← Chapters

အခန်း (၂၁၁၉-၂၁၂၄)

Vol. 130 Ch. 2119-2124

အခန်း (၂၁၁၉-၂၁၂၄)

Vol. 130 Ch. 2119-2124

အပိုင်း ၂၁၁၉ ရိုက်ချက်

"မင်းဘယ်သူလဲ။ ငါ့ကိုလွှတ်"ဟု နင်ဂျာကပြောကာ အတင်းရုန်းကန်လေသည်။ သူဟာ ဒီနိုင်ငံဘာသာစကားကို လေသံမပါပဲ စကားပြောနေတာ‌ဖြစ်သည်။

"ငါက စစ်တပ်ကပဲ"ဟု လင်ရှောင်းထင်ကအေးစပ်စွာ ပြောလိုက်လေသည်။

ထိုအရာကိုကြားတဲ့အခါ သူတို့က ဝရမ်းပြေးဆီလာကြောင်း သဘောပေါက်သွားတာမလို့ နင်ဂျာဟာစိုးရိမ်သွားလေသည်။ သို့သော်လည်း နင်ဂျာဟာအဖမ်းမခံချင်တာကြောင့် ဝရမ်းပြေးနဲ့ဆက်နွယ်နေမှုကို ဖျက်ပြစ်ပြီး ရှောင်ဖယ်ချင်လေသည်။

"ငါဘာဥပဒေမှ မချိုးဖောက်ဘူး။ ဘာလို့ငါ့ကို ‌ဖမ်းတာလဲ"ဟု နင်ဂျာဟာ သူ့ကိုယ်သူအပြစ်ကင်းကြောင်း ယုံကြည်ဟန်ဖြင့် ပြောလေသည်။

"အဲဒီလူက အရေးကြီးတဲ့ဝရမ်းပြေးဆိုတာ မင်းမသိဘူးလား" လင်ရှောင်းထင်ကပြောကာ ကြမ်းပြင်ပေါ်ရှိ သတိမေ့နေတဲ့ ဝရမ်းပြေးအား လက်ညှိုးထိုးပြလေသည်။

"ဘာ။ သူကဝရမ်းပြေးလား"ဟု ထိုအရာကိုကြားတဲ့အခါ နင်ဂျာဟာအံဩသွားဟန်ဆောင်ကာ "ငါအဲ့တာကို မသိဘူး။ တကယ်လို့ ငါသာသိရင် သူနဲ့နေမှာမဟုတ်ဘူး"

နင်ဂျာသည် ကြည့်ရတာတကယ်အပြစ်ကင်းစင်ပုံရပေမဲ့လည်း တကယ်တော့ဟန်ဆောင်နေတာသာဖြစ်လေသည်။

"သက်သေမရှိဘဲ ငါတို့ဘယ်သူ့ကိုမှ တရားခံအဖြစ်မဖမ်းဆီးဘူး။ မင်းက ဝရမ်းပြေးကို ကယ်တင်သွားတဲ့လူဖြစ်တာမလို့ မင်းကတရားဥပဒေကို ချိုးဖောက်ပြီးနေပြီ" လင်ရှောင်းထင်ကပြောကာ နင်ဂျာအား ပြင်းထန်စွာ သတိမေ့အောင်ရိုက်လိုက်လေသည်။

ထို့နောက် လင်ရှောင်းထင်ဟာသူ့ဖုန်းကိုထုတ်ပြီး ရှုကျင်းချန်အားဖုန်းခေါ်လေသည်။ သူက အခြားသူတွေအား ဒီကိုလာဖို့ခေါ်ရန် ရှုကျင်းချန်အားပြောလိုက်သည်။

သူတို့ဟာ အရမ်းမဝေးကွာတာကြောင့် အိမ်ထဲက အသံတွေအားကြားလိုက်လေသည်။ ထို့ကြောင့် လင်ရှောင်းထင်ကတိုက်ခိုက်ထားကြောင်း သိလေသည်။

လင်ရှောင်းထင် အစောကြီးတိုက်ခိုက်မှုပြီးသွားတာကိုသိတဲ့အခါ ရှုကျင်းချန်နဲ့ ချန်းမင်တို့ဟာမအံဩပေမဲ့လည်း စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်နှစ်ယောက်တော့ အရမ်းအံဩသွားလေသည်။ သူတို့ပြစ်မှတ်ထဲကတစ်ယောက်ဟာ သာမာန်ထက်ပိုသန်မာ၍ဖြစ်သည်။ သို့သော်လည်း ကြည့်ရတာ လင်ရှောင်းထင်ကပိုသန်မာလေသည်။

ရှုကျင်းချန်နဲ့ အဖွဲ့ဝင်တွေဟာ တိုက်ခိုက်နေသံတွေကို ကြားနိုင်တာမလို့ အိမ်နားရှိအခြားသူတွေဟာလည်း ကြားနိုင်သော်လည်း ပြဿနာထဲပါမှာသူတို့အားလုံးဟာ စိုးရမ်နေလေသည်။ တိုက်ခိုက်မှုတစ်ခုဖြစ်မှန်း သူတို့သိလေသည်။ ထို့ကြောင့် သူတို့ဟာလာပြီး မကြည့်ရဲပြီး လူဆိုးတွေသူတို့ရဲ့နေရာဆီသို့ ဖောက်ထွင်းဝင်ရောက်လာမှာဆိုး၍ သူတို့ရဲ့ပြတင်းပေါက်နဲ့ တံခါးတွေတောင် သော့ပိတ်ထားလေသည်။

သိပ်မကြာခင်မှာပဲ ရှုကျင်းချန်နဲ့အခြားသူတွေဟာ ရောက်လာပြီး လင်ရှောင်းထင်ဟာအပြစ်သားတွေဟာ ကြိုးတုပ်ပြီးပြီတောင်ဖြစ်သည်။

"ဝိုး၊ ဗိုလ်ချုပ်ကြီးလင်ကအံဩဖို့ကောင်းလိုက်တာ။ သူတို့ကို မိနစ်ပိုင်းအတွင်း ဖမ်းမိသွားတယ်"

"ဟုတ်တယ်။ ငါတို့က အမှိုက်တွေလို့တောင် ငါရုတ်တရက်ခံစားမိတယ်"

စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်နှစ်ယောက်ဟာ လင်ရှောင်းထင်ကိုအရမ်းလေးစားသွားကြသလို ရှက်လဲရှက်သွားလေသည်။

"အဲဒီလိုမပြောပါနဲ့။ ငါတို့ရဲ့အဖွဲ့ခေါင်းဆောင်က ထူးခြားပြီး ငါတို့နဲ့ကွဲပြားတယ်။ တကယ်လို့ ငါတို့သာဒီတာဝန်ထမ်းဆောင်ရင် ငါတို့လဲအောင်မြင်မှာ မဟုတ်ဘူး"ဟု ရှုကျင်းချန်ကသူတို့အား အားပေးလေသည်။ ထိုအရာဟာ အမှန်တရားပင်ဖြစ်လေသည်။

"အနီးအနားက စစ်တပ်ကိုဆက်သွယ်ပြီး သူတို့ကိုဖမ်းခေါ်သွား" လင်ရှောင်းထင်ကပြောလေသည်။

"ကောင်းပြီလေ" ရှုကျင်းချန်ကပြောကာ ဖုန်းခေါ်ရန်ထွက်သွားလေသည်။

သူတို့ဟာ အပြစ်သားတွေအား မြို့တော်သို့ ခေါ်ဆောင်သွားရန်လိုအပ်တာမလို့ သူတို့မှာအခုကားမရှိပြီး ပြဿနာဖြစ်နေတာမလို့ သူတို့ဟာ စစ်တပ်ရဲ့အကူအညီလိုနေတာဖြစ်သည်။

Cမြို့ရဲ့စစ်တပ်ကို ရှုကျင်းချန်ကဖုန်းသွားဆက်နေစဉ် စုန့်ဟောက်ယွီရဲ့အဖွဲ့ဝင်တွေဟာလည်း စုန့်ဟောက်ယွီကိုဖုန်းဆက်ပြီး အခြေအနေကို ပြောပြလေသည်။

လင်ရှောင်းထင်ကသူတို့ကို မိနစ်အနည်းငယ်အတွင်း သတိမေ့အောင် အနိုင်တိုက်နိုင်တယ်ဆိုတာ သိတဲ့အခါ စုန့်ဟောက်ယွီဟာသူ့ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် အံဩသွားလေသည်။

လင်ရှောင်းထင်ကိုသူ့အနေနဲ့ ဖုန်းပြောဖို့လိုသေးတာကြောင့် စုန့်ဟောက်ယွီဟာသူရဲ့အဖွဲ့ဝင်တွေကို လင်ရှောင်းထင်အားဖုန်းပေးခိုင်းလိုက်လေသည်။

"ဘာလဲ"ဟု လင်ရှောင်းထင်ကအသံပြတ်ပြတ်ဖြင့်ပင် မေးလေသည်။ စုန့်ဟောက်ယွီနဲ့ သူ့အဖွဲ့ဝင်တွေ ပြောနေတဲ့စကားတွေကို သူဟာကြားပြီး၍ဖြစ်သည်။

"မင်းတကယ်ပဲ သူတို့ကို မိနစ်ပိုင်းအတွင်း ဖမ်းလိုက်နိုင်တာလား"

"နှစ်မိနစ်ခွဲလောက်တော့ ကြာတယ်"

ထိုအရာကိုကြားတဲ့အခါ စုန့်ဟောက်ယွီဟာအသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ သူရဲ့အဖွဲ့ဝင်တွေက သူ့ကိုမိနစ်အနည်းငယ်ကြာကြောင်း ပြောထားသော်လည်း သူက ၇မိနစ် ၈မိနစ်လောက် ကြာတယ်ဟုထင်ထားပြီး ထိုအရာကပင် မယုံကြည်နိုင်စရာဖြစ်နေပြီ ဖြစ်ပေမဲ့လည်း မမျှော်လင့်ထားစရာပင် လင်ရှောင်းထင် ဟာသုံးမိနစ်အတွင်း ဖြေရှင်းနိုင်လိုက်လေသည်။

သူဟာ ပြင်းထန်စွာ ထိခိုက်သွားသည်ဖြစ်သည်။

သူဟာအစက လင်ရှောင်းထင်ကိုစိန်ခေါ်ဖို့ စိတ်ကူးထားပြီး လင်ရှောင်းထင်ကိုအနိုင်ယူဖို့ရန်ထိပါ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပေမဲ့လည်း အခုတော့ ထိုအရာဟာ မဖြစ်နိုင်တော့ဘူးဟု သူထင်လေသည်။

သူဟာ အရင်က လင်ရှောင်းထင်နဲ့ယှဉ်ပြိုင်ရာမှာ အကြိမ်များစွာ ရှုံးနိမ့်ထားပေမဲ့လည်း သိပ်အများကြီးမရှုံးထားသေးတာမလို့ သူ့မှာအနိုင်ရဖို့ အခွင့်အရေးရှိသေးသည်ဟု သူကအမြဲခံစားနေရတာဖြစ်သည်။ ကံဆိုးစွာနဲ့ပဲ လင်ရှောင်းထင်ကသူ့အပေါ်အရမ်းသက်ညှာထားမှန်း သူအခုသိသွားလေသည်။

"လင်ရှောင်းထင်၊ မင်းကငါနားလည်နိုင်တာထက် ထပ်ပြီးကျော်လွန်သွားပြန်ပြီ။ ငါမင်းကိုထပ်ပြီး စိန်မခေါ်တော့ဘူး။ ငါ့ကိုယ်ငါအရှက်မခွဲချင်တော့ဘူး"ဟု စုန့်ဟောက်ယွီကနောင်တရသွားသည့်ပုံဖြင့် ပြောလေသည်။ သူအရင်က လင်ရှောင်းထင်ကိုစိန်ခေါ်ခဲ့မိတာတွေဟာ အရှက်ရစရာတွေဖြစ်၍ သူကနောင်တရနေတာဖြစ်သည်။

"ကောင်းတယ်။ မင်းအနေနဲ့ အဲ့တာကိုသိတာ နောက်မကျသေးဘူး"ဟု လင်ရှောင်းထင်ကလေးနက်စွာပြောလေသည်။ သူဟာ စုန့်ဟောက်ယွီရဲ့မာနကို ဂရု‌တောင်မစိုက်နိုင်ပေ။

"...."

လင်ရှောင်းထင်ရဲ့တည့်တိုးပြောမှုကြောင့် စုန့်ဟောက်ယွီဟာနာကျင်သွားလေသည်။ လင်ရှောင်းထင်ဟာသူ့ရဲ့ခံစားချက်တွေကို လုံးဝဂရုတောင်မစိုက်ပေ။

ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ သူရဲ့ခံစားချက်တွေကို လင်ရှောင်းထင်အနေနဲ့ဂရုစိုက်ဖို့ရာ မဖြစ်နိုင်ပေ။ လင်ရှောင်းထင်ကသူ့ကိုအရှက်ထပ်မခွဲတာကိုပင် သူ့အနေနဲ့ ကျေးဇူးတင်ရမည်ဖြစ်သည်။

"အို၊ မင်းဆေးကိုသောက်ပြီးတော့ ငါရဲ့အဖွဲ့ဝင်နှစ်ယောက်က တကယ်ပဲတအားသက်သာလာပြီ။ အဲ့တာကအရမ်းအံဩဖို့ကောင်းတယ်"ဟု စုန့်ဟောက်ယွီကစိတ်လှုပ်ရှားစွာပြောလေသည်။

သူဟာ လင်ရှောင်းထင်ကိုယုံကြည်သော်လည်း သူ့ရဲ့မျက်လုံးနှစ်လုံးနဲ့ ကိုယ်တိုင်မြင်ရတဲ့အခါ အံဩမိသေးလေသည်။

"ကောင်းတယ်" လင်ရှောင်းထင်သည် စွမ်းအင်သလင်းကျောက်ရဲ့အစွမ်းကိုသိတာကြောင့် မအံ့ဩပေ။

သူတို့ အနည်းငယ်စကားပြောပြီးနောက် ဖုန်းချလိုက်လေသည်။

စစ်တပ်က သတင်းကြားပြီးနောက် မိနစ်နှစ်ဆယ်အတွင်းမှာပဲ စစ်သားတွေရောက်လာလေသည်။ မြို့လည်စင်တာမှာ စစ်တပ်ရင်းစခန်းဟာ တည်ရှိတာမလို့ အချိန်သိပ်မကြာပေ။

ခေါင်းဆောင်ဖြစ်သူသည် Cမြို့ စစ်တပ်ရင်းစခန်းပိုင်းရှိ စီနီယာကာနယ်၊ ချင်းဟောင် ဖြစ်လေသည်။

Cမြို့ စစ်တပ်ရင်းစခန်းပိုင်းဟာ လင်ရှောင်းထင် ဒီမှာရောက်နေတာကို သိတဲ့အခါ ဒီကိစ္စကို အရမ်းအလေးပေးလေသည်။

"တွေ့ရတာဝမ်းသာပါတယ် ဗိုလ်ချုပ်ကြီးလင်၊ ကျွန်တော့်နာမည်က ချင်းဟောင် ပါ။ Cမြို့ စစ်တပ်စခန်းပိုင်းက နိုင်ငံရေးဆိုင်ရာအရာရှိ ပါ"ဟု ချင်းဟောင်ဟာရောက်ရောက်ခြင်း လင်ရှောင်းထင်အားအလေးပြုလေသည်။

ရာထူးမြင့်တဲ့ အရာရှိတွေဟာ ပိုပြီးစွမ်းအားကြီးပြီး လင်ရှောင်းထင်သည် ချင်းဟောင်ထက်ရာထူးတင်မြင့်တာတင်မကပဲ သူ့ရဲ့မိသားစုကလည်းပဲ အရမ်းလွှမ်းမိုးမှုရှိလေသည်။ ထို့ကြောင့် ဘယ်စီနီယာအရာရှိကမှသူ့အပေါ် အပြစ်မလုပ်ရဲပေ။

လင်ရှောင်းထင်ဟာလည်းသူ့ကိုအလေးပြုကာ ပြန်ပြောလေသည်။ "တွေ့ရတာဝမ်းသာပါတယ်၊ နိုင်ငံရေးအရာရှိချင်း"

ချင်းဟောင်ဟာအခြားလူတွေကို မသိပေမဲ့လည်း အချင်းချင်းအပြန်အလှန် နှုတ်ဆက်ရန် အလေးပြုလေသည်။

အခြားလူတွေဟာလည်းပဲ ထပ်တူညီစွာပြုမူလေသည်။

"နိုင်ငံရေးအရာရှိချင်း၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဂျက်လေယဉ်နဲ့ မြို့တော်ကို ပြန်ပို့ပေးလို့ရမလား"ဟု လင်ရှောင်းထင်ကပြောလေသည်။

"ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ အဲ့တာထက်တောင် ပိုလုပ်ပေးနိုင်ပါသေးတယ်။ အခုထွက်ခွာချင်လား ဒါမှမဟုတ် နေထွက်ခါနီးမှ သွားချင်လား ဗိုလ်ချုပ်ကြီးလင်"

"ကျေးဇူးပြုပြီးအခုစီစဉ်ပေးပါ။ နေ့ဘက်မှာ ခရီးစဉ်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ပုံမှန်ခရီးစဉ်တွေကို မထိခိုက်စေချင်ဘူး"

"ကောင်းပါပြီ"ဟု ချင်းဟောင်ကပြောကာ သူ့အလုပ်သူသွားလုပ်လေသည်။

စစ်တပ်ရင်းစခန်းပိုင်းမှာ သီးသန့်ကိုယ်ပိုင်ဂျက်လေယဉ်တွေရှိပြီး လေဆိပ်မှာပဲ ရပ်ထားတာဖြစ်သည်။

ညအချိန်ဖြစ်တာမလို့ ခရီးစဉ်တွေသိပ်မရှိကာ သူတို့ရဲ့ခရီးစဉ်ဟာ သိပ်မကြာခင်မှာပဲ စီစဉ်ပြီးလေသည်။ သူတို့ဟာ တစ်နာရီအကြာတွင် ထွက်ခွာမည်ဖြစ်သည်...

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၂၀ ငါ့ကိုတော်တော်ဂရုစိုက်တယ်ပေါ့?

သူတို့အနေနဲ့ ဒီကနေလေဆိပ်ကို ရောက်ဖို့ရန် နာရီဝက်ကြာတာမလို့ လေဆိပ်သို့ သွားရန်နဲ့ လေယဉ်ပေါ်တက်ရန် သူတို့အတွက် အချိန်တစ်နာရီလိုလေသည်။ ထို့နောက် သူတို့ဟာ သတိမေ့နေသည့် အပြစ်သားတွေကို သယ်ထုတ်သွားလေသည်။

အပြစ်သားတွေဟာ ဘယ်သူတွေလဲဟု ချင်းဟောင်ကမမေးပေ။ အဘယ်ကြောင့်ဆို လင်ရှောင်းထင် ထမ်းဆောင်လေ့ရှိတဲ့စစ်ဆင်ရေးတွေဟာ လျှို့ဝှက်ထားတာတွေဖြစ်၍ဖြစ်သည်။ သူ့အနေနဲ့ မေးခွန်းတွေ အလွယ်တကူမေး၍မရပေ။

....

မြောင်ကျင်းကျင်း စစ်ဟယ်ယွမ်မှာနေနေတာနှစ်ရက်ကြာပြီဖြစ်သည်။ ကျင်းကျီနဉ်ဆီမှဘာသတင်းမှ မရသေးသော်လည်း ဟုန်ရီဖုန်းကိုခေါ်ထုတ်ဖို့ရာ ခက်ခဲမှန်းသူမက နားလည်တာမလို့ သူမဟာ စိတ်ရှည်ရှည်နဲ့ပဲ စောင့်နေလေသည်။

တကယ်လို့ ကျင်းကျီနဉ်ရဲ့အကူအညီကြောင့်သာမဟုတ်ရင် သူမအနေနဲ့ နှစ်ပေါင်းများစွာကြာရင်တောင် လက်စားပြန်မချေနိုင်မှာ ကြောက်တာကြောင့် သူမအနေနဲ့ ရက်အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်လောက်တော့ စောင့်နိုင်လေသည်။

ဒီရက်တွေအတွင်းတွင် မြောင်ကျင်းကျင်းဟာကျင့်ကြံခြင်းနဲ့ အစားအသောက်ကိုသာ အာရုံစိုက်ထားလေသည်။

ကျင်းယွင်ယောင်ဟာလည်း ထို့အတူပင်ဖြစ်လေသည်။

ကျင်းယွင်ယောင်နဲ့နေတာ ရက်အနည်းငယ်ကြာပြီးနောက် မြောင်ကျင်းကျင်းသည် ကျင်းယွင်ယောင်ရဲ့သိုင်းအဆင့်နဲ့ အဖြစ်အပျက်တွေကို သိပြီးပြီဖြစ်သည်။

ကျင်းယွင်ယောင်ရဲ့သိုင်းအဆင့်ကြောင့် မြောင်ကျင်းကျင်း အံဩသွားလေသည်။ အဘယ်ကြောင့်ဆို ကျင်းယွင်ယောင်သည် လင်းဟွမ်အဆင့်ရဲ့အစဦးဆုံးအဆင့်ကို ရောက်ပြီးနေ၍ဖြစ်သည်။

ကျင်းယွင်ယောင်ဟာလက်စားပြန်ချေနိုင်ရန် အရမ်းကျင့်ကြံပေမဲ့လည်း သန်မာလာရန် ပါရမီ၊ အရည်အချင်းနဲ့ ကံတို့လိုအပ်လေသည်။

ကျင်းမိသားစုသာ အခုအခြေအနေကို သိသွားရင် ဘယ်လိုနေမလဲ။ ပါရမီပါတဲ့ ကျင့်ကြံသူတစ်ယောက်ကို သူတို့ရဲ့သေဖက်ရန်သူအဖြစ် ဖိအားပေးမိလို့ နောင်တများ ရနေမလား။

တကယ်လို့ အဲဒီနှစ်က ဆိုးရွားတဲ့မတော်တဆမှုသာ မဖြစ်ခဲ့ရင် ကျင်းယွင်ယောင်ဟာအခုချိန်မှာ အခုလိုရလဒ်မျိုး ရရှိလာမှာမဟုတ်ပေမဲ့လည်း သိပ်တော့ဆိုးရွားမှာမဟုတ်ပေ။ ကျင်းယွင်ယောင်ဟာအဲဒီနှစ်ကတည်းက သိုင်းအဆင့်မြင့်နေပြီးဖြစ်၍ဖြစ်သည်။

ကျင်းယွင်ယောင်သည် အမှန်တကယ်ပင် အမှားလုပ်ထားတာဖြစ်ပေမဲ့လည်း သူမရဲ့ဘဝကို ဖျက်စီးရလောက်အောင်ထိတော့ မပြင်းထန်ပေ။ ကျင်းမိသားစုက စာနာမှုမရှိတာ ဖြစ်သည်။

မကောင်းဆိုးဝါးတွေတောင် သူတို့ရဲ့သားသမီးတွေကို ထိခိုက်အောင်မလုပ်ပေမဲ့လည်း ကျင်းမိသားစုကတော့ ခြွင်းချက်ဖြစ်သည်။

....

လင်ရှောင်းထင်နဲ့အခြားသူတွေမြို့တော်ကို ပြန်ရောက်‌တဲ့အခါမှာ အချိန်ဟာ မနက်၃နာရီထိုးပြီးနေပြီဖြစ်ပြီး စုန့်ဟောက်ယွီဟာလေဆိပ်မှာ စောင့်နှင့်နေပြီးဖြစ်သည်။

လင်ရှောင်းထင်ဟာဝရမ်းပြေးအား စုန့်ဟောက်ယွီဆီသို့လွှဲပေးလိုက်ပေမဲ့လည်း နင်ဂျာကိုတော့မပေးပေ။ ထိုလူဟာ နင်ဂျာဖြစ်တာမလို့ စုန့်ဟောက်ယွီအနေနဲ့သူ့ကိုကိုင်တွယ်နိုင်မှာ မဟုတ်ပေ။

လင်ရှောင်းထင်သည် စုန့်ဟောက်ယွီအားဝရမ်းပြေးအားဖမ်းသူအဖြစ် အမှတ်ယူခွင့်ပေးလိုက်တာမလို့ သူ့ရဲ့လုပ်ဆောင်ချက်ကို သူ့အနေနဲ့မှတ်တမ်းတင်နိုင်လေသည်။ အဲ့တာဟာ စုန့်ဟောက်ယွီအတွက် ကျေးဇူးတင်စရာပင်ဖြစ်သည်။

ထို့နောက်ညတွင်းချင်းပဲ လင်ရှောင်းထင်ဟာနင်ဂျာအား စစ်ဆေးမေးမြန်းရန် စစ်တပ်ရင်းကို ခေါ်သွားပြီး တန်းပြီးဖြေရှင်းလိုက်လေသည်။

အခုချိန်မှာ ဝရမ်းပြေးအား ကူပြီး‌ဖမ်းပေးသည့်အတွက် စုန့်ဟောက်ယွီအနေနဲ့ လင်ရှောင်းထင်အားထမင်းဖိတ်မကျွေးနိုင်သေးတာမလို့ သူ့အနေနဲ့ ဆိုင်းငန့်ထားရလေသည်။ လင်ရှောင်းထင်အနေနဲ့နင်ဂျာကို စစ်တပ်ရင်းဆီသို့ ခေါ်သွားရမည်ဖြစ်ပြီး စုန့်ဟောက်ယွီလည်း ဝရမ်းပြေးနဲ့အတူ သူ့ခေါင်းဆောင်ဆီသို့ သတင်းပို့ရမည်ဖြစ်သည်။ သူတို့အတွက် ဖြေရှင်းစရာကိစ္စတွေ အများကြီးရှိနေသည်ဖြစ်သည်။

နင်ဂျာအားဖမ်းမိပေမဲ့လည်း သူတို့ဟာ ကူရာကီ အာခဲမီနဲ့ ခဲတို တိုးယာတို့အပေါ်စောင့်ကြည့်နေဆဲဖြစ်သည်။ သူတို့ဟာ နင်ဂျာနဲ့ အဆက်အသွယ်ရှိရှိမရှိရှိ သူတို့မှာကောင်းတဲ့ရည်ရွယ်ချက်မရှိပေ။

.....

ဗုဒ္ဓဟူးနေ့ နေ့လည်ခင်းတွင် ယွီမီရှီဟာစိတ်မကြည်လင်စရာ တစ်ခုနဲ့ကြုံ့တွေ့လေသည်။

နေ့တိုင်းပဲ မနက်စာဖြစ်ဖြစ် ညစာ ဒါမှမဟုတ် နေ့လည်စာဖြစ်ဖြစ် ယွီမီရှီဟာ မုခယ်နဲ့အတူစားပေမဲ့လည်း ကျောက်ယန်သည် တစ်ခါတစ်လေ သူတို့ဆီလာလေရာ မုခယ်နဲ့ ယွီမီရှီတို့ကိုအရမ်းစိတ်ရှုပ်စေလေသည်။

သို့သော်လည်း သူမဟာ ယဉ်ကျေးစွာပဲနှုတ်ဆက်ကာ သူတို့နဲ့စကားပြောတာမလို့ တကယ်လို့ သူမရဲ့တည်ရှိမှုကြောင့် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေကြောင်းပြရင် သူတို့အနေနဲ့ ယဉ်ကျေးမှုမရှိဘူးဟု သူတို့ခံစားမိလေသည်။

မုခယ်ကသူမကိုတိုက်ရိုက်ပဲလျစ်လျူရှုလိုက်ပြီး ယွီမီရှီကတော့သူမကို လေးပင်စွာပဲ ပြန်ပြောလေသည်။ ကျောက်ယန် ကဘယ်လောက်ပင် တုံးအပါစေ သူတို့က သူမကိုမကြိုက်မှန်းပဲ သူမကိုမမြင်ချင်ဘူးဆိုတာကို မြင်နိုင်လေသည်။

ယွီမီရှီက မုခယ်ကိုသူမအကြောင်း မကောင်းတာတစ်ခုခုပြောထားတာကြောင့်ဖြစ်မည်ဟု ကျောက်ယန်ကသူမဘာသာသူမတွေးမိလေသည်။ အဲ့တာကြောင့်ပဲ မုခယ်ကသူမကို လစ်လျူရှုထားတာဖြစ်နိုင်လေသည်။

ကြည့်ရတာမသိရင် မုခယ်ကပဲသူမနဲ့အရင်က စကားတွေတအားပြောသလိုပင်ဖြစ်သည်။

မုခယ်ကအရင်ကသူမကို ကောင်းမွန်စွာဆက်ဆံလေ့ရှိသော်လည်း အခုတော့အမှန်တကယ်ပင် အေးစက်လာနေတာဖြစ်သည်။ ထို့ကြောင့် ကျောက်ယန်က ထို့သို့တွေးမိတာဖြစ်သည်။

နေ့လည်ခင်း အတန်းတွေပြီးချိန်တွင် ကျောက်ယန်ဟာချက်ချင်းပဲ ယွီမီရှီ မလာခင် မုခယ်နဲ့ပြေးတွေ့လေသည်။

မုခယ်က ကျောက်ယန်ကိုတွေ့တဲ့အခါ စိတ်ထဲမကောင်းတာဖြစ်တော့မည်ဟု ခံစားမိလေသည်။

"မုခယ်၊ ငါ့မှာနင့်ကိုပြောစရာ ကိစ္စတစ်ခုရှိတယ်။ အဲ့တာက ယွီမီရှီ အကြောင်း...."ဟု ကျောက်ယန်ကသူမရဲ့ရင်ထဲတွင် အနည်းငယ်အပြစ်ရှိသလိုခံစားရလျက် ပြောလိုက်လေသည်။ သူမက မကောင်းတာလုပ်နေ၍ဖြစ်သည်။

ယွီမီရှီအကြောင်းဟုသူကြားတာနဲ့တပြိုင်နက် မုခယ်က ယွီမီရှီ တစ်ခုခုဖြစ်တယ်ဟု တွေးမိကာစိုးရိမ်သွားလေသည်။ သူဟာ စိုးရိမ်စွာပဲ ချက်ချင်းမေးလိုက်လေသည်။ "မီရှီ ဘာဖြစ်လို့လဲ"

မုခယ်က ယွီမီရှီအပေါ်အရမ်းဂရုစိုက်တာကို တွေ့သည့်အခါ ကျောက်ယန်ဟာမနာလိုဖြစ်သွားသော်လည်း နောက်ထပ်ဘာဖြစ်မလဲဆိုတာကို တွေးမိတဲ့အခါ သူမကိုယ်သူမ ထိန်းချုပ်လိုက်လေသည်။ မုခယ်က ယွီမီရှီကိုစိတ်ဆိုးလိမ့်မယ်ဟု သူမကယုံကြည်နေတာဖြစ်သည်။

"ငါ၊ ငါနင့်ကို ဓာတ်ပုံတစ်ပုံပြချင်လို့"ဟု ကျောက်ယန်ကပြောကာ ဖုန်းကိုချက်ချင်းထုတ်ပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိပုံအား မုခယ်အားပြသလိုက်လေသည်။

ပုံထဲတွင် ယွီမီရှီကကျောင်းသားတစ်ယောက်နဲ့ထိုင်နေပြီး ထိုကျောင်းသားက သူမရဲ့မျက်နှာကို နမ်းနေတာဖြစ်သည်။

ပုံကိုကြည့်ပြီးနောက် မုခယ် ဒေါသထွက်စွာ မျက်မှောင်ကြုံ့သွားပေမဲ့လည်း ယွီမီရှီကသူ့ကိုသစ္စာဖောက်တယ်လို့ သူကယုံကြည်လို့မဟုတ်ပေ။ ထို့အစား အခြားမိန်းကလေးတစ်ယောက်ရဲ့မျက်နှာပေါ်မှာ ယွီမီရှီရဲ့မျက်နှာကိုကပ်ပြီး အခုလိုမကောင်းတဲ့နည်းနဲ့ ကျောက်ယန်က ယွီမီရှီအားအပြစ်ပုံချ၍ဖြစ်ရာ ဆိုးရွာတဲ့အရာဖြစ်၍ဖြစ်သည်။

ဒီဓာတ်ပုံဟာ ပြုပြင်ထားတာဖြစ်သည်။ သာမာန်လူတွေဟာ မမြင်နိုင်ပေမဲ့လည်း မုခယ်ကဓာတ်ပုံပြုပြင်တဲ့နေရာမှာ တော်တာမလို့ အလွယ်တကူမြင်နိုင်လေသည်။

အမှန်အတိုင်းပြောရရင် ကျောက်ယန်ဟာသိပ်ပြီးဉာဏ်မကောင်းပေ။ တကယ်လို့ ဒီပုံကအမှန်ဟု မုခယ်ကလက်ခံရင်တောင် တကယ်လို့သူသာ စုံစမ်းလိုက်ရင် သူမရဲ့မကောင်းတဲ့လှည့်ကွက်ကို အလွယ်တကူတွေ့နိုင်လေသည်။

သူက စုံစမ်းမှာမဟုတ်ဘူးလို့ ကျောက်ယန် ထင်တာဖြစ်နိုင်သလို ဒါမှမဟုတ် သူမက ထိုကောင်လေးနဲ့ ကောင်မလေးက ယွီမီရှီပါလို့ပြောဖို့ အပေးအယူရှိတာလဲ ဖြစ်နိုင်လေသည်။

"ကျောက်ယန်၊ ယွီမီရှီကငါ့ကိုသစ္စာဖောက်တယ်လို့ မင်းငါ့ကို ဒီဓာတ်ပုံပြပြီးပြောချင်တာလား" မုခယ်က ကျောက်ယန်ကိုစိုက်ကြည့်လျက် ဒေါသထွက်စွာမေးလိုက်လေသည်။

မုခယ်ကအမှန်အတိုင်းမြင်ပြီးပြီဆိုတာကို ကျောက်ယန် မသိတာမလို့ ယွီမီရှီကသူ့ကိုသစ္စာဖောက်ကြောင်း မုခယ် ယုံကြည်တာမလို့ စိတ်တိုနေတာဟု သူမကထင်လေသည်။ ထို့ကြောင့် ကျောက်ယန်ကသူမရဲ့ ကြံစည်မှုအတွက် ကျေနပ်လေသည်။

သို့သော်လည်း အပေါ်ယံတွင် သူမကစိတ်ပျက်နေသည့်ပုံဖြင့် "မီရှီကဒီလိုလုပ်မယ်လို့ ငါဒါကိုမမြင်မချင်း မယုံကြည်ခဲ့ဘူး။ မီရှီနဲ့ငါနဲ့ကသူငယ်ချင်းတွေဆိုပေမဲ့ ငါနင့်ကို အလိမ်မခံရစေချင်တာမလို့ ငါအချိန်အကြာကြီးစဉ်းစားပြီးတော့မှ ဒီပုံကို နင့်ကိုပြဖို့ ဆုံးဖြတ်လိုက်တာ"

နောက်ဆုံးတွင် ကျောက်ယန်က မုခယ်ကို သူမကဂရုစိုက်ဟန်ဆောင်လေသည်။

"အိုး?" မုခယ်ကနှုတ်ခမ်းမဲ့လျက် သူမအားလှောင်ပြောင်စွာ မေးလိုက်လေသည်။ "တကယ်လား။ မင်းငါ့ကိုတကယ်ပဲ အဲ‌ဒီလောက်ဂရုစိုက်တယ်လား"

"ဟုတ်တယ်" ထိုအရာကိုကြားတဲ့အခါ ကျောက်ယန်က သူမသည် မိန်းမကောင်းလေးမှန်း နောက်ဆုံးတော့ မုခယ် ကသတိထားမိသွားပြီဟုထင်သွားလေသည်။ သူမဟာ သူ့အသံထဲက လှောင်ပြောင်နေသံကို လျစ်လျူရှုကာ ရှက်နေတဲ့ပုံဖြင့် ပြန်ပြောလိုက်လေသည်။ "မုခယ်၊ တကယ်တော့ နင်ကအရမ်းကောင်းတဲ့ ယောင်္ကျားလေးတစ်ယောက်လို့ ငါထင်တယ်။ ယွီမီရှီကနင့်ကိုဘာလို့တန်ဖိုးမထားမှန်း ငါတကယ်ကိုနားမလည်နိုင်ဘူး။ တကယ်လို့ငါသာဆိုရင်...."

တကယ်လို့ သူမသာ ယွီမီရှီသာဆိုရင် သူမအနေနဲ့ သူ့ကိုတန်ဖိုးထားမည်ဟု ကျောက်ယန် ကပြောချင်တာဖြစ်သည်။ သို့သော်လည်း သူမပြောတာမပြီးခင်မှာပဲ မုခယ်ကအေးစက်စွာပဲ ဖြတ်ပြောလိုက်သည်။ "ကျောက်ယန်၊ ငါမင်းကိုနောက်ထပ် အခွင့်အရေးတစ်ခုထပ်ပေးမယ်။ ဒီဓာတ်ပုံထဲက ဘာလဲဆိုတာ ငါ့ကိုအမှန်အတိုင်းပြော"

"ဘာပြောတယ်" ကျောက်ယန် တစ်ခုခုမူမမှန်မှန်း သဘောပေါက်သွားတာမလို့ သူမက မုခယ်အားစိုးရမ်စွာကြည့်လိုက်လေသည်။ မုခယ်ကမူမမှန်တာ တစ်ခုခုများသတိထားမိလို့လား။ အဲ့တာက လုံးဝမဖြစ်နိုင်ဘူး။

သူမမှာ အခုလိုကံဆိုးမယ်လို့ ကျောက်ယန်ကမယုံကြည်ပေမဲ့လည်း မုခယ် နောက်ထပ်ပြောလိုက်တဲ့စကားဟာ သူမအား စိတ်ကူးယဉ်ကမ္ဘာမှ ဆွဲထုတ်လိုက်လေသည်....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၂၁ သူသာအရှက်ကွဲသွားခြင်း

"ဒီပုံက ပြုပြင်ထားတာသိသာနေတာ။ ငါ့ကောင်မလေးက ငါ့ကိုသစ္စာဖောက်တယ်လို့ ဒီပုံအတုနဲ့ ငါ့ကိုလာပြပြီး နင်ဘာလုပ်ချင်နေတာလဲ" မုခယ်ကသူမအားမေးလိုက်လေသည်။ သူမရဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တာကြောင့် မုခယ်ဟာ ကျောက်ယန်ရဲ့ခံစားချက်တွေကို ဂရုမစိုက်တော့ပေ။ သူမရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့မလိုအပ်တော့ပေ။ သူမကိုယ်သူမ မလေးစားတာမလို့ ဘယ်သူကမှ သူမကိုလေးစားမှာမဟုတ်ပေ။

ကျောက်ယန် ဘာလို့အခုလိုလုပ်မှန်း မုခယ် သိလေသည်။ ကျောက်ယန်ကသူ့ကိုကြိုက်တာမှန်ပေမဲ့လည်း အဲ့တာက သူမရဲ့ပြဿနာသာဖြစ်လေသည်။ သူ့အနေနဲ့ သူမကိုမတားနိုင်ပြီး သူမကို ငြင်းဆန်ရုံသာတတ်နိုင်သော်လည်း သူမက ယွီမီရှီနဲ့သူ့အကြားတွင် ပြဿနာရှာဖို့ ကြိုးစားနေလေသည်။ ကျောက်ယန်က ယွီမီရှီအားအရှက်ခွဲဖို့ ကြိုးစားသည့်အတွက် သူ့ကိုစိတ်ရှုပ်သွားစေတာဖြစ်သည်။

"ဘာ" ကျောက်ယန်ကိုကြည့်ရတာ အတော်လေးအံ့ဩသွားပုံပင်။ သူမကို အံဩသွားစေတာက ဓာတ်ပုံဟာ ပြုပြင်ထားမှန်း မုခယ် သိသွားတာဖြစ်သည်။

သိသာစွာပင် ကျောက်ယန်ဟာကြောက်လန့်သွားပြီး မုခယ်နဲ့‌မျက်လုံးချင်းမဆိုင်ရဲတော့ပေ။ သို့သော်လည်း သူမက ငြင်းဆန်ဖို့ကြိုးစားရင်တောင် သူမရဲ့အမူအရာနဲ့တင် အကုန်ပေါ်နေပြီဖြစ်သည်။ "ဘ-ဘာပြောလိုက်တယ်။ ငါနားမလည်ဘူး"

မုခယ်ကဘာမှမပြောပေမဲ့လည်း ကျောက်ယန် နောက်ကနေ လျှောက်လာနေတဲ့ကောင်မလေးကို ကြည့်လိုက်လေသည်။ သူမက ယွီမီရှီ ဖြစ်သည်။

ယွီမီရှီဟာသူတို့စကားပြောနေတာကို အဝေးကတည်းကမြင်ပြီး စိတ်ထဲမကြည်ဖြစ်သွားလေသည်။ သူမက မုခယ်အပေါ်စိတ်ဆိုးနေတာမဟုတ်ဘဲ ကျောက်ယန်ကိုစိတ်ပျက်နေတာဖြစ်သည်။

မုခယ်က ကျောက်ယန်ကိုမကြိုက်သလို မုန်းတောင်မုန်းနေမှန်း သူမကသိတာမလို့ မုခယ်နဲ့စကားစပြောဖို့ကြိုးစားနေတာ ကျောက်ယန်ပဲဖြစ်ရပေမည်။

သူမရဲ့ချစ်သူကောင်လေးနဲ့ နှစ်ယောက်ထဲတွေ့ပြီး ကျောက်ယန်ကဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ဘာပဲဖြစ်ဖြစ် မုခယ် မျက်နှာပေါ်က စိတ်ရှုပ်နေတဲ့ပုံကိုကြည့်ပြီး ကျောက်ယန်ကသူမရဲ့အချစ်ကို မုခယ်အားဖွင့်ပြောလိုက်သလားဟု သူမကထင်မိသွားလေသည်။

ထိုအရာကိုတွေးမိပြီးနောက် ယွီမီရှီဟာပိုပြီးစိတ်ရှုပ်သွားလေသည်။

"ဘာဖြစ်လို့လဲ"ဟု ယွီမီရှီကသူတို့နှစ်ယောက်ဆီလာကာ လေသံအနည်းငယ်အေးစက်စွာဖြင့် မေးလိုက်လေသည်။

ယွီမီရှီရဲ့အသံကိုကြားပြီးနောက် ကျောက်ယန် ဟာလန့်သွားပြီး ယွီမီရှီ ရောက်နှင့်နေပြီးပြီဟု သဘောပေါက်သွားလေသည်။ သူမဟာ ပိုပြီးကြောက်လန့်သွားလေသည်။ သူမရဲ့ဖုန်းက မုခယ်ရဲ့လက်ထဲမှာပဲရှိနေသေးတာကိုမြင်ပြီး ဓာတ်ပုံကို ယွီမီရှီ မြင်သွားမှာဆိုးကာ ချက်ချင်းပဲဖုန်းကိုပြေးဆွဲလေသည်။ "ဖုန်းပြန်ပေး..."

မုခယ်ကသူမကို ရှောင်လိုက်လေသည်။

ထိုအရာကိုမြင်တဲ့အခါ ယွီမီရှီဟာမျက်မှောင်ကြုံ့သွားပြီး မုခယ်ကိုဘာဖြစ်တာလဲဆိုဟန်ဖြင့် ကြည့်လိုက်ကာ ကျောက်ယန်ရဲ့ဖုန်းနဲ့သူဘာလုပ်လိုက်လဲလို့ တွေးမိလေသည်။

ကျောက်ယန်ရဲ့လုပ်ရပ်ကြောင့် အခြားကျောင်းသူ/သားတွေဟာလဲ သူမကိုလှည့်ကြည့်လိုက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ သူတို့အားလုံးလဲ သိချင်သွားလေသည်။

အချို့လူတွေကတော့ အနည်းငယ်လှည့်ကြည့်ပြီး ထွက်သွားပေမဲ့လည်း အချို့ကတော့ ဘာဆက်ဖြစ်မလဲဆိုတာ ရပ်ပြီးကြည့်နေလေသည်။

မုခယ်ဟာ ယွီမီရှီအားလျှို့ဝှက်ထားဖို့စိတ်ကူးမရှိတာမလို့ ဖုန်းကို သူမအားပြလိုက်လေသည်။ "ကြည့်ကြည့်လိုက်"

"မလုပ်နဲ့....." မုခယ်က ယွီမီရှီ အားဖုန်းပေးလိုက်တာကို ကျောက်ယန် မြင်တဲ့အခါ ချက်ချင်းဖုန်းကိုပြေးဆွဲသော်လည်း ယွီမီရှီကအရင်ယူလိုက်လေသည်။ ထို့နောက် ဖုန်းမျက်နှာပြင်ပေါ်က ဓာတ်ပုံအား ယွီမီရှီကကြည့်လိုက်ကာ တန်းပြီးစိတ်တိုသွားလေသည်။

ဓာတ်ပုံထဲက ကောင်လေးကိုသူမက မသိပေ။ သူ့အနေနဲ့ သူမကိုနမ်းဖို့ရာ ပိုတောင်မဖြစ်နိုင်တာမလို့ ဒီပုံကဘာဖြစ်တာလဲ။

သူမက ဓာတ်ပုံပြုပြင်ရာမှာ ပညာရှင်မဟုတ်တာမလို့ အတုမှန်းမမြင်နိုင်ပေ။ သူမရဲ့ ဒေါသနဲ့ စိုးရိမ်စိတ်ကြောင့် သူမဟာ တည်တည်ငြိမ်ငြိမ်လဲ မတွေးနိုင်တော့ပေ။

"မုခယ်၊ ငါမဟုတ်ဘူး...." ယွီမီရှီက မုခယ်အားချက်ချင်းကြည့်လိုက်ကာ မုခယ်ကဒီဓာတ်ပုံကအမှန်လို့ထင်ပြီး သူမက သူ့ကိုသစ္စာဖောက်တယ်လို့ ခံစားရမှာဆိုး၍ ရှင်းပြချင်လေသည်။

"မီရှီ ကိုယ်မင်းကိုယုံတယ်။ ဘာလို့ဆို ဒီပုံက ပြုပြင်ထားတာ" မုခယ်က ယွီမီရှီရဲ့လက်ကိုချက်ချင်းကိုင်ကာ အားပေးကာပြောလိုက်လေသည်။

"ပြုပြင်ထားတာလား။ ဘာတွေဖြစ်နေတာလဲ" ယွီမီရှီကထိုစကားကိုကြားတဲ့အခါ အံဩသွားလေသည်။

"ကျောက်ယန်ကဒီဓာတ်ပုံလုပ်လာပြီး မင်းက ကိုယ့်ကိုသစ္စာဖောက်ထားတယ်လို့ လာပြောတာ။ ဒါပေမယ့် ကိုယ်အမှန်ကိုတန်းမြင်လိုက်တာ"

ကျောက်ယန်ကိုလူရှေ့မှာ အရှက်ခွဲတာ မကြင်နာသလို ဖြစ်ပေမဲ့လည်း မုခယ်ဟာသည်းမခံနိုင်တော့ပေ။ ကျောက်ယန်ရဲ့အပြုအမူဟာ သူသည်းခံနိုင်တာထက် ကျော်လွန်သွားပြီဖြစ်သည်။

ထိုအရာကိုသိတဲ့အခါ အားလုံးဟာ အံဩသွားကြလေသည်။

ဘာဖြစ်တယ်။ ကျောက်ယန်ဆိုတဲ့ဒီကောင်မလေးက ဟိုကောင်မလေးကို အခြားကောင်လေးတစ်ယောက်နဲ့ ဟိုလိုလိုဒီလိုလိုပုံဖြစ်တောင် ဓာတ်ပုံကိုပြုပြင်ပြီး ဟိုကောင်‌မလေးက သူ့ကောင်လေးကို သစ္စာဖောက်ထားတယ်လို့ ဟိုကောင်မလေးရဲ့ကောင်လေးဆီ လာပြောတယ်တဲ့လား။

ချက်ချင်းပဲ လူတိုင်းဟာ ကျောက်ယန်အားအထင်သေးစွာနဲ့ မုန်းတီးစွာကြည့်လိုက်ကြလေသည်။

ယွီမီရှီဟာဒေါပွသွားကာ ကျောက်ယန်အားစိုက်ကြည့်လိုက်လေသည်။ "ကျောက်ယန်၊ နင်...."

ကျောက်ယန်ရဲ့ဘာလို့အခုလိုလုပ်ရတဲ့ရည်ရွယ်ချက်ကို ယွီမီရှီ သိလေသည်။ ကျောက်ယန်က သူမနဲ့ မုခယ်အကြားမှာ ပြဿနာရှာချင်နေတာဖြစ်ကာ သူမကထိုအခွင့်အရေးကို အသုံးချကာ မုခယ်ကိုသူမဆီကနေ ခိုးယူသွားချင်တာဖြစ်သည်။ ကျောက်ယန်ကဘာကြောင့်အခုလောက်ထိ ယုံကြည်ချက်ရှိနေတာလဲ။ ပြီးတော့ တကယ်လို့ ကျောက်ယန်က မုခယ်ကိုကြိုက်နေရင်တောင် သူမအနေနဲ့ ဘာလို့ ယွီမီရှီရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တာလဲ။

"ငါ-ငါ-ငါ....." ကျောက်ယန်ဟာ ယွီမီရှီနဲ့မျက်လုံးချင်းမဆိုင်ရဲပေ။ သူမဟာထိုအရာကို ငြင်းဆန်ပြီး သူတို့နဲ့ငြင်းခုန်ချင်ပေမဲ့လည်း သူမရဲ့အပြစ်ခံစားရနေမှုကြောင့် မလုပ်နိုင်ပေ။ ပိုပြီးဆိုးတာက အခုချိန်မှာ သူမကလူတွေရဲ့အထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့အကြားရောက်နေတာဖြစ်သည်။ သူမဟာ အရမ်းရှက်နေကာ ချက်ချင်းပင်ကွယ်ပျောက်သွားချင်လေသည်။

ယွီမီရှီသည် ကျောက်ယန်အားပါးရိုက်ပြစ်လိုက်ချင်ပေမဲ့လည်း သူမကကြင်နာလွန်းကာ ထိုသို့မလုပ်နိုင်ပေ။ တကယ်လို့ ဒီနေရာမှာ ကုနင်းနဲ့ ချူးဖေ့ဟန်တို့သာရှိ‌နေရင် သူမကတို့ဟာ ကျောက်ယန်ကိုပါးရိုက်ပြီးနေပြီဖြစ်သည်။

"ကျောက်ယန်၊ ဓာတ်ပုံကိုအခုဖျက်။ တကယ်လို့ ဒီလိုထပ်ဖြစ်ရင် ငါ့ကိုအဆိုးမဆိုနဲ့"ဟု ယွီမီရှီကသတိပေးကာ ဖုန်းကို ကျောက်ယန်ရဲ့လက်ဝါးထဲ တွန်းထည့်လိုက်လေသည်။ သူမဟာ ထို့နောက် မုခယ် ကိုအ‌ဝေးသို့ ဆွဲခေါ်သွားလေသည်။

ဘေးနားမှာကြည့်နေတဲ့လူတွေ အများကြီးရှိနေတာမလို့ ကျောက်ယန်ကဓာတ်ပုံကိုမဖျက်ပဲထားရဲမယ်လို့ သူမကမထင်ပေ။

မုခယ်နဲ့ ယွီမီရှီတို့ထွက်သွားပြီးတာနဲ့ အခြားကျောင်းသူ/သားတွေဟာ ကျောက်ယန်ကိုစတင်ရယ်မောကြလေသည်။

"သူမက တကယ့်ကို Bitch ပဲ။ သူမက ဟိုကောင်လေးရဲ့ ချစ်သူကောင်မလေးထက်တောင် ရုပ်ဆိုးသေးတယ်။ အဲ့ဒီကောင်လေးက သူမကိုကြိုက်မယ်လို့ ဘယ်လိုတောင် တွေးနိုင်နေတာလဲ"

"ဟုတ်တယ်။ သူမကိုယ်သူမတောင် နားမလည်ဘူး"

"ဟိုကောင်မလေးက အရမ်းစိတ်ကောင်းရှိတာပဲ။ တကယ်လို့ငါသာဆိုရင် သူမကို ပါးရိုက်ပစ်လိုက်မှာ"

"ဟုတ်တယ်။ ငါဆိုသူမကို ပြင်းထန်တဲ့ သင်ခန်းစာပေးပြစ်မှာ။ အခြားသူတွေရဲ့ အချစ်ရေးကို သူမအနေနဲ့ ဘယ်လိုတောင် ဖျက်ဆီးရဲတာလဲ"

"....."

အခြားကျောင်းသူ/သားတွေဟာ ကျောက်ယန်ကိုဆက်ပြီးလှောင်ပြောင်နေတာကြောင့် ကျောက်ယန်ဟာမျက်‌ရည်တွေ ကျလာပြီး ထွက်ပြေးသွားလေသည်။ သူမဟာ ဒီနေ့အရမ်းအရှက်ကွဲသလို ခံစားရလေသည်။

....

ပိတ်ရက်ဟာ သိပ်မကြာခင်မှာပဲ ရောက်လာလေသည်။ ကုနင်းကဒီနေ့ ဒီအပတ်ခွင့်မယူတာကြောင့် သူမဟာ သောကြာနေ့ထိ အတန်းတက်လေသည်။ သို့သော်လည်း သူမဟာ မနက်ခင်းမှာသာအတန်းတက်ပြီး အိုဝမ်ကဖုန်းဆက်ပြီးအကူအညီလှမ်းတောင်းတာကြောင့် နေ့လည်တွင် ထွက်သွားလေသည်။

အိုဝမ်ဆိုသည်မှာ ကုနင်း အရင်တစ်ခါက ကယ်လိုက်တဲ့ နိုင်ငံခြားဘာသာသင်တဲ့ဆရာဖြစ်သည်။

အိုဝမ်ဟာအခုချိန်မှာ တောကြီးမျက်မဲထဲ ရောက်နေပြီး လိုက်ဖမ်းခံနေရတာဖြစ်ကာ ဆိုးရွားတဲ့အခြေအနေကို ရောက်နေတာဖြစ်ပြီး သူ့ကိုကယ်နိုင်တဲ့တစ်ယောက်တည်းသောသူကို သူတွေးမိနိုင်တာက ကုနင်း ဖြစ်သည်။

ကုနင်း နဲ့ အိုဝမ်တို့မှာဆက်ဆံရေးသိပ်မရှိပေမဲ့လည်း သူမက သူ့အသက်ကို အရင်ကကယ်တင်ဖူးပြီး အခုချိန်မှာ သူက သူမကိုအကူအညီတောင်းနေတာမလို့ ကုနင်းအနေနဲ့တစ်ခုခုတော့ လုပ်ရပေမည်။

အိုဝမ်ဟာသာမာန်လူတစ်ယောက် မဟုတ်မှန်း သူမကသိပေမဲ့လည်း သူ့ရဲ့မိသားစုနောက်ခံအကြောင်းကို သိပ်မသိပေ။ အခုတော့ သူမဟာ ထိုအကြောင်းကို သိချင်သွားလေသည်။

အိုဝမ်ဟာလူဆိုးတစ်ယောက်လို့ သူမကမထင်တာကြောင့် သူ,မကောင်းတာ‌တွေ လုပ်ထားလို့ လိုက်အဖမ်းခံနေရတယ်လို့ သူမ,ကမထင်ပေ။

သို့သော်လည်း သူမဟာ အိုဝမ်ကိုသိပ်မသိတာမလို့ ထိုအရာဟာ သူမရဲ့ခန့်မှန်းချက်သာဖြစ်လေသည်။

မိသားစုအတွင်းရန်ငြိုးကြောင့်လဲ အခုလိုဖြစ်နေတာ ဖြစ်နိုင်သည်ဟုလည်း ကုနင်း တွေးမိလေသည်။ အချို့သောအကျိုးအမြတ်ရရှိဖို့ရန် အိုဝမ်အနေနဲ့ အသက်ရှင်နေလို့မရပေ။

ဘာပဲဖြစ်ဖြစ် သူမဟာ ခန့်မှန်းနေတာသာဖြစ်ပြီး အိုဝမ်သာအမှန်တရားကိုသိလေသည်။ အဲ့တာက သူ့ကိစ္စဖြစ်၍ဖြစ်သည်.....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၂၂ အိုဝမ်ကိုကူညီ

ကုနင်း သူမရဲ့ကားကို လမ်းပေါ်တွင် အရှိန်တင်မောင်းသွားလေသည်။ မိနစ်နှစ်ဆယ်လောက်တွင် သူမ သွားမဲ့နေရာအနားကို ရောက်လာလေသည်။ ထို့နောက် ကားကိုရပ်ပြီး ကားထဲမှထွက်လာလေသည်။

တကယ်လို့သူမသာ တအားနီးကပ်တဲ့ထိမောင်းသွားရင် အိုဝမ်ကိုလိုက်ဖမ်းနေသူတွေရဲ့ အာရုံစိုက်မှုဟာ သူမဆီရောက်လာနိုင်လေသည်။ တကယ်လို့ အိုဝမ်ကိုသူတို့သာဖမ်းမိပြီးပြီဆိုရင် သူမကိုသတိထားမိတာနဲ့ သူတို့ဟာသူ့ကိုတန်းပြီး သတ်ပစ်နိုင်လေရာ ထိုအရာကိုသူမ မဖြစ်စေချင်ပေ။ ထို့ကြောင့် ကုနင်းဟာကားထဲကထွက်လာပြီးနောက် လမ်းစလျှောက်လာလေသည်။ သို့သော်လည်း သူမဟာ ဖြေးဖြေးချင်းမလျှောက်ပေ။ အချိန်အနည်းငယ်အတွင်းမှာပဲ သူမ သွားမဲ့နေရာဆီ ရောက်လေသည်။

သို့သော်လည်း သူမ သွားရမဲ့နေရာရဲ့ ခန့်မှန်းချေအကွာအဝေးသာသိပြီး တိတိကျကျမသိပေ။ တောရိုင်းထဲမှာ စွန့်ပစ်ထားတဲ့ ဂိုထောင်ကြီးတွေအများအပြားရှိပြီး နေရာဟာမသေးငယ်ပေ။ ရလဒ်အနေနဲ့ တကယ်လို့ သူမသာ အိုဝမ် ရှိတဲ့နေရာကိုသိချင်ရင် သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသာသုံးနိုင်လေသည်။

တုန့်ဆိုင်းမနေဘဲ ကုနင်းဟာဘေးဘီကြည့်လိုက်ပြီး စွန့်ပစ်ထားတဲ့ဂိုထောင်တွေထဲနှင့် အပြင်ဘက်မှာ လူတွေအများအပြားအားတွေ့လေသည်။ နိုင်ငံခြားသားမျက်နှာနဲ့ လူငယ်၆ယောက်ရှိလေသည်။ သူတို့အားလုံးမှာ သေနတ်တွေရှိပြီး တစ်စုံတစ်ခုကိုလိုက်ရှာလျက် အလုပ်ရှုပ်နေလေသည်။ သိသာစွာပင် သူတို့ဟာ အိုဝမ်ကိုလိုက်ရှာနေတာဖြစ်သည်။

အခုချိန်အတောအတွင်းတော့ ဒီနေရာဟာ အနည်းငယ်ကြီးပြီး ထပ်နေတဲ့နေရာတွေများတာမလို့ ကုနင်းဟာ အိုဝမ်ကိုမမြင်သေးပေ။ ကုနင်းရဲ့ ကျောက်စိမ်းမျက်ဝန်းဟာအတွင်းအပြင် အကုန်လုံးအားလုံးဝမမြင်နိုင်တာကြောင့် နေရာအများကြီးဟာ သူမမျက်လုံးရှေ့မှာ မတွေ့မြင်နိုင်ပေ။

ထပ်နေတဲ့နေရာတွေမှာ အိုဝမ်ကပုန်းနေတာဖြစ်နိုင်သလို ဒါမှမဟုတ် အခုချိန်မှာသူဟာ ဂိုထောင်ထဲမှာမရှိတော့တာလဲဖြစ်နိုင်လေသည်။ မိနစ်နှစ်‌ဆယ်ကျော်ကြာပြီးပြီဖြစ်ပြီး ထိုအချိန်အတောအတွင်းမှာ ပြောင်းလဲမှုတွေဟာ ဖြစ်သွားနိုင်လေသည်။

ကုနင်း သေချာတာတစ်ခုကတော့ သတို့ဟာ အိုဝမ်ကိုအခုထိမမိသေးတာဖြစ်သည်။ တကယ်လို့ အိုဝမ်ကိုသာဖမ်းမိပြီးသွားရင် သူတို့ဟာအခုချိန်မှာ သူ့ကိုလိုက်ရှာနေမှာမဟုတ်ပေ။

ကုနင်းဟာ အိုဝမ်ကိုမမြင်သော်လည်း သူ့ကိုစာတိုပေးပို့ဖို့မရွေးချယ်ပေ။ စိုးရိမ်ရမယ့်အချက်တွေ အနည်းငယ်ရှိ၍ဖြစ်သည်။ ပထမဆုံးအနေနဲ့ အိုဝမ်ရဲ့ဖုန်းဟာအခုချိန်မှာ အသံပိတ်ထားနိုင်လေသည်။ တကယ်လို့သူမက သူ့ကိုစာတိုပေးပို့ရင်တောင် သူ့အနေနဲ့မြင်နိုင်ချင်မှမြင်နိုင်ပေမည်။ ဒုတိယအနေနဲ့ တကယ်လို့ အိုဝမ်သာဖတ်ပြီးရင် သူ့အနေနဲ့ လှုပ်ရှားမှုတစ်ခုခုလုပ်နိုင်ပြီး သူ့ကိုလိုက်ဖမ်းနေသူတွေ ရှာတွေ့သွားနိုင်ကာ အန္တရာယ်ရှိလာနိုင်လေသည်။

ထို့ကြောင့် ကုနင်းအနေနဲ့ အိုဝမ်ကိုအန္တရာယ်ထဲတွန်းပို့လို့မဖြစ်ရာ သူမဘာသူမသာ ရှာနိင်လေသည်။ ကံကောင်းစွာပင် သူမမှာ ကျောက်စိမ်းမျက်ဝန်းတစ်စုံရှိတာကြောင့် သူမအတွက် အိုဝမ်ကိုရှာဖွေဖို့ရာ မခက်ခဲပေ။

ကုနင်းဟာလျင်မြန်စွာပဲ စွန့်ပစ်ထားတဲ့ဂိုထောင်တွေအနား ကပ်သွားပြီး သူမအနားရှိအရာမှန်သမျှကို ကြည့်ရှုလျက် ထိုလက်နတ်ကိုင်ထားတဲ့လူတွေကို ရှောင်ရှားကာ အိုဝမ်ကိုလိုက်ရှာလေသည်။

အိုဝမ်ကိုလိုက်ရှာနေတဲ့ လူ၆ယောက်ဟာ ကုနင်း ချဉ်းကပ်လာတာကို သတိမထားမိပေ။ သူတို့အားလုံးဟာ အိုဝမ်ကိုလိုက်ရှာဖို့ကိုပဲ အာရုံစိုက်ထားလေသည်။

ကုနင်းဟာစွန့်ပစ်ထားတဲ့ဂိုထောင်တွေအနားကို ချဉ်းကပ်သွားခါ အရင်ကသူမ,မမြင်နိုင်တဲ့နေရာတွေကို ကြည့်သော်လည်း အိုဝမ်ကိုမမြင်သေးပေ။ အိုဝမ် ထွက်သွားလောက်ပြီဟု ကုနင်း မတွေးဘဲမနေနိုင်ပေ။

အိုဝမ်ကဒီမှာရှိနေသေးသည်ဖြစ်စေ မရှိတော့ဖူးဖြစ်စေ သေချာတာကတော့ အိုဝမ်ဟာအန္တရာယ်နဲ့မကြုံသေး‌ပေ။ ဒါမှမဟုတ်လျှင် သူကသူမကို ပြောပြပြီးဖြစ်သည်။

အိုဝမ်အနေနဲ့သူမကို လိမ်ဖို့မလိုအပ်တာကြောင့် သူက သူမကိုလိမ်နေတယ်လို့လဲ ကုနင်းကမထင်ပေ။ သူမနဲ့ အိုဝမ်အကြားမှာ ရန်ငြိုးမရှိပေ။ ထို့အပြင် သူမက အိုဝမ်ရဲ့ကယ်တင်ရှင်ဖြစ်လေသည်။

လူတစ်ယောက်ရဲ့စိတ်ရင်းအမှန်ကို သိဖို့ရန်ခက်ခဲသော်လည်း လူတိုင်းဟာ ဆိုးရွားကြတယ်လို့ ကုနင်းကမထင်ပေ။ ကြင်နာမှုကို ကျေးဇူးကန်းတတ်တဲ့လူတွေ အများကြီးမရှိဘူးဟု သူမ,ကထင်သည်။

ကုနင်းဟာ အိုဝမ်ကိုရှာမတွေ့တာကြောင့် ထိုလူတွေကိုအရင်သတ်လိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။ တကယ်လို့ သူမသာသူတို့ကို အခုမသတ်ရင် အိုဝမ်ကိုသူမရှာတွေ့ပြီးရင်လဲ တိုက်ခိုက်မှုတွေရှိလာနိုင်သေးတာ ဒါမှမဟုတ် သူတို့ဟာ အနာဂတ်မှာ အိုဝမ်ကိုထပ်ပြီးရှာနိုင်လေသည်။

အိုဝမ်ကအသက်ရှင်လျက် ရှိနေသေးမယ်လို့ ကုနင်းမျှော်လင့်လေသည်။

လူ၆ယောက်ဟာ အတူတူမသွားတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးဆီရှိနေလေရာ သူတို့ကိုတိတ်တိတ်လေး သတ်ပြစ်ဖို့ရာ ပြဿနာမရှိလောက်ပေ။

ကုနင်းဟာဂိုထောင်အပြင်ဘက်ရှိ လူသုံးယောက်ကိုအာရုံစိုက်လိုက်ပြီး သူမနဲ့အနီးဆုံးရှိနေတဲ့လူဟာ သူမရဲ့ပစ်မှတ်ဖြစ်သွားလေသည်။

လျှက်စီးလက်သကဲ့သို့ ကုနင်း ရွေ့လျားလိုက်ပြီး ထိုလူအနားသို့ တစ်ခဏအတွင်းမှာပင် ရောက်သွားလေသည်။

ကုနင်း ပြေးလာချိန်မှာ မြေကြီးပေါ်ကမျက်တွေနဲ့ ပွတ်တိုက်မိပြီး တလျက်လျက်အသံထွက်သော်လည်းပဲ လေသံကြောင့် ကာကွယ်ပေးသလိုဖြစ်နေတာကြောင့် ထိုလူဟာ သာမာန်မဟုတ်တာဘာမှ မကြားလိုက်ပေ။

ထို့နောက် ကုနင်းဟာသင့်တော်တဲ့အချိန်ကိုရှာတွေ့ပြီးနောက် ထိုလူဆီပြေးသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမဟာထိုလူအနားရောက်လာပြီး ထိုလူရဲ့ဂုတ်ကို လက်ဝါးဆောင်းနဲ့ တိုက်ရိုက်ရိုက်လိုက်လေသည်။

ထိုလူဟာ လုံးဝကြိုတင်မပြင်ဆင်ထားရာ အနည်းငယ်ညည်းတွားပြီးနောက် မြေကြီးပေါ် လဲကျသွားလေသည်။

ကုနင်းဟာလွယ်လွယ်နဲ့ လူမသတ်ပေ။ အထူးသဖြင့် သူမနဲ့ ဒီလူတွေမှာ ရန်ငြိုးမရှိပေ။ ဒါပေမယ့် အိုဝမ်ကတော့သူတို့ကို သတ်လောက်လေသည်။ ဘာပဲဖြစ်ဖြစ် သူမက သူတို့ကို မသတ်သ၍ သူမအနေနဲ့ ဂရုစိုက်နေမည်မဟုတ်ပေ။

ကုနင်းအနေနဲ့ထိုအမျိုးသားကို တစ်ချက်တည်းဖြင့် သတိမေ့သွားအောင် ရိုက်လိုက်သော်လည်း ထိုအမျိုးသားဟာ သာမာန်လူတစ်ယောက်မဟုတ်ပေ။ သူတို့ဟာ မှော်စွမ်းအင်ရှိတဲ့လူတွေမဟုတ်ပေမဲ့လည်း သူတို့ဟာသာမာန်ထက်ပိုသန်မာပြီး တိုက်ခိုက်ရေးမှာလည်းကျွမ်းကျင်လေသည်။ ထို့ကြောင့် သူတို့က ခန္ဓာကိုယ်အားဖြင့် သာမာန်လူတွေထက် သန်မာလေသည်။ ထိုလူဟာအခုချိန်မှာ သတိမေ့နေပေမဲ့လည်း သူဟာမကြာခင်မှာ သတိပြန်ဝင်လာနိုင်လေသည်။ အိုဝမ်ကိုသူမ,ရှာမတွေ့ခင် ထိုလူသတိမဝင်လာနိုင်ရန်နဲ့ သူမအနေနဲ့ သူ့ကိုထပ်ပြီး ဖြေရှင်းကာအချိန်မကုန်နိုင်စေရန် သူမဟာ အေးစက်တဲ့မှော်စွမ်းအင်တွေကို ထုတ်လိုက်ပြီး သူ့ရဲ့ခြေထောက်ကို အနည်းငယ်အေးခဲလိုက်လေသည်။

အဲ့တာဆိုရင်တော့ ထိုလူဟာသတိရပြီးရင်တောင် လမ်းကောင်းကောင်းလျှောက်နိုင်မည်မဟုတ်ပြီး အဲဒီအချိန်ကျရင် အိုဝမ်အနေနဲ့သူ့ကိုအေးအေးဆေးဆေး သတ်နိုင်မည်ဖြစ်သည်။

ထိုသို့လုပ်ပြီးနောက် ကုနင်းဟာသူ့ရဲ့သေနတ်ကိုယူပြီး သူ့ရဲ့ဖုန်းကိုပါ အကူအညီခေါ်မှာစိုး၍ လိုရမယ်ရဖျက်စီးပြစ်လိုက်လေသည်။

တုန့်ဆိုင်းမနေဘဲ သူမဟာ ဒုတိယမြောက်လူနဲ့ ဆက်ဖြေရှင်းလေသည်။ သူမဟာ သူတို့အားလုံးဟာ ထို့သို့လုပ်လေသည်။

အပြင်ဘက်ရှိလူသုံးယောက်ဟာ သိပ်မကြာခင်မှာပဲ ကုနင်း ရိုက်နှက်တာခံလိုက်ရလေသည်။ ထို့နောက်သူမဟာ ဂိုထောင်ထဲရှိ လူသုံးယောက်ဘက်သို့ လှည့်လိုက်လေသည်။

သူတို့ဟာ ဟိုဟိုဒီဒီလမ်းလျှောက်နေတာမလို့ ၅ယောက်မြောက်လူကို ကုနင်း ရိုက်နှက်ပြီးနောက် နောက်ဆုံးလူဟာ ဘာတွေဖြစ်ထားလဲဆိုတာ နောက်ဆုံးတော့ သတိထားမိသွားလေသည်။ သို့သော်လည်း သူဟာ ကုနင်းကိုတော့မမြင်ဘဲ မြေကြီးပေါ်က သူ့အပေါင်းအဖော်တွေကိုသာ မြင်တာဖြစ်သည်။

ဒီနေရာမှာ နောက်ထပ်လူတစ်ယောက်ရှိနိုင်တယ်လို့ သူမယုံကြည်တာကြောင့် ပထမဆုံးသူတွေးမိတာက အိုဝမ် လက်ချက်ပဲဖြစ်မည်ဟုဖြစ်သည်။

တစ်ချိန်တည်းမှာပဲ သူဟာနားမလည်နိုင်ပေ။ သူတို့ကိုတိုက်ရိုက်မသတ်ဘဲ ဘာလို့ အိုဝမ်ကသူ့ရဲ့အပေါင်းအဖော်တွေကို သတိမေ့အောင် ရိုက်သွားတာလဲဆိုတာ သူနားမလည်နိုင်ပေ။

ထိုလူဟာ နားမလည်နိုင်တာမလို့ လက်လျော့လိုက်လေသည်။ သူ့ရဲ့အပေါင်းအဖော်တွေတစ်ယောက်ကို သတိမေ့အောင်ရိုက်တာခံရပြီးနေပြီဖြစ်သည်။ သူ့ရဲ့အခြားအပေါင်းအဖော်တွေကရော။ ထို့ကြောင့် ထိုလူဟာ သတိမေ့နေတဲ့ သူ့အပေါင်းအဖော်ကို မြေကြီးပေါ်မှာပဲထားခဲ့ပြီး သူ့ရဲ့အခြားအပေါင်းအဖော်တွေကို စစ်ဆေးရန်စီစဉ်လိုက်လေသည်။ တကယ်လို့ သူတို့သာအဆင်ပြေရင် သူ့အနေနဲ့ သူတို့ကို ဒီအကြောင်းသတိပေးရမည်ဖြစ်သည်။

သူဟာနောက်ဆုံးလူဖြစ်တာမလို့ ကုနင်းအနေနဲ့ထပ်ပြီး ပုန်းကွယ်နေဖို့မလိုတော့ကာ ယုံကြည်ချက်ရှိရှိထွက်လာလေသည်။

ရလဒ်အနေနဲ့ ကုနင်း ရှိနေတဲ့ဂိုထောင်ထဲကို ထိုလူဝင်လာတာနဲ့တပြိုင်နက် သူဟာ ကုနင်းကိုမြင်ကာ လန့်သွားလေသည်။ သူ,မမျှော်လင့်ထားတာက အပြင်လူတစ်ယောက် ဖောက်ဝင်လာပြီး သူတို့တစ်ယောက်မှ သတိမထားမိတာဖြစ်သည်။

ဒီကောင်မလေးက ဒီမှာပေါ်လာမှတော့ သူမ ဒါမှမဟုတ် အိုဝမ်ကသူ့ရဲ့အခြားအပေါင်းအဖော်တွေကို သတိမေ့အောင် လုပ်ပြီးပြီလား။

ကုနင်းဟာအရမ်းငယ်သော်လည်း ထိုလူဟာ သူမဟာအရမ်းသန်မာကြောင်း ခံစားမိလေသည်။ တကယ်လို့သူမသာ သာမန်မိန်းကလေးဆိုရင် သူ့ရှေ့မှာပေါ်လာဖို့မပြောနဲ့ သူမအနေနဲ့ အခုလိုလူသူကင်း၊ ကြောက်ဖို့ကောင်းတဲ့နေရာကိုတောင် လာရဲမှာမဟုတ်ပေ။

"မင်းဘယ်သူလဲ" ထိုလူက ကုနင်းကိုစိုက်ကြည့်လျက် သတိရှိလျက်မေးလိုက်သည်။ သူဟာ Yနိုင်ငံဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၂၃ ငါ့ကိုယ်ငါတောင်မနည်းကာကွယ်နေရတယ်

"ငါ အိုဝမ်ကိုကယ်ဖို့လာတာ" ကုနင်းကလည်းပဲ Y နိုင်ငံဘာသာစကားနဲ့ ပြန်ပြောလေသည်။

"အိုဝမ် ဘယ်မှာလဲ"ဟု ထိုအမျိုးသားကမေးသည်။ သူဟာ ကုနင်းက အိုဝမ်ကိုရှာတွေ့ပြီးသွားပြီဟု ထင်နေတာဖြစ်သည်။

"ကျွန်မက ရှင့်ကိုပြောပြမယ်လို့ ထင်နေတာလား" ကုနင်းကသူမရဲ့အသံထဲမှာ အထင်သေးမှုအပြည့်ဖြင့် သူ့ကိုမေးလိုက်လေသည်။

"...."

ထိုလူဟာ တစ်စက္ကန့်မျှ ကြောင်အသွားလေသည်။ သူမက အိုဝမ်ကိုကယ်ဖို့လာမှတော့ သူမအနေနဲ့ အိုဝမ် ဘယ်မှာမှန်း သိသာစွာပင် သူ့ကိုပြောပြမှာမဟုတ်ပေ။

"ငါ့လူတွေကို သတိမေ့အောင်ရိုက်လိုက်တာ မင်းလား"

"ဟုတ်တယ်။ ပြီးတော့ အခုရှင်တစ်ယောက်ပဲ မတ်တပ်ရပ်လျက် ကျန်တော့တာ" ကုနင်းကကြောက်စရာကောင်းတဲ့ အပြုံးလေးနဲ့ပြောလိုက်လေသည်။

"ဘာ" ထိုအရာကိုသိတဲ့အခါ ထိုလူ အံဩသွားလေသည်။ သူတစ်ယောက်တည်းပဲ မတ်တပ်ရပ်လျက် ကျန်တော့တာလား။ အဲ့တာဆိုရင် ဒီကောင်မလေးက သူ့ရဲ့လူတွေအားလုံးကို သတိမေ့အောင် ရိုက်ထားတယ်လို့ ဆိုလိုတာလား။

အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကောင်မလေးက သူ့လူငါးယောက်ကို ဘယ်လိုလုပ် တိတ်တိတ်ကလေး အနိုင်ယူနိုင်တာလဲ။

ထိုလူဟာ အနည်းငယ်ကြောက်လန့်သွားပေမဲ့လည်း အခုအခြေအနေမှာ သူ့အနေနဲ့ နောက်ဆုတ်လို့မရတော့ပေ။ တကယ်လို့ သူသာနောက်ဆုတ်လိုက်ရင် သူ့အဖွဲ့ဝင်တွေလိုပဲ သူလည်းပဲတူညီတဲ့ရလဒ်ကို ခံစားရမှာဖြစ်သည်။ တကယ်လို့ သူသာနောက်မဆုတ်ရင်တော့ သူ့အနေနဲ့ အနိုင်ရနိုင်ချေရှိသေးလေသည်။ ထို့ကြောင့် ထိုလူဟာ ချက်ချင်းပဲ ကုနင်းကို သေနတ်နဲ့ပြစ်ကာ သူမ,မတုန့်ပြန်နိုင်ခင်မှာပဲ သူမကိုသတ်ဖို့ကြိုးစားလိုက်ဘေသည်။

သို့သော်လည်း သူ့တိုက်ခိုက်မှုကို ကုနင်းကကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ တကယ်လို့သူမက ကြိုတင်မပြင်ဆင်ထားရင်တောင် ကျည်ဆံကို ရှောင်ရှားနိုင်လောက်အောင် သူမကလျင်မြန်လေသည်။

အံဩစရာမလိုအောင်ပင် သေနတ်ပြစ်လိုက်တာနဲ့တပြိုင်နက် ကုနင်းဟာတခြားတစ်ဖက်ကို လျင်မြန်စွာပဲ ရှောင်လိုက်ပြီး ကျည်ဆံဟာ သူမကိုပင်မထိပေ။

ထိုလူဟာ စိတ်တိုသွားလေသည်။ ကုနင်း အခုလောက်လျင်လိမ့်မယ်လို့ သူကမျှော်လင့်မထားပေ။ သူဟာ မရပ်ရဲ‌ပဲ ကုနင်း ကိုထပ်ပြီး ပြစ်သော်လည်း ကုနင်းဟာကျည်ဆံကို ထပ်ပြီးရှောင်ရှားလိုက်နိုင်ပြန်လေသည်။

သို့သော်လည်း ကျည်ဆံကိုရှောင်တာနဲ့တင် ပြဿနာဟာဘယ်တော့မှ ဖြေရှင်းပြီးသွားမှာမဟုတ်တာကြောင့် ကုနင်းဟာဒုတိယကျည်ဆံအား ရှောင်ပြီးနောက် သူမရဲ့လက်ထဲကို သေနတ်နှစ်လက် ယူလိုက်လေသည်။ ပြီးနောက် ထိုလူကိုစတင် ပစ်ခတ်လေသည်။

တစ်ချိန်တည်းမှာပဲ ထိုလူဟာလည်း ကုနင်းကိုထပ်ပြီးပြစ်ခက်ပြီး ကုနင်း ဟာကျည်ဆံကို အလွယ်တကူပင် ရှောင်လိုက်လေသည်။

ထိုလူဟာ မြန်မြန်ပဲတုန့်ပြန်လိုက်တာမလို့ ကုနင်း ပစ်လိုက်တဲ့ကျည်ဆံနှစ်တောင့်ကို ရှောင်နိုင်လိုက်လေသည်။

ကုနင်းနဲ့ထိုလူနှစ်ယောက်လုံး သေနတ်တွေ ဆက်လက်ပစ်ခတ်ကျလေသည်။ ကုနင်းဟာကျည်ဆံတွေကို အောင်မြင်စွာရှောင်ရှားနိုင်သေးပေမဲ့လည်း ထိုလူကတော့ ကံသိပ်မကောင်းပေ။ တစ်ချိန်တည်းမှာပဲ ကျည်ဆံနှစ်တောင့်ကို ရှောင်ရတာမလွယ်ကူ၍ဖြစ်သည်။ ရလဒ်အနေနဲ့ ထိုလူဟာ ကျည်ဆံတစ်တောင့်ကိုပဲ ရှောင်ရှားလိုက်နိုင်ပြီး တစ်တောင့်‌ကတော့ ဘယ်လက်ကို မှန်သွားလေသည်။

ထိုလူဟာ လက်မောင်းကို သေနတ်မှန်သွားလေသည်။ အရမ်းနာကျင်သော်လည်း သူဟာ ပြန်တိုက်ခိုက်နိုင်သေးတာမလို့ သူ့ရဲ့ညာဖက်လက်နဲ့ သေနတ်ထပ်ပစ်လေသည်ာ ကုနင်းဟာလည်းပဲ တူညီစွာလုပ်လေသည်။

ထိုလူဟာ ကုနင်းကိုမှန်အောင်မပစ်နိုင်သေးပေမဲ့လည်း ကျည်ဆံတစ်ဆံကိုတော့ ရှောင်လိုက်နိုင်ပြီး နောက်တစ်တောင့်နဲ့ ထပ်မှန်ပြန်လေသည်။

ဒီအချိန်တော့ သူဟာ ညာဖက်လက်မောင်းကို မှန်သွားတာဖြစ်ပြီး ထိုလူရဲ့လက်‌တစ်ခုလုံးဟာ ထုံကျင်သွားလေသည်။ သူဟာ သေနတ်ကိုမကိုင်နိုင်တော့ပဲ မြေပြင်ပေါ်ကျသွားလေသည်။

ထိုလူဟာ ကြောက်လန့်သွားလေသည်။ ထုံကျင်နေတဲ့ သူ့ရဲ့လက်မောင်းတွေကို ဂရုမစိုက်ဘဲ သူဟာ သေနတ်ကို တန်းပြီးကုန်းကောက်လေသည်။ ကံဆိုးစွာနဲ့ပဲ ကုနင်းဟာသူ့ထက် မြန်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုနင်းသည် ထိုလူအနားရောက်လာလေသည်။ ထိုလူက သေနတ်ကို ထိတော့မည်အချိန်တွင် ကုနင်းသည် သေနတ်ကို ခြေထောက်နဲ့ဆွဲယူကာ လေထဲကို ကန်ထည့်လိုက်‌ပြီးနောက် သေနတ်ဟာ သူမရဲ့လက်ထဲရောက်လာလေသည်။

ထို့နောက် ကုနင်းဟာထိုလူရဲ့ဒူးကို ကန်ထည့်လိုက်လေသည်။ "ဂျွတ်"ဆိုတဲ့အသံနဲ့အတူ ထိုလူရဲ့ဒူးဆစ်ဟာ လွဲသွားပြီး မြေကြီးပေါ်လဲကျသွားလေသည်။

"ကျွန်မကတော့ ရှင့်ကိုမသတ်ဘူး။ ဒါပေမယ့် အိုဝမ်ကတော့သတ်လောက်တယ်" ကုနင်းဟာ ထိုလူကိုအေးစက်စွာကြည့်လျက်ပြောပြီး လှည့်ထွက်သွားလေသည်။

ထိုလူရဲ့အခြေအနေအရ ထွက်မပြေးနိုင်ပြီး ကုနင်းအနေနဲ့ အိုဝမ်ကိုတတ်နိုင်သမျှ မြန်မြန်ရှာရမည်ဖြစ်သည်။

တကယ်လို့ ကုနင်းကသူ့ကိုမသတ်ရင်တောင် ကုနင်း ပြောတာမှန်တာမလို့ ထိုလူဟာ မျှော်လင့်ချက်မဲ့သွားလေသည်။ သူမဟာ သူ့ကိုမသတ်ပေမဲ့လည်း အိုဝမ်ကတော့သတ်လောက်ပေသည်။

ပိုပြီးဆိုးတာက သူဟာအခုချိန်မှာ နည်းနည်းလေးလှုပ်ရှားလိုက်ရင်တောင် အရမ်းသက်တောင့်သက်သာမရှိတာမလို့ ထွက်ပြေးဖို့တောင် မတတ်နိုင်ပေ။

ကုနင်းဟာ အိုဝမ်ကိုဆက်လက်ရှာဖွေပြီး ဒီတစ်ကြိမ်တော့ သူ့ကိုတိုက်ရိုက်‌ ဖုန်းခေါ်လိုက်သော်လည်း ဖုန်းလိုင်းမမိတာကြောင့် သူ့ကိုဆက်သွယ်၍မရပေ။

ထို့ကြောင့် ကုနင်းအနေနဲ့ သူမရဲ့ ကျောက်စိမ်းမျက်ဝန်း ကိုသာသုံးပြီး သူ့ကိုရှာနိုင်လေသည်။

နောက်ဆုံးတွင် ဆယ်မိနစ်လောက်ကြာပြီးနောက် ဂိုထောင်တစ်ခုထဲက မြေအောက်ခန်းတစ်ခုမှာ အိုဝမ်ကို ကုနင်း ရှာတွေ့သွားလေသည်။

အိုဝမ်ဟာမြေကြီးပေါ်မှာ မလှုပ်မရပ်လဲလျောင်းနေပြီး ဒဏ်ရာလဲရနေတာကာ သွေးတွေနဲ့ဖုံးနေလေသည်။ သူ့အသက်ရှင်နေသေးလားဆိုတာတော့ ကုနင်း မသေချာပေ။

ကုနင်းဟာ‌မြေအောက်ခန်းတံခါးကို ရှာတွေ့သွားလေသည်။ ‌မြေအောက်ခန်းတံခါးဟာ လျှို့ဝှက်တံခါးဖြစ်တာကြောင့် နံရံနဲ့ဆင်တူနေပေမဲ့လည်း အမှန်တကယ်တော့ တံခါးဖြစ်တာမလို့ သာမာန်လူတွေအနေနဲ့ ရှာမတွေ့နိုင်လောက်ပေ။ အိုဝမ်အနေနဲ့ မတော်တဆဖွင့်မိသွားတာဖြစ်ရမည်ဟု ကုနင်းတွေးမိသည်။

တံခါးဟာ အထဲကနေပြီး သော့ပိတ်ထားပြီး ဖွင့်လို့မရပေ။ ကုနင်းဟာတိုက်ရိုက် မဖျက်ဆီးလိုက်ချင်တာမလို့ အိုဝမ်ကသတိရှိသေးကာ တံခါးဖွင့်ပေးမလားလို့ တံခါးအားခေါက်‌လိုက်လေသည်။ သို့သော်လည်း အိုဝမ်ကသူမကို ဘာမှမတုန့်ပြန်ပေ။

သူမရဲ့အာရုံခံမှုနဲ့ အိုဝမ်မှာအသက်မျော့မျော့ကျန်သေးကြောင်း ကုနင်း အာရုံခံမိပြီး သိပ်လဲအားမလျော့ပေ။ သူကသတိမေ့နေတာကြောင့်သာ ပြန်မတုန့်ပြန်နိုင်တာဖြစ်သည်။

ထို့ကြောင့် ကုနင်းဟာ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲကနေ တူထုတ်လိုက်ပြီး တံခါးကိုတန်းရိုက်ခွဲလိုက်လေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ကုနင်းဟာ ကျောက်တုံးတံခါးတွင် အပေါက်တစ်ခု ဖောက်နိုင်သွားပြီး သူမရဲ့လက်ကိုဝင်ဆန့်နိုင်လောက်သည့်အထိ ကျယ်လေသည်။ ထို့နောက် သူမရဲ့လက်ကို အပေါက်ထဲထည့်ကာ တံခါးကို သော့ဖွင့်ကာ ဖွင့်လိုက်လေသည်။

မြေအောက်ခန်းထဲတွင် လုံးဝမှောင်မဲနေလေသည်။ သူမရဲ့‌ဖုန်းကို ထုတ်လိုက်ကာ ဖုန်းမီးကိုဖွင့်လိုက်ပြီး အထဲသို့လျှောက်ဝင်လိုက်လေသည်။

မြေအောက်ခန်းဟာ သိပ်မကြီးဘဲ စတုရန်းမီတာ ၃၀လောက်သာ ကျယ်ဝန်းပြီး အိုဝမ်ကထောင့်နားမှာ လဲလျောင်းနေတာဖြစ်သည်။

ကုနင်း အိုဝမ် အနားသို့ရောက်လာပြီး သူ့ရဲ့လက်ကိုကိုင်လိုက်ပြီး သူမရဲ့မှော်စွမ်းအင်တွေကို သူ့ခန္ဓာကိုယ်ထဲ ထည့်လိုက်လေသည်။

သိပ်မကြာခင်မှာပဲ အိုဝမ်ရဲ့ဖွေးဖြူနေတဲ့ မျက်နှာဟာ နှင်းဆီရောင်သန်းလာလေသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာလည်း သွေးထွက်နေတာရပ်သွားပြီး သတိရလာလေသည်။

အိုဝမ် သတိအကုန်ပြန်ဝင်လာချိန်တွင် သူဟာ အရမ်းလန့်နေလေသည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ကုနင်းကိုမြင်တဲ့အခါ သက်ပြင်းချလိုက်လေသည်။ "မင်း၊ မင်းရောက်လာပြီပဲ"

"ဟုတ်တယ်။ သူတို့အားလုံးကို ကျွန်မသတိမေ့အောင် ရိုက်ထားပြီးပြီ။ သူတို့ကို ရှင့်လက်ထဲ ထားခဲ့မယ်"

"ကျေးဇူးပါပဲ။ မင်းကငါ့အသက်ကို ထပ်ပြီး ကယ်လိုက်ပြန်ပြီ။ တကယ်လို့အနာဂတ်မှာ ငါ့ကိုလိုအပ်ရင် ငါတတ်နိုင်သမျှ ကူညီပေးမယ်" အိုဝမ်က ကုနင်းအားကျေးဇူးတင်လေသည်။ သူဟာ ကုနင်းကိုစကားနဲ့တင် ကျေးဇူးတင်နိုင်ရုံတင်နိုင်တာမလို့ သူ့အနေနဲ့ သူမကိုကျေးဇူးတင်ရုံနဲ့ ကတိပေးရုံသာတတ်နိုင်လေသည်။

"ရှင့်ကိုယ်ရှင်သာ ပိုကောင်းအောင်ဂရုစိုက်။ ရှင်နောက်တစ်ခါ ဘယ်အချိန်ထပ်ပြီး လိုက်အဖမ်းခံရမယ်မသိသေးဘူး။ ရှင်နောက်တစ်ခါကျရင် ကံကောင်းချင်မှ ကံကောင်းမှာ" ကုနင်းက အိုဝမ်ကိုမျက်လုံးဝှေ့လျက် ပြောလိုက်လေသည်။ သူမက သူ့ကိုအထင်သေးနေတာမဟုတ်ဘဲ သူ့အခြေအနေကို အရမ်းဆိုးတယ်လို့သာ ခံစားနေရတာသာဖြစ်သည်။

အိုဝမ်ဟာရှက်ပြုံးလေးသာ ပြုံးနိုင်လေသည်။ ကုနင်း ပြောတာမှန်တာကြောင့် သူမရဲ့စကားကြောင့် သူက ကုနင်းကိုစိတ်ဆိုးသွားတာမဟုတ်ပေ။ ထိုလူတွေဟာ သူ့ကိုဘယ်တော့မှ ဆက်ပြီးလိုက်မဖမ်းတော့မလဲဆိုတာကို သူလဲပဲမသိပေ။

သူဟာနောက်တစ်ကြိမ်ဆိုရင် ကံကောင်းချင်မှ ကံကောင်းလိမ့်မည်။ သူ့ကိုယ်သူတောင် ကောင်းကောင်းမကာကွယ်နိုင်နေတာမလို့ သူ့အနေနဲ့ ကုနင်း ကိုကူညီဖို့ရာ မဖြစ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် ဒီနေ့ဖြစ်ခဲ့တာတွေပြီးနောက် သူဟာပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူဟာ အခုလိုလိုက်ဖမ်းခံနေရတာတွေကို အဆုံးသတ်ချင်လေသည်။

"မင်းပြောတာမှန်တယ်။ ငါ့ကိုယ်ငါတောင် မနည်းကာကွယ်နေရပေမဲ့လည်း ငါပိုပြီးဂရုစိုက်ပါ့မယ်။ သိပ်မကြာခင်မှာ အကုန်ပြီးဆုံးသွားတော့မှာပါ" သူဟာ သူ့ကိုယ်သူရော ကုနင်းကိုပါ ထိုသို့ပြောနေတာဖြစ်လေသည်။

ကုနင်းဟာဘာမှမပြောသလို အိုဝမ်လည်းပဲဘာမှမပြောပေ။ သူတို့အနေနဲ့ အခုချိန်မှာ သူတို့အရှေ့မှာ ရှိနေတဲ့ပြဿနာတွေကို ဖြေရှင်းရပေဦးမည်....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၂၄ သတ်ရမှာပေါ့

အိုဝမ် သူ့ရဲ့ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ရာ သူ့ခန္ဓာကိုယ်ဟာ သိပ်မနာကျင်တော့မှန်း သတိထားမိတာမလို့ သူဟာ ကုနင်းကိုအံဩစွာကြည့်လိုက်လေသည်။ "ဘယ်လိုဖြစ်တာ...."

ကုနင်းကြောင့်သူ့ဒဏ်ရာတွေ မြန်မြန်သက်သာလာမှန်းသူသိသော်လည်းပဲ ကုနင်းကသူ့ကိုဘာလုပ်လိုက်လဲဆိုတာ သူ,မသိပေ။

ထိုအရာဟာ အရမ်းထူးဆန်းပြီး မယုံကြည်နိုင်စရာပင်ဖြစ်သည်။ ကုနင်း အရင်တစ်ခေါက်က သူ့ကိုကယ်တုန်းကလဲပဲ သူ့ဒဏ်ရာတွေဟာ အမြန်သက်သာလာလေသည်။

အိုဝမ်ဟာအရမ်းသိချင်သော်လည်းပဲ သူ့အနေနဲ့ မေးသင့်လား မမေးသင့်လား မသိတာကြောင့် ဆက်ပြီးမမေးတော့ပေ။ အခုလိုမှော်ဆန်တဲ့ကိစ္စတွေဟာ ပုံမှန်အားဖြင့် လျှို့ဝှက်ထားတဲ့အရာတွေမလို့ဖြစ်သည်။

အိုဝမ်က မမေးပေမဲ့လည်း ကုနင်းကတော့ပြောပြသည်။ "ရှင်သောက်တဲ့ဆေးက မှော်ဆေးလုံးပဲ။ အဲ့တာက ရောဂါမှန်သမျှတိုင်းနဲ့ ဒဏ်ရာတိုင်းအတွက် အသုံးဝင်တယ်။ ဆေးတစ်လုံးသောက်ပြီးတာနဲ့ ရှင်ရဲ့ခွန်အားတွေ လျှင်လျှင်မြန်မြန် ပြန်ရနိုင်သလို ဒဏ်ရာတွေလည်းပဲ အနည်းငယ် ပျောက်ကင်းသွားလိမ့်မယ်။ တကယ်လို့ ဒဏ်ရာပြင်းထန်ရင်တော့ ရှင့်ဒဏ်ရာအတွက် ဆေးနှစ်လုံးသောက်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ဆေးနှစ်လုံးပဲ သောက်လို့ရတယ်။ တကယ်လို့ပိုသောက်ရင် ရှင့်ခန္ဓာကိုယ်က ဆေးဒဏ်ကိုခံနိုင်မှာမဟုတ်ဘူး။ အဲဒီအစား ရှင့်ကိုဒဏ်ရာပိုရစေလိမ့်မယ်။ တကယ်လို့ ရှင့်ဒဏ်ရာတွေက အရမ်းပြင်းထန်ပြီး ‌သေခါနီးနေရင်တော့ ဆေးတစ်လုံး ဒါမှမဟုတ် နှစ်လုံးလောက်နဲ့ အထောက်အကူပြုမှာမဟုတ်ပေမဲ့ အနည်းဆုံးတော့ ရှင့်အသက်ကို ဆွဲဆန့်ထားနိုင်ပြီး ကုသမှုခံယူနိုင်သည်အထိ အချိန်ဆွဲထားပေးနိုင်လိမ့်မယ်။ သာမာန် နေမကောင်းဖြစ်တာတွေဖြစ်တဲ့ အအေးမိတာတွေ ဒါမှမဟုတ် ဖျားတာတွေဆိုရင်တော့ ဒီဆေးကိုသုံးဖို့မလိုဘူး။ ‌ဒီဆေးအရမ်းဆေးစွမ်းထွက်ပြီး ရှားပါးလို့ပဲ"

ကုနင်းဟာသူမရဲ့ စွမ်းအင်သလင်းကျောက်ကိုလျှို့ဝှက်ထားဖို့ရန် အကြံအစည်မရှိပေ။ သူမဟာ Fမြို့မှာတုန်းက ကြော်ညာပြီးဖြစ်ပေမဲ့လည်း ကျင့်ကြံသူနဲ့တွေ့ပြီးတဲ့အခါ သူမဟာ သိုသိုသိပ်သိပ်ထပ်ပြီးနေနေတာဖြစ်သည်။

သူတို့ဟာ ရှာတွေ့သေးသော်လည်း အသေးစိပ်တော့ အများကြီးမသိကြပေ။

ကုနင်းရဲ့စကားကိုနားထောင်ပြီးနောက် အိုဝမ် ဟာကြောင်သွားလေသည်။ ဒီဆေးဟာ လုံးဝမယုံကြည်နိုင်စရာပင်။ နာကျင်မှုမှန်သမျှနဲ့ ဒဏ်ရာတွေကို ကုသနိုင်ရုံသာမက ဆေးစွမ်းဟာလည်း အံဩဖို့ကောင်းလေသည်။ ရိုးရိုးလေးပြောရရင် ဒီဆေးဟာ မှော်ဆေးပင်ဖြစ်သည်။

တကယ်လို့ သူသာကိုယ်တိုင်မကြုံတွေ့ရရင် ကမ္ဘာပေါ်မှာ အခုလိုအံဩဖွယ်ကောင်းတဲ့ ဆေးမျိုးရှိတာကို သူလုံးဝယုံကြည်မှာမဟုတ်ပေမဲ့လည်း သူဟာ နှစ်ကြိမ်တောင် ကြုံတွေ့ပြီးနေပြီဖြစ်သည်။ ထို့ကြောင့် သူဟာ လုံးဝယုံကြည်လေသည်။

တကယ်လို့သူသာ အခုလိုဆေးမျိုးကို ဆောင်ထားနိုင်ရင် သူ့ဘဝဟာ အန္တရာယ်ပိုနည်းလာမှာဖြစ်သည်။

"ကုနင်း၊ မင်းမှာဆေးဘယ်လုံးရှိလဲ။ ငါ့ကို အချို့ရောင်းလို့ရမလား"

"ကျွန်မမှာ အများကြီးမရှိဘူး။ တကယ်လို့ ဆယ်လုံးထက်မများရင်တော့ ရှိတယ်။ ဒါပေမယ့်ဈေးမနည်းဘူးနော်။ ကျွန်မက မတူညီတဲ့လူတွေကို မတူညီတဲ့ဈေးနဲ့ရောင်းတယ်။ ယွမ်တစ်မီလီယံ၊ ယွမ်ငါးသိန်း၊ ယွမ်သုံးသိန်း၊ ယွမ်တစ်သိန်း ဒါမှမဟုတ် အလကားတောင် ရောင်းတာဖြစ်နိုင်တယ်။ ကျွန်မရဲ့အမျိုးတွေနဲ့ သူငယ်ချင်း‌တွေ ပြီးတော့ ကျွန်မကူညီချင်‌တဲ့လူတွေဆို ဆေးကို အလကားရတယ်။ ကျွန်မမုန်းတဲ့လူတွေနဲ့ ကျွန်မနဲ့ရန်ငြိုးရှိတဲ့လူတွေဆိုရင်တော့ သူတို့ဘယ်လောက်ပိုက်ဆံပုံပေးပေး မရောင်းဘူး"

ချီထျန်းလင်လိုလူမျိုးတွေဆိုရင် ယွမ်တစ်မီလီယံ ပေးဖို့လိုပြီး စစ်ထူယဲ့ကတော့ ယွမ်ငါးသိန်းသာပေးဖို့လိုသည်။ ကုနင်းနဲ့သာမာန်ဆက်ဆံရေးရှိပြီး ပိုက်ဆံအများကြီးမရှိတဲ့လူတွေကတော့ ယွမ်သုံးသိန်းပေးဖို့လိုပြီး စုန့်ဟောက်ယွီလိုလူမျိုးကတော့ ယွမ်တစ်သိန်းသာပေးဖို့လိုသည်။ ပြီးတော့ ကုသမှုလိုအပ်ပြီး ပိုက်ဆံနည်းနည်းသာ ပေးနိုင်တဲ့လူတွေအတွက်တော့ သောင်းဂဏာန်းသာပေးဖို့လိုလေသည်။ ပြီးတော့ ထန်မိသားစု၊ လင်မိသားစု၊ ကျန်းမိသားစု၊ ရှုမိသားစု၊ ချူးဖေ့ဟန်၊ စုန့်မြောင်ကောနဲ့ သူမနဲ့ရင်းနှီးတဲ့အခြားသူတွေကတော့ ဆေးအတွက် ဘာမှပေးစရာမလိုပေ။

လင်ရှောက်ကျားတို့လိုလူတွေကတော့ သူမရဲ့ရန်သူတွေဖြစ်သည်။ သူမကို လင်ရှောက်ကျားလုပ်ခဲ့တာအတွက် ထပ်ပြီးအာရုံမထားတော့သော်လည်း သူမသာ စိတ်ရူးပေါက်ပြီး တစ်ခုခုထပ်လုပ်ခဲ့ရင်တော့ ဒီအတိုင်းထားတော့မှာမဟုတ်ပေ။ ဒါမှမဟုတ်လျှင် လင်ရှောက်ကျားအနေနဲ့ ဆေးရုံမှာ အကြာကြီးနေရမှာ မဟုတ်ပေ။

"အမ်၊ ကျွန်မရှင့်ကို ဆေးတစ်လုံးကို ယွမ်တစ်သိန်းနဲ့ ရောင်းလို့ရတယ်။ တကယ်လို့ရှင်သဘောတူရင် ကျွန်မတို့အခုချက်ချင်း အပေးအယူလုပ်လို့ရတယ်။ ကျွန်မရှင့်ကိုအခုပေးလိုက်တဲ့ ဆေးနှစ်လုံးကတော့ အလကား" အိုဝမ်သည် သာမာန်ကျောင်းဆရာတစ်ယောက်မဟုတ်မှန်း သူမဟာမြင်နိုင်တာမလို့ သူမဟာ ဆေးတစ်လုံးအား ယွမ်တစ်သိန်းတောင်းနေတာဖြစ်သည်။ သူ့အနေနဲ့ အဲ့ဒီလောက်ငွေကို တတ်နိုင်လေသည်။

ပြီးတော့ သူမဟာမှန်လေသည်။ အိုဝမ်ဟာကျောင်းဆရာတစ်ယောက်တင်မဟုတ်ပေ။ သူဟာ စာသင်တာကို ဘေးပေါက်အလုပ်‌အနေနဲ့ လုပ်နေတာဖြစ်တာမလို့ ဆေးတစ်လုံးကို ယွမ်တစ်သိန်းပေးဖို့ရာ သူ့အနေနဲ့ တွန့်ဆုတ်နေမှာ မဟုတ်ပေ။

သူ့အသက်သာ ပိုက်ဆံထက်ပိုအရေးပါ၍ဖြစ်သည်။ ထို့အပြင် ဈေးနှုန်းဟာ သိပ်မမြင့်မားပြီး အခြားလူတွေဆိုရင် ယွမ်ပေါင်းသိန်းပေါင်းများစွာ ပေးရသည်ဖြစ်သည်။

အိုဝမ်ဟာဈေးကြောင့် အံဩသွားသော်လည်း ဆေးဟာ တန်လေသည်။ ထို့ကြောင့် တကယ်လို့ ဆေးတစ်လုံးကို ယွမ်ငါးသိန်းနဲ့ ကုနင်းကရောင်းရင်တောင် သူဟာဝယ်မှာဖြစ်သည်။

"ငါဆယ်လုံးလိုချင်တယ်။ အိမ်ပြန်ရောက်တာနဲ့ ပိုက်ဆံလွှဲလိုက်မယ်" အိုဝမ်ကတုန့်ဆိုင်းမနေဘဲပြောလိုက်သည်။ သူဟာ ပိုပြီးလိုချင်သော်လည်း သူ့အနေနဲ့ အများဆုံးဆယ်‌လုံးသာဝယ်လို့ရသည်ဟု ကုနင်းကပြောတာကြောင့် ဝယ်လို့ရတဲ့ အမြင့်ဆုံးနံပါတ်ကို တောင်းလိုက်တာဖြစ်သည်။

"ကောင်းပြီလေ။ ကျွန်မရှင့်ကို ပြီးကျကားထဲရောက်ရင် ပေးမယ်။ ဟိုလူတွေကို အခုသွားဖြေရှင်းချည်တော့"

"ဒါပေါ့" အိုဝမ်ကပြောကာ မတ်တပ်ထရပ်လိုက်လေသည်။

"ရှင်သူတို့ကို ဘယ်လိုဖြေရှင်းမှာလဲ" သူမဟာ ဝင်ပြီးပါမှာမဟုတ်ပေမဲ့လည်း တကယ်လို့သူက သတ်မယ်ဆိုရင် သူမအနေနဲ့ လက်နတ်ပေးဖို့ လို၍ဖြစ်သည်။ သူ့လက်ထဲမှာ အခုဘာလက်နတ်မှ မရှိ၍ဖြစ်သည်။

"သူတို့က ငါ့ကိုသေစေချင်မှတော့ ငါသူတို့ကို သတ်ဖို့လိုတာပေါ့" အိုဝမ်ဟာအေးစက်နေတဲ့ပုံနဲ့ အရမ်းလူသတ်ချင်နေစွာ ပြောလေသည်။

ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာ အိုဝမ်အားသေနတ်တစ်လက်ပေးလိုက်ပြီး သတိမေ့နေတဲ့လူတွေ ဘယ်နေရာမှာလဲဆိုတာ ပြောပြလိုက်လေသည်။

"ကျေးဇူးပဲ" အိုဝမ်ကသေနတ်ကိုယူကာ ကုနင်း အားကျေးဇူးတင်လိုက်လေသည်။

ကုနင်းဟာ အိုဝမ်နဲ့တူတူမသွားပေ။ သူမဟာ ကြိုထွက်သွားပြီး လမ်းထိပ်မှာ သူ့အားစောင့်နေလေသည်။

အိုဝမ်ဟာ ကုနင်း ဒဏ်ရာရအောင်လုပ်ထားတဲ့လူနဲ့ ပထမဆုံးဆုံလေသည်။ သူဟာ သတိမေ့နေတာမဟုတ်ဘဲ သေခါနီးဖြစ်လျက် အလုပ်ရှုပ်နေတာဖြစ်သည်။

အိုဝမ်ကသေနတ်နဲ့ရောက်လာတာကို မြင်တဲ့အခါ ထိုလူဟာ တောင့်တင်းသွားလေသည်။ အိုဝမ်ကသူ့ကိုသတ်တော့မှာမှန်း သူသိလေသည်။ ထိုအရာဟာ အံဩစရာမဟုတ်ပေမဲ့လည်း တကယ်ရင်ဆိုင်ရတဲ့အခါ ထိုလူဟာကြောက်လန့်နေလေသည်။

"မင်း-မင်း-မင်း...."ဟု ထိုလူဟာ စကားထစ်နေလေသည်။ အခုချိန်မှာ သူဘာပြောရမှန်း မသိတော့ပေ။

သူ့အနေနဲ့ အိုဝမ်ကိုတောင်းပန်သင့်လား။ တကယ်လို့ သူတောင်းပန်ရင်တောင် အိုဝမ်ကသူ့ကိုလွှတ်ပေးမှာမဟုတ်ပေ။

"မင်းကို ဘရိုင်ယန်အယ်လာကလွှတ်လိုက်တာလား" အိုဝမ် ထိုမေးခွန်းကိုမေးနေပေမဲ့လည်း ဒီကမ္ဘာပေါ်မှာ ဘရိုင်ယန်အယ်လာကလွဲရင်သူ့ကိုသေစေချင်တဲ့လူ မရှိတာကြောင့် အဖြေကိုသိပြီးဖြစ်သည်။

"မင်း အဖြေကိုသိပြီးနေမှတော့ ဘာကိစ္စမေးနေသေးတာလဲ" ထိုလူဟာ ကြောက်ရွံနေပေမဲ့လည်း ဒီနေ့သူဟာ သေမှာသေချာတာမလို့ သူဟာ အိုဝမ်ကိုစတင် လှောင်လေတာ့သည်။

အိုဝမ်ဟာအေးစက်စွာပြုံးလိုက်ပြီး သူ့ရဲ့တခြားလက်ထဲရှိ ဖုန်းကို‌မြှောက်လိုက်လေသည်။ "ငါသက်သေလိုလို့လေ"

တကယ်တော့ ဘရိုင်ယန်အယ်လာကိုအနိုင်ယူဖို့ရန် အိုဝမ်အနေနဲ့ ဒီသက်သေရဖို့မလိုပေမဲ့လည်း သူဟာ သူ့ကိုလူသိရှင်ကြား ယှဉ်ပြိုင်တော့မှာ ဖြစ်သည်။

သူဟာ အရင်ကပြန်မတိုက်ခိုက်တာဟာ သူ့မှာအစွမ်းမရှိလို့မဟုတ်ဘဲ မိသားစုက သူ့ကိုမလိုချင်၍ဖြစ်သည်။ ရလဒ်အနေနဲ့ သူဟာ အရှက်ကွဲတာကို သည်းခံနေခဲ့သည်။ သို့သော်လည်း သူဟာ မသေချင်သေးပေ။

သူဟာ အယ်လာမိသားစုက ယခုလက်ရှိမိသားစုခေါင်းဆောင်ရဲ့ တရားမဝင်သားဖြစ်ပြီး သူ့ကိုသေစေချင်နေတဲ့လူဟာ ‌သူ့ရဲ့တစ်ဝမ်းကွဲညီအစ်ကိုဖြစ်တဲ့ ဘရိုင်ယန်အယ်လာ ဖြစ်သည်။ သူတို့မှာ မတူညီတဲ့ အမေရှိလေသည်။

အိုဝမ်ရဲ့အဖေနဲ့ အမေနဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတဲ့ အတွဲတွေဖြစ်ပေမဲ့လည်း သူ့အမေဟာ သာမာန်မိသားစုကနေ မွေးဖွားလာတာဖြစ်တာမလို့ အယ်လာမိသားစုဟာ သူမကိုလက်မခံပေ။ အယ်လာမိသားစုဟာ သူ့အဖေကို ချမ်းသာတဲ့မိသားစုက မိန်းမတစ်ယောက်နဲ့ ဖိအားပေးကာ လက်ထပ်ခိုင်းခဲ့လေသည်။ ထိုမိန်းမဟာ ဘရိုင်ယန်အယ်လာရဲ့အမေပင်….

***

All Chapters