← Chapters

အခန်း (၂၁၀၇-၂၁၁၂)

Vol. 129 Ch. 2007-2012

အခန်း (၂၁၀၇-၂၁၁၂)

Vol. 129 Ch. 2007-2012

အပိုင်း ၂၁၀၇ ငါနောက်နေတယ်များထင်နေလား?

"ကျေးဇူးပါပဲ"ဟု မြောင်ကျင်းကျင်းကပြောသည်။ သူမက ကျင်းယွင်ယောင် အပေါ်မှာ အရမ်းကျေးဇူးတင်ကာ တကယ်လို့ သူမရဲ့မှော်စွမ်းအင်တွေ ဖယ်ရှားခံရမယ်ဆိုရင်တောင် သူမကလက်ခံမှာဖြစ်သည်။

မြောင်ကျင်းကျင်း ကိုနေဖို့ထိုင်ဖို့ စီစဉ်ပေးပြီးနောက် လင်ရှောင်းထင်က ကျင်းယွင်ယောင်အားပြောလိုက်လေသည်။ "သူမကို အမေဒီမှာဂရုစိုက်ထားလို့ရတယ်။ သားသူငယ်ချင်းတွေနဲ့ ချိန်းထားတာလေးရှိလို့ သား နင်းနင်းနဲ့သွားလိုက်ဦးမယ်။ တကယ်လို့အရမ်းနောက်ကျနေရင် သားတို့ဒီကိုပြန်မလာတော့ဘူး"

"ကောင်းပြီလေ။ မင်းတို့အခုသွားလို့ရပြီ"ဟု ကျင်းယွင်ယောင်အနေနဲ့ လင်ရှောင်းထင်ရဲ့ကိုယ်ပိုင်ဘဝကို ဝင်စွက်ဖက်မှာမဟုတ်ပေ။

ထို့နောက် လင်ရှောင်းထင်က ကုနင်းရဲ့လက်ကိုကိုင်ကာ ထွက်သွားလေသည်။

ကားထဲတွင် ကုနင်းကပြောလေသည်။ "ဘယ်သူနဲ့ ချိန်းထားတာလဲ"

လင်ရှောင်းထင်ကနှုတ်ခမ်းကိုဖိလျက် ပြန်ဖြေလိုက်သည်။ "ဘယ်သူနဲ့မှမရှိဘူး"

"ဘာပြောတယ်"ဟု ကုနင်း ကအံဩသွားကာ လင်ရှောင်းထင် ဘာကိုဆိုလိုမှန်း မသိပေ။ သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိတယ်လို့ သူအခုလေးတင်ပြောလိုက်တာမဟုတ်ဘူးလား။ အခုဘာလို့ မဟုတ်ဘူးငြင်းနေတာလဲ။

ထိုအရာကိုမြင်တဲ့အခါ လင်ရှောင်းထင်က ကုနင်းအား မပျော်မရွှင်ကြည့်လိုက်လေသည်။ သူ့ရဲ့အကြံအစည်တွေကို သူမဘာလို့မသိနေတာလဲ။ ထို့ကြောင့် လင်ရှောင်းထင်ကရှင်းပြလေသည်။ "ကိုယ်က မင်းနဲ့နှစ်ယောက်တည်း အေးဆေးအချိန်ဖြုန်းချင်လို့"

"Pffttt"

ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာရယ်မောလိုက်လေသည်။ သူဘာတွေတွေးနေတယ်ဆိုတာ သူမအခုမှသိလေသည်။

ကုနင်းရဲ့အပြုံးကိုမြင်တဲ့အခါ လင်ရှောင်းထင်ဟာစိတ်ကြွသွားပြီး ကားကိုပိုမြန်မြန်မောင်းလေသည်။

လင်ရှောင်းထင် ကားကိုမြန်မြန်စမောင်းတာနဲ့ သူမဘာလိုချင်လဲဆိုတာ ကုနင်း သိလေသည်။ သူမဟာရှက်သွားပေမဲ့လည်း ဘာမှမသိချင်ယောင်ဆောင်ကာ သူမရဲ့ဖုန်းနဲ့ဆော့ရင်း ခေါင်းကိုငုံ့ထားလိုက်လေသည်။

ရုတ်တစ်ရက်ပဲ ဒီညဘာဖြစ်တယ်ဆိုတာကို ကုနင်း ကမှတ်မိသွားတာမလို့ လင်ရှောင်းထင် အားသူမကပြောလိုက်လေသည်။ "အို၊ ပိုင်လီကျုံးရွှယ်က ကျွန်မက ကျင့်ကြံသူဆိုတာ သိပြီးသွားပြီ။ ကျွန်မက သူမနဲ့အတူရှိနေတာမလို့ နတ်ဆိုးကျင့်ကြံသူနဲ့တိုက်ခိုက်တုန်းက မတတ်နိုင်ဘဲပြောပြလိုက်ရတာ။ ကျွန်မသူမကို ယုံကြည်တာမလို့ သူမက တခြားသူတွေကို ပြောမပြဘူးလို့ယုံကြည်တယ်"

"အင်း။ တကယ်လို့ သူမ,အနေနဲ့ တခြားသူတွေကိုပြောပြရင်တောင် ‌ပြဿနာမရှိပါဘူး"ဟု ကုနင်း အပြစ်ရှိသလိုခံစားနေရမှာစိုးရိမ်၍ လင်ရှောင်းထင်ကပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ သူတို့ရဲ့လျှို့ဝှက်ချက်တွေဟာ မဟုတ်လဲ မကြာခင်ပေါ်မှာဖြစ်၍ တခြားသူတွေသိသွားလဲ သူတို့နောက်မှာ ရှန်းကွမ်းယန် ရှိတာမလို့ သူတို့ကိုထိခိုက်အောင် ဘယ်သူမှမလုပ်နိုင်ပေ။

‌ခဏအကြာတွင် လင်ရှောင်းထင်ရဲ့ဖုန်းမြည်လာပြီး ဖုန်းခေါ်သူမှာ စုန့်ဟောက်ယွီ ဖြစ်လေသည်။

လင်ရှောင်းထင်ဟာမျက်မှောင်ကြုံ့သွားပြီး မကြိုက်တဲ့အရိပ်အရောင်တွေ မျက်လုံးထဲတွင် ထင်ဟပ်နေလေသည်။ အဘယ်ကြောင့်ဆို စုန့်ဟောက်ယွီရဲ့ဖုန်းခေါ်လိုက်မှုကြောင့် သူနဲ့ ကုနင်းရဲ့နှစ်ယောက်တည်း နေချိန်လေး ပျက်စီးသွားလို့ဖြစ်သည်။

သို့သော်လည်း စုန့်ဟောက်ယွီကပုံမှန်အားဖြင့် အရေးကြီးတဲ့ကိစ္စတွေအတွက်ပဲ ခေါ်လေ့ရှိတာဖြစ်တဲ့အတွက် သူ့အနေနဲ့ ဖုန်းကိုင်ရပေမည်။

"ဘာဖြစ်လို့လဲ"ဟု လင်ရှောင်းထင်ကဖုန်းကိုင်ပြီးတာနဲ့ တန်းမေးလိုက်လေသည်။ သူ့အသံထဲမှာ မပျော်ရွှင်ဟန်တွေပါနေလေသည်။

သာမာန်ဆိုလျှင် စုန့်ဟောက်ယွီအနေနဲ့ သတိထားမည်ဖြစ်သော်လည်း အခုချိန်မှာ ထိုသို့လုပ်ဖို့စိတ်မရှိတာကြောင့် တိုက်ရိုက်မေးလိုက်လေသည်။ "ရှောင်းထင်၊ မင်းမြို့တော်မှာမလား။ ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုရှိတယ်။ မင်းငါ့ကိုကူညီနိုင်မလား။ ငါတို့တွေ့လို့ရမလား"

"ဘယ်နေရာမှာလဲ" ဖြေရှင်းရခက်တဲ့ပြဿနာဆိုမှတော့ သူ့အနေနဲ့ ငြင်း၍မရပေ။

"ငါ့အိမ်။ မင်ဟောက်ဗီလာကအိမ်"

"ကောင်းပြီလေ။ မိနစ်နှစ်ဆယ်နေရင် ပြန်တွေ့မယ်"ဟု လင်ရှောင်းထင်ကပြောကာ ဖုန်းချလိုက်သည်။

လင်ရှောင်းထင်ကသူမကို သူ့ထက်အရင် ပြန်နှင့်ဖို့ပြောဖို့ရန် စိတ်ကူးမရှိတာကိုမြင်၍ ကုနင်းကမေးလေသည်။ "အာ၊ ကျွန်မအတူတူလိုက်ခဲ့ရမှာလား။ အဆင်ရောပြေပါ့မလား"

"ဘာမှမဖြစ်ပါဘူး"ဟု လင်ရှောင်းထင်ကပြောသည်။ တကယ်လို့ အဆင်မပြေရင်တောင် သူတို့အနေနဲ့ စာကြည့်ခန်းထဲမှာ ပြော၍ရလေသည်။ ကုနင်းအနေနဲ့ ဧည့်ခန်းထဲတွင် စောင့်နေနိုင်တာမလို့ ပြဿနာမရှိပေ။

"ကောင်းပြီလေ"ဟု သူကထိုသို့ပြောနေမှတော့ ကုနင်းလဲသဘောတူလိုက်လေသည်။

၁၈မိနစ်ကြာပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ဟာ မင်ဟောက်ဗီလာသို့ရောက်လေသည်။ မြို့လည်စင်တာအနီးရှိ အထပ်တန်းစားစံအိမ်နေရာဖြစ်သည်။

အပြင်ဘက်က ကားသံကိုကြားတဲ့အခါ လင်ရှောင်းထင် ရောက်ပြီဆိုတာ စုန့်ဟောက်ယွီ နားလည်တာမလို့ တံခါးဖွင့်ပေးရန် တန်းပြေးထွက်လာလေသည်။

လင်ရှောင်းထင်နှင့်အတူ ကုနင်း ပါပါလာတာကိုမြင်တဲ့အခါ စုန့်ဟောက်ယွီက မသင့်တော်ဘူးဟုမထင်ဘဲ သူမကို နှုတ်ဆက်လေသည်။ "မင်္ဂလာပါ မစ္စကု"

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာစုန့်" ဟု ကုနင်း ကပြန်ဖြေသည်။

ကုနင်းရဲ့လက်ကို လင်ရှောင်းထင်ကလာကိုင်ကာ စုန့်ဟောက်ယွီနှင့်အတူအိမ်ထဲ ဝင်လာလေသည်။

ဧည့်ခန်းထဲတွင် အခြားလူနှစ်ယောက် ရှိလေသည်။ သူတို့က စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်တွေဖြစ်သည်။ လင်ရှောင်းထင် ရောက်လာတာနဲ့တပြိုင်နက် သူတို့က သူ့ကိုလေးစားစွာပင် "ဗိုလ်ချုပ်ကြီးလင်" ဟုခေါ်လေသည်။

"မင်္ဂလာပါ"

သူတို့က ကုနင်း ကိုမသိတာမလို့ သူမကို မနှုတ်ဆက်သော်လည်း လေးစားမှုပြရန်အတွက် သူမရှိ‌နေတာကိုအသိအမှတ်ပြုကြောင်းခေါင်းငြိမ့်ပြလိုက်လေသည်။ ကုနင်းကလည်း သူတို့ကို ပြန်ပြောသည့်အနေနဲ့ ပြုံးလျက်ခေါင်းငြိမ့်ပြလိုက်လေသည်။

ဧည့်ခန်းထဲတွင် စုန့်ဟောက်ယွီက ကုနင်းကိုမရှောင်ဘဲ တန်းပြောလိုက်လေသည်။ "ရှောင်းထင်၊ ပြဿနာက ငါတို့အဖွဲ့ စစ်ဆင်ရေးတစ်ခုသွားထမ်းဆောင်တယ်။ ဒါပေမဲ့ ငါတို့အရမ်းထူးဆန်းတဲ့အရာတစ်ခုနဲ့ ကြုံတယ်။ ငါတို့က ပထမအဆင့်-ဝရမ်းပြေးကို ဖမ်းမလို့လုပ်ပေမဲ့ သူ့ဘက်မှာ မယုံနိုင်လောက်စရာကောင်းတဲ့ အရမ်းစွမ်းအားကြီးတဲ့လူရှိနေတယ်။ အဲဒီလူက သန်မာသာတင်မကဘဲ ထူးဆန်းတဲ့စွမ်းရည်တွေလဲရှိတယ် အထူးသဖြင့် သူ့ရဲ့လှုပ်ရှားမှုပဲ။ သူက တစ်မီတာအကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရွေ့လျားနိုင်တယ်။ သူက ငါတို့ရဲ့ကျည်ဆံတွေကိုလည်း ရှောင်ရှားနိုင်တယ်။ အမှောင်ကျနေသ၍ ငါတို့သူ့ကို မရှာနိုင်ဘူး။ သူက ညအချိန်မှာ အမှောင်ထုနဲ့ ပေါင်းစည်းနေသလိုပဲ။ ဒီကမ္ဘာပေါ်မှာ မှော်စွမ်းရည်တွေရှိတဲ့လူတွေ ရှိတယ်လို့ငါထင်တယ်။ အခုခေတ်မှာ လူတွေက အယုံအကြည်မရှိတာ ငါသိပေမဲ့လည်း အဲဒီအရာက တကယ်ထူးဆန်းတယ်။ ငါ့အနေနဲ့ မင်းကိုပဲ အဲဒီအကြောင်း ပြောပြလို့ရတယ်"

အခြားသူတွေဟာ ယုံကြည်ဖို့ငြင်းဆန်လောက်ပေမဲ့လည်း ကုနင်းနှင့် လင်ရှောင်းထင်တို့ကတော့ သံသယမဝင်ပေ။ အဘယ့်ကြောင့်ဆို သူတို့ရဲ့စွမ်းရည်တွေဟာလဲ သာမာန်လူတွေရဲ့ စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်နေ၍ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ ထပ်ပြီးမစုံစမ်းပဲနဲ့ အဲဒီသန်မာတဲ့လူက ဘယ်သူလဲဆိုတာ မသိနိုင်ပေ။ ထိုလူဟာ ကျင့်ကြံသူဖြစ်နိုင်သလို နင်ဂျာလဲဖြစ်နိုင်လေသည်။

လင်ရှောင်းထင်နှင့် ကုနင်းရဲ့တည်ငြိမ်တဲ့မျက်နှာထားကိုကြည့်ပြီး စုန့်ဟောက်ယွီ အနည်းငယ်စိတ်တိုသွားလေသည်။ "ငါက နောက်နေတယ်လို့ မင်းတို့ထင်နေတာလား"

သာမာန်ပြည်သူတွေအနေနဲ့ မှော်စွမ်းအားတွေရှိတဲ့လူတွေရှိကြောင်း ယုံကြည်ဖို့ရာခက်ခဲတယ်ဆိုတာ သူသိလေသည်။ သူတို့ရဲ့မျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူး၍ဖြစ်သည်။

"မဟုတ်ဘူး။ ငါတို့မင်းကိုယုံတယ်"ဟု လင်ရှောင်းထင် ကပြောသည်။

"အာ...."ဟု စုန့်ဟောက်ယွီ ကအနည်းငယ် အံအားသင့်သွားလေသည်။ "မင်းတို့ဘာလို့ လုံးဝမလန့်သွားတာလဲ"

ထိုအရာက သာမာန်အပြုအမူမဟုတ်ပေ။

"ဘာလို့လဲဆို ငါတို့လဲတူညီတဲ့အရာနဲ့ ကြုံဖူးလို့ပဲ"ဟု လင်ရှောင်းထင်ကပြောသည်။

ထိုအရာကိုကြားတဲ့အခါ စုန့်ဟောက်ယွီနှင့်အခြားသူတွေဟာ အံဩသွားလေသည်။ သူတို့လည်းပဲ တူညီတဲ့အရာနဲ့ကြုံဖူးတယ်တဲ့လား။

"အဲ့တာဆို မှော်စွမ်းအင်ရှိတဲ့လူတွေ တကယ်ရှိတယ်လို့ဆိုလိုတာလား"ဟု စုန့်ဟောက်ယွီကမေးသည်။ ထိုလူက မှော်စွမ်းအင်တွေရှိတဲ့လူလို့သာ သူကခန့်မှန်းမိတာဖြစ်သော်လည်း ထိုအရာကိုဖြစ်နိုင်ချေရှိတယ်လို့သာ သူကခံစားမိကာ သိပ်မသေချာပေ။ သူကထိုအရာကို လက်ခံဖို့ရာ ခက်ခဲ၍ဖြစ်တာမလို့ လင်ရှောင်းထင်ရဲ့အဖြေကို ကြားရတဲ့အခါ သူအရမ်းအံဩသွားလေသည်။

"ငါကိုယ်တိုင်မမြင်ခင်က ငါလည်းမယုံကြည်ဘူး။ ဒါပေမယ့် ကိုယ်တိုင်မြင်ပြီး‌တော့ လက်ခံလိုက်ရတယ်"ဟု လင်ရှောင်းထင်ကပြောလေသည်။

မထင်မှတ်ထားစွာပင် ဒီကမ္ဘာပေါ်မှာ မှော်စွမ်းအင်တွေနဲ့ လူတွေရှိနေလေသည်။ စုန့်ဟောက်ယွီကကြောက်လဲကြောက်သလို စိတ်လဲလှုပ်ရှားနေလေသည်။ သူနဲ့ဆုံတဲ့လူဟာ မယုံကြည်နိုင်လောက်အောင် သန်မာနေ၍ဖြစ်သည်။

"မင်းတို့ အဲဒီလူကိုဖမ်းမိလိုက်လား။ ဒါမှမဟုတ် အဲဒီလူထွက်သွားပြေးသွားတာလား"ဟု စုန့်ဟောက်ယွီကမေးသည်....သူ့အနေနဲ့ ထိုမေးခွန်းကိုမေးသော်လည်း ထိုလူဟာ သာမာန်လူမဟုတ်၍ ထွက်ပြေးသွားနိုင်လောက်တယ်ဟု သူခံစားမိလေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၀၈ လင်ရှောင်းထင်ကို အကူအညီတောင်းခြင်း

ထိုသန်မာတဲ့လူကြောင့် ဒီတစ်ကြိမ်မှာ သူ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့ပေ။

အချိန်တိုင်းအောင်မြင်ဖို့ရာ မဖြစ်နိုင်ပေမဲ့လည်း သူတို့ဟာ ပုံမှန်အားဖြင့် အစတုန်းကသာ ရှုံးလေ့ရှိတာဖြစ်ပြီး ဒီနှစ်တွေအတွင်းမှာ သူတို့ဟာ ရှုံးခဲလေသည်။ တကယ်လို့ စစ်ဆင်ရေးအတွင်း အမှားတစ်ခုခုလုပ်မိရင်တောင် နောက်ဆုံးမှာ အောင်မြင်စမြဲဖြစ်သည်။ သို့သော်လည်း ဒီတစ်ခါတော့ သူ့မှာယုံကြည်ချက်မရှိပေ။

သူတို့ဘယ်လောက်လဲ စွမ်းအားကြီးကြီး သူတို့ကသေမျိုးတွေသာဖြစ်လေသည်။ တကယ်လို့သူတို့ရဲ့ရန်သူဟာ တကယ်ပဲမှော်စွမ်းအင်တွေရှိရင် ဖြေရှင်းရခက်ခဲတာဟာ သာမာန်ပင်ဖြစ်လေသည်။ ထို့အပြင် အဖွဲ့ဝင်တွေအများကြီးဟာလည်း ဒဏ်ရာရထားသည်ဖြစ်သည်။ ထိုထဲက နှစ်ယောက်ဆိုလျင် လုံးဝပြန်ကောင်းဖို့ရန် လအနည်းငယ်လောက် အနားယူရမည်ဖြစ်သည်။

"ငါသူ့ကိုသတ်လိုက်တယ်"ဟု လင်ရှောင်းထင် ကပြောသည်။

"ဘာ။ မင်းရူးနေလား။ မင်းဘယ်လိုလုပ်လိုက်တာလဲ"ဟု စုန့်ဟောက်ယွီက စိတ်လှုပ်ရှားစွာမေးလေသည်။ လင်ရှောင်းထင် အနေနဲ့ အဲဒီလို မှော်စွမ်းအင်တွေရှိတဲ့ သန်မာတဲ့လူတစ်ယောက်ကိုသတ်နိုင်တာဟာ အံဩစရာပင်ဖြစ်သည်။

"ငါ့အစွမ်းအစအပေါ် အားကိုးပြီးတော့ပေါ့"ဟု လင်ရှောင်းထင်ကပြောသည်။

ထိုအရာကိုကြားတဲ့အခါ စုန့်ဟောက်ယွီ ဟာဘာပြောရမှန်းမသိတော့ချေ။ သူကသူတို့ထက်သာကြောင်း လင်ရှောင်းထင်ကဆိုလိုချင်တာလား။

စုန့်ဟောက်ယွီ အနေနဲ့ သူက လင်ရှောင်းထင် ထက်အားနည်းကြောင်း ဝန်ခံရမည်ဖြစ်ပြီး သူဟာ လင်ရှောင်းထင် နဲ့ယှဉ်ပြိုင်လေ့ကျင့်စဉ်အတွင်းမှာ အမြဲရှုံးရသည်ဖြစ်သည်။ သို့သော်လည်း ထိုလူ့မှာ မှော်စွမ်းအင်တွေ ရှိတာမလို့ ဖြေရှင်းရတာ အရမ်းခက်ခဲလေသည်။

ဘာပဲဖြစ်ဖြစ် ထိုလူကိုသတ်လိုက်ပြီဖြစ်ကြောင်း လင်ရှောင်းထင် ပြောနေမှတော့ ထိုအရာဟာ အမှန်ဖြစ်လောက်လေသည်။ အဘယ်ကြောင့်ဆို လင်ရှောင်းထင် အနေနဲ့ သူတို့ကိုလိမ်ဖို့ မလို၍ဖြစ်သည်။

"မှော်စွမ်းရည်ရှိတဲ့ ဘယ်လိုလူမျိုးနဲ့ မင်းကြုံဖူးတာလဲ"ဟု စုန့်ဟောက်ယွီ ကထပ်ပြီးမေးလေသည်။ သူတို့က တမျိုးတည်းတွေ့တာလားဆိုတာ သူကသိချင်နေတာဖြစ်သည်။

"Rနိင်ငံက နင်ဂျာတွေ‌လေ။ သူတို့မှာ မင်းအခုလေးတင်ပြောပြတဲ့လူလိုပဲ အစွမ်းတွေရှိပေမယ့် မင်းလည်း Rနိုင်ငံက နင်ဂျာနဲ့တွေ့တာလားဆိုတာတော့ ငါလဲမသေချာဘူး။ Rနိုင်ငံက နင်ဂျာတွေပဲ ဒီကမ္ဘာပေါ်မှာ အဲဒီလိုလုပ်နိုင်တာလို ပြောလို့မှမရတာ။ ငါတို့အနေနဲ့ မှော်အစွမ်းတွေရှိတဲ့လူတွေ အများကြီးမတွေ့ဖူးသေးတာမလို့ သူတို့အကြောင်း ငါတို့ဘာမှသိပ်မသိသေးဘူးလေ"ဟု လင်ရှောင်းထင် ကပြောသည်။ စုန့်ဟောက်ယွီ နှင့်အခြားသူတွေဟာ မှော်အစွမ်းတွေရှိတဲ့လူတွေ ရှိကြောင်းသိပြီးသွားမှတော့ လင်ရှောင်းထင် အနေနဲ့ ထပ်ပြီးလျှို့ဝှက်ချက်ထားနေစရာ မလိုတော့ဘူးဟုတွေးမိပေမဲ့လည်း သူ့အနေနဲ့ သူတို့ကို အများကြီးတော့ ပြောပြလို့မရသေးပေ။ အနည်းဆုံးတော့ အခုချိန်ထိဖြစ်သည်။

ထို့ကြောင့် ဒီကမ္ဘာပေါ်မှာ နင်ဂျာနှင့် ကျင့်ကြံသူတွေအပြင် မှော်စွမ်းအင်ရှိတဲ့လူတွေ အများကြီးရှိပေမဲ့လည်း လင်ရှောင်းထင် အနေနဲ့သူတို့ကို နင်ဂျာတွေအကြောင်းသာ ပြောပြနိုင်လေသည်။ အဲ့တာဆိုရင်တော့ သူတို့အနေနဲ့ Rနိုင်ငံနဲ့ပတ်သတ်ပြီး သတိထားနေလောက်ပေသည်။

"Rနိုင်ငံက နင်ဂျာတွေဟုတ်လား"

ထိုအရာကိုသိတဲ့အခါ စုန့်ဟောက်ယွီ နှင့်သူ့အဖွဲ့နှစ်ယောက်ဟာ အံဩသွားလေသည်။

သူတို့ဟာ နင်ဂျာတွေအကြောင်း ကြားဖူးတာသေချာသော်လည်း နင်ဂျာတွေအကြောင်းကို သူတို့အနေနဲ့ Tvနှင့် စာအုပ်တွေဆီမှ သိထားတာဖြစ်သည်။ သူတို့အနေနဲ့ နင်ဂျာတွေ တကယ်ရှိတာဆိုတာ မယုံကြည်နိုင်ပေ။

"နင်ဂျာတွေက TVနှင့် စာအုပ်တွေထဲက ဖော်ပြထားသလိုနဲ့ အတူတူပဲလား"

"အခြေခံအားဖြင့် အတူတူပဲ"

"ဝိုး၊ အဲ့တာကအရမ်းမိုက်တာပဲ"

စုန့်ဟောက်ယွီနှင့်အခြားသူတွေဟာ ထပ်ပြီးအံဩသွားလေသည်။ နင်ဂျာတွေဟာ ကိုယ်ဖျောက်နိုင်လေသည်။ ဒါက အံဩဖို့ကောင်းတဲ့ ကမ္ဘာကြီးပဲ။

"မင်းနင်ဂျာတွေကိုဖြေရှင်းနိုင်တယ်။ လင်ရှောင်းထင် မင်းကအဲ့လောက် စွမ်းအားကြီးမှန်း ငါမယုံနိုင်ဘူး"ဟု စုန့်ဟောက်ယွီကချီးကျူးကာ လင်ရှောင်းထင်ကိုပိုပြီးလေးစားသွားလေသည်။

"ဟုတ်တယ်" လင်ရှောင်းထင်က နှိမ့်ချမနေတော့ဘဲ ကြည့်ရတာ လေးလေးနက်နက်ပင်ဖြစ်သည်။

စုန့်ဟောက်ယွီဟာတစ်စက္ကန့်မှ ကြောင်သွားပြီးနောက် အထွန့်တက်လေသည်။ "မင်းနည်းနည်းလောက်တောင် နှိမ့်နှိမ့်ချချနေလို့မရဘူးလား"

"အဲ့တာက အမှန်ပဲဟာ"

စုန့်ဟောက်ယွီဟာပါးစပ်ပိတ်လိုက်လေသည်။ ထိုအရာဟာအမှန်ဖြစ်ပေမဲ့လည်း အခုလို တဲ့တို့ကြီးပြောလို့ ကောင်းလို့လား။

"အဲ့တာဆိုရင် ငါတို့ကို ဒီတာဝန်နှင့်ပတ်သတ်ပြီး ကူညီပေးလို့ရမလား။ မင်းကို ဆုလဒ်တစ်ဝက်ပေးမယ်"ဟု စုန့်ဟောက်ယွီက လင်ရှောင်းထင်နှင့်ဆွေးနွေးလေသည်။ လင်ရှောင်းထင်ကမှော်စွမ်းအင်ရှိတဲ့လူတွေကို ဖြေရှင်းနိုင်မှတော့ သူ့အနေနဲ့ ဒီတာဝန်ကိုလည်း ဖြေရှင်းနိုင်လောက်ပေသည်။

"မလိုပါဘူး။ ငါ့ကိုထမင်းသာ လိုက်ကြွေး"ဟု လင်ရှောင်းထင် ကပြောသည်။ သူတို့ဟာသူငယ်ချင်းတွေဖြစ်တာမလို့ တကယ်လို့ ဘယ်လိုငွေကို ဝေခွဲရမလဲ အကြောင်းပြောရင် သူတို့ရဲ့ဆက်ဆံရေးကိုသာ ထိခိုက်စေနိုင်လေသည်။ တကယ်တော့ တကယ်လို့ စုန့်ဟောက်ယွီကသူ့ကိုဖုန်းမဆက်ရင်တောင် ထိုအကြောင်းကို သူသိတာနဲ့တပြိုင်နက် ဘေးကနေ လက်ပိုက်ကြည့်နေမှာမဟုတ်ပေ။

မှော်စွမ်းအင်ရှိတဲ့လူတွေ၊ သရဲတစ္တေတွေ နှင့် မကောင်းဆိုးဝါးတွေ တကယ်ရှိတယ်ဆိုတဲ့အချက်တွေဟာ မထုတ်‌ဖော်သေးပေမဲ့လည်း ဝေ့လင်းဖုန်းက လင်ရှောင်းထင်အား သာမာန်လူတွေမဖြေရှင်းနိုင်တဲ့ ထူးဆန်းတဲ့အရာတွေကိုဖြေရှင်းဖို့ရာ တာဝန်ပေးထားပြီးဖြစ်သည်။ ထူးဆန်းတဲ့အရာတွေ ‌ဖြစ်တာနဲ့တပြိုင်နက် သူ့အနေနဲ့ တာဝန်ယူရမည်ဖြစ်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်"ဟု စုန့်ဟောက်ယွီက လင်ရှောင်းထင်ရဲ့အကူအညီအတွက် ကျေးဇူးတင်သော်လည်း သူက လေး‌နက်စွာပင်ပြောလေသည်။ "အရမ်းအန္တရာယ်များတဲ့ တာဝန်မလို့ မင်းအနေနဲ့ အထူးဂရုစိုက်ဖို့လိုတယ်နော်"

"ငါသိပါတယ်"ဟု လင်ရှောင်းထင်ကပြောသည်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ကူညီပေးဖို့ ကတိပေးပြီးမှတော့ အကောင်းဆုံးဖြေရှင်းမည်ဖြစ်သည်။ သူက စုန့်ဟောက်ယွီ အားစိတ်‌အေးစေရန်နှင့် စိတ်ဖိစီးမှုမရှိစေရန်အတွက် ထိုအဖြေအား ရိုးရိုးလေးတင် ပေးလိုက်တာဖြစ်သည်။ ထိုတာဝန်ဟာ အစက သူ့တာဝန်မလို့ဖြစ်သည်။

လင်ရှောင်းထင်ကအရမ်းတည်ငြိမ်ကြောင်း စုန့်ဟောက်ယွီ နားလည်တာမလို့ ဘာမှထပ်မပြောတော့ပေ။

"ဟုတ်ပြီ၊ ငါမင်းကိုထပ်ပြီး ဆွဲမထားတော့ဘူး။ ငါရဲ့အဖွဲ့ဝင်နှစ်ယောက်က ဆေးရုံမှာ ဒဏ်ရာအပြင်းအထန်နဲ့တင်ထားရတယ်။ ငါသူ့တို့ဆီ အလည်သွားရဦးမှာမလို့ သဲလွန်စရတဲ့အခါ မင်းဆီဖုန်းခေါ်လိုက်မယ်"ဟု စုန့်ဟောက်ယွီ ကပြောသည်။ သူတို့က ထိုလူရဲ့ပြိုင်ဘက်မဟုတ်သော်လည်း ထိုလူဘယ်သွားလဲဆိုတာ သူတို့အနေနဲ့ ရှာနိုင်လောက်လေသည်။

"ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်ဟုတ်လား"ဟု လင်ရှောင်းထင် ကမျက်မှောင်ကြုံ့သွားကာ "ဘယ်လောက်ထိ ပြင်းထန်တာလဲ"ဟုမေးသည်။

စုန့်ဟောက်ယွီ သက်ပြင်းချလိုက်ကာ စိတ်ထိခိုက်ပုံပေါ်စွာဖြင့် "သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်သွားတာ။ သူတို့အနေနဲ့ ပြန်သက်သာဖို့ လပိုင်းလောက်အထိ ‌ကြာနိုင်တယ်"

ထိုအရာကိုကြားတဲ့အခါ လင်ရှောင်းထင်က ကုနင်းကိုလှည့်ကြည့်လိုက်လေသည်။ ကုနင်းကသူဘာဆိုလိုလဲဆိုတာ တန်းနားလည်လေသည်။ သူမအနေနဲ့ စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်တွေကို ကုပေးဖို့ သူမျှော်လင့်နေတာဖြစ်သည်။ သူမက သဘောတူတာမလို့ သူ့ကိုခေါင်းငြိမ့်ပြလိုက်လေသည်။

သူမက စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်တွေကို မသိပေမဲ့လည်း သူတို့ကစစ်သားတွေဖြစ်ပြီး သူတို့နိုင်ငံအပေါ်တာဝန်ထမ်းဆောင်နေတာဖြစ်သည်။ သူတို့ဟာ အမြင့်ဆုံးသော လေးစားမှုရဖို့ထိုက်တန်တာမလို့ တကယ်လို့ သူတို့ကသူစိမ်းတွေဖြစ်တောင် ကုနင်းကသူတို့ကိုကူညီမည်ဖြစ်သည်။

"ငါမင်းနဲ့အတူတူလိုက်ခဲ့မယ်"ဟု လင်ရှောင်းထင်ကပြောသည်။ သူရည်ရွယ်ချက်ကို သူတို့အားတန်းမပြောသေးပေ။ အဘယ်ကြောင့်ဆို ထိုဆိုလုပ်လိုက်ရင် သူ့အနေနဲ့ ရှင်းပြရမှာမလို့ဖြစ်သည်။

စုန့်ဟောက်ယွီ အံဩသွားသော်လည်း မငြင်းပေ။

ထို့နောက် သူတို့က အ‌ထွေ‌ထွေစစ်ဆေးရုံသို့ သွားကြလေသည်။

ကားထဲတွင် လင်ရှောင်းထင်က ကုနင်းနှင့်နှစ်ယောက်ထဲ အတူတူရှိနေချိန်တွင် သူမကို မေးလိုက်လေသည်။ "နင်းနင်း၊ သူတို့တွေ့တဲ့လူက နင်ဂျာလား ဒါမှမဟုတ် ကျင့်ကြံသူလား။ မင်းဘယ်လိုထင်လဲ"

"နင်ဂျာဖြစ်နိုင်ချေများတယ်လို့ထင်တယ်။ ကျင့်ကြံသူတွေက စစ်တပ်ကိုဆန့်ကျင့်ပြီး တစ်ခုခုလုပ်မှာမဟုတ်ဘူး။ ကျွန်မတို့က တစ်နိုင်ငံထဲနေနေတဲ့ဥစ္စာ။ အဲ့တာက အမြဲတမ်းအမှန်မဟုတ်ပေမဲ့လည်း ဖြစ်နိုင်ချေက အရမ်းနည်းတယ်။ ဒါပေမယ့် နင်ဂျာတွေကတော့ Rနိုင်ငံကဖြစ်လို့ မတူဘူး။ Rနိုင်ငံနဲ့ တို့နိုင်ငံရဲ့ ဆက်ဆံရေးအရ သူတို့ရဲ့လုပ်ရပ်မှန်သမျှဟာတို့နိုင်ငံ တစ်ခုလုံးကိုထိခိုက်စေဖို့နဲ့ စိန်ခေါ်မှုတွေပဲ"

"နင်ဂျာတွေဖြစ်နိုင်ချေပိုများတယ်ဆိုတာ ကိုယ်လဲသဘောတူတယ်။ ကိုယ်လည်း မင်းလိုပဲထင်တယ်"

ထိုလူက ကျင့်ကြံသူဖြစ်ဖြစ် နင်ဂျာဖြစ်ဖြစ် ထိုလူဟာ ဝရမ်းပြေးကို ကာကွယ်တဲ့လုပ်ရပ်ကို ကျူးလွန်ထားပြီးဖြစ်တာမလို့ အဖမ်းခံရတာနဲ့ သေဒဏ်ပေးခံရလောက်လေသည်။

"အို"ဟု ရုတ်တရက်ပဲ ကုနင်းကတစ်စုံတစ်ခုကို တွေးမိလေသည်။

"ဘာလဲ"

"မြို့တော်မှာရှိတဲ့ နင်ဂျာနှစ်ယောက်ကို ကျွန်မသိတယ်။ ဒီကိစ္စနဲ့ သူတို့တစ်ခုခုပတ်သက်နေမလားလို့ စဉ်းစားမိလို့"ဟု ကုနင်း ကပြောသည်။ သူမဟာ ရုတ်တရက်ပဲ ကူရာကီ အာခဲမီ နှင့် ခဲတို တိုးယာတို့အားအမှတ်ရသွားလေသည်။

ထိုအရာကိုကြားတဲ့အခါ လင်ရှောင်းထင်ဟာလေးနက်သွားပြီး "ဘာပဲဖြစ်ဖြစ် ငါတို့အနေနဲ့ သူတို့ကိုစောင့်ကြည့်ရမယ်"

"အဲဒီနင်ဂျာနှစ်ယောက်ဘယ်မှာနေနေလဲဆိုတာ သိရဖို့ Kကိုကျွန်မ စုံစမ်းခိုင်းလိုက်မယ်"ဟု ကုနင်းကပြောကာ Kဆီတန်းဖုန်းဆက်လေသည်။

Kက သူတို့ကိုစောင့်ကြည့်နေတာ ရပ်လိုက်တာကြာပြီဖြစ်၍ သူတို့အခုဘယ်မှာလဲဆိုတာ ရှာတွေ့ဖို့ရန် အနည်းငယ်တော့ ကြာသွားလေသည်....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၀၉ ဘယ်သူ့ကိုမှမပြောဘူးလို့ ကျိန်ပါတယ်

အချိန်ဟာ ည၁၀နာရီရှိပြီးဖြစ်တာမလို့ လမ်းမပေါ်မှာ ယဉ်ကျော်သိပ်မရှိကာ သူတို့ဟာ အထွေထွေစစ်ဆေးရုံအား မိနစ်နှစ်ဆယ်အတွင်း ရောက်လေသည်။

ထို့နောက် သူတို့ဟာ စုန့်ဟောက်ယွီ အဖွဲ့ဝင်တွေရဲ့အခန်းဆီ သွားလေသည်။

အခန်းထဲမှာ သူတို့ကို ကာကွယ်ပေးရန် နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ရှိလေသည်။ လင်ရှောင်းထင်နှင့်အခြားသူတွေ လာတာနှင့်တပြိုင်နက် သူတို့ဟာ မသက်ဆိုင်တဲ့လူတွေအား အပြင်ထွက်ရန်ပြောလိုက်လေသည်။ လင်ရှောင်းထင်၊ စုန့်ဟောက်ယွီနှင့် ကုနင်းတို့သာ အထဲတွင်နေခဲ့လေသည်။

ထို့နောက် လင်ရှောင်းထင်က စွမ်းအင်သလင်းကျောက် ဆယ်ခုပါတဲ့ ကြွေပုလင်းတစ်လုံးကို ထုတ်လိုက်ကာ စုန့်ဟောက်ယွီ အားပေးလိုက်လေသည်။ "ဒီဆေးက အရမ်းအကျိုးရှိတယ်။ သူတို့ကို အရင်ဆုံးကူပြီး တစ်လုံးဆီတိုက်လိုက်။ သူတို့ရဲ့ဒဏ်ရာတွေ မကြာခင်သက်သာသွားလိမ့်မယ်။ သုံးရက်အတွင်းမှာပဲ တကယ်လို့ ၇၀%မသက်သာရင် နောက်ထပ်တစ်လုံးထပ်တိုက်လိုက်။ သူတို့အနေနဲ့ တပတ်အတွင်းမှာပဲ လုံးဝပြန်ကောင်းသွားလိမ့်မယ်"

"ဒီဆေးက တကယ်ပဲ ဒဏ်ရာအားလုံးနီးနီးနဲ့ ရောဂါအားလုံးနီးနီး အပေါ်အကျိုးသက်ရောက်မှုရှိပေမဲ့ အရမ်းလည်းရှားတယ်။ ဒဏ်ရာနည်းနည်းရတာနဲ့ နေမကောင်းတာလောက်နဲ့ ဒီဆေးကိုမသုံးနဲ့။ နာကျင်မှုကို မခံနိုင်တော့ဘူးဆိုမှသုံး ဒါမှမဟုတ်ရင် မင်းငါ့ကိုမေးလဲရတယ်"

စုန့်ဟောက်ယွီ သံသယရှင်းစေရန်အတွက် သူတို့အထဲမဝင်ခင် ကုနင်းက လင်ရှောင်းထင်အား စွမ်းအင်သလင်းကျောက်တွေ ပေးထားတာဖြစ်သည်။ သူမက လင်ရှောင်းထင် အားလုပ်ခိုင်းတာဟာ စုန့်ဟောက်ယွီကသူတို့ရဲ့ဆက်ဆံရေးကိုကြောင့် သူ့ကိုပိုပြီးယုံကြည်နိုင်၍ဖြစ်သည်။

"ဘာ။ ဒီဆေးကိုသောက်ပြီးတာနဲ့ သုံးရက်အတွင်း သူတို့အများကြီးသက်သာနိုင်တယ်ဟုတ်လား"ဟု စုန့်ဟောက်ယွီက လင်ရှောင်းထင်ရဲ့စကားကြောင့် ကြောင်သွားလေသည်။ သူက သူ့နားကိုသူ မနည်းယုံကြည်နိုင်ပေမဲ့လည်း သူကြားလိုက်တာ မှန်ကန်ကြောင်း သေချာလေသည်။

စုန့်ဟောက်ယွီရဲ့ဒဏ်ရာရနေတဲ့ အဖွဲ့ဝင်နှစ်ယောက်ဟာလည်းပဲ အံဩသွားလေသည်။ သို့သော်လည်း ဒီဆေးက တကယ်ပဲအစွမ်းထက်ရဲ့လား။

လင်ရှောင်းထင်က သူ့ကိုအရူးလုပ်မှာမဟုတ်ဘူးလို့ စုန့်ဟောက်ယွီ နားလည်ပြီး စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်နှစ်ယောက်ကလည်း လင်ရှောင်းထင် ကိုယုံကြည်ပေမဲ့လည်း ဒီဆေးရဲ့ ဆေးစွမ်းဟာ ယုံကြည်ဖို့ခက်ခဲလွန်းတယ်ဟု သူတို့ထင်လေသည်။ သူတို့အတွက် ယုံကြည်ဖို့ရာ အမှန်တကယ်ပင် ခက်ခဲလေသည်။

"မှော်အစွမ်းတွေရှိတဲ့လူတွေအကြောင်း မင်းယုံကြည်မှတော့ ဘာလို့ဒီဆေးရဲ့အစွမ်းကို မယုံကြည်နေတာလဲ။ စိတ်မပူပါနဲ့ ငါသူ့တိုကိုထိခိုက်အောင်မလုပ်ပါဘူး။ ငါအဖွဲ့ဝင်တွေလည်းပဲ သူတို့ဒဏ်ရာရရင် ပြန်သက်သာဖို့ ဒီဆေးပဲသုံးတာ"ဟု လင်ရှောင်းထင်ကပြောသည်။

"ငါမင်းကိုယုံကြည်ပါတယ်။ ငါဒီတိုင်း မယုံကြည်နိုင်စရာကောင်းတယ်လို့ပဲ ခံစားမိလို့"ဟု လင်ရှောင်းထင်ကသူတို့ကို အမှန်အတိုင်းပြောနေမှတော့ စုန့်ဟောက်ယွီ အနေနဲ့သံသယထပ်မဝင်တော့ပေ။ သူက ဒဏ်ရာရနေတဲ့ သူ့အဖွဲ့ဝင်နှစ်ယောက်ဘက်ကို လှည့်ကာမေးလိုက်လေသည်။ "မင်းတို့ကရော"

"ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးလင်ကိုယုံကြည်တယ်"ဟု စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်နှစ်ယောက်ကပါပြောလာသည်။

သူတို့က တစ်ပတ်အတွင်းပြန်သက်သာဖို့ရာ မစောင့်နိုင်တော့ပေ။ သူတို့ကစစ်သားတွေဖြစ်ပြီး သူတို့ရဲ့ပုခုံးပေါ်မှာ တာဝန်တွေအများကြီးထမ်းထားရတာမလို့ သူတို့အနေနဲ့ အိပ်ရာထဲတွင် လပေါင်းများစွာ လှဲမနေချင်ပေ။ သူတို့ကိုယ်သူတို့ အသုံးမကျဘူးဟု ထိုအရာကခံစားမိစေ၍ဖြစ်သည်။ သူတို့အနေနဲ့ အမြန်ဆုံးပြန်သက်သာလာပြီး ဒုစရိုက်သမားတွေကို ဖမ်းဖို့လိုအပ်လေသည်။

"ကောင်းပြီလေ"ဟု စုန့်ဟောက်ယွီ ကသဘောတူကာ စွမ်းအင်သလင်းကျောက် နှစ်လုံးထုတ်လိုက်ကာ သူတို့အား တစ်ယောက်တစ်လုံးဆီ ပေးလိုက်လေသည်။

စွမ်းအင်သလင်းကျောက် အားသောက်ပြီးနောက် သူတို့ရဲ့ခန္ဓာကိုယ်အတွင်း အေးစက်မှုတစ်ချက် ခံစားလိုက်မိပြီး သက်တောင့်သက်သာခံစားရလေသည်။

မိနစ်အနည်းငယ်အတွင်းမှာပဲ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ သိပ်မနာကျင်တော့ပေ။

သူတို့ဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထား၍ နာကျင်နေသေးသော်လည်း ပြန်သက်သာလာနေတာကို သူတို့ခံစားမိတာမလို့ အံဩသွားလေသည်။

"ဝိုး...."ဟု သူတို့နှစ်ယောက်လုံးဟာ စကားပြောဖို့ရာတောင် အရမ်းအံဩသွားလေသည်။

"အကုန်အဆင်ပြေရဲ့လား"ဟု စုန့်ဟောက်ယွီက လင်ရှောင်းထင်ကိုယုံကြည်သော်လည်း သူ့အဖွဲ့အဝင်နှစ်ယောက်ရဲ့ အမူအရာကိုတွေ့တဲ့အခါ စိတ်ပူနေသေးလေသည်။

"သူတို့အဆင်ပြေပါတယ်။ ဆေးစွမ်းကြောင့် သူတို့အံဩနေတာ။ အခုနေလို့ကောင်းသွားပြီလား"ဟု ကုနင်း မေးသည်။

"ဟုတ်တယ်"ဟု အဖွဲ့ဝင်နှစ်ယောက်ဟာ အရမ်းစိတ်လှုပ်ရှားမှုတွေအားပြလျက် တန်းဖြေလေသည်။

"တကယ်လား"ဟု ထိုအရာကိုကြားတဲ့အခါ စုန့်ဟောက်ယွီဟာလည်းအံဩသွားလေသည်။ သူက လင်ရှောင်းထင် ကိုယုံကြည်သော်လည်း သူတို့ရဲ့အဖြေကို သူ့နားနှင့်ကြားလိုက်ရသောအခါ အံဩသွားသေးလေသည်။

ဒီဆေးဟာ တကယ်ပဲ‌အစွမ်းထက်လေသည်။

အဲဒီအချိန်မှာပဲ စုန့်ဟောက်ယွီ ဟာသံသယလုံးဝမရှိတော့ပေ။ အခုချိန်ဟာ စောသေးကာ ဆေးကတကယ်ပဲအစွမ်းထက်လားဆိုတာ စောင့်ကြည့်ဖို့လိုသေးသော်လည်း သူတို့သောက်ပြီးနောက် နာကျင်မှုက အရမ်းလျော့ကျသွားတယ်ဆိုတာနဲ့တင် ဆေးစွမ်းကို‌သက်သေပြဖို့ရာ လုံလောက်လေသည်။

"ရှောင်းထင်၊ မင်းဘယ်က ဒီလိုအစွမ်းထက်ဆေးတွေ ရလာတာလဲ"ဟု စုန့်ဟောက်ယွီက လင်ရှောင်းထင် အားစိတ်လှုပ်ရှားစွာမေးလေသည်။ တကယ်လို့ သူသာ ဒီလိုအစွမ်းထက်တဲ့ဆေးကို သူနဲ့အတူသယ်သွားနိုင်ရင် သူတို့ရဲ့လာမဲ့စစ်ဆင်ရေးတွေမှာ သူ့အနေနဲ့ ဒဏ်ရာရမှာ ကြောက်နေစရာ မလိုတော့ပေ။

သူတို့ဟာ စစ်တပ်ထဲဝင်လာပြီးနောက် အချိန်မရွေးသေဖို့ရန် ပြင်ဆင်ထားပြီးဖြစ်သော်လည်း တကယ်လို့ အသက်ရှင်နိုင်လျင် ဘယ်သူမှ မသေချင်ပေ။

"တကယ်လို့ ငါမင်းကိုပြောပြရင် အခြားဘယ်သူ့ကိုမှ မပြောပြနဲ့"ဟု သူ့ကိုစိုက်ကြည့်ပြီး လင်ရှောင်းထင်ကပြောလေသည်။

"ကောင်းပြီ။ ငါဘယ်သူ့ကိုမှမပြောပြဖူးလို့ ကတိပေးတယ်"ဟု စုန့်ဟောက်ယွီကချက်ချင်းကြိမ်ပြောလေသည်။ လင်ရှောင်းထင်ကသူ့ကိုမယုံမှာစိုး၍ သူ့ရဲ့လက်ကိုပါ မြှောက်လိုက်သေးလေသည်။

ထိုအရာကိုမြင်တဲ့အခါ ကုနင်းဟာအော်ရယ်မိမလို့ဖြစ်သွားလေသည်။ စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်နှစ်ယောက်ဟာလည်းပဲ သဘောကျသွားလေသည်။

စုန့်ဟောက်ယွီဟာပုံမှန်အားဖြင့် အရမ်းလေးလေးနက်နက်ရှိပေမဲ့လည်း သူကအခုချိန်မှာ ကလေးတစ်ယောက်လိုဖြစ်တာမလို့ မြင်ရခဲလေသည်။

"ငါစစ်ဆင်ရေးလုပ်တုန်းက မှော်စွမ်းအင်တွေရှိတဲ့လူတစ်ယောက်နဲ့ ဆုံတယ်။ သူက ငါ့ကိုဒီဆေးတွေပေးတာ။ ငါ့သူဆီက ရှေ့ရှောက်စစ်ဆင်ရေးတွေမှာ ဒဏ်ရာရခဲ့ရင် လိုရမယ်ရဆိုပြီး အချို့ဝယ်ထားတာ။ ဒီဆေးကအရမ်းရှားတာမလို့ ဈေးကြီးတယ်။ သူက ငါ့ကိုတစ်လဆယ်လုံးပဲ ရောင်းပေးတာ" ထိုအရာဟာ လင်ရှောင်းထင်နှင့် ကုနင်း တို့ကားထဲမှာ သဘောတူထားတဲ့ ဖြေရှင်းချက်ဖြစ်သည်။ အဘယ်ကြောင့်ဆို စုန့်ဟောက်ယွီကဆေးတွေဘယ်ကရလဲဆိုတာ မေးမယ်ဆိုတာ သူတို့သေချာ၍ဖြစ်သည်။

လင်ရှောင်းထင်မှာ စုန့်ဟောက်ယွီအတွက် စွမ်းအင်သလင်းကျောက် အချို့ပြင်ဆင်ထားပေရန် အစီအစဉ်ရှိသော်လည်း အချိန်တိုင်း သူ့ကိုအလကားမပေးနိုင်ပေ။ သိသာစွာပင် သူတို့အနေနဲ့ ဆေး‌တွေကိုရေရှည်လိုအပ်တာမလို့ တကယ်လို့အလကားဆိုရင် အဓိပ္ပာယ်မရှိပေ။ ကုနင်းရဲ့ဆေးတွေဖြစ်ကာ လင်ရှောင်းထင် ရဲ့ဆေးတွေမဟုတ်တာမလို့ ဒီအပေးအယူအဆင်ပြေဖို့ရာ အကြောင်းပြချက်ပေးဖို့ လိုအပ်လေသည်။

စစ်တပ်ထဲတွင် မီးတောက်နီအဖွဲ့ဝင်တွေကလွဲလျင် လင်ရှောင်းထင်မှာ စုန့်ဟောက်ယွီတို့နဲ့အရင်းနှီးဆုံးဆက်ဆံရေးရှိတာမလို့ စုန့်ဟောက်ယွီရဲ့အန္တရာယ်ကင်းမှုကို သူအရမ်းဂရုစိုက်လေသည်။ သူတို့ကို စွမ်းအင်သလင်းကျောက် အချို့ပေးဖို့ သူ့မှာစိတ်ကူးရှိနေတာ ကြာပြီဖြစ်သည်။

"မှော်အစွမ်းရှိတဲ့လူတစ်ယောက်နဲ့ မင်းသိတယ်လား"ဟု ထိုအရာကိုသိတဲ့အခါ စုန့်ဟောက်ယွီနှင့်အခြားသူတွေဟာ အံဩသွားလေသည်။

"ဟုတ်တယ်။ ငါသူတို့နဲ့ သိပ်မကြာခင်က တွေ့တာ"

"သူက ဘယ်လိုမှော်စွမ်းအင်တွေနဲ့ လူလဲ" မှော်စွမ်းအင်မျိုးစုံရှိတဲ့ လူတွေရှိလေသည်။ သာမာန်လူတွေမှာမရှိတဲ့ အစွမ်းတွေ သူတို့မှာရှိသ၍ သူတို့ဟာ မှော်အစွမ်းရှိတဲ့လူတွေဟု ခေါ်တာဖြစ်သည်။

"ငါမသိဘူး။ ဒါပေမယ့် သူကဆေးပညာမှာ အရမ်းတော်တယ်ဆိုတာတော့ သေချာတယ်"

"ဒီဆေးလုံးက ဘယ်လောက်ပေးရလဲ။ ငါ့ကိုကူပြီး ဝယ်ပေးလို့ရမလား"ဟု စုန့်ဟောက်ယွီကမေးသည်။ သူက လင်ရှောင်းထင် အားမျှော်လင့်တကြီးဖြင့် ကြည့်ကာ လင်ရှောင်းထင်ကသူ့ကိုမငြင်းဖို့ရန် မျှော်လင့်နေလေသည်။

"ကောင်းပြီလေ။ ဒါပေမယ့် တစ်လုံးကို ယွမ်တစ်သိန်းကျတယ်"ဟု လင်ရှောင်းထင်ကပြောသည်။ တကယ်တော့ ထိုအရာသာ သူငယ်ချင်းတွေအတွက် အရမ်းလျော့ပေးတဲ့ဈေးဖြစ်သည်။ အဘယ်ကြောင့်ဆို ကုနင်းက ချီထျန်းလင် အား တစ်လုံးကို တစ်သန်းနဲ့ရောင်းတာ ဖြစ်သည်။ စစ်ထူယဲ့ပင်လျင် တစ်လုံးကို ယွမ်ငါးသိန်းပေးဖို့ လိုအပ်လေသည်။

ပိုပြီးအရေးကြီးတာက စုန့်ဟောက်ယွီနှင့်အခြားသူတွေဟာ ပိုက်ဆံမရှားပေ။ တကယ်လို့ သူတို့မှာပိုက်ဆံအများကြီး မရှိရင်တောင် ဈေးဟာဒီထက်တောင် နည်းမှာဖြစ်သည်။

ကုနင်းက ဒီဆေးတွေကို ‌ဆင်းရဲတဲ့လူတွေအား အလကားပင်ပေးပစ်လေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၁၀ တန်ပါတယ်

ဘာပဲဖြစ်ဖြစ် ကုနင်းက ဆင်းရဲတဲ့လူတွေကို စွမ်းအင်သလင်းကျောက် အနည်းငယ်ပဲပေးတာဖြစ်သည်။ သူမက သူတို့ကိုအလကား အများကြီးပေးမှာမဟုတ်ပေ။ ထို့အပြင် ကုနင်းက စုန့်ဟောက်ယွီအားဆေးဆယ်လုံးအား ပိုက်ဆံမတောင်းပဲ အခုလေးတင်ပေးဖို့ လင်ရှောင်းထင်အားပြောထားလေသည်။

ဆေးတစ်လုံးကို တစ်သိန်းလား။

ထိုအရာကိုကြားတဲ့အခါ စုန့်ဟောက်ယွီရောသူ့ရဲ့အဖွဲ့ဝင်တွေရောဟာ ဆေးတန်ဖိုးကြောင့် အံဩသွားလေသည်။ သို့သော်လည်း ဆေးနှစ်လုံးထဲနဲ့တင် သူတို့အနေနဲ့ ဒဏ်ရာအပြင်းအထန်ရနေတာကနေ ပြန်သက်သာလာနိုင်လေသည်။ သူတို့အနေနဲ့ ဆေးရုံမှာ လပေါင်းများစွာနေဖို့လဲ မလိုအပ်ပေ။ အဲ့တာဆိုရင်တော့ ဆေးဟာ ပေးရတဲ့ဈေးနဲ့ တန်လေသည်။

"ဒါကတကယ်ကို အစွမ်းထက်တဲ့ဆေးပဲ။ တန်ကြေးက သင့်တော်တယ်။ မင်းငါ့ကို အရင်ဆုံးဆေးဆယ်လုံး ကူပြီးဝယ်ပေးလို့ရမလား။ ငါအခုပဲ မင်းဆီငွေလွှဲပေးလိုက်မယ်"ဟု စုန့်ဟောက်ယွီကပြောကာ လင်ရှောင်းထင်အားငွေလွှဲပေးရန် သူ့ဖုန်းကိုတန်းထုတ်လိုက်လေသည်။ တကယ်လို့ သူသာတစ်စက္ကန့်နောက်ကျသွားရင် လင်ရှောင်းထင် စိတ်ပြောင်းသွားမည့်အလား သူကကြောက်နေပုံပေါ်လေသည်။ သူ့အနေနဲ့ ထိုသို့အဖြစ်မခံနိုင်ပေ။

"လောဖို့မလိုပါဘူး။ ငါသူ့ကို ပြီးရင်ဆက်သွယ်လိုက်မယ်။ ငါဆေးရတာနဲ့ မင်းကိုပေးမယ်" သူက အခြားလူဆီကနေ ဝယ်ဖို့လိုအပ်တယ်လို့ပြောထားတာကြောင့် စုန့်ဟောက်ယွီကိုအခုချက်ချင်း ပေး၍မရပေ။

"ကိစ္စမရှိပါဘူး။ ငါမင်းဆီအရင်ဆုံး ငွေလွှဲထားလိုက်မယ်"ဟု စုန့်ဟောက်ယွီက လင်ရှောင်းထင်ဆီအခုပဲ ငွေလွှဲပေးမည်ဟု အတင်းပြောတာမလို့ လင်ရှောင်းထင်ကသူ့ကိုထပ်မတားတော့ပေ။ သူ့အနေနဲ့ ပိုက်ဆံကို ကုနင်း ဆီပြီးလျှင် လွှဲပေးမည်ဖြစ်သည်။

ပြဿနာကဖြေရှင်းပြီးသွားပြီမလို့ ကုနင်းနှင့် လင်ရှောင်းထင်တို့ဟာထွက်သွားဖို့ ဆုံးဖြတ်လိုက်လေသည်။ သူတို့ထွက်မသွားခင်မှာပဲ လင်ရှောင်းထင်က စုန့်ဟောက်ယွီအားပြောလိုက်လေသည်။ "မှော်အစွမ်းတွေရှိတဲ့လူတွေရှိကြောင်း မင်းယုံကြည်မှတော့ အခုကစပြီး အလုပ်ပဲဖြစ်ဖြစ် မင်းအသက်ဖြစ်ဖြစ် ဂရုစိုက်တော့။ တကယ်လို့မင်းသူတို့နဲ့ ဆုံဖြစ်ရင် ပြဿနာမဖြစ်အောင် တတ်နိုင်သမျှကြိုးစား။ မင်းကိုယ်မင်းအရင်ဆုံးကာကွယ်။ မင်းငါ့ကိုပြောပြပြီး ငါ့ဘာငါ‌ဖြေရှင်းမယ်။ တကယ်လို့ မင်းငါ့ကိုဆက်သွယ်လို့မရရင် မီးတောက်နီအဖွဲ့က တပ်ဖွဲ့ဝင်တွေဆီ ဆက်သွယ်လိုက်။ သူတို့အားလုံး မှော်အစွမ်းရှိတဲ့လူတွေရှိကြောင်း သိပြီးသား။ သူတို့ကို လျှို့ဝှက်ထားဖို့ မလိုဘူး"

မီးတောက်နီအဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ တည်နေရာတွေကို အရမ်းရင်းနှီးလေသည်။ သူတို့ဘယ်ပဲသွားသွား အရေးတကြီးစစ်ဆင်ရေးတွေရုတ်တရက်ပေါ်လာရင် သူတို့ရုတ်တရက်ပြောက်သွားမှာဆိုး၍ တခြားအဖွဲ့ဝင်တွေအား ပြောပြပြီးမှသွားလေ့ရှိလေသည်။

လင်ရှောင်းထင်ရဲ့အချို့နေရာတွေသွားတာ ဥပမာ ကျင့်ကြံသူကမ္ဘာကို သွားတာတွေကိုတော့ မီးတောက်နီအဖွဲ့ဝင်တွေဆီမှ လျှို့ဝှက်ထားလေသည်။

"ကောင်းပြီလေ"ဟု စုန့်ဟောက်ယွီကလေးလေးနက်နက်ပင်ပြောသည်။ ထိုအရာဟာ ဟာသမဟုတ်ဘူးဆိုတာ သူသိလေသည်။ သူတို့ရဲ့တာဝန်ကို နောက်ကျရင် အောင်မြင်အောင်ဆောင်ရွက်နိုင်ပေမဲ့ သူတို့မှာ အသက်တစ်ချောင်းသာရှိလေသည်။

တကယ်တော့ မှော်အစွမ်းရှိတဲ့လူတွေကို လင်ရှောင်းထင် ဘယ်လိုဖြေရှင်းလဲဆိုတာကို သူကအရမ်းသိချင်နေတာဖြစ်သည်။ တကယ်လို့ လင်ရှောင်းထင်က သူ့ထက်သန်မာရင်တောင် လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းထက် ပိုဖို့လိုအပ်တယ်လို့ ခံစားမိလေသည်။

သို့သော်လည်း လင်ရှောင်းထင် ထိုပြဿနာတွေကို ‌သူဖြေရှင်းနိုင်တယ်လို့ ပြော‌နေမှတော့ ထိုအရာသာအမှန်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် စုန့်ဟောက်ယွီ သိချင်တာဖြစ်သော်လည်း ထပ်ပြီးဘာမှမမေးတော့ပေ။

"အို၊ လူတွေကြောက်လန့်နေတာ မဖြစ်ရအောင် ဒီသတင်းတွေကိုမဖြန့်နဲ့။ အဲ့တာက မကြာခဏ‌ဖြစ်လေ့ရှိတာမဟုတ်လို့ ကြုံတဲ့အခါတိုင်းကို ငါတို့စောင့်ပြီး‌ဖြေရှင်းလို့ရတယ်"

"ဒါပေါ့" စုန့်ဟောက်ယွီ ချက်ချင်းသဘောတူလိုက်သည်။

ထို့နောက် လင်ရှောင်းထင်နှင့် ကုနင်းတို့ထွက်သွားကြသည်။

သူတို့ထွက်သွားပြီးတဲ့အခါ စုန့်ဟောက်ယွီကအတွေးတွေထဲမှာမျောနေပြီးနောက် တံခါးမှာစောင့်နေတဲ့ သူအဖွဲ့ဝင်နှစ်ယောက်အား အထဲဝင်လာရန် ခေါ်လိုက်လေသည်။ သူတို့ကိုဂရုစိုက်ဖို့နဲ့ လျှို့ဝှက်ထားဖို့ရန် သူကပြောလေသည်။

ဒီပြဿနာက ဘယ်လောက်အရေးကြီးလဲဆိုတာကို သူ့အဖွဲ့ဝင်ဟာလည်း နားလည်သည့်အတွက် အခြားသူတွေကို သူတို့ပြောမှာမဟုတ်ပေ။

....

လင်ရှောင်းထင် နှင့် ကုနင်း တို့ထွက်လာပြီးနောက် Kဆီမှ စာတိုကို ကုနင်း ရရှိလေသည်။ ကူရာကီ အာခဲမီ နှင့် ခဲတို တိုးယာ တို့အခုဘယ်မှာနေနေလဲဆိုတာကို သူရှာတွေ့ပြီးဖြစ်သည်။ သူတို့ဟာ Residential Block တစ်ခုက တိုက်ခန်းတစ်ခုအတွင်းမှာနေနေတာဖြစ်သည်။

ဒီရက်ပိုင်းအတွင်းမှာ ကူရာကီ အာခဲမီ နှင့် ခဲတို တိုးယာတို့ဟာဘယ်သူ့ကိုမှ မစုံစမ်းသလို သာမာန်မဟုတ်တာ ဘာတစ်ခုမှလဲ မလုပ်ပေ။

တုန့်ဆိုင်းမနေဘဲ ကုနင်းကထိုသတင်းကို လင်ရှောင်းထင်အားပြောပြပြီး သူကလဲ သူတို့ကိုစောင့်ကြည့်ရန် လူတွေတန်းလွှတ်လိုက်လေသည်။

သူတို့ကအခုပုံမှန်မဟုတ်တာ ဘာမှမလုပ်ပေမဲ့လည်း သူတို့ကနင်ဂျာတွေနဲ့ ဘာမှမပတ်သတ်ဘူးလို့တော့မဆိုလိုပေ။ သူတို့အားလုံးဟာနင်ဂျာတွေဖြစ်တဲ့အတွက် တူညီတဲ့အဖွဲ့အစည်းတစ်ခုထဲက ဖြစ်နိုင်ချေများလေသည်။ အဲ့တာဆိုရင်တော့ လင်ရှောင်းထင် အနေနဲ့သူတို့ဆီမှ မမျှော်လင့်ထားတဲ့ သဲလွန်စတွေရလာနိုင်လေသည်။

လင်ရှောင်းထင် နှင့် ကုနင်းတို့ တောင်မြစ်ကမ်းဥယျာဉ်သို့ပြန်ရောက်တဲ့အခါ သူတို့ဟာ ချစ်စိတ်တွေပြင်းပြနေတဲ့ ချစ်တင်းနှောမှုတွေ‌ကို ကြာရှည်စွာလုပ်ကြလေသည်။

တခြားတစ်ဖက်မှာတော့ ပိုင်လီကျုံးရွှယ်ဟာ ကုနင်းအကြောင်းတစ်ချိန်လုံး စဉ်းစားနေရင် အိပ်မပျော်ပေ။ ကုနင်းကကျင့်ကြံသူဖြစ်နေမှတော့ သူမနဲ့ ဆက်ဆံရေးဖွဲ့ရတဲ့ သူမရဲ့အကြောင်းပြချက်ကို သိနေလောက်သည်။

ထို့ကြောင့် သူမအနေနဲ့ ကုနင်းကိုအမှန်အတိုင်းပြောသင့်လားဆိုတာ စဉ်းစားနေတာဖြစ်သည်။ တကယ်လို့သူမသာဖွင့်ပြောလိုက်ရင် သူမတို့အနေနဲ့ ဘာနှောင်ဖွဲ့မှုမှမရှိတဲ့ သူငယ်ချင်းအစစ်တွေဖြစ်လာနိုင်သည်။ တကယ်လို့သူမသာ မပြောရင်တော့ သူမတို့ရဲ့ဆက်ဆံရေးမှာ ပုံးကွယ်နေတဲ့ပြဿနာတွေရှိလာနိုင်သည်။ တကယ်လို့ ပိုသာဆိုးလာရင် သူမတို့အနေနဲ့ သူငယ်ချင်းတောင် ဆက်ဖြစ်လာနိုင်တော့မှာ မဟုတ်ပေ။

ကုနင်းဟာ ပိုင်လီကျုံးရွှယ်ကကျင့်ကြံသူဆိုတာကို သိပြီးပြီဖြစ်ပေမဲ့ သူမကထိုအရာကိုထုတ်မပြောဘဲ သူမနဲ့ သူငယ်ချင်းတောင်ဆက်ဖြစ်နေသေးလေသည်။ ကုနင်းကသူမကိုသံသယဝင်လောက်ပေမဲ့လည်း အခုထိဘာမှမလုပ်သေးဘဲ သူမဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေလောက်သည်။

ထိုအရာကိုတွေးမိတဲ့အခါ ပိုင်လီကျုံးရွှယ်ဟာစိတ်မကြည်ဖြစ်သွားလေသည်။ ထို့ကြောင့် သူမက နောက်တစ်နေ့ကျောင်းမှာ ကုနင်းနဲ့တွေ့တဲ့အခါမှာ အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်လေသည်။

နောက်တစ်နေ့မနက်တွင် ကျင်းယွင်ယောင်က ကျင်းကျီနဉ်ကိုဖုန်းဆက်ပြီး စစ်ဟယ်ယွမ်ကိုလာဖို့ပြောလေသည်။

ကျင်းကျီနဉ် ရောက်တဲ့အခါတွင် သူက မြောင်ကျင်းကျင်းကိုမြင်တဲ့အခါကြောက်လန့်သွားခဲ့သည်။ သူ့ကိုအံအားသင့်စေတာက သူတို့တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ နှစ်အနည်းငယ်ကြာပြီးနောက် မြောင်ကျင်းကျင်းကနတ်ဆိုးကျင့်ကြံသူဖြစ်နေတာပင်ဖြစ်သည်။

သို့သော်လည်း ဖြစ်သမျှအကြောင်းစုံကို ကြားပြီးနောက် ကျင်းကျီနဉ် ဟာနားလည်သွားပြီး သူလည်းပဲ မြောင်ကျင်းကျင်း အပေါ်စာနာကာ ဟုန်ရီဖုန်းအပေါ်မှာ ဒေါသထွက်နေလေသည်။

ဟုန်ရီဖုန်း ကလူကောင်းမဟုတ်မှန်း သူအမြဲတမ်းသိနေပေမဲ့လည်း မမျှော်လင့်ထားစရာပင် ထိုကဲ့သို့သော် လက်မခံနိုင်စရာလုပ်ရပ်မျိုးကို ဟုန်ရီဖုန်းကကျူးလွန်ထားလေသည်။

တကယ်လို့ ထျန်းတောက်ကျုံးသာထိုအကြောင်းကိုသိရင်တော့ ဟုန်ရီဖုန်း အပြစ်ကြီးကြီးမားမားပေးခံရမည်ဖြစ်သော်လည်း နှစ်ပေါင်းများစွာကြာပြီးပြီဖြစ်၍ သူတို့မှာသက်သေမရှိတော့ဘူးဖြစ်သည်။

ထို့ကြောင့် တကယ်လို့ ဟုန်ရီဖုန်းက မြောင်ကျင်းကျင်းရဲ့ယောင်္ကျားကိုသတ်ပြီး သူမကိုမတရားကျင့်ခဲ့တယ်ဆိုတာကို ထျန်းတောက်ကျုံးကယုံကြည်ရင်တောင် ဟုန်ရီဖုန်းအနေနဲ့ အပြစ်ပေးခံရမှုဟာ ပေါ့လျော့နေမှာဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ထျန်းတောက်ကျုံးကိုအပြစ်ခိုင်းရမည်အစား မြောင်ကျင်းကျင်းက သူမရဲ့ရန်သူကို သူမရဲ့လက်နဲ့သတ်ရဖို့ ပိုလိုလားလေသည်။ ထို့အတူပင် တကယ်လို့ သက်သေတွေရှိနေရင်တောင် မြောင်ကျင်းကျင်းအနေနဲ့ သူ့ကို သူမရဲ့လက်နဲ့ကိုယ်တိုင် သတ်ရဖို့ရွေးချယ်မှာဖြစ်သည်။

ကျင်းယွင်ယောင်က ကျင်းကျီနဉ်ကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းက မြောင်ကျင်းကျင်းရဲ့အခြေအနေကို သူ့ကိုသိရှိပြီးနောက် ဟုန်ရီဖုန်းကိုကျင့်ကြံသူကမ္ဘာမှ ထွက်လာအောင် သူကကူညီပေးနိုင်ရန်ဖြစ်သည်။

ဒီကိစ္စနဲ့ ကျင်းကျီနဉ်ကတိုက်ရိုက်မပတ်သတ်နေရင် ပိုတောင်ကောင်းသေးသည်ဖြစ်သည်။ ဒါမှမဟုတ်လျှင် တကယ်လို့ ဟုန်ရီဖုန်းသာအပြစ်ပေးခံရရင် သူ့ကိုပါထိခိုက်နိုင်၍ဖြစ်သည်။

ကျင်းကျီနဉ် လည်းအခုချိန်မှာ အကြံဉာဏ်ကောင်း မစဉ်းစားနိုင်သေးပေမဲ့လည်း ဟုန်ရီဖုန်းကိုအပြင်ခေါ်ထုတ်လာဖို့ သူအစွမ်းကုန်ကြိုးစားပေးမည်ဖြစ်ကြောင်း သဘောတူလေသည်။

....

ချူးဖေ့ဟန်နှင့်အခြားသူတို့တွေ သူတို့ဘာသူတို့အပျော်အပါးအလည်သွားကြပြီး နောက်ကျတဲ့အခါတွင်တော့ ကျောင်းကိုပြန်သွားကြလေသည်။ ကုနင်း အလုပ်ရှုပ်နေမှန်း သူတို့သိသည့်အတွက် သူမကို မနှောင့်ယှက်ပေ။

ကုနင်းကတကယ်တော့ အရမ်းအလုပ်မရှုပ်နေဘဲ သူမက လင်ရှောင်းထင် နဲ့ကိုယ်ပိုင်အချိန်လေးအချို့ ကုန်ဆုံးချင်တာဖြစ်တာမလို့ သူမရဲ့သူငယ်ချင်းတွေကို လျစ်လျူသာရှုနိုင်လေသည်။ သူမအနေနဲ့ လင်ရှောင်းထင်နဲ့အတူအချိန်ဖြုန်းရတာ ရှားပါးတာဖြစ်ပြီး လင်ရှောင်းထင်အနေနဲ့ နေ့လည်ခင်းမှာထွက်သွားရမှာဖြစ်လို့ သူမရဲ့ ချစ်သူကို သူမရဲ့‌သူငယ်ချင်းတွေထက် ပိုတန်ဖိုး‌ထားကြောင်း သူမ,ဝန်ခံမည်ဖြစ်သည်။

ညနေ၃နာရီတွင် လင်ရှောင်းထင်ကထွက်သွားပြီး ကုနင်းလဲသူမရဲ့ ကုမ္ပဏီဆီသွားပြီး တစ်နာရီကြာပြီးနောက် သူမရဲ့ကျောင်းဆီ ပြန်လေသည်။

ကုနင်း ကကျောင်းသို့မပြန်မှီ သူမတို့ အ‌ဆောင်အခန်းက WeChat Group ဆီသို့စာတို ပေးပို့လိုက်လေသည်။ သူမက သူမရဲ့အခန်းဖော်တွေကို သူတို့ကျောင်းပြန်ရောက်ပြီးလားမေးကာ ညနေခင်းတွင် အနီးအနားရှိ စာသောက်တန်းမှာ အတူတူစားစရာတစ်ခုခုစားဖို့ ဖိတ်ခေါ်နေတာဖြစ်သည်။

ပိုင်လီကျုံးရွှယ်နှင့် စုန့်မြောင်ကောတို့ဟာအခုလေးတင် ပြန်ရောက်တာဖြစ်ပေမဲ့လည်း ကျန်းကျီခိုင်ကတော့ပြန်မရောက်သေးပေ။ သို့သော်လည်း ကျန်းကျီခိုင်ကညနေ၅နာရီလောက်မှ ပြန်ရောက်မှာဖြစ်လို့ သူမတို့ဟာ အတူတူစားကြဖို့ သဘောတူလိုက်လေသည်....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၁၁ ကိုယ်တိုင်လက်စားချေမယ်

ပိုင်လီကျုံးရွှယ်က ကုနင်းကိုမြင်တဲ့အခါ စိတ်ထဲအနည်းငယ်မသက်မသာဖြစ်နေလေသည်။ ထိုသို့ဖြစ်နေတာဟာ မနေ့ကကြောင့်မှန်း ကုနင်းကနားလည်ပေမဲ့ ဘာမှမဖြစ်သလိုဟန်ဆောင်နေလိုက်လေသည်။ သူမတို့ဟာ အရင်လိုပဲအတူတူ ရှိနေကြလေသည်။

ပိုင်လီကျုံးရွှယ်က ကုနင်းနဲ့ပွင့်ပွင့်လင်းလင်းရှိချင်သော်လည်း စုန့်မြောင်ကောနဲ့ ကျန်းကျီခိုင်တို့ရှိနေသေးတာကြောင့် သူမအနေနဲ့ စောင့်နေရသေးလေသည်။

....

ချူးဖေ့ဟန်ကညနေ၅နာရီတွင် ကျောင်းကိုပြန်ရောက်လာလေသည်။ အဘယ်ကြောင့်ဆိုသော် သူမမှာ ရှီရှောင်ယွဲ့နဲ့အတူညစာစားဖို့ချိန်းထားတာကြောင့် သူမဟာ မုခယ်နှင့် ယွီမီရှီတို့နဲ့အတူမစားတော့ပေ။

ထို့အပြင် သူတို့ဟာအတွဲတွေဖြစ်တာကြောင့် သူတို့ရဲ့ချိန်းတွေ့နေချိန်မှာ သူမဟာ ကြားထဲကနေ အနှောင့်အယှက်မပေးလို၍လည်းဖြစ်သည်။

ပြီးတော့ သူတို့တစ်ယောက်နဲ့တစ်ယောက် ချစ်ပြနေတာကိုမြင်ရတာ တကယ်လို့သူမက တစ်ယောက်တည်းနေရတာ ပျော်ပြီး အခုချိန်ထိတော့ လွတ်လပ်နေသေးတောင် အနည်းငယ်ဝမ်းနည်းမိ၍ဖြစ်သည်။

ချူးဖေ့ဟန်နှင့် ရှီရှောင်ယွဲ့တို့ဟာသူတို့ရဲ့ကျောင်းနဲ့ မဝေးတဲ့ဟော့ပေါ့ဆိုင်မှာ တွေ့ဖို့သဘောတူထားတာဖြစ်သည်။ နိုဝင်ဘာလဟာ ဆောင်းဝင်ခါနီးပြီဖြစ်၍ အနည်းငယ်အေးပြီး ဟော့ပေါ့စားလို့ကောင်းတဲ့အချိန်ဖြစ်လေသည်။

ချူးဖေ့ဟန်ဟာအရင်ရောက်ပြီး ထောင့်တစ်နေရာတွင် ထိုင်စရာနေရာဦးထားလေသည်။ သူမမှာ ရှီရှောင်ယွဲ့ အပေါ်အထွန့်တတ်စရာတွေ အများကြီးရှိတာမလို့ သူတို့ကိုလူတွေမကြားနိုင်တဲ့ ထောင့်‌တစ်နေရာမှာထိုင်တာ ပိုအဆင်ပြေလေသည်။

ရှီရှောင်ယွဲ့ ရောက်တာနဲ့ ချူးဖေ့ဟန်ဟာ ကျင်းကျင့်ရှန် အကြောင်းဒေါသတကြီးပြောဆိုလေသည်။ သူမဟာ ကျင်းကျင့်ရှန်ကိုအပြစ်လုံးဝမလုပ်ထားပေး။ ကျင်းကျင့်ရှန်ကသူမကို မနာလိုဖြစ်တာကြောင့်နဲ သူမဟာ ပြဿနာတက်နေတာဖြစ်သည်။

ထိုအရာကိုကြားတဲ့အခါ ရှီရှောင်ယွဲ့ဟာလည်းပဲဒေါသထွက်နေလေသည်။ သူမဟာ ဆက်တောင်မစားတော့ဘဲ ကျင်းကျင့်ရှန်ကိုပင် အခုချက်ချင်းပြန်ပေးဆပ်ရအောင် လုပ်ချင်နေလေသည်။

"ဖေ့ဟန်၊ နင်ဘာလုပ်ဖို့စီစဉ်ထားလဲ"

"သူမကို ရိုက်နှက်မလို့။ ဒါပေမယ့် ငါတိတ်တိတ်လေးလုပ်ဖို့လိုအပ်တယ်။ တကယ်လို့ သူမကငါမှန်းသိမှာကို မကြောက်ဘူး။ ဒါပေမယ့် သူမမှာ သက်သေနဲ့ မျက်မြင်သက်သေ မရှိစေချင်ဘူး" သူမဟာ သူမရဲ့မျက်လုံးကို မှေးထားပြီး ကြည့်ရတာအန္တရာယ်များတဲ့ပုံပေါက်နေလေသည်။

"ကောင်းပြီလေ။ ငါလဲနင်နဲ့အတူတူပါမယ်" သူမဟာ တိုက်ခိုက်တဲ့နေရာမှာ မတော်ပြီး ချူးဖေ့ဟန်ရဲ့သိုင်းပညာအဆင့်နဲ့ မယှဉ်နိုင်သော်လည်း သူမရဲ့အချစ်ဆုံးသူငယ်ချင်းကို ‌အားပေးလိုလေသည်။

"အဲဒီအချိန်ကျရင် တခြားလူတွေ ငါ့ကိုမတွေ့အောင် ကူကြည့်ပေး"

"ကောင်းပြီ"ဟု ချူးဖေ့ဟန်ကသူမအား ကျင်းကျင့်ရှန်ကို အတူတူမရိုက်နှက်စေချင်တဲ့အတွက် သူမဟာ အနည်းငယ်စိတ်ပျက်သွားသော်လည်း သူမဘာသူမ လက်တုန့်ပြန်တာဟာ ပိုပြီးအရသာရှိမှန်း သူမကနားလည်လေသည်။

နှစ်ရက်ကြာပြီးပြီပေမဲ့လည်း ကျင်းကျင့်ရှန်ဟာဘာသတင်းကောင်းမှမရသေးပေ။ သူမဟာဖုန်းဆက်ကြည့်ပေမဲ့လည်း အခွင့်အရေးကောင်းမတွေ့သေးဘူးလို့သာ ပြောတာကြားရလေသည်။

ကျင်းကျင့်ရှန်ကယုံကြည်လေသည်။ ထိုလူတွေ ချူးဖေ့ဟန်ကိုမရှာနိုင်ဘူးလို့ သူမကထင်လေသည်။ အဘယ့်ကြောင့်ဆို ပိတ်ရက်ဖြစ်ပြီး ချူးဖေ့ဟန်ကမရှိ၍ဖြစ်သည်။

မြို့တော်ဟာ မြို့ကြီးဖြစ်တာမလို့ တစ်စုံယောက်ကိုရှာရတာ မလွယ်ကူပြီး ထိုလူတွေဟာလည်း စုံထောက်တွေမဟုတ်ပေ။

အချို့လူတွေဟာ သူတို့စိတ်တိုနေချိန်မှာ ဘာမှမစားနိုင်ပေမဲ့လည်း တချို့တွေကတော့ ဒေါသနဲ့ပိုစားကြလေသည်။ ချူးဖေ့ဟန်နဲ့ ရှီရှောင်ယွဲ့တို့ဟာ ဒေါသထွက်ရင် ပိုစားတတ်တဲ့လူတွေဖြစ်တာမလို့ ဒီညစာမှာတင်ပဲ သူမတို့ဟာ လူလေးယောက်စာ စားဝင်ကြလေသည်။ သူမတို့ ပိုက်ဆံသွားရှင်းချိန်တွင် ငွေကိုင်တောင် အံဩသွားလေသည်။

ညစာစားပြီးနောက် ကျင်းကျင့်ရှန်ကိုလူအုပ်ထဲမှထုတ်ပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုဆီ ဘယ်လိုခေါ်သွားရမလဲဆိုတာကို တွေးရင်း သူမတို့ဟာ ကျောင်းဆီသို့ ဖြေးဖြေးချင်းလမ်းလျှောက်ပြန်လာလေသည်။

သူမတို့မှာ အခွင့်အရေးလိုအပ်လေသည်။

....

ကုနင်းနှင့်အခြားသူတို့ဟာလည်း ကျောင်းဆီသို့ ညစာစားပြီးနောက် ပြန်လာလေသည်။

ကုနင်းဟာသတင်းထဲမှာ လူသိများနေသည့်နာမည်တစ်ခုဖြစ်သေးတာမလို့ ကျောင်းဖော်အများစုဟာ သူမကို လမ်းတွင် အထူးဂရုပြုကြသေးလေသည်။ အများစုဆို သူမကိုနှုတ်တောင်ဆက်သေးလေသည်။

သူမတို့အပြန်လမ်းတွင် နျဲ့ချန်ယန်နဲ့ဆုံလေသည်။

နျဲ့ချန်ယန်က ကုနင်းကိုတွေ့တာနဲ့တပြိုင်နက် လမ်းလျှောက်လာကာ သူမတို့ကို နှုတ်ဆက်လေသည်။ "မင်္ဂလာပါ ကုနင်း၊ အားလုံးရောပဲ။ တွေ့ရတာဝမ်းသာပါတယ်"

"မင်္ဂလာပါ စီနီယာနျဲ့"

စုန့်မြောင်ကောနဲ့အခြားသူတွေဟာလည်းပဲ သူ့ကိုနှုတ်ဆက်လေသည်။

"ကုနင်း၊ မနက်ဖြန်တစ်နာရီမှာ ကုန်သည်ကြီးများအသင်းကနေ အစည်းအဝေးတစ်ခုရှိတယ်။ ငါတို့ ဆင်းရဲတဲ့ကျောင်းသား/သူတွေကို ဘယ်လိုထောက်ပံ့မလဲဆိုတာ ဆွေးနွေးမှာ။ မင်းတက်‌ရောက်မှာလား"ဟု နျဲ့ချန်ယန်ကမေးသည်။

"တကယ်လို့ ကျွန်မအားရင်တော့ တက်မယ်လေ။ ကျွန်မတတ်နိုင်တာမှန်သမျှ ကျွန်မလုပ်ပေးပါ့မယ်" ဆင်းရဲတဲ့ကျောင်းသား/သူတွေကို ထောက်ပံ့ပေးဖို့ရာ သူမကတွန့်ဆုတ်နေမှာ မဟုတ်ပေ။

"ကောင်းပြီလေ"ဟု နျဲ့ချန်ယန်ကအပြုံးဖြင့် ပြန်ဖြေလိုက်သည်။ "အဲ့တာဆို နောက်မှတွေ့မယ်"

ထို့နောက် နျဲ့ချန်ယန် ထွက်သွားလေသည်။

"ကုန်သည်ကြီးများအသင်းက အရမ်းရက်ရောတာပဲ။ နင်ကိုယ်တိုင်လဲ ကျောင်းသူပဲရှိသေးတဲ့ဟာ"ဟု စုန့်မြောင်ကောက နျဲ့ချန်ယန် ထွက်သွားပြီးသည့်အခါ အထွန့်တတ်လေသည်။ ဆင်းရဲတဲ့ကျောင်းသူ/သားတွေကို ထောက်ပံ့ပေးတာဟာ ကောင်းတဲ့အလုပ်ဖြစ်ပေမဲ့လည်း သူမက တမျိုးထူးဆန်းနေတယ်လို့ ခံစားမိလေသည်။

"အဲ့တာက မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ငါတို့နိုင်ငံဖွံ့ဖြိုးအောင်ကူညီနိုင်ပြီး ငါတို့လူမျိုးတွေရဲ့ ဗဟုသုတတွေလဲ ကြွယ်ဝစေနိုင်တယ်လေ" သူတို့အနေနဲ့ ဆင်းရဲတဲ့ကျောင်းသူ/သားအားလုံးအစား အချို့ကိုသာကူညီပေးနိုင်သော်လည်း သူမတတ်နိုင်တာ သူမလုပ်ပေးမည်ဖြစ်သည်။

"ကုနင်း၊ နင်ဘယ်လောက်လှူမှာလဲ"ဟု ကျန်းကျီခိုင်ကမေးလိုက်သည်။

"ငါမသိသေးဘူး။ အခြားအဖွဲ့ဝင်တွေ ဘယ်လောက်အလှူပေးမှာလဲ ငါကြည့်လိုက်ဦးမယ်။ သိပ်လဲမများသလို သိပ်လဲမနည်းစေရဘူး။ တကယ်လို့ ငါတအားအများကြီးလှူရင် လူတွေမနာလိုကြလိမ့်မယ်။ လူတွေဟာ ငါကလူမြင်ကောင်းအောင် စတန့်ထွင်နေတယ်ပြောကြလိမ့်မယ်။ တကယ်လို့ တအားနည်းနေရင်လည်း အခြားသူတွေက ငါ့ကိုစာနာစိတ်မရှိဘူးလို့ ပြောကြလိမ့်မယ်" ကုနင်းသည် အခုချိန်မှာ လူဂရုစိုက်ခံနေရတာဖြစ်တာမလို့ သူမဘယ်လောက်ပဲလှူလှူ သူမဟာ လူသိများတဲ့ခေါင်းစဉ်ဖြစ်လာမှာဖြစ်သည်။

"နင်ပြောတာမှန်တယ်"

သူမရဲ့စကားတွေကို ကြားတဲ့အခါ သူမရဲ့သူငယ်ချင်းတွေက သဘောတူကြလေသည်။

အချိန်ဟာစောသေးတာကြောင့် ကြာကန်နားတွင် လမ်းလျှောက်ရန် သူမတို့ ဆုံးဖြတ်လိုက်ကြလေသည်။

လမ်းအနည်းငယ်လျှောက်ပြီးနောက် စုန့်မြောင်ကောကသန့်စင်ခန်းသွားချင်တာမလို့ သူမနဲ့အတူသွားရန် ကျန်းကျီခိုင်ကိုဆွဲခေါ်သွားလေသည်။ ထို့နောက် ပိုင်လီကျုံးရွှယ်တွင် ကုနင်းနဲ့နှစ်ယောက်တည်း ကိုယ်ပိုင်စကားပြောခွင့် ရသွားလေသည်။

"ကုနင်း၊ ငါတောင်းပန်ပါတယ်။ အစတုန်းက ငါနင်နဲ့ဆက်ဆံရေးရှိဖို့ ‌တမင်တကာကြိုးစားခဲ့တာ။ ကိုလိန်းကထုတ်တဲ့ဆေးတွေမှာ ဘာလို့မှော်စွမ်းအင်တွေပါနေလဲဆိုတာ ငါသိချင်ခဲ့ပေမဲ့ ငါ့မှာတကယ်နင့်ကိုထိခိုက်စေချင်တဲ့စိတ်မရှိပါဘူး။ ငါနင့်ကို ငါ့သူငယ်ချင်းအရင်းတစ်ယောက်လိုပဲ သတ်မှတ်ထားတာ။ တကယ်လို့ ဘာကြောင့်ဆိုတာ ငါရှာတွေ့ရင်တောင် ငါနင့်ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး။ ငါကနင့်ကို ငါ့ဘက်ဆွဲခေါ်ချင်ပြီး အကျိုးအမြတ်ရချင်ရုံ...."ဟု ပိုင်လီကျုံးရွှယ်က ပွင့်ပွင့်လင်းလင်းပြောလေသည်။ သူမဟာ တိုက်ရိုက်ပဲတောင်းပန်ပြီး သူမရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြလေသည်။

"မှော်စွမ်းအင်တွေက အခုခေတ်မှာ ပါးနေပြီး ကျင့်ကြံရတာ အရမ်းခက်ခဲတာမလို့ ကိုလိန်း ကထုတ်တဲ့ဆေးထဲမှာပါတဲ့ မှော်အစွမ်းတွေက ဘယ်ကလာတာလဲငါသိချင်ခဲ့တာ။ ငါကနင့်မှာ မှော်ဆေးဒါမှမဟုတ် မှော်ကိရိယာတွေ ရှိနေတာလားဆိုတာသိချင်ခဲ့တာ။ အဲ့တာပြီးနောက် နင်က ငါ့ကို စွမ်းအင်သလင်းကျောက်ပေးတော့ အဲ့တာက သန့်စင်တဲ့မှော်စွမ်းအင်အခဲဆိုတာကို ငါသိသွားတယ်။ အဲ့တာကို ဘယ်လိုလုပ်လဲဆိုတာ ငါမသိပေမဲ့ နင့်ကို ဆရာကြီးတစ်ယောက်က ပေးတာဖြစ်မယ်မှန်းငါမသိခဲ့ဘူး။ တကယ်လို့ ငါသာ စွမ်းအင်သလင်းကျောက် တွေအများကြီးရနိုင်ခဲ့ရင် အဲ့တာက ငါ့ရဲ့ကျင့်ကြံမှုအတွက် အရမ်းအထောက်အကူပြုနိုင်တာမလို့ ငါကနင့်ဆီ‌ကနေ အမြဲတမ်း စွမ်းအင်သလင်းကျောက်တွေဝယ်ဖို့ကြိုးစားနေတာ ဒါမှမဟုတ် နင့်နောက်က ဆရာကြီးကိုတိုက်ရိုက်ရှာပြီး အဲဒီ ဆရာကြီးဆီကနေ ဝယ်ချင်နေတာ...."

ကုနင်းမှာထိုကိစ္စကို ထုတ်ပြောဖို့ရာ အစီအစဉ်လုံးဝမရှိသော်လည်း ပိုင်လီကျုံးရွှယ် ဘက်ကနေစပြီး အမှန်အတိုင်းပြောလာတဲ့အတွက် ကုနင်း ရင်ထဲထိ‌သွားလေသည်။

"ငါသိပါတယ်။ ကိုလိန်းကထုတ်တဲ့ဆေးတွေထဲမှာ မှော်အစွမ်းတွေပါနေတာမလို့ နင်ငါနဲ့ဆက်ဆံရေးရှိအောင် ကြိုးစားနေမှန်း ငါအစကတည်းကသိတယ်။ ဒါပေမယ့် နင့်ကငါ့အပေါ်ကြင်နာတာကိုလည်း ငါသိတယ်။ အဲ့တာကြောင့်ပဲ ငါကနင့်ကို ငါ့သူငယ်ချင်းဖြစ်ခွင့်ပြုခဲ့တာ ဒါမှမဟုတ်ရင် ငါတို့တစ်ယောက်နဲ့တစ်ယောက်တောင် စကားပြောဖြစ်မှာမဟုတ်ဘူး။ အခြားလူတွေနဲ့ ကြောင်နဲ့ကြွက် ဂိမ်းကစားဖို့ရာ ငါစိတ်မဝင်စားဘူး..."

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၁၂ ဟုတ်တယ်၊ ငါကချင်းဟယ်ပဲ

"အဲ့တာမလို့ ငါကနင့်ကိုပြီးတော့ စွမ်းအင်သလင်းကျောက် ပေးတာပေါ့။ ငါ့အပေါ်နင်အာရုံမစိုက်အောင် တခြားလူတစ်ယောက်ကငါ့ကိုပေးတာလို့ပြောတာ။ တကယ်တော့ စွမ်းအင်သလင်းကျောက်တွေကို တခြားလူတစ်ယောက်က ငါ့ကိုတကယ်ပဲပေးတာ"ဟု ကုနင်းကပြောသည်။

တကယ်လို့ ပိုင်လီကျုံးရွှယ်ဟာသူမက ကျင့်ကြံသူမှန်းသိတောင် ကုနင်းအနေနဲ့ သူမရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားဖို့လိုသေးလေသည်။

ကုနင်းရဲ့စကားကိုကြားတဲ့အခါ ပိုင်လီကျုံးရွှယ်လဲရင်ထဲထိသွားပြီး အံဩသွားလေသည်။

လက်စသတ်တော့ ကုနင်းဟာအစကတည်းက အကုန်လုံးသိနေပြီး သူမကို အပြစ်တင်လိုစိတ်လုံးဝမရှိပေ။

စွမ်းအင်သလင်းကျောက် အတွက်ကတော့ ပိုင်လီကျုံးရွှယ်ဟာ ကုနင်းရဲ့စကားကိုသံသယမဝင်ပြီး ကုနင်းဟာတကယ်ပဲ တခြားလူတစ်ယောက်ယောက်ဆီမှ ရတယ်လို့ ယုံကြည်လေသည်။

"ကိုလိန်းကထုတ်တဲ့ဆေးတွေထဲမှာ မှော်စွမ်းအင်တွေပါနေလို့ ငါ့ကိုစောင့်ကြည့်နေတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတာ ငါသိပေမဲ့လည်း သူတို့မှာ စွမ်းအင်သလင်းကျောက် မရှိသေးဘူး"ဟု ကုနင်းကပြောသည်။

ကိုလိန်းကထုတ်တဲ့ဆေးတွေထဲမှာ မှော်စွမ်းအင်တွေပါနေလို့ ကုနင်းကိုစောင့်ကြည့်နေတဲ့ ကျင့်ကြံသူတွေအများကြီးရှိတာကို ပိုင်လီကျုံးရွှယ်ကသိလေသည်။ သူမက ကုနင်းနဲ့ရှိနေချိန်မှာ သတိမထားမိနိုင်ပေမဲ့လည်း ထိုအရာဟာ အမှန်ဆိုတာသိလေသည်။ ပိုင်လီမိသားစုအပြင် ထက်မြတ်တဲ့လူတွေအများကြီး ရှိလေသည်။ သူမရဲ့သိုင်းအဆင့်က အားနည်းတာကြောင့် သူတို့ရဲ့တည်ရှိမှုကို သူမ,အာရုံမခံနိုင်တာဖြစ်သည်။

မိသားစုတိုင်းဟာ ပိုင်လီမိသားစုကဲ့သို့ ဂုဏ်သတင်းကောင်းမရှိတာမလို့ ပိုင်လီကျုံးရွှယ်ဟာရုတ်တရက်ပဲ ကုနင်းရဲ့လုံခြုံရေးကို စိတ်ပူလာလေသည်။

သို့သော်လည်း ကုနင်းရဲ့သိုင်းအဆင့်ဟာ သာမာန်သာဖြစ်တယ်လို့မြင်ရပေမဲ့လည်း သူမမှာ ထူးချွန်တဲ့အစွမ်းတွေ ရှိလေသည်။

ပိုင်လီကျုံးရွှယ်ဟာသူမရင်ထဲက ခန့်မှန်းချက်ကို ပိုသေချာသွားလေသည်။

"ကုနင်း၊ နင်က...."ဟု ပိုင်လီကျုံးယန်ဟာစကားထစ်သွားလေသည်။ သူမဟာ ထိုအရာကို ဘယ်လိုမေးရမလဲမသိပေ။ တကယ်လို့ သူမသိတာတွေအရမ်းများသွားရင် ကုနင်း ကမပျော်မရွှင်ဖြစ်မှာကို စိုးရိမ်နေတာဖြစ်သည်။ သို့သော်လည်း တကယ်လို့ သူမသာအဖြေမသိရရင် နှိပ်စက်ခံနေသလို ခံစားရသည်ဖြစ်သည်။

"နင်သိချင်တာမှန်သမျှ ငါ့ကိုမေးလို့ရတယ်။ ငါနင့်ကိုပြောလို့ရတာမှန်သမျှ ပြောပြမယ်။ တကယ်လို့ ငါပြောပြလို့မရရင် နင့်မေးခွန်းကို ငါ‌မဖြေဘူး"

ကုနင်းကထိုသို့ပြောနေမှတော့ ပိုင်လီကျုံးရွှယ် တွန့်ဆုတ်မနေတော့ဘဲ မေးလိုက်လေသည်။ "ကုနင်း၊ ငါခန့်မှန်းမိတာတစ်ခုရှိတယ်။ နင်က ရှန်းကွမ်းယန်ရဲ့တပည့် ချင်းဟယ်လား"

ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာတစ်စက္ကန့်မျှ ကြောင်သွားလေသည်။ ပိုင်လီကျုံးရွှယ်ကထိုအရာကို စဉ်းစားမိလိမ့်မယ်လို့ သူမ,မထင်ထားမိပေ။

ဘာပဲဖြစ်ဖြစ် ပိုင်လီကျုံးရွှယ်ကသူမကို ထိုမေးခွန်း မေးနေမှတော့ ပိုင်လီကျုံးရွှယ်မှာ ထိုသံသယရှိနေတာ ကြာပြီဖြစ်ရမည်။

"ငါက ချင်းဟယ်လို့နင်ဘာကြောင့် ထင်တာလဲ"ဟု ကုနင်း ကထိုအစားမေးပေမဲ့လည်း သူမက ချင်းဟယ်မှန်းတစ်ဖက်လှည့်မှ ဝန်ခံလိုက်သည်ဖြစ်သည်။

ပိုင်လီကျုံးရွှယ်ကစဉ်းစားမိပြီးနေမှတော့ ကုနင်းဟာသူမကို ငြင်းပြီးထပ်အရူးမလုပ်တော့ပေ။ ထို့အပြင် ပိုင်လီကျုံးရွှယ်မှာသံသယတွေရှိနေပြီးဖြစ်သည်။ တကယ်လို့ သူမကငြင်းရင်တောင် မယုံလောက်ပေ။

ပိုင်လီကျုံးရွှယ်ဟာ ကုနင်းက ချင်းဟယ် မှန်းခန့်မှန်းမိသော်လည်း ကုနင်းရဲ့မှန်ကန်ကြောင်း အဖြေရတဲ့အခါ သူမဟာအံဩသွားသေးလေသည်။ သူမမှာ ထိုသံသယတစ်ခုသာရှိတာဖြစ်ပြီး လုံးဝသေချာမှုတော့ မရှိပေ။ တကယ်တော့ တကယ်လို့ ကုနင်းကငြင်းတောင် သူမအနေနဲ့ ယုံမှာမဟုတ်ပေ။

ကုနင်းက ချင်းဟယ်ဆိုမှတော့ ကုနင်းဟာ ရှန်းကွမ်းယန်ရဲ့တပည့်ဖြစ်ရမည်။ ထိုအရာကိုသိတဲ့အခါ ပိုင်လီကျုံးရွှယ်ဟာစိတ်လှုပ်ရှားသွားလေသည်။

အဲ့တာဆိုရင်တော့ ကုနင်းရဲ့အစွမ်းတွေဟာ သူမထက် သာပေလိမ့်မည်။ အခြားကျင့်ကြံသူတွေဟာ ကုနင်းကိုထိခိုက်အောင် လုပ်ချင်တယ်ဆိုရင်တောင် ထိုအရာဟာလွယ်ကူမှာမဟုတ်ပေ။ ထို့အပြင် ကုနင်းမှာ သူမရဲ့ဆရာနဲ့ ဆရာတူအစ်ကိုရဲ့ အကူအညီလဲရှိသေးလေသည်။

အနည်းငယ်ကြာ စိတ်တည်ငြိမ်အောင်လုပ်ပြီးနောက် ပိုင်လီကျုံးရွှယ်ကပြောသည်။ "နင့်မှာ မျက်နှာနှစ်ခုရှိပြီး ကုနင်းရဲ့မျက်နှာဟာ ချင်းဟယ်ရဲ့မျက်နှာနဲ့တူတဲ့ သဲလွန်စဘာတစ်ခုမှ ငါမတွေ့နိုင်ပေမဲ့လည်း နင်က စီနီယာရှန်းကွမ်းရဲ့တပည့်ဆိုမှတော့ နင်မျက်နှာအသွင်အပြင်ပြောင်းရတာ လွယ်ကူမှာပဲ။ ချင်းဟယ်ကငါ့ကို ဒုတိယအကြိမ်ကယ်ဆယ်တုန်းက သူမက ရင်းနှီးသလို ငါခံစားရပေမဲ့ ငါသူမရဲ့မျက်နှာကို လုံးဝမမှတ်မိဘူး။ ငါတို့ကလေးဘဝတုန်းက တွေ့ဖူးတာလားလို့ ငါကစဉ်းစားနေပေမယ့် ငါစိတ်ပြောင်းသွားတာ။ နင့်မှာ ချင်းဟယ်နဲ့တူတဲ့သိုင်းအဆင့်ရှိလို့ အဲဒီလိုသံသယဝင်ပေမဲ့လည်း နင်က ပိုစွမ်းတဲ့မှော်စွမ်းအင်တွေ ထုတ်နိုင်ပြီး ကျင့်ကြံသူကမ္ဘာက အဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့မှာအဲဒီလို သံသယဝင်တာတစ်ခုပဲရှိတာ ပြီးတော့ ငါလည်းသိပ်မသေချာဘူး..."

"ဟုတ်တယ်။ ငါက ချင်းဟယ်၊ ဒါပေမယ့် နင့်လျှို့ဝှက်ထားပေးဖို့ မျှော်လင့်တယ်။ နင့်အစ်ကိုအပါအဝင် အခြားသူတွေကိုမပြောပြနဲ့။ လိုအပ်ရင် ငါသူ့ကိုပြောပြလိုက်မယ်"

"စိတ်မပူပါနဲ့။ ငါဘယ်သူကိုမှ မပြောဘူး"ဟု ပိုင်လီကျုံးရွှယ် လေးလေးနက်နက်ပင်ပြောလိုက်သည်။ ဒီတစ်ကြိမ်တွင် ပိုင်လီကျုံးယန်ကိုမပြောပြဘဲ လျှို့ဝှက်ထားရလို့လဲ သူမဟာ အပြစ်ရှိတယ်လို့ မခံစားရပေ။

တကယ်တော့ ကုနင်းနဲ့စကားပြောပြီးနောက် ပိုင်လီကျုံးရွှယ်ဟာစိတ်အေးသွားပြီး သူမတို့နှစ်ယောက်ကြားမှာ အရှုပ်အရှက်တွေ ရှိမှာပူနေစရာ မလိုတော့ပေ။

သူမတို့ စကားပြောပြီးချိန်‌မှာပဲ စုန့်မြောင်ကောနဲ့ ကျန်းကျီခိုင်တို့ဟာပြန်ရောက်လာလေသည်။ သူမတို့ဟာ လမ်းအနည်းငယ် ဆက်လျှောက်ပြီးနောက် သူမတို့ရဲ့ အတန်းကိုယ်ဆီသို့ ပြန်သွားကြလေသည်။

....

ညနေခင်း အတန်းတွေပြီးတဲ့အခါမှာတော့ ကျင်းကျင့်ရှန်နဲ့တွေ့ရန် ရှီရှောင်ယွဲ့ဟာအတန်းထဲမှ သွက်သွက်ပဲထွက်သွားလေသည်။ သူမတို့မှာ ကျင်းကျင့်ရှန်ကိုပြန်ပေးဆပ်ရဖို့အတွက် အခွင့်အရေးရှိလားဆိုတာ သူမအနေနဲ့ သိဖို့လိုအပ်လေသည်။

ရှီရှောင်ယွဲ့ဟာနောက်မှ အနည်းငယ်ခွာ၍လိုက်လာလေသည်။ တကယ်လို့ အခွင့်အရေးရှိလာခဲ့ရင် သူမဟာ လက်မလွှတ်ဘူးဖြစ်သည်။

ချူးဖေ့ဟန်ဟာအရမ်းကံကောင်းလေသည်။ ကျင်းကျင့်ရှန်ကအတန်းထဲမှ ထွက်လာပြီးနောက် အဆောင်ကို မပြန်ဘဲ ဘောလုံးကွင်းဘက်သို့ ထွက်သွားလေသည်။

ထိုအရာကိုမြင်တဲ့အခါ ရှီရှောင်ယွဲ့ဟာ ချူးဖေ့ဟန်ဆီသို့စာတို တန်းပို့လိုက်ပြီး ချူးဖေ့ဟန်ဟာလည်းပဲဘောလုံးကွင်းဘက်သို့ လျှောက်လာလေသည်။

ဘောလုံးကွင်းဘက်ရှိ မီး‌တွေဟာ အရမ်းမှောင်နေပြီး လုံခြုံရေးကင်မရာလဲမရှိပေ။ တကယ်လို့ လုံခြုံရေးကင်မရာရှိနေရင်တောင် ပုံကိုသေချာရိုက်ကူးမိနိုင်ရန် အရမ်းမှောင်လွန်းလေသည်။ ထို့ကြောင့် ဘောလုံးကွင်းဟာ ကျောင်းသူ/သားတွေအတွက် ချိန်းတွေ့ဖို့ရာ နေရာကောင်းဖြစ်လာပြီး ချူးဖေ့ဟန်အတွက်လည်း သူမရဲ့အကြံအစည်ကို အကောင်အထည် ဖော်ဖို့ နေရာကောင်း ဖြစ်လေသည်။

ကျင်းကျင့်ရှန်ကိုရိုက်နှက်ပြီးနောက် သူမဟာ အလျင်အမြန်ပင် ထွက်ပြေးမှာဖြစ်ပြီး ဘယ်သူလုပ်မှန်းလဲ ဘယ်သူမှသိမှာမဟုတ်ပေ။

ထိုအရာကို သူမလုပ်မှန်း ချူးဖေ့ဟန်ကအခြားဘယ်သူ့ကိုမှ မသိ‌စေချင်ပေမဲ့လည်း ကျင်းကျင့်ရှန်ကိုတော့ လျှို့ဝှက်ထားဖို့ စိတ်ကူးမရှိပေ။ ကျင်းကျင့်ရှန်ကိုသူမလုပ်မှန်း ပိုတောင်သိစေချင်သေးလေသည်။ သူမဟာ အနိုင်ကျင့်လို့မလွယ်ကူမှန်း ကျင်းကျင့်ရှန်ကိုသိစေချင်တာဖြစ်သည်။

ကျင်းကျီနဉ်ဟာဘောလုံးကွင်းသို့ရောက်ပြီးနောက် တောအုပ်ငယ်လေးဆီ လျှောက်သွားလေသည်။

တောအုပ်ငယ်လေးဟာ ချူးဖေ့ဟန်အတွက် သူမရဲ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရာ ပိုကောင်းတဲ့နေရာဖြစ်လေသည်။

သိသာစွာပင် ကျင်းကျင့်ရှန်ဟာညနေခင်းအတန်းပြီးနောက် အဆောင်ကိုမပြန်ဘဲ ဒီနေရာကို ချိန်းတွေ့ဖို့လာတာဖြစ်သည်။

ကျင်းကျင့်ရှန်ကတောအုပ်ငယ်လေးထဲဝင်သွားတာနဲ့တပြိုင်နက် ချူးဖေ့ဟန်ကသူမနောက်သို့ လိုက်သွားလေသည်။ ကျင်းကျင့်ရှန် ဘေးမှာဘယ်သူမှမရှိပဲ သူမတယောက်တည်းရှိနေ‌တဲ့အချိန်တွင် ချူးဖေ့ဟန်လည်း အခွင့်အရေးကို လက်ဦးမှုယူလေသည်။

တုန့်ဆိုင်းမနေဘဲ သူမဟာ ပြေးလာပြီး ကျင်းကျင့်ရှန်ကိုလက်သီးနဲ့ ထိုးလိုက်လေသည်။

ချူးဖေ့ဟန်ဟာ ကျင်းကျင့်ရှန်ကိုလက်သီးနဲ့ ထိုးရင်း ပြောလိုက်လေသည်။ "ကျင်းကျင့်ရှန်၊ ငါနင့်ကိုအပြစ်မလုပ်ပေမဲ့ နင်ကငါ့ကိုထိခိုက်အောင်လုပ်ဖို့ လူအချို့ငှားခဲ့တယ်။ အခုက နင့်ကိုပြန်လက်စားချေဖို့ လုပ်တာပဲ။ အခု သုံးဆောင်ပေတော့"

ချူးဖေ့ဟန်ဟာ ကျင်းကျင့်ရှန်ကိုအရမ်းဒဏ်ရာရသွားအောင် လုပ်မှာမဟုတ်ပေမဲ့လည်း ကျင်းကျင့်ရှန်အပေါ်သူမရဲ့ ဒေါသကိုဖြေဖို့ တွန့်ဆုတ်မနေပေ။ ကျင်းကျင့်ရှန်တစ်ချိန်လုံး နာကျင်စွာ အော်ဟစ်နေရလေသည်။

သူမဟာ ချူးဖေ့ဟန်ရဲ့စကားတွေကို ကြားတာမလို့ ထိုလူက ချူးဖေ့ဟန် မှန်းသိလေသည်။ ထိုလူတွေကို ငှားတဲ့လူဟာ သူမမှန်း ချူးဖေ့ဟန် သိနေတဲ့အတွက် အံဩသွားလေသည်။ ထိုလူတွေဟာ မအောင်မြင်တဲ့အပြင် သူမအပေါ် သစ္စာဖောက်သွားတာ သိသာလေသည်။

ထိုအရာကိုသိတဲ့အခါ ကျင်းကျင့်ရှန်ဟာလည်းဒေါသအပြည့်ဖြင့်ဖြစ်သည်။ သူမဟာ ထိုလူတွေအပေါ် အရမ်းစိတ်ပျက်သွားလေသည်။ သို့သော်လည်း အခုချိန်မှာ သူမအနေနဲ့ အများကြီးမတွေးနိုင်ပေ။ သူမကို တစ်စုံတစ်ယောက်က လာကူညီဖို့သာ သူမအနေနဲ့ မျှော်လင့်နိုင်ပေသည်....

All Chapters