရဲ့ လက်ကို ဖယ်ရှားရန်ကြိုးစားခဲ့သော်လည်း ကုနင်းသည် အလွန်သန်မာသောကြောင့် မအောင်မြင်ခဲ့ပေ။
"လွှတ်!" ကောင်လေးက ကုနင်းကို စိုက်ကြည့်နေသည်။
သို့သော် ကုနင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်သည်နှင့် ကောင်လေးမှာ ထိတ်လန့်သွားသည်။
သူ ကုနင်းကို မှတ်မိပြီး ဒီရက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကို ကြားသိရခဲ့တဲ့အတွက် ကုနင်းဟာ သာမန်မိန်းကလေးမဟုတ်မှန်း သူသိလိုက်ရသည်။
ညဆိုပေမယ့် ကုနင်းက သူ့ရှေ့မှာ ရှိနေတာမို့ သူ့ကို မြင်ရသည်။
ကောင်လေးရဲ့အသံကိုကြားတော့ တုကျားလဲ့က ကုနင်းကို အံ့သြတကြီးနဲ့ လှည့်ကြည့်လိုက်တယ်။ "ကု ကုနင်း?"
"သူ့ကို ဘယ်လိုအပြစ်ပေးရမလဲ" ကုနင်းက တုကျားလဲ့ ကိုမေးသည်။
“ငါ ငါ ငါမရည်ရွယ်ပါဘူး။ ဒီအချိန်လေးအတွင်း ငါ့အသိလွှတ်သွားလို့ပါ...." ကောင်လေးက ကြောက်ေနသည်။ တုကျားလဲ့ ဘာမှပြန်မပြောနိုင်ခင်မှာ ပါးစပ်ကို အရင်ဖွင့်ပြီး တုကျားလဲ့ ဘက် လှည့်ပြီး တောင်းပန်လိုက်သည်။ "ကျားလဲ့၊ ငါတောင်းပန်ပါတယ်။ ငါ မင်းကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး.. ဒီတစ်ခါလေးပဲ ခွင့်လွှတ်ေပးပါ"
***
ဖီးနစ်သွေးစက်
အခန်း ၂၀၉၁ ကြည့်ကြသေးတာပေါ့
တုကျားလဲ့က ဘာမှ မပြောပါ။ မျက်မှောင်ကြုတ်လိုက်ကာ သူ တုံ့ဆိုင်းသွားသည်။
ကောင်လေးက သူ့ကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ပေမယ့် ဓားကို ဆွဲထုတ်လိုက်သည်။ ကုနင်းကြောင့်သာ မဟုတ်ရင် သူ ဓားနဲ့ ထိုးခံရပြီး သူ့အသက် အန္တရာယ် ကျရောက်နိုင်သည်။
တုကျားလဲ့ တိတ်နေတာကိုမြင်တော့ ကောင်လေးက ပိုပူပန်လာပြီး သူ့ကို ဆက်တောင်းပန်လာသည်။ "ကျားလဲ့၊ ငါတို့က ညီအစ်ကိုဝမ်းကွဲတွေ မဟုတ်လား။ ငါ့ကိုခွင့်လွတ်ေပးပါ။ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်"
ညီအစ်ကိုဝမ်းကွဲ?
သူတို့ရဲ့ဆက်ဆံရေးကိုသိတော့ ကုနင်းစိတ်ဆိုးသွားသည်။ သူတို့သည် ဝမ်းကွဲေတာ်စပ်တာကို ကောင်လေးက တုကျားလဲ့ကို အဘယ်ကြောင့် ဓားထိုးချင်တာလဲ။
ကောင်လေးက တုကျားလဲ့ကို ဓားနဲ့ထိုးဖို့ မရည်ရွယ်ပေမယ့် ဓားကိုင်ကတည်းက တုကျားလဲ့ကို သေေစတဲ့အထိ မုန်းနေခဲ့တာဖြစ်နိုင်သည်။
တုကျားလဲ့ ကောင်းကောင်းသိသည်။ သူတို့နှစ်ယောက်အတူတူကြီးပြင်းလာတဲ့အတွက် သူ့အပေါ်ထားတဲ့ကောင်လေးရဲ့သဘောထားကို သူရှင်းရှင်းလင်းလင်းသိသည်။
ထို့ကြောင့် တုကျားလဲ့သည် ချက်ချင်းပင် ဘာမှ မပြောပေ။ သူသည် ကောင်လေးကို ခဏတာ ဒေါသတကြီးကြည့်လိုက်ကာ လှောင်ပြောင်လိုက်သည်။ "ချန်ဖန်းမြောင် အခုေတာ့ မင်း ငါတို့က ဝမ်းကွဲတွေ ဆိုတာ မင်းသိသွားပြီလား။ ငါတို့က ဝမ်းကွဲေတွသာဆိုရင် မင်းငါ့ကို ဘာလို့သတ်ချင်တာလဲ။ မင်းဒီလိုလုပ်ဖို့မရည်ရွယ်ခဲ့ဘူးဆိုရင်တောင် မင်းရဲ့စိတ်ထဲမှာ ဟိုးအရင်ထဲက ဒီလိုလုပ်ပစ်ချင်စိတ်ရှိခဲ့ရမှာပဲ အဲ့လိုမှမဟုတ်ရင် မင်းအဲ့လိုလုပ်မှာမဟုတ်ဘူး"
ချန်ဖန်းမြောင်သည် ဒီအဖြစ်အပျက်မဖြစ်မီက ၎င်းတို့သည် ဝမ်းကွဲများဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
ချန်ဖန်းမြောင်သည် တုကျားလဲ့က တုမိသားစု၏ မွေးစားသားဖြစ်သောကြောင့် သူနှင့် တုကျားလဲ့သည် ဝမ်းကွဲများဖြစ်ကြောင်း ဝန်ခံလိုခြင်းမရှိပေ။ တုကျားလဲ့သည် တုမိသားစုနှင့် မသက်ဆိုင်သောကြောင့် တုကျားလဲ့ကို ဘယ်သောအခါမှ မလေးစားဘဲ လက်ခံရန် ငြင်းဆိုခဲ့သည်။
အရေးကြီးဆုံးမှာ တုကျားလဲ့သည် တုမိသားစုရှိ ပိုင်ဆိုင်မှုများကို အမွေဆက်ခံနိုင်သည်။
ထို့ကြောင့် ချန်ဖန်းမြောင်နှင့် ချန်မိသားစုသည် တုကျားလဲ့ကို သေသည်အထိ မုန်းတီးခဲ့သည်။ သူတို့သည် တုမိသားစု၏ စည်းစိမ်ဥစ္စာများကို အမြဲခိုးယူချင်ကြသည်။
သို့သော် တုကျားလဲ့ကို သေစေလိုလျှင်တောင် ဥပဒေကို ချိုးဖောက်ရန် တုံ့ဆိုင်းနေသောကြောင့် ၎င်းတို့ကိုယ်တိုင် မလုပ်ရဲကြပေ။
တုမိသားစုသည် အလွန်ချမ်းသာသောမိသားစုမဟုတ်သော်လည်း ပိုင်ဆိုင်မှု ယွမ်သန်းတစ်ရာကျော်ရှိသော အလယ်အလတ်တန်းစားကုမ္ပဏီကို ပိုင်ဆိုင်ကြသည်။
ချန်မိသားစုသည်လည်း စက်ရုံငယ်တစ်ခု လည်ပတ်နေသော်လည်း ပိုင်ဆိုင်မှု ယွမ်သန်းနှစ်ဆယ်ခန့်သာ ရှိသောကြောင့် တုမိသားစု၏ ကြွယ်ဝမှုကို ခိုးယူချင်ကြသည်။
တုကျားလဲ့သာ တုမိသားစု၏သားအရင်းဖြစ်ခဲ့လျှင် ၎င်းတို့တွင် ထိုအတွေးမျိုးရှိမည်မဟုတ်သော်လည်း တုကျားလဲ့ကသားအရင်းမဟုတ်ပါ။ တုကျားလဲ့ ကို အပြင်လူတစ်ဦးအဖြစ် သတ်မှတ်ထားသောကြောင့် တုကျားလဲ့သည် တုမိသားစု၏ ကြွယ်ဝမှုကို အမွေဆက်ခံရမှာကို မမြင်လိုခြင်းဖြစ်သည်။
ချန်ဖန်းမြောင်သည် တုမိသားစု၏တူဖြစ်သော်လည်း ၎င်းတို့သည် ဆက်စပ်နေသောကြောင့် ချန်မိသားစုသည် တုမိသားစု၏ ပိုင်ဆိုင်မှုကို အမွေဆက်ခံသူက ချန်ဖန်းမြောင် ဖြစ်သင့်သည်ဟု ယုံကြည်ကြသည်။
တုကျားလဲ့ စကားကိုကြားတော့ ချန်ဖန်းမြောင် အနည်းငယ် ထိတ်လန့်သွားသည်။ တုကျားလဲ့ကို အမှန်တကယ် မုန်းတီးခဲ့သော်လည်း သူ့ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ရသည်။ ထို့ကြောင့် ချန်ဖန်းမြောင်သည် မကြာမီ ဟန်ဆောင်လိုက်သည်။
"ကျားလဲ့ ငါတောင်းပန်ပါတယ်။ ဒီအကြောင်းတွေ အခုပဲ ရပ်လိုက်ကြရအောင်လား” ချန်ဖန်းမြောင်သည် တုမိသားစုသိမှာကို ကြောက်၍ တုကျားလဲ့၏ရှေ့မှောက်တွင် ခခယယတောင်းဆိုလိုက်သည်။
တုကျားလဲ့သည် တုမိသားစု၏မွေးစားသားသာမက ချန်ဖန်းမြောင်၏ဦးလေး အသက်ကိုကယ်တင်ခဲ့သူလည်းဖြစ်သည်။ ချန်ဖန်းမြောင်၏ ဦးလေးနှင့် အဒေါ်တို့သည် ကိုယ်ပိုင် သားသမီးများ မရှိသေးသောကြောင့် ၎င်းတို့၏ မွေးစားသား တုကျားလဲ့ကို အလွန် ဂရုစိုက်ကြသည်။
"ချန်ဖန်းမြောင် ဒီညဖြစ်ပျက်ခဲ့တဲ့အတွက် မင်းကို ငါဘာမှမလုပ်ပါဘူး။ ဒါပေမယ့် ငါ့မိဘတွေကို ငါပြောပြရလိမ့်မယ်" ဟုတုကျားလဲ့ကပြောသည်။ တုကျားလဲ့သည် အကျင့်ပုတ်ပြီး ချန်ဖန်းမြောင်အား တမင်ပြောတာလည်း မဟုတ်သလို တုမိသားစုနှင့် ချန်မိသားစုကြားတွင် နှောင့်ယှက်ရန် ကြိုးပမ်းခဲ့ခြင်း မဟုတ်ပါ။ ချန်ဖန်းမြောင်၏ အပြုအမူကို လက်မခံနိုင်လွန်းသောကြောင့်သာ ဖြစ်သည်။ ချန်ဖန်းမြောင်က သူ့ကို ထပ်ပြီး နာကျင်အောင်လုပ်ဖို့ ကြိုးစားမှာကိုလည်း သူ စိုးရိမ်သည်။
တုမိသားစုသည် ချန်မိသားစု၏ ရည်မှန်းချက်ကို သတိပြုမိသောကြောင့် တုမိသားစုသည် တစ်ချိန်လုံး သတိရှိနေခဲ့သည်။ သို့သော် ၎င်းတို့သည် ဆွေမျိုးများဖြစ်သောကြောင့် တုမိသားစုက သူတို့လက်မခံနိုင်သောအရာတစ်ခုကို မလုပ်မီ ၎င်းတို့နှင့် ငြင်းခုံရန် မလိုလားခဲ့ပေ။
တုကျားလဲ့၏မိဘများသည် ချန်မိသားစုမှ တုကျားလဲ့ကိုထိခိုက်ေစမည်ကို စိုးရိမ်သောကြောင့် ချန်မိသားစုနှင့်ဝေးဝေးနေရန်သူ့ကိုသီးသန့်သတိပေးခဲ့သည်။
“မင်း…” ချန်ဖန်းမြောင် ချက်ချင်း ဒေါသထွက်သွားသည်။ သူက တုမိသားစု မသိအောင် တားချင်တာကြောင့် တုကျားလဲ့က အခုတောင်းပန်ခဲ့ပေမယ့် အသုံးမဝင်ပေ။ တုကျားလဲ့က တုမိသားစုကို ပြောပြချင်သေးသည်။
ထို့နောက် ချန်ဖန်းမြောင်တွင် အတွေးတစ်ခု ပေါ်လာသည်။ သူ့မျက်နှာပေါ်ရှိ အကြောက်တရားနှင့် ဒေါသတို့သည် မာနဖြင့် ချက်ချင်း အစားထိုးလာခဲ့သည်။ သူက အနည်းငယ် ဆိုးသွမ်းနေပုံရပြီး အေးစက်စွာပြောသည်။ “မင်းေပြာတာ ငါ ဒီည မင်းကိုသတ်ချင်တယ်လို့ေနာ်။ မင်းမှာ သက်သေရှိလို့လား။ မင်းငါ့ကို စွပ်စွဲတာလို့ ငါပြောလို့ရတာပဲ"
ချန်ဖန်းမြောင်၏စကားကိုကြားတော့ တုကျားလဲ့ အံ့သြစရာမဟုတ်သောကြောင့် ငြိမ်သက်နေခဲ့သည်။ သူ့မိဘတွေက သူ့စကားကိုယုံမှာဖြစ်၍ ဘာအထောက်အထားမှ မလိုေပ။ သူက ဘယ်တုန်းကမှ ဒုက္ခပေးသူမဟုတ်ပါ။
"တကယ်လား? အဲ့တာဆို ကြည့်ကြသေးတာပေါ့!" တုကျားလဲ့က တည်ငြိမ်စွာပြောသည်။ သူသည် ချန်ဖန်းမြောင်နှင့် ငြင်းခုံရန် ဆန္ဒမရှိသဖြင့် ကုနင်းကို လှည့်ကြည့်လိုက်သည်။ သူသည် သူမကို အလွန်ကျေးဇူးတင်ခဲ့သည်။ "ကုနင်း ကျွန်တော့်ကို ကယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ သူ့ကို အခု လွှတ်လိုက်လို့ ရပြီလို့ ထင်ပါတယ်”
ဒါကိုကြားတော့ ကုနင်းက ချန်ဖန်းမြောင်ကို လွှတ်လိုက်ပေမယ့် သူမက သူ့ကို မြေပြင်ပေါ် ပြင်းပြင်းထန်ထန် လွှတ်ချလိုက်သည်။
တုကျားလဲ့နှင့် ချန်ဖန်းမြောင်တို့ကြား ရန်ငြိုးတွင် သူမ ပါဝင်မည်မဟုတ်ပါ။ သူမက ချန်ဖန်းမြောင်ကို သဘောမကျသောကြောင့် မြေပြင်ပေါ်သို့ ပစ်ချလိုက်ခြင်းဖြစ်သည်။
တုကျားလဲ့က လူမိုက်မဟုတ်ပေ။ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူသိသင့်သည်။
ချန်ဖန်းမြောင်သည် ကုနင်း၏ မြေပြင်ပေါ်သို့ ပစ်ချခြင်းခံရပြီးနောက် ပြင်းထန်စွာ နာကျင်နေခဲ့သည်။ ကုနင်းကို သူမုန်းတီးသော်လည်း ရလဒ်ပိုဆိုးလာမည်ကို စိုးရိမ်သောကြောင့် သူမအပေါ် ဒေါသမထွက်ရဲပေ။
ချန်ဖန်းမြောင်သည် တုကျားလဲ့က သူ့မိဘတွေကို ပြောပြဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် တုကျားလဲ့ကို ဘာမှ မပြောပါ။ အကြပ်ကိုင်မှုနှင့် လာဘ်ပေးလာဘ်ယူလုပ်ခြင်းတို့သည် ယခုအချိန်တွင် အသုံးမဝင်တော့ပေ။ တုကျားလဲ့မှာ သက်သေမရှိရင်တောင် သူ့ဦးလေးနဲ့ အဒေါ်က တုကျားလဲ့ရဲ့စကားကို ယုံမှာပါပဲ။ ထို့ကြောင့် ချန်ဖန်းမြောင်သည် ယခုအခါ အလွန်စိုးရိမ်နေမိသည်။
အဲဒီနောက် ကုနင်းနဲ့ တုကျားလဲ့က ထွက်သွားပေမယ့် အတူတူ မထွက်သွားခဲ့ကြပါ။ အဲဒီအစား တစ်ယောက်တစ်လမ်းဆီ ထွက်သွားကြသည်။
ညဉ့်နက်နေပြီမို့ မိန်းကလေးနဲ့ ယောက်ျားလေးတစ်ယောက် တောအုပ်ထဲက အတူတူ လမ်းလျှောက်ထွက်လာရင် နားလည်မှုလွဲသွားနိုင်သည်။
အထဲမှာ ငယ်ရွယ်တဲ့ စုံတွဲတွေ ချိန်းတွေ့ေလ့ရှိကြပြီး ကုနင်းကတော့ သူမဟာ အခု နာမည်ကြီး ဖြစ်နေလို့ပါ။ လူတိုင်းက သူမကို သိကြပြီး သူမမှာ ရည်းစားရှိတယ်ဆိုတာ သိထားတာကြောင့် ညဘက်မှာ ယောက်ျားလေးတစ်ယောက်နဲ့ ရှိနေရင် ကောလာဟလတွေ ထွက်ပေါ်လာလိမ့်မည်။
ကုနင်းနှင့် တုကျားလဲ့ ထွက်ခွာသွားပြီးနောက် ချန်ဖန်းမြောင် က ဖြည်းညှင်းစွာ ပြန်ထလာခဲ့သည်။ ကုနင်းနဲ့ တုကျားလဲ့တို့ရဲ့ ကျောပြင်ကို မကြင်နာမှုတွေနဲ့ ကြည့်နေလိုက်သည်။
ထို့နောက် သူ့အမေကို ဖုန်းခေါ်ဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၉၂ စိတ်ဆိုးပြီးသေအောင်လုပ်နေတာလား
ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မသိတဲ့အတွက် သူ့အမေကိုသာ ပြောနိုင်သည်။
သို့သော် သူ့အဖေကို မသိေစလိုသောကြောင့် ချန်ဖန်းမြောင်က သူ့အမေ ဘာလုပ်နေလဲ၊ သူ့အမေက ဖုန်းပြန်ဖြေပြီးနောက် သူ့ဘေးမှာ အဖေရှိမရှိကို အရင်မေးသည်။
သူ့အဖေက အလုပ်ကိစ္စရှိ၍ သူ့အမေက အိမ်မှာ တစ်ယောက်တည်းပင်။
ဒါကိုသိတော့ ချန်ဖန်းမြောင် က သူ့အမေကို အသေးစိတ်ပြောပြသည်။
"ဘာ? မင်း တုကျားလဲ့ ကိုသတ်လုနီးပါးဖြစ်သွားတယ်ဟုတ်လား"
ချန်ဖန်းမြောင်၏မိခင် တုမေ့လင်းသည် ကြောက်လန့်တကြားဖြစ်သွားသည်။
ချန်ဖန်းမြောင်က တုကျားလဲ့ကို ထိခိုက်အောင် လုပ်ဖို့ မရည်ရွယ်ပေမယ့် ဓားကို ဆွဲထုတ်လိုက်မိသည်။ ထို့အပြင် မည်သူမျှ မတားလျှင် တကယ်ထိုးမိသွားနိုင်သည်။
ချန်ဖန်းမြောင် တကယ်သာ တုကျားလဲ့ကိုသတ်ခဲ့ရင် ဘာဖြစ်နိုင်မလဲဆိုတာကို တွေးရင်းနဲ့ တုမေ့လင်းရဲ့ မျက်နှာဟာ အရောင်ဖျော့သွားပြီး ကြောက်ရွံ့တုန်လှုပ်သွားသည်။
"ကျွန်တော် သူ့ကိုသတ်ဖို့ မရည်ရွယ်ပါဘူး၊ ခဏလောက် အသိစိတ်လွတ်သွားရုံပါ အဲ့တာကြောင့် ဓားကို ထုတ်မိသွားတာ" ဟု ချန်ဖန်းမြောင်က ပြောသည်။ သူ့မှာ အပြစ်ရှိတယ်လို့ လုံးဝမခံစားရဘဲ စိတ်ပူရုံပါပဲ။ တုကျားလဲ့က သူ့ဦးလေးနဲ့ အဒေါ်ကို ပြောပြမယ့်အချက်ကြောင့် သူ စိတ်ပူပန်နေသည်။
"မေမေ အခု ဘာလုပ်ရမလဲ။ တုကျားလဲ့က ဦးလေးနဲ့ အဒေါ်ကို ပြောမယ်တဲ့။ ဦးလေးရော အဒေါ်ရော ယုံမှာ…”
အဲဒါကိုကြားတော့ တုမေ့လင်း ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ “ငါလည်း… မသိဘူး။ မင်းအဖေအိမ်ပြန်ရောက်ရင် မေးတာပေါ့"
ချန်ဖန်းမြောင်က ဓားကိုထုတ်လိုက်သောကြောင့် သာမာန်ရန်ပွဲမဟုတ်တဲ့အတွက် တုမေ့လင်းလည်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
“ဒါပေမဲ့ ကျွန်ေတာ်ကြောက်တယ်…” ချန်ဖန်းမြောင်သည် သူ့အမေ သူ့အဖေကို ပြောမည်ဟု ကြားလိုက်သည်နှင့် တုန်လှုပ်သွားသည်။ အမှန်တော့ ဒီနေ့ သူလုပ်ခဲ့တာတွေက သူ့အဖေရဲ့ အစီအစဉ်ကို ထိခိုက်သွားနိုင်သည်။
တုမိသားစုက သူတို့ကို စိတ်ဆိုးပြီး သူတို့နဲ့ ခပ်ခွာခွာနေမှာ သေချာပါသည်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါ။
“မင်းအဖေကို မပြောပြရင် ငါတို့ ဘာလုပ်လို့ရမှာလဲ။ တုကျားလဲ့နဲ့ ပဋိပက္ခ မဖြစ်ဖို့ ငါပြောခဲ့တယ် မဟုတ်လား။ မင်းဘာလို့ သူ့ကိုသွားတွေ့တာလဲ" တုမေ့လင်းက ချန်ဖန်းမြောင် ကို ကြိမ်းမောင်းသည်။
ချန်ဖန်းမြောင်သည် ယခင်က တုကျားလဲ့နှင့် အကြိမ်များစွာ ငြင်းခုံရန်ဖြစ်ဖူးခဲ့သောကြောင့် တုမိသားစုသည် ထိုကိစ္စကို အလွန်စိတ်မချမ်းသာခဲ့ပေ။ ချန်ဖန်းမြောင်၏ မိဘများက ၎င်းတို့၏ အစီအစဉ်ကို ဖော်ထုတ်မိမည်ဆိုး၍ ပိုမိုသတိထားရန် သတိပေးထားသည်။
တုမေ့လင်းသည် သူတို့၏အကြံအစည်ကို သိရှိထားပြီးဖြစ်သည်ကို သူမမသိသောကြောင့် ၎င်းတို့အမှန်တကယ်အကောင်အထည်မဖော်မီတွင် တုမိသားစုက ၎င်းကို သိသွားရန် အနှောက်အယှက်မရှိလိုပေ။
“ကျွန်တော် ကျွန်တော်…” ချန်ဖန်းမြောင် လုံးဝ ထိတ်လန့်သွားသည်။
"ပြော တုကျားလဲ့ကို ဒုက္ခပေးဖို့ ဘာလို့သွားတာလဲ" တုမေ့လင်းက ပိုဒေါသထွက်လာသည်။
“ဘာဖြစ်လို့လဲဆိုတော့…” ချန်ဖန်းမြောင် ထုတ်ပြောရတာ ရှက်စရာကောင်းလို့ ထင်၍ တုံ့ဆိုင်းသွားသည်။ သို့သော် မပြောလျှင်ပင် သူ့အမေက သူ့ကို ပိုဒေါသ ထွက်နေပေလိမ့်မည်။
"ငါ့ကိုပြော!" တုမေ့လင်း သည် စိတ်မရှည်တော့ဘဲ ချန်ဖန်းမြောင် ကို ငေါက်လိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့…” ချန်ဖန်းမြောင်သည် ၎င်းကို မရှောင်နိုင်မှန်း သိသွားပြီ။ "ဘာလို့လဲဆိုတော့ ကျွန်တော်ကြိုက်တဲ့ကောင်မလေးက တုကျားလဲ့ကို သဘောကျနေတာ။ တုကျားလဲ့က သူ့ကို မကြိုက်ပေမယ့် ကျွန်တော် တုကျားလဲ့ကို ဒေါသထွက်ပြီး တွေ့ဖို့ သွားခဲ့တာ…”
အဆုံးရှိ ချန်ဖန်းမြောင်၏ အသံသည် တိုးလျှလှသော်လည်း တုမေ့လင်းသည် ပြတ်ပြတ်သားသားကြားရပြီး ဒေါသအပြည့်ရှိလာသည်။
ဘာ? မိန်းကလေးတစ်ေယာက်အတွက်နဲ့လား? သူ့သားက မိန်းကလေးတစ်ယောက်ကြောင့် ဒီလိုပြဿနာအကြီးကြီး ရှာခဲ့ရတာလား။
ခဏအကြာတွင် တုမေ့လင်း ငြိမ်သက်သွားပြီး သူမ၏ပါးစပ်ကို ပြန်ဖွင့်လိုက်သည်။ "ကောင်းလိုက်တာ! မင်းက မိန်းကလေးတစ်ယောက်အတွက်နဲ့ တုမေ့လင်းကိုဓားနဲ့တိုက်ခိုက်ခဲ့တယ်။ မင်း ငါ့ကို စိတ်တိုပြီး သေအောင် လုပ်နေတာလား။"
“ကျွန်တော် သူ့ကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ဘူးလို့ ပြောပါတယ်။ ကျွန်တော်က…” ချန်ဖန်းမြောင်က သူတကယ်လုပ်ဖို့ ရည်ရွယ်ထားတာကြောင့် သူ့ကိုယ်သူ ကာကွယ်ခဲ့သည်။
"သူ့ကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ဘူးဟုတ်လား? မအောင်မြင်တာနဲ့ပဲ မင်း အဲ့လိုငြင်းလို့ရမယ်လို့ ထင်ေနတာလား။ မင်းက တော်တော် တုံးတာပဲ!" တုမေ့လင်းက ပြောသည်။ သူ့သားအပေါ် မျှော်လင့်ချက်က ပိုကြီးသည်။
တုမိသားစုသည် ၎င်းတို့၏အစီအစဉ်ကို မသိသေးဟု ထင်ကြသော်လည်း တုမိသားစုသည် ယနေ့အဖြစ်အပျက် ဖြစ်ပျက်ပြီးနောက် သိရှိလာနိုင်သည်။
သူမ၏အစ်ကိုသည် ထိုကဲ့သို့ အမြတ်အစွန်းရှိသော လုပ်ငန်းကို လုပ်ကိုင်နိုင်မည်၍ မိုက်မဲသောသူ မဟုတ်ပေ။
“ကျွန်တော်…” ချန်ဖန်းမြောင်က သူ့အမေပြောတာ မှန်နေတာကြောင့် ဘာပြောရမှန်းမသိပေ။ " အခု ဘာ...ဘာလုပ်သင့်လဲ"
"နောက်ထပ် ငါတို့ဘာလုပ်လို့ရမှာလဲ။ မင်းအဖေမှာ ဘယ်လိုအကြံရှိလဲဆိုတာသိရဖို့ မင်းအဖေကို အရင်ပြောပြရမှာပေါ့” ဟု တုမေ့လင်းက ဒေါသတကြီးနဲ့ ပြောသည်။
သို့ဆိုလျှင် ချန်ဖန်းမြောင်သည် အခြေအနေပိုဆိုးသွားနိုင်၍ သူ့အမေကို မတားရဲေတာ့ေပ။
…
တုကျားလဲ့သည် ထွက်သွားပြီးနောက် သူသည် အိပ်ဆောင်ကို မပြန်ဘဲ ကျောင်းမှ တိုက်ရိုက်ထွက်ခွာပြီး အိမ်ပြန်ခဲ့သည်။
ကြောက်စရာကောင်းတဲ့ မတော်တဆမှုကြောင့် သူ တုန်လှုပ်နေဆဲပါ။ အိမ်မပြန်မချင်း သူ မလုံခြုံဘူးလို့ ခံစားရသည်။
အိမ်မပြန်ခင်မှာ မိဘတွေကို စိတ်မပူစေရန်အတွက် ဖုန်းမခေါ်ပေ။ အိမ်ပြန်ရောက်မှသာ သူကြုံတွေ့ခဲ့ရသမျှကို ပြောပြရန် ဆုံးဖြတ်ခဲ့သည်။
…
ကုနင်းက အဆောင်ခန်းထဲ ပြန်ရောက်တာနဲ့ ကျန်းကျီခိုင်နဲ့ စုန့်မြောင်ကော အနားကို လာပြီး ဘာလုပ်ဖို့ ထွက်သွားတာလဲဟု မေးသည်။
"ငါ တစ်ခုခု ပြုတ်ကျခဲ့လို့ လိုက်ရှာဖို့ သွားတာ" ကုနင်းက လိမ်ညာခဲ့သည်။
"ရှာတွေ့ပြီလား?" စုန့်မြောင်ကောက မေးသည်။
ကုနင်းစကားကို သူမ သံသယ မရှိပါ။
"အင်း တွေ့တယ်" ကုနင်းကပြောသည်။
ထိုစကားကိုကြားတော့ ကျန်းကျီခိုင်နှင့် စုန့်မြောင်ကော သက်သာရာရသွားသည်။
"အိုး ကျုံးရွှယ် ပျောက်သွားတာ ရက်အနည်းငယ်ရှိပြီ။ ငါတို့သူ့ကို ဆက်သွယ်လို့မရဘူး။ သူတစ်ခုခု မကောင်းတာများ ဖြစ်ေနလား” စုန့်မြောင်ကော က စိုးရိမ်တကြီးပြောသည်။
"အေးအေးဆေးဆေးပါ သူအဆင်ပြေမှာပါ" ဟု ကုနင်းက သူတို့ကို နှစ်သိမ့်ပေးဖို့ ပြောသည်။ ပိုင်လီကျုံးရွှယ် ဘာဖြစ်နေလဲဆိုတာ သူမသိသည်။ ပိုင်လီကျုံးရွှယ်သည် ကျင့်ကြံရေးလောကတွင် ဖုန်းမသုံးနိုင်ပေ။ သို့သော် အသေးစိတ်အချက်အလက်များကို သူမပြောပြနိုင်ပေ။
"ဟုတ်ပါတယ် သူမအဆင်ေပြမှာပါ" ကျန်းကျီခိုင်နှင့် စုန့်မြောင်ကောတို့သည် ကုနင်း၏ အဖြေကို ကြားပြီးနောက် များစွာ စိတ်သက်သာရာရလာခဲ့သည်။
…
တုကျားလဲ့၏အိမ်သည် သူတို့၏ကျောင်းနှင့်မဝေးသော ဟိုင်ချန်းခရိုင်တွင်ရှိသောကြောင့် တက္ကစီဖြင့် မိနစ်အနည်းငယ်အတွင်း ရောက်ရှိလာခဲ့သည်။
ည ၁၀ နာရီခန့်ရှိကာ စောနေသေးသောကြောင့် တုကျားလဲ့၏မိဘများသည် အိပ်ရာမ၀င်ကြသေးပေ။ ဧည့်ခန်းထဲမှာ တီဗီကြည့်နေကြသည်။ တုကျားလဲ့ ပြန်လာတာကိုတွေ့တော့ ပိတ်ရက်မဟုတ်တဲ့အတွက် အရမ်းအံ့သြသွားသည်။
သို့သော် ထိုအကြောင်းကြားပြီးနောက် တုကျားလဲ့၏မိဘများက ဒေါသတကြီးဖြစ်ခဲ့ကြသည်။ ချန်ဖန်းမြောင်သည် တုကျားလဲ့ကိုကြိုက်သော မိန်းကလေးကြောင့် တုကျားလဲ့ကို ထိခိုက်အောင် လုပ်ရဲခဲ့သည်။
တုကျားလဲ့က ချန်ဖန်းမြောင် ဒီလိုလုပ်တဲ့အခါ စိတ်မြန်သွားလို့လို့ ရှင်းပြပေမယ့် ချန်ဖန်းမြောင်က သူ့ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့တာက အမှန်ပင်။ သူ့ကို ကူညီဖို့ အစွမ်းကုန် တားတဲ့သူ မရှိဘူးဆိုရင် သူဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားနိုင်သည်။
ထို့အပြင် ချန်ဖန်းမြောင်သည် အမှန်တကယ် သူ့ကိုသတ်ချင် စိတ်အားထက်သန်နေသလားဆိုတာကို ဘယ်သူမှ မသိနိုင်ပါ။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၉၃ အကြောင်းပြချက်ဆုံးရှုံးခြင်း
ချန်ဖန်းမြောင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက လုံးဝ အပြစ်ကင်းစင်အောင် မလုပ်နိုင်ပါ။
ကျောင်းသားဖြစ်၍ ဓားဆောင်ထားတာကအစ ထူးဆန်းသည်။ ထို့ကြောင့် တုကျားလဲ့၏မိဘများသည် ချန်ဖန်းမြောင်က ထိုးချင်စိတ်မရှိသည်ကို မယုံပေ။ သူ့မှာ ရည်ရွယ်ချက် ရှိကောင်းရှိနိုင်ပေမယ့် ဖမ်းမိပြီးနောက် လိမ်ညာခဲ့ခြင်းဖြစ်နိုင်သည်။
တုကျားလဲ့၏မိဘများသည် သူ့စကားများကို သံသယမရှိခဲ့ကြပေ။ သူတို့သည် ချန်မိသားစု၏ ရည်မှန်းချက်ကို အမြဲသတိပြုမိကြပြီး တုကျားလဲ့ကို ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့သည် သတိရှိနေကြသည်။ ထို့အပြင် တုကျားလဲ့သည် ချန်ဖန်းမြောင်ကို စွပ်စွဲရန် အကြောင်းမရှိပေ။ တုကျားလဲ့ရဲ့ စရိုက်ကို တခြားသူတွေထက် သူတို့က ပိုသိကြသည်။
ကုနင်းက သူ့အသက်ကို ကယ်ခဲ့တယ်လို့ တုကျားလဲ့ကပြောသည်။
တုမိသားစုသည် အလွန်ချမ်းသာသော မိသားစုမဟုတ်သော်လည်း ၎င်းတို့သည် စီးပွားရေးတွင်လည်း ပါဝင်သောကြောင့် ကုနင်းအကြောင်းကို ကြားဖူးသည်။
တုကျားလဲ့က ကုနင်းကိုထည့်ပြောပြီးကတည်းက သူ့မိဘတွေက ကုနင်းကိုသွားမေးရင်တောင် မကြောက်ေပ။
ကုနင်းနဲ့ တုကျားလဲ့တို့ဟာ ကျောင်းနေဖက်တွေပါပဲ။ သူတို့တွင် ပုဂ္ဂိုလ်ရေး ဆက်ဆံရေး မရှိသောကြောင့် ကုနင်းသည် တုကျားလဲ့အတွက် လိမ်ညာေပးရန် မဖြစ်နိုင်ပေ။
"ငါအခု ချန်မိသားစုကို ဖုန်းဆက်လိုက်မယ်။ သူတို့ ကျားလဲ့ ကိုရှင်းပြရမယ်!" တုကျားလဲ့၏ဖခင် တုလီဝမ်သည် စိတ်ဆိုးသွားသည်။ ချန်ဖန်းမြောင်သည် သူ့ညီမ၏သားဖြစ်သောကြောင့် ဒေါသကို မျိုသိပ်ထားမည်မဟုတ်ပေ။
တုကျားလဲ့သည် တုမိသားစု၏ မွေးစားသားဖြစ်သော်လည်း တုလီဝမ်၏အသက်ကို ကယ်ခဲ့သောကြောင့် တုကျားလဲ့ကို၎င်းတို့၏သားအဖြစ် အမြဲသေဘာထားခဲ့သည်။ သူတို့သည် တုကျားလဲ့ အရှက်ကွဲမှုကို လက်ခံရန် ခွင့်မပြုနုိင်ပေ။
"ဖေဖေ ခဏစောင့်ပါဦး" တုကျားလဲ့သည် သူ့အဖေကို ချက်ချင်းတားလိုက်သည်။ "ကျွန်တော့်ကို ယုံတာ အဖေတို့ပဲရှိတယ်။ ကျွန်တော်တို့မှာ သက်သေမရှိဘူး။ ချန်ဖန်းမြောင် ငြင်းလို့ရတယ်။ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော်အဆင်ပြေပါတယ်။ အဖေသူတို့ကိုခေါ်ရင် ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေနိုင်တယ်။ ဒါဟာ ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။ ကျွန်တော် သူတို့နဲ့ ခပ်ခွာခွာ နေလို့ရတာပဲ"
တုကျားလဲ့က သူ့မိဘတွေကို ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပေမယ့် သူတို့ဟာ ဆွေမျိုးတွေမို့ သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်စီးတာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါ။
သူ့မိဘတွေက သူ့ကို သားတစ်ယောက်လို သဘောထားပေမယ့် သူ့အနေအထားကို ကောင်းကောင်းသိသည်။ သူ့အဖေကို သူ့ညီမလေးနဲ့ ငြင်းခုံနေတာကို မမြင်ချင်ပေ။
ချန်မိသားစုသည် ရည်မှန်းချက်ကြီးသော်လည်း တုကျားလဲ့သည် သူ့မိဘများကို အကျပ်ရိုက်စေခဲ့သည်။
ထိုစကားကိုကြားတော့ တုလီဝမ်နှင့် မစ္စစ်တုတို့ အနည်းငယ် ငြိမ်သက်သွားသည်။ တုကျားလဲ့ကိုကြည့်ရင်း သူတို့သည် သူ့အတွက် သနားသွားကြသည်။ တုကျားလဲ့သည် သူတို့အတွက်ကြောင့် စွန့်လွှတ်လိုက်ကြောင်း သူတို့နားလည်သည်။
တကယ်ကို သူက အရမ်းသနားစရာေကာင်းတဲ့ ကလေးတစ်ယောက်ပါ။ သို့သော်လည်း ချန်မိသားစုသည် တုမိသားစု၏ ပိုင်ဆိုင်မှုများကို ခိုးယူရန် အမြဲတမ်း ရည်မှန်းချက်ထားထားပြီး ချန်ဖန်းမြောင်သည် ယခုတစ်ကြိမ်တွင် တုကျားလဲ့ကို ထိခိုက်စေရန်ပင် ကြိုးစားခဲ့သည်။ ချန်ဖန်းမြောင်က ဒီလိုလုပ်ဖို့မရည်ရွယ်ထားဘဲ တုကျားလဲ့က နောက်ဆုံးမှာ အဆင်ပြေနေတယ်ဆိုရင်တောင် ကံမကောင်းလျှင် တုကျားလဲ့ဟာ ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။ တုကျားလဲ့အတွက် တရားမျှတမှုရရန် တစ်ခုခုလုပ်ရမည်။
တုလီဝမ်က သက်ပြင်းချလိုက်ပြီး "ကျားလဲ့ မင်းက အဖေတို့ခံစားချက်တွေကို ဂရုစိုက်တယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် မင်းအတွက်တင်မကဘူး။ မင်းအမေနဲ့ အဖေလည်း စိတ်ဆိုးတယ်။ သူတို့က မင်းကို နာကျင်အောင်လုပ်ဖို့ ရည်ရွယ်လိုက်တာက မင်းအမေနဲ့ အဖေ့ကိုလည်း နာကျင်အောင်လုပ်ဖို့ ရည်ရွယ်တာပဲ။ ဒီတခေါက် အဖေတို့ ဘာမှ မလုပ်ရင် ဒါက ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်သွားလိမ့်မယ်။ အဲဒီအခါကျရင် သူတို့က မင်းကို လေးစားမှာမဟုတ်ဘူး။ သူတို့က အနာဂတ်မှာ မင်းအပေါ် ပိုဆိုးလာနိုင်တယ်။ သူတို့က မင်းကို အခုချိန်မှာ မသတ်ရဲပေမယ့် တစ်နေ့မှာ တကယ်လုပ်ပစ်လာနိုင်တယ်”
သူ့ညီမနဲ့ ယောက်ဖအကြောင်း သူသိထားတဲ့အတွက် တုကျားလဲ့ကို နာကျင်အောင်လုပ်ဖို့ ကြိုးစားတာကို ရပ်တန့်မယ်ဆိုတာက သူ့အတွက် ယုံရခက်သည်။ နောက်ဆုံးတော့ သူတို့ဟာ အမြဲတမ်း တစ်ကိုယ်ကောင်းဆန်ကြသူများဖြစ်သည်။
တုကျားလဲ့ကို မသတ်ရဲသော်လည်း၊ တုမိသားစု၏ ကြွယ်ဝမှုကို အခြားနည်းလမ်းဖြင့် အမွေဆက်ခံခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။
တုလီဝမ်သည် သူ့ညီမနှင့် ယောက်ဖ အဘယ်ကြောင့် သူ့ဥစ္စာများကို ခိုးယူလိုကြောင်း နားမလည်ပါ။ သူ့ပိုင်ဆိုင်မှုတွေက သူတို့နဲ့မဆိုင်သလို သူ့ဥစ္စာကို သူလိုချင်သလို စီမံခန့်ခွဲနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးသူများရှိကြပြီး ထိုလူများသည် သူတို့လိုချင်သမျှကိုရရန် အကျင့်စာရိတ္တကောင်းမွန်သည့်အရာများကို မလုပ်ဆောင်ကြကြောင်းသိတဲ့အတွက် သူ မအံ့သြပါ။
“အင်း…” တုလီဝမ်၏စကားကိုကြားတော့ တုကျားလဲ့က ဘာပြောရမှန်းကို မသိပေ။ သူလည်း အလားတူ စိုးရိမ်မှုမျိုးရှိသည်။ ချန်မိသားစုသည် တစ်နေ့တွင် သူ့ကို သတ်ရန် ကြိုးပမ်းခဲ့ရင် ဘယ်လိုလုပ်မလဲ။
"ဟုတ်တယ်၊ ကျားလဲ့ မင်းအဖေကို မတားပါနဲ့" မစ္စစ်တုက တုကျားလဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမဖြစ်ရန် သူမ မျှော်လင့်မိသည်။
“ကောင်းပြီ!” တုကျားလဲ့သည် ငယ်ရွယ်သေးသောကြောင့် မိမိကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်ရုံသာမက မိမိကိုယ်မိမိ မှန်ကန်စွာ ကာကွယ်နိုင်ခြင်း မရှိေသးပေ။ သူ့မိဘစကား နားထောင်ရမည်။
အဲဒီနောက် တုလီဝမ်က သူ့ညီမကို ဖုန်းဆက်ဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။
ချန်မိသားစု၏အိမ်တွင် ချန်ဖန်းမြောင်၏ဖခင် မပြန်လာသေးသောကြောင့် တုမေ့လင်းက သူ့ကို မပြောသေးပါ။
သူ့အကိုကြီး၏ ဖုန်းခေါ်သံကိုမြင်တော့ တုမေ့လင်း ထိတ်လန့်သွားသည်။ ဒီအချိန် သူ့အကိုကြီးခေါ်တဲ့ အကြောင်းရင်းကို သူမသိလို့ ပြန်မဖြေရဲပေ။
သို့သော်လည်း တုမေ့လင်းသည် ခေါ်ဆိုမှုကို မဖြေကြားပါက အကိုကြီးဖြစ်သူက ခင်ပွန်းဖြစ်သူထံ ဖုန်းဆက်မည်ဖြစ်ကြောင်း နားလည်သည်။ ထိုအချိန်တွင် သူမသည် အရာအားလုံးကို ရှင်းပြရန် ပို၍ခက်ခဲပေလိမ့်မည်။ ရလဒ်အနေဖြင့် တုမေ့လင်း သည် သူမ၏အစ်ကိုဖြစ်သူ၏ခေါ်ဆိုမှုကို မဖြေကြားမီတွင် အကြာကြီးအသက်ရှူလိုက်ကာ ဖုန်းကိုကိုင်လိုက်သည်။
"ဟိုင်း လီဝမ်၊ ညကြီးမင်းကြီးဘာဖြစ်လို့လဲ" တုမေ့လင်းက ဘာမှမဖြစ်ခဲ့သလို အေးအေးဆေးဆေးေပြာဖို့ အတတ်နိုင်ဆုံးကြိုးစားသည်။
တုလီဝမ်က မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် မေးသည်။ "ချန်ဖန်းမြောင်က ဒီနေ့ ဘာဖြစ်သွားလဲဆိုတာ မင်းကို မပြောသေးဘူးလား"
တုလီဝမ်က မယုံလို့ မေးသည်။ ချန်ဖန်းမြောင်၏ စရိုက်ကို အတိုင်းအတာတစ်ခုအထိ သူသိသည်။
သို့သော် ချန်ဖန်းမြောင်သည် သူ့ညီမကို ပြောပြီးပြီဟု ကောက်ချက်မချခဲ့ပေ။
"ဒီေန့ ဘာဖြစ်ခဲ့လို့လဲ? ဘာဖြစ်သွားလို့လဲ။ မြောင်မြောင် ဘာလုပ်ခဲ့လို့လဲ" တုမေ့လင်းသည် ပို၍ အပြစ်ရှိသလို ခံစားလာရပြီး တည်ငြိမ်စွာမနေနိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် ချန်ဖန်းမြောင်၏မိခင်ဖြစ်သောကြောင့် သူမ၏ ထိတ်လန့်တုန်လှုပ်မှုသည် သာမန်ထက်သာလွန်ပြီး သူ့သားအတွက် စိတ်ပူနေသည်။
တုကျားလဲ့သည် တုမေ့လင်း အထိတ်တလန့်ဖြစ်ရသည့်အကြောင်းနှင့် ချန်ဖန်းမြောင်က သူမအား ပြောပြခဲ့သည် ဖြစ်စေ မပြောရသေးသည် ဖြစ်စေဂရုမစိုက်ပါ။ သူတို့ကို သင်ခန်းစာပေးဖို့အတွက် သူ့ကိုခေါ်ခြင်းဖြစ်သည်။ "နားထောင် ကောင်မလေးတစ်ယောက်ကြောင့် ချန်ဖန်းမြောင်က ဒီေန့ ကျားလဲ့ကို ဒုက္ခပေးခဲ့တယ်။ ကျားလဲ့နဲ့လည်း ရန်ဖြစ်ခဲ့တယ်။ ရန်ပွဲပဲဆိုရင်တော့ ပြသနာမရှိဘူးပေါ့။ လူငယ်တွေက စိတ်ေတာ့ မြန်တတ်တာပဲ။ ဒါပေမယ့် ချန်ဖန်းမြောင်က ဓားထုတ်ပြီး ကျားလဲ့ကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့တယ်!”
သူပြောနေရင်း ဒေါသထွက်လာသည်။ “တကယ်လို့ သူ့ကို ကယ်ဖို့ ဘယ်သူမှ မလာခဲ့ဘူးဆိုရင် ကျားလဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားနိုင်တယ်”
"ဘာ? ဘယ်လိုမှမဖြစ်နိုင်တာ!" တုကျားလဲ့ တုန်လှုပ်သွားသော်လည်း သူမသည် ထိုအကြောင်းကို အခုမှ သိလိုက်ရသလို ဟန်ဆောင်ကာ “ကျားလဲ့ အခု အဆင်ပြေရဲ့လား” ဟု စိုးရိမ်စိတ်ဖြင့် မေးသည်။
အပေါ်ယံတွင် တုမေ့လင်းသည် အလွန်ကြင်နာပုံပေါက်သောကြောင့် တုမိသားစုသည် သူတို့၏အကြံအစည်ကို ဘာမှမသိကြောင်း သူမယုံကြည်ခဲ့သည်။
"ကျားလဲ့ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူထိန့်လန့်နေတုန်းပဲ.. ချန်ဖန်းမြောင် လုပ်ခဲ့တာတွေက တရားမဝင်ဘူး" ဟု တုလီဝမ်က ဆိုသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၉၄ မျက်နှာချင်းဆိုင် တောင်းပန်ခြင်း
"လီဝမ်၊ ငါတကယ်စိတ်မကောင်းပါဘူး၊ ဒါပေမယ့် မြောင်မြောင်ကိုမေးဖို့ မင်းငါ့ကို အချိန်ခဏပေးလို့ရမလား။ သူ့အဖေနဲ့ စကားပြောပြီးမှ ပြန်ခေါ်ေပးလို့ရမလား” တုမေ့လင်း က ပြောသည်။
"ဟုတ်ပြီ ငါစောင့်နေမယ်" တုလီဝမ်သည် ချန်ဖန်းမြောင်ကိုမေးမြန်းပြီး ချန်ဖန်းမြောင် ၏ဖခင်နှင့် ဆွေးနွေးရန် အချိန်လိုအပ်ကြောင်း နားလည်ခဲ့သည်။
တုလီဝမ်နှင့် ဖုန်းခေါ်ဆိုပြီးနောက် တုမေ့လင်း သည် ၎င်း၏ခင်ပွန်းကို ဖုန်းဆက်ခဲ့သည်။
"ဟန်ရှန်း၊ ရှင်ဘယ်တော့ပြန်လာမှာလဲ" ခင်ပွန်းဖြစ်သူကို ဖုန်းဆက်ပြီးတာနဲ့ တုမေ့လင်းက အထိတ်တလန့်နဲ့ မေးသည်။
တုမေ့လင်း၏ခင်ပွန်း ချန်ဟန်ရှန်းက ၎င်းကို သတိပြုမိပြီး မျက်မှောင်ကြုတ်ကာ “ငါအခု ကားပါကင်မှာ ရောက်နေပြီ။ ဘာဖြစ်လို့လဲ?"
“အိမ်ပြန်လာခဲ့ပါ ပြီးရင် ကျွန်မတို့ အဲဒီအကြောင်းပြောမယ်”
"ကောင်းပြီ"
ဆယ်မိနစ်အကြာတွင် ချန်ဟန်ရှန်း အိမ်ပြန်ရောက်လာသည်။ သူမမေးခင် တုမေ့လင်းက သူ့အား အရာအားလုံးကို အသေးစိတ်ပြောပြခဲ့သည်။
မှန်ကန်စွာဖြေရှင်းရန် လိုအပ်သောကြောင့် သူမသည် မည်သည့်အသေးစိတ်အချက်အလက်များကိုမျှ ဖုံးကွယ်ထားခြင်းမရှိပေ။
"ဘာ? ချန်ဖန်းမြောင်က တုကျားလဲ့ကိုသတ်ဖို့ကြိုးစားခဲ့တာလား"
ဖြစ်ပျက်ခဲ့တာကို သိလိုက်ရတော့ ချန်ဟန်ရှန်းလည်း ကြောက်သွားသည်။ ချန်ဖန်းမြောင်သည် ထိုကဲ့သို့ သတ္တိရှိရှိ လုပ်ခဲ့သည့်အတွက် အံ့သြသွားခဲ့သည်။
လူသတ်တာ တရားမဝင်ေပ။ တုကျားလဲ့ အဆင်ပြေပေမယ့် သူ့သားက လူသတ်ဖို့အတွက် ကြိုးပမ်းခဲ့သည်။
ဘာပဲဖြစ်ဖြစ် ချန်ဖန်းမြောင်က တကယ်ကို သတ်ဖို့ ကြိုးစားခဲ့တာပင်။ ထို့ကြောင့် လုံးဝလက်မခံနိုင်ပါ။
"မြောင်မြောင်ကလုပ်ဖို့ မရည်ရွယ်ပါဘူး" တုမေ့လင်းသည် မှားသည်ဟု နားလည်သော်လည်း သူ့သားကို ဆက်လက် ကာကွယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏အသံမှာ ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
"အရူးတွေ! သူ့ရဲ့ လက်မခံနိုင်တဲ့ အပြုအမူကို ရှင်းပြရင်ေတာင် မလုံလောက်ဘူး။ လုပ်ဖို့မရည်ရွယ်ခဲ့ဘူးဆိုရင်တောင် သူလုပ်ခဲ့တယ်! မှားခဲ့တယ်။ တုလီဝမ်နဲ့ သူ့ဇနီးက တုကျားလဲ့ကို ချစ်တဲ့စိတ်ကြောင့် သူတို့ ဒေါသကို မျိုသိပ်ထားမှာမဟုတ်ဘူး” ဟု ချန်ဟန်ရှန်းက စိတ်တိုတိုနဲ့ ပြောသည်။
တုမေ့လင်းလည်း သိပေမယ့် ဖြစ်ပျက်ပြီးသွားပြီမို့ သူ့သားအတွက် အရမ်းကြီး မပေးဆပ်ရဖို့သာ သူမ မျှော်လင့်မိသည်။
"အခု ဘာလုပ်သင့်လဲ" တုမေ့လင်း ပိုထိတ်လန့်သွားသည်။ "ကျွန်မတို့ မြောင်မြောင်ကို ဒါကို ငြင်းခိုင်းလိုက်ရမလား။ မဖြစ်ခဲ့ဘူးလို့ ကျွန်မတို့ ပြောလို့ရတယ်”
"မင်းက ဘယ်လိုေတာင် တုံးအရတာလဲ!" ချန်ဟန်ရှန်းကစိတ်တိုသွားသည်။ သူ့မိန်းမက တကယ့်ကို မိုက်မဲတဲ့ မိန်းမပင်။ "တုလီဝမ် ယုံမယ်လို့ မင်းထင်ေနတာလား"
ဒါကိုကြားတော့ တုမေ့လင်း ပါးစပ်ကို ပိတ်လိုက်သည်။ အဆုံးတွင် သူမက “ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ”
"ချန်ဖန်းမြောင်ကို အခုချက်ချင်းပြန်ခေါ်လိုက်ပါ။ ငါ တုလီဝမ်ကို ဖုန်းဆက်ပြီး အရင်တောင်းပန်ရမယ်။ မနက်ဖြန် ချန်ဖန်းမြောင်နဲ့ သူတို့ဆီသွားပြီး မျက်နှာချင်းဆိုင် တောင်းပန်မယ်။ သူတို့ရဲ့ ခွင့်လွှတ်မှုကို ရဖို့ လိုတယ်၊ ဒါမှမဟုတ်ရင် ပိုဆိုးသွားလိမ့်မယ်။ တုလီဝမ်က မြောင်မြောင်ကို ထောင်ထဲမထည့်ေလာက်ပေမယ့် စီးပွားရေးလုပ်ဖို့ တုမိသားစုကို အားကိုးရလို့ သူတို့ရဲ့ ထောက်ပံ့မှုကို အဆုံးရှုံးမခံနိုင်ဘူး” ဟု ချန်ဟန်ရှန်းက ပြောသည်။ အကျိုးအမြတ်အတွက် သူ့ကိုယ်သူ စွန့်စားလိုစိတ်ရှိသောကြောင့် ယခုပင် တောင်းပန်ရမည်ဖြစ်ကြောင်း သူသိသည်။ နောက်ဆုံးတော့ ချန်ဖန်းမြောင်ရဲ့အမှားမို့ တောင်းပန်လိုက်တာ ကျိုးကြောင်းဆီလျော်ပါသည်။
သို့သော် သူတို့သည် တုမိသားစုကို ဆန့်ကျင်ရန် အကြံအစည်ကို ရပ်တန့်မည်မဟုတ်ပေ။
“ဟုတ်ပြီ” တုမေ့လင်းသည် ချန်ဖန်းမြောင်ကို ဖုန်းခေါ်ရန် ချက်ချင်းပင် သူမ၏ဖုန်းကို ထုတ်လိုက်သည်။
ချန်ဟန်ရှန်းက တုလီဝမ်ကို ဖုန်းခေါ်ဖို့ သူ့စာဖတ်ခန်းကို ပြန်သွားခဲ့သည်။
သူဖုန်းကိုင်တာနဲ့ ချန်ဟန်ရှန်းက တောင်းပန်သည်။ "လီဝမ်၊ ငါတောင်းပန်ပါတယ်။ မြောင်မြောင် ဒီလို ရူးသွပ်တဲ့ လုပ်ရပ်မျိုး လုပ်မယ်လို့ မမျှော်လင့်ထားဘူး။ မေ့လင်းကို သူ့ကို ပြန်ခေါ်ဖို့ ပြောထားပါတယ်။ မနက်ဖြန် မင်းတို့ကို မျက်နှာချင်းဆိုင် တောင်းပန်ခိုင်းလိုက်မယ်"
"ကောင်းပြီ မနက်ဖြန်မနက် မင်းအိမ်လာတာကို ငါစောင့်နေမယ်" ပြဿနာကို မျက်နှာချင်းဆိုင် ကိုင်တွယ်ဖြေရှင်းတာက ပိုကောင်းတာမို့ တုလီဝမ်က ချန်ဟန်ရှန်းနဲ့ ဖုန်းထဲမှာ စကားအများကြီး မပြောလိုပါ။ မဆိုင်းမတွဘဲ သူသည် ချန်ဟန်ရှန်း ဖုန်းကိုချလိုက်သည်။
ချန်ဟန်ရှန်းနဲ့ ဘာမှမဆိုင်ပေမယ့် ချန်ဟန်ရှန်းက လူကောင်းတစ်ယောက်တော့ မဟုတ်ပါ။ တုလီဝမ်က သူ့ကို ဘယ်တုန်းကမှ မကြိုက်တဲ့အတွက် သူ့အပေါ်ထားတဲ့ သူ့ရဲ့သဘောထားက မကောင်းေပ။
ဖုန်းချလိုက်တဲ့အသံကိုကြားတော့ ချန်ဟန်ရှန်းသည် သူ့မျက်လုံးများတွင် မနာလိုမှုနှင့် ရည်မှန်းချက်ကို ပြသခဲ့သည်။
တုလီဝမ် ငါ မင်းကို အနှေးနဲ့အမြန် အစားထိုးပြမယ်။
ချန်ဟန်ရှန်းသည် သာမာန်မိသားစုမှဖြစ်ပြီး အလွန်ချမ်းသာသော တုလီဝမ်နှင့် ကောလိပ်တွင် ပထမဆုံးတွေ့ဆုံခဲ့သည်။
တုလီဝမ်က စာမတော်ပေမယ့် သူကတော့ တော်သည်။ သို့သော် သူနှစ်သက်သော မိန်းကလေးသည် တုလီဝမ်ကို သဘောကျသောကြောင့် တုလီဝမ်ကို ထိုအချိန်မှစ၍ မနာလိုဖြစ်ခဲ့သည်။
သူသည် တုမေ့လင်းကိုလက်ထပ်ရန် လှည့်ကွက်အချို့ကို အမှန်တကယ်ပြုလုပ်ခဲ့သည်။ သူ့မိသားစုနှင့် တုမိသားစုကြား ကြီးမားသော ကွာဟချက်ကြောင့် လှည့်ကွက်များမပြုလုပ်ပါက တုမေ့လင်းကို လက်ထပ်ရန် မဖြစ်နိုင်ပေ။
တုမေ့လင်းနဲ့ လက်ထပ်ပြီးနောက် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းဟာ ပိုကောင်းလာခဲ့သည်။ သို့သော် ချန်ဟန်ရှန်းသည် တုမိသားစုကို ကျေးဇူးတင်ကြောင်း မခံစားရပါ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် တုမိသားစုကို လျှို့ဝှက်ကြံစည်နေခဲ့သည်။ သူသည် ကျေးဇူးကန်းသူဖြစ်သည်။
တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်အနေဖြင့် ချန်ဟန်ရှန်းသည် မှားသည်ဟုမထင်ခဲ့ပေ။ သူ့ရဲ့ ရည်မှန်းချက်တွေက သူ့တန်ဖိုးတွေကို ကမောက်ကမ ဖြစ်စေခဲ့သည်။
…
ချန်ဖန်းမြောင်က သူ့အမေ အိမ်ပြန်လာဖို့ ပြောတာကို ကြားတော့ သူ ကြောက်ရွံ့သွားပေမယ့် ဘာမှ မပြောနိုင်ခဲ့ပါ။
သူအိမ်ပြန်ရောက်ပြီးနောက် ချန်ဟန်ရှန်းက သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့် စကားတစ်ခွန်းမှ မပြောရဲခဲ့ပေ။
တုကျားလဲ့ကိုသတ်ဖို့မရည်ရွယ်ပေမယ့် ဓားကိုထုတ်ပြီး ဓားနဲ့ထိုးဖို့ကြိုးစားခဲ့သည်။ ကုနင်းသာ သူ့ကို မတားဘူးဆိုရင် တုကျားလဲ့ကို သတ်ပစ်နိုင်သည်။ တုကျားလဲ့ကို တကယ်သတ်ခဲ့မယ်ဆိုရင် သေဒဏ်ကျခံရမှာမို့ အခုချိန်မှာတော့ သူ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေသည်။
ချန်ဟန်ရှန်းက သူ့ကို မနက်ဖြန် တုမိသားစုကို တောင်းပန်ခိုင်းပြီး သူလည်း ငြင်းဖို့ မဝံ့ရဲပါ။
တုလီဝမ်က သူတို့ကို ခွင့်လွှတ်ပြီး သူတို့တောင်းပန်ပြီးနောက် သူတို့ကို ဆက်လက်ပံ့ပိုးပေးမှာလား မသိတာကြောင့် သူတို့ သုံးယောက် အဲဒီညမှာ အိပ်မပျော်ခဲ့ကြပါ။
နောက်နေ့မနက် အိပ်ယာထပြီးနောက် မနက်စာ အရင်စားသည်။ ချန်ဖန်းမြောင်နှင့် တုကျားလဲ့တို့ကြား ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် သူတို့ အစာစားချင်စိတ် သိပ်မရှိကြသော်လည်း အစားစားရန် လိုအပ်ပါသည်။
ပြီးသည်နှင့် တုမိသားစု၏အိမ်သို့ ထွက်ခွာသွားကြသည်။
သူတို့သွားရာလမ်းမှာ ချန်ဟန်ရှန်းက ချန်ဖန်းမြောင်ကို တုမိသားစုရဲ့ အိမ်မှာ လုပ်ဖို့ လိုအပ်တာကို ပြောပြခဲ့ပြီး ချန်ဖန်းမြောင်က သူ့အဖေပြောတာကို နားထောင်ခဲ့သည်။
အချိန်က ရုံးတက်ချိန်ဖြစ်၍ လမ်းမှာ အနည်းငယ် ကားများ ပိတ်နေသည်။ နံနက် ၈ နာရီတွင် ခရီးထွက်ကြပြီး နံနက် ၉း၃၀ နာရီတွင် တုမိသားစု၏အိမ်သို့ ရောက်ရှိကြသည်။
တုမိသားစုသည် ၎င်းတို့ရောက်ရှိမည့်အချိန်ကို စောင့်ဆိုင်းနေသောကြောင့် တုမိသားစု၏အဖွဲ့ဝင်များ အားလုံးရှိနေခဲ့သည်။
ချန်မိသားစု မရောက်ခင်မှာ တုမိသားစုဟာ စိတ်အေးလက်အေး ရှိခဲ့ပေမယ့် ချန်မိသားစု ပေါ်လာပြီးတာနဲ့ တုမိသားစုရဲ့ မိသားစုဝင် သုံးယောက်က ရုတ်တရက် အလွန်စိတ်ပျက်သွားကြသည်။ အားလုံးက ချန်ဟန်ရှန်းနဲ့ တခြားသူတွေကို အေးစက်စွာ စိုက်ကြည့်နေကြသည်။