အခန်း (၂၁၀၁-၂၁၀၆)
Vol. 129 Ch. 2011-2016
အပိုင်း ၂၁၀၁ သူအရင်မတော်တရောလာထိတာ
"ငါအဆင်ပြေပါတယ်" ဟုပြောကာ ကျောက်ယန်လည်းဘဲ လှည့်၍ထွက်သွားသော်လည်း သူမပုံစံကြည့်ရတာ အရမ်းဝမ်းနည်းနေပုံပေါ်လေသည်။ မုခယ်ကို တစ်နေ့ကျရင် ယွီမီရှီဆီမှရအောင်ခိုးမည်ဖြစ်ကြောင်း သူမကိုယ်သူမပြောလိုက်လေသည်။
ကုနင်းနဲ့ အခြားသူတွေဟာ ဝေးဝေးသို့ လမ်းလျှောက်လာပြီးနောက် ကုနင်း ကပြောလေသည်။ "ကျောက်ယန်လို့ခေါ်တဲ့ ကောင်မလေးက မုခယ်ကိုကြိုက်နေတာ"
"ဘာ"
ထိုအရာကိုကြားတဲ့အခါ ချူးဖေ့ဟန်နဲ့ မုခယ်တို့ဟာအံအားသွားသော်လည်း ယွီမီရှီကတော့ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။
"မဖြစ်နိုင်တာ"ဟု ကျောက်ယန်နဲ့ သူနဲ့က အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာမလို့ မုခယ်က ထိုအရာဟာ အမှန်မဟုတ်ဘူးလို့ခံစားရလေသည်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်စကားပြောခဲကာ သူမက ယွီမီရှီရဲ့ အတန်းဖော်ဖြစ်သလို သူက ယွီမီရှီရဲ့ချစ်သူကောင်လေးဖြစ်လေသည်။ သူမအနေနဲ့ ဘယ်လိုလုပ် သူ့ကိုကြိုက်မှာလဲ။
ဘာပဲဖြစ်ဖြစ် ကုနင်းက ထိုသို့ပြောနေမှတော့ ထိုအရာဟာမှန်လောက်လေသည်။
"ဟုတ်တယ်။ ငါလဲမတော်တဆသိသွားတာ။ ငါတို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပေမဲ့လဲ သူက မုခယ်ကိုကြိုက်နေတာဆိုကို ငါသိကတည်းက ငါသူနဲ့ သိပ်မရောတော့တာ"ဟု ယွီမီရှီကပြောသည်။ သူမရဲ့ အသံရောပုံစံရောက မပျော်မရွှင်ဖြစ်နေကာ စိတ်မကြည်နေတာအသိသာပင်ဖြစ်သည်။
"အို၊ အဲ့တာကြောင့် သူမက ငါတို့နဲ့အတူသွားဖို့ ပြောနေတာကိုး။ လက်စသက်တော့ မုခယ်ကြောင့်ပဲ"ဟု ချူးဖေ့ဟန်ကစိတ်ဆိုးစွာပြောလိုက်သည်။ ကျောက်ယန်အပေါ်ရှိတဲ့ သူမရဲ့အမြင်တွေဟာ တဖြည်းဖြည်းနဲ့ပိုပြီး ကျဆင်းလာလေသည်။
"မီရှီ၊ စိတ်မပူနဲ့။ ကိုယ့်နှလုံးသားကို မင်းပဲပိုင်တာ။ မင်းသူမနဲ့ အခုကစပြီး ဝေးဝေးနေလို့ရတယ်"ဟု မုခယ်က ယွီမီရှီရဲ့လက်ကို ကိုင်ကာချော့လေသည်။
ကျောက်ယန်က သူ့ကိုကြိုက်နေမှန်း မုခယ်ကမသိတာကြောင့် ယွီမီရှီက မုခယ်ကိုစိတ်မဆိုးပေ။ ကျောက်ယန်ကို သူစိတ်မဝင်စားပေမဲ့လည်း ကျောက်ယန်ကြောင့် ယွီမီရှီဟာ စိတ်ထဲမကျေနပ်နေတာဖြစ်သည်။
"အို၊ တော်ပါတော့။ ငါရှေ့မှာ နင်တို့ရဲ့ကြင်နာမှုတွေ လာပြနေတာတော့ ရပ်ပါတော့။ ငါက စင်ဂယ်ပါ"ဟု ချူးဖေ့ဟန်က မကျေနပ်စွာပြောလေသည်။
"တကယ်လို့ နင် စင်ဂယ် မဖြစ်ချင်ရင် ရည်းစားရှာလေ"ဟု ကုနင်း ကပြောလေသည်။
"တော်ပါပြီ။ ငါဘာငါတစ်ယောက်တည်းနေရတာပဲ ကြိုက်တယ်။ လွတ်လွတ်လပ်လပ်ပဲ"ဟု ချူးဖေ့ဟန်က ချက်ချင်းပဲလက်ခါရမ်းပြလေသည်။ သူမက တစ်ယောက်တည်း နေချင်သေးလေသည်။
တကယ်တော့ သူမ,ကြိုက်တဲ့သူ မတွေ့သေးလို့သာ သူမက စင်ဂယ်လုပ်နေတာဖြစ်လေသည်။ တကယ်လို့သူမသာ ကြိုက်တဲ့သူရှိခဲ့ရင် တစ်ယောက်တည်းနေမှာမဟုတ်ပေ။
ည၉နာရီတွင် ကုနင်းနဲ့ အခြားသူတွေဟာ စုန့်နန်ရဲ့ဘားကို ရောက်လေသည်။ စုန့်နန် ကဒီနေ့မလာပေမဲ့လည်း မန်နေဂျာက ကုနင်းကိုမှတ်မိတာမလို့ သူမတို့လာတာနဲ့တပြိုက်နက် သူမတို့အတွက် သူက ခုံစီစဉ်ပေးလေသည်။
အချိန်ကစောသေးသောကြောင့် လူအများကြီး သိပ်မရှိသေးပေ။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျီပိုင်ယင်းက မန်တနှင့် နန်တို့နဲ့အတူ ရောက်လာလေသည်။
သူတို့ရဲ့အလုပ်ကြောင့် မန်တနဲ့ နန် တို့ဟာ အရက်မသောက်ကြပေ။ သူတို့က နောက်မှသောက်မှာမလို့ ကုနင်းလည်းပဲ အရက်သောက်နိုင်လေသည်။
သူတို့က အရက်သမားတွေမဟုတ်တာမလို့ အနည်းငယ်သာသောက်ပြီးနောက် စကားပြောကာ အချင်းချင်းဂိမ်းကစားကြလေသည်။
ဘားထဲတွင် အမြဲတမ်းမူးပြီး ရန်ဖြစ်တဲ့လူတွေ ရှိလေသည်။
ချူးဖေ့ဟန်ကဒီနေ့ သိပ်ကံမကောင်းပေ။ ဒီနေ့နေ့လည်တင်ပဲ အမျိုးသားတစ်စုဟာ သူမကို ပြဿနာရှာဖို့ကြိုးစားခဲ့ပြီး အခုတော့ ဘားထဲက သန့်စင်ခန်းမှအပြန် အမျိုးသားတစ်ယောက်ဟာ သူမကို ထိကပါးရိကပါးလုပ်ဖို့ ကြိုးစားလေသည်။
ချူးဖေ့ဟန်ကို ထိကပါးရိကပါးလုပ်ဖို့ ကြိုးစားတဲ့အမျိုးသားဟာ သန့်စင်ခန်းဘေးက စားပွဲမှာထိုင်နေတာဖြစ်သည်။ ရုပ်ရည်သာမာန်ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ချူးဖေ့ဟန်လမ်းလျှောက်လာနေတာကို တွေ့တဲ့အခါ သူမရဲ့လက်ကို တန်းဆွဲကာ ပြောလိုက်လေသည်။ "လာပါဦး အလှလေး၊ ကိုယ်တို့နဲ့ အတူတူသောက်ရအောင်"
ချူးဖေ့ဟန်ဟာစိတ်တိုလွယ်ပြီး အခုချိန်မှာ စိတ်မကြည်တာကြောင့် ထိုအမျိုးသားရဲ့ လက်ကောက်ဝတ်ကို တုန့်ဆိုင်းမှုမရှိစွာ ဆွဲ၍ချိုးပစ်လိုက်လေသည်။ ထိုအမျိုးသားဟာ ချက်ချင်းအော်ဟစ်သွားရလေသည်။
ထိုအရာကိုမြင်တဲ့အခါ စားပွဲဘေးရှိ တခြားလူတွေဟာ ကြောက်လန့်သွားလေသည်။ အံဩစရာပင် မိန်းကလေးတစ်ယောက်က လူတစ်ယောက်ရဲ့ လက်ကောက်ဝတ်ကို အလွယ်လေး ချိုးပစ်နိုင်လေသည်။
ဘာပဲဖြစ်ဖြစ် သူတို့သူငယ်ချင်းထိခိုက်သွားတာမလို့ စားပွဲရှိ လူငါးယောက်ဟာ မတ်တပ်ရပ်ကာ ချူးဖေ့ဟန်ကို စိုက်ကြည့်လျက် တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေကြလေသည်။
သူမက မိန်းကလေးဖြစ်တာမလို့ သူတို့က တွန့်ဆုတ်နေတာဖြစ်သည်။ တကယ်လို့ သူမသာ ယောင်္ကျားလေးတစ်ယောက်ဆိုရင် သူတို့အနေနဲ့ သူမကိုထိုးလိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပေ။
"မင်းဘာလောက် အဲ့လောက်တောင် ဆိုးရွားရတာလဲ"ဟု အမျိုးသားတစ်ယောက်က ချူးဖေ့ဟန်အား ဝေဖန်ပြစ်တင်လေသည်။
"သူ့ဘက်ကအရင် ငါကိုမတော်တရော် လာကိုင်တာ"ဟု ချူးဖေ့ဟန်ကပြန်ပြောသည်။
"သူက မူးနေတာ။ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး"ဟု ထိုအမျိုးသားက ပြန်ငြင်းလေသည်။
"ကျွန်မမူးနေရင် ရှင့်ကိုသတ်ပြီး ဘာမှအပြစ်မပေးဆပ်ပဲ နေလို့ရလား"ဟု ချူးဖေ့ဟန်ကလှောင်လိုက်ကာ ဒေါသထွက်စွာကြည့်လိုက်လေရာ ထိုအမျိုးသားဟာ ကြောက်လန့်သွားလေသည်။ ကြည့်ရတာ သူမက တကယ်ပင် သူ့ကိုသတ်တော့မည်ပုံပင်ဖြစ်သည်။
သူတို့က သာမာန်အမျိုးသားတွေဖြစ်တာမလို့ ချူးဖေ့ဟန်ရှေ့မှာ စိတ်ဖိစီးမှု ခံစားရလေသည်။ ထို့ကြောင့် သူတို့က ရုတ်တရက်ပဲကြောင်သွားကာ ဘာပြန်ပြောရမှန်းမသိတော့ပေ။
ထိုအမျိုးသားဟာ တကယ်ပဲမူးနေတာ မှန်သော်လည်း သူက အမျိုးသမီးတွေအပေါ် မကြင်နာတာမလို့ ချူးဖေ့ဟန်ကို သူက မတော်မရော်လုပ်တာဖြစ်သည်။
ထို့အပြင် သူမူးနေတယ်ဆိုတာနဲ့ပဲ ချူးဖေ့ဟန်က ဘာကိစ္စ သူ့ရဲ့ထိကပါးရိကပါးလုပ်တာကို ခံရမှာလဲ။
မန်နေဂျာက အနီးအနားမှာပင်ရပ်နေတာမလို့ ထိုအဖြစ်အပျက်ကို မြင်တာနဲ့တပြိုင်နက် ချက်ချင်းပြေးလာလေသည်။
ချူးဖေ့ဟန်က ကုနင်းနဲ့အတူတူလာမှန်း မန်နေဂျာက သိတာမလို့ သူက ချူးဖေ့ဟန်ဘက်ကနေပဲ လုံးဝနေပေးမှာဖြစ်သည်။
အခြားအမျိုးသားတွေဟာလည်းပဲ သူတို့ရဲ့သူငယ်ချင်းဘက်က မှားတယ်ဆိုတာသိတာမလို့ သူတို့က ပြဿနာထပ်မရှာတော့သော်လည်း ချူးဖေ့ဟန်က သူတို့သူငယ်ချင်းရဲ့ လက်ကောက်ဝတ်ကို ချိုးထားတာမလို့ သူမအနေနဲ့ ဆေးဖိုးလျော်ကြေးပေးရမည်။
ချူးဖေ့ဟန်က ထိုသို့ပေးဖို့ငြင်းဆန်ကာ ထိုအမျိုးသားရဲ့ လက်ကိုပုံမှန်ပြန်တည့်ပေးလိုက်လေသည်။
လက်ကောက်ဝတ်ကို ပြန်တည့်ပြီးနောက် သူတို့သူငယ်ချင်းဟာ ကောင်းသွားတာမလို့ သူတို့က ဘာမှထပ်ပြီး မပြောရဲတော့ပေ။
"ဒီနေ့က တော်တော်ဆိုးတဲ့နေ့ပဲ"ဟု ချူးဖေ့ဟန်က သူမရဲ့ခုံဆီကို ပြန်ရောက်တာတောင် စိတ်တိုနေသေးလေသည်။ သူမက ဆိုဖာခုံပေါ်သို့ လေးပင်စွာပင်ထိုင်လိုက်ကာ ဖန်ခွက်ထဲမှ အရက်ကိုအကုန်သောက်လိုက်လေသည်။
"ဘာဖြစ်တာလဲ"ဟု ကုနင်းကမေးရာ အခြားသူတွေကလည်း ချူးဖေ့ဟန်ကို စိုးရိမ်စွာ စိုက်ကြည့်လိုက်ကြလေသည်။
သူမတို့ရဲ့ထိုင်ခုံနေရာမှ သန့်စင်ခန်းနေရာရှိ အဖြစ်အပျက်ကို ရှင်းလင်းစွာမမြင်ရတာကြောင့် သူမတို့က ဘာဖြစ်သွားမှန်း မသိလိုက်ပေ။ တကယ်လို့ သူမတို့သာ တွေ့လိုက်ရင် ထိုင်ခုံမှာ တိတ်စိပ်စွာ ထိုင်နေမှာမဟုတ်ပေ။
"ငါသန့်စင်ခန်းက ပြန်လာတဲ့လမ်းမှာ စားပွဲတစ်ခုဘေးကနေ ဖြတ်အလျှောက်မှာ အမျိုးသားတစ်ယောက်က ငါ့လက်ကိုလှမ်းဆွဲပြီး သူတို့နဲ့သောက်ဖို့ပြောတာ။ ငါလဲစိတ်တိုသွားတာနဲ့ သူ့လက်ကောက်ဝတ်ကို ချိုးလိုက်တာ"ဟု ချူးဖေ့ဟန်က စိတ်တိုစွာပြောလိုက်ပြီးနောက် နောက်ထပ်တစ်ခွက် ထပ်သောက်လိုက်လေသည်။
"ပြီးတော့ ဘာဆက်ဖြစ်သေးလဲ"ဟု မုခယ် ကမေးသည်။
"မန်နေဂျာလာပြီး ဖျန်ဖြေပေးတယ်။ ငါအဲ့လူရဲ့ လက်ကောက်ဝတ်ကို နဂိုအတိုင်းဖြစ်အောင် ပြန်တည့်ပေးလိုက်တယ်။ သူကောင်းသွားပြီး ငါပြန်ရောက်လာပဲ"ဟု ချူးဖေ့ဟန်ကပြောသည်။
တကယ်တော့ ထိုအရာဟာ ပြဿနာကြီးကြီးမားမားမဟုတ်ပေ။ သူမရဲ့လက်ကနေ ဆွဲကိုင်တာခံလိုက်ရပေမဲ့လည်း သူမဘာမှမဖြစ်သွားပေ။ သူမက ဒီနေ့ စိတ်မကြည်နေတာသာ ဖြစ်သည်။
ချူးဖေ့ဟန် ဘာမှမဖြစ်သည့်အတွက် သူမရဲ့သူငယ်ချင်းတွေဟာ စိတ်အေးသွားလေသည်။
ည၁၁နာရီတွင် သူမတို့ဟာ ဘားမှထွက်လာလေသည်။
ဘားကနေထွက်လာပြီးနောက် ကျီပိုင်ယင်းက ညလယ်စာမုန့်စားချင်တယ်လို့ ပြောတာမလို့ သူတို့က ညလယ်စာမုန့်အချို့ သွားစားကြလေသည်။
သူတို့စားသောက်ပြီး၍ ရာစုနှစ်မြို့ကို ပြန်ရောက်ချိန်မှာတော့ အချိန်က ည၁:၃၀ ရှိပြီးဖြစ်သည်။ သူတို့ဟာ ကိုယ်လက်သန့်စင်၍ အိပ်ရာဝင်ကြလေသည်။
နောက်တစ်နေ့တွင် မနက်ခင်းအပြေးလေ့ကျင့်ရန် ထကြကာ ပိုင်လီကျုံးရွှယ်နဲ့ ပိုင်လီကျုံးယန်တို့နဲ့အတူ မတော်တဆ ဆုံလေသည်။
"မင်္ဂလာပါ ကောင်ချောလေး။ ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ"
ပိုင်လီကျုံးယန် ကိုတွေ့တာနဲ့တပြိုက်နက် ချူးဖေ့ဟန် ရဲ့မျက်လုံးတွေ အရောင်တောက်သွားကာ သူ့ကို အရမ်းဖော်ရွေစွာပင် နှုတ်ဆက်လေသည်။
"အို၊ မင်္ဂလာပါ မစ္စချူး"ဟု ပိုင်လီကျုံးယန်က ကုနင်းရဲ့သူငယ်ချင်းတွေကို ယဉ်ကျေးစွာပင် ဆက်ဆံကာ သူက ချူးဖေ့ဟန်ကို အထင်မသေးပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၀၂ ငါ့ကိုလဲ အတူခေါ်!
ချူးဖေ့ဟန်ကိုပြန်ပြောပြီးနောက် ပိုင်လီကျုံးယန်က ကုနင်းဘက်ကိုလှည့်ကာ "မင်းကိုဒီမှာ တွေ့ရခဲတယ်"ဟုပြောလိုက်သည်။
"ဟုတ်တယ်။ ကျွန်မက ဒီမှာသိပ်မနေဘူး။ ကျွန်မက အခြားနေရာတွေမှာပဲ နေတာများတယ်"ဟု ကုနင်း ကပြောသည်။
အပြေးလေ့ကျင့်ပြီးနောက် ပိုင်လီကျုံးယန်က သူမတို့အတွက် မနက်ခင်း လက်ဖက်ရည်တိုက်မယ်ဖြစ်ကြောင်း ပြောသော်လည်း မန်တနဲ့ နန်တို့က မနက်စာလုပ်ထားပြီးတာမလို့ ကုနင်းက ငြင်းလိုက်လေသည်။
ထိုသို့ဆိုရာ ပိုင်လီကျုံးယန်က တအားမတိုက်တွန်းတော့ပေ။
ကုနင်းကလည်းပဲ သူတို့ကို မနက်စာတူတူစားရန် ဖိတ်လိုက်လေသည်။
ထိုအရာဟာ မသင့်တော်ဖူးလို့ခံစားရတာကြောင့် ပိုင်လီကျုံးယန်က ငြင်းချင်သော်လည်း ကုနင်းနဲ့ သူမမှာရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် ပိုင်လီကျုံးရွှယ်ကတော့ တုန့်ဆိုင်းမှု မရှိဘဲသဘောတူလိုက်လေသည်။
ထို့ကြောင့် ပိုင်လီကျုံးယန်မှာ တခြားရွေးချယ်စရာမရှိတော့ဘဲ သူတို့နဲ့အတူသွားရလေသည်။
"ကုနင်း၊ နင်ဒီနေ့ အပြင်ထွက်လည်ဦးမှာလား။ တကယ်လို့လည်မှာဆို ငါ့ကိုလည်းခေါ်ဦး"ဟု ပိုင်လီကျုံးရွှယ်ကပြောသည်။ သူမဘာသာသူမ အိမ်မှာနေနေရတာ ပျင်းနေတာဖြစ်တာမလို့ တကယ်လို့ သူမတို့သာ ပျော်စရာတစ်ခုခုလုပ်ဖို့ရှိရင် သူမလည်းပါချင်တာဖြစ်သည်။
ပိုပြီးအရေးကြီးတာက သူမက ကုနင်းနဲ့အတူရှိရတာ အဆင်ပြေတာဖြစ်သည်။ တကယ်လို့ သူမနဲ့မရင်းနှီးတဲ့လူတွေ အများကြီးရှိရင်တော့ သူမဟာ အိမ်မှာပဲနေချင်လေသည်။
"ငါသိပ်တော့မသေချာဘူး။ ဒါပေမယ့် ဒီမနက်တော့ ကုမ္ပဏီကိုသွားရဖို့ရှိတယ်။ နင်ဘာလို့အရင်မပြောကြည့်တာလဲ။ တကယ်လို့ နင်သွားချင်တဲ့နေရာ တစ်ခုခုရှိရင် ငါတို့ဒီနေ့နေ့လည်မှာ အတူတူသွားလို့ရတယ်လေ"ဟု ကုနင်းကပြောသည်။
တကယ်တော့ လင်ရှောင်းထင်က ဒီနေ့ပြန်လာမှာဖြစ်လို့ ကုနင်းက ပိုင်လီကျုံးရွှယ်ကို သူမနောက် မလိုက်စေချင်ပေ။ တကယ်လို့ သူမသာ ပိုင်လီကျုံးရွှယ်ကို သူမနဲ့အတူခေါ်လာရင် သူမအနေနဲ့ လင်ရှောင်းထင်နဲ့အတူနေနိုင်တော့မှာမဟုတ်ပေ။ သို့သော်လည်း သူမကို မငြင်းပယ်ချင်တာကြောင့် သူမအနေနဲ့ လင်ရှောင်းထင်နဲ့အတူ ညမှာအတူရှိနေနိုင်တော့လေမည်။
အိမ်မှာတော့ ကောင်းယိနဲ့ ချောင်ယတို့ဟာလည်း ရောက်နေလေသည်။
ကောင်းယိနဲ့ ချောင်ယဟာမြို့တော်ကို ပြန်ရောက်နေတာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။ သူမတို့ဟာ ကျီပိုင်ယင်းနှင့် အခြားသူတို့နဲ့လည်း ရင်းနှီးလာနေပြီဖြစ်သည်။ ထို့ကြောင့် သူမတို့အိမ်မှာရှိတဲ့အခါတိုင်း အတူတူထမင်းစားကြသည်ဖြစ်သည်။
ဒီရက်ပိုင်းအတွင်းတွင် ကောင်းယိနှင့် ချောင်ယတို့ဟာ မန်တနှင့် နန်တို့နဲ့အတူ မကြာခဏ တိုက်ခိုက်ရေးပညာများလေ့ကျင့်ကြသော်လည်း သူမတို့က မန်တနှင့် နန်တို့ထက် ပိုသာလေသည်။
မနက်စာစားပြီးနောက် ပိုင်လီကျုံးယန်ကအရင် ပြန်သွားပြီး ပိုင်လီကျုံးရွှယ်ကတော့ ချူးဖေ့ဟန်နဲ့ အခြားသူတို့နဲ့အတူ ဒီနေ့နေ့လည်ဘယ်မှာသွားပြီး ပျော်စရာတွေလုပ်ကြမလဲဆိုတာ ပြောဖို့ရန်ကျန်ခဲ့လေသည်။
ကုနင်းကလည်း အထုပ်အပိုးပြင်ရန် သူမရဲ့အခန်းဆီပြန်သွားလေသည်။ ထို့နောက် သူမရဲ့ ကုမ္ပဏီဆီသို့ ကောင်းယိနှင့် ချောင်ယတို့နဲ့အတူသွားလေသည်။
ကုမ္ပဏီမှာတော့ အရာအားလုံးဟာ ပုံမှန်ပင်ဖြစ်သော်လည်း ဝန်ထမ်းတွေကတော့ အရမ်းအလုပ်များနေလေသည်။
ကူရာကီ အာခဲမီနှင့် ခဲတို တိုးယာရဲ့အခြေအနေကို Kက ကုနင်းအား သတင်းပို့လေသည်။ သူတို့ဟာအဆင်ပြောကာ ရှေ့ရက်အနည်းငယ်ကပင် ဆေးရုံကဆင်းသွားပြီဖြစ်သော်လည်း သူတို့ဟာ အခုတစ်လော ကိစ္စတစ်ခုကို စုံစမ်းနေပုံပေါ်လေသည်။ အကြောင်းအရာအသေးစိပ်တော့ သူ,မသိပေ။
သူတို့ဘာတွေစုံစမ်းနေတယ်ဆိုတာ Kရှာလို့မတွေ့ပေမဲ့လည်း ကုနင်းသိလေသည်။ ထိုအရာဟာ ကျင့်ကြံသူတွေနဲ့ ပတ်သက်တာ တစ်ခုခုဖြစ်ရမည်။
"သူတို့ကို အခုအာရုံစိုက်နေဖို့မလိုတော့ဘူး။ တကယ်လို့ ငါလိုအပ်တာတစ်ခုခုရှိရင် နင့်ကိုလာတွေ့လှည့်မယ်"ဟု ကုနင်း ကပြောသည်။ အခုချိန်ထိတော့ ကူရာကီ အာခဲမီနှင့် ခဲတို တိုးယာတို့ဟာ ပြဿနာကြီးကြီးမားမားမရှာသေးတာမလို့ Kရဲ့အချိန်တွေကို သူတို့အပေါ်ဖြုန်းနေဖို့မလိုအပ်ပေ။ Kမှာလည်း လုပ်စရာ အခြားကိစ္စတွေရှိ၍ဖြစ်သည်။
"ကောင်းပြီလေ"ဟု Kကပြောသည်။
နေ့လည်ခင်းတွင် ကုနင်းနဲ့ အခြားသူတွေဟာ ထွက်လာပြီး ရာစုနှစ်မြို့သို့ပြန်သွားလေသည်။ သူတို့ဟာ ချူးဖေ့ဟန်နဲ့ အခြားသူတို့နဲ့အတူ နေ့လည်စာအတူစားကြပြီးနောက် အပြင်သို့ အလည်အပတ်သွားကြလေသည်။
ကုနင်းကမအားတာကြောင့် လင်ရှောင်းထင်ကမြို့တော်ကို ပြန်ရောက်တဲ့အခါ စစ်ဟယ်ယွမ် ကိုအရင်သွားလေသည်။ ထို့နောက် နေ့လည်ခင်းတွင် သူက ကျင်းယွင်ယောင်အား လင်မိသားစုအိမ်ဆီသို့ ခေါ်သွားလေသည်။
သူက ရှန်းကွမ်းယန်အား သူနဲ့အတူတူသွားရန်ခေါ်သော်လည်း ရှန်းကွမ်းယန်ကငြင်းကာ သူတို့နဲ့အတူတူ မသွားပေ။
ပိတ်ရက်ဖြစ်တာကြောင့် လင်ရှောက်မင်ဟာလည်း ပြန်ရောက်နေတာဖြစ်သည်။ လင်မိသားစုဝင်တွေအားလုံးဟာ ဒီနေ့အကုန်ရှိနေတာဖြစ်လေသည်။
လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့အတူ ပေါ်လာတာနဲ့တပြိုင်နက် ဧည့်ခန်းထဲမှာရှိနေတဲ့ ကျန်းရှူးယွမ်ဟာ ထရပ်ကာ အပေါ်ထပ်သို့တက်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမ မလုပ်ချင်ဆုံးအရာက သူတို့ကိုတွေ့ရမှာဖြစ်တဲ့အတွက် သူတို့ကိုနှုတ်ဆက်ဖို့တော့ ပြောနေစရာတောင် မလိုတော့ပေ။
ဧည့်ခန်းထဲတွင်ထိုင်နေရင်း လင်ရှောက်မင်ဟာ ရှက်သွားသော်လည်း သူ့အမေဖြစ်တာမလို့ အပြစ်တင်ဝေဖန်ပြောဆိုလို့လဲမရပေ။
သူလည်းပဲ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင် တို့ကိုမကြိုက်ပေမဲ့ သူ့ရဲ့ခံစားချက်ကို ဖုန်းကွယ်ကာ သူတို့ကိုပုံမှန်အတိုင်း နှုတ်ဆက်လေသည်။
လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့ကို အေးစက်စွာဆက်ဆံတဲ့ လင်ယွမ်ချန်ရဲ့ မိသားစုအပြင် အခြားမိသားစုတွေကတော့ သူတို့ကို လှိုက်လှိုက်လှဲလှဲပင် နွေးထွေးပြူငှာစွာပင် ကြိုဆိုကြလေသည်။
ယွီယင်ကတော့ ကျင်းယွင်ယောင်ကိုတိုက်ရိုက်ပင် သူမဘေးသို့ဆွဲခေါ်ကာ စကားပြောကြပြီး လင်ရှောင်းထင်ကိုတော့ လင်ရှောက်ရွှမ်းက ကွန်ဖူးသင်ပေးခိုင်းရန် ဆွဲခေါ်သွားလေသည်။
"အန်တီယွင်ယောင်တို့နဲ့အတူ ဘာလို့ ကုနင်းကအတူတူ မလိုက်လာတာလဲ"ဟု လင်ရှောက်ရှီက ကျင်းယွင်ယောင်အားမေးသည်။ ကုနင်းကကျောင်းကိုသွားခဲသလို သူမဟာလဲ ဝန်ထမ်းအစမ်းခန့်ကာလနဲ့ အခုတစ်လော အလုပ်များနေတာကြောင့် ကုနင်းနှင့် သူမနဲ့ မတွေ့တာ တော်တော်ကြာနေပြီဖြစ်လေသည်။ ထို့ကြောင့် သူမအနေနဲ့ ကုနင်းနဲ့တွေ့ဖို့ အချိန်အများကြီးမရှိနေတာဖြစ်သည်။
"သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ အပြင်သွားလည်ကြတယ်"
"ပြီးတာပဲ"ဟု လင်ရှောက်ရှီကအနည်းငယ်စိတ်ပျက်သွားသော်လည်း သူမအနေနဲ့ ဘာမှမလုပ်နိုင်ပေ။
ကျန်းရှူးယွမ်နဲ့ လင်ရှောက်ကျားတို့ဟာ ညစာစားတဲ့အချိန်မှ ထွက်လာလေသည်။
ကျင်းယွင်ယောင်က လင်မိသားစုကို ထပ်ပြီးပြန်ဝင်လာကတည်းက ကျင်းယွင်ယောင်ကိုတွေ့ဖူးတာ လင်ရှောက်ကျားအတွက် ဒီတစ်ခါပထမဆုံးဖြစ်သော်လည်း ကျင်းယွင်ယောင် ပြန်ရောက်နေပြီဆိုသာ သူမသိပြီးပြီဖြစ်လေသည်။
ကျန်းရှူးယွမ် အပေါ်ထပ်သို့တက်လာတုန်းက လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့ရောက်နေတယ်ဆိုလဲ ပြောထားပြီဖြစ်သည်။
လင်ရှောင်းထင်ကိုတွေ့ရမှာ လင်ရှောက်ကျားကကြောက်နေတာမလို့ တချိန်လုံးသူမရဲ့ အခန်းထဲမှာပဲနေနေတာ ဖြစ်သော်လည်း သူမအနေနဲ့ ညစာစားရန် အောက်ထပ်ဆင်းလာရပေသည်။
သူမအနေနဲ့ ပြန်သက်သာရန် အချိန်လိုသေးသော်လည်း အခုတော့လမ်းပြန်လျှောက်နိုင်ပြီဖြစ်တာမလို့ တကယ်လို့ သူမသာ အောက်မဆင်းလာရင် သခင်ကြီးလင်ကသူမကို စိတ်ဆိုးမှာဖြစ်သည်။ ထိုအကြောင်းအရာကြောင့်ပင် သူမက အောက်ထပ်ကိုဆင်းလာတာဖြစ်သည်။
ကျင်းယွင်ယောင်ပြန်လာပြီးနောက် ကျင်းယွင်ယောင်နဲ့တွေ့ဖူးတာ လင်ရှောက်ကျားအတွက် ဒါပထမဆုံးဖြစ်လေသည်။
ကျင်းယွင်ယောင်မှာ ဆိုးရွားတဲ့မတော်တဆမှုဖြစ်ချိန်တုန်းက လင်ရှောက်ကျားက အသက်၇နှစ်ပဲရှိသေးတာဖြစ်ပြီး သိပ်မှတ်မိတာ များများစားစားမရှိပေ။
ဘာပဲဖြစ်ဖြစ် ကျင်းယွင်ယောင်ကို မြင်လိုက်တာနဲ့တပြိုင်နက် လင်ရှောင်းထင်က သူမမှန်းသေချာသွားပြီး ထိုအရာကြောင့်ပဲ သူမဟာ အံဩသွားလေသည်။ ကျင်းယွင်ယောင်ဟာ အရမ်းငယ်ရွယ်နေလေသည်: သူမကိုကြည့်ရတာ အသက်၃၀အရွယ်လောက်ပင် ရှိသေးတင်ဟုထင်ရလေသည်။ ထို့အပြင် သူမဟာ အရမ်းလဲလှပလေသည်။
တကယ်တော့ တကယ်လို့ သူမသာမလှပရင် လင်ရှောင်းထင်လိုသားမျိုး သူမအနေနဲ့ ရှိလာမှာမဟုတ်တော့။
သူမက လင်ရှောင်းထင်ကို မကြိုက်ကာ မုန်းတောင်မုန်းသော်လည်း လင်ရှောင်းထင်က အရမ်းချောတယ်ဆိုတဲ့အချက်ကိုတော့ သူမ,မငြင်းပေ။ လင်ရှောင်းထင်က သူမရဲ့အစ်ကိုထက်တောင် ပိုပြီးချောမောပြီး သူ့ရဲ့ရွယ်တူတွေထဲမှာလည်း ထူးချွန်လေသည်။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်ကို တွေ့သော်လည်း လင်ရှောက်ကျားမှာ သူတို့ကို နှုတ်ဆက်ဖို့ရန် စိတ်ကူးမရှိပေ။
သခင်ကြီးလင်က စိတ်မကျေမနပ်ဖြစ်သွားပြီး လင်ရှောက်ကျားကိုပြောလေသည်။ "ဒါက မင်းရဲ့ အန်တီယွင်ယောင်ပဲ"
သူမက လင်ရှောက်ကျားအား ကျင်းယွင်ယောင်ကို နှုတ်ဆက်ဖို့ အမိန့်ပေးနေတာဖြစ်လေသည်။
ကျင်းယွင်ယောင်ပြန်လာပြီးနောက် ကျင်းယွင်ယောင်ကိုတွေ့တာ လင်ရှောက်ကျားအတွက် ဒီတစ်ခါပထမဆုံးဖြစ်တောင် လင်ရှောက်ကျားက ယွင်ယောင်ကိုမှတ်မိမှန်း သခင်ကြီးလင်က သတိထားမိလေသည်။ အခန်းထဲမှာ သူမ,မတွေ့ဖူးတာဆိုလို့ ကျင်းယွင်ယောင် တစ်ယောက်ပဲရှိ၍ဖြစ်ပြီး ကျင်းယွင်ယောင် ပြန်ရောက်နေပြီဆိုတာ လင်ရှောက်ကျားအား ကျန်းရှူးယွမ်ကပြောပြမည်မှန်းလည်း သခင်ကြီးလင်ကသိလေသည်။
လင်ရှောက်ကျားက တမင်သက်သက် ကျင်းယွင်ယောင်ကို မနှုတ်ဆက်ပဲနေတာဖြစ်လေသည်။
တကယ်လို့ သူမရဲ့ယဉ်ကျေးမှုကိုမမေ့ဘူးဆိုရင် ကျင်းယွင်ယောင်ကိုမသိရင်တောင် သူမအနေနဲ့ လူသစ်ဘယ်သူလဲဆိုတာ မေးမှာဖြစ်လေသည်။
ကျင်းယွင်ယောင်ကို ကျန်းရှူးယွမ်က မနှုတ်ဆက်တာဟာ သူမတို့က မျိုးဆက်တစ်ခုတည်းက ဖြစ်တာကြောင့် ပြဿနာမဟုတ်သော်လည်း လင်ရှောက်ကျားက အငယ်ဖြစ်လေသည်။ သူမအနေနဲ့ ကျင်းယွင်ယောင်ကို လျှစ်လျှူမရှုသင့်ပေ။
လင်ရှောင်းထင်ဟာ နှုတ်မဆက်ချင်ပေမဲ့လည်း သခင်ကြီးလင်ကိုနားထောင်ရမှာဖြစ်တာကြောင့် သူမက မပြောချင်ပြောချင်ပြောရလေသည်။ "မင်္ဂလာပါ အန်တီယွင်ယောင်"
"မင်္ဂလာပါကွယ်။ မင်းက ရှောက်ကျား ဖြစ်ရမယ် ဟုတ်တယ်မလား"ဟု လင်ရှောက်ကျားကသူမကို နှုတ်ဆက်သည့်အတွက် ကျင်းယွင်ယောင်အနေနဲ့ သူမကို လျှစ်လျူရှုလို့မရပေ။ ထို့ကြောင့် သူမဟာ အသံပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။
"ဟုတ်ပါတယ်"ဟု လင်ရှောက်ကျား ကပြောလေသည်။
ထို့နောက် သူမဟာ ဘာမှထပ်မပြောတော့ဘဲ ထမင်းစားရန် ထိုင်လိုက်လေသည်။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့လာတဲ့အခါတိုင်း ကျန်းရှူးယွမ်မှာ အစားစားချင်စိတ်မရှိကာ လင်ရှောက်ကျားဟာလည်းပဲ ထို့အတူပင်ဖြစ်လေသည်။ တစ်ခြားတစ်ဖက်မှာတော့ လင်ယွမ်ချန်နှင့် လင်ရှောက်မင်တို့ကတော့ ဘာမှမဖြစ်ကြပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၀၃ နင့်ကိုထိခိုက်အောင်မလုပ်ဘူး
ကုနင်းနဲ့အခြားသူတွေဟာ တနေ့လည်လုံး အတူတူလည်ပတ်ပျော်ပါးပြီးနောက် ညစာအတူသွားစားကြလေသည်။
ညစာစားပြီးနောက် ကုနင်းက တစ်ယောက်တည်း ပြန်ရန်ဆုံးဖြတ်ထားသော်လည်း စားသောက်ဆိုင်ထဲကထွက်လာပြီးနောက် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါကို သူမခံစားမိလေသည်။ ထို့အပြင် ထိုနတ်ဆိုးကျင့်ကြံသူအဖွဲ့ဝင်ဟာ သူမတို့ကို ကြည့်နေတာဖြစ်လေသည်။
အတိအကျပြောရရင် နတ်ဆိုးကျင့်ကြံသူဟာ သူမနဲ့ ပိုင်လီကျုံးရွှယ်ကို စိုက်ကြည့်နေတာဖြစ်လေသည်။
သူမနဲ့ ပိုင်လီကျုံးရွှယ်တို့ဟာ လနှစ်မှာမွေးဖွားတဲ့ မိန်းကလေးတွေဖြစ်သလို ကျင့်ကြံသူတွေလည်းဖြစ်တာကြောင့် နတ်ဆိုးကျင့်ကြံသူတွေအဖို့ အကူအညီဖြစ်လေရာ နတ်ဆိုးကျင့်ကြံသူဟာ သူတို့နှစ်ယောက်လုံးကို လိုချင်လေသည်။
သူတို့ကို ပြစ်မှတ်ထားခံနေရမှတော့ သူတို့အနေနဲ့ ရင်ဆိုင်ရမည်ဖြစ်သည်။
အပြစ်မဲ့တဲ့သူတွေ မထိခိုက်စေရန်အတွက် ကုနင်းက ပိုင်လီကျုံးရွှယ်ကို နေခဲ့ဖို့ပြောပြီး အခြားသူတွေဟာလည်း ထွက်သွားစေလေသည်။
သူမတို့ရဲ့သူငယ်ချင်းကို ဆေးရုံမှာသွားလည်ဖှိ့ရှိသေးတယ်ဟု သူတို့နဲ့အတူတူ မသွားဖို့ရန် သူမက သူတို့ကိုအကြောင်းပြချက်ရှာကာပေးလိုက်လေသည်။
ထိုအရာကိုကြားတဲ့အခါ အခြားသူတွေဟာ နားလည်သွားကာ သူတို့ထက်အရင် ပြန်သွားကြလေသည်။
"ကုနင်း၊ ဆေးရုံမှာ ဘယ်သူရောက်နေလို့လဲ"ဟု သူတို့ထွက်သွားပြီးနောက် ပိုင်လီကျုံးရွှယ်က စိုးရိမ်စွာမေးလေသည်။ ကုနင်းက အမှန်ပြောနေတာဟု သူမကထင်နေတာဖြစ်လေသည်။
သူတို့ရဲ့ရှိတဲ့ တူညီတဲ့သူငယ်ချင်းတွေဟာ စုန့်မြောင်ကောနှင့် ကျန်းကျီခိုင်တို့ဖြစ်လေသည်။
"မဟုတ်ဘူး။ ငါတို့နောက်ကို တစ်စုံတစ်ယောက်က လိုက်နေတာမလို့ ငါသူတို့ကို လိမ်ပြောလိုက်တာ။ ငါကပြစ်မှတ်မလို့ သူတို့ဒဏ်ရာမရအောင် အရင်သွားဖို့ပြောလိုက်တာ"ဟု ကုနင်းကပြောကာ ထို့နောက်မေးလေသည်။ "နင့်ကိုငါနဲ့အတူတူ ခေါ်ထားလို့ စိတ်ဆိုးလား"
နတ်ဆိုးကျင့်ကြံသူဟာ သူမတို့နှစ်ယောက်လုံးကို လိုချင်တာဖြစ်သော်လည်း တကယ်လို့ သူမတို့သာ တစ်ယောက်တစ်လမ်းဆီသွားကြရင် နတ်ဆိုးကျင့်ကြံသူဟာ လနှစ်မှာမွေးတဲ့ ကုနင်းလိုမိန်းကလေးထက် ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ ပိုင်လီကျုံးရွှယ်ဟာ သူ့အတွက် ပိုအသုံးဝင်တာမလို့ နတ်ဆိုးကျင့်ကြံသူဟာ ပိုင်လီကျုံးရွှယ်ကိုပိုပြီး တိုက်ခိုက်နိုင်ချေများလေသည်။
ကုနင်းဟာ ကျီပိုင်ယင်းနဲ့အခြားသူတွေကို သူမတို့ကြောင့် ထိခိုက်ဒဏ်ရာရမှာ မလိုလားတာမလို့ သူမနဲ့ ပိုင်လီကျုံးရွှယ်ကိုသာ အတူခေါ်ထားနိုင်လေသည်။
သို့သော်လည်း သူမရဲ့လျှို့ဝှက်ချက်ကို ထိန်းသိန်းရန်အတွက် ထိုလူက နတ်ဆိုးကျင့်ကြံသူဆိုတာ ကုနင်းအနေနဲ့ ပိုင်လီကျုံးရွှယ် ကိုမပြောပြနိုင်တာမလို့ သူမက အကြောင်းပြချက်လုပ်လိုက်တာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမရဲ့လျှို့ဝှက်ချက်တွေဟာ သိပ်မကြာခင်ပေါ်သွားနိုင်ကြောင်း ကုနင်းကစိုးရိမ်နေလေသည်။ အဘယ့်ကြောင့်ဆို သူမက ကျင့်ကြံသူအသစ်ဖြစ်တာကြောင့် သူမရဲ့စွမ်းရည်တွေဟာ နတ်ဆိုးကျင့်ကြံသူကို အနိုင်တိုက်ဖို့ရာ မလုံလောက်ဖူးဟုထင်၍ဖြစ်သည်။ ပိုင်လီကျုံးရွှယ်လည်းပဲ တစ်ယောက်တည်းမနိုင်နိုင်တာမလို့ သူမအနေနဲ့ မှော်စွမ်းအင်တွေကို သုံးရပေမည်။
ထိုအရာကိုကြားတဲ့အခါ ပိုင်လီကျုံးရွှယ်ဟာစိတ်တိုသွားသော်လည်း ကုနင်းက သူမကိုအတူနေခဲ့ဖို့ပြောလို့ စိတ်ဆိုးတာလုံးဝမဟုတ်ပေ။ "ငါလုံးဝစိတ်မဆိုးဘူး။ ငါတို့က သူငယ်ချင်းတွေလေ။ ငါတို့အနေနဲ့ အခက်အခဲတွေကို အတူတူကျော်ဖြတ်သင့်တယ်"
"ကောင်းတယ်။ သွားကြရအောင်။ ငါတို့ကို ပြစ်မှတ်အထားခံနေရမှတော့ ငါတို့အနေနဲ့ အတူရင်ဆိုင်ရမယ်။ အဲဒီလူထွက်လာနဲ့တပြိုင်နက် ငါတို့ သူ ဒါမှမဟုတ် သူမကို ရိုက်နှက်ပြီး ပြဿနာထက်မရှာအောင် တားရမယ်"ဟု ကုနင်း ကပြောသည်။
တကယ်တော့ တကယ်လို့သူမတို့ရှောင်ချင်ရင်တောင် သူမတို့အနေနဲ့ ရှောင်နိုင်မှာမဟုတ်ပေ။ မဟုတ်လျှင် ကုနင်းက အစောကြီးကတည်းက ထွက်သွားပြီးဖြစ်လေသည်။ အဲ့တာဆိုရင်တော့ သူမအနေနဲ့ နတ်ဆိုးကျင့်ကြံသူကို ရင်ဆိုင်ဖို့မလိုကာ သူမရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ပြဖို့မလိုပေ။
"ကောင်းပြီလေ"ဟု ပိုင်လီကျုံးရွှယ် ကပြောသည်။
ထို့နောက် သူတို့ဟာ တခြားတစ်ဖက်ကို လမ်းလျှောက်သွားကြပြီး နတ်ဆိုးကျင့်ကြံသူဟာ သူတို့နောက်ကလိုက်လာမှန်း ကုနင်းကခံစားမိလေသည်။
သူတို့လမ်းလျှောက်လာနေရင်း ကုနင်း ဟာရုတ်တရက်ပဲ ပိုင်လီကျုံးရွှယ် ဟာ လေးလေးနက်နက်ပင်မေးလိုက်လေသည်။ "ကျုံးရွှယ်၊ ငါတို့ကသူငယ်ချင်းတွေမလို့ တကယ်လို့နင့်အနေနဲ့ ငါ့ရဲ့လျှို့ဝှက်ချက်တစ်ခုကိုသိရင်တောင် နင်အခြားသူတွေကိုပြောပြတာ ဒါမှမဟုတ် ငါ့ကိုသစ္စာဖောက်တာမျိုး မလုပ်ဘူး ဟုတ်တယ်မလား"
တကယ်တော့ ကုနင်းက ပိုင်လီကျုံးရွှယ်ကိုယုံကြည်လေသည်။ မဟုတ်လျှင် သူမကိုထိုမေးခွန်းမျိုး မေးမှာမဟုတ်ပေ။
တကယ်လို့ ပိုင်လီကျုံးရွှယ်က အခြားသူတွေကို ပြောပြရင်တောင် သူမက ကျင့်ကြံသူလောကနဲ့ ရန်ငြိုးမရှိတာကြောင့် သူမအနေနဲ့ အန္တရာယ်ရှိမှာမဟုတ်ပေ။ တကယ်လို့သူတို့သိသွားတောင် ကျင့်ကြံသူလောကက သူမကို အပြစ်ပေးမှာမဟုတ်ပေ။
တကယ်လို့ တစ်ယောက်ယောက်သာ သူမကို ထိခိုက်စေချင်ရင်တောင် ရှန်းကွမ်းယန်က သူမဘက်မှာ ရှိမှာမလို့ ကုနင်းကလည်း ကြောက်နေမှာမဟုတ်ပေ။
ကုနင်းဟာ ရုတ်တရက်ပဲအရမ်းလေးလေးနက်နက်ဖြစ်သွားတာမလို့ ပိုင်လီကျုံးရွှယ် ခဏတာကြောင်သွားပြီးနောက် စိတ်ပူသွားလေသည်။ သူမနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ရတဲ့ သူမရဲ့ ရည်ရွယ်ချက်ကို ကုနင်း သိသွားတာများလား။
"ကုနင်း၊ ငါနင့်ကိုထိခိုက်အောင်မလုပ်ဘူး"ဟု ပိုင်လီကျုံးရွှယ်က ကုနင်းရဲ့ မေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်းမသိပေ။ အဘယ်ကြောင့်ဆိုသော် ကုနင်းရဲ့လျှို့ဝှက်ချက်တွေကို အခြားသူတွေအား ပြောပြမလား မပြောပြမလားဆိုတာ သူမအနေနဲ့ မသေချာ၍ဖြစ်သည်။ သို့သော်လည်း ကုနင်းကို သူမရဲ့သူငယ်ချင်းအရင်းတစ်ယောက်လို စိတ်ရင်းနဲ့သဘောထားတာမလို့ ကုနင်းကိုရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်တာဖြစ်ပေမဲ့လည်း ကုနင်းကိုထိခိုက်အောင်မလုပ်မည်ဖြစ်ကြောင်းတော့ သူမကတိပေးနိုင်လေသည်။
ပိုင်လီကျုံးရွှယ်ရဲ့ အဖြေကိုကြားတဲ့အခါ သူမရဲ့လျှို့ဝှက်ချက်တွေကို သူမတို့ကြားမှာပဲ သိမ်းမထားနိုင်ကြောင်း ကုနင်း နားလည်လေသည်။ ပိုင်လီကျုံးရွှယ်က သူမကို ထိခိုက်အောင်မလုပ်ဖူးလို့လည်း သူမကယုံကြည်လေသည်။ ပိုင်လီမိသားစုမှာ နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့သူ မရှိပေ။
"ကောင်းတယ်။ ငါနင့်ကိုယုံတယ်"ဟု ကုနင်းကပြောသော်လည်း ပိုင်လီကျုံးရွှယ်ကို သူမရဲ့လျှို့ဝှက်ချက်ဟာ ဘာမှန်းမပြောပြနိုင်ပေ။
ပိုင်လီကျုံးရွှယ်ဟာ ကုနင်းနဲ့မျက်နှာချင်းဆိုင်ရတာ ရှက်နေတာမလို့ ထိုအကြောင်းကို ဘာမှဆက်မမေးတော့ပေ။
ပိုင်လီကျုံးရွှယ်နှင့် ကုနင်းတို့ရဲ့ရှေ့တွင် ပန်းခြံတစ်ခုရှိလေသည်။ လူလုပ်ရေကန်တစ်ခုလည်း ပန်းခြံထဲမှာရှိပြီး သစ်တောလေးတစ်ခုကတော့ ဘေးမှာရှိလေရာ လူသူကင်းရှင်းတဲ့နေရာဖြစ်တာမလို့ ကုနင်းက နတ်ဆိုးကျင့်ကြံသူကို ထိုနေရာသို့ ခေါ်ထုတ်ရန် စီစဉ်လိုက်လေသည်။
အချိန်ဟာ ည၈နာရီမထိုးသေးသော်လည်း ပန်းခြံထဲတွင် လူအများကြီးမရှိပေ။ နိုဝင်ဘာလမှာ အေးနေပြီဖြစ်တာကြောင့် လမ်းလျှောက်ထွက်တဲ့လူ နည်းနေပြီဖြစ်သည်။ ပြီးတော့ လူအချို့ရှိနေရင်တောင် သူတို့က လူသွားလမ်းပန်းခြံအလယ်မှာပင် ရှိနေမည်ဖြစ်ကာ လူလုပ်ရေကန်ကို ဖြတ်လျှောက်တဲ့လူရှားလေသည်။
နတ်ဆိုးကျင့်ကြံသူဟာ သူမဟာ ပေါ်သွားပြီးနေပြီဆိုတာ မသိပေ။ အဘယ်ကြောင့်ဆိုသော် သူမရဲ့ မျက်လုံးထဲမှာ ကုနင်းက သေမျိုးတစ်ယောက်ဖြစ်၍ဖြစ်သည်။ သေမျိုးတစ်ယောက်အနေနဲ့ သူမကို သတိထားမိဖို့ရာ လုံးဝမဖြစ်နိုင်ပြီး ပိုင်လီကျုံးရွှယ်ဟာ ကျင့်ကြံသူဖြစ်သော်လည်း သူမရဲ့သိုင်းအဆင့်ဟာ အရမ်းသာမာန်ပင်ဖြစ်တာမလို့ သူမအနေနဲ့ နတ်ဆိုးကျင့်ကြံသူကို မမြင်နိုင်ချေ။
နတ်ဆိုးကျင့်ကြံသူဟာ အမျိုးသမီးတစ်ယောက်ဖြစ်တာမလို့ သူဖြစ်ရမည့်အစား သူမ,ဖြစ်လေသည်။
သူမတို့နောက်ကိုလိုက်နေတဲ့လူကို သူမသတိမထားမိဘဲ ကုနင်းကသတိထားမိတာကြောင့် ပိုင်လီကျုံးရွှယ်က အနည်းငယ် မကျေမနပ်ဖြစ်သွားလေသည်။
သို့သော်လည်း သူမက စိတ်ရှုပ်သွားပေမဲ့လည်း ပိုင်လီကျုံးရွှယ်က ထိုအရာကိုမမေးပေ။ ကုနင်းက သူမကိုမလိမ်မှန်း သူမကယုံကြည်လေသည်။
ပိုင်လီကျုံးရွှယ်နှင့် ကုနင်းတို့ လူတိတ်တဲ့နေရာကို လမ်းလျှောက်သွားတဲ့အခါမှာ နတ်ဆိုးကျင့်ကြံသူဟာ သံသယမဝင်ပေ။ သူမက သူမတို့အနားကိုရောက်ဖို့သာ အာရုံစိုက်နေလေသည်။
အခွင့်အရေးအကောင်းတွေ့တာနဲ့တပြိုင်နက် ပိုင်လီကျုံးရွှယ်နှင့် ကုနင်းတို့ကို သူမဟာ မျက်လုံးထဲတွင် ဂုဏ်ယူမှုအပြည့်ဖြင့် လျင်မြန်စွာပင်တိုက်ခိုက်လိုက်လေသည်။ သူမတို့ကို စက္ကန့်ပိုင်းအတွင်းတွင် သူမအနေနဲ့ အမေ့လဲလိုက်နိုင်မည်ဟု သူမက ယုံကြည်နေတာဖြစ်သည်။ သူမအနေနဲ့ ပိုင်လီကျုံးရွှယ်နဲ့ တိုက်ခိုက်မှုအတိုလေးတစ်ခုတော့ ရှိပေလိမ့်မည်။
တကယ်လို့ သူတို့သာ သေမျိုးတွေဖြစ်ရင်တော့ သူမကို သတိထားမိခင်မှာပင် သူတို့ကို ဖမ်းမိနေပြီဖြစ်သည်။ ဒါပေမယ့် ကုနင်းက သာမာန်မိန်းကလေးမဟုတ်ပေ။ ထို့အပြင် ကုနင်းက နတ်ဆိုးကျင့်ကြံသူရဲ့ လှုပ်ရှားမှုမှန်သမျှကို အာရုံခံနိုင်လေသည်။
ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူအနားကပ်လာတာနဲ့တပြိုင်နက် ပိုင်လီကျုံးရွှယ်ဟာ အန္တရာယ်ကို ခံစားမိသွားပြီး နတ်ဆိုးကျင့်ကြံသူကို မြင်လေသည်။
ချက်ချင်းပဲ ပိုင်လီကျုံးရွှယ် ဟာကြောက်လန့်သွားလေသည်။ နတ်ဆိုးကျင့်ကြံသူဖြစ်တာမလို့ ထိုမိန်းမဟာ သူမနဲ့ ကုနင်းကို ပြဿနာလာရှာတာဟာ သူမကြောင့်ဟု ပိုင်လီကျုံးရွှယ် သေချာလေသည်။
ပိုင်လီကျုံးရွှယ်ကထိုသို့ထင်လိုက်တာဟာ သူမရဲ့သိုင်းအဆင့်က နိမ့်ကာ ကောင်းတဲ့ကျင့်ကြံသူဖြစ်၍ဖြစ်သည်။ သူမဟာ ကုနင်းရဲ့ခန္တာကိုယ်မှ လနှစ်မှာမွေးတဲ့ မိန်းကလေးတွေရဲ့ အငွေ့အသက်ကို မခံစားမိ၍ဖြစ်သည်။
ပိုင်လီကျုံးရွှယ်က ကြောက်လန့်သွားပြီးနောက် သူမက ချက်ချင်းပဲပြန်တိုက်ခိုက်ကာ အော်ပြောလိုက်လေသည်။ "ကုနင်း၊ ဝေးဝေးမှာနေ။ သူမကို ငါ့နဲ့ထားလိုက်"
ကုနင်းက သိုင်းပညာမှာ အရမ်းတော်တယ်ဆိုတာ ပိုင်လီကျုံးရွှယ်ကသိသော်လည်း ထိုအမျိုးသမီးဟာ နတ်ဆိုးကျင့်ကြံသူဖြစ်လေသည်။ သေမျိုးတွေဟာ သူမရဲ့ပြိုင်ဖက်မဟုတ်ပြီး ကုနင်း ဒဏ်ရာရသွားမှာ သူမကစိုးရိမ်နေတာဖြစ်သည်။
ကုနင်းဟာ ဘေးသို့ရှောင်မသွားပေ။ ထို့အစား ပိုင်လီကျုံးရွှယ်ထက်အရင် နတ်ဆိုးကျင့်ကြံသူကို တိုက်ခိုက်လိုက်လေသည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၀၄ လွှတ်ပေးရမယ်? ဖြစ်နိုင်လို့လား?
နတ်ဆိုးကျင့်ကြံသူကို တိုက်ခိုက်ဖို့ရန် သူမရဲ့မှော်စွမ်းအင်သုံးဖို့လိုအပ်ပြီး သူမရဲ့လျှို့ဝှက်ချက်တွေကို ပိုင်လီကျုံးရွှယ်ကိုပြောပြဖို့ရည်ရွယ်ထားတာကြောင့် နတ်ဆိုးကျင့်ကြံသူကို အနိုင်ရဖို့ရာ သူမရဲ့မှော်စွမ်းအင်တွေကို တိုက်ရိုက်ထုတ်လွှတ်လိုက်လေသည်။
သူမရဲ့ စွမ်းအားပြင်းတဲ့မှော်စွမ်းအင်တွေ နတ်ဆိုးကျင့်ကြံသူနဲ့ ထိတွေ့တာနဲ့တပြိုင်နက် ဘာမှမပြင်ဆင်ထားတဲ့ နတ်ဆိုးကျင့်ကြံသူဟာ လန့်သွားကာ မီတာအနည်းငယ် နောက်ဆုတ်သွားလေသည်။
သူမကိုအံအားသင့်စေစွာပင် ဒီသေမျိုးက မှော်စွမ်းအင်တွေကို ထုတ်လွှတ်နိုင်ပေလေသည်။
ပြီးတော့ နတ်ဆိုးကျင့်ကြံသူတင်မဟုတ်ပေ။ ပိုင်လီကျုံးရွှယ်လည်းပဲ ကြောင်သွားလေသည်။ ကုနင်းမှာ မှော်စွမ်းအင်တွေရှိတယ်လား။
နတ်ဆိုးကျင့်ကြံသူကို တိုက်ခိုက်ပြီးနောက် ကုနင်းကသူမရဲ့ ကျင့်ကြံသူအဆင့်ကို ပြသ,သလိုဖြစ်သွားလေသည်။ သူမက ပေါင်းစည်းခြင်းအဆင့်မှာပင်ရှိသေးလေသည်။
တကယ်လို့ ကုနင်းက ပေါင်းစည်းခြင်းအဆင့်မှာပဲရှိသေးရင်တောင် နတ်ဆိုးကျင့်ကြံသူဟာ သတိထားလာပြီး သူမကို စိုက်ကြည့်လိုက်လေသည်။ ပေါင်းစည်းခြင်းအဆင့် အဆင့် ကျင့်ကြံသူတစ်ယောက်က သူမရဲ့အဆင့်ထက်မြင့်တဲ့ မှော်စွမ်းအင်တွေ ဘယ်လိုတောင် ထုတ်လွှတ်နိုင်နေတာလဲ။
သူမက စောနက ကုနင်းကို အလွယ်လေးသတ်မှတ်ထားပြီး တုန့်ပြန်တာနှေးသွားသော်လည်း ကုနင်းဆီမှ ကျင့်ကြံသူရဲ့အရှိန်အဝါတွေကို သူမအာရုံမခံမိပေ။ အဲ့တာဆိုရင် ဘာလို့ရုတ်တရက် ပေါ်လာတာလဲ။ ကုနင်းရဲ့သိုင်းအဆင့်နဲ့ သူမရဲ့ကျင့်ကြံခြင်းအရှိန်အဝါကို ဖုန်းကွယ်ထားလို့ ရတာလား။
ထိုအရာဟာ လုံးဝမဖြစ်နိုင်ပေ။ ကုနင်းက အသက်၂၀အရွယ်လောက်သာရှိသေးပုံပေါ်တာမလို့ သူမက သိုင်းအဆင့်အရမ်းမြင့်တယ်ဆိုတာကို နတ်ဆိုးကျင့်ကြံသူက မယုံပေ။
ပိုင်လီကျုံးရွှယ်ပင်လျင် ထိုသို့တွေးမိလေသည်။
ရုတ်တရက်ပဲ ကုနင်းသူမကို ခုနကပြောလိုက်တာကို ပိုင်လီကျုံးရွှယ် အမှတ်ရသွားလေသည်။ ကုနင်းရဲ့ လျှို့ဝှက်ချက်တွေကို သိသွားပြီးရင် အခြားသူတွေကို ပြောပြမှာလား ဒါမှမဟုတ် သူမကို သစ္စာဖောက်မှာလားဆိုတာကိုပင်။
လျှို့ဝှက်ချက်က ကုနင်းလည်းပဲ ကျင့်ကြံသူဆိုတာပင် ဖြစ်ရမည်။
တကယ်လို့ ကုနင်းကကျင့်ကြံသူဆိုရင် ပိုင်လီကျုံးရွှယ်နဲ့သူမရဲ့အစ်ကိုတို့ကလဲ ကျင့်ကြံသူတွေဆိုတာနဲ့ သူမတို့ရဲ့တကယ့်ရည်ရွယ်ချက်ကို သူမသိပြီးဖြစ်လောက်ပေမည်။
ထိုအရာကိုတွေးမိတဲ့အခါ ပိုင်လီကျုံးရွှယ်ဟာ ကုနင်းနဲ့မျက်နှာချင်းဆိုင်ရမှာ ရှက်သော်လည်း အခုချိန်ဟာ ထိုအရာကို တွေးနေဖို့ရာ အချိန်ကောင်းမဟုတ်သေးပေ။
"မင်းဘယ်သူလဲ"ဟု နတ်ဆိုးကျင့်ကြံသူက ကုနင်းကို စိုက်ကြည့်လျက် ကြောက်စရာကောင်းတဲ့ပုံဖြင့် အေးစက်စက်မေးလိုက်လေသည်။
"ငါက ငါပဲ"ဟု ကုနင်းကပြောသည်။
နတ်ဆိုးကျင့်ကြံသူရှေ့မှာ ကုနင်းကကြောက်စိတ်လုံးဝမပြတာမလို့ ကုနင်းရဲ့တကယ့်သိုင်းအဆင့်ကို နတ်ဆိုးကျင့်ကြံသူဟာ ပို၍စိတ်ရှုပ်သွားလေသည်။
ဘာပဲဖြစ်ဖြစ် မှော်စွမ်းအင်က ရုန်းကန်ထွက်ပေါ်လာစမလို့ ခဏတာပြင်းထန်နေတာဖြစ်ရမည်နှင့် သူတို့အနေနဲ့ထွက်သွားနိုင်ပြီး အသက်ရှင်နိုင်ဖို့ရာအတွက် ကုနင်းက တည်ငြိမ်ချင်ယောင်ဆောင်ပြီး သူမကိုစိတ်ရှုပ်အောင်လုပ်နေတယ်ဟု သူမကတွေးမိလေသည်။
နတ်ဆိုးကျင့်ကြံသူဟာ ထိုအရာကအမှန်ဖြစ်မယ်ဟု ယုံကြည့်တာမလို့ သူမက ကုနင်း အပေါ်သတိထားနေတာတွေ လျော့နည်းလာလေသည်။
"ဟွန့်။ မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ မင်းတို့နှစ်ယောက်လုံးဟာ ဒီညငါ့ရဲ့စားစရာဖြစ်တော့မှာ"ဟု နတ်ဆိုးကျင့်ကြံသူဟာ အေးစက်ပြီးတိုးညှင်းတဲ့လေသံဖြင့်ပြောလေသည်။ ထို့နောက် သူမက ကုနင်းနဲ့ ပိုင်လီကျုံးရွှယ်တို့ကို ထပ်ပြီး တိုက်ခိုက်လေသည်။
ပိုင်လီကျုံးရွှယ်လည်းပဲအဖြေကို မစဉ်းစားနိုင်ပေ။ ဘာလို့ ကုနင်းက သူမနဲ့ သိုင်းအဆင့်အတူတူရှိပေမဲ့လည်း ပိုစွမ်းအားပြင်းတဲ့ မှော်စွမ်းအင်တွေကို ထုတ်လွှတ်နိုင်နေတာလဲ။ သူမဟာလည်းပဲ ကုနင်းရဲ့သိုင်းအဆင့်က မြင့်လွန်း၍ သူမရဲ့စွမ်းရည်တွေကို ဖုံးကွယ်နိုင်သည်ဟု မထင်ပေ။ ထို့ကြောင့် ကုနင်းအနေနဲ့ နတ်ဆိုးကျင့်ကြံသူကို မနှိမ်နင်းနိုင်မှာကို သူမကစိုးရိမ်လာပြီး ကုနင်းကို သူမတတ်နိုင်သလောက် အစွမ်းကုန်ကူညီလေသည်။
သို့သော်လည်း သူတို့ဟာ ကုနင်းကို အထင်သေးမိလေသည်။ ကုနင်းရဲ့သိုင်းအဆင့်ဟာ နိမ့်ပေမဲ့လည်း သူမမှာ ဖီးနစ်ငှက်ရဲ့သွေးအစွမ်း အကူအညီရှိတာမလို့ သူမက အားမနည်းပေ။
နတ်ဆိုးကျင့်ကြံသူဟာ အလယ်အဆင့်မှာပဲ ရှိတာမလို့ ကုနင်းအနေနဲ့ တစ်ယောက်တည်း အနိုင်တိုက်နိုင်လေသည်။
ထိုအရာကိုမြင်တဲ့အခါ နတ်ဆိုးကျင့်ကြံသူရော ပိုင်လီကျုံးရွှယ် ရောက အံအားသင့်သွားကြလေသည်။ သူတို့ကို အံဩစေတာက ကုနင်းက ကြည့်ရတာထက် ပိုပြီးစွမ်းနေတာပင်။
နတ်ဆိုးကျင့်ကြံသူဟာ အန္တရာယ်အငွေ့အသက်ကို ခံစားမိကာ သူမအပြစ်မလုပ်သင့်တဲ့လူတစ်ယောက်ကို အပြစ်လုပ်မိပြီဆိုတာ သဘောပေါက်သွားလေသည်။ ဒါပေမယ့်လည်း သူမအနေနဲ့ လက်လျော့လိုက်ဖို့ရာ နောက်ကျသွားလေပြီ။
နတ်ဆိုးကျင့်ကြံသူကို တိုက်ခိုက်ဖို့ရာအတွက် ကုနင်းအနေနဲ့ သူမရဲ့မှော်စွမ်းအင်နဲ့ စွမ်းရည်တွေကို သုံးရတာမလို့ သူတို့ဟာ ကျယ်လောင်ပြီး ကြောက်ဖို့ကောင်းတဲ့အသံတွေ ဖြစ်ပေါ်စေလေသည်။ ပန်းခြံထဲမှာ လူတွေရှိတာကြောင့် ကုနင်းအနေနဲ့ တိုက်ခိုက်မှုကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင်လုပ်ရပေမည်။ သူမဟာ သူမရဲ့စွမ်းအားကိုအကုန်သုံးဖို့ တွန့်ဆုတ်မနေတာမလို့ နတ်ဆိုးကျင့်ကြံသူဟာ မလွတ်မြောက်နိုင်တော့ပေ။
သူတို့ရဲ့တိုက်ခိုက်မှုကနေ လွင့်လာတဲ့မှော်စွမ်းအင်တွေကြောင့် ပိုင်လီကျုံးရွှယ် ဟာနောက်ဆုတ်လိုက်ရလေသည်။ သူတို့ရဲ့မှော်စွမ်းအင်တွေကို သူမရဲ့သိုင်းအဆင့်ဖြင့် မဖယ်ရှားနိုင်တာမလို့ ကုနင်းက နတ်ဆိုးကျင့်ကြံသူကို တိုက်ခိုက်နေတာကို သူမရဲ့မျက်လုံးတွေထဲမှာ အရမ်းအံဩစွာနဲ့ပဲ ကြည့်နေရလေသည်။
ကုနင်းကဘယ်လောက်တောင် သန်မာတာလဲ။
အခြားသူတွေကလည်း ဆူဆူညံညံအသံတွေကိုကြားတာမလို့ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ရှုရန် လမ်းလျှောက်လာကြလေသည်။
အကွာအဝေးဟာ ဝေးတာအပြင် ညအချိန်နောက်ကျနေပြီလဲဖြစ်တာမလို့ သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ လူတစ်ချို့တိုက်ခိုက်နေတယ်ဆိုတာကိုသာ သူတို့အနေနဲ့ ခံစားမိလေသည်။
အချို့ဟာ အနီးအနားကိုလျှောက်လာချင်တာကြောင့် ထိုလူကိုတားရန် ပိုင်လီကျုံးရွှယ်အား ကုနင်းကပြောလိုက်လေသည်။ တကယ်လို့သေမျိုးတွေသာ အရမ်းနီးနီးကပ်ကပ်ရောက်လာရင် သူတို့အနေနဲ့ မှော်စွမ်းအင်တွေကြောင့် ဒဏ်ရာရသွားနိုင်လေသည်။ သူတို့အနေနဲ့ သာမာန်မဟုတ်တဲ့အရာတွေကိုတွေ့သွားနိုင်ကာ ကော်လဟာလတွေလည်း စတင်ပြန့်နှုန့်လာနိုင်ပေသည်။
တကယ်လို့ လူကြားထဲရုတ်ရုတ်သဲသဲဖြစ်သွားရင် ရှင်းရတာခက်ခဲပေလိမ့်မည်။
သို့သော်လည်း ပိုင်လီကျုံးရွှယ်အနေနဲ့ တစ်ဖက်ထဲက လူတွေကိုသာတားနိုင်ပြီး တခြားတစ်ဖက်က လူတွေကိုတော့ မတားနိုင်ပေ။
အခြားတစ်ဖက်တွင် လူတစ်ချို့ချဉ်းကပ်လာပေမဲ့လည်း သူတို့ဟာ အနီးအနားပတ်ဝန်းကျင်ကို ရောက်လာတာနဲ့တပြိုင်နက် ဖိအားတွေခံစားရလေသည်။ သူတို့ဟာ ရှေ့ဆက်လမ်းလျှောက်သွားလို့မရတော့တာမလို့ နောက်ပြန်လှည့်သွားကြလေသည်။
ကံကောင်းစွာပင် သူတို့နောက်လှည့်သွားပြီး ရှေ့ဆက်၍တိုးမလာတော့ပေ။
ဆယ်မိနစ်အတွင်းမှာပင် ကုနင်းက နတ်ဆိုးကျင့်ကြံသူကို ထိန်းချုပ်လိုက်ကာ ဘာဖြစ်သွားလဲဆိုတာ လူတစ်ချို့သာ မြင်လိုက်လေသည်။
တိုက်ခိုက်မှုပြီးသွားတာနဲ့တပြိုင်နက် နေရာတစ်ခုလုံးဟာ ပြန်၍တိတ်ဆိတ်သွားပြီး လာရောက်ကြည့်ရှုသူတွေဟာလည်း ပိုင်လီကျုံးရွှယ်ရဲ့ နှင်ထုတ်ခြင်းခံလိုက်ရလေသည်။
"ငါ့ကိုလွှတ်"ဟု နတ်ဆိုးကျင့်ကြံသူဟာ ရုန်းကန်သော်လည်း သူမအနေနဲ့ မလွတ်မြောက်နိုင်ပေ။
"နင့်ကိုလွှတ်ပေးရမယ်။ အဲ့ဒီလိုဖြစ်လာနိုင်မယ်လို့ နင်ထင်နေတာလား။ နင်အခုလေးတင်ပဲ ငါတို့ကိုစားချင်နေတာလေ"ဟု ကုနင်းကပြောကာ လှောင်လေသည်။
"နင်ဘယ်သူလဲ။ နင့်သိုင်းအဆင့်ကမမြင့်ဘဲနဲ့ ဘာလို့စွမ်းအားပြင်းတဲ့မှော်စွမ်းအင်တွေ ထုတ်လွှတ်နိုင်နေတာလဲ။ စောနက နင့်ကိုယ်ကနေ ကျင့်ကြံသူရဲ့အငွေ့အသတ်တွေ ငါအာရုံမခံမိဘူး"ဟု နတ်ဆိုးကျင့်ကြံသူကမေးသည်။ အခုချိန်ထိတောင် အကြောင်းပြချက်ကို သူမက သိချင်နေသေးလေသည်။
ပိုင်လီကျုံးရွှယ်ဟာလည်းပဲ သိချင်နေတာဖြစ်သည်။ သူမက ထိုအရာကိုမေးမှာမဟုတ်ပေ။ တကယ်လို့ ကုနင်းက သူမကိုပြောပြချင်ရင်တော့ သူမအနေနဲ့ ရှင်းပြချက်ကို နားထောင်ပေးမည်ဖြစ်သည်။
"မပြောပြဘူး"ဟု ကုနင်း ကပြောလေသည်။
"နင်ဘာလုပ်ချင်နေတာလဲ"ဟု နတ်ဆိုးကျင့်ကြံသူကမေးသည်။ သူမကျရှုံးပြီးနောက် ဘာမှကောင်းတာဖြစ်တာမှာမဟုတ်ဘူးဆိုတာ သိပေမဲ့လည်း ကုနင်းက သူမကိုလွှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေသေးလေသည်။
ကုနင်းကမဖြေပေမဲ့လည်း ပိုင်လီကျုံးရွှယ် ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။ "ကျုံးရွှယ်၊ နင်အခုသွားလို့ရပြီ။ ဒီညဖြစ်ပျက်သမျှတွေကို ကျေးဇူးပြုပြီး လျှို့ဝှက်ထားပေးပါ"
သူမက နတ်ဆိုးကျင့်ကြံသူကို အပြစ်ပေးတော့မှာဖြစ်ပေမဲ့လည်း ကျောင်းလုံက လင်ရှောင်းထင်နဲ့အတူရှိနေတာလို့ သူမအနေနဲ့ သူ့အကူအညီလိုအပ်လေသည်။
"ကောင်းပြီလေ"
ကုနင်းက သူမရှေ့မှာ နတ်ဆိုးကျင့်ကြံသူကို အပြစ်မပေးချင်တာကို ပိုင်လီကျုံးရွှယ် နားလည်လေသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက နတ်ဆိုးကျင့်ကြံသူကို နှိမ်နှင်းနိုင်မှတော့ သူမအနေနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်လေသည်။ ပိုင်လီကျုံးရွှယ်က ကုနင်းရဲ့လုံခြုံရေးကို စိုးရိမ်မနေတော့ပေ။ ထို့ကြောင့် ပိုင်လီကျုံးရွှယ်က ကုနင်းပြောတာကို သဘောတူလိုက်လေသည်။
သူမက သဘောတူပြီးမှတော့ သူမကတိပေးထားသည့်အတိုင်း လုပ်မည်ဖြစ်သည်။
အဲဒီအချိန်မှာ လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့ကတော့ လင်မိသားစုစံအိမ်မှာပဲ ရှိသေးလေသည်။ သူတို့ဟာ အခုလေးတင်ပဲ ညစာစားပြီးကာ အခြားလူတွေနဲ့ စကားပြောနေတာဖြစ်လေသည်။
ကုနင်းရဲ့ဖုန်းကိုရပြီးနောက် သူအရေးတကြီးကိစ္စတစ်ခု ဖြေရှင်းဖို့ပေါ်လာလို့လို့ လင်ရှောင်းထင်က သခင်ကြီးလင် အားပြောလိုက်လေသည်။ သခင်ကြီးလင် ကသူ့ကိုနေဖို့တွန်းအားမပေးတာမလို့ လင်ရှောင်းထင်ဟာ ကျင်းယွင်ယောင်နဲ့အတူ ကုနင်းနဲ့တွေ့ဖို့ ထွက်သွားလေသည်။
....
ကုနင်းနဲ့ဘာတွေဖြစ်သွားတယ်ဆိုတာကို ပိုင်လီကျုံးရွှယ်ဟာ ထွက်လာပြီးနောက် ဆက်၍တွေးနေမိလေသည်။ ကုနင်းကလည်းပဲ ကျင့်ကြံသူဆိုတဲ့အချက်ကို သူမအနေနဲ့ လက်ခံရတာ ခက်ခဲနေလေသည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၀၅ ငါသေလို့မရသေးဘူး
ကုနင်းရဲ့ခန္ဓာကိုယ်ကနေ ကျင့်ကြံသူအငွေ့အသက်ကို သူမဘာလို့ ဒီလောက်ကြာမှ ခံစားမိတာလဲ။ ကုနင်းက သူမနဲ့သိုင်းအဆင့်တူပေမဲ့လည်း ဘာလို့ပိုစွမ်းအားပြင်းတဲ့ မှော်စွမ်းအင်တွေ ထုတ်လွှတ်နိုင်တာလဲ။
ရုတ်တရက်ပဲ ပိုင်လီကျုံးရွှယ်ဟာ ရှန်းကွမ်းယန်ရဲ့ အမျိုးသမီးတပည့် ချင်းဟယ်ကိုတွေးမိလေသည်။
ကုနင်းရဲ့အခြေအနေဟာ ချင်းဟယ်နဲ့ တပုံစံတည်းပင်ဖြစ်လေသည်။
ထိုအရာကိုတွေးမိတဲ့အခါ အကြံတစ်ခု ပိုင်လီကျုံးရွှယ် စဉ်းစားမိလေသည်။ ချင်းဟယ်က ကုနင်း များလား။
သူတို့မှာ မတူတဲ့မျက်နှာနှစ်ခုရှိပေမဲ့လည်း လူတစ်ယောက်ရဲ့သွင်ပြင်ကို ပြောင်းလဲဖို့ရာ လွယ်ကူလေသည်။ တကယ်လို့ ကုနင်းက ချင်းဟယ်ဖြစ်ပြီး ရှန်းကွမ်းယန်က သူမရဲ့ဆရာဆိုရင် သူမအနေနဲ့ သူမရဲ့သွင်ပြင်ကို ကြိုက်သလို ပြောင်းလဲလို့ရလေသည်။ ထို့အပြင် ချင်းဟယ်ကို ကြည့်ရတာ ရင်းနှီးနေသလိုခံစားရပြီး ချင်းဟယ်က သူမကိုနှစ်ကြိမ်တောင် ကယ်ဆယ်ခဲ့လေသည်။
သူတို့ကလေးဘဝတုန်းက သိတာဖြစ်ရမည်ဟု သူမအရင်က တွေးဖူးသော်လည်း အခုတော့ ထိုအရာဟာ လုံးဝမဖြစ်နိုင်ဘူးလို့ သူမခံစားမိလေသည်။
ထို့အပြင် ကုနင်းမှာ စွမ်းအင်သလင်းကျောက် ရှိနေလေသည်။ ဆရာကြီးတစ်ယောက်က သူမကိုပေးတာလို့ ပြောပေမဲ့လည်း တကယ်လို့ ကုနင်းသာ ချင်းဟယ်ဆိုရင် ထိုအရာက အဓိပ္ပာယ်ရှိလေသည်။ ရှန်းကွမ်းယန်က သူမကို စွမ်းအင်သလင်းကျောက် ပေးတာဖြစ်ရမည်။
ထိုအရာဟာ ခန့်မှန်းတစ်ခုသာဖြစ်သော်လည်း သူမအနေနဲ့ ထိုဖြစ်နိုင်ချေကို လျစ်လျူမရှုနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ဒီနေ့ဖြစ်သမျှကို လျှို့ဝှက်ထားပေမည်ဟု သူမသဘောတူခဲ့သည့်အတွက် သူမအနေနဲ့ အခြားသူတွေကို ပြောပြမည်မဟုတ်ပေ။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင် တို့မလာခင်တွင် နတ်ဆိုးကျင့်ကြံသူဟာ အကြိမ်ကြိမ်လွတ်မြောက်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ပေ။
ပိုင်လီကျုံးရွှယ်ထွက်သွားပြီးမကြာခင်မှာပဲ ကုနင်းဟာ သူမရဲ့ကျင့်ကြံသူအဆင့်ကို ဖုန်းကွယ်လိုက်ကာ သာမာန်သေမျိုးတစ်ယောက်ဖြစ်သွားလေသည်။
နတ်ဆိုးကျင့်ကြံသူဟာ အံဩသွားပြီး သိချင်သွားတာကြောင့် မေးလိုက်လေသည်။ "နင်ဘယ်လိုလုပ်လိုက်တာလဲ"
"မပြောပြဘူး"ဟု ကုနင်းကတပုံစံတည်း ပြန်ဖြေလေသည်။ သူမရဲ့လျှို့ဝှက်ချက်တွေကို အပြင်လူကို ပြောပြမှာမဟုတ်ပေ။
နာရီဝက်ကြာပြီးနောက် လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့ရောက်လာလေသည်။ သူတို့အနေနဲ့ နတ်ဆိုးကျင့်ကြံသူကို အပြစ်ပေးဖို့လိုအပ်တာကြောင့် သူတို့အနေနဲ့ ကျင်းယွင်ယောင်ကိုရှောင်ဖယ်နေဖို့ မလိုအပ်ပေ။ သို့သော်လည်း နတ်ဆိုးကျင့်ကြံသူက ကျင်းယွင်ယောင်ကိုတွေ့တဲ့အခါ အံအားသင့်သွားလေသည်။ "န-နင်က ကျင်းယွင်ယောင် မလား။ နင်ကသေပြီးသွားပြီမဟုတ်ဘူးလား"
သိသာစွာပင် နတ်ဆိုးကျင့်ကြံသူဟာ ကျင်းယွင်ယောင်အားမှတ်မိတာမလို့ ကျင်းယွင်ယောင်က သေသွားပြီဆိုတာ သူမသိလေသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူမရှေ့မှာ သေပြီးသားလူတစ်ယောက် ပေါ်လာတဲ့အခါ အမှန်ပင် အံဩဖွယ်ကောင်းလေသည်။ ထို့အပြင် သူမအနေနဲ့ ကျင်းယွင်ယောင်ရဲ့သိုင်းအဆင့်ကို မမြင်နိုင်ကာ သူမရှေ့မှာနေရတာ ဖိအားတွေခံစားမိတာမလို့ ကျင်းယွင်ယောင်က သူမထက် သန်မာတယ်လို့ ဆိုလိုနေတာဖြစ်လေသည်။
ထိုအရာကိုကြားတဲ့အခါ ကျင်းယွင်ယောင် ဟာနတ်ဆိုးကျင့်ကြံသူကို ခဏတာ လေ့လာကြည့်လိုက်ပြီး မကြာခင်မှာပဲ သူမကိုမှတ်မိလေသည်။ "မြောင်ကျင်းကျင်းလား။ ဘယ်လိုလုပ်နင်ဖြစ်နေတာလဲ။ နင်ဘယ်တုန်းက နတ်ဆိုးကျင့်ကြံသူတွေဘက် ပေါင်းလိုက်တာလဲ"
"ငါ..."ဟု မြောင်ကျင်းကျင်းဟာ တန်းဝမ်းနည်းသွားပုံပေါ်ကာ ဝမ်းနည်းမှုတွေနဲ့ အမုန်းတရားတွေ ပြသနေလေသည်။ သူမက ဆိုးရွားတဲ့တစ်စုံတစ်ခုကြုံပြီးနောက် နတ်ဆိုးကျင့်ကြံသူဖြစ်သွားတာ သိသာလေသည်။
"ယွင်ယောင်၊ ငါတို့ သေခါနီးအတွေ့အကြုံတွေ အတူတူကျော်ဖြတ်ခဲ့တာကိုထောက်ပြီး ငါ့ကိုဒီတစ်ခါလောက် ကျေးဇူးပြုပြီး လွှတ်ပေးလို့ရမလား။ ငါကျင့်ကြံသူတွေနဲ့ လနှစ်မှာ မွေးတဲ့မိန်းကလေးတွေကို ထပ်ပြီးမတိုက်ခိုက်တော့ဘူးလို့ ကတိပေးတယ်"ဟု မြောင်ကျင်းကျင်းက ကျင်းယွင်ယောင် အားတောင်းပန်လေသည်။ သူမက ဒီအတိုင်းအသေမခံနိုင်ပေ။ သူမအနေနဲ့ လက်တုန့်ပြန်ဖို့ လိုအပ်သေးလေသည်။
မြောင်ကျင်းကျင်းနဲ့ ကျင်းယွင်ယောင်တို့အရင်က သေခါနီးအတွေ့အကြုံတွေ အတူတူကျော်ဖြတ်ဖူးတယ်တဲ့လား။
ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ မျက်လုံးခြင်းဖလှယ်လိုက်ကြပြီးနောက် ရပ်လိုက်လေသည်။ ကျင်းယွင်ယောင်ဘာလုပ်ချင်လဲဆိုတာ သူတို့သိချင်သည်ဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူတွေကို နေရာတိုင်းမှာ မကြိုဆိုသော်လည်း သူတို့ကို သတ်ပစ်ဖို့ မလိုအပ်ပေ။ ထို့ကြောင့် တကယ်လို့ ကျင်းယွင်ယောင်ကသူမကို လွှတ်ပေးချင်ရင် ကုနင်းနှင့် လင်ရှောင်းထင်တို့အနေနဲ့ သူမကို ကူညီပေးနိုင်လေသည်။
"နင်ကအခု နတ်ဆိုးကျင့်ကြံသူဖြစ်နေပြီ။ ငါနင့်ကို ယုံလို့မရတော့ဘူး"ဟု ကျင်းယွင်ယောင်ကပြောသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးကျင့်ကြံသူတွေဟာ သူတို့ကိုယ်သူတို့ တစ်ခါတစ်လေ မထိန်းချုပ်နိုင်ကြပေ။ သူမအနေနဲ့ မစွန့်စားနိုင်ပေ။
"ယွင်ယောင်၊ ငါတောင်းပန်ပါတယ်။ ငါက ကျင့်ကြံသူတွေရော လနှစ်မှာမွေးတဲ့ မိန်းကလေးတွေကိုရော တကယ်တစ်ခါမှ ထိခိုက်အောင်မလုပ်ဖူးပါဘူး။ ငါဒီတစ်ခါဘဲ လုပ်ဖူးတာပါ။ ကျေးဇူးပြုပြီး...."ဟု မြောင်ကျင်းကျင်းက ကျင်းယွင်ယောင် အရှေ့တွင်ဒူးထောက်ကာ တောင်းဆိုလေသည်။
သူမက ကျင့်ကြံသူတွေနဲ့ လနှစ်မှာမွေးတဲ့မိန်းကလေးတွေနဲ့ ပထမဆုံးအကြိမ် ထိခိုက်အောင်လုပ်ဖို့ကြိုးစားချိန်မှာ အဖမ်းခံရလိမ့်မယ်ဟု မမျှော်လင့်ထားပေ။
ကျင်းယွင်ယောင်သာ သူမကိုဘာမှမပြောဘဲ မျက်မှောင်ကြုံ့လျက် စိုက်ကြည့်လိုက်လေသည်။ တကယ်တော့ မြောင်ကျင်းကျင်းရဲ့စကားတွေကို သူမယုံကြည်ပေမဲ့လည်း သူမက နတ်ဆိုးကျင့်ကြံသူဖြစ်နေလေသည်။ သူမက အပြစ်ကင်းတဲ့လူတွေက အရင်ကထိခိုက်အောင်မလုပ်ဖူးပေမဲ့လည်း သူမအနေနဲ့ အနာဂတ်မှာ လုပ်လာနိုင်လေသည်။
"ယွင်ယောင်၊ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါလက်စားမချေရသေးဘူး။ ငါအခုသေလို့မရသေးဘူး"
ထိုသို့ပြောပြီးနောက် မြောင်ကျင်းကျင်းဟာ ပြင်းထန်တဲ့အမုန်းတရားတွေနဲ့ မသေချင်သေးမှုတွေကို ရှုံ့တွနေတဲ့မျက်နှာထားနဲ့ ပြသနေလေသည်။ သူမရဲ့မျက်လုံးတွေဟာလည်းပဲ နီရဲလာလေသည်။ တကယ်လို့ သူမရဲ့လက်တုန့်ပြန်ဖို့ကြောင့်သာမဟုတ်ရင် သူမအနေနဲ့ နတ်ဆိုးကျင့်ကြံသူတွေဆီ ပူးပေါင်းသွားမှာမဟုတ်ပေ။
"လက်စားချေရမှာလား"ဟု ကျင်းယွင်ယောင်က အနည်းငယ်မျက်မှောင်ကြုံ့လျက် သူမလဲခံထားရဖူး၍ ရင်ထဲထိသွားလေသည်။ သူမဟာလည်းပဲ လက်စားပြန်ချေနိုင်ရန်အတွက် အရမ်းကြိုးစားနေတာဖြစ်ပေမဲ့လည်း သူမက မမှန်ကန်တဲ့လမ်းကို မလျှောက်ပေ။
သူတို့မှာ ရင်းနှီးတဲ့ဆက်ဆံရေးမရှိပေမဲ့လည်း သေခါနီးအခြေအနေတွေ အရင်က အတူတူကြုံခဲ့ရဖူးလေသည်။ တကယ်လို့ သူတို့သာတစ်ယောက်နဲ့တစ်ယောက် မကူညီရင် သူတို့အနေနဲ့ သေပြီးနေလောက်ပေမည်။ ထို့ကြောင့် သူတို့ဟာ တစ်ယောက်အပေါ်တစ်ယောက် ကျေးဇူးတင်နေတာဖြစ်သည်။
အချုပ်ပြောရရင် သူမမှာလည်း လင်ရှောင်းထင်ကို မြောင်ကျင်းကျင်းအား မသတ်ခိုင်းနိုင်ပေ။
"ငါနင့်ရဲ့ခံစားချက်တွေကို နားလည်ပါတယ်။ ဒါပေမယ့် ငါတို့အနေနဲ့ နင့်ကိုဘာမှအပြစ်မပေးဘဲ လွှတ်ပေးလိုက်လို့မရဘူး။ နင့်ကိုသတ်ဖို့မလိုပေမဲ့လည်း ငါတို့အနေနဲ့ နင့်ရဲ့ကျင့်စင်တွေကို ဖယ်ရှားပစ်ရလိမ့်မယ်"ဟု ကျင်းယွင်ယောင်ကပြောသည်။ မြောင်ကျင်းကျင်းမှာ ကျင့်ကြံသူအဆင့်တွေ ဆုံးရှုံးသွားတာသရွေ့ သူမဟာ သေမျိုးဖြစ်လာတာ ဒါမှမဟုတ် မသန်မစွမ်းတစ်ယောက် ဖြစ်သွားနိုင်လေသည်။
"မလုပ်နဲ့။ အဲ့ဒီလိုလုပ်လိုက်ရင် ငါလက်စားချေလို့ မရတော့ဘူး"ဟု မြောင်ကျင်းကျင်းဟာ သူမရဲ့ကျင့်ကြံခြင်းအဆင့်တွေကို ဖယ်ရှားပစ်မယ်လို့ ကြားတဲ့အခါ တန်းရုန်းကန်လေသည်။ သူမရဲ့ ကျင့်ကြံသူဆိုတဲ့ စွမ်းရည်တွေမရှိရင် သူမအနေနဲ့ လက်စားပြန်ချေလို့မရတော့ပေ။ တကယ်တော့ သူမရဲ့လက်ရှိသိုင်းအဆင့်နှင့်ပင် သူမအနေနဲ့ လက်စားပြန်ချေဖို့ရာ မလုံလောက်ပေ။
"နင့်ရဲ့ရန်သူကဘယ်သူလဲ။ ငါနင့်ကို ကူညီရင်ကူညီနိုင်လောက်တယ်"ဟု ကျင်းယွင်ယောင်ကမေးသည်။ သူမအနေနဲ့ ကူညီပေးမည်ဖြစ်ပြီး ကိုယ်တိုင်တော့ သူမအစား လုပ်ပေးမှာမဟုတ်ပေ။
"ဘာပြောတယ်"ဟု ထိုအရာကိုကြားတဲ့အခါ မြောင်ကျင်းကျင်းရဲ့မျက်လုံးတွေဟာ အရောင်တောက်သွားလေသည်။ သူမအနေနဲ့ တစ်ယောက်တည်း လက်စားပြန်ချေဖို့ရာ ခက်ခဲမှန်း သိတာမလို့ သူမရဲ့ရန်သူကို သတ်နိုင်သ၍ သူမကို ဘယ်သူကူညီကူညီ ဂရုမစိုက်ပေ။
"နင့်ရန်သူက ဘယ်သူလဲဆိုတာ အရင်ဆုံးသိဖို့လိုသေးတယ်။ ဒါပေမယ့် ငါတို့အဲဒီအကြောင်းတွေကို ဒီမှာပြောလို့မရဘူး။ ငါတို့နဲ့အတူလိုက်ခဲ့။ ငါတို့အပြန်လမ်းမှာ ပြောလို့ရတယ်"ဟု ကျင်းယွင်ယောင် ကပြောသည်။
"ပြဿနာမရှိဘူး"ဟု မြောင်ကျင်းကျင်းက တုန့်ဆုန်းမှုမရှိဘဲ သဘောတူလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမအနေနဲ့ အခုချိန်မှာ ထွက်ပြေးဖို့ရာ လုံးဝမဖြစ်နိုင်တော့ဘဲ တကယ်လို့ သူမသာ သူတို့နဲ့အတူထွက်သွားရင် သူမအနေနဲ့ အသက်ရှင်နိုင်လေသည်။
သူမသာ လက်တုန့်ပြန်နိုင်သရွေ့ ဘာမှော်စွမ်းအင်မှမရှိတော့တဲ့ သေမျိုးဖြစ်သွားလည်း သူမအနေနဲ့ ဂရုမစိုက်ပေ။ သူမက လက်တုန့်ပြန်ဖို့ အသက်ရှင်နေတာဖြစ်လေသည်။
ထို့နောက် မြောင်ကျင်းကျင်းဟာ ကျင်းယွင်ယောင်နှင့် အခြားသူတို့နဲ့အတူ ထွက်သွားလေသည်။
"ဟွားဖုတောင်ကုန်းကိုလား ဒါမှမဟုတ် စစ်ဟယ်ယွမ်ကိုလား"ဟု လင်ရှောင်းထင်က ကျင်းယွင်ယောင်အားမေးလေသည်။
"စစ်ဟယ်ယွမ်ကို သွားကြစို့"ဟု ကျင်းယွင်ယောင်ကပြောလေသည်။ အဲဒီမှာ ပိုပြီးအန္တရာယ်ကင်းလေသည်။ တကယ်လို့ သူတို့က မြောင်ကျင်းကျင်းရဲ့ ကျင့်ကြံသူအဆင့်တွေကို ဖယ်ရှားပစ်မယ်ဆိုရင် သေချာပေါက် ကျယ်လောင်တဲ့အသံတွေထွက်ပေါ်လာမှာ ဖြစ်သည်။ စစ်ဟယ်ယွမ်မှသာ အခြားလူတွေအနေနဲ့ ဘာဖြစ်လဲဆိုတာ မသိနိုင်မှာဖြစ်သည်။
ထို့ကြောင့် လင်ရှောင်းထင်က စစ်ဟယ်ယွမ်ဆီ ကားမောင်းသွားလေသည်။
ထို့နောက် မြောင်ကျင်းကျင်းက သူမရဲ့ဇာတ်လမ်းကို ပြောပြလေသည်။ "ငါ့ရန်သူက ဝေ့ရှန်းရဲ့တပည့် ဟုန်ရီဖုန်း။ လွန်ခဲ့တဲ့ဆယ်နှစ်က သူ့ငါယောင်္ကျားကိုသတ်ပြီး ငါ့ကိုမတရားကျင့်တယ်။ ပြီးတော့ သူကငါကိုသတ်ပစ်ချင်သေးတာ။ ငါသေဖို့ကံပါမလာသေးလို့သာ အသက်ရှင်နေတာ။ ဒါပေမဲ့ ငါက အရမ်းဒဏ်ရာရသွားတယ်။ ငါလက်မခံနိုင်တာမလို့ လက်စားပြန်ချေချင်တာ။ ငါမကောင်းဆိုးဝါးတွေရဲ့ စွမ်းအင်တွေကို စုတ်ယူပြီးပြန်သက်သာလာတာ။ ပြီးတော့ ငါနတ်ဆိုးကျင့်ကြံသူတွေဆီ ပူးပေါင်းလိုက်တယ်....။ ငါတိုးတက်လာပြီး မြန်နိုင်သမျှမြန်မြန် လက်စားပြန်ချေချင်တာမလို့ သမာရိုးကျမဟုတ်တဲ့ လမ်းလွှဲကလိုက်ရလဲ ငါဂရုမစိုက်ဘူး...
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၀၆ အပြစ်ရှိစိတ်
လွန်ခဲ့တဲ့ဆယ်နှစ်က ဖြစ်ပျက်ခဲ့တာကို ပြန်တွေးမိပြီး မြောင်ကျင်းကျင်းက ဒေါသထွက်ကာ တစ်ဆက်ဆက်တုန်နေလေသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ဟာ ဟုန်ရီဖုန်း ဆိုတဲ့နာမည်နဲ့ ရင်းနှီးလေသည်။ သူတို့ကျင့်ကြံရေးကမ္ဘာကို ရောက်စတုန်းက သူတို့နဲ့အတူတူ ဟိုတယ်မှာထမင်းစားချင်တဲ့ အရှက်မရှိတဲ့လူတစ်ယောက်နဲ့ သူတို့တွေ့လေသည်။ သူ့ပုံစံကမြင်တာနဲ့တင် မုန်းချင်စရာကောင်းပြီး လူကောင်းဖြစ်တဲ့ပုံမပေါ်ပေ။
"ဟုန်ရီဖုန်းလား"ဟု ထိုနာမည်ကိုကြားတဲ့အခါ ကျင်းယွင်ယောင်က မျက်နှာကြုံ့သွားပြီး စိတ်မကျေမနပ်ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆို ဟုန်ရီဖုန်းက သူမနှင့် ကျင်းကျီနဉ်တို့ကိုခက်ခဲအောင် လုပ်ထား၍ဖြစ်သည်။
ဟုန်ရီဖုန်းက ကျင်းယွင်ဖေးရဲ့သူငယ်ချင်းဖြစ်သလို သူမတို့က ကျင်းယွင်ဖေးရဲ့ဘက်မှာ ဆူးညှောင့်ခလုတ်လို့ ဖြစ်နေတာကြောင့်ရောကြောင့် ဟုန်ရီဖုန်းဟာ ကျင်းယွင်ဖေးနဲ့အတူပေါင်း၍ သူမတို့ကို အနိုင်ကျင့်လေသည်။
သူမရဲ့ ယခုသိုင်းအဆင့်အရ သူမအနေနဲ့ ဟုန်ရီဖုန်းကို အေးအေးဆေးဆေးပင် သတ်ပစ်လိုက်လို့ရပေမဲ့လည်း ကျင်းယွင်ယောင်အနေနဲ့ ဟုန်ရီဖုန်းအား မြောင်ကျင်းကျင်းအစား သတ်ပေးမှာမဟုတ်ပေ။
တကယ်လို့ မြောင်ကျင်းကျင်း လက်စားချေမယ်ဆိုရင် သူမလက်နဲ့သူမ လုပ်နိုင်ပြီး ကျင်းယွင်ယောင်အနေနဲ့ အနည်းငယ်သာ ကူညီမည်ဖြစ်သည်။
"ဟုန်ရီဖုန်းကိုဖမ်းပြီး နင့်ဆီခေါ်လာပေးမယ်လို့ ငါကတိပေးတယ်။ ဒါပေမယ့် သူ့ကို နင့်လက်နဲ့နင်သတ်ရမယ်။ နင့်ရဲ့လက်စားချောတာမပြီးမချင်း ငါနင့်ကိုအပြစ်မပေးဘူး။ ဒါပေမယ့် တကယ်လို့ နင်သာအသတ်မခံချင်ရင် လက်စားချေပြီးတာနဲ့ နင့်ရဲ့ကျင့်ကြံခြင်းအဆင့်ကို လက်လွှတ်ရမယ်။ နင်လက်စားမချေပြီးခင်မှာ ငါစီစဉ်တဲ့အတိုင်းနေရမယ်။ တခြားဘယ်မှမသွားရဘူး"
"ကိစ္စမရှိဘူး။ ငါလက်စားချေနိုင်သရွေ့ အသက်တောင်ပေးရဲတယ်"ဟု မြောင်ကျင်းကျင်း ကပြောသည်။ တကယ်လို့ လက်စားချေဖို့ကြောင့်သာမဟုတ်ရင် သူမကိုယ်သူမ သတ်သေပြီးတာကြာပြီဖြစ်သည်။ ဒီမှတ်ဉာဏ်တွေနဲ့ ဆက်ပြီးအသတ်ရှင်နေရတာ သူမအတွက် အနှိပ်စက်ခံနေသလိုပဲဖြစ်သည်။
"ရှောင်းထင်နဲ့ နင်းနင်း၊ ဖြစ်တယ်မလား"ဟု ကျင်းယွင်ယောင်က ကုနင်းနှင့် လင်ရှောင်းထင်အားမေးသည်။ သူမက ဆုံးဖြတ်ချက်ချပြီးသွားပေမဲ့လည်း သူတို့ရဲ့ အတွေးအမြင်ကို မေးဖို့လိုသေးလေသည်။
"ဘာမှမဖြစ်ပါဘူး" သူတို့က ဒီပြဿနာကို ကျင်းယွင်ယောင် အားဖြေရှင်းစေချင်၍ အစကတည်းက ဝင်မပါတာဖြစ်သည်။
"ယွင်ယောင်၊ သူတို့က အဆင်ပြေတယ်တဲ့လား"ဟု မြောင်ကျင်းကျင်းက ကျင်းယွင်ယောင်အားသိချင်စွာမေးသည်။
"ငါ့သားနဲ့ ငါ့ချွေးမ"ဟု ကျင်းယွင်ယောင်ကပြောသည်။ သူမက လျှို့ဝှက်ထားမနေတော့ပေ။ ဘာပဲဖြစ်ဖြစ် မြောင်ကျင်းကျင်းက သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာဖြစ်၍ မြောင်ကျင်းကျင်း တခြားသူတို့ကို ပြောပြမှာလဲ မစိုးရိမ်တော့ပေ။
ထိုအရာကိုသိတဲ့အခါ မြောင်ကျင်းကျင်း အနည်းငယ် အံဩသွားလေသည်။ ကျင်းယွင်ယောင်မှာသားရှိနေလိမ့်မယ်ဟု သူမ,မမျှော်လင့်ထားပေ။
အဲ့ဒီနှစ်က ကျင်းယွင်ယောင် ဘာဖြစ်သွားလဲဆိုတာကို သူမပြန်စဉ်းစားမိတဲ့အခါမှာတော့ သူမနားလည်သွားလေသည်။ ကျင်းယွင်ယောင်က သေမျိုးတစ်ယောက်နဲ့ ချစ်ကြိုက်သွားပြီးနောက် ပေါ်သွားတဲ့အခါ အပြစ်ပေးခံရပြီး နှင်ထုတ်ခံလိုက်ရတာဖြစ်သည်။ ထိုလူငယ်လေးဟာ ကျင်းယွင်ယောင်နဲ့ထိုသေမျိုးတို့ရဲ့ သားဖြစ်ပေလိမ့်မည်။
အံအားသင့်စရာပင် ကျင်းယွင်ယောင်ရဲ့သားဟာ ကျင့်ကြံသူသွေးဆက်ကို အမွေရကာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာလေသည်။
ကျင်းယွင်ယောင်ရဲ့ချွေးမဟာ ပေါင်းစည်းခြင်းအဆင့်မှာပဲရှိနေပုံပေါ်သော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်နီးနီး သန်မာလေသည်။ ထို့အပြင် သူမရဲ့ကျင့်ကြံခြင်းကို တခြားသူတွေ သတိမထားမိအောင်လဲ လျှို့ဝှက်ထားနိုင်လေသည်။ ထိုအရာ လုံးဝမယုံကြည်နိုင်စရာပင်။
သူမဟာ ထိုအရာကို ထပ်ပြီးမသိချင်တော့၍ ဆက်မမေးတော့ပေ။ အဘယ့်ကြောင့်ဆို တကယ်လို့ သူမအနေနဲ့မေးတောင် သူတို့က ဖြေမှာမဟုတ်ပေ။ ထို့ကြောင့် သူမအနေနဲ့ ထိုသို့သော အဓိပ္ပာယ်မရှိတဲ့ အလုပ်ကိုလုပ်နေစရာ မလိုအပ်ပေ။
ကျင်းယွင်ယောင်ရဲ့စီစဉ်မှုကို နားထောင်သ၍ လက်တုန့်ပြန်နိုင်မယ်ဆိုတာတစ်ခုထဲကိုပဲ သူမသိလေသည်။
.....
ကုနင်းနဲ့အခြားသူတို့ဟာ စစ်ဟယ်ယွမ် ကိုသွားနေတဲ့လမ်းမှာပဲရှိနေစဉ်မှာ ပိုင်လီကျုံးရွှယ်ကတော့ အိမ်ပြန်ရောက်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမမှာ လျှို့ဝှက်ထားတာတွေရှိနေ၍ ကုနင်းကိုတွေ့ရမှာ အပြစ်ရှိတယ်လို့ခံစားမိ၍ဖြစ်သည်။
ကုနင်းရဲ့လျှို့ဝှက်ချက်ကို သူမသိသွားပေမဲ့လည်း သူမရဲ့အစ်ကို ပြောပြလို့မရတာတောင် သူမအနေနဲ့ သူ့ကိုရှောင်နေလို့ပဲရလေသည်။ ထို့ကြောင့် သူမဟာ အိမ်ရောက်တာနဲ့တပြိုင်နက် ပိုင်လီကျုံးရွှယ်ဟာဧည့်ခန်းထဲမှာထိုင်နေတဲ့ ပိုင်လီကျုံးယန်ကိုနှုတ်ဆက်ကာ သူမရဲ့အခန်းဆီတန်းဝင်သွားလေသည်။
သို့သော်လည်း ပိုင်လီကျုံးရွှယ်ရဲ့မူမမှန်တဲ့ အပြုအမူကို ပိုင်လီကျုံးယန် သတိထားမိတာကြောင့် သူမကိုခေါ်ကာ တားလိုက်လေသည်။ "နင်ဘာလို့ အပြစ်လုပ်ထားတဲ့ ပုံပေါ်နေတာလဲ။ ဘာဖြစ်လို့လဲ"
ထိုအရာကိုကြားတဲ့အခါ ပိုင်လီကျုံးရွှယ် ကြောက်သွားကာ ဘာမှမဖြစ်တဲ့အတိုင်း သူမကိုယ်သူမ တည်ငြိမ်အောင် ဖိအားပေးထိန်းချုပ်လိုက်လေသည်။ "ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ဘူးဟုတ်လား"ဟု ပိုင်လီကျုံးယန်က ပိုင်လီကျုံးရွှယ်အား မျက်မှေးလျက်ကြည့်လိုက်ကာ "ငါတော့မထင်ဘူး"ဟုပြောလိုက်လေသည်။
ပိုင်လီကျုံးယန်က ပိုင်လီကျုံးရွှယ်ကိုဆူမှာမဟုတ်ပေမဲ့လည်း သူမက ဒီနေ့ အရမ်းမူမမှန်ပေ။ သူမက ခွင့်ပြုမထားတဲ့ သေမျိုးနဲ့ ချစ်ကျွမ်းဝင်သွားမှာ သူကစိုးရိမ်နေတာဖြစ်သည်။
"အို"ဟု တကယ်လို့ သူမသာ အကြောင်းပြချက် ကောင်းကောင်းတစ်ခု မတွေးမိရင် ပိုင်လီကျုံးယန်ကသူမကို သံသယဝင်တော့မည်မှန်း ပိုင်လီကျုံးရွှယ် ခံစားမိလေသည်။ သို့သော်လည်း တကယ်လို့ သူသာသူမကို ဆက်ပြီးမေးနေရင် သူမအနေနဲ့ ဒီလျှို့ဝှက်ချက်ကို ကြာကြာမဖုံးကွယ်ထားလောက်တာမလို့ သူမက လိမ်ပြောလိုက်လေသည်။ "အိမ်ပြန်လာတုန်းက မြက်ခင်းထဲမှာ အသံတွေကြားလိုက်ရတယ်။ ငါလှည့်ကြည့်လိုက်တာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က.... သူတို့အဲဒီလောက် ရဲတင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ငါအခုအရမ်းရှက်နေတာ"
ထိုအရာကိုကြားတဲ့အခါ ပိုင်လီကျုံးယန်လည်းပဲ ကို့ရို့ကားယားဖြစ်သွားကာ မေးခွန်းတွေဆက်မေးနေတာ ရပ်လိုက်လေသည်။ သူက ပိုင်လီကျုံးရွှယ်ရဲ့စကားကို သံသယမဝင်ပေ။ ချောင်းအနည်းကယ်ဟန့်ပြီးနောက် သူက ပိုင်လီကျုံးရွှယ် ကိုဆက်မကြည့်တော့ပေ။ "ကောင်းပြီ။ နင့်အခန်းကိုနင်အခု ပြန်သွားတော့"
ပိုင်လီကျုံးရွှယ် ခေါင်းငြိမ့်ကာ သူမရဲ့အခန်းဆီတန်းသွားလေသည်။
.....
တစ်ချိန်တည်းမှာပဲ ကုနင်းနှင့်အခြားသူတွေဟာ စစ်ဟယ်ယွမ်သို့ရောက်လေသည်။
သူတို့အပြင်မှာတုန်းက စစ်ဟယ်ယွမ်က ဘာမှထူးခြားမှုမရှိဘူးဟု နတ်ဆိုးကျင့်ကြံသူဟာ ခံစားမိသော်လည်း သူမအထဲကို ဝင်လာတာနဲ့တပြိုင်နက် စစ်ဟယ်ယွမ်ဟာ မှော်စွမ်းအင်တွေနှင့်ပြည့်နေတာကို ခံစားမိလေသည်။ သို့သော်လည်း သူမက အပြင်ဘက်ကနေ ဘာမှမမြင်နိုင်ပေ။
ကြည့်ရတာ ဒီမှာ အစီအရင်တည်ဆောက်ထားပုံပေါ်ပေမဲ့လည်း သူမက ထိုအကြောင်း ဘာမှမသိတာကြောင့် ဘယ်လို အစီအရင်မျိုးလဲဆိုတာ သူမလဲမသိပေ။
အချိန်ဟာ သိပ်နောက်မကျသေးဘဲ ည၉လောက်သာ ရှိသေးတာမလို့ ရှန်းကွမ်းယန်က မအိပ်သေးပေ။ သူက စာကြည့်ခန်းထဲမှာ စာဖတ်နေတာဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူ စစ်ဟယ်ယွမ် ထဲဝင်လာတာနဲ့တပြိုင်နက် ရှန်းကွမ်းယန်ဟာ ခံစားမိသော်လည်း ကုနင်းကအခုလေးတင် သူ့ကိုဖုန်းခေါ်ထား၍ ဘာမှမလုပ်ပေ။ သူတို့ နတ်ဆိုးကျင့်ကြံသူနဲ့ လာမယ်မှန်းသူသိလေသည်။ သို့သော်လည်း ဘာတွေဖြစ်ထားလဲဆိုတာတော့ သူအခုထိမသိရသေးပေ။
စစ်ဟယ်ယွမ်ထဲဝင်လာပြီးနောက် သူတို့က ရှန်းကွမ်းယန်ရဲ့ခြံဆီသို့ တိုက်ရိုက်လမ်းလျှောက်သွားလေသည်။ သူတို့လာတာကို ခံစားမိတဲ့အခါ ရှန်းကွမ်းယန်လဲထွက်လာလေသည်။
မကောင်းတဲ့ကျင့်ကြံသူဟာ ရှန်းကွမ်းယန်ကိုမြင်လိုက်တာနဲ့တပြိုင်နက် ကြီးမားတဲ့ဖိအားတစ်ခုကို ခံစားလိုက်မိကာ သူက အရမ်းစွမ်းအားကြီးတဲ့ စီနီယာကျင့်ကြံသူမှန်းသိလေသည်။
"ဒါက ခွန်းလွန်ဂိုဏ်းရဲ့အကြီးအကဲ စီနီယာရှန်းကွမ်းယန်ပဲ"ဟု ကျင်းယွင်ယောင်က မြောင်ကျင်းကျင်းအား ရှန်းကွမ်းယန်နဲ့မိတ်ဆက်ပေးလေသည်။
မြောင်ကျင်းကျင်းဟာ ရှန်းကွမ်းယန်နဲ့အရင်က မတွေ့ဖူးသော်လည်း သူ့အကြောင်းကို ကြားဖူးတာမလို့ သူက ရှန်းကွမ်းယန်ဆိုတာသိတဲ့အခါ သူမဟာ အံဩသွားလေသည်။
ချက်ချင်းပဲ သူမဟာ ဒူးတစ်ဖက်ထောက်လျက် လက်ဝါးတစ်ဖက်ကို တခြားတစ်ဖက်နဲ့ကာလျက် "ဂျူနီယာမြောင်ကျင်းကျင်းက စီနီယာရှန်းကွမ်းနဲ့တွေ့ဆုံရတာ ဂုဏ်ယူမိပါတယ်"ဟုပြောလေသည်။
"အခုထလို့ရပြီ"ဟု ရှန်းကွမ်းယန်ကပြောသည်။
"ကျေးဇူးတင်ပါတယ် စီနီယာရှန်းကွမ်း"ဟု မြောင်ကျင်းကျင်းကသူ့ကိုကျေးဇူးတင်ကာ မတ်တပ်ရပ်လိုက်လေသည်။
"စီနီယာရှန်းကွမ်း၊ သူမက ကျွန်မနဲ့ အသိအကျွမ်းတွေ။ သူမရဲ့ရှည်လျားတဲ့ရန်ငြိုးကြောင့် သူမကလှမ်းမှားရောက်သွားတာ။ ကျွန်မသူမကို မသတ်ရက်တာကြောင့် သူမလက်စားချေပြီးတာနဲ့ သူမရဲ့မှော်စွမ်းအင်ကျင့်ကြံခြင်းတွေကို ဖယ်ရှားပစ်ဖို့ ကျွန်မစီစဉ်ထားတယ်"ဟု ကျင်းယွင်ယောင်ကပြောသည်။
"ကောင်းပြီလေ။ တကယ်လို့ ငါ့အကူအညီလိုရင် အချိန်မရွေးပြောလို့ရတယ်" သူက ကျင်းယွင်ယောင်ကိုမတားပေ။ နတ်ဆိုးကျင့်ကြံသူတွေကို မကြိုဆိုကြသော်လည်း သူတို့အားလုံးဟာ ရူးသွပ်ပြီး မကောင်းတဲ့လူတွေလို့ မဆိုလိုပေ။
"ဒီအချိန်အတောအတွင်း သူမကကျွန်မတို့နဲ့ နေလိမ့်မယ်။ သူမရဲ့ ရန်သူကို ကျင့်ကြံသူကမ္ဘာကထွက်လာဖို့ ကျွန်မတို့နည်းလမ်းစဉ်းစားရမယ်"
"ကောင်းပြီလေ"ဟု ရှန်းကွမ်းယန် ကပြောသည်။
ထို့နောက် ကျင်းယွင်ယောင်နှင့် ကုနင်းတို့ဟာ မြောင်ကျင်းကျင်းကိုခေါ်သွားကာ သူမအတွက်နေဖို့ အခန်းတစ်ခန်းစီစဉ်ပေးလိုက်လေသည်။
"ဒီရက်ပိုင်းအတွင်း နင်ဒီမှာရှိတဲ့ မှော်စွမ်းအင်တွေကိုသုံးပြီး ပြန်သက်သာလာအောင်နဲ့ ကျင့်ကြံတာတွေကိုလုပ်လို့ရတယ်။ နင့်အနေနဲ့ ဟုန်ရီဖုန်းကိုသတ်ဖို့အတွက် စွမ်းအားကြီးနေဖို့လဲ လိုအပ်သေးတယ်...”