အခန်း (၂၁၁၃-၂၁၁၈)
Vol. 129 Ch. 2113-2118
အပိုင်း ၂၁၁၃ သူ့ကိုနိုင်မှာမလို့လား?
ကျင်းကျင့်ရှန်ရဲ့အော်ဟစ်နေသံတွေကြောင့် သိပ်မကြာခင်မှာပဲ လူတစ်ချို့ရဲ့အာရုံဟာ ဂရုစိုက်လာပြီး အချို့ဟာ သူမဘက်သို့ လျှောက်လာလေသည်။
ချူးဖေ့ဟန်ဟာ ကျင်းကျင့်ရှန်ကိုအားပြင်းပြင်းနဲ့ ထိုးလိုက်တာမလို့ ကျင်းကျင့်ရှန် ခဏလေးအတွင်းမှာပဲ အရမ်းနာကျင်နေလေသည်။ ထို့နောက် လူတွေရောက်လာချိန်မှာတော့ ချူးဖေ့ဟန်ဟာထွက်သွားလေသည်။
ထို့ကြောင့် သူတို့တွေရောက်တဲ့အခါ ချူးဖေ့ဟန်ဟာထွက်သွားပြီးနေပြီဖြစ်သည်။
သူတို့ဟာ သူမကိုတွေ့တာနဲ့ ကျင်းကျင့်ရှန် အထိုးခံထားရမှန်း အခြားသူတွေဟာသိလေသည်။ သူမရဲ့ ကံဆိုးမှုအပေါ် အချို့သူတွေဟာ ကြိတ်ဝမ်းသာနေကြလေသည်။ အဘယ်ကြောင့်ဆို သူမက အခြားသူတစ်ယောက်ယောက်ကို အပြစ်လုပ်ထားပြီး ပြန်ပေးဆပ်ခံရတာဖြစ်မည်ဟု သူတို့က ယုံကြည်၍ဖြစ်သည်။
အချို့ကတော့ အရမ်းကြင်နာကျပြီး သူမအား အဆင်ပြေရဲ့လား မေးကြပြီး ဆေးပေးခန်း ဒါမှမဟုတ် ဆေးရုံကိုသွားဖို့ လိုသေးလားဟု သူမကိုမေးကြလေသည်။
ချူးဖေ့ဟန်ရဲ့လက်သီးချက်တွေဟာ သူမရဲ့ ခန္ဓာကိုယ်ပေါ်ကိုကျထားတာမလို့ ဒဏ်ရာတွေဟာ မြင်ရဖို့ခက်ခဲလေသည်။ အချို့လူတွေဟာ သူမကဒဏ်ရာပြင်းပြင်းထန်ထန် ရထားလားဆိုတာကိုပင် မသေချာပေ။
ကျင်းကျင့်ရှန်ဟာအခုချိန်ထိလန့်နေသေးကာ ဘာမှသေချာမတွေးနိုင်သေးပေ။ အခြားသူတွေရဲ့ မေးခွန်းတွေကို သူမအနေနဲ့ ကြားတယ်ဆိုရုံသာရှိလေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျင်းကျင့်ရှန်ရဲ့ချစ်သူကောင်လေး ရောက်လာလေသည်။
"ရှန်ရှန်၊ ဘာဖြစ်တာလဲ"ဟု ကျင်းကျင့်ရှန်ရဲ့ကောင်လေးဟာ ကြောက်လန့်သွားပြီးနောက် သူမရဲ့အခုလိုဖြစ်နေတဲ့ပုံကို မြင်တာနဲ့ ဒေါသထွက်သွားလေသည်။ သူဟာ အခြားသူတွေကို စိုက်ကြည့်လိုက်ပြီး သူရဲ့ကောင်မလေးကို ဒဏ်ရရအောင် သူတို့လုပ်လိုက်တာဖြစ်ရမည်ဟု တွေးမိလေသည်။
အခြားသူတွေဟာ သူဘာတွေးနေတယ်ဆိုတာ သိတာကြောင့် သူတို့ဟာလည်းပဲ စိတ်တိုသွားလေသည်။ သူတို့ထဲကတစ်ယောက်က ပြောလေသည်။ "မင်းငါတို့ကို ဒီကိစ္စအတွက် အပြစ်တင်နေတာလား။ သူ အော်နေတာကြားလို့ ဘာဖြစ်တာလဲဆိုတာ ပြေးလာကြည့်တာ။ ဘယ်သူလုပ်တာလဲဆိုတာနဲ့ သူမအနေနဲ့ ဆေးပေးခန်း ဒါမှမဟုတ် ဆေးရုံသွားဖို့လိုသေးလားပဲ ငါတို့မေးရသေးတာ။ သူမကဘာမှမဖြေသေးဘူး"
"ဟုတ်တယ်"
အခြားသူတွေဟာလည်း ဝင်ပြောလေသည်။
ထိုအရာကိုကြားတဲ့အခါ ကျင်းကျင့်ရှန် ရဲ့ကောင်လေးဟာ သူတို့အပေါ် သူနားလည်မှုလွဲသွားကြောင်း သဘောပေါက်သွားသော်လည်း သူဟာ မတောင်းပန်ပေ။ ထို့အစား ကျင်းကျင့်ရှန်ရဲ့အခြေအနေကို သူပြေးပြီးစစ်ဆေးလေသည်။
"ရှန်ရှန်၊ အခုဘယ်လိုခံစားနေရလဲ"ဟု ကျင်းကျင့်ရှန်ရဲ့ကောင်လေးဟာ စိုးရိမ်စွာပင်မေးလေသည်။
အဲဒီအချိန်တွင် ရင်းနှီးတဲ့အသံကိုကြားတဲ့အခါ ကျင်းကျင့်ရှန် ပြန်သတိဝင်လာလေသည်။ သူမရဲ့ကောင်လေးကို မြင်တဲ့အခါ သူမဟာ မျှော်လင့်ချက်တစ်ခုရသွားပြီး အော်ငိုတော့လေသည်။
ကျင်းကျင့်ရှန် အရိုက်နှက်ခံရတဲ့အခါ သူမရဲ့ကောင်လေးဟာ လုံးဝပင်စိတ်ဆိုးသွားသော်လည်း သူမဟာ အခုချိန်မှာ စိတ်မတည်ငြိမ်သေးတာမလို့ ဘာဖြစ်သွားလဲဆိုတာ သူဆက်မေးလို့မရသေးပေ။ သူဟာ ကျင်းကျင့်ရှန်ကိုတန်းပွေ့လိုက်ပြီး ဆေးပေးခန်းဆီသို့ လျှောက်သွားလေသည်။
ချူးဖေ့ဟန်ဟာတော်တော်ဝေးဝေးသို့ လျှောက်လာပြီးနောက် ရှီရှောင်ယွဲ့နဲ့တွေ့လေသည်။ ရှီရှောင်ယွဲ့က ချူးဖေ့ဟန်အားစိတ်လှုပ်ရှားစွာ မေးလေသည်။ "ဘယ်လိုလဲ"
"သူ အိပ်ရာထဲမှာ အနည်းဆုံးငါးရက်လောက်တော့ လဲနေရလိမ့်မယ်"ဟု ချူးဖေ့ဟန်ကပြောသည်။ ကျင်းကျင့်ရှန်အပေါ် သူမရဲ့ဒေါသတွေ ဖြေပြီးနောက် သူမဟာ အခုချိန်မှာ အလွန်စိတ်ကြည်လင်နေလေသည်။
"ကျင်းကျင့်ရှန်ဘက်ကအရင်စပြီး နင့်ကိုပြဿနာရှာပြီး သူမအနေနဲ့ တာဝန်ယူသင့်တယ်ဆိုပေမဲ့ သူ အပြစ်တင်တဲ့ဂိမ်းကိုကစားပြီး နင့်တစ်ခုခုပြန်လုပ်လာနိုင်တယ်။ တကယ်လို့ အဲဒီလိုဖြစ်လာရင် နင့်အကူအညီလိုခဲ့ရင် ငါ့ကိုပြောဖို့ဝန်မလေးနဲ့သိလား"ဟု ရှီရှောင်ယွဲ့ကပြောသည်။ သူမရဲ့မိသားစုဟာ မြို့တော်မှာ လွှမ်းမိုးမှုအချို့ရှိတာမလို့ သူမအနေနဲ့ ချူးဖေ့ဟန်ကိုကူညီချင်လေသည်။
"ကျေးဇူးပဲ"
တကယ်တော့ တကယ်လို့ ချူးဖေ့ဟန် အကူအညီလိုခဲ့ရင်တောင် ရှီရှောင်ယွဲ့အစား သူမက ကုနင်းဆီအကူအညီတောင်းမည်ဖြစ်သော်လည်း ရှီရှောင်ယွဲ့ရဲ့ကြင်နာမှုကို သူမက မငြင်းပယ်လိုတာကြောင့် အခုချိန်မှာ လက်ခံလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ကျင်းကျင့်ရှန်ရဲ့မိဘတွေနဲ့ ကျောင်းက အကျိုးအကြောင်းလက်မခံမှသာလျှင် သူမအနေနဲ့ ထပ်ပြီးပြဿနာရှိလာနိုင်လေသည်။
ကျင်းကျင့်ရှန်ဟာအနည်းငယ် စိတ်တည်ငြိမ်သွားပြီးနောက် သူမရဲ့ကောင်လေးကို သူမကို ရိုက်နှက်တဲ့သူဟာ ချူးဖေ့ဟန် မှန်းပြောပြလေသည်။
ချူးဖေ့ဟန်ကသူမကို တိုက်ခိုက်ရတဲ့အကြောင်းပြချက်ကို သူမဟာဂရုမစိုက်တာမလို့ ဘာကြောင့်လဲဆိုတာ သူမက သူ့ကိုမပြောပြပေ။
ကျင်းကျင့်ရှန်ရဲ့ကောင်လေးဟာလည်းပဲ ကျင်းကျင့်ရှန်က ချူးဖေ့ဟန်ကိုအပြစ်လုပ်မိလို့ ချူးဖေ့ဟန်ကသူမကို ထိခိုက်အောင်လုပ်တယ်လို့ မထင်ပေ။ သူလည်းပဲ ချူးဖေ့ဟန်ကအခုလိုဘာလို့လုပ်လဲဆိုတာ သူမကိုမမေးပေ။ ထို့အစား သူဟာ အခုချိန်မှာ ချူးဖေ့ဟန်ကိုဆွဲထိုးချင်နေတာဖြစ်သည်။
သူဟာ ကျင်းကျင့်ရှန်ကိုအရမ်းကာကွယ်လွန်းနေတာဟာ အချစ်ကြောင့်မဟုတ်ဘဲ သူမ၏မိသားစုနောက်ခံကြောင့် ဖြစ်သည်။
ကျင်းကျင့်ရှန်ရဲ့မိသားစုနောက်ခံကြောင့်သာပင် သူက သူမနဲ့အတူတွဲလိုတာဖြစ်သည်။
ကျင်းကျင့်ရှန် မှာချမ်းသာတဲ့မိသားစုရှိတာမလို့ ကျင်းကျင့်ရှန်ရဲ့ကောင်လေးက သူမနဲ့တွဲနေတာဖြစ်သည်။ ကျင်းကျင့်ရှန်ဟာလှပပေမဲ့လည်း အရမ်းကြီးလှပနေတာတော့မဟုတ်ဘဲ သူမရဲ့ကောင်လေးကတော့ အရမ်းချောလေသည်။ တခြားတစ်ဖက်မှာတော့ သူမရဲ့ကောင်လေးဟာ သာမာန်မိသားစုနောက်ခံသာရှိပေမဲ့လည်း ရည်မှန်းချက်ကြီးမားလေသည်။ ထို့ကြောင့် တောက်ပတဲ့အနာဂတ်အတွက် သူ,မကြိုက်တဲ့ကောင်မလေးနဲ့ တွဲနေတာဖြစ်သည်။
"ရှန်ရှန်၊ စိတ်မပူနဲ့။ ကိုယ်သူ့ကို မင်းအစား လက်တုန့်ပြန်ပေးမယ်"ဟု ကျင်းကျင့်ရှန်ရဲ့ကောင်လေးဟာ စိတ်တိုစွာပြောလေသည်။
"သူမက အရမ်းသန်မာတယ်။ ရှင်သူမကို နိုင်,နိုင်လို့လား"ဟု ကျင်းကျင့်ရှန်ဟာစိတ်ရှုပ်စွာပြောလေသည်။ သူမက သူမရဲ့ရည်းစားကို စော်ကားနေတာမဟုတ်ဘဲ အမှန်အတိုင်းပြောနေတာ ဖြစ်လေသည်။ သူမဟာ လူတွေအများကြီးငှားခဲ့ပေမဲ့လည်း ချူးဖေ့ဟန်ကိုထိခိုက်အောင်လုပ်ဖို့ မအောင်မြင်ခဲ့ပေ။ သူမရဲ့ရည်းစားအနေနဲ့ ဘာလုပ်နိုင်မှာ။ ထို့ကြောင့် ချူးဖေ့ဟန်ကိုလက်စားပြန်ချေဖို့ သူမရဲ့မိဘတွေကို ပြောရပေမည်။
သူမက ချူးဖေ့ဟန်ကိုအရင်ပြဿနာရှာလို့ ကျင်းကျင့်ရှန်ရဲ့အမှားဖြစ်ပေမဲ့လည်း ကျင်းကျင့်ရှန်ကတော့ ထိုသို့မထင်ပေ။ သူမက အရိုက်နှက်ခံထားရတာမလို့ ချူးဖေ့ဟန်ရဲ့အမှားလို့သာ ယုံကြည်လေသည်။
"ကိုယ်တစ်ခုခုကြံပါ့မယ်"ဟု သူမက သူ့ကိုအထင်သေး၍ ကျင်းကျင့်ရှန်ရဲ့ကောင်လေးဟာ အနည်းငယ်မပျော်မရွှင်ဖြစ်သွားပေမဲ့လည်း ချူးဖေ့ဟန်ဟာ ကွန်ဖူးတက်ကျွမ်းသူဖြစ်၍ဖြစ်သည်။ သူဟာ တစ်ယောက်တည်း လုံးဝမနိုင်,နိုင်ပေမဲ့လည်း သူ့ကိုကူညီပေးဖို့ လူတစ်ချို့ခေါ်နိုင်လေသည်။
ကျင်းကျင့်ရှန်သည် ဘာအရိုးမှာကျိုးမသွားပေမဲ့လည်း သူမရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီးကျန်ခဲ့လေသည်။ သူမဟာ နာကျင်မှုတွေ အများကြီးခံစားနေရတာမလို့ ကုသမှုခံယူဖို့ ဆေးရုံမှာနေဖို့ လိုအပ်လေသည်။ ထို့ကြောင့် ဆေးပေးခန်းတွင် စစ်ဆေးပြီးနောက် ကျင်းကျင့်ရှန် ကိုဆေးရုံပို့လိုက်လေသည်။
ကျင်းကျင့်ရှန်ရဲ့မိဘတွေအား သတင်းပြောပြလိုက်လေသည်။
ကျင်းကျင့်ရှန်အားဆေးရုံပို့ပြီး သိပ်မကြာခင်မှာပဲ သူမရဲ့မိဘတွေ ရောက်လာလေသည်။
အဲဒီအချိန်တွင် ဆေးပေးခန်းမှ လူတွေဟာ ထွက်သွားပြီးဖြစ်ပြီး ကျင်းကျင့်ရှန်နဲ့ သူမရဲ့ကောင်လေးသာ ကျန်ခဲ့လေသည်။
ကျင်းကျင့်ရှန်သည် သူမရဲ့မိဘတွေကို သူမရဲ့ကောင်လေးဟာ သူမရဲ့ကျောင်းနေဖက်သူငယ်ချင်းလို့သာ ပြောပြပြီး သူမကို ဆေးပေးခန်းမှ ဆေးရုံပို့ဖို့ သူကကူညီပေးခဲ့ကြောင်းပြောသည်။ သူမကို ဂရုစိုက်ပေးမဲ့လူ ဘယ်သူမှမရှိသေးတာကြောင့် သူနေခဲ့တာဖြစ်သည်။
ကျင်းကျင့်ရှန်ရဲ့ကောင်လေးဟာ သူမရဲ့မိတ်ဆက်ပေးမှုအပေါ်တွင် မကျေနပ်ပေမဲ့လည်း ဘာမှမပြောရဲပေ။ သူက သာမာန်မိသားစုက ဖြစ်တာကြောင့်ဖြစ်တာမလို့ အဆင့်အတန်းမြင့်ကလာတဲ့ ကျင်းကျင့်ရှန်ရဲ့မိဘတွေနဲ့တွေ့တဲ့အခါ ယုံကြည်ချက်သိပ်မရှိဘူးဖြစ်သည်။
ကျင်းကျင့်ရှန်ရဲ့မိဘတွေဟာ သူမရဲ့ကောင်လေးကို ကျေးဇူးတင်လိုက်ပြီး သူ့ကိုထွက်သွားဖို့ပြောလေသည်။ သူလည်းပဲ သူတို့ပြောတာ နားထောင်လေသည်။ သူတို့ဟာ ကျောင်းတက်ဖော်သက်သက်ဖြစ်ပြီး သူကကောင်လေးတစ်ယောက်ဖြစ်တာမလို့ သူ့အနေနဲ့ ဆက်နေဖို့ရာ မသင့်တော်ပေ။
သူမအား သူမရဲ့အခြားကျောင်းတက်ဖော်တစ်ယောက်က ရိုက်နှက်ကြောင်းသိတဲ့အခါ ကျင်းကျင့်ရှန်ရဲ့မိဘတွေဟာ စိတ်တိုသွားလေသည်။ သူတို့ဟာ ကျင်းကျင့်ရှန်အတွက် တရားမျှတမှုရှာပေးမည်ဖြစ်ကြောင်း ကတိပေးလေသည်။
ချူးဖေ့ဟန်ကသူမကို ဘာကြောင့်ထိုးလဲဆိုတာကိုလည်း ကျင်းကျင့်ရှန်ရဲ့မိဘတွေက မေးလေသည်။
ကျင်းကျင့်ရှန်ဟာတစ်စက္ကန့်မျှ အပြစ်ရှိသလို ခံစားလိုက်ရလေသည်။ သူမက ချူးဖေ့ဟန်ကိုရိုက်နှက်ဖို့လူငှားတာကြောင့် သူမရဲ့အမှားမှန်း သိပေမဲ့လည်း ချူးဖေ့ဟန်ကသူမကို ထိခိုက်အောင်လုပ်ပြီးနောက် သူမမှားတယ်လို့ မထင်ပေ။ သို့သော်လည်း သူမရဲ့မိဘတွေကို အမှန်အတိုင်း မပြောရဲပေ။ ရလဒ်အနေနဲ့ ကျင်းကျင့်ရှန်သည် ဘာကြောင့်လဲမသိဘူးဟု ပြောလိုက်လေသည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၁၄ ဘာကြောင့် သူ့ကိုမနာလိုဖြစ်ရမှာလဲ?
သူမက ချူးဖေ့ဟန်ကိုထိခိုက်အောင်လုပ်ဖို့ လူငှားတယ်ဆိုတာကို ဝန်မခံပေ။ ထိုလူတွေဟာ သူမကိုသစ္စာဖောက်ပြီးသွားပေမဲ့လည်း ချူးဖေ့ဟန်မှာသက်သေပြဖို့ရာ သက်သေမရှိဘူးဟု သူမကထင်သည်။
ထို့ကြောင့် နောက်တစ်နေ့မနက်ခင်းတွင် ကျင်းကျင့်ရှန်ရဲ့အမေဟာ ကျောင်းသားရေးရာဌာနရဲ့ ရုံးခန်းသို့ လာလေသည်။ XX အတန်းက ချူးဖေ့ဟန်ကသူမရဲ့သမီးကို ဒဏ်ရာရအောင်လုပ်ထားကြောင်း သူမက ကျောင်းသားရေးရာဌာနရဲ့ ခေါင်းဆောင်ကို ပြောလေသည်။
ချူးဖေ့ဟန်က ပါမောက္ခကုရဲ့ကျောင်းသူဖြစ်လာတာမလို့ ကျောင်းမှာ နာမည်အနည်းငယ် ကြီးလာလေသည်။ ထို့ကြောင့် ကျောင်းသားရေးရာဌာရခေါင်းဆောင်ဟာ သူမအားသိလေသည်။
ချူးဖေ့ဟန်သည် ပါမောက္ခကုရဲ့ ကျောင်းသူဖြစ်ပေမဲ့လည်း သူမရဲ့ ဒီတစ်ကြိမ် ရိုင်းပျတဲ့အပြုအမူကြောင့် ကျောင်းသားရေးရာဌာနခေါင်းဆောင်ဟာ အရမ်းစိတ်ဆိုးသွားတာမလို့ ဒီကိစ္စကို အလေးအနက်ထားဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
ထို့နောက် ကျောင်းသားရေးရာဌာနခေါင်းဆောင်ဟာ ချူးဖေ့ဟန်ရဲ့အတန်းပိုင်အား သူမကိုခေါ်လာဖို့ ပြောလိုက်လေသည်။
ချူးဖေ့ဟန်ရဲ့အတန်းပိုင်ဆရာမက သူမက အခြားကျောင်းသူတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ထားကြောင်း သိတဲ့အခါ သူမက ကျောင်းသားရေးရာဌာနခေါင်းဆောင်လောက် ဒေါသမထွက်ပေ။ သူမဟာ ချူးဖေ့ဟန်ကအခြားသူတွေကို အကြောင်းမရှိဘဲ ဒဏ်ရာရအောင်မလုပ်မယ်မှန်း သိလေသည်။ တစ်စုံတစ်ယောက်က ချူးဖေ့ဟန်ကိုအပြစ်အရင်လုပ်တာဖြစ်ရမည်။
"ကျင်းကျင့်ရှန်ကိုဒဏ်ရာရအောင် မင်းလုပ်လိုက်တာလား"ဟု ကျောင်းသားရေးရာဌာနရုံးခန်းသို့ သွားရာလမ်းတွင် ချူးဖေ့ဟန်ရဲ့အတန်းပိုင်ဆရာမက မေးသော်လည်း သူမရဲ့အသံထဲမှာ ဒေါသထွက်နေသံ တစက်မှမပါပေ။
သူမရဲ့ အတန်းပိုင်ဆရာမဟာ အကျိုးအကြောင်းနားလည်ပြီး သူမရဲ့တပည့်တွေအပေါ်မှာ အရမ်းကာကွယ်တတ်တဲ့သူမှန်း ချူးဖေ့ဟန် နားလည်တာကြောင့် သူမက ရိုးသားဖို့ရွေးချယ်လိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့် သူမဘက်ကစပြီး ကျွန်မကို ထိခိုက်အောင်လုပ်ဖို့ လူတွေအရင်ငှားတာ။ သူမက လူလေးယောက်ကို ကျွန်မကို မတရားကျင့်ပြီး ကျွန်မက အပျော်အပါးမက်တဲ့မိန်းမပျက်လို့ လူတွေယုံကြည်အောင် ဓာတ်ပုံရိုက်ဖို့ ပိုက်ဆံပေးငှားထားတာ။ ကျွန်မသာ တိုက်ခိုက်ရေးမှာ မတော်ရင် ကျွန်မရဲ့ကောလဟာလတွေဟာ နေရာအနှံပျံ့နေလောက်ပြီ။ ဖျော်ဖြေရေးလုပ်ငန်းမှာ ကျွန်မအလုပ်ရှာလို့ရမှာ မဟုတ်တော့ဘူး"
"ဘာ။ မင်းကိုထိခိုက်အောင်လုပ်ဖို့ သူမက လူငှားတယ်ဟုတ်လား"ဟု ချူးဖေ့ဟန်ရဲ့အတန်းပိုင်ဟာ အံဩသွားလေသည်။ ကျင်းကျင့်ရှန်က ချူးဖေ့ဟန်ကိုအပြစ်လုပ်လိုက်မယ်မှန်း သူမကသိသော်လည်း မမျှော်လင့်ထားစရာပင် ထိုအရာဟာ လက်မခံနိုင်စရာဖြစ်လေသည်။ ကျင်းကျင့်ရှန်ဟာ ချူးဖေ့ဟန်ကိုမတရားကျင့်ပြီး သူမရဲ့အနာဂတ်ကိုဖျက်စီးဖို့ရာ ကြံရွယ်နေတာဖြစ်သည်။ ကျင်းကျင့်ရှန်သည် အရမ်းယုတ်မာလေသည်။
"မင်းဘာလို့ ငါ့ကိုအဲဒီအကြောင်း မပြောတာလဲ။ ငါ့ကျောင်းကို တိုင်လိုက်ပြီး ဖြေရှင်းခိုင်းလိုက်လို့ရတယ်။ တကယ်လို့ မင်းသာသူမကို တန်းရိုက်နှက်လိုက်ရင် မင်းကိုယ်မင်းပဲ ပြဿနာဖြစ်စေလိမ့်မယ်"
"ကျွန်မကတော့ ကျွန်မဘာသာကျွန်မ လုပ်တာ ပိုအရသာရှိတယ်လို့ထင်တယ်။ စိတ်မပူပါနဲ့ ကျွန်မမှာ သက်သေရှိတယ်။ ကျင်းမိသားစုအနေနဲ့ ကျွန်မကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး"ဟု ချူးဖေ့ဟန်ကသူမရဲ့ဆရာမကို အားပေးလေသည်။
"နင့်မှာသက်သေရှိတယ်လား"ဟု သူမရဲ့အတန်းပိုင်ဆရာမက အနည်းငယ် အံအားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ်။ ကျင်းကျင့်ရှန်ကကျွန်မကို ထိခိုက်အောင်လုပ်ဖို့ လူငှားထားကြောင်း အသံသွင်းထားတဲ့ဖိုင် ကျွန်မမှာရှိတယ်။ ကျွန်မတို့ခဏနေ ကျောင်းသားရေးရာဌာန ရုံးခန်းရောက်တဲ့အခါ ဒီကိစ္စကို ကျွန်မတာဝန်သာထား"
"ကောင်းတယ်"ဟု ချူးဖေ့ဟန် မှာသက်သေရှိပြီး သူမဘာသာသူမ အချိန်မရွေး ဆုံးဖြတ်ချက်ချနိုင်ကြောင်းသိတဲ့အခါ သူမရဲ့အတန်းပိုင်ဆရာမဟာ စိတ်အေးသွားလေသည်။ "နင့်နဲ့ ကျင်းကျင့်ရှန် ကြားမှာဘာတွေဖြစ်ထားတာလဲ။ ဘာလို့ သူမကအခုလို လုပ်တာလဲ"
အခုလိုဖြစ်တာဟာ အကြောင်းပြချက် တစ်ခုခုရှိရမည်ဟု သူမရဲ့ဆရာမက ထင်လေသည်။
"ကျွန်မအရင်က ကျင်းကျင့်ရှန်နဲ့အချိန်မဖြုန်းဖူးဘူး။ ကျွန်မက ပါမောက္ခကုရဲ့ကျောင်းသူဖြစ်လာလို့ သူမကမနာလိုဖြစ်တာလို့ ကျွန်မထင်တယ်"
ထိုအရာကိုကြားတဲ့အခါ သူမရဲ့အတန်းပိုင်ဟာ သဘောတူပြီး ထိုအရာဟာ မဖြစ်နိုင်ဘူးဟုမထင်ပေ။ ချူးဖေ့ဟန်အား ပါမောက္ခကုက သူ့ရဲ့ကျောင်းသူအဖြစ် လက်ခံလိုက်ကတည်းက ချူးဖေ့ဟန်အကြောင်းမကျေနပ်တိုက်တန်းချက်တွေကို သူမအကုန်ကြားထားပြီး၍ဖြစ်သည်။
ကျောင်းသားရေးရာဌာနရုံးခန်းတွင် မစ္စကျင်းဟာ ချူးဖေ့ဟန်အား စိုက်ကြည့်လျက် တန်းမေးလေသည်။ "မင်းက ချူးဖေ့ဟန် လား"
"ဟုတ်တယ်"ဟု ချူးဖေ့ဟန်ကတည်တည်ငြိမ်ငြိမ်ပင် ဖြေလေသည်။ သူမဟာ လုံးဝကြောက်ရွံ့မှုမရှိပေ။
"နင်ငါ့သမီး ကျင်းကျင့်ရှန် ကိုရိုက်နှက်ထားလား။ နင်ဘာလို့ အဲဒီလိုလုပ်တာလဲ။ ရှန်းရှန်းက နင့်ကိုဘာအပြစ်မှမလုပ်ထားဘူးလေ"ဟု မစ္စကျင်းကပြောသည်။ ချူးဖေ့ဟန်ကဝန်ခံခံ မခံခံ သူမက ဂရုမစိုက်ဘဲ သူမက ကျင်းကျင့်ရှန်ကိုဘာကြောင့်ရိုက်နှက်တာလဲဆိုတာသာ မေးလေသည်။ မစ္စကျင်းဟာ ကျင်းကျင့်ရှန်ရဲ့စကားကို သံသယလုံးဝမဝင်တာမလို့ သူမရဲ့သမီးက အပြစ်ကင်းတယ်ဟု ယုံကြည်လေသည်။
ထိုအရာကိုကြားတဲ့အခါ ကျင်းကျင့်ရှန်ကအရင်သူမကို ထိခိုက်အောင်လုပ်ဖို့ လူငှားထားကြောင်း မစ္စကျင်းကမသိမှန်း ချူးဖေ့ဟန်ကနားလည်လေသည်။ တကယ်လို့ မစ္စကျင်းသာသိပြီး ချူးဖေ့ဟန်ကိုထိုအတွက် အပြစ်တင်နေသေးတယ်ဆိုရင်တော့ ကျင်းမိသားစုက သာမာန်ထက်ပိုပြီးအရှက်မရှိတာ သက်သေပြနေလေသည်။
ချူးဖေ့ဟန် နှုတ်ခမ်းရွဲ့လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် နေလေသည်။ သူမဟာ ဘာစိုးရိမ်မှုမှမရှိဘဲ ပြောလေသည်။ "မဒမ်ရဲ့သမီး ကျင်းကျင့်ရှန်ကို ကျွန်မက ရိုက်နှက်တယ်လို့ သက်သေရှိလား"
"ငါ့သမီးက ငါ့ကိုပြောတယ်"ဟု မစ္စကျင်းကပြောသည်။ သူမဟာ သက်သေရှိတာ မရှိတာ ဂရုမစိုက်ပေ။
"ကျွန်မက အန်တီသမီးကိုရိုက်ကြောင်း သက်သေပြဖို့ သက်သေလိုတယ်။ အန်တီသမီးရဲ့စကားက ဘာမှအရေးမပါဘူး။ ကျွန်မတို့အနေနဲ့ သက်သေလိုတယ်။ နားလည်ရဲ့လား"ဟု ချူးဖေ့ဟန်ကပြောသည်။ သူမဟာ လုံးဝထိတ်လန့်မှုမရှိတာကြောင့် သူမတကယ်ရော လုပ်ထားလားလို့ ကျောင်းသားရေးရာဌာနခေါင်းဆောင်ပင် သံသယဝင်လာလေသည်။
"နင်...."ဟု မစ္စကျင်း ဒေါသတွေအပြည့်ဖြင့် ဖြစ်လာတော့သည်။ သူမဟာ သက်သေလိုကြောင်း သိပေမဲ့လည်း သူမမှာမရှိပေ။ "ရှန်းရှန်းရဲ့စကားကို ငါယုံတယ်။ မနေ့ညက ညနေခင်းအတန်းအပြီးမှာ နင်သူမကို တောအုပ်လေးထဲမှာ ရိုက်နှက်ခဲ့တယ်။ လုံခြုံရေးကင်မရာတွေမရှိလို့ ငါဘာသက်သေမှမရနိုင်ပေမဲ့လည်း တောအုပ်လေးအပြင်ဘက်မှာ ကင်မရာတွေရှိတယ်။ နင်ဝင်သွားတာ ငါမြင်တယ်"
"ပထမဆုံးအနေနဲ့၊ အန်တီအနေနဲ့ သူမရဲ့စကားကို ယုံကြည်တာနဲ့ပဲ ဘာမှမဆိုလိုဘူး။ ဒုတိယအနေနဲ့ ကျွန်မက တောအုပ်လေးထဲဝင်သွားတယ်ဆိုတာနဲ့ပဲ ကျွန်မက အပြစ်ရှိတယ်လို့ မဆိုလိုဘူး။ တောအုပ်လေးထဲမှာ လူတွေအများကြီးရှိတယ်။ သူတို့တွေအားလုံးမှာ အပြစ်ရှိလား။ ကျွန်မဘာလို့ သူမကိုရိုက်နှက်ရတဲ့အကြောင်း ကျင်းကျင့်ရှန်ကအန်တီကို မပြောပြဘူးလား"ဟု ချူးဖေ့ဟန် ကမေးသည်။
"နင်....."ဟု အရမ်းဒေါသထွက်စွာ မစ္စကျင်းဟာ ဘာပြောရမှန်းမသိတော့ပေ။ သူမကို အံဩစေတာက ချူးဖေ့ဟန်မှာ ဗလောင်းဗလဲပြောနိုင်တဲ့ ပါရမီပါလေသည်။ တကယ်လို့ သူမသာ သူမရဲ့သမီးစကားကို မယုံရင် သူမရဲ့သမီးဟာ တကယ်ပဲ ချူးဖေ့ဟန် ရိုက်နှက်တာ ခံထားရလားဆိုတာ သံသယဝင်မိမည်ဖြစ်သည်။
သို့သော်လည်း သူမဟာ သူမရဲ့သမီးကို ယုံကြည်ဖို့ ရွေးချယ်လိုက်သေးလေသည်။ ချူးဖေ့ဟန်ကိုသူမကို ဘာကြောင့်ရိုက်နှက်ကြောင်း သူမရဲ့သမီးက မသိမှတော့ မနာလိုတာကြောင့် ဖြစ်မည်။ သူမရဲ့ သမီးက ပိုထူးချွန်လို့ ချူးဖေ့ဟန်ကမနာလိုနေတာပဲဖြစ်ရမည်။
ထိုအရာကိုတွေးမိပြီးနောက် မစ္စကျင်းဟာ ထိုအရာဟာအမှန်ဖြစ်တယ်ဟု ယုံကြည်တာမလို့ သူမက ယုံကြည်ချက်ရှိစွာ ပြောလိုက်လေသည်။ "ဟွန့်၊ ငါ့သမီးက ထူးချွန်လို့ နင်ကမနာလိုနေတာပဲဖြစ်ရမယ်။ အဲ့တာမလို့ နင်ကသူမကို ရိုက်နှက်တာ"
"ဘာပြောလိုက်တယ်"ဟု ထိုအရာကို ကြားတဲ့အခါ ချူးဖေ့ဟန်ဟာလှောင်ပြောင်စွာပင် နှုတ်ခမ်းရွဲ့လိုက်လေသည်။ ထိုအကြောင်းပြချက်ဟာ ရယ်ဖို့ကောင်းတယ်ဟု ကျောင်းသားရေးရာဌာနခေါင်းဆောင်ပင်လျင် ထင်လေသည်။
"ကျွန်မက သူမကိုမနာလိုဖြစ်တယ်ဟုတ်လား။ ကျွန်မကသူမကို ဘာလို့မနာလိုဖြစ်ရမှာ။ ကျွန်မက သူမထက်ရုပ်ဆိုးလို့လား"ဟု ချူးဖေ့ဟန် ကမေးသည်။ "ကျွန်မက အရမ်းမလှပေမဲ့လည်း အနည်းဆုံးတော့ ကျင်းကျင့်ရှန်ထက်တော့ ပိုလှသေးတယ်။ သူမက ကျွန်မက ထူးချွန်လို့လို့တော့ ကျွန်မကိုမပြောနဲ့။ ကျွန်မက အတော်ဆုံးမဟုတ်ပေမဲ့လည်း ကျွန်မက ပါမောက္ခကုရဲ့လက်ခံမှုကို အောင်မြင်စွာရယူနိုင်ပြီး သူ့ရဲ့ကျောင်းသူဖြစ်သွားပြီ။ ကျွန်မရဲ့မိသားစုအနေနဲ့တော့ ကျွန်မက အရမ်းကြီး စူပါချမ်းသာတဲ့ မိသားစုမှာ မွေးလာတာမဟုတ်ပေမဲ့လည်း ကျွန်မမှာ လိုအပ်တာဘာမှမရှိတာမလို့ ကျင်းကျင့်ရှန်ကိုကျွန်မက ဘာလို့မနာလိုဖြစ်ရမှာလဲ။ သူမက ကျွန်မကမနာလိုဖြစ်လို့သာ ကျင်းကျင့်ရှန်ကကျွန်မကို မတရားစွပ်စွဲနေတယ်လို့တောင် ကျွန်မသံသယဝင်မိတယ်"
"ဘာ။ နင်က ပါမောက္ခကုရဲ့ ကျောင်းသူလား"
ထိုအရာကိုကြားတဲ့အခါ မစ္စကျင်းဟာအံဩသွားလေသည်။ ပါမောက္ခကုအား ကျင်းကျင့်ရှန်ကိုတပည့်အဖြစ်လက်ခံဖို့ သူမက ကြိုးစားဖူးပေမဲ့လည်း ငြင်းပယ်ခံထားရတာကြောင့် သူမက ပါမောက္ခကုကို ကြားဖူးလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၁၅ သက်သေရှိတယ်
မမျှော်လင့်ထားစရာပင် ချူးဖေ့ဟန်သည် ပါမောက္ခကုရဲ့ အသိအမှတ်ပြုမှုကို ရရှိကာ တပည့်အဖြစ် လက်ခံထားခြင်းခံရသူဖြစ်နေလေသည်။
အဲ့တာဆိုရင်တော့ ကျင်းကျင့်ရှန်ကိုမနာလိုဖြစ်စရာ ချူးဖေ့ဟန်မှာဘာတစ်ခုမှ မရှိပေ။ တစ်ဖက်မှာတော့ ချူးဖေ့ဟန် အခုလေးတင်ပြောလိုက်သလိုပင် သူမက ပါမောက္ခကုရဲ့တပည့်ဖြစ်လာ၍ ကျင်းကျင့်ရှန်ကမနာလိုဖြစ်တာ ဖြစ်နိုင်လေသည်။
သို့သော်လည်း ထိုအရာကအမှန်ဖြစ်နေရင်တောင် သူမသမီးက ချူးဖေ့ဟန်ကိုမနာလို၍ မတရားစွပ်စွဲတယ်ဟု မစ္စကျင်းက မယုံကြည်ပေ။
"ဘာပဲဖြစ်ဖြစ်၊ ရှန်းရှန်းက မလိမ်ဘူးလို့ ငါယုံတယ်။ နင်က သူ့ကို ရိုက်နှက်တယ်လို့ ငါ့သမီးကိုယ်တိုင်ကပြောတယ်။ နင်က သူ့ကို ရိုက်နှက်တာပဲ ဖြစ်ရမယ်"ဟု မစ္စကျင်းကပြောသည်။ သူမဟာ စိုးရိမ်လာတဲ့အခါ အပြစ်တင်တဲ့ဂိမ်းကို စပြီးကစားလာလေသည်။
"တကယ်လို့အန်တီက စကားနဲ့တင်ယုံလွယ်ရင် အန်တီသမီးက ကျွန်မကိုထိခိုက်အောင်လုပ်ဖို့ လူငှားထားတယ်ဆိုတာ ကျွန်မကပြောရင်ရော အန်တီယုံမှာလား"ဟု ချူးဖေ့ဟန်ကအေးစက်စက်ပင် မေးလိုက်သည်။
"လုံးဝမဖြစ်နိုင်ဘူး။ ငါ့သမီးကအမြဲတမ်း ကြင်နာတတ်တယ်။ သူမက အဲဒီလိုကိစ္စမျိုး လုပ်မှာမဟုတ်ဘူး"ဟု မစ္စကျင်းကစိတ်ဆိုးစွာပြောသည်။ သူမက ကျင်းကျင့်ရှန်ကိုအပြစ်တင်ဖို့ကြိုးစားနေတဲ့ ချူးဖေ့ဟန်အပေါ်ဒေါသထွက်နေတာဖြစ်သည်။ သူမက ထိုအရာဟာ မဟုတ်တမ်းတရားပြောနေတယ်လို့ သေချာနေတာဖြစ်သည်။
မစ္စကျင်းရဲ့မျက်လုံးထဲတွင် ချူးဖေ့ဟန်က ကျင်းကျင့်ရှန်ကိုနာမည်ပျက်အောင် ဖျက်နေတာဖြစ်သည်။
မစ္စကျင်းမှာ နောက်ခံအဆင့်အတန်းမြင့်မြင့် ရှိတာကိုသိတဲ့အခါ ကျောင်းသားရေးရာဌာနခေါင်းဆောင်ဟာ စကားပြောမလို့ပါးစပ်ဟလိုက်သည်ဖြစ်သည်။ သို့သော်လည်း သူ့အနေနဲ့ ဘာမှမပြောနိုင်ခင်မှာပဲ ချူးဖေ့ဟန်ကပြောလိုက်လေသည်။ "ကျွန်မမှာ သက်သေရှိတယ်"
"ဘာ"
ထိုအရာကို ကြားတဲ့အခါ မစ္စကျင်းရောကျောင်းသားရေးရာဌာနခေါင်းဆောင်ရောဟာ အံအားသင့်သွားလေသည်။ သူတို့ဟာ ချူးဖေ့ဟန်ကိုအံအားသင့်စွာကြည့်လိုက်ကြပြီး သူတို့နားကိုတောင်သူတို့ မယုံနိုင်ကြပေ။ သူတို့က ချူးဖေ့ဟန်ကနောက်နေတယ်လို့ ထင်နေတာဖြစ်သည်။
"ချူးဖေ့ဟန်၊ ကျင်းကျင့်ရှန်က မင်းကိုထိခိုက်အောင်လုပ်ဖို့ လူငှားတယ်လို့ အခုပြောလိုက်တာလား။ ဘာတွေဖြစ်ထားတာလဲ"ဟု ကျောင်းသားရေးရာဌာနခေါင်းဆောင်က မေးသည်။
"မဟုတ်ဘူး။ အဲ့တာက အမှန်မဟုတ်ဘူး။ အဲ့တာလုံးဝမဖြစ်နိုင်ဘူး။ မဟုတ်တန်းတရားတွေ၊ မဟုတ်တန်းတရားတွေ"ဟု ကျင်းကျင့်ရှန်က ထိုကဲ့သို့သော ကိစ္စမျိုးလုပ်လိမ့်မယ်လို့ မစ္စကျင်း မယုံကြည်ပေ။
"မဟုတ်တန်းတရားပြောနေတာ ဟုတ်လားမဟုတ်လားဆိုတာအန်တီသိပါလိမ့်မယ်"ဟု ပြောကာ ချူးဖေ့ဟန်ကသူမရဲ့ဖုန်းကိုထုတ်ကာ အသံသွင်းထားတဲ့ဖိုင်အား ဖွင့်ပြလိုက်လေသည်။
"ဓာတ်ပုံထဲကကောင်မလေးက မြို့တော်ရုပ်ရှင်အကယ်ဒကီက ကျောင်းသူတစ်ယောက်ပဲ။ သူမနာမည်က ချူးဖေ့ဟန်လို့ခေါ်တယ်။ ငါနင်တို့ကို သူမကိုမတရားစော်ကားစေချင်တယ်။ သူမက အပျော်အပါးလိုက်စားတဲ့မိန်းမပျက်လို့ လူတွေယုံနိုင်အောင် နီးနီးကပ်ကပ်ဖြစ်နေတဲ့ ဓာတ်ပုံတွေလဲရိုက်စေချင်တယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ ငါ့ဆီပို့လိုက်။ ဒီမှာစရံယွမ်တစ်သောင်း။ ကိစ္စပြီးရင် နောက်ထပ်ယွမ်တစ်သောင်း ထပ်ပေးမယ်"
ထိုအသံကိုကြားတဲ့အခါ အကုန်လုံးဟာ အံဩသွားလေသည်။
ချူးဖေ့ဟန်ရဲ့အတန်းပိုင်ဆရာမနဲ့ ကျောင်းသားရေးရာဌာနမှူးတို့ဟာ ကျင်းကျင့်ရှန်ရဲ့အသံကို မမှတ်မိပေမဲ့လည်း မစ္စကျင်းကတော့ အရမ်းရင်းနှီးနေလေသည်။ ထိုအသံဟာ ကျင်းကျင့်ရှန်မှန်းသူမက သေချာလေသည်။
ချက်ချင်းပဲ မစ္စကျင်းသာကြောင်အသွားလေသည်။ ထိုစကားတွေကို သူမရဲ့သမီးက ပြောလိုက်တာမှန်း သူမဟာမယုံနိုင်ပေ။ သူမရဲ့သမီးဟာ ချူးဖေ့ဟန်ကိုထိခိုက်အောင်လုပ်ဖို့ တကယ်ပဲလူတွေ ငှားထားလေသည်။
သို့သော်လည်း တကယ်လို့သက်သေရှိနေရင်တောင် မစ္စကျင်းကဝန်မခံချင်သေးပေ။ "အဲ့တာအတု။ အတု။ အဲ့တာအတုပဲဖြစ်ရမယ်"
ကံဆိုးစွာနဲ့ပဲ မစ္စကျင်းရဲ့အမူအရာကိုကြည့်တာနဲ့တင် ကျောင်းသားရေးရာဌာနမှူးနဲ့ ချူးဖေ့ဟန်ရဲ့အတန်းပိုင်ဆရာမတို့ဟာ ထိုအသံဟာ ကျင်းကျင့်ရှန်ရဲ့အသံမှန်း ချက်ချင်းသဘောပေါက်သွားလေသည်။
"တကယ်လို့ မစ္စကျင်းမှာသံသယတွေရှိရင် ကျွန်တော်တို့အနေနဲ့ ရဲကိုဖုန်းဆက်ခေါ်ပြီး ဖြေရှင်းခိုင်းလို့ရတယ်လေ"ဟု ကျောင်းသားရေးရာဌာနမှူးက အသံအောအောဖြင့် ပြောလိုက်လေသည်။ ချူးဖေ့ဟန်ရဲ့ဂုဏ်သတင်းကို ပျက်စီးအောင်လုပ်ဖို့ ကျင်းကျင့်ရှန်အနေနဲ့ ထိုသို့လူငှားလိမ့်မယ်လို့ သူ,မမျှော်လင့်ထားပေ။
တကယ်လို့သူတို့သာရဲခေါ်ရင် ကျောင်းဂုဏ်သတင်းကိုလဲထိခိုက်နိုင်တာမလို့ တကယ်လို့ဖြစ်နိုင်ရင် သူကအဲဒီလိုမလုပ်ချင်ပေ။ သူကအခုလိုပြောလိုက်တာဟာ မစ္စကျင်းကိုခြောက်ချင်လို့သာဖြစ်သည်။
"မလုပ်နဲ့"
သူတို့ကို ရဲခေါ်မယ်လို့ကြားတဲ့အခါ မစ္စကျင်းဟာအပြစ်ရှိစိတ်နဲ့ တားလိုက်လေသည်။ သူမဟာ ထိုအသံဟာ ကျင်းကျင့်ရှန်ရဲ့အသံလို့ ဝန်မခံပေမဲ့လည်း ထိုအသံဟာ အမှန်တကယ်ပင် သူမရဲ့သမီးအသံဖြစ်လေသည်။
တကယ်လို့သူတို့သာရဲခေါ်လျှင် သူမရဲ့သမီးဟာ အပြစ်ရှိတယ်ဆိုတာပေါ်သွားမှာဖြစ်ပြီး ဖျော်ဖြေရေးလောကမှာ သူမသမီးအလုပ်ဖို့ရာ ထိခိုက်သွားနိုင်လေသည်။
ကျင်းမိသားစုဟာ လွှမ်းမိုးမှုအချို့ရှိသော်လည်း ချူးဖေ့ဟန်ရဲ့ဆရာဟာ ပါမောက္ခကု ဖြစ်တာမလို့ တကယ်လို့သူတို့သာ ရန်သူတွေဖြစ်သွားရင် ကျင်းမိသားစုအနေနဲ့ အသာစီးရနိုင်မှာမဟုတ်ပေ။ ထို့ကြောင့် သူတို့ရဲခေါ်လို့မရပေ။
"ကျွန်မလဲအချိန်တွေဆက်ပြီးမဖြုန်းချင်ပါဘူး။ ဒါပေမယ့် ကျင်းကျင့်ရှန်နဲ့ ကျင်းမိသားစုအနေနဲ့ ကျွန်မကို ဆက်ပြီးပြဿနာရှာတွေတာတွေ ရပ်ရမယ်"ဟု ချူးဖေ့ဟန်ကပြောသည်။ သူမမှာ ရဲကိုခေါ်ဖို့စိတ်ကူးမရှိပေ။ အနည်းဆုံးတော့အခုထိတော့မရှိသေးပေ။
မစ္စကျင်းဟာဘာမှဆက်မပြောပေ။ တကယ်တော့ ပြဿနာကြီးကြီးမားမားမဖြစ်စေချင်သော်ကြောင့် သူမကအလျော့ပေးလိုက်တာဖြစ်ပေမဲ့လည်း ဒီရလဒ်ကို သူမက လက်မခံချင်ပေ။
"ဘာလဲ။ မစ္စကျင်းကလက်မခံချင်ဘူးလား"
"ငါ့ကိုပြော။ နင့်ငါ့သမီးကို ရိုက်နှက်ခဲ့လား"ဟု မစ္စကျင်းကမေးသည်။ ချူးဖေ့ဟန်ရဲ့လက်ချက်မှန်းသူမက သိလေသည်။ ချူးဖေ့ဟန် ကိုထိခိုက်အောင်လုပ်ဖို့ရာ လူငှားသည့်အတွက် ကျင်းကျင့်ရှန်ရဲ့အမှားဖြစ်သော်လည်း မစ္စကျင်းကအဖြေကို သိချင်သေးလေသည်။
အခုအခြေအနေအရ ကျောင်းသားရေးရာဌာနမှူးကလဲ ချူးဖေ့ဟန်က ကျင်းကျင့်ရှန်အားရိုက်နှက်ထားတယ်လို့ ထင်ပြီး အကြောင်းပြချက်ကတော့ ကျင်းကျင့်ရှန်ကသူမကိုထိခိုက်အောင်လုပ်ဖို့ လူအရင်ငှားတာကြောင့် ဖြစ်ရမည်။
ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ချူးဖေ့ဟန်က ကျင်းကျင့်ရှန်ကိုရိုက်နှက်တဲ့အတွက် သူကစိတ်ဆိုးနေတာမဟုတ်ပေ။ အဘယ့်ကြောင့်ဆို ကျင်းကျင့်ရှန်ရဲ့အမှားဖြစ်၍ဖြစ်သည်။ ချူးဖေ့ဟန်ကလက်စားပြန်ချေရုံသာဖြစ်သည်။
"မစ္စကျင်းကကျွန်မကို ဝန်ခံစေချင်ရင် ကျွန်မကို သက်သေပြလေ"ဟု ချူးဖေ့ဟန်ကပြောလေသည်။ သူမဟာ မငြင်းသလို ဝန်လဲမခံပေမဲ့လည်း ဘယ်သူကမှ သူမကို သက်သေမရှိပဲ အပြစ်ပေးလို့မရပေ။
"နင်...."ဟု မစ္စကျင်းကလည်းသိလေသည်။ ချူးဖေ့ဟန်ကတိတ်ဆိတ်စွာနဲ့ ဝန်ခံလိုက်တာဖြစ်ပေမဲ့လည်း သူမအနေနဲ့ ဘာမှမလုပ်နိုင်ပေ။ "ကောင်းပြီလေ။ ငါတို့နင့်ကို ထပ်ပြီးပြဿနာမရှာတော့ဘူး။ ဒါပေမယ့် နင့်အနေနဲ့ အဲဒီအသံဖိုင်ကို ဖျက်ပေးရမယ်"
ချူးဖေ့ဟန်ကစိတ်ပြောင်းသွားမှာ သူမကစိုးရိမ်နေတာဖြစ်သည်။ ချူးဖေ့ဟန်ဟာလည်း အတူတူပဲစိုးရိမ်နေတာဖြစ်သည်။
"ကျွန်မက အသံဖိုင်ဖျက်ပြီးသွားမှ အန်တီတို့စိတ်ပြောင်းသွားရင်ရော"
"မဟုတ်ဘူး။ ငါတို့မပြောင်းဘူး"ဟု မစ္စကျင်းကအနည်းငယ်စိတ်ဆိုးနေကာ ဒေါသဖြင့်ပြောလိုက်လေသည်။ သူမဟာ မတုံးအတာကြောင့် ပါမောက္ခကုကိုအပြစ်လုပ်မှာမဟုတ်ပေ။ ထို့အပြင် ဒီပြဿနာဖြစ်ရတာဟာ ကျင်းကျင့်ရှန်ရဲ့အပြစ်ကြောင့်ဖြစ်သည်။
မစ္စကျင်းဟာ ကျင်းကျင့်ရှန်ရဲ့ဆိုးဝါးတဲ့အပြုအမူကြောင့် ဒေါသထွက်နေတာဖြစ်သည်။ ကျင်းကျင့်ရှန်မှာသာမာန်အလိုလိုက်ခံထားရတဲ့ သူတွေလိုမျိုးစိတ်ရှိတာကို သူမ,သိပေမဲ့လည်း ကျင်းကျင့်ရှန်ကအခုလို ရဲတင်းတဲ့အတွက် သူမကအံဩနေတာဖြစ်သည်။
"ချူးဖေ့ဟန်၊ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ ငါသက်သေလုပ်ပေးမယ်။ ငါလည်း အသံသွင်းထားတဲ့ဖိုင်ကို ကြားထားပြီးပြီ။ တကယ်လို့ သူတို့သာစကားမတည်ရင် ငါတို့ ကျင်းကျင့်ရှန် ကိုအပြစ်ပေးပေးမယ်"ဟု ကျောင်းသားရေးရာဌာနမှူးက ပြောလေသည်။ သူဟာ ချူးဖေ့ဟန်ဘက်ကကာကွယ်ပေးနေတာမဟုတ်ဘဲ တရားမျှတမှုကို လက်ကိုင်ထားနေတာဖြစ်သည်။
ချူးဖေ့ဟန်ကအသံသွင်းထားတဲ့ဖိုင်ကို ဖျက်လိုက်တာနဲ့ ကျင်းမိသားစုကလည်း ဆက်စုံစမ်းနေတာကို ရပ်လိုက်မှာဖြစ်သည်။ အဲ့တာဆိုရင် အကုန်ပြီးသွားပြီဖြစ်ကာ ဘယ်သူမှလဲ မတရားမဖြစ်ပေ။ သို့သော်လည်း ချူးဖေ့ဟန်ကအသံသွင်းထားတာကို ဖျက်ပြီးနောက် ကျင်းကစကားမတည်ရင်တော့ ထိုအရာဟာ ကျင်းမိသားစုရဲ့အမှားသာဖြစ်ပြီး သူ့အနေနဲ့ တစ်ခုခုလုပ်ရမည်ဖြစ်သည်။
မစ္စကျင်းကထိုအရာကိုကြားတဲ့အခါ ဒေါသထွက်သွားပေမဲ့လည်း သူမအနေနဲ့ ဘာမှပြန်မငြင်းနိုင်ပေ။
အဲဒီအတွက် ချူးဖေ့ဟန်ဟာအသံသွင်းထားတာကိုဖျက်လိုက်ကာ ပြဿနာဟာ ဖြေရှင်းပြီးသွားပြီဖြစ်သည်။ မစ္စကျင်းကတော့ဒေါသတကြီး ထွက်သွားပြီး ချူးဖေ့ဟန်ကတော့ဘယ်လိုမှ မနေပေ။ အဘယ့်ကြောင့်ဆို သူမက ကျင်းကျင့်ရှန်ကိုရိုက်နှက်ပြီးပြန်ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အကုန်ပြင်ဆင်ထား၍ဖြစ်သည်။ အကုန်အဆင်ပြေပြေပြီးသွားတဲ့အတွက် သူမက အံဩနေတာသာရှိသည်။
အကုန်ပြီးသွားပြီးနောက် ချူးဖေ့ဟန်ဟာ ကုနင်းအား WeChat မှစာတိုပို့လိုက်လေသည်။ ပြဿနာတွေရှင်းသွားပြီဆိုတာကို သိရတဲ့အခါ ကုနင်းလည်း စိတ်အေးသွားခဲ့သည်။
သို့သော်လည်း မစ္စကျင်းကတော့ ဆေးရုံသို့ပြန်ရောက်သည်နှင့် ကျင်းကျင့်ရှန်အားဆူငေါက်လေတော့သည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၁၆ ဘာမှမလုပ်ဘဲနဲ့တော့ ဘယ်သူမှငွေမဝင်ဘူး
ကျင်းကျင့်ရှန်ဟာငြင်းဆန်ဖို့ ပြင်ဆင်လိုက်ပေမဲ့လည်း မမျှော်လင့်ထားစရာပင် ချူးဖေ့ဟန်ရဲ့လက်ထဲမှာ အသံသွင်းထားတဲ့ဖိုင်ရှိနေလေသည်။
အဲဒီအချိန်မှာ သူမဟာဘာပြန်ပြောရမလဲမသိဖြစ်သွားပြီး ချူးဖေ့ဟန်ကိုသာပိုမုန်းသွားလေသည်။ ချူးဖေ့ဟန်ကြောင့်သာမဟုတ်ရင် သူမအနေနဲ့ အပြစ်ပေးခံရမည်မဟုတ်ပေ။
သို့သော်လည်း တကယ်လို့ သူမသာ ချူးဖေ့ဟန်ကိုထိခိုက်အောင်လုပ်ဖို့ လူမငှားခဲ့ရင် ဘာမှဖြစ်လာမှာမဟုတ်ပေ။
....
ကုန်သည်ကြီးများအဖွဲ့ရဲ့အစည်းအဝေးဟာ နောက်တစ်နေ့ နေ့လည်၁နာရီတွင် ကျင်းပတာမလို့ နေ့လည်စာစားပြီးတဲ့အခါ ကုနင်း တက်ရောက်လေသည်။
ကုန်သည်ကြီးများအဖွဲ့ရဲ့အခန်းကိုရောက်တဲ့အခါမှာတော့ ယွမ်ယီလင်းနဲ့ဆုံလေသည်။ ကုနင်းကိုမြင်တာနဲ့ ယွမ်ယီလင်းသည်မနာလိုဖြစ်မှုနဲ့ အမုန်းတရားတွေကို သိသာစွာပြပေမဲ့လည်း သူမဟာ ခဏအကြာတွင် သူမရဲ့ခံစားချက်တွေအား ထိန်းချုပ်လိုက်လေသည်။ ဘာပဲဖြစ်ဖြစ် သူမဟာ ကုနင်းအပေါ်အရင်ကထက် ပိုပြီးအေးစက်စက်ဖြစ်သွားလေသည်။
အခြားအဖွဲ့ဝင်တွေဟာလည်း ကုနင်းကိုတွေ့ရတာ စိတ်လှုပ်ရှားနေလေသည်။ သူတို့အားလုံးကို သူမကိုလာနှုတ်ဆက်ပြီး စကားပြောကြလေသည်။ ကုန်သည်ကြီးများအဖွဲ့မှာ ကုနင်းကအအောင်မြင်ဆုံးသူတစ်ယောက် ဖြစ်နေ၍ဖြစ်သည်။
အခုချိန်မှာ စီးပွားရေးလုပ်ခါစကျောင်းသူ/သားတွေ အများစုရဲ့ လက်ထဲမှာ ပိုင်ဆိုင်မှုဟာ ယွမ်သိန်းဂဏာန်း ဒါမှမဟုတ် ယွမ်တစ်မီလီယံဂဏာန်အတွင်းသာ ရှိလေသည်။ မီလီယံအနည်းငယ်ရှိတဲ့ ကျောင်းသား/သူတွေကတော့ ပိုနည်းကာ ငါးယောက်သာရှိပြီး ယွမ်မီလီယံရာနဲ့ချီရှိတဲ့သူတွေကတော့ ပိုတောင်နည်းလေသည်။ သူတို့ဟာ သူတို့ရဲ့မိသားစုနောက်ခံကို အားကိုးပြီး အောင်မြင်လာနေတာဖြစ်သည်။
သို့သော်လည်း ကုနင်းရဲ့ပိုင်ဆိုင်မှုတွေကတော့ ယွမ်ဘီလီယံအနည်းငယ် ရှိလေသည်။ လူတွေအနေနဲ့ သူမကို မလေးစား မအားကျဘဲ မဖြစ်နိုင်ပေ။
အချို့အဖွဲ့ဝင်တွေကတော့ သူမကိုမနာလိုသည့်အတွက် ကုနင်းကိုတမင်တကာ လျစ်လျူရှုပြီး အထင်သေးမှုတောင် ပြလေသည်။ သို့သော်လည်း ကုနင်းကသူတို့ကို ဂရုတောင်မစိုက်ပေ။ သူမနဲ့ ဘာမှမဆိုင်၍ဖြစ်သည်။
တကယ်လို့ သူတို့သာသူမကို ပြဿနာရှာရဲရင်တော့ သူမက သင်ခန်းစာပေးမည်ပင်။
အံဩစရာမလိုအောင်ပင် ကျောင်းသားတစ်ယောက်ဟာ ကုနင်းအားတမင်တကာ ခက်ခဲအောင်လုပ်လာလေသည်။
"ကုနင်း၊ မင်းဒီတစ်ခါ ဆင်းရဲတဲ့ကျောင်းသား/သူတွေအတွက် ဘယ်လောက်လှူမှာလဲ။ မင်းက ယွမ်ဘီလီရမ်အနည်းငယ်နဲ့ အရမ်းချမ်းသာနေတာဆိုတာ တော်တော်လှူမယ်လို့ ငါလောင်းရဲတယ် ဟုတ်တယ်မလား။ မီလီယံအနည်းငယ်၊ တစ်ရာမီလီယံ၊ မီလီရာရာပေါင်းများစွာဆိုတာ နင့်အတွက်တော့ ဘာမှမဟုတ်ဘူး"
ထိုကျောင်းသားသည် အဖွဲ့ရဲ့အခြားလက်ထောက်ဥက္ကဌတစ်ယောက်ဖြစ်တဲ့ လုကျွင်းချန်း ဖြစ်လေသည်။
အဖွဲ့ဝင်တွေထဲမှာ လုကျွင်းချန်းသည် ဂျူနီယာ တစ်ယောက်ဖြစ်သလို ယွမ်မီလီယံရာပေါင်းများစွာကျော်ပိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လေသည်။
ထို့အပြင် လုကျွင်းချန်းဟာလွှမ်းမိုးမှုရှိတဲ့ မိသားစုမှဖြစ်တာမလို့ သူ့မိသားစုကို အားကိုးပြီး အောင်မြင်လာတယ်ဆိုတာ သူ,မငြင်းနိုင်ပေ။ သို့သော်လည်း လုကျွင်းချန်းဟာလည်းပဲ စီးပွားရေးမှာ ပါရမီပါလေသည်။
လုကျွင်းချန်းသည် ယွမ်ယီလင်းကိုကြိုက်နေပေမဲ့လည်း လုမိသားစုဟာ ယွမ်မိသားစုနဲ့ ယှဉ်နိုင်တယ်ဆိုရုံလောက်သာ ရှိတာမလို့ သူ့အချစ်တွေကို ဘယ်တော့မှ ဖွင့်မပြောရဲပေ။ ထို့ကြောင့် သူက ယွမ်ယီလင်းရဲ့အကူအညီပေးသူအဖြစ် ဟန်ဆောင်ကာ သူမရဲ့နောက်ကနေ ရပ်ပေးနေတာဖြစ်သည်။ ယွမ်ယီလင်းက ကုနင်းနဲ့မတည့်ဘူးဆိုတာကို သူသိတာနဲ့တပြိုင်နက် ယွမ်ယီလင်း ရဲ့ဒေါသတွေ ကူဖြေပေးနိုင်ရန် သူက ကုနင်းကိုတမင်တကာ ပြဿနာရှာနေတာဖြစ်သည်။
ကုနင်းကအစွမ်းအစနဲ့ အဆက်အသွယ် အားမနည်းတာ သူသိသော်လည်း သူက သူမကိုကြောက်တယ်လို့ မဆိုလိုပေ။ အထူးသဖြင့် အချစ်ကြောင့် ကျိုးကြောင်းဆီလျော်မှု ပျောက်နေချိန်မှာ ပိုဖြစ်လေသည်။
တကယ်တော့ အဲ့တာက တစ်ဖက်သက် အချစ်သာဖြစ်လေသည်။ လုကျွင်းချန်းကသူမကိုချစ်နေမှန်း ယွမ်ယီလင်းလည်းသိပေမဲ့လည်း သူမက သူ့ကိုဘယ်တော့မှ တွန်းမထုတ်ပေ။ ထို့အစား သူမကိုကြိုက်နေတဲ့သူက သူမကိုကာကွယ်ပေးပြီး သူမဘက်ကရပ်တည်ပေးတာကို သူမကသဘောကျကျေနပ်နေတာဖြစ်သည်။
လုကျွင်းချန်းကထို့သို့ပြောလိုက်တာဟာ တမင်တကာပြဿနာရှာချင်၍ ဖြစ်သည်။ ကုနင်းကယွမ်ဘီလီရမ်ရာပေါင်းများစွာပိုင်ဆိုင်မှုတွေနဲ့ အရမ်းချမ်းသာနေတာမလို့ သူမအနေနဲ့ ယွမ်မီလီယံအနည်းငယ်၊ ၁၀၀မီလီယံယွမ်နဲ့ မီလီယံရာပေါင်းအနည်းငယ်လောက်လှူလဲ ဘာမှမဟုတ်တာမလို့ လှူရမယ်တဲ့လား။
သူက ကုနင်းကိုအရှက်ခွဲချင်လို့ ထိုသို့ပြောလိုက်တာဖြစ်သည်။
တကယ်လို့ ကုနင်းသာထိုသို့မလုပ်ရင် လူတွေဟာ သူမကစာနာစိတ်မရှိဘူးလို့ထင်မည်ဖြစ်သည်။ သို့သော်လည်း တကယ်လို့ သူမသာ ယွမ်မီလီယံအနည်းငယ် ဒါမှမဟုတ် ယွမ်မီလီယံရာချီလှူလိုက်ရင် သူမအနေနဲ့ ဆုံးရှုံးမှုတွေ များမှာဖြစ်သည်။
ကုနင်းမှာကြွယ်ဝချမ်းသာမှု ယွမ်ပေါင်းဘီလီရမ်အနည်းငယ်ရှိပေမဲ့လည်း ယွမ်မီလီယံအနည်းငယ်၊ ၁၀၀မီလီယံယွမ် ဒါမှမဟုတ် ယွမ်မီလီယံရာချီဟာ သူမအတွက် ဘာမှမပြောပလောက်ဘူးလို့ မဆိုလိုပေ။
သူမရဲ့ကြွယ်ဝချမ်းသာမှုဟာ ရွေ့ပြောင်းလို့မရတဲ့ ပိုင်ဆိုင်မှုတွေနဲ့ စီးဆင်းနေတဲ့ငွေကြွေးတွေ ပါဝင်တာမလို့ ကုနင်းတောင် ငွေတွေအများကြီးချက်ချင်း ထုတ်ယူလို့မရပေ။
ဘေးနားမှာရပ်နေတဲ့ ယွမ်ယီလင်းဟာလည်း စိတ်ဝင်စားလာလေသည်။ ကုနင်း ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သူမလဲသိချင်လာလေသည်။
"စီနီယာလု၊ အဲ့တာက ရယ်ရတဲ့ဟာသမဟုတ်ဘူး။ အဲဒီလောက်ငွေတွေအများကြီး ကျွန်တော်တို့အနေနဲ့ လှူဖို့လိုတယ်မထင်ဘူး။ ယွမ်သိန်းဂဏာန်းလောက်ဆို လုံလောက်နေပါပြီ"ဟု လုကျွင်းချန်းရဲ့အပြုအမူကို အခြား စီနီယာကျောင်းသားတစ်ဦးက မကြိုက်တာမလို့ သူက ကုနင်းဘက်ကတန်းကာကွယ်ပေးလေသည်။
လုကျွင်းချန်းကဟာသလုပ်နေတာမဟုတ်ပေ။ တစ်ဖက်တွင် စကားများရအောင် တမင်တကာ ဖန်းတီးနေတာဖြစ်သည်။
သူတို့ဟာ သာမာန်လူတွေထက် ပိုထက်မြက်တာကြောင့် အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာတာဖြစ်တာမလို့ လုကျွင်းချန်းက ယွမ်ယီလင်းအတွက် ကုနင်းကိုခက်ခဲအောင်လုပ်နေတာမှန်း မြင်နိုင်လေသည်။
လုကျွင်းချန်းက ယွမ်ယီလင်းကိုကြိုက်နေတယ်ဆိုတာဟာ လျှို့ဝှက်ချက်မဟုတ်သလို ယွမ်ယီလင်းက ကုနင်းနဲ့မတည့်မှန်းလည်း သူတို့သိလေသည်။
"ဟုတ်တယ်။ ကုနင်းကဘယ်လောက်ပဲချမ်းသာချမ်းသာ အဲ့တာက သူမရဲ့ပိုက်ဆံပဲ။ ဘာလို့ချမ်းသာတဲ့လူတွေက ပိုက်ဆံတွေအများကြီး လှူရမှာလဲ"ဟု အခြားစီနီယာကျောင်းသားတစ်ယောက်ကလည်း ကုနင်းဘက်ကကာကွယ်ပေးလေသည်။
"ဟုတ်တယ်"
ကုနင်းဘက်ကနေ စီနီယာကျောင်းသားတစ်ချို့က ရပ်တည်ပေးလေရာ ကုနင်းရဲ့ရင်ထဲထိသွားပြီး လုကျွင်းချန်းကတော့မကျေမနပ်ဖြစ်ကာ ဒေါသထွက်သွားလေသည်။
သူ,မမျှော်လင့်ထားတာက ထိုလူတွေဟာ ကုနင်းကိုကာကွယ်ပေးနေတာဖြစ်သည်။
ယွမ်ယီလင်းပင်လျင် မကျေမနပ်ဖြစ်လာလေသည်။
ကုနင်းက လုကျွင်းချန်းအားခပ်ဖွဖွ ပြုံးပြလိုက်ပေမဲ့လည်း ကြည့်ရတာ အေးစက်စက်ပင်ဖြစ်သည်။ "စီနီယာလုကလည်း စီးပွားရေးစွန့်စားသူ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ။ ကျွန်မရဲ့ကြွယ်ဝမှုက ရွေ့ပြောင်းမရတဲ့ပိုင်ဆိုင်မှုတွေနဲ့ စီးဆင်းနေတဲ့ငွေကြေးတွေ ပါဝင်တယ်ဆိုတာ ရှင်လဲသိတာပဲ။ တကယ်လို့ ကျွန်မက သူဌေးဆိုရင်တောင် ကျွန်မလိုချင်သလောက် ကုမ္ပဏီကနေ ငွေတွေယူလို့မရဘူး။ ကျွန်မရဲ့ပိုင်ဆိုင်မှုအများစုက ရွေ့ပြောင်းမရတဲ့ပိုင်ဆိုင်မှုတွေဖြစ်ပြီး ကျွန်မအနေနဲ့ အိမ်တွေ၊ ဟိုတယ်တွေ၊ ရုံးအဆောက်အဦးတွေဆောက်ဖို့နဲ့ ချေးငွေတွေပြန်ဆပ်ဖို့ ငွေတွေအများကြီးသုံးဖို့လိုအပ်တယ်။ ကျွန်မမှာ ဝန်ထမ်းတွေ အများကြီးကို လခပေးဖို့လဲလိုသေးပြီး အဲ့တာက နည်းနည်းလေးလဲမဟုတ်ဘူး။ တကယ်လို့ ရှင်သာကျွန်မဆိုရင် ရှင်လဲ မီလီယံအနည်းငယ်လောက်လှူနိုင်မယ်လို့ ရှင်ထင်လား"
တစ်ခဏရပ်လိုက်ပြီးနောက် ကုနင်းကဆက်ပြောလေသည်။ "တကယ်လို့ ကျွန်မကလှူနိုင်ရင်တောင် ဘာလို့အဲဒီလိုလုပ်ရမှာလဲ။ ဘယ်သူမှ ပိုက်ဆံအလွယ်တကူမရှာနိုင်ဘူး။ ဆင်းရဲတဲ့ကျောင်းသား/သူတွေကို ကူညီတာကကောင်းတဲ့အလုပ်ဆိုပေမဲ့ ကျွန်မတို့က အများကောင်းကျိုးအတွက် ပရဟိတလုပ်နေတဲ့လူတွေလဲမဟုတ်ဘူး။ အခြားသူတွေကို မကူညီခင် ကျွန်မတို့ရဲ့ကြွယ်ဝမှုတွေကို ကိုင်တွယ်တတ်ဖို့ သင်ယူရမယ်။ လူကြည့်ကောင်းဖို့အတွက် လုပ်တာလောက်က အဓိပ္ပာယ်မရှိဘူး"
လုကျွင်းချန်းဟာအပြစ်ပြောခံလိုက်ရတဲ့အခါ ရှက်သွားလေသည်။ မမျှော်လင့်ထားစရာပင် ကုနင်းမှာပြန်ပြောတတ်တဲ့ ပါရမီပါလေသည်။
သူက အံဩသွားတာလား။ မဟုတ်ဘူး ကုနင်းကို ယွမ်ယီလင်းအစားပြန်ပေးဆပ်ရအောင် ကူညီပေးချင်လွန်းနေ၍ ဒီနေ့ သူသေချာမတွေးနိုင်တာဖြစ်သည်။ သူမရဲ့ ယနေ့ထိ အောင်မြင်မှုတွေကို ကြည့်တာနဲ့တင် ကုနင်းသည် အနိုင်ကျင့်လို့ လွယ်သူမဟုတ်ပေ။
အဲဒီအချိန်တွင် နျဲ့ချန်ယန် အထဲဝင်လာပြီး ပြောလေသည်။ "ကုနင်း ပြောတာမှန်တယ်။ ဘယ်သူမှ ပိုက်ဆံအလွယ်တကူ မရှာနိုင်ဘူး။ ဆင်းရဲတဲ့ကျောင်းသူ/သားတွေကို ကူညီတာဟာ ကောင်းမွန်တဲ့အလုပ်ဆိုပေမဲ့လည်း ငါတို့က ပရဟိတလုပ်ငန်းရှင်တွေမဟုတ်ဘူး။ အဲ့တာကြောင့် အခြားသူတွေကို မကိုင်တွယ်နိုင်ခင် ငါတို့ရဲ့ကြွယ်ဝမှုတွေကို ကိုင်တွယ်နိုင်ဖို့ သင်ယူရမယ်။ ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က ငွေတွေအများကြီးလှူချင်တယ်ဆိုရင်တော့ ငါက အဲတာမျိုးမြင်ရမှာ ပျော်တယ်"
သူက နောက်ဆုံးစကားကိုပြောလိုက်တဲ့အခါတွင် နျဲ့ချန်ယန်ဟာ လုကျွင်းချန်းအားကြည့်လိုက်လေသည်။ သိသာစွာပင် သူက လုကျွင်းချန်းကိုပြောနေတာဖြစ်သည်။
လုကျွင်းချန်းက ယွမ်ယီလင်းကိုကာကွယ်ပေးတဲ့အခါတွေမှာ အကျိုးအကြောင်း ဘယ်တော့မှ ဆီလျော်မှုမရှိတာမလို့ နျဲ့ချန်ယန်သည် လုကျွင်းချန်းကိုဘယ်တုန်းကမှ မကြိုက်ပေ။
သူကတကယ်ပဲ တုံးအတာလား၊ ယွမ်ယီလင်းကသူ့အပေါ်အခွင့်အရေးယူနေတာကို မသိတာလား ဒါမှမဟုတ် အချစ်ကြောင့် အကျိုးအကြောင်းဆင်ခြင်နိုင်မှုမရှိတော့ဘဲ အသုံးချတာ သေချာခံနေတာလားဆိုတာ ဘယ်သူမှမသိပေ....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၁၇ ချမ်းသာတဲ့လူကိုမုန်းတာ
ဘာပဲဖြစ်ဖြစ် အဲ့တာကသူ့ရဲ့ကိစ္စသာဖြစ်သည်။ ကုန်သည်ကြီးများအသင်းကို မထိခိုက်သ၍ နျဲ့ချန်ယန်ကဝင်စွက်ဖက်မှာမဟုတ်ပေ။ သို့သော်လည်း တကယ်လို့ ကုန်သည်ကြီးများအသင်းကို ထိခိုက်လာရင်တော့ သူ့အနေနဲ့ တစ်ခုခုလုပ်ရမည်ဖြစ်သည်။
"နျဲ့ချန်ယန်၊ မင်းဘာကိုဆိုလိုတာလဲ။ မင်းအဲ့တာကိုပြောတဲ့အခါ ငါ့ကိုဘာလို့ကြည့်နေတာလဲ။ ငါ့ကိုရန်စနေတာလား"ဟု လုကျွင်းချန်းဟာ နျဲ့ချန်ယန်အားချက်ချင်း လှည့်ကာစိုက်ကြည့်လိုက်လေသည်။
လုကျွင်းချန်းဟာလည်း နျဲ့ချန်ယန်ကိုလုံးဝမကြိုက်ပေ။ နျဲ့ချန်ယန်ဟာသူ့ထက် အရာအားလုံးသာနေတာမလို့ သူက နျဲ့ချန်ယန်အပေါ်အရမ်းမနာလိုနေတာဖြစ်သည်။
လုကျွင်းချန်းနဲ့ နျဲ့ချန်ယန်သည်တစ်ယောက်နဲ့တစ်ယောက် ကလေးဘဝကတည်းက သိတာဖြစ်ပြီး သူတို့ဟာငယ်ငယ်လေးကတည်းက ယှဉ်ပြိုင်နေတဲ့သူတွေဖြစ်သည်။ ထို့ကြောင့် လုကျွင်းချန်းဟာ နျဲ့ချန်ယန်ကိုကျော်တက်ဖို့ရန် စိတ်ပိုင်းဖြတ်ထားပေမဲ့လည်း သူဟာ ဘယ်တော့မှ မအောင်မြင်ပေ။
သူဟာ နျဲ့ချန်ယန်ထက်ဆိုးတာတင်မကဘဲ သူ့မိသားစုကလဲ နျဲ့ချန်ယန် မိသားစုထက် လွှမ်းမိုးမှုနည်းလေသည်။
တကယ်လို့ လုမိသားစုကသာ နျဲ့မိသားစုလောက် လွှမ်းမိုးမှုရှိရင် သူက ယွမ်ယီလင်းကိုအစောကြီးကတည်းက ပိုးပြီးနေတာကြာပြီဖြစ်သည်။ ကံဆိုးစွာနဲ့ပဲ လုမိသားစုဟာ မြို့တော်မှာသာမာန်ချမ်းသာတဲ့ မိသားစုသာသာ သာဖြစ်လေသည်။
"အဲ့တာဆိုရင် မင်း ကုနင်းကိုကြည့်ပြီးပြောတုန်းက ဘာအဓိပ္ပာယ်လဲ။ မင်းနောက်နေတာလို့တော့ မပြောနဲ့။ ဒီမှာတုံးအတဲ့သူတစ်ယောက်မှ မရှိဘူး"ဟု နျဲ့ချန်ယန်ကပြောလေသည်။
"..."ဟု လုကျွင်းချန်းကသူ့ရဲ့ပါးစပ်ကို ပိတ်လိုက်ကာ ဘာပြောရမှန်းမသိတော့ပေ။
ဒီမှာရှိနေတဲ့လူတွေက မတုံးအမှန်းသူသိပြီး သူ့ရဲ့ ကုနင်းကိုမုန်းမှုအပေါ် မဖုံးကွယ်ထားတာပေမဲ့လည်း နျဲ့ချန်ယန် အရှေ့မှာ သူ့ကိုယ်သူဟာသမလုပ်ချင်ပေ။
ဘာပဲဖြစ်ဖြစ် သူက နျဲ့ချန်ယန်ကသူ့ကိစ္စကို ဝင်ပါမှာမဟုတ်ဘူးလို့ တွေးထားမိ၍ဖြစ်သည်။
"ကောင်းပြီ။ ထိုင်ကြတော့။ အစည်းအဝေး စတော့မယ်"ဟု လုကျွင်းချန်း ဘာစကားတစ်ခွန်းမှ မပြောနိုင်တာကိုတွေ့တဲ့အခါ နျဲ့ချန်ယန်ဟာသူနဲ့ ငြင်းခုန်မနေတော့ပေ။ သူဟာ အခြေအနေကို ပိုဆိုးအောင်မလုပ်ချင်တာမလို့ စကားလွှဲလိုက်တာဖြစ်သည်။
ထို့နောက် သူတို့အားလုံး ထိုင်လိုက်ကြလေသည်။
နေ့လည်၁နာရီထိုးဖို့ မိနစ်အနည်းငယ်လိုသေးသော်လည်း အကုန်လုံးရောက်ပြီးဖြစ်၍ သူတို့အစည်းအဝေးစဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။ တကယ်လို့ အစည်းအဝေးသာ စောစောပြီးရင် သူတို့အနေနဲ့ စောစောပြန်လို့ရ၍ဖြစ်သည်။
မြို့တော်တက္ကသိုလ်မှာတင် ကုန်သည်ကြီးများအသင်း ရှိတာတင်မဟုတ်ပဲ အခြားတက္ကသိုလ်တွေမှာလဲ ရှိတာမလို့ ဆင်းရဲတဲ့ကျောင်းသား/သူတွေကို ကူညီဖို့လုပ်ဆောင်ချက်ဟာ မြို့တော်တက္ကသိုလ်တစ်ခုထဲက စီစဉ်တာမဟုတ်ပေ။
တက္ကသိုလ်တိုင်းဆီက ကုန်သည်ကြီးများအသင်းတွေဟာ ရပ်တည်ပေးကြပေမဲ့လည်း သူတို့ဟာ ဆင်းရဲတဲ့ကျောင်းသား/သူတွေကို ကူညီဖို့ရာ မတူညီတဲ့နေရာတွေဆီ သွားကြတာဖြစ်သည်။
သူတို့ဟာအတူတူ မလှုပ်ရှားကြပေမဲ့လည်း သူတို့ရဲ့အလုပ်တွေလုပ်ဖို့ နေရာရောက်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံတာဟာ ထူးဆန်းတဲ့အရာမဟုတ်ပေ။
ဘယ်နေရာမှာ အကူအညီလိုနေလဲဆိုတာနဲ့ ဘယ်ကျောင်းသား/သူတွေက ဘယ်လိုအကူအညီမျိုး လိုအပ်နေတယ်ဆိုတာကို သူတို့ကြိုတင်စုံစမ်းထားပြီးဖြစ်သည်။
အစောပိုင်းအဆင့်မှာ ဘယ်လောက်ပဲလှူထားလှူထား ကျောင်းသား/သူတိုင်းဟာ တူညီတဲ့ငွေကြေးထောက်ပံ့မှု ရရှိနိုင်ပြီး ဘယ်သူကမှ အခြားသူထက် ပိုမရနိုင်ပေ။ တကယ်လို့ လှူထားတဲ့ငွေဟာမလုံလောက်လျှင် သူတို့ဟာ ပိုနည်းတဲ့နေရာတွေကို လှူမှာဖြစ်ပြီး များနေရင်လဲ ထို့အတူပင်။
ထိုအရာဟာ ပြည်သူကောင်းစားရေးဖြစ်တာမလို့ ဆင်းရဲတဲ့ကျောင်းသား/သူတွေကို ကူညီဖို့လွှတ်လိုက်သူတွေဟာ လခမယူဘဲ ကူညီပေးကြတာဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ နျဲ့ချန်ယန်၊ လုကျွင်းချန်းနဲ့ ယွမ်ယီလင်းတို့ဟာ ယွမ်ငါးသိန်းဆီလှူကြပြီး ကုနင်းကတော့ ယွမ်တစ်မီလီယံလှူဒါန်းလေသည်။ အခြားသူတွေကတော့ မတူညီတဲ့ငွေပမာဏတွေ လှူဒါန်းကျလေသည်။
ကုနင်းဟာငွေအများဆုံးလှူတဲ့သူဖြစ်တာဟာ သူမကပိုပြီးသတိထားခံချင်လို့မဟုတ်ဘဲ သူမက အချမ်းသာဆုံးဖြစ်၍ဖြစ်သည်။
သူတို့ရဲ့ လုပ်ငန်းရှင်တွေဆိုတဲ့အစား ကျောင်းသားတွေဆိုတဲ့နာမည်နဲ့လှူတာဖြစ်တာမလို့ ကုနင်းအနေနဲ့အများကြီး လှူလို့မရပေ မဟုတ်လျှင် ထိုအရာဟာ လူသိရှင်ကြားဖြစ်သွားနိုင်လေသည်။
အစည်းအဝေးပြီးသွားတဲ့အခါတွင် ကုနင်း လူအုပ်အကြားမှာ ထွက်သွားသော်လည်း သူမရဲ့နောက်ဘက်ကို မုန်းတီးတဲ့အကြည့်နှစ်ခု အာရုံစိုက်နေတာ သတိထားမိလေသည်။ ထိုလူတွေဟာ လုကျွင်းချန်းနဲ့ ယွမ်ယီလင်းတို့ဖြစ်ရမည်ဖြစ်တာမလို့ သူမဟာ လှည့်ပြီးကြည့်ကာ အာရုံစိုက်မနေတော့ပေ။
ဒီနေ့ ကုနင်းကြောင့် လုကျွင်းချန်းဟာလူရှေ့သူရှေ့မှာ အရှက်ကွဲထားတာကြောင့်မလို့ အခုကစပြီး သူက သူမကိုပြိုင်ဘက်အဖြစ် မှတ်ယူထားလေသည်။ သူက ကုနင်းကိုပြန်ပေးဆပ်ရဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ သို့သော်လည်း လုကျွင်းချန်းက ကုနင်းကြောင့်သူအရှက်ကွဲရတဲ့ဆိုတဲ့ အချက်ကိုပဲဂရုစိုက်ကာ သူ့ဘက်ကအရင်စပြီး ကုနင်းကိုပြဿနာရှာတဲ့အချက်ကိုတော့ လျစ်လျူရှုလိုက်သည်ဖြစ်သည်။ တကယ်လို့ သူသာထိုသို့မလုပ်လျင် သူ့အနေနဲ့ အရှက်ရ,ရမှာ မဟုတ်ပေ။
တစ်ကိုယ်ကောင်းဆန်တဲ့လူတွေဟာ သူတို့အတွက် သူတို့သာ ဂရုစိုက်ကြလေသည်။
နေ့လည်ခင်းတွင် ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ လှူဒါန်းမှုအကြောင်းကို သူတို့ကျောင်းရဲ့ အင်တာနက်စာမျက်နှာအပေါ်မှာ တင်လိုက်လေသည်။
လူအများစုဟာ ကုနင်းကိုသူမရဲ့ ရက်ရောမှုအတွက် လေးစားကြလေသည်။ သို့သော်လည်း အချို့ကတော့ သူမက အရမ်းချမ်းသာနေတဲ့အချိန်မှာ ယွမ်တစ်မီလီယံပဲ လှူလို့အပြစ်ပြောကြလေသည်။
ရလဒ်အနေနဲ့ အင်တာနက်စာမျက်နှာအပေါ်မှာ လူတွေဟာ ထိုအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးကြလေသည်။
"ကုနင်းကအရမ်းချမ်းသာတယ်။ သူမမှာ ကြွယ်ဝမှု ယွမ်ဘီလီရမ်အနည်းငယ် ရှိနေတာ။ သူမအနေနဲ့ ဘာလို့ ယွမ်တစ်မီလီယွမ်ပဲလှူတာလဲ။ သူမက အရမ်းစာနာမှု မရှိလိုက်တာ"
"ဟုတ်တယ်။ သူမအနေနဲ့ ယွမ်ပေါင်း မီလီယံတစ်ရာ နှစ်ရာလောက်တော့ အနည်းဆုံးလှူသင့်တယ်။ အဲ့တာက သူမအတွက် ဘာမှတောင် မဟုတ်တဲ့ဟာ"
"...."
အများစုဟာလဲ ထိုအတွက်ကြောင့် ဒေါသတကြီး ငြင်းခုန်ကြလေသည်။
"သူမကချမ်းသာတယ်ဆိုတာနဲ့ပဲ သူမက ဘာလို့ပိုပြီးလှူရမှာလဲ။ ဘယ်သူကမှ ဘာမှမလုပ်ဘဲ ပိုက်ဆံတွေ အလကားရမနေဘူး"
"ဟုတ်တယ်။ စကားနဲ့ပြောတာက ဈေးပေါတယ်။ တကယ်လို့ တတ်နိုင်ရင် ကိုယ့်ဘာသာကိုယ်လှူကြလေ။ တကယ်လို့ ကိုယ်ကိုတိုင်တောင် ယွမ်မီလီယံ တစ်ရာ၊ နှစ်ရာ မလှူနိုင်ရင် သူများကို အပြစ်မပြောနဲ့"
"ဆင်းရဲတဲ့လူတွေကို ကူညီပေးတာဟာ ကောင်းတဲ့အလုပ်ဖြစ်ပေမဲ့လည်း ကုနင်းက ပရဟိတသမားအစား စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လေ။ သူ့ရဲ့ လုပ်ငန်းတွေကြီးသလောက် သူမမှာ ထိုလုပ်ငန်းလည်ပတ်ဖို့ ပိုက်ဆံပိုလိုလေသည်။ သူမရဲ့ပိုက်ဆံတွေကို လွယ်လွယ်လေးဖြုန်းလို့ရတယ်လို့ နင်တို့ထင်နေတာလား"
"ဟုတ်တယ်။ သူတို့က အရမ်းတုံးအတာပဲ"
"အဲဒီလူတွေက မုန်းတဲ့လူတွေသာသာပါပဲ။ သူတို့က ချမ်းသာတဲ့လူတွေကို မုန်းနေကြတာ။ သူတို့ထက် အခြားသူတွေက ပိုချမ်းသာနေတာကို လက်မခံနိုင်ကြဘူး"
"ငါသဘောတူတယ်။ သူတို့က ချမ်းသာတဲ့လူတွေကို မုန်းနေကြတာ"
"..."
ကံကောင်းစွာပင် လူအများစုဟာ ကုနင်းဘက်မှရပ်တည်ပေးလေသည်။
ကုနင်းကိုကဲ့ရဲ့နေတဲ့ ထိုသူတွေအားလုံးဟာ ငတုံးတွေမဟုတ်ပေမဲ့လည်း သူတို့က သူမကိုမနာလိုဖြစ်နေတာသေချာပြီး သူမဟာ ပိုပိုပြီး အောင်မြင်လာတာကို လက်မခံနိုင်နေတာဖြစ်သည်။
ထိုမှတ်ချက်တွေကို ဖတ်ရင်း ကုနင်းနဲ့သူမရဲ့ သူငယ်ချင်းတွေဟာ ကန်တင်းမှာရောက်နေတာဖြစ်သည်။ ကုနင်းက ဘယ်လို့မှမခံစားရပေမဲ့လည်း စုန့်မြောင်ကောနဲ့အခြားကောင်မလေးတွေကတော့ ဒေါသထွက်နေတာဖြစ်သည်။
"What the fuck! ဒီလူတွေက ဘယ်သူတွေလဲ။ ယွမ်တစ်မီလီယံက နည်းလို့လား။ အဲ့တာကအများကြီးပဲ။ ယွမ်တစ်မီလီယံလှူနိုင်တဲ့လူတွေ အများကြီးမရှိဘူး။ တကယ်လို့ သူတို့သာလှူနိုင်ရင် သွားလှူကြပါ့လား"ဟု စုန့်ဟောက်ယွီဟာဒေါသတကြီး အော်ပြောလိုက်လေရာ လူတွေရဲ့အာရုံစိုက်တာခံရပေမဲ့လည်း သူမဟာ ထိုအရာကို ဂရုမစိုက်နေအားပေ။ သူမဟာ အခုချိန်မှာ ဒေါသအပြည့်ဖြင့်ဖြစ်သည်။
အခြားသူတွေဟာ သူမဘာလို့ဒေါသထွက်နေတယ်ဆိုတာကို နားလည်ကြလေသည်။ ယွမ်တစ်မီလီယံဟာ မနည်းဘူးဆိုတာ သူတို့လည်းသဘောတူတာမလို့ ကုနင်း အတွက်တရားမမျှတဘူးလို့ သူတို့လဲ ခံစားရလေသည်။ သူမက ကောင်းမှုလုပ်တာဖြစ်ပေမဲ့လည်း ကဲ့ရဲ့ခံနေရလေသည်။ တကယ်တော့ ထူးချွန်တဲ့လူတွေဟာ လူတွေရဲ့မနာလိုခြင်းကို အလွယ်တကူ ခံရနိုင်လေသည်။
"ဟုတ်တယ်။ ငါအဲဒီလူတွေကို အကြိမ်တစ်ရာလောက် ရိုက်နှက်ပစ်ချင်တယ်"ဟု ကျန်းကျီခိုင်ကအံကိုကြိတ်လျက်ပြောလေသည်။ ကုနင်း လှူဒါန်းတဲ့ငွေဟာ မလုံလောက်ဘူးလို့ ပြောတဲ့သူမှန်သမျှကို သူမက ရိုက်ပစ်တော့မည့်အလား မြင်ရလေသည်။
"အဲ့လောက်နဲ့ မလုံလောက်သေးဘူး။ အကြိမ်တစ်သောင်းရိုက်ရမှာ"ဟု ပိုင်လီကျုံးရွှယ် ကပြောလေသည်။ ထိုလူတွေကို အကြိမ်တစ်ရာလောက်ရိုက်တာနဲ့တင် သူမရဲ့ဒေါသကို မပြေနိုင်သေးဘူးဟု သူမကထင်လေသည်။
"ဟုတ်တယ်။ အကြိမ်တစ်သောင်း"ဟု စုန့်မြောင်ကောနဲ့ ကျန်းကျီခိုင်တို့ကတန်းသဘောတူလေသည်။
သူမအတွက် သူမတို့ဒေါသထွက်နေတာကို မြင်တဲ့အခါ ကုနင်းဟာရင်ထဲထိသွားသလို သဘောလဲကျသွားလေသည်။ သူမက လုံးဝစိတ်မဆိုးပေမဲ့လည်း သူမရဲ့သူငယ်ချင်းတွေက သူမအတွက် စိတ်ဆိုးပေးလေသည်။
"ဟုတ်ပါပြီ။ စိတ်ဆိုးမနေနဲ့တော့။ တွေ့လား။ ငါ့ကိုထောက်ခံတဲ့လူတွေ အများကြီးပဲရှိတယ်။ ငါ့ကို အရမ်းကဲ့ရဲ့နေတဲ့လူတွေက ငါ့ကိုမနာလိုဖြစ်နေတဲ့လူတွေပဲရှိတာ"ဟု ကုနင်းကသူမတို့ကို ချော့၍ ပြောလိုက်လေသည်။
တကယ်လို့ ထိုအရာဟာ အမှန်ဖြစ်ရင်တောင် သူမတို့ဟာ မကျေမနပ်ဖြစ်ဆဲပင်ဖြစ်သည်။ ကုနင်း ဟာကောင်းတဲ့လုပ်ရပ်လုပ်ပေမဲ့လည်း လူတွေအများကြီးရဲ့ ကဲ့ရဲ့တာခံရသေးတာမလို့ လက်မခံနိုင်စရာဖြစ်သည်။
"ဒါပေမယ့်လည်း အဲ့တာက စိတ်ရှုပ်ဖို့ကောင်းသေးတယ်"ဟု စုန့်မြောင်ကောကပြောပြီးနောက် သူမရဲ့ဒေါသကို ဖြေလျော့ရန် အသားတုံးကို အတင်းကိုက်လိုက်လေသည်။
"ဟုတ်တယ်။ တစိမ်းတွေကတောင် နင့်ဘက်က ရပ်တည်ပေးတယ်။ ငါတို့က နင့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေ။ ငါတို့အနေနဲ့ စိတ်အေးအေးထားလို့မရဘူး"ဟု ကျန်းကျီခိုင်ကပြောလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၁၈ ဝရမ်းပြေးကိုဖမ်းခြင်း
ထိုအရာကိုကြားတဲ့အခါ ကုနင်း ဘာမှထက်မပြောတော့ပေ။ သူမရဲ့သူငယ်ချင်းတွေဟာ အခုဒေါသအပြည့်ဖြစ်တာမလို့ အခုချိန်မှာသူမပြောသမျှကို သူမတို့က ဘာမှနားထောင်မှာမဟုတ်ပေ။ သူမတို့ရဲ့ ဒေါသပြေသွားမှ စိတ်တည်ငြိမ်သွားမှာဖြစ်သည်။
ကုနင်းဘက်ကနေ လူတိုင်းကကာကွယ်ပေးနေတာကို တွေ့တဲ့အခါ လုကျွင်းချန်းဟာသူ့ရဲ့ဖုန်းကို မြေကြီးပေါ်သို့ ဒေါသတကြီး ရိုက်ခွဲလိုက်လေသည်။ ဘာလို့လဲ။ ဘာလို့ သူတို့တွေ ကုနင်းကိုကာကွယ်ပေးနေတာလဲ။ ထိုအရာကြောင့် လုကျွင်းချန်းဟာ ကုနင်းအပေါ်အရင်ကထက် ပို၍မုန်းသွားလေသည်။
.....
ကျင်းကျင့်ရှန်ဟာနေ့ဘက်မှာ သူမအမေရဲ့အပြစ်ပြောတာခံထားရပြီး ညမှာလဲ သူမအဖေရဲ့ အပြစ်ပြောတာခံရပြန်လေသည်။
မစ္စကျင်းဟာ ကျင်းကျင့်ရှန်ရဲ့အဖေဆီမှ လျှိူ့ဝှက်မထားနိုင်ကာ ဒါမှမဟုတ်လျှင် သူမရဲ့ယောင်္ကျားဟာ ဒီကိစ္စကို ဆိုးရွားစွာကိုင်တွယ်၍ သူမကိုအပြစ်ပြောခံရမည်ဖြစ်သည်။ တကယ်လို့ သူမရဲ့ယောင်္ကျားသာ ကျောင်းကိုကိုယ်တိုင်သွားခဲ့ရင် ထိုအရာဟာ အရှက်ကွဲစရာဖြစ်မည်ဖြစ်သည်။
ကျင်းကျင့်ရှန်ရဲ့အကြောင်းသတင်းဟာ မပြန့်သွားပေမဲ့လည်း ကျောင်းသားရေးရာဌာနမှူးဟာ ပါမောက္ခကုအားပြောပြသေးလေသည်။
ပါမောက္ခကုဟာသူ့ရဲ့တပည့်တွေအပေါ် အရမ်းအကာအကွယ်ပေးတက်တာမလို့ ချူးဖေ့ဟန်က ကျင်းကျင့်ရှန်ကိုရိုက်နှက်တာဟာ မှားတယ်လို့ သူကမထင်ပေ။ ထို့အစား ကျင်းကျင့်ရှန်အနေနဲ့သင်ခန်းစာပေးခံရဖို့ လိုအပ်သည်ဟု သူကသဘောတူပြီး ကျင်းကျင့်ရှန်ကသူမကို ထိုသို့လုပ်တာအား ချူးဖေ့ဟန်ကသူ့ကို မပြောပြ၍ မပျော်မရွှင်တောင် ဖြစ်သေးလေသည်။ သူတို့က ရင်းနှီးတယ်လို့ သူကထင်နေတာဖြစ်သည်။
ပါမောက္ခကုဟာ ချူးဖေ့ဟန်အား သူမကိုဘယ်သူက အနိုင်ကျင့်ကျင့် ပြန်တိုက်ခိုက်ရန်ပြောလေသည်။ သူမက အားလုံးဝမနည်းပေ။ တကယ်လို့ သူမသာ မဖြေရှင်းနိုင်ရင် သူမအနေနဲ့ သူ့ကိုအမြဲအကူအညီတောင်းနိုင်လေသည်။
ချူးဖေ့ဟန်ကသူ့ရဲ့တပည့်ဖြစ်မှတော့ သူ့အနေနဲ့ သူမကို သူ့အသိုင်းအဝိုင်းထဲခေါ်သွင်းမှာဖြစ်သည်။ ထို့အပြင် သူတို့ဟာ အခုချိန်မှာ တစ်လှေတည်းစီးနေတဲ့သူတွေဖြစ်တာမလို့ သူတို့ဟာ အရှက်ကွဲမှုရော ဂုဏ်ယူမှုတွေပါ အတူတူမျှဝေကြမည်ဖြစ်သည်။
အခြားသူတွေက သူ့ရဲ့တပည့်ဟာ အနိုင်ကျင့်ခံရတဲ့အခါမှာ ပြန်မတိုက်ခိုက်ရဲပြီး လူကြောက်တစ်ယောက်လို့ ထင်မှာကို သူ,မလိုလားပေ။
ပါမောက္ခကုကသူမကို ကဲ့ရဲ့အပြစ်တင်မှာကို ချူးဖေ့ဟန် အစက စိုးရိမ်နေတာဖြစ်ပေမဲ့လည်း သူ့ရဲ့စကားတွေကို အခုကြားတဲ့အခါ သူမဟာ စိတ်အေးသွားလေသည်။
....
ထိုနေ့ နေ့လည်ခင်းတွင် စုန့်ဟောက်ယွီရဲ့လူတွေဟာ နောက်ဆုံးတော့ ထိုသာမာန်ထက် ပိုသန်မာတဲ့လူနေတဲ့နေရာကို ရှာတွေ့သွားလေသည်။ ထိုလူဟာ Cမြို့ရဲ့ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်က လူနေအိမ်တစ်ခုမှာ နေနေတာဖြစ်သည်။
စုန့်ဟောက်ယွီ ထိုသတင်းကို သိတာနဲ့တပြိုင်နက် လင်ရှောင်းထင် အားပြောပြလေသည်။ တုန့်ဆိုင်းမနေဘဲ လင်ရှောင်းထင်သည် ရှုကျင်းချန်နဲ့ ချန်းမင်ကိုခေါ်သွားလေသည်။
သူတို့ဟာ Cမြို့သို့ ည၈:၃၀တွင်ရောက်တာမလို့ သူတို့အတွက် စစ်ဆင်ရေးဆောင်ရွက်ရန် အကောင်းဆုံးအချိန်ဖြစ်လေသည်။
Cမြို့သို့ရောက်ပြီးနောက် လင်ရှောင်းထင်သည် စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်အား ဝရမ်းပြေးဟာ ထိုနေရာပဲရှိနေသေးလားဟု မေးလေသည်။ ဝရမ်းပြေးဟာ ထိုနေရာမှာပဲရှိနေသေးတယ်ဆိုတာ သူသေချာအောင် လုပ်ပြီးနောက်မှ သွားခဲ့သည်။
Cမြို့ရဲ့ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်က လူနေအိမ်နေရာသို့ သူတို့ရောက်ပြီး စုန့်ဟောက်ယွီရဲ့လူတွေနဲ့ တွေ့တဲ့အခါမှာ အချိန်ဟာ ည၉:၃၀ ပြီးနေပြီဖြစ်သည်။
"ဗိုလ်ချုပ်ကြီးလင်၊ သူတို့က အခုလူနေအိမ်ထဲမှာ။ လူငါးယောက်လောက် ရှိလောက်တယ်။ ထိုအထဲက နှစ်ယောက်ဟာ ဝရမ်းပြေးနဲ့ သာမာန်ထက်ပိုသန်မာတဲ့ လူတွေဖြစ်တယ်"ဟု စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်က လင်ရှောင်းထင် အားပြောလေသည်။
သူတို့ပေါ်သွားမှာ စိုးရမ်တာကြောင့် သူတို့ဟာ အနားသို့ ကပ်မသွားပြီး ထိုထက်ပိုပြီးတိကျတဲ့ သတင်းအချက်အလက်တွေကို မရနိုင်ပေ။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဒီနေရာကို ရှာရတာပင် မလွယ်ကူပေ။
"ကောင်းပြီ။ ငါ့အတွက် လမ်းပြပေး"
"ဟုတ်ကဲ့ Sir"ဟု ထိုအမျိုးသားကပြောပြီးနောက် လင်ရှောင်းထင်နဲ့အခြားသူတွေကို သူလမ်းပြလေသည်။
တကယ်လို့သူတို့သာ ပိုပြီးကပ်လိုက်ရင် ရှာတွေ့သွားနိုင်တာကြောင့် ဝရမ်းပြေးနေနေတဲ့ အိမ်ကနေ ၁၀မီတာကွာဝေးတဲ့အချိန်တွင် သူတို့ရပ်လိုက်ကြသည်။ ရလဒ်အနေနဲ့ သူတို့ဟာ အိမ်နဲ့ဆယ်မီတာကွာဝေးတဲ့အချိန်တွင် လင်ရှောင်းထင်အားလက်ညှိုးထိုးပြလိုက်လေသည်။
"ဝင်ပေါက် ဘယ်နှစ်ပေါက် ရှိလဲ"ဟု လင်ရှောင်းထင်ကမေးလေသည်။
"ကျွန်တော်တို့အခု ရောက်နေတဲ့နေရာက အိမ်ရှေ့မှာရှိတဲ့လမ်းဖြစ်ပြီး အရပ်မျက်နှာနှစ်ဖက်ကို သွားလို့ရတယ်။ အနောက်ဘက်မှာလဲပဲ အရပ်မျက်နှာနှစ်ဖက်ကို သွားလို့ရတဲ့လမ်းတစ်ခုရှိသေးတယ်"
"မင်းတို့ထဲကလေးယောက်က ထွက်ပေါက်လေးခုကို သွားစောင့်နေ"
လင်ရှောင်းထင်ဟာ ရှုကျင်းချန် နဲ့ ချန်းမင်တို့နဲ့အတူလာပြီး စုန့်ဟောက်ယွီမှာလည်းသူနဲ့အတူ လူနှစ်ယောက်ပါတာမလို့ သူတို့ရဲ့ပြစ်မှတ် ထွက်မပြေးစေရန် တားဆီးဖို့ရာ ထွက်ပေါက်လေးပေါက်ကို လူလေးယောက် ကာကွယ်နိုင်လေသည်။
လင်ရှောင်းထင် လှုပ်ရှားတာနဲ့တပြိုင်နက် သူတို့ကိုထွက်ပြေးခွင့်ပေးမှာမဟုတ်ပေမဲ့လည်း သာမာန်ထက်သန်မာတဲ့လူဟာ ဘယ်သူလဲဆိုတာ ရှာမတွေ့ခင် သူ့အနေနဲ့ သတိထားရဦးမည်ဖြစ်သည်။
သူဟာ ကျင့်ကြံသူရဲ့အငွေ့အသက်ကို အခုမခံစားမိတာကြောင့် ထိုလူဟာ ကျင့်ကြံသူမဖြစ်တာ ဒါမှမဟုတ် ထိုလူဟာ သူ့ထက်သိုင်းအဆင့်မြင့်တာလဲ ဖြစ်နိုင်လေသည်။
ဘာပဲဖြစ်ဖြစ် ထိုလူဟာ နင်ဂျာတစ်ယောက်ဖြစ်နိုင်သည်ဟု လင်ရှောင်းထင်ကထင်သေးလေသည်။
"ကိစ္စမရှိဘူး"ဟုဆိုကာ ထိုလူလေးယောက်ဟာ တန်းပြီးလုပ်ဆောင်လေသည်။
ထို့နောက် လင်ရှောင်းထင်ဟာအိမ်နားဆီသို့ တိုးကပ်သွားလေသည်။
ထိုအိမ်ဟာ ကိုယ်တိုင်ဆောက်ထားတဲ့ နှစ်ထပ်အိမ်တစ်အိမ်ဖြစ်လေသည်။ ထိုအိမ်ဟာ သိပ်မကြီးဘဲ အထပ်တိုင်းဟာ စတုရမ်းမီတာ ၆၀စီသာ ကျယ်ဝန်းလေသည်။
အိမ်အနားကို ကပ်သွားပြီးနောက် လင်ရှောင်းထင် ဟာသူ့ရဲ့အာရုံခံမှုကိုသုံးလိုက်ရာ ပထမထပ်ရဲ့ ဧည့်ခန်းထဲမှာ လူလေးယောက်နဲ့ ဒုတိယထပ်တွင် လူနှစ်ယောက်အား အာရုံခံမိတာမလို့ အိမ်ထဲတွင် စုစုပေါင်း လူ၆ယောက်ရှိလေသည်။
ဒုတိယထပ်တွင် အိပ်ခန်း၃ခန်းရှိပြီး လူနှစ်ယောက်ဟာ ထိုသုံးခန်းထဲက တစ်ခန်းထဲတွင် စကားပြောနေတာဖြစ်သည်။
ထိုလူနှစ်ယောက်ဟာ ဝရမ်းပြေးနဲ့ သာမာန်ထက်ပိုသန်မာတဲ့လူ ဖြစ်ရမည်။
လမ်းမဘေးရှိ ဒုတိယထပ်က ပြတင်းပေါက်ဟာ ပိတ်မထားပေ။ ထိုနေရာနားတွင် ဘယ်သူမှမရှိကြောင်း လင်ရှောင်းထင်ကသတိထားမိတာမလို့ သူဟာခုန်ပျံပြီး အခန်းထဲသို့ဝင်လိုက်လေသည်။
လင်ရှောင်းထင် ဝင်ရောက်လာတာကို ဝရမ်းပြေးရော သာမာန်ထက်သန်မာတဲ့လူပါ သတိမထားမိပေ။
လင်ရှောင်းထင်သည် သေမျိုးမဟုတ်တော့သည့်အတွက် ထိုအရာဟာအကျိုးအကြောင်းဆီလျော်လေသည်။ သူဟာ အဆင့်မြင့်တဲ့ကျင့်ကြံသူဖြစ်တာမလို့ ကျင့်ကြံသူတွေကို မမြင်နိုင်တဲ့သေမျိုးတွေဆီကနေ သူရဲ့တည်ရှိမှုကို ဖျောက်ကွယ်နိုင်လေသည်။
လင်ရှောင်းထင် အနားသို့တိုးကပ်သွားစဉ် နင်ဂျာတွေမှရှိတတ်တဲ့ မကောင်းတဲ့အငွေ့အသက်ကို ခံစားမိတာမလို့ သူတို့ရဲ့ရန်သူဟာ နင်ဂျာမှန်းသူဟာ သေချာသွားလေသည်။
နင်ဂျာနဲ့ ဝရမ်းပြေးတို့ ရှိနေတဲ့အခန်းဟာ ပိတ်ထားပေမဲ့လည်း သော့မခတ်ထားပေ။ လင်ရှောင်းထင် အနေနဲ့အပြင်ဘက်မှတံခါးအားဖွင့်ပြီး အထဲသို့ဝင်နိုင်လေသည်။
ထို့ကြောင့် လင်ရှောင်းထင်ဟာတံခါးဆီသို့လျှောက်သွားပြီးနောက် တံခါးကိုဖွင့်ကာ တန်းဖောက်ဝင်သွားလေသည်။
အခန်းထဲတွင် စကားပြောနေသည့် ဝရမ်းပြေးနဲ့ နင်ဂျာတို့ဟာ လူအနားကပ်လာတာကို သတိမထားမိတာမလို့ တစ်စုံတစ်ယောက်က အခန်းထဲရုတ်တရက် ဝင်လာမယ်လို့ မမျှော်လင့်ထားမိပေ။ ဝင်လာသူဟာ လက်အောက်ငယ်သားတစ်ယောက်လို့ သူတို့က ထင်မိတာဖြစ်သည်။ သို့သော်လည်း သူတို့က လက်အောက်ငယ်သားအား ဒေါသဖြင့် အော်ငေါက်မယ်ပြုစဉ်မှာပဲ လင်ရှောင်းထင် အားမြင်လိုက်လေသည်။
လင်ရှောင်းထင်ကသူတို့အား ဝင်လာလာခြင်းတိုက်ခိုက်တာကြောင့် နင်ဂျာရော ဝရမ်းပြေးရောဟာ အံဩသွားလေသည်။
လင်ရှောင်းထင်ရဲ့အဓိကပြစ်မှတ်ဟာ ဝရမ်းပြေးဖြစ်တာမလို့ သူက ထိုလူအားအရင် ပြေးဖမ်းလေသည်။
လင်ရှောင်းထင်သည် သူရဲ့မှော်စွမ်းအင်ကို တိုက်ရိုက်သုံးလိုက်ပြီး ဝရမ်းပြေးဟာ သေမျိုးတစ်ယောက်ပင်ဖြစ်တာမလို့ သူဟာ မရှောင်နိုင်ပေ။ ရလဒ်အနေနဲ့ လက်ဝါးတစ်ချက်စာ ခံရပြီးနောက် ဝရမ်းပြေးအား လေထဲလွင့်ထွက်သွားလေသည်။ ဝရမ်းပြေးအား နံရံအားဝင်ဆောင့်မိကာ ကြမ်းပြင်ပေါ်လဲကျသွားပြီး နောက်ဆုံးတွင် သုံးကြိမ်တိုင်ဒဏ်ရာရသွားလေသည်။ နောက်တစ်စက္ကန့်တွင် သူဟာနာကျင်မှုကြောင့် မေ့မျော်သွားလေသည်။
ရုတ်တရက်ပဲ ထိုအသံကြောင့် အောက်ထပ်က လူတွေဟာ သတိဝင်သွားကြတာမလို့ အပေါ်ထပ်ပြေးတက်လာလေသည်။
လင်ရှောင်းထင်သည် မရပ်သွားဘဲ နင်ဂျာကိုပြောင်းပြီး တိုက်ခိုက်လေသည်။
နင်ဂျာမှာ အစွမ်းအစတချို့ရှိတာမလို့ သူဟာ လင်ရှောင်းထင်ကြောင့် မြန်မြန်ဆန်ဆန် ဒဏ်ရာမရသွားပေ။ သို့သော်လည်း နင်ဂျာဟာ သိသာစွာပင် လင်ရှောင်းထင်ရဲ့ပြိုင်ဘက်မဟုတ်ပေ။ တကယ်တော့ သူဟာ လင်ရှောင်းထင်ထက်တောင်ပိုပြီးတအားညံ့တာကြောင့် နင်ဂျာအနေနဲ့ လင်ရှောင်းထင်ကိုတိုက်ခိုက်ဖို့ရာ ခဲယဉ်းပြီး လင်ရှောင်းထင်ဟာအခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်လေသည်။
နင်ဂျာဟာ လင်ရှောင်းထင်ရဲ့စွမ်းရည်ကြောင့် ကြောင်သွားလေသည်။
သိပ်မကြာခင်မှာပဲ အောက်ထပ်ကလူတွေဟာ အပေါ်ထပ်ရောက်လာပေမဲ့လည်း သူတို့တိုက်ခိုက်ဖို့ ကြိုးစားနေစဉ်မှာပဲ လင်ရှောင်းထင်ကသတိမေ့အောင် ရိုက်တာခံလိုက်ရလေသည်။
ထိုအရာကိုမြင်တဲ့အခါ နင်ဂျာဟာကြောက်ရွံ့သွားပေမဲ့လည်း အခုချိန်မှာ သူဟာထွက်မပြေးနိုင်တော့ပေ။
အချိန်အနည်းငယ်ကြာပြီးနောက် လင်ရှောင်းထင်သည် နင်ဂျာအား ဖမ်းမိသွားလေသည်....
***