အခန်း (၂၁၂၅-၂၁၃၀)
Vol. 130 Ch. 2125-2130
အပိုင်း ၂၁၂၅ ငါ့အဖေက ငါ့ကိုယုံလိမ့်မယ်
သူ့အဖေဟာ လက်မခံချင်ပေမဲ့လည်း အကြီးအကဲတွေက သူ့အမေကိုသုံးပြီး သူ့ကိုဖိအားပေးလက်ထပ်ခိုင်းခဲ့တာကြောင့် သူ့အဖေဟာ နောက်ဆုံးတော့ လက်လျော့လိုက်ရလေသည်။
သူ့အဖေလက်ထပ်ပြီးနောက် သူ့အမေဟာ ထွက်သွားခဲ့သည်။ သို့သော်လည်း သုံးနှစ်ကြာခွဲခွာနေပြီးနောက် သူတို့ဟာထပ်ပြီး ဆုံကြပြီး မဖြစ်သင့်တာတစ်ခုဖြစ်သွားပြီး သူဟာမွေးဖွားလာတာဖြစ်သည်။
အိုဝမ် အတွက်တော့ သူ့အမေရဲ့ အစကကြုံ့တွေ့ရမှုတွေကို စာနာသော်လည်း သူ့အဖေလက်ထပ်ပြီးတဲ့အခါ သူ့အမေဟာ ပြန်ရောက်လာပြီး သူ့အဖေနဲ့တစ်ညတာကုန်ဆုံးကာ သူ့ကိုမွေးဖွားခဲ့တာဟာ လက်မခံနိုင်စရာဖြစ်တာကြောင့် သူဟာအရမ်းမပျော်ရွှင်ပေ။
သူတို့ဟာ သူ့ကိုအသက်ပေးခဲ့တာမလို့ သူတို့ကိုစွပ်စွဲဖို့ရန် သူ့နေရာမဟုတ်သော်လည်း တကယ်လို့ အဲဒီလိုအခြေအနေမှာ ဖြစ်နိုင်ရင် သူဟာမွေးဖွားမလာချင်ပေ။
ဘာပဲဖြစ်ဖြစ် သူ့အမေကိုယ်ဝန်ရသွားပြီးနောက် သူ့အဖေကို ထပ်ပြီးထားခဲ့ပြန်တာမလို့ သူ့အသက်၁၅နှစ်မတိုင်ခင်အထိ သူ့မှာ အမေတစ်ယောက်တည်းရှိတာလို့ ထင်နေခဲ့တာဖြစ်သည်။
သူ့အသက်၁၅နှစ်မှာ သူ့အမေအရမ်းနေမကောင်းဖြစ်ပြီး သူ့မှာတကယ်တော့ အဖေရှိမှန်းပြောပြခဲ့တာဖြစ်သည်။ အဲဒီအချိန်တွင် သူ့အဖေကို သူပထမဆုံးတွေ့တာဖြစ်သည်။
ထို့နောက်တွင် သူ့အမေသေသွားပြီး သူ့အဖေဟာ သူ့ကို အယ်လာမိသားစုစံအိမ်ကို ပြန်ခေါ်သွားခဲ့တာဖြစ်သည်။
အဲဒီအချိန်တွင် သူ့အဖေဟာ အယ်လာမိသားစုရဲ့ ခေါင်းဆောင်ဖြစ်နေပြီးဖြစ်တာမလို့ သူ့ဆုံးဖြတ်ချက်ကို ဘယ်သူမှမငြင်းဆန်ရဲတော့ပေ။
အယ်လာမိသားစုထဲတွင် လူအနည်းငယ်ကသာ အိုဝမ်ကိုကြိုက်ကြလေသည်။ ဘရိုင်ယန်အယ်လာနဲ့သူ့အမေကတော့ အိုဝမ်ကိုသူတို့ဘက်ရှိ ဆူးညှောင့်တစ်ခုအဖြစ်တောင် သတ်မှတ်ကြပြီး သူတို့ဟာ သူ့ကိုအကြိမ်ပေါင်းများစွာ လျှို့ဝှက်ပြီးအနိုင်ကျင့်ကျသလို ချောက်ချမှုတွေလဲ လုပ်ကြလေသည်။
အိုဝမ် အဖေဟာသူ့ကိုချစ်တာကြောင့် သူတို့ဟာ သူ့ကိုလူရှေ့သူရှေ့မှာ အနိုင်မကျင့်ရဲကြပေ။ အယ်လာမိသားစုထဲမှာ ၁၂နှစ်ကြာ မွေးမြူလာတဲ့ ဘရိုင်ယန်အယ်လာထက်တောင် သူ့အဖေက သူ့ကိုပိုချစ်လေသည်။
ဘရိုင်ယန်အယ်လာဟာ သူနဲ့ သူမုန်းတဲ့မိန်းမကနေ မွေးဖွားလာတဲ့ကလေးဖြစ်တာကြောင့်ဖြစ်သည်။ သူ့အနေနဲ့ ဘရိုင်ယန်အယ်လာကိုသဘောကျဖို့ရာ လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း သူဟာ ဘရိုင်ယန်ကိုမမုန်းဘဲ ကောင်းကောင်းမွန်မွန်ဆက်ဆံလေသည်။
အယ်လာမိသားစုက သူ့ကိုမလိုချင်ဘူးဟု အိုဝမ်ကခံစားမိတာကြောင့် ဘရိုင်ယန်အယ်လာနဲ့သူ့အမေတို့ အနိုင်ကျင့်သမျှကို သူကတတ်နိုင်သမျှ သည်းခံခဲ့တာဖြစ်သည်။
အယ်လာမိသားစုဟာ အရင်ကသူ့အမေကို ဘယ်လိုပဲဆက်ဆံခဲ့ဆက်ဆံခဲ့ ဘရိုင်ယန်အယ်လာနဲ့သူ့အမေဟာ သူမွေးဖွားလာပြီး အယ်လာမိသားစုကို ပြန်ခေါ်လာတာကြောင့် အိုဝမ်ကိုမုန်းတီးနေကြတာဖြစ်သည်။
ဘရိုင်ယန်အယ်လာနဲ့သူ့အမေအတွက်တော့ သူ့ရဲ့တည်ရှိမှုနဲ့ သူ့အပေါ်ထားတဲ့ သူ့အဖေရဲ့အချစ်တွေဟာ ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတာဖြစ်သည်။ သူသာမရှိရင် ဘရိုင်ယန် ဟာ အယ်လာမိသားစုရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်လာမှာဖြစ်သည်။ သို့သော်လည်း သူတို့အဖေဟာ အိုဝမ်အားဆက်ခံသူဖြစ်စေချင်လေသည်။ သူတို့အဖေက သူဟာ ဘရိုင်ယန်ထက်စာရင် ပိုတော်တဲ့ဆက်ခံသူဖြစ်တယ်ပြောပြီး သူတို့အဖေကသူ့ကိုချစ်လို့သာ သူဟာရွေးချယ်ခံရတာလည်းမဟုတ်ပေ။
ဘရိုင်ယန်ဟာအမြဲတမ်း အလောတကြီးလုပ်တတ်ပြီး ကိုယ့်ကိုကိုယ်ကမ္ဘာထင်နေတတ်တာကြောင့် အိုဝမ်အနေနဲ့ ထိုအရာကို မငြင်းဆန်နိုင်ပေ။
အယ်လာမိသားစုထဲမှာတောင် သူ့ကိုထောက်ခံတဲ့လူတွေ အများကြီးရှိလေသည်။ သူဟာ တရားမဝင်သားဖြစ်တာကြောင့် သူတို့ဟာအထင်သေးကြသော်လည်း သူ့နဲ့အတူ အယ်လာမိသားစုဟာ ဂုဏ်ယူရလေသည်။ သူတို့်ဘယ်သူမှ အယ်လာမိသားစုကြီး ပျက်စီးသွားတာမမြင်လိုကြပေ။ ရလဒ်အနေနဲ့ အယ်လာမိသားစုဝင် အများစုဟာ ပိုကောင်းမွန်တဲ့ဆက်ခံသူကို ထောက်ခံကြလေသည်။
ကံဆိုးစွာနဲ့ပဲ သူ့ရင်ထဲက အပြစ်မကင်းမှုကြောင့် အိုဝမ်ဟာ သူ့ဘက်ကအရင်စပြီး အယ်လာမိသားစုရဲ့ကြွယ်ဝချမ်းသာမှုတွေကို အမွေဆက်ခံဖို့ ငြင်းဆန်ခဲ့လေသည်။ ဘရိုင်ယန် နဲ့ ဘရိုင်ယန် အမေတို့ ယုံကြည်နိုင်စေရန် သူဟာ Yနိုင်ငံကနေထွက်လာပြီး ကုနင်းရဲ့နိုင်ငံကို လာနေနေတာဖြစ်သည်။ သို့သော်လည်း သူတို့ဟာ သူ့ကိုလိုက်ပြီးဖမ်းဆီးသတ်ဖြတ်ခြင်းအား မရပ်တန့်ပေ။
သူငယ်စဉ်အခါက သူ့အမေဟာ သူ့ကို သိုင်းပညာဖိအားပေး သင်ခိုင်းခဲ့လေသည်။ လိုအပ်တဲ့အားအင်ရှိမှသာ သူ့အနေနဲ့ အနိုင်ကျင့်မခံရမည်မှန်း သူသိတာကြောင့် သူဟာထိုသို့လုပ်ဖို့ အရမ်းစိတ်ပါခဲ့လေသည်။
ကလေးဘဝအတွင်းတွင် အဖေမရှိတာကြောင့် သူ့အတန်းဖော်တွေဟာ သူ့အားလှောင်ပြောင်ကျပြီး သူ့ကိုအနိုင်ကျင့်ကာ ရိုက်နှက်ကျလေသည်။ သူဟာ သူ့ကိုယ်သူကာကွယ်ရန် အရမ်းအားနည်းပြီး အနိုင်ကျင့်ခံဘဝနဲ့သာ နေရတာမလို့ သူသန်မာလာတဲ့အခါ သူတို့အနေနဲ့ သူ့ကိုအနိုင်ထပ်ကျင့်လို့ မရတော့ပေ။
နောက်မှသာ သူကသူ့အမေရဲ့ ရည်ရွယ်ချက်ကို သိသွားတာဖြစ်သည်။ သူဟာ အယ်လာမိသားစုကို သိပ်မကြာခင် ပူးပေါင်းရမည်မှန်း သူ့အမေကသိတာမလို့ သူ့အဖေရဲ့မိန်းမနဲ့ သားတို့ဟာ လုံးဝသူ့ကိုလက်ခံမှာမဟုတ်ပြီး သူ့ကိုတိုက်ခိုက်ကြမှာဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူကာကွယ်နိုင်ရန် သူဟာ ငယ်ငယ်လေးကတည်းက သိုင်းပညာအား ဖိအားပေးသင်ကြားပေးခံခဲ့ရတာဖြစ်သည်။
ထိုအရာဟာ လက်တွေ့ဘဝဖြစ်လေသည်။ သူ့ရဲ့တိုက်ခိုက်ရေး ထူးချွန်မှုကြောင့် သူဟာ အကြိမ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့လေသည်။
သို့သော်လည်း ဘရိုင်ယန်ဟာသူ့ကိုသတ်ဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်တာမလို့ လွှတ်လိုက်တဲ့လူသတ်သမားတွေဟာ ပိုပိုပြီးသန်မာတဲ့လူတွေဖြစ်လေသည်။ အိုဝမ် ဟာသေတော့မလို့ဖြစ်သွားပြီး ကံကောင်းစွာပင် ကုနင်း ကသူ့ကိုနှစ်ကြိမ်တိုင် ကယ်ဆယ်ခဲ့လေသည်။
ထို့အတူပဲ ဒီတစ်ကြိမ်တော့ အိုဝမ်ဟာသားကောင်ဆက်ပြီး မဖြစ်ချင်တော့ပေ။ သူဟာ မျက်နှာချင်းဆိုင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဘာပဲဖြစ်ဖြစ် နောက်ကွယ်ကလူဟာ ဘရိုင်ယန်မှန်းသူဝန်ခံထားတဲ့ ဗွီဒီယိုကိုတွေ့တဲ့အခါ ထိုလူဟာ လန့်သွားလေသည်။ ဘရိုင်ယန်ဟာ အိုဝမ်ကိုလျှို့ဝှက်ထားဖို့ ဆန္ဒမရှိပေမဲ့လည်း အယ်လာမိသားစုခေါင်းဆောင်ဟာ ဘာမှမသိပေ။
တကယ်လို့ မိသားစုခေါင်းဆောင်သာ သိသွားရင် ဘရိုင်ယန်ကိုထိုသို့လုပ်ရန် တားမြစ်ပြီး ကြီးမားတဲ့အပြစ်ပေးခံရမှုကိုရရှိကာ အယ်လာမိသားစုဆက်ဆံသူအဖြစ်ကနေပါ ဖယ်ရှားခံရနိုင်လေသည်။
အိုဝမ်ကိုသတ်ဖို့ကြိုးစားတာကို ဘရိုင်ယန် ဟာလျှို့ဝှက်ထားဖို့ အာရုံမရှိပေမဲ့လည်း အိုဝမ် လက်ထဲမှာ သက်သေထားခဲ့ဖို့ သူ့မှာဆန္ဒမရှိတာမလို့ အိုဝမ် သူ့ကိုဖော်ထုတ်မယ်လို့ ဘရိုင်ယန် မထင်ပေ။
ထို့အပြင် သူကြိုးစားတဲ့အခါတိုင်း အိုဝမ်ကိုအသေသတ်ဖို့ ရည်ရွယ်တာမလို့ အိုဝမ်အနေနဲ့ သေသွားပြီးရင် ဘရိုင်ယန်ကိုဖော်ထုတ်နိုင်မှာမဟုတ်ပေ။ ကံဆိုးစွာနဲ့ပဲ သူဟာ အကြိမ်တိုင်း အိုဝမ်ကိုသတ်ဖို့ကြိုးစားရာမှာ မအောင်မြင်ပေ။
"ဒီဗီဒွီယိုကိုကြည့်ပြီးတာနဲ့ပဲ မင်းအဖေက မင်းကိုယုံမယ်လို့ မင်းထင်နေတာလား။ မင်းက သူ့ကိုစွပ်စွဲဖို့ကြိုးစားနေတာလို့ ဘရိုင်ယန်ကငြင်းဆန်လို့ရပြီး မင်းကငါ့ကို အခုလိုလုပ်ဖို့ဖိအားပေးထားတာလို့ ပြောလို့ရတယ်။ မင်းကငါ့ကိုအဲဒီလိုပြောခိုင်းတာလို့လဲ ငါကပြောလို့ရသလို ဒါမှမဟုတ် အခြားသူတွေက သူ့ကိုစွပ်စွဲဖို့ကြိူးစားလို့လို့လဲပြောလို့ရတယ်။ ငါ့ကို ဘရိုင်ယန် လွှတ်လိုက်တယ်လို့ မင်းမှာပြစရာသက်သေမရှိဘူး" ထိုလူဟာ လှောင်ပြောင်ကာပြောလိုက်လေသည်။
"မင်းပြောတာမှန်တယ်။ ဒါပေမယ့် မင်းစကားတွေကပဲ သက်သေဖြစ်ဖို့အတွက် လုံလောက်နေပြီ။ တကယ်လို့ သက်သေမရှိလို့ ငါ့အနေနဲ့ သူ့ကိုအပြစ်ပေးလို့မရတောင် ငါ့အဖေက ငါ့ကိုယုံမယ်လို့ ငါယုံကြည်တယ်"ဟု အိုဝမ်ကပြောသည်။ သူဟာ ထိုအရာအတွက် လုံးဝမစိုးရိမ်ပေ။ ဘာတွေဖြစ်ထားတယ်ဆိုတာအား သူ့အဖေကိုပြောပြလိုက်တာနဲ့ သူ့အဖေက သူ့ကိုယုံကြည်မယ်လို့ သူကယုံကြည်ပေမဲ့လည်း သူ့မှာ ထိုသို့လုပ်ဖို့ အကြံအစည်မရှိပေ။
အယ်လာမိသားစုစံအိမ်ကို သူပြန်လိုက်တာနဲ့တပြိုင်နက် အယ်လာမိသားစုထဲမှာ သူ့ကိုစောင့်ကြည့်နေတဲ့ မျက်လုံးတွေအများကြီးရှိတာမလို့ ဘရိုင်ယန် အနေနဲ့ သူ့ကိုထပ်ပြီးသတ်ဖို့ ကြိုးစားလို့ရမှာမဟုတ်ပေ။ အကုန်လုံးက ဘရိုင်ယန်ကိုထောက်ခံနေတာမဟုတ်ပေ။
အိုဝမ်မှာ ဘရိုင်ယန်နဲ့ယှဉ်ပြိုင်ဖို့ရန် စိတ်ကူးမရှိသော်လည်း သူဟာ ဘရိုင်ယန်နဲ့ယှဉ်ရင် အားနည်းလေသည်။ သူ့ကိုယ်သူကာကွယ်ရန် သူ့အနေနဲ့ သန်မာဖို့လိုအပ်လေသည်။ ထို့ကြောင့် သူဟာ သူ့ရဲ့အဖွဲ့တွေကို Yနိုင်ငံနဲ့ ကုနင်းရဲ့နိုင်ငံမှာ ထားထားတာဖြစ်သည်။ သူဟာ စွမ်းအားမကြီးသေးသော်လည်းပဲ သူဟာပိုပိုပြီး စွမ်းအားကြီးလာပြီဖြစ်သည်။
သူတို့ရဲ့အရည်အချင်းခြင်းယှဉ်လျင် အနည်းဆုံးတော့ ဘရိုင်ယန်ဟာသူ့ထက်မသာပေ။
ထိုအရာကိုကြားတဲ့အခါ အယ်လာမိသားစုခေါင်းဆောင်ဟာ အိုဝမ်ကိုအရမ်းချစ်ပြီး ယုံကြည်တာကြောင့် ထိုလူဟာပါးစပ်ပိတ်သွားလေသည်။
"ကောင်းပြီ။ ငါ မင်းနဲ့ထပ်ပြီးအချိန်ထပ်ဖြန်းဖို့ လိုအပ်တယ်လို့မထင်တော့ဘူး။ မင်းကငါ့ကိုသတ်ဖို့ကြိုးစားမှတော့ မင်းအနေနဲ့ သေသင့်တယ်" အိုဝမ်ကထို့လူ့အပေါ်တွင် အချိန်ဖြုန်းနေတာ ရပ်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သူဟာသေနတ်ကို မလိုက်ပြီး ကြောက်လန့်နေတဲ့ထိုလူကိုချိန်လိုက်ကာ ရင်ဘက်ကိုပစ်လိုက်လေသည်။
ထိုလူလဲကျသွားပြီးနောက် အိုဝမ်ဟာထိုလူရဲ့ သွေးခုန်နှုန်းကို စမ်းသပ်လေသည်။ ထိုလူဟာ တကယ်သေသွားမှန်း မသေချာမချင်း သူဟာတခြားလူတွေကို ဖြေရှင်းရန် မသွားပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၂၆ မင်းဘယ်သူလဲ ငါသိသွားပြီ
အခြားလူတွေဟာ သတိလစ်နေတာမလို့ အိုဝမ်ကသူတို့ကို နှလုံးတည့်တည့်ပြစ်လိုက်ပြီး သူတို့အားလုံးသေတာသေချာတဲ့အခါ ထွက်သွားလေသည်။
အိုဝမ် ထွက်လာတာကိုမြင်တဲ့အခါ ကုနင်းဟာမျက်မှောင်ကြုံ့သွားလေသည်။ "ရှင်အခုလိုသွေးတွေပေကျံပြီးထွက်လာတာ ပြဿနာဖြစ်မှာ မကြောက်ဘူးလား။ တစ်စုံတစ်ယောက်ရဲ့အဝတ်ကိုလဲပြီး သွားဝတ်ချည်"
ကုနင်းရဲ့သတိပေးစကားကို ကြားတဲ့အခါ အိုဝမ် ဟာသဘောပေါက်သွားပြီး အနည်းငယ် ရှက်သွားလေသည်။ "သတိပေးတဲ့အတွက် ကျေးဇူးပဲ။ ငါအခုသွားလဲလိုက်မယ်"
သူ့အနေနဲ့ အဝတ်လဲဖို့လိုပေမဲ့လည်း ထိုလူသတ်သမားတွေ၍ အဝတ်ကိုသာဝတ်နိုင်လေသည်။ ရင်ဘက်နေရာက လွဲရင် သူတို့တွေရဲ့အဝတ်တွေဟာ အကောင်းအတိုင်းပင် ဖြစ်သည်။
အိုဝမ်အတွက်လူသေတွေရဲ့ အဝတ်ကို ဝတ်ရလို့လဲ ပြဿနာမရှိပေ။ ပြဿနာမဖြစ်ဖို့က ပိုအရေးကြီးလေသည်။
သိပ်မကြာခင်မှာပဲ အိုဝမ်ဟာလူသတ်သမားတစ်ယောက်ရဲ့ အဝတ်ကိုလဲဝတ်ကာ ထွက်လာလေသည်။ အဝတ်အစားတွေဟာ အနက်ရောင်ဖြစ်တာမလို့ ရင်ဘက်မှာရှိနေတဲ့ အပေါက်ဟာ သိပ်မသိသာပေ။
ထို့နောက် အိုဝမ်ဟာ ကုနင်းနဲ့အတူ ထွက်သွားလေသည်။
အလောင်းတွေကိုတော့ သူတို့မရှင်းလင်းပေ။ အဘယ်ကြောင့်ဆို သိပ်မကြာခင်မှာပဲ ရှာတွေ့သွားမှာမလို့ဖြစ်သည်။ ပြဿနာထဲ မပါဝင်စေရန်အတွက် သူမကားနဲ့မောင်းထွက်သွားပြီးနောက် သူမရဲ့ကားရပ်ထားရာနေရာက လုံခြုံရေးကင်မရာတွေကို ဖောက်ထွင်းဝတ်ရောက်ပြီး မှတ်တမ်းတွေဖျက်ရန် ကုနင်းက K အားပြောလိုက်လေသည်။
ကားထဲတွင် ကုနင်းက အိုဝမ်အား စွမ်းအင်သလင်းကျောက် ၁၀လုံးပါတဲ့ ဆေးပုလင်းနဲ့အတူ သူမရဲ့ဘဏ်အကောင့်နံပါတ်ကိုပါ ပေးလိုက်လေသည်။
"ညစာစားချိန်တောင် ရောက်တော့မယ်။ ကုနင်း ငါတို့ညစာအတူစားလို့ရမလား။ နင့်ကိုအခုလောလောဆယ် ကျေးဇူးတင်ချင်လို့ပါ" အိုဝမ်ကစိတ်ရင်းဖြင့် ဖိတ်ခေါ်လေသည်။
ကုနင်းရဲ့ကျေးဇူးကို သူဟာထမင်းဖိတ်ကျွေးရုံလေးနဲ့ ပြန်ဆပ်နေတာမဟုတ်ဘဲ သူ့အနေနဲ့ ထမင်းဖိတ်ကျွေးတာ အရင်လုပ်နိုင်လို့ဖြစ်သည်။
"ကျေးဇူးပဲ ဒါပေမယ့် တော်ပြီ။ ကျွန်မမှာ ချိန်းထားတာရှိတယ်။ ရှင့်ကို တက္ကစီငှားလို့ အဆင်ပြေမဲ့နေရာကို ခဏနေရင် ချခဲ့ပေးမယ်။ ရှင့်ဘာရှင် တက္ကစီငှားပြီး ပြန်လို့ရတယ်" ကုနင်းကငြင်းလိုက်လေသည်။ သူမမှာ တကယ်ချိန်းထားတာရှိတာမဟုတ်ဘဲ အခုချိန်မှာ အိုဝမ်နဲ့အတူညစာစားဖို့ရာ မသင့်တော်လို့နဲ့ မလိုအပ်လို့ဖြစ်သည်။
ကုနင်းဟာအခုချိန်မှာ နာမည်ကျော်ကြားသူဖြစ်နေတာကြောင့် သူမကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးရှိလေသည်။ တကယ်လို့ သူမကိုသိတဲ့လူတစ်ယောက်ယောက်ကသာ သူမက အခြားယောင်္ကျားလေးတစ်ယောက်နဲ့ ညစာအတူစားနေတာကို တွေ့သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်၍ဖြစ်သည်။
ကုနင်းသည် အိုဝမ်ကိုသိပ်ပြီး ဂရုစိုက်ဖို့ အာရုံမရှိပေ။ သူမဟာ သူ့ကိုအိမ်ထိ ပြန်မပို့ပေးပြီး တက္ကစီငှားလို့ အဆင်ပြေတဲ့နေရာမှာပင် ချထားပေးခဲ့လေသည်။
"ကောင်းပြီလေ" အိုဝမ်ဟာအများကြီး ဆက်မတွေးပေ။ ကုနင်းမှာချိန်းထားတာရှိနေမှတော့ သူမကို သူနဲ့အတူညစာစားဖို့ ဖိအားပေးမှာမဟုတ်ပေ။
ထို့နောက် တက္ကစီငှားဖို့ အဆင်ပြေတဲ့နေရာကို သူတို့ရောက်တဲ့အခါ ကုနင်းဟာ အိုဝမ်အားချထားပေးခဲ့လေသည်။ ထို့နောက် ကုနင်းသည် စစ်ဟယ်ယွမ်ဆီသို့ ကားမောင်းထွက်သွားလေသည်။
လင်ရှောင်းထင်သည် ဒီနေ့ပြန်လာမှာ မဟုတ်ပေမဲ့လည်း သူပြန်ရောက်ရောက် မရောက်ရောက် ကျင့်ကြံရတာ သူမအတွက် အဆင်ပြေတာမလို့ သူမက စစ်ဟယ်ယွမ်ကိုသွားမှာဖြစ်သည်။
လမ်းတစ်ဝက်တွင် မော့ချီလင်က ကုနင်းကိုဖုန်းဆက်လေရာ ကုနင်း ဖုန်းပြန်ဖြေလိုက်လေသည်။
"ကုနင်း၊ မင်းဘယ်သူလဲဆိုတာ ငါနောက်ဆုံးတော့ သိသွားပြီ" ဖုန်းဖြေလိုက်တာနဲ့ တပြိုင်နက် မော့ချီလင်ဟာစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိုအရာကိုကြားတဲ့အခါ ကုနင်း မျက်မှောင်ကြုံ့သွားလေသည်။
မော့ချီလင်က သူမဘယ်သူမလဲဆို နောက်ဆုံးတော့ သိသွားပြီတဲ့လား။ အဲ့တာဘာကိုဆိုလိုတာလဲ။ သူမက ချင်းဟယ်ဆိုတာကို သူသိသွားတာလား။ ကုနင်း ကထိုအရာကိုသာ လျှို့ဝှက်ထားတာဖြစ်သည်။ တကယ်လို့ အဲ့တာသာဆိုရင်တော့ သူမရဲ့ရုပ်ဖျက်မှုဟာ အသုံးမဝင်ဘူးဖြစ်သွားလေရာ အဓိပ္ပာယ်မရှိပေ။
ကုနင်း စကားတစ်ခွန်းမှ မပြောရသေးခင်မှာပဲ မော့ချီလင်ကဆက်ပြောလေသည်။ "ကုနင်း နင်က ရှန်းနဉ်အုပ်စုရဲ့ ဘော့စ်ဖြစ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ နင်က အရမ်းအံဩဖို့ကောင်းတာပဲ။ မင်းကငါထက် အသက်၂နှစ်ပဲကြီးတာ။ မင်းကအခုငါ့ရဲ့ အိုင်ဒေါပဲ"
ထိုအရာကိုသိတဲ့အခါ ကုနင်း ချက်ချင်း စိတ်အေးသွားလေသည်။
"ကျေးဇူးပဲ"
"အမ်၊ ကုနင်း မင်းအခုအားလား။ တကယ်လို့အားရင် ငါတို့အခုညစာ အတူစားလို့ရမလား"ဟု မော့ချီလင်ကမေးလေသည်။ သူဟာ ညစာအတူစားရန် ကုနင်းကိုစိတ်ရင်းမှန်မှန်နဲ့ ဖိတ်ခေါ်နေတာဖြစ်ပြီး သူ့မှာအရင်က ထိုသို့အခွင့်အရေးမရှိပေ။
မော့ချီလင်ကသူမရဲ့အကူအညီအတွက် ကျေးဇူးတင်ချင်တာမှန်း ကုနင်းကသိပေမဲ့လည်း သူမဟာ ထိုသို့လုပ်ဖို့ မလိုအပ်ဘူးဟု ထင်လေသည်။ သို့သော်လည်း မော့ချီလင် အသံထဲကနေ မျှော်လင့်နေတဲ့အသံကို သူမ,ကြားနိုင်တာမလို့ သူ့ကိုမငြင်းပယ်နိုင်တော့ပေ။ နောက်ဆုံးမှာတော့ ကုနင်းဟာသဘောတူလေသည်။
ကုနင်းကသဘောတူတဲ့အခါ မော့ချီလင် အရမ်းစိတ်လှုပ်ရှားသွားတာမလို့ သူမကို ဘယ်မှာတွေ့မယ်မှန်း သူကချက်ချင်း ပြောလိုက်လေသည်။ အထူးဟင်းလျာတွေ ရောင်းတာကနေ နာမည်ကြီးနေတဲ့ အနီးအနားက စားသောက်ဆိုင်မှာ သူကဘွတ်ကင်တင်လိုက်လေသည်။ ထိုဆိုင်ဟာ ဈေးအရမ်းမကြီးသလို ဈေးလဲမပေါပေ။
ကုနင်းက သူမတို့ ဘယ်မှာစားမယ်ဆိုတာ ဂရုမစိုက်သော်လည်း မော့ချီလင်ကသူမကို ကောင်းမွန်စွာ ကျွေးမွေးချင်တာဖြစ်သည်။
ကုနင်းနဲ့ဖုန်းချပြီးနောက် မော့ချီလင်ဟာ ကုနင်းအားစားသောက်ဆိုင်မှာ သူဘွတ်ကင်တင်ထားတဲ့ ကိုယ်ပိုင်အခန်းနံပါတ်အား ပို့ပေးလိုက်ပြီးနောက် သူလဲမြန်မြန် ထွက်လာလေသည်။
မော့ချီလင်ဟာအလယ်လတ်တန်းစား အိမ်နေရာမှာနေထိုင်ပေမဲ့လည်း ထိုနေရာဟာ သူ့အပိုင်မဟုတ်ပေ။ ထိုအိမ်ဟာ သူ့စီနီယာရဲ့အိမ်ဖြစ်လေသည်။
သူ့ရဲ့စီနီယာဖြစ်တဲ့ ယွင်ကျီးယန်သည် သူဆရာရဲ့ တပည့်မဟုတ်ပဲ သူ့ဆရာရဲ့ သားဖြစ်လေသည်။
မော့ချီလင် မြို့တော်ကိုလာလည်တိုင်း ယွင်ကျီးယန်ရဲ့အိမ်မှာနေလေ့ရှိလေသည်။
ယွင်ကျီးယန်သည် ကျင့်ကြံသူဖြစ်ပေမဲ့လည်း ကျင့်ကြံသူတွေမှာလည်း ဘဝရှိတာမလို့ ယွင်ကျီးယန်ဟာစီးပွားရေးလောကကို ဝင်ရောက်လာတာဖြစ်သည်။
မော့ချီလင် ထွက်လာတာနဲ့တပြိုင်နက် သူဟာ အိမ်ကိုအခုမှပြန်လာတဲ့ ယွင်ကျီးယန်နဲ့တွေ့လေသည်။
ယွင်ကျီးဟန်သည် အသက်သုံးဆယ်အရွယ်သာ ရှိပုံပေါ်ပေမဲ့လည်း သူဟာတကယ်တော့ အဲဒီထက်ပိုအသက်ကြီးလေသည်။ သူဟာ လက်ထပ်ပြီးဖြစ်ပြီး အဖေတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူ့ရဲ့သားသမီးတွေတောင် အခုချိန်မှာ အသက်၆၀နီးနီးရှိပြီ ဖြစ်သည်။
ယွင်ကျီးယန်၊ ကျင်းယွင်ယောင်နဲ့ ကျင်းကျီနဉ်တို့ဟာ မျိုးဆက်တစ်ခေတ်တည်းဖြစ်ပေမဲ့လည်း သူတို့ဟာ သိုင်းအဆင့်မြင့်တာကြောင့် သူတို့ရဲ့မျက်နှာဟာ အသက်ကြီးတာ နှေးလေသည်။
"ချီလင်၊ ညစာစားချိန်တောင်ရောက်နေပြီ။ ဘယ်သွားမလို့လဲ"ဟု ယွင်ကျီးယန်ကမေးသည်။
"ကျွန်တော်ဒီည အိမ်မှာညစာမစားတော့ဘူး။ ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာရှိလို့"
"သူငယ်ချင်းလား။ မင်းမှာမြို့တော်မှာ သူငယ်ချင်းရှိတယ်ပေါ့" မော့ချီလင် သည်မြို့တော်ကို လာလည်ခဲတာမလို့ ယွင်ကျီးယန် ဟာအံဩသွားလေသည်။ သူ့မှာသူငယ်ချင်းမရှိသင့်ပြီး မော့ချီလင်ရဲ့သူငယ်ချင်းအကြောင်းကို ယွင်ကျီးယန်ဟာအရင်က တစ်ခါမှ မကြားဖူးပေ။
"ဟုတ်တယ်။ ကုနင်းလေ။ စီနီယာနဲ့ ဆရာ မနေ့ကပြောတဲ့ ရှန်းနဉ်လုပ်ငန်းစုရဲ့ ဘော့စ်ဆိုတဲ့ ကောင်မလေး" မော့ချီလင်ဟာဂုဏ်ယူစွာ ပြောလိုက်လေသည်။ သူဟာ ကုနင်းနဲ့သိကျွမ်းရတာ ဂုဏ်ယူနေပုံပင်။
တကယ်တော့ သူသိတဲ့ ကုနင်းနဲ့သူ့ဆရာနဲ့ စီနီယာတို့ မနေ့ကပြောတဲ့ ကုနင်းဆိုတဲ့ကောင်မလေးဟာ တစ်ယောက်တည်းလားဆိုတာ သူ,မသေချာတာမလို့ သူ့ဆရာနဲ့ စီနီယာကို မပြောပြတာဖြစ်သည်။
မနေ့က နေ့လည်ခင်းတွင် သူနဲ့သူ့စီနီယာဟာ ကျင့်ကြံသူကမ္ဘာကထွက်လာကာ မြို့တော်ကို လာလည်တာဖြစ်သည်။ အဲ့ဒီအချိန်မှသာ သူတို့အရင်ကပြောနေတဲ့ ကုနင်းဆိုတဲ့ကောင်မလေးဟာ သူသိတဲ့ ကုနင်းနဲ့တစ်ယောက်တည်းဆိုတာ သူသိသွားတာဖြစ်သည်။
ကုနင်းဟာအခုချိန်မှာ အရမ်းအောင်မြင်နေတာကို သိတဲ့အခါမှာ သူဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖြစ်သည်။
"ဘာပြောတယ်။ မင်း ကုနင်းနဲ့သိတယ်လား" ထိုအရာကိုကြားတဲ့အခါ ယွင်ကျီးယန် အံဩသွားလေသည်။ သေချာအောင်မေးမြန်းပြီးနောက် ယွင်ကျီးယန်ရဲ့မျက်လုံးတွေဟာ အရောင်တောက်သွားလေသည်။ "မင်းတို့တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသိတာလဲ"
"အာ၊ ကျွန်တော်ရှေ့တစ်ခေါက်က လူနှစ်ယောက်နဲ့ ပြဿနာဖြစ်သွားပြီး ကုနင်းကကူညီပေးတာ......" မော့ချီလင်ကပြောပြီးနောက် သူ့အနေနဲ့ ထိုကိစ္စကိုမပြောသင့်ဖူးဆိုတာ ရုတ်တရက်သဘောပေါက်သွားလေသည်။
သူတို့ကိုစိတ်မပူစေချင်တာကြောင့် မော့ချီလင်ဟာ ယွင်ကျီးယန်နဲ့သူ့ဆရာတို့ကို သူပြဿနာတတ်တာကို မပြောပြထားပေ။ ထိုအရာကိုပြီးသွားပြီဖြစ်သလို သူလည်းပဲအဆင်ပြေသည်ဖြစ်သည်။
"ဘာပြောတယ်။ မင်းအခြားသူတွေနဲ့ ပြဿနာဖြစ်တယ်ဟုတ်လား။ ဘယ်လိုဖြစ်တာလဲ။ ငါ့ကိုပြောစမ်း" ထိုအရာကိုကြားတဲ့အခါ ယွင်ကျီးယန် စိတ်မကြည်မလင်ဖြစ်သွားလေသည်။ သူဟာ ကုနင်းအကြောင်းပြောနေတာ ရပ်လိုက်ပြီး မော့ချီလင်အကြောင်းကို ပိုပြီးစတင်ကာဂရုစိုက်လာလေသည်။
တကယ်လို့ မော့ချီလင်အနေနဲ့ အခြားသူတွေနဲ့ ပြဿနာဖြစ်တာလောက်ဆိုရင်တော့ ပြဿနာအကြီးအမားမဟုတ်ပေမဲ့လည်း၊ မော့ချီလင်အနေနဲ့ ကုနင်းရဲ့အကူအညီလိုတဲ့ဆိုတဲ့အချက်အရ သူဟာ ဆိုးရွားတဲ့အခြေအနေမှာ ရှိတာဖြစ်ရပေမည်။
မော့ချီလင်ဟာထပ်ပြီးလျှို့ဝှက်ထားလို့မရတော့တာကြောင့် ဖွင့်ပြောလေသည်။ "တကယ်တော့ ကျွန်တော် အမျိုးသမီးတစ်ယောက်နဲ့ လမ်းပေါ်မှာဝင်တိုက်မိတာ။ အဲဒီအမျိုးသမီးက သူမရဲ့ပစ္စည်းတွေပျောက်သွားတယ်ဆိုပြီးပြောပြီး ကျွန်တော့်ကို ခိုးတယ်လို့စွပ်စွဲတာ။ သူမကကျွန်တော့်ကိုတောင် ရှာဖွေချင်တာ....."
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၂၇ မော့ချီလင်ထံမှသတိပေးစကား
တစ်ခဏတာရပ်လိုက်ပြီးနောက် မော့ချီလင်ဟာဆက်ပြောလေသည်။ "ကျွန်တော်က သူမရဲ့ပစ္စည်းတွေကို မခိုးတာမလို့ သူတို့ရှာတာ မခံနိုင်ဘူးလေ။ အဲ့တာရှက်ဖို့ကောင်းတာမလို့ ကျွန်တော်တို့ရန်ဖြစ်ကြတယ်။ သေမျိုးတွေအပေါ်မှာ မှော်စွမ်းအင်မသုံးရဘူးလို့ ဆရာကပြောထားပြီး အဲဒီလူနှစ်ယောက်က တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တာကြောင့် ကျွန်တော်ရှုံးသွားတော့မလို့။ ကျွန်တော်က မှော်စွမ်းအင်တွေသုံးမလို လုပ်နေတုန်းမှာပဲ ကုနင်း ရောက်လာပြီး သူတို့ကိုအနိုင်တိုက်လိုက်တယ်။ သူမက ကျွန်တော်ကို ကယ်လိုက်တာပဲ"
"အဲဒီလူနှစ်ယောက်က ဘယ်သူတွေလဲ" ယွင်ကျီးယန် မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
ကုနင်းကိုသူနားလည်သလောက်တော့ မော့ချီလင် မနိုင်တဲ့လူနှစ်ယောက်ကို သူမက အနိုင်တိုက်နိုင်တာဟာ သာမာန်အရာတစ်ခုမှန်း သူသိလေသည်။
"မသိဘူး။ သူတို့က ပိုက်ဆံလိုချင်နေတာ။ ပြီးတော့သူတို့ ကျွန်တော်ကို တောင်းပန်ပြီး ကျွန်တော်လဲဘာမှမဖြစ်တာမလို့ သူတို့ကိုထွက်သွားဖို့ ပြောလိုက်တယ်" မော့ချီလင်ကပြောသည်။ ထိုလူနှစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကို သူ,မသိတာမလို့ သူတို့က သူ့ကိုငွေညစ်ချင်တာကြောင့်လိုသာ သူယုံကြည်လေသည်။
မော့ချီလင် ပြန်ပြောပြတာတွေကို ကြားပြီးနောက် ယွင်ကျီးယန်ဟာထပ်ပြီး ဘာမှမပြောတော့ပေ။
"အဲ့တာဆိုရင် ငါ့လဲအတူလိုက်ခဲ့မယ်။ မင်းရဲ့စီနီယာတစ်ယောက်အနေနဲ့ ကုနင်းကိုကိုယ်တိုင် ကျေးဇူးတင်ရမယ်"
ယွင်ကျီးယန် ဘာတွေတွေးနေတယ်ဆိုတာကို မော့ချီလင်ကသိတာမလို့ သူဟာတုန့်ဆိုင်းမှုမရှိဘဲ ငြင်းလိုက်လေသည်။ "မလိုက်နဲ့"
"ဘာလို့လဲ။ ငါသူမကို ထိခိုက်အောင်မလုပ်ပါဘူး" ယွင်ကျီးယန်က မျက်ခုံးအသာပင့်လိုက်လေသည်။
သူတို့လိုချင်တဲ့အရာ ကုနင်းမှာရှိကြောင်း ယွင်ကျီးယန်ကသိရင်တောင် သူ့အနေနဲ့ သူမနောက်ကိုလိုက်တာ ဒါမှမဟုတ် စောင့်ကြည့်တာလုပ်မှာ မဟုတ်ပေ။ လူတိုင်းက သူတို့လိုချင်တဲ့အရာကို မမှန်ကန်တဲ့နည်းလမ်းနဲ့ မယူတတ်ပေ။
သို့သော်လည်း မော့ချီလင်မှာ ကုနင်းနဲ့ဆက်ဆံရေးရှိနေမှတော့ သူ့အနေနဲ့ ဒီအခွင့်အရေးကို အမိကိုင်ကာ ကုနင်းနဲ့တွေ့ရပေမည်။
"ကုနင်းကကျွန်တော့်ကို အခြားလူတွေ မခေါ်ခဲ့စေချင်လို့။ ကျွန်တော်တစ်ယောက်တည်းလားလို့ သူမကမေးတယ်။ ကျွန်တော်ကဟုတ်တယ်ပြောလို့ ကျွန်တော်နဲ့ညစာအတူစားဖို့ သူမကသဘောတူတာ။ စီနီယာကိုခေါ်သွားလို့ သူ ကျွန်တော့်ကို စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ"
မော့ချီလင်ဟာ ယွင်ကျီးယန် ကိုလိမ်ပြောနေတာဖြစ်ပေမဲ့လည်း တကယ်လို့ သူသာ ယွင်ကျီးယန်ကိုခေါ်လာရင် ကုနင်းကသူ့ကိုစိတ်ဆိုးမှာကို သူကတကယ်စိုးရိမ်နေတာ ဖြစ်သည်။
သူက အဲဒီလိုပြောနေမှတော့ ယွင်ကျီးယန်အနေနဲ့ လက်လျော့လိုက်ရလေသည်။ "ကောင်းပြီလေ။ မင်းအခုသွားလို့ရပြီ"
"ဟုတ်ကဲ့။ ဘိုင့်-ဘိုင်၊ စီနီယာကျီးယန်" ထိုအရာကိုကြားတဲ့အခါ မော့ချီလင်ဟာစိတ်အေးသွားပြီး မြန်မြန်ထွက်သွားလေသည်။
မော့ချီလင်ရဲ့နောက်ကျောကိုကြည့်လျက် ယွင်ကျီးယန်ဟာလက်လျော့စွာ ခေါင်းခါယမ်းလိုက်လေသည်။
....
မော့ချီလင် ရွေးချယ်ထားတဲ့ အထူးဟင်းလျာရောင်းတဲ့ စားသောက်ဆိုင်ဟာ သူနေတဲ့နေရာနဲ့ မဝေးတာမလို့ သူဟာ ထိုဆိုင်ကို ပုံမှန်ခြေလျင်သွားလျှင် ၁၀မိနစ်အတွင်းရောက်လေသည်။ ဒီတစ်ကြိမ်မှာတော့ သူဟာထိုဆိုင်ကို ပြေးသွားပြီး ၃မိနစ်အတွင်း ရောက်လေသည်။
၁၀မိနစ်ကြာပြီးနောက် ကုနင်း ရောက်လာလေသည်။
ကုနင်းကိုမြင်လိုက်တာနဲ့ မော့ချီလင် စိတ်လှုပ်ရှားသွားပြီး သူမကို နှုတ်ဆက်ရန် မတ်တပ်ရပ်လိုက်လေသည်။ "မင်္ဂလာပါ ကုနင်း။ ကျေးဇူးပြုပြီးထိုင်ပါ"
ထိုသို့ပြောပြီးနောက် မော့ချီလင်ဟာချက်ချင်း ကုနင်းအတွက်ထိုင်ခုံဆွဲထုတ်ပေးလိုက်လေသည်။
"ကျေးဇူးပဲ"ဟု မထိုင်ခင် ကုနင်းကသူ့ကို ကျေးဇူးတင်လိုက်လေသည်။ ထို့နောက် မော့ချီလင်က ကုနင်းအား မီနူးလှမ်းပေးလိုက်လေသည်။ "ကုနင်း၊ ကျေးဇူးပြုပြီးစားချင်တာမှန်သမျှ မှာပါ။ သူငယ်ချင်းအချင်းချင်း တွေ့ဆုံပွဲလို့ပဲ သဘောထားပါ"
"ကောင်းပြီလေ" ကုနင်းက မီနူးကိုယူကာ စတင်ဖတ်ရှုလေသည်။ သူမကြိုက်တဲ့ ဟင်းနှစ်ပွဲမှာလိုက်လေသည်။
မော့ချီလင်ကို ကုနင်းကသူငယ်ချင်းအဖြစ်သတ်မှတ်သော်လည်း သူတို့နှစ်ယောက်တည်းဖြစ်ပြီး အများကြီးလဲမစားနိုင်၍ဖြစ်သည်။ ထို့ကြောင့် သူမဟာ ဟင်းနှစ်ပွဲမှာလိုက်ပြီး မီနူးအား မော့ချီလင်ဆီသို့ပြန်ပေးလိုက်လေသည်။
"နှစ်ပွဲပဲလား"ဟု မော့ချီလင် ကမေးသည်။ ကုနင်းကဟင်းပွဲတွေပိုမှာရမှာ ရှက်လို့ဟု သူကထင်နေတာဖြစ်သည်။
"ငါတို့နှစ်ယောက်ပဲရှိတာ။ အစားအစာတွေကို မဖြုန်းချင်လို့"
ထိုအရာကိုကြားတဲ့အခါ မော့ချီလင်ဟာအနည်းကယ် ကို့ရို့ကားယားဖြစ်သွားလေသည်။ "မင်းပြောတာမှန်တယ်"
ထို့နောက် မော့ချီလင်လည်းပဲ ဟင်းနှစ်ပွဲမှာလိုက်ပြီး၊ တစ်ပွဲက အမဲသားကျော်ဖြစ်ပြီး တခြားတစ်ပွဲကတော့ မှိုဟင်းချိုဖြစ်လေသည်။
စားပွဲထိုးဟာ အခန်းကနေထွက်သွားပြီးနောက် မော့ချီလင် ဟာ ကုနင်း အားစတင်ညဉ်းတွားလေတော့သည်။ "ကုနင်း၊ မင်းက နှစ်အနည်းငယ်အတွင်းနဲ့ ဘယ်လိုလုပ် အခုလိုအောင်မြင်လာတာလဲ။ တကယ့်ကို အံဩစရာပဲ"
ကုနင်းဟာသူ့ကိုဖြစ်ကြောင်း အကျဉ်းချုပ်ပြောပြလိုက်ပြီး မော့ချီလင်ဟာသူမကို အရင်ကထက်ပိုပြီး လေးစားသွားလေသည်။
"အို ကုနင်း၊ ငါနင်ကို ကိစ္စတစ်ခုပြောပြရဦးမယ်"ဟု ရုတ်တရက်ပဲ မော့ချီလင်ဟာလေးလေးနက်နက်ဖြစ်သွားလေသည်။
"ဘာကိစ္စလဲ" ကုနင်း မျက်ခုံးပင့်လိုက်လေသည်။
"ငါဟိုနေ့က ရုတ်တရက် မတော်တဆကြားမိတာ။ နင်နဲ့အတူသယ်လေ့ရှိတဲ့အရာတစ်ခုကြောင်း လူနှစ်ယောက်ကပြောနေပြီး လိုချင်နေကြတာ။ သူတို့က နင့်နောက်ကိုလိုက်ကြည့်ပြီး စောင့်ကြည့်ဖို့ရာတစ်စုံတစ်ယောက်လွှတ်လိုက်ပြီးပြီလို့လဲ ပြောသေးတယ်။ အဲဒီအရာကဘာလဲဆိုတာနဲ့ သူတို့ကဘယ်သူတွေလဲဆိုတာတော့ ငါလဲမသိပေမဲ့ နင့်အနေနဲ့ ဂရုစိုက်ရမယ်"
တကယ်တော့ ထိုအရာဟာ ဘာလဲဆိုတာ မော့ချီလင်ကသိလေသည်။ ထိုလူတွေဘယ်သူတွေလဲဆိုတာလဲ သူသိလေသည်။ သို့သော်လည်း သူဟာ ကုနင်းကိုပြောမပြနိုင်ပေ၊ မဟုတ်လျင် တကယ်လို့ အမှန်တရားသာပေါ်သွားရင် သူ့အနေနဲ့ ရှင်းပြရခက်မှာမလို့ဖြစ်သည်။
မော့ချီလင်ကမပြောပြတောင် သူဘာလို့လျှို့ဝှက်ထားတယ်ဆိုတာကို ကုနင်းကသိပြီးသားဖြစ်တာမလို့ သူ့ကိုသူမက ထပ်မေးမနေတော့ပေ။
"ကျေးဇူးပဲ။ ကျွန်မပိုပြီး ဂရုစိုက်ပါ့မယ်" ကုနင်းကသူ့ကိုကျေးဇူတင်လေသည်။
"အဲဒီလိုပြောဖို မလိုပါဘူး" မော့ချီလင်ဟာရှက်သွားပြီး ခေါင်းကိုကုတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပဲ သူဟာအနည်းငယ် အပြစ်ရှိသလို ခံစားနေရလေသည်။ သူဟာ ကုနင်းကိုမပြောနိုင်သလို ကူညီပြီးလဲ ထိုလူတွေကို တားမပေးနိုင်ပေ။ ထိုလူတွေက ကုနင်းကိုထိခိုက်အောင်မလုပ်ဖို့ပဲ သူ့အနေနဲ့ မျှော်လင့်နေနိုင်လေသည်။
ညစာစားပြီးနောက် သူတို့ဟာထွက်လာလေသည်။ မော့ချီလင်ဟာပိုက်ဆံသွားရှင်းပြီး ကုနင်းကတော့အရင်ထွက်လာလေသည်။ သို့သော်လည်း သူမထွက်လာလာချင်းပဲ တံခါးနားမှာရပ်နေတဲ့လူတစ်ယောက်ကို ကုနင်း သတိထားမိလေသည်။ တစ်ခုခုတော့မှားနေတာမလို့ သူမကသူ့ကိုတည်တည်ငြိမ်ငြိမ်ပဲ အကဲခတ်လိုက်လေသည်။
ထိုအမျိုးသားဟာ ဦးထုပ်ဆောင်းထားလျက် မျက်နှာဖုံးလဲတပ်ထားပြီး တစ်ချိန်လုံး ဂိတ်ပေါက်ဝကို ကြည့်နေတာဖြစ်သည်။ သူဟာ စိတ်လှုပ်ရှားနေပုံရပြီး သူ့မျက်လုံးတွေဟာလည်း လူသတ်ချင်စိတ်အပြည့်ဖြင့် ဖြစ်သည်။ ထို့အပြင် ထိုအမျိုးသားရဲ့ညာဖက်အင်္ကျီလက်ထဲမှာ ၂၀စင်တီမီတာရှည်တဲ့ အသီးလှီးတဲ့ဓားတစ်ချောင်းလဲရှိလေသည်။ ကြည့်ရတာ ထိူလူဟာ တစ်စုံတစ်ယောက်ကို လုပ်ကြံဖို့လာခြင်းဖြစ်သည်။
ထိုလူကို ကုနင်း အကဲခတ်ပြီးတာနဲ့တပြိုင်နက် ထိုလူဟာစတင်လှုပ်ရှားလာပြီး အသီးလှီးဓားကို ထုတ်လျက် လက်ထဲတွင်မြဲမြဲစုတ်ကိုင်ထားပြီး တံခါးဆီသို့ လျင်မြန်စွာလျှောက်လာနေလေသည်။
အဲဒီအချိန်တွင် တံခါးထဲကနေ လူငယ်အမျိုးသားနှစ်ယောက်ဟာ ထွက်လာခါစဖြစ်ပြီး အသီးလှီးဓားနဲ့လူဟာ ထိုနှစ်ယောက်ထဲက တစ်ယောက်ကို ပစ်မှတ်ထားနေတာ အသိသာပင်ဖြစ်သည်။
ဒီလူရဲ့လူသတ်ချင်ရတဲ့ ရည်ရွယ်ချက်ကို ကုနင်း ဟာမသိပေ။ သူဟာ လူကောင်းကိုသတ်ချင်နေတာလား ဒါမှမဟုတ် လူဆိုးကိုသတ်ချင်နေတာလားဆိုတာ မသိပေမဲ့လည်း ထိုသို့အခြေအနေကို မသိတာကြောင့်ပဲ သူမအနေနဲ့ တစ်ခုခုလုပ်ရမည်ဖြစ်သည်။
အမျိုးသားနှစ်ယောက်အတွက်တော့ ဒီမတော်တဆမှုဖြစ်သွားတာ ရုတ်တရက်ဖြစ်လေသည်။ သူတို့သတိထားမိတဲ့အချိန်မှာတော့ ဓားနဲ့လူဟာ သူတို့အနားကို ရောက်နှင့်နေပြီးဖြစ်လေသည်။ သူတို့ဟာ ရှောင်ရှားချင်သော်လည်း နောက်ကျသွားပြီမလို့ သူတို့ဟာ ကြောက်လန့်စွာ ဖြူစုတ်သွားလေသည်။
သူတို့ဘေးက လူတွေဟာလည်း ကြောက်လန့်ပြီး အေးခဲသွားကြလေသည်။ လူတစ်ချောင်းဟာ ဓားနဲ့ထိုးခါရတော့မှာကို မြင်တဲ့အခါ ကြောက်တတ်တဲ့လူတွေဟာ မျက်လုံးတွေကိုယ်စီပိတ်လိုက်ကြပြီး သွေးသဲရဲရဲမြင်ကွင်းကို မမြင်လိုကြပေ။
သို့သော်လည်း ထိုလူဟာသေတော့မည်ဟု လူတိုင်းကထင်လိုက်ချိန်မှာပဲ အသီးလှီးဓားဟာရပ်တန့်သွားလေသည်။ ထိုလူရဲ့ရင်ဘက်နဲ့ တစ်ဆယ်စင်တီမီတာအကွာသာ ကွာတာဖြစ်သည်။
သေးသွယ်တဲ့လက်တစ်ခုဟာ ဓားကိုင်ထားတဲ့လူရဲ့ လက်ကောင်ဝတ်ကို ဆွဲကိုင်လိုက်ပြီးနောက် "ဂျွတ်"ဆိုတဲ့အသံနဲ့အတူ ထိုလူရဲ့လက်ကောက်ဝတ်ဟာ အဆစ်လွဲသွားပြီး သူ့လက်ထဲက ဓားဟာမကိုင်ထားနိုင်တော့တာကြောင့် အောက်သို့ပြုတ်ကျသွားလေသည်။
နောက်တစ်စက္ကန့်တွင် ကုနင်း ထိုအမျိုးသားရဲ့ ဝမ်းဗိုက်ကိုကန်လိုက်လေသည်။ ထိုလူဟာ ဘေးသို့ကန်ခံလိုက်ရပြီး မြေကြီးပေါ်လဲကျသွားလေသည်။ အရမ်းနာကျင်လွန်းတာကြောင့် သူဟာ တစ်ခဏမျှ ထတောင်မထနိုင်တော့ပေ။
လူတွေ သတိပြန်ဝင်လာပြီးနောက် အကုန်လုံး အံဩသွားကြလေသည်။ ဒီကောင်မလေးက အရမ်းအံဩဖို့ကောင်းတာပဲ....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၂၈ ဒီလူနဲ့ပတ်သတ်ပြီးတစ်ခုခုတော့လွဲနေတယ်
ပြစ်မှတ်ထားခံရတဲ့လူဟာလည်း သတိပြန်ဝင်လာပေမဲ့လည်း လန့်နေဆဲဖြစ်လေသည်။ မြေကြီးပေါ်လဲကျနေတဲ့လူကို အေးစက်စွာကြည့်လိုက်ပြီးနောက် သူဟာချက်ချင်း ကုနင်း ကိုလှည့်ကာစိုက်ကြည့်လိုက်ပြီး သူမကိုကျေးဇူးအရမ်းတင်ကာ ကျေးဇူးတင်လိုက်လေသည်။ "မစ္စ၊ ကျေးဇူးအရမ်းတင်ပါတယ်။ တကယ်လို့မင်းကြောက်သာမဟုတ်ရင် ကျွန်တော် ဆိုးဆိုးရွားရွားဒဏ်ရာရသွားလောက်တယ်"
"ကိစ္စမရှိပါဘူး"
အဲဒီအချိန်တွင် မော့ချီလင်ဟာပိုက်ဆံရှင်းပြီးနောက် အပြင်ထွက်လာလေသည်။ အပြင်ဘက်ရှိအခြေအနေ မကောင်းတာကို သူသတိထားမိတဲ့အခါ သူကမေးလေသည်။ "ကုနင်း၊ ဘာဖြစ်တာလဲ"
ကုနင်း ပြောပြတာကိုတောင်မစောင့်ဘဲ သူဘေးရှိလူအကုန်လုံးက စတင်ပြောပြကြလေသည်။ "အဲဒီလူက ဒီလူကြီးလူကောင်းကို လုပ်ကြံချင်နေပေမဲ့ ဒီမိန်းမငယ်လေးက သူ့ကိုတားလိုက်တာ။ အဲ့တာကအရမ်း မယုံကြည်နိုင်စရာပဲ"
"ဟုတ်တယ်။ သူမက အရမ်းသတ္တိရှိတာပဲ"
"....."
ကုနင်းကိုလူတွေက ချီးကျူးနေတာကို ကြားတဲ့အခါ မော့ချီလင်ဟာဂုဏ်ယူသွားလေသည်။
တစ်ချိန်တည်းမှာပဲ လုပ်ကြံခံရတဲ့လူလိုပဲ သူဟာလည်းပဲ ထိုလူကိုစိုက်ကြည့်လိုက်လေသည်။
သို့သော်လည်း ထိုလူကတော့ ကုနင်းကိုသာ စိုက်ကြည့်နေလေသည်။ အဘယ်ကြောင့်ဆို ကုနင်းကြောင့်သာမဟုတ်ရင် သူအခုလိုမျိုး ကျရှုံးမှာမဟုတ်ပေ။ သူဟာ ဒေါသထွက်ပြီး ရလဒ်ကိုလက်မခံနိုင်ဖြစ်နေတာဖြစ်သည်။
ထိုလူရဲ့စိုက်ကြည့်တာကိုခံရတဲ့အခါ ကုနင်းဟာတည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။
အဲ့ဒီအချိန်တွင် ပြစ်မှတ်ထားခံရတဲ့လူဟာ အဖမ်းခံထားရတဲ့ ထိုလူဆီသွားကာ မျက်နှာဖုံးအားဆွဲချလိုက်လေရာ ထိုလူရဲ့မျက်နှာဟာ လူအကုန်လုံးမြင်ရသွားလေသည်။
ထိုလူရဲ့မျက်နှာဟာ အမာရွတ်တွေအပြည့်ဖြင့်ဖြစ်တာကြောင့် အနည်းငယ်ကြောက်စရာကောင်းနေရာ အကုန်လုံးဟာ ကြောက်ရွံစွာနဲ့ အသက်ပြင်းပြင်းရှုလိုက်ကြလေသည်။
ကုနင်း ကယ်လိုက်တဲ့လူဟာ ထိုလူမျက်နှာကိုမြင်သွားပြီးနောက် အံဩသွားဟန်ပြလေသည်။ "ယန်ကျွင်း မင်းလား"
နောက်တစ်စက္ကန့်တွင် ထိုလူဟာဒေါသဖြင့် တုန်ရီသွားလေသည်။ "ယန်ကျွင်း၊ မင်းကငါ့ညီအစ်ကိုဝမ်းကွဲမလို့ ငါမင်းကို အကြိမ်ကြိမ်အခါခါ တစ်ကြိမ်ပြီးတစ်ကြိမ်ခွင့်လွှတ်ပေးခဲ့ပေမဲ့ မင်းဘယ်တော့မှ မပြောင်းလဲလာဘူး။ ဒီတစ်ကြိမ်မင်းငါ့ကို သတ်ဖို့တောင် ကြိုးစားတယ်။ ငါမင်းကို တော်တော်စိတ်ပျက်သွားပြီ။ ဒီတစ်ကြိမ်တော့ ငါမင်းကိုခွင့်လွှတ်မပေးတော့ဘူး။ ငါမင်းကိုပြောင်းလဲလာအောင်မလုပ်နိုင်တာမလို့ ငါ့အစားထောင်ကိုပဲ ပြောင်းလဲခိုင်းတော့မယ်"
သူဟာထိုသို့ပြောပြီးတာနဲ့ ဖုန်းကိုထုတ်ကာ ရဲကိုအကြောင်းကြားလိုက်လေသည်။
ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်းဟာထိုလူအား အော်ဟစ်လေပေမဲ့လည်း သူ့ရဲ့အသံဟာ အက်ကွဲနေတာမလို့ သူဟာစကားတစ်လုံးတောင် အနိုင်နိုင်ထွက်နေရလေသည်။
ထိုအရာကိုမြင်တဲ့အခါ ကုနင်း မျက်မှောင်ကြုံ့သွားလေသည်။ ယန်ကျွင်းလို့ခေါ်တဲ့ဒီလူက တော်တော်တုံးအတာပဲ။
ယန်ကျွင်း ဆက်ပြီးရုန်းကန်ကာ အော်ဟစ်နေလေသည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ အရှက်ရမှုတွေနဲ့ အမုန်းတရားတွေပြည့်နေလေသည်။ သူဟာတစ်ခုခုကို ရုန်းကန်နေတာဖြစ်သည်။
အဲဒီအချိန်တွင် ယန်ကျွင်းဟာမတရားတစ်ခုခု ကြုံတွေ့ထားရပြီး ထိုမတရားမှုအတွက် သူဟာအပြစ်ခံရထားရမည်ဟု ကုနင်း ခံစားမိလေသည်။
ယန်ကျွင်းရဲ့မျက်နှာပေါ်ကဒဏ်ရာတွေဟာ ပစ်မှတ်ထားခံထားရတဲ့လူနဲ့ တစ်ခုခုပတ်သတ်မှုရှိရလိမ့်မည်။ အဲ့တာဆိုရင်တော့ ယန်ကျွင်းကဒီလူကိုသတ်ချင်တယ်ဆိုတာ နားလည်နိုင်လေသည်။
ယန်ကျွင်းရဲ့အပြုအမူဟာ တရားမဝင်ပေမဲ့လည်း တကယ်လို့သူတို့သာ မတရားခံထားရရင် ဘယ်သူမှ လက်စားချေဖို့ လက်လျော့မှာမဟုတ်ပေ။ အချို့ဟာအောင်မြင်ခဲ့ပြီး အချို့ကတော့ ကျရှုံးခဲ့လေသည်။
ယန်ကျွင်းဟာအခုချိန်မှာ သူ့အသက်ကိုတောင် ဂရုမစိုက်တော့တာမလို့ သူ့အနေနဲ့ ရွေးချယ်စရာမရှိတော့ဘဲ ဆင်ခြင်နိုင်ချေပျောက်ဆုံးသွားတာဖြစ်ရမည်။
ယန်ကျွင်းမှာထိုလူကိုအရင် ထိခိုက်အောင်လုပ်ရတဲ့ အခြေအနေတစ်ခုခု ရှိရပေမည်။ တကယ်လို့ ယန်ကျွင်းမှာသာရှိရင် သူဟာအပြစ်ပေးခံရသင့်လေသည်။
တကယ်လို့ ယန်ကျွင်းကသာမတရားခံထားရတဲ့လူဆိုရင် တကယ့်အပြစ်ရှိတဲ့လူကို အမှုကနေ လွှတ်အောင်လုပ်ပေးမိတဲ့ ကုနင်း အမှားဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်းကဘာဖြစ်တာလဲဆိုတာ စုံစမ်းဖို့ဆုံးဖြတ်လိုက်လေသည်။ အနည်းဆုံးတော့ သူမကြောင့်နဲ့ အခြားသူတွေကို ထိခိုက်အောင် မလုပ်နိုင်ပေ။
"ဆာရ်ကို ယန်ကျွင်းကဘာလို့သတ်ဖို့ ကြိုးစားတာလဲဆိုတာ မေးလို့ရမလား" ကုနင်းက သူမ,ကယ်လိုက်တဲ့လူကို မေးလိုက်လေသည်။ သူမဟာ သူ့ကိုမေးခွန်းထုတ်နေတာမဟုတ်ဘဲ အကြောင်းပြချက်ကို သိချင်နေတာဖြစ်သည်။ အခြားလူတွေဟာလည်းပဲ သိချင်နေလေသည်။
ထိုလူဟာ သူမရဲ့မေးခွန်းကို ဖြေဖို့မငြင်းဆန်ပေ။ သူဟာသက်ပြင်းချလိုက်ပြီးနောက် ဝမ်းနည်းစွာပြောလိုက်လေသည်။ "ယန်ကျွင်းကကျွန်တော့်ရဲ့တစ်ဝမ်းကွဲညီပါ။ သူငယ်ငယ်တုန်းက သူ့မိဘတွေဆုံးပါးသွားတယ်။ ကျွန်တော်မိဘတွေက သူ့ကိုမွေးစားထားတာ။ ကျွန်တော့်မိသားစုမှာ စီးပွားရေးလုပ်ငန်းရှိတယ်။ လုပ်ငန်းကသိပ်တော့မကြီးပေမဲ့လည်း ကျွန်တော်တို့မှာ ကြွယ်ဝမှု ယွမ်ဆယ်မီလီယံလောက်တော့ ရှိတယ်။ ကျွန်တော်တို့နဲ့ နှစ်ပေါင်းများစွာနေခဲ့တာနဲ့ပဲ ကျွန်တော်တို့နဲ့အတူ အမွေကိုခွဲဝေယူသင့်တယ်လို့ ယန်ကျွင်းကယုံကြည်နေတာ။ ကျွန်တော်မိဘတွေက သူ့ကိုပြုစုပျိုးထောင်ပေးခဲ့ပြီး ကျွန်တော်ကို ဆက်ဆံသလိုပဲ သူ့ကိုဆက်ဆံပေးခဲ့တယ်။ ကျွန်တော်မိဘတွေက သူ့ကိုပြည်ပမှာ ကျောင်းတောင်ဖို့တောင် ထားပေးခဲ့ပေမဲ့ သူကလုံးဝကျေးဇူးမတင်ဘူး။ ကျွန်တော်မိသားစုစည်းစိမ်ကို ခိုးယူဖို့အကြံအစည်ကို သူဘယ်တော့မှ လက်မလျော့ခဲ့ဘူး"
သူ့ရဲ့ရှင်းပြချက်ကိုကြားတဲ့အခါ လူတိုင်းဟာ သူ့အားစာနာကြပေမဲ့လည်း ထိုလူရဲ့ဝမ်းနည်းမှုဟာ ဟန်ဆောင်နေတာတစ်ခုလို့ ကုနင်း ခံစားရလေသည်။
"အွန့်-အွန်း...."
ယန်ကျွင်းဟာအရမ်းခေါင်းခါရမ်းပြနေလေသည်။ ထိုလူရဲ့ရှင်းပြချက်ကို ငြင်းဆန်နေပုံပေါ်လေသည်။
ထိုလူဟာ ဆက်လက်ပြောကြားလေသည်။ "လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော်မိဘတွေ ကားမတော်တဆမှုမှာ ဆုံးပါးသွားတယ်။ ယန်ကျွင်းက အဲဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်ရဲ့ချမ်းသာမှုတွေကို အရယူနိုင်ဖို့ ကျွန်တော့်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ သူဟာမအောင်မြင်ပေမဲ့လည်း ကျွန်တော်တို့ မိသားစုဆက်ဆံရေးကို ထောက်ထားပြီး ကျွန်တော်သူ့ကို ခွင့်လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့လည်း သူကလက်မလျော့ဘဲ ကျွန်တော့် ဆက်ပြီးပြဿနာရှာနေခဲ့တယ်...."
"အို၊ မင်းကအရမ်းသည်းခံလွန်းတာပဲ။ သူက မင်းရဲ့ညီဝမ်းကွဲဖြစ်ပေမဲ့လည်း သူကမင်းမိသားစုစည်းစိမ်တွေကို ခိုးယူဖို့ကြိုးစားသလို မင်းကိုတောင် သတ်ဖို့ကြိုးစားခဲ့တယ်။ တကယ်လို့ မင်းကသူ့ကို ခွင့်လွှတ်ပေးနိုင်ရင်တောင် ကိုယ့်အသက်ကို အန္တရာယ်ရှိအောင်လုပ်နေတာပဲ"
"ဟုတ်တယ်။ မင်းပြောပြသလောက်တော့ မင်းမိဘတွေရဲ့ ဆုံးပါးမှုက ဒီလူနဲ့တစ်ခုခုပတ်သတ်နေတယ်လို့တောင် ငါထင်တယ်"
"အဲ့တာဖြစ်နိုင်တယ်လို့ ငါလဲထင်တယ်"
"....."
ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်းဟာထိုလူရဲ့စကားကိုငြင်းဆန်ရန် သူ့ရဲ့ခေါင်းကိုဆက်ပြီး ရမ်းခါနေပေမဲ့လည်း ဘယ်သူမှသူ့ကို နားမလည်နိုင်ပေ။
ထိုလူဟာလက်မခံနိုင်တော့သည့်အလား ပိုပြီးဝမ်းနည်းလာလေသည်။ "ကျွန်တော်လဲ သံသယရှိပေမဲ့ သက်သေရှာမတွေ့ခဲ့ဘူး။ ယန်ကျွင်းက ကျွန်တော့်မိဘတွေ သေဆုံးမှုမှာ ပါဝင်ပတ်သတ်နေတယ်လို့ ကျွန်တော်လဲမယုံကြည်ချင်ဘူး"
ထိုလူဟာ ယန်ကျွင်းကိုကာကွယ်ပေးပုံပေါ်တာကြောင့် အခြားလူတွေရဲ့စာနာမှုကို ထပ်ရသွားသော်လည်း သူဟာကြောင်သူတော်ကြွက်သူခိုးလုပ်နေတယ်လို့သာ ကုနင်းကတော့ထင်သည်။
"အို၊ ယန်ကျွင်းရဲ့မျက်နှာက ဘာဖြစ်သွားတာလဲ" ကုနင်းကမေးလိုက်သည်။
ထိုအရာကိုကြားတဲ့အခါ ထိုလူရဲ့မျက်လုံးတွေထဲတွင် အပြစ်ရှိမှုတစ်ချက် ဖြတ်သွားလေသည်။ အခြားလူတွေဟာ မမြင်လိုက်ပေမဲ့လည ကုနင်းကမြင်လိုက်တာမလို့ ဒီလူဟာမမှန်ကန်မှန်း သူမကသေချာလေသည်။
"ကျွန်တော်လဲမသိဘူး"
သူ,မသိဘူးတဲ့လား။ ကုနင်း မယုံကြည်ပေ။ သိသာစွာပင် ဒီလူဟာ ဖြောင့်မတ်သူမဟုတ်ပေ။
အဲဒီအချိန်တွင် ရဲတွေရောက်လာပြီး ရဲဝန်ထမ်းဟာ ထိုလူနဲ့ရင်းနှီးတာကြောင့် အချင်းချင်းနှုတ်ဆက်ကြလေသည်။
ထို့နောက် ရဲဝန်ထမ်းဟာ ထိုလူအားဖြစ်ကြောင်းကုန်စင် မေးမြန်းလေသည်။ ထိုလူဟာသူ့ဘက်က အခြေအနေကိုပြောပြပြီး ရဲဝန်ထမ်းဟာ သူ့တို့ကိုသက်သေထွက်ဆိုရန် ရဲစခန်းကိုခေါ်သွားလေသည်။
ကုနင်းသည်လည်း ပါဝင်ပတ်သတ်နေတာကြောင့် သူမဟာလည်းပဲ ရဲစခန်းကိုခေါ်သွားခံရလေသည်။
မော့ချီလင်ကပါဝင်ပတ်သတ်မှု မရှိတာကြောင့် ကုနင်းကသူ့ကိုအိမ်ပြန်ဖို့ ပြောလိုက်လေသည်။
မော့ချီလင်ဟာ ကုနင်းကိုအနည်းငယ်စိုးရိမ်တာကြောင့် သူမနဲ့အတူသူကလိုက်ခဲ့ချင်ပေမဲ့လည်း ကုနင်းကသူ့ကိုအိမ်ပြန်ဖို့ တိုက်တွန်းလေသည်။ သူမအနေနဲ့ မေးခွန်းအချို့သာဖြေဖို့လိုပြီး သူမကဒီတိုက်ခိုက်မှုရဲ့ သားကောင်မဟုတ်တာမလို့ သူမဟာ အန္တရာယ်ကင်းလေသည်။
အဲ့တာဆိုရင်တော့ မော့ချီလင်အနေနဲ့ထွက်သွားဖို့သာ တတ်နိုင်ပေမဲ့လည်း သူမသာပြန်ထွက်လာရင် သူ့ကိုဖုန်းခေါ်တာ ဒါမှမဟုတ် စာတိုပို့ရန် သူက ကုနင်းအားသတိပေးလေသည်။ ကုနင်းကသဘောတူလိုက်လေသည်။
ကုနင်းမှာကားပါတာမလို့ သူမဘာသာသူမ ကားမောင်းသွားနိုင်လေသည်။ သူမက ဒီအမှုမှာ အရမ်းအရေးမကြီးတာကြောင့် ရဲတွေက သူမကိုထိုသို့လုပ်ခွင့်ပေးလိုက်တာမလို့ သူမကတကယ်တော့ မသွားလဲရလေသည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၂၉ အထူးဆက်ဆံမှုမလိုအပ်ပါ
ဘာပဲဖြစ်ဖြစ် တကယ်လို့ရဲတွေက သူမကိုတူတူသွားဖို့မပြောရင်တောင် သူမကသွားဦးမှာဖြစ်လေသည်။ မဟုတ်လျှင် သူမအနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။
ထို့အပြင် ထိုလူဟာရဲဝန်ထမ်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပုံပေါ်တာမလို့ ရဲဝန်ထမ်းဟာ သူ့ဘက်ကနေလိုက်မှာ သေချာလေသည်။ ယန်ကျွင်းဟာစကားမပြောနိုင်တာမလို့ ပြဿနာဖြစ်နိုင်လေသည်။
သူတို့ရဲစခန်းကိုမသွားမှီ ကုနင်းက ယန်ကျွင်းလက်ကိုနဂိုနေရာရောက်အောင် ပြန်ပြင်ပေးလိုက်လေသည်။
ယန်ကျွင်းဟာ ကုနင်းကိုကျေးဇူးမတင်ပေ။ ထို့အစား သူ့ရင်ထဲမှာ သူဟာ ကုနင်းကိုမုန်းတောင်နေလေသည်။ တကယ်လို့ သူမကြောင့်သာမဟုတ်ရင် သူ့လက်ဟာ လက်ဆစ်လွဲသွားမည်မဟုတ်ပြီး သူ့အနေနဲ့ လက်စားချေနိုင်မည်ဖြစ်သည်။
ယန်ကျွင်းရဲ့အကြံအစည်ကို သူမကဖျက်ဆီးလိုက်မှန်း ကုနင်းကနားလည်တာမလို့ သူမဟာ အနည်းငယ်အပြစ်ရှိသလို ခံစားရလေသည်။
ရဲစခန်းဟာသိပ်မဝေးတာမလို့ သူတို့ဟာသိပ်မကြာခင်မှာပဲ ရောက်လေသည်။
ကုနင်း ရဲစခန်းကိုရောက်တဲ့အခါ ရဲမေတစ်ယောက်က သူမကှိမှတ်မိသွားပြီး ရဲမေကမေးလေသည်။ "ခွင့်ပြုပါဦး။ ရှင်က မစ္စကု၊ ကုနင်းလား"
ရဲမေဟာစိတ်လှုပ်ရှားသွားလေသည်။ သိသာစွာပင် သူမက ကုနင်းရဲ့အခြားပရိသတ်တစ်ယောက် ဖြစ်လေသည်။
ကုနင်းမှန်းသူမကသေချာသော်လည်း ကုနင်း ပါးစပ်ကနေ သူမကအဖြေကို ကြားချင်နေတာဖြစ်သည်။
"ဟုတ်ပါတယ်။ ကျွန်မပါ" ကုနင်းကအနည်းငယ်ပြုံးလျက် ပြောလိုက်သည်။
"မစ္စကု၊ ကျွန်မက ရှင့်ရဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီး ရှင့်ကိုအရမ်းလေးစားနေတာ"ဟု ကုနင်းရဲ့မှန်ကန်ကြောင်း အဖြေရပြီးနောက် ရဲမေဟာ သူမရဲ့လေးစားမှုကို ချက်ချင်းဖော်ပြလေသည်။
အခြားသူတွေဟာ ကုနင်းကိုမသိတာမလို့ ဒီရဲမေရဲ့ အပြုအမူကို သူတို့ကအရမ်းစပ်စုကြလေသည်။
ပရိသတ်တဲ့လား။ ဒီကောင်မလေးက စတားတစ်ယောက်လား။
ကုနင်းကိုကြည့်ပြီးနောက် သူမကိုအရမ်းရင်းနှီးနေတယ်လို့ သူတို့ကအမှန်တကယ်ပင် ခံစားမိလေသည်။ သူမကို သူတို့က အင်တာနက်ပေါ်မှာ တွေ့ဖူးတာဖြစ်နိုင်လေသည်။
"အခုလိုချစ်ခင်ပေးမှုနဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ကုနင်းကပြုံးလျက် သူမကိုကျေးဇူးတင်လေသည်။
"မစ္စကု အဲဒီလိုမပြောပါနဲ့။ ကျွန်မအခု ဘာပြောရမှန်းတောင် မသိတော့ဘူး" ကုနင်းကအရမ်းယဉ်ကျေးတာကြောင့် ရဲမေဟာအနည်းငယ်တောင် ရှက်သွားလေသည်။ သူမရဲ့ အိုင်ဒေါဟာအရမ်းပေါင်းရသင်းရလွယ်တာမလို့ သူမဟာ ဂုဏ်ယူမိလေသည်။
"စကားမစပ်၊ မစ္စကု ရဲစခန်းကိုလာတာက တစ်ခုခုဖြစ်လို့လား။ တကယ်လို့အကူအညီလိုရင် ကျွန်မကိုပြောပါ" သူမတို့ဟာ ရဲစခန်းမှာဆိုတာကို သတိရသွားတဲ့အခါ ရဲမေဟာ သတိပြန်ဝင်လာလေသည်။ ကုနင်းအနေနဲ့ဒီကိုလာရအောင် တစ်ခုခုဖြစ်လို့ဖြစ်မည်။
"တစ်ခုခုတော့ဖြစ်ထားတယ်။ ဒါပေမယ့် ကျွန်မက ပါဝင်ပတ်သတ်နေတဲ့လူမဟုတ်ဘူး။ ကျွန်မက ဝင်တားလိုက်လို့ ဖြစ်ပျက်သမျှကို ပြန်သက်သေထွက်ပေးဖို့ လာတာ"
"အို"ဟု ထိုအရာကိုကြားတဲ့အခါ ရဲမေဟာ စိတ်အေးသွားပြီး ထို့နောက် ကုနင်းကိုခေါ်လာတဲ့ရဲဝန်ထမ်းကိုကြည့်ပြီး နှုတ်ဆက်ပေးလေသည်။ "ငါနင့်ကိုမိတ်ဆက်ပေးရဦးမယ်။ ဒါက ရှန်းနဉ်အုပ်စုရဲ့ဥက္ကဌ ကုနင်း"
သူတို့ဟာ ကုနင်းကိုခက်ခဲအောင်လုပ်မှာစိုး၍ ရဲမေက ကုနင်းကိုသူတို့နဲ့အရင်စပြီး မိတ်ဆက်ပေးတာဖြစ်သည်။
ရှန်းနဉ်အုပ်စုရဲ့ ဥက္ကဌ ဖြစ်တဲ့ ကုနင်းတဲ့လား။
ရုတ်တရက်ပဲ ကုနင်းကိုရင်းနှီးတယ်လို့ ထင်နေတဲ့ထိုလူတွေဟာ သူမဟာ ရှန်းနဉ်အုပ်စုရဲ့ ဥက္ကဌမှန်း သဘောပေါက်သွားလေသည်။
ချက်ချင်းပဲ လူတိုင်းဟာ စိတ်လှုပ်ရှားသွားကြလေသည်။ ကုနင်းကိုကြည့်ပြီး သူတို့ဟာ လေးစားမှုအပြည့်ဖြင့်ရှိနေလေသည်။
ကုနင်း ကယ်တာခံရတဲ့လူဟာလဲ အံဩသွားလေသည်။ သူမဟာ မမျှော်လင့်ထားစရာပင် ရှန်းနဉ်အုပ်စုရဲ့ ဥက္ကဌ ဖြစ်နေလေသည်။ သူဟာ ရှန်းနဉ်အုပ်စုရဲ့ ဥက္ကဌက ကယ်ဆယ်ခြင်းကို ခံထားရတာဖြစ်လေသည်။
ထိုလူဟာ ကုနင်းနဲ့ဆက်ဆံရေးရှိချင်ပြီး သူမဆီက အကူအညီလိုချင်တာကြောင့် အရမ်းပျော်သွားလေသည်။
ထိုလူမသိထားတာက ကုနင်းဟာ သူ့ကို ပစ်မှတ်ထားပြီးနေပြီဆိုတာပင်ဖြစ်သည်။ တကယ်လို့သူဘက်ကအရင်စပြီး ယန်ကျွင်းကိုချောက်တွန်းခဲ့တယ်ဆိုရင် သူ့အနေနဲ့ ထို့အတွက် ကြီးကြီးမားမားပြန်ပေးဆပ်ရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆို တကယ်လို့ ကုနင်းသာထိုလူကိုပြန်ပေးဆပ်ရအောင်မလုပ်ရင် ယန်ကျွင်းဟာ အစားအပြစ်ပေးခံရမည်ဖြစ်၍ဖြစ်သည်။ တကယ်လို့ ယန်ကျွင်းသာအရင်ချောက်တွန်းခံထားရတယ်ဆိုရင် ကုနင်းအနေနဲ့သူ့ကို ပြဿနာအဖြစ်မခံနိုင်ပေ။ သူမရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ယန်ကျွင်းကလက်စားမချေနိုင်လိုက်၍ဖြစ်သည်။ ကုနင်းအနေနဲ့ သူ့ကိုအတိုင်းအတာတစ်ခုထိ အကြွေးတင်နေမည်ဖြစ်သည်။
"တောင်းပန်ပါတယ်။ ဥက္ကဌကု မှန်းမသိ ကျွန်တော်တို့မသိလို့ပါ။ တကယ်လို့ ကျွန်တော်တို့အပြစ်လုပ်မိတာရှိရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
ကုနင်းရဲ့အဆင့်အတန်းကို သိသွားပြီးနောက် ကုနင်းကိုခေါ်လာတဲ့ရဲဝန်ထမ်းအချို့ဟာ သူမဟာ ချက်ချင်းတောင်းပန်လေသည်။
ကုနင်းရဲ့အဆင့်အတန်းဟာ သူတို့ထက် အများကြီးမြင့်တာမလို့ သူတို့ဟာ သူမကိုအပြစ်မလုပ်ရဲပေ။
ကံကောင်းစွာနဲ့ပဲ ကုနင်းနဲ့ဒီအမှုဟာ ပတ်သတ်မှုသိပ်မရှိပေ။ သူမရဲ့ နှုတ်ထွက်ဝန်ခံချက်ကိုသာ သူတို့လိုတာဖြစ်သည်။
"ကိစ္စမရှိပါဘူး"
ကုနင်းကစိတ်မဆိုးတာကို တွေ့တဲ့အခါ ရဲဝန်ထမ်းအချို့ဟာ စိတ်အေးသွားလေသည်။
သူတို့ဟာ ကုနင်းအပေါ်မရိုင်းပြပြီး သူတို့ရဲ့အလုပ်ကို ပြီးပျက်ဖို့ရန် သူမကိုခေါ်လာတာဖြစ်ပေမဲ့လည်း အချို့စွမ်းအားကြီးတဲ့လူအချို့ဟာ ထိုသို့မထင်ပေ။ ထိုအစား သူတို့ကိုအနိုင်ကျင့်ပြီး အရှက်ကွဲတယ်လို့ထင်ပြီး ပြဿနာရှာမှာဖြစ်သည်။ ရလဒ်အနေနဲ့ တောင်းပန်လိုက်တာဟာ ပိုကောင်းတယ်လို့ သူတို့ကထင်တာဖြစ်သည်။
"တကယ်လို့ မစ္စကုမှာလုပ်စရာကိစ္စတစ်ခုခုရှိရင် အရင်ပြန်နှင်လို့ရတယ်နော်။ တကယ်တော့ နှုတ်ထွက်ဝန်ခံချက်ပေးပေး မပေးပေး ပြဿနာမရှိပါဘူး" ရဲဝန်ထမ်းတစ်ယောက်ကပြောသည်။ အခုချိန်မှာ ကုနင်းရဲ့အဆင့်အတန်းကို သိသွားပြီးနောက် ကုနင်းရဲ့နှုတ်ထွက်ဝန်ခံချက်ဟာ မလိုအပ်တော့ပေ။
"ရပါတယ်။ ကျွန်မဒီကိုရောက်နေပြီးမှတော့ လုပ်ကြတာပေါ့။ ကျွန်မကို အထူးဆက်ဆံဖို့ မလိုပါဘူး"
သူမက ထိုသို့ပြောနေမှတော့ ထိုရဲဝန်ထမ်းတွေက ထပ်မပြောတော့ပေ။ သို့သော်လည်း ကုနင်းကြောင့် ရဲဝန်ထမ်းတွေဟာ သူတို့ကိုစစ်ဆေးမေးမြန်းခန်းကို မခေါ်သွားတော့ပေ။ ထိုအစား သူတို့ဟာ အစည်းအဝေးခန်းထဲတန်းသွားလိုက်ပြီး လဘက်ရည်နဲ့ဧည့်ခံလေသည်။
ယန်ကျွင်းနဲ့ထိုလူဟာ ကုနင်းနဲ့အတူကောင်းမွန်တဲ့ ဆက်ဆံခံရမှုကို မျှဝေကြပြီး သူတို့လဲ လဘက်ရည်ရကြပေမဲ့လည်း သူတို့သောက်တာမသောက်တာကတော့ သူတို့ကိစ္စဖြစ်လေသည်။
ဒီဝန်ခံထွက်ဆိုချက်ကို ဗွီဒွီယိုမှတ်တမ်းတင်ဖို့ တာဝန်ကျတာဟာ ရဲဝန်ထမ်းသုံးယောက်ဖြစ်လေသည်။ တစ်ယောက်က စစ်ဆေးမေးမြန်းတာကို တာဝန်ယူပြီး တစ်ယောက်ကတော့ မှတ်တမ်းတင်ကာ အခြားတစ်ယောက်ကတော့ ယန်ကျွင်းကိုစောင့်ကြည့်ပြီး ပြဿနာထပ်မရှာရန်တားဆီးဖို့ရာ တာဝန်ကျလေသည်။
သူတို့ကို စုံစမ်းမေးမြန်းတဲ့ ရှောက်ချန်းဟုအမည်ရသည့် ရဲဝန်ထမ်းဟာ ကုနင်း ကယ်လိုက်တဲ့လူရဲ့သူငယ်ချင်းဖြစ်သည်။
ရှောက်ချန်းသည် ကုနင်းကိုအကြာကြီးစောင့်ရအောင် မလုပ်ချင်တာကြောင့် သူဟာ ကုနင်းရဲ့မှတ်တမ်းတင်ချင်းအား အရင်လုပ်လေသည်။
ကုနင်းလည်း ယန်ကျွင်းကိုသူမ ဘယ်လိုသတိထားမိပြီး ထိုလူကိုဘယ်လိုကယ်ခဲ့လဲဆိုတာကို ပြောပြလေသည်။
သူမ,ပြောပြီးတာနဲ့ ရှောက်ချန်းဟာ ကုနင်းအားအရင်ထွက်သွားရန် အချက်ပြပေမဲ့လည်း ကုနင်းဟာမထွက်သွားပေ။ သူတို့ရဲ့ဝန်ခံချက်ကို နားထောင်ရန် သူမဟာ ဆက်နေနေလေသည်။
ကုနင်းကထိုသို့လုပ်ဖို့ ဆုံးဖြတ်လိုက်မှတော့ ရှောက်ချန်းလည်း ဆက်မပြောတော့ပေ။
ထို့နောက် ကုနင်း ကယ်တာခံရတဲ့လူ၍ နှုတ်ထွက်ဝန်ခံခြင်း စတင်လေစည်။
သူရဲ့နာမည်ဟာ ယန်စစ်ယွမ် ဖြစ်ပြီး ၂၆နှစ်ရှိပြီဖြစ်ကာ ကုမ္ပဏီတစ်ခုရဲ့ အထွေထွေမန်နေဂျာဖြစ်လေသည်။
ယန်ကျွင်း သူ့ကိုဘာလို့ လုပ်ကြံချင်ရလဲဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကုနင်းကိုစားသောက်ဆိုင်မှာ သူပြောပြခဲ့သမျှအား ထိုလူကပြန်ပြောပြလေသည်။ ယန်စစ်ယွမ်ရဲ့စကားကို နားထောင်ပြီးနောက် ယန်ကျွင်းဟာသူ့ရဲ့ခေါင်းကိုဆက်လက်ယမ်းခါလျက် အော်ဟစ်နေလေရာ ယန်စစ်ယွမ် ပြောသမျှကို ငြင်းဆန်နေတာ အသိသာပင်ဖြစ်သည်။
ကံဆိုးစွာနဲ့ပဲ ယန်ကျွင်းရဲ့အပြုအမူကို အခြားသူတွေဟာ နားမလည်ပြီး ရှောက်ချန်းဟာ ယန်ကျွင်းရဲ့ဆက်တိုက်အော်ဟစ်နေမှုအတွက် ငေါက်တောင်ငေါက်သေးလေသည်။
ကုနင်းမှာဝန်စွက်ဖက်ရန် ဆန္ဓမရှိတာမလို့ သူတို့ပြောသမျှကို တိတ်ဆိတ်စွာပင် နားထောင်နေလေသည်။
ယန်စစ်ယွမ် ပြောပြီးနောက် ယန်ကျွင်းရဲ့အလှည့်ဖြစ်လေသည်။ ယန်ကျွင်းသည် စကားမပြောနိုင်တာကြောင့် ရှောက်ချန်းရဲ့မေးခွန်းတွေကို ခေါင်းငြိမ့် ခေါင်းခါလုပ်၍သာ ဖြေနိုင်လေသည်။
ယန်စစ်ယွမ်အားလုပ်ကြံခဲ့လားဟု ယန်ကျွင်းအား ရှောက်ချန်းကမေးတဲ့အခါ ယန်ကျွင်းဟာသူရဲ့ခေါင်းကိုခါယမ်းပြီး ငြင်းဆန်ကာ အော်ဟစ်လေသည်။
"ယန်ကျွင်း၊ မင်းကအများပြည်သူနေရာမှာ အမှုကျူးလွန်ထားတာ။ လူတွေအများကြီးလဲ မြင်ထားပြီး သက်သေအဖြစ် လုံခြုံရေးကင်မရာတွေလဲ ရှိတယ်။ မင်းငြင်းဆန်ရဲသေးတယ်ပေါ့လေ" ရဲအရာရှိဟာ သူ့ရဲ့အပြုအမူကို မြင်ပြီးဒေါသထွက်လာလေသည်။
ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်းဟာသူရဲ့ခေါင်းကို ခါယမ်းပြီး ထပ်ပြီးခေါင်းငြိမ့်ပေမဲ့လည်း သူဘာကိုဆိုလိုချင်နေတယ်ဆိုတာ ဘယ်သူမှမသိပေ။
ယန်စစ်ယွမ်ကိုသူလုပ်ကြံတယ်ဆိုတဲ့အချက်ကို ယန်ကျွင်းကမငြင်းဘူးလို့ ကုနင်းကခံစားမိလေသည်။ ဒါပေမယ့် အဲ့တာကလွဲရင် သူဟာတခြားတစ်ခုခုကို ငြင်းဆန်နေတာဖြစ်သည်။ ထိုအရာဟာ ဘာမှန်းဆိုတာ ကုနင်း မသိပေ....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၁၃၀ လူချင်းလဲထားတာလား?
"ယန်ကျွင်းကစကားမပြောနိုင်နေမှတော့ တစ်ချိန်လုံး သူ့ခေါင်းကို ငြိမ့်တာ ခါယမ်းနေတာနဲ့ပဲ ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ သူ့ကို ချရေးခိုင်းလိုက်"ဟု ကုနင်းကပြောလေသည်။
တကယ်တော့ ကုနင်းအနေနဲ့ ယန်ကျွင်းကိုစကားပြောနိုင်အောင် ကူညီပေးနိုင်ပေမဲ့လည်း အခုချိန်ဟာ အချိန်ကောင်းမဟုတ်သေးပေ။
ထိုအရာကိုကြားတဲ့အခါ ယန်စစ်ယွမ်ဟာအနည်းငယ် စိတ်မငြိမ်ဖြစ်သွားပေမဲ့လည်း သူဟာမကြာခင်ပဲ ပုံမှန်ပြန်ဖြစ်သွားလေသည်။ သူဟာ ယန်ကျွင်းအားဝန်ခံချက်ကို မရေးခိုင်းစေချင်ပေမဲ့လည်း သူ့အနေနဲ့ တားလို့မရပေ။ တကယ်လို့ ယန်ကျွင်းအနေနဲ့ဝန်ခံချက်ကိုရေးပြီး အမှန်အတိုင်းပြောရင်တောင် ထိုအရာဟာမှန်ကန်ကြောင်း သက်သေပြစရာ သက်သေမရှိပေ။
ထို့အပြင် သူ့ရဲ့လူသတ်ရန်ကြံစည်မှုဟာ ငြင်းဆန်လို့မရတဲ့ အချက်ဖြစ်တာမလို့ ဘာပဲဖြစ်ဖြစ် ဥပဒေအရအပြစ်ပေးခြင်းကို သူ့အနေနဲ့ ရှောင်လွှဲလို့မရပေ။
သို့သော်လည်း ယန်ကျွင်းဟာ ကုနင်းအားအံဩသင့်စွာ ကြည့်လိုက်လေသည်။ ကုနင်း ဘာလုပ်ချင်လဲဆိုတာ သူ,မသိပေမဲ့လည်း သူမထိုသို့ပြောတာကိုကြည့်တာနဲ့တင် သူမကသူ့ကိုကူညီချင်နေတာ အသိအသာပင်ဖြစ်သည်။
သို့သော်လည်း ချက်ချင်းပဲ ယန်ကျွင်းဟာစိတ်ညစ်သွားပြန်လေသည်။ ကုနင်းရဲ့စကားဟာသူ့ကိုကူညီဖို့ပြောပေမဲ့လည်း တကယ်လို့သူမကြောင့်သာမဟုတ်ရင် သူ့အနေနဲ့ လက်စားချေပြီးနေပြီဖြစ်သည်။ ထို့အပြင် တကယ်လို့သူ့အနေနဲ့အမှန်အတိုင်းရေးရင်တောင် ဘယ်သူမှသူ့ကိုမယုံမှာဖြစ်သလို ကူညီမှာလဲမဟုတ်ပေ။ ထို့ကြောင့် တကယ်လို့သူ့ကိုချရေးဖို့ပြောရင်တောင် ထိုအရာဟာ အဓိပ္ပာယ်ရှိမှာမဟုတ်ပေ။
တကယ်လို့သူ့အနေနဲ့ မရေးဘဲနေချင်ပေမဲ့လည်း လက်မလျော့လိုတာကြောင့် ယန်ကျွင်းဟာရေးလေသည်။
ထို့နောက် ရှောက်ချန်းဟာဆက်လက်မေးမြန်းလေသည်။ "ယန်ကျွင်း၊ မင်း ယန်စစ်ယွမ်ကိုတိုက်ခိုက်ခဲ့လား"
ထိုအရာဟာ ပိုပြီးမသိသာနိုင်တော့ပေမဲ့လည်း ယန်ကျွင်း ဝန်ခံဖို့သူတို့အနေနဲ့ လိုသေးလေသည်။ သူသာ အမှုကိုဝန်ခံရင် ပိုပြီးလွယ်ကူသွားမှာဖြစ်သည်။
ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်းဟာချက်ချင်း မရေးသေးဘဲ ယန်စစ်ယွမ် အားစက္ကန့်အနည်းငယ် စိုက်ကြည့်ပြီးမှ ရေးလေသည်။
ကုနင်းနဲ့ ယန်ကျွင်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်နီးကပ်မနေပြီး ယန်ကျွင်း ဘာတွေရေးနေတယ်ဆိုတာ သူမအနေနဲ့ မမြင်နိုင်ပေမဲ့လည်း ကုနင်းမှာ ကျောက်စိမ်းမျက်ဝန်း တစ်စုံရှိလေသည်။ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံးသ၍ သူမသာ ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။ သို့သော်လည်း ယန်ကျွင်း ရေးထားတဲ့ဝန်ခံချက်ကို ဖတ်ပြီးတာနဲ့ ကုနင်း ဒေါသထွက်သွားလေသည်။
ယန်ကျွင်း စာရွက်ပေါ်မှာ ရေးထားတာကတော့: ငါသူ့ကိုတိုက်ခိုက်တယ်။ ဒါပေမယ့် ငါက ယန်စစ်ယွမ်။ သူကမှ ယန်ကျွင်း"
ယန်ကျွင်းက ယန်စစ်ယွမ်တဲ့လား။ ပြီးတော့ ယန်စစ်ယွမ်က ယန်ကျွင်းတဲ့လား။
တကယ်လို့ထိုအရာဟာ အမှန်ဆိုရင် ရုတ်ရုတ်သဲသဲဖြစ်သွားမည်ဖြစ်သည်။
ယန်ကျွင်း ရေးထားတဲ့ဝန်ခံချက်ကိုဖတ်ပြီးနောက် ရှောက်ချန်းဟာမရယ်ပဲမနေနိုင်ပေ။ "ယန်ကျွင်း၊ မင်းက ယန်စစ်ယွမ် ဖြစ်ပြီး ယန်စစ်ယွမ်က ယန်ကျွင်းလို့မင်းကပြောတယ်နော်။ မင်းငါ့တို့ကို နောက်နေတာလား။ အမှန်အတိုင်းပြောရရင် ယန်စစ်ယွမ်နဲ့ငါနဲ့က တက္ကသိုလ်မှာ အတန်းဖော်တွေမလို့ သူက ယန်စစ်ယွမ် ဟုတ်လားမဟုတ်လားဆိုတာ ငါသိတယ်"
ယန်စစ်ယွမ် ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်းအားအံဩစွာကြည့်ပြီး စိတ်မကောင်းဖြစ်စွာနဲ့ ဒေါသဖြစ်စွာ ပြန်ပြောလေသည်။ "ယန်ကျွင်း၊ မင်းဘယ်လိုတောင် အခုလိုပြောနိုင်တာလဲ။ ရူးနေတာလား"
သူ့အသံကတော့ “အန်-အန်-အန်...."ဟုသာ ထွက်ကာ ယန်ကျွင်းဟာခေါင်းကို ချက်ချင်းယမ်းပြီး အော်ဟစ်လေသည်။ တုန့်ဆိုင်းမနေဘဲ သူဟာဘောပင်ကိုကောက်ကိုင်ပြီး စာရွက်ပေါ်မှာ ဆက်ပြီးရေးလေသည်။
ယန်ကျွင်း ရေးလိုက်တာဟာ: ငါကတကယ် ယန်စစ်ယွမ် ပါ။ ယန်ကျွင်းနဲ့ငါ တက္ကသိုလ်စာမေးပွဲပြီး တက္ကသိုလ်မသွားခင် လူချင်းလဲလိုက်တာ။
ထိုအရာကိုဖတ်ပြီးတဲ့အခါ ရှောက်ချန်းဟာ ယန်စစ်ယွမ်အားအမှတ်မထင် ငဲ့ကြည့်လိုက်လေသည်။ သူဟာ ယန်ကျွင်းကိုမယုံကြည်ပေမဲ့လည်း တက္ကသိုလ်မတိုင်ခင် သူတို့ကြားဘာတွေဖြစ်ထားလဲဆိုတာ သူတကယ်မသိတာမလို့ အခုချိန်အတောအတွင်းတော့ သူဟာတိတ်ဆိပ်နေဖို့ ဆုံးဖြတ်လိုက်လေသည်။
သို့သော်လည်း ယန်စစ်ယွမ်ကတော့ ယန်ကျွင်းကိုဒေါသထွက်စွာ ငြင်းဆန်လေသည်။ "ယန်ကျွင်း တော်သင့်ပြီ။ ငယ်ငယ်ကတည်းက မင်းရဲ့အဆင့်တွေက ငါ့ထက်သာတယ်။ တက္ကသိုလ်စာမေးပွဲဖြေတဲ့နှစ်တုန်းကလည်း မင်းက နာမည်ကြီးကျောင်းတစ်ခုလက်ခံတာ ခံရခဲ့တယ်။ တကယ်လို့ ငါသာနာမည်ကြီးကျောင်းက လက်ခံတာခံရရင် မင်းနဲ့ဘာလို့ လူချင်းလဲမှာလဲ။ ငါ့ရဲ့လင်းလက်နေတဲ့ အနာဂတ်ကို ဘာကိစ္စ ဖျက်စီးရမှာလဲ"
ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်းဟာသူ့ရဲ့ခေါင်းကို ဆက်လက်ခါယမ်းလျက် ယန်စစ်ယွမ် အခုပြောလိုက်တာအား ငြင်းဆန်ပြီး အော်ဟစ်နေသေးလေသည်။
ရှောက်ချန်းဟာလည်း ယန်စစ်ယွမ်ကိုယုံကြည်သေးလေသည်။ သူပြောတဲ့အတိုင်း တကယ်လို့သူဟာ နာမည်ကြီးကျောင်းတစ်ခုက လက်ခံတာခံရရင် သူရဲ့အခွင့်အရေးကို အခြားသူကို ပေးမှာမဟုတ်ပေ။ ဘယ်သူကမှ သာမာန်ကျောင်းတစ်ခုအတွက် နာမည်ကြီးကျောင်းကို လဲမှာမဟုတ်ပေ။
သို့သော်လည်း ကုနင်းကတော့ထိုသို့မထင်ပေ။
အထက်တန်းကျောင်းပြီးနောက် သူတို့တကယ်ပဲ လူချင်းလဲလိုက်တယ်ဆိုရင် ယန်စစ်ယွမ်ရဲ့မိဘတွေက ယန်ကျွင်းကိုဖိအားပေးလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် ယန်ကျွင်းဘက်ကစပြီးစိတ်ပါစွာနဲ့ ယန်စစ်ယွမ်နဲ့လူချင်းလဲလိုက်တာဖြစ်မည်။
တကယ်လို့သူသာ ဖိအားပေးခံရတာဆိုရင် ယန်စစ်ယွမ်ဟာစာမေးပွဲမှာ မဖြေနိုင်ပြီး ယန်စစ်ယွမ်ရဲ့မိဘတွေဟာ ယန်စစ်ယွမ်ကိုနာမည်ကြီးတက္ကသိုလ်တစ်ခုအားသွားကာ အဆင့်မြင့်ပညာရေးကို သင်ကြားစေချင်၍ဖြစ်မည်။
ယန်ကျွင်း ဘာကြောင့်သဘောတူလဲဆိုရင် ယန်စစ်ယွမ်ရဲ့မိဘတွေက သူ့ကိုကျေးဇူးဆပ်ရန် ဖိအားပေးလို့ဖြစ်မည်။
တကယ်လို့ ယန်ကျွင်းဘက်ကအရင်လိုက်လျောစွာလဲဖို့လုပ်တယ်ဆိုရင်တော့ ယန်စစ်ယွမ်ရဲ့နေရာမှာ အစားထိုးရန် သူဟာထိုအချိန်ကတည်းက စဉ်းစားထား၍ဖြစ်မည်။ ဒီမှတ်ပုံတင်ကြောင့် သူ့အနေနဲ့ ယန်မိသားစုစည်းစိမ်ကို တရားမျှတစွာ ခိုးယူနိုင်၍ဖြစ်သည်။
လိုအပ်ချက်ကတော့ ယန်စစ်ယွမ်ရဲ့မိဘတွေဟာ မတော်တဆဖြစ်ရမည်ဖြစ်ပြီး သူတို့အနေနဲ့ သေတမ်းစာမချန်ထားခဲ့ရမယ်ဖြစ်ပြီး ယန်စစ်ယွမ်အစစ်ကို စည်းစိမ်တွေ ထားရစ်ခဲ့ရမည်ဖြစ်သည်။
ထို့အပြင် ယန်စစ်ယွမ်ရဲ့မိဘတွေဟာ အမှန်တကယ်ပင် မတော်တဆမှုဖြစ်ခဲ့ပြီး ကြည့်ရသလောက်တော့ သူတို့ဟာ ယန်ကျွင်းအတုဖြစ်တဲ့ ယန်စစ်ယွမ်အစစ်ကိုစည်းစိမ်တွေအကုန်ပေးတယ်ဆိုတဲ့ သေတမ်းစာမထားခဲ့ပုံရသည်။
ထိုသို့မဟုတ်လျှင် ယန်မိသားစုရဲ့ စည်းစိမ်တွေဟာ ယန်စစ်ယွမ် အတုဖြစ်တဲ့ ယန်ကျွင်းရဲ့လက်ထဲကို ကျရောက်သွားမှာမဟုတ်ပေ။
ယန်ကျွင်းရဲ့ထွက်ဆိုချက်ဟာ မှန်ကန်လား မမှန်ကန်လားဆိုတာ အတည်မပြုရသေးပေမဲ့လည်း ယန်ကျွင်းနဲ့ ယန်စစ်ယွမ်ရဲ့အပြုအမူကိုကြည့်ပြီး ကုနင်းဟာ ယန်ကျွင်းရဲ့စကားကို ပိုပြီးယုံလေသည်။
ဘာပဲဖြစ်ဖြစ် အဖြစ်မှန်ကိုသိရရန် ဆက်လက်စုံစမ်းဖို့ လိုသေးလေသည်။
ရှောက်ချန်းဟာ ယန်စစ်ယွမ်ကိုယုံကြည်သော်လည်း ကုနင်း ရှိနေတာကြောင့် ရှောက်ချန်းအနေနဲ့ ယန်စစ်ယွမ်ရဲ့ဘက်ကို မလိုက်ရဲတာကြောင့် သူ့အနေနဲ့ လက်ရှိအခြေအနေကို အရင်ဖြေရှင်းရမည်ဖြစ်ပြီး အခြားကိစ္စတွေကိုတော့ ပြီးမှဖြေရှင်းတာကောင်းမည်ဟု ခံစားမိလေသည်။
"ငါတို့အနေနဲ့ အဲ့တာကိုသက်သေပြဖို့ သက်သေလိုတယ်။ မင်းကအဲဒီလိုပြောနေမှတော့ ငါတို့အနေနဲ့ စုံစမ်းပေးမယ်။ ဒါပေမယ့် မင်းအမှုကျူးလွန်ထားတယ်ဆိုတာကတော့ ငြင်းပယ်လို့မရတဲ့အချက်ပဲ။ ထို့ကြောင့် မင်းဟာအခုပဲ အဖမ်းခံရပြီ" ရှောက်ချန်းဟာ ယန်ကျွင်းကိုပြောလိုက်ပြီး ယန်စစ်ယွမ်ဘက်သို့လှည့်ကြည့်ကာ "ငါတို့အနေနဲ့ ဆက်လက်စုံစမ်းဖို့အတွက် မင်းရဲ့ပူးပေါင်းပါဝင်ပေးမှုလိုအပ်တာမလို့ ငါတို့လိုအပ်ရင် မင်းအနေနဲ့ရှိနေပေးဖို့လိုတယ်"
သူဟာထိုသို့ပြောပေမဲ့လည်း သူတို့ပြီးနောက် တကယ်ပဲစုံစမ်းလား မစုံစမ်းလားဆိုတာတော့ စောင့်ကြည့်ရမည်ဖြစ်သည်။
"ကောင်းပြီလေ" ယန်စစ်ယွမ်ကပြောလေသည်။ သူဟာ ကုနင်း ရှိနေတာကြောင့် ရှောက်ချန်းကထို့သို့ပြောမှန်း သိလေသည်။
ယန်ကျွင်းလည်းပဲ ထိုအရာကိုသိတာမလို့ သူဟာ လက်မခံချင်ပေ။ သူ,မကျေနပ်ကြောင်းပြရန် ယန်စစ်ယွမ်ဟာဆက်ပြီးအော်ဟစ်လိုက်လေသည်။ သူဟာ မတ်တပ်ရပ်ရန်ပင် ကြိုးစားနေပြီး ယန်စစ်ယွမ်ကိုတစ်ခုခု လုပ်ချင်နေတာဖြစ်သည်။ သို့သော်လည်း သူ့ကို ရဲဝန်ထမ်းက ထိန်းချုပ်လိုက်ပြီး လုံးဝမလွတ်ပေ။
ကုနင်းဟာလည်းပဲ ထိုအရာကို ရှင်းရှင်းလင်းလင်းသိပေမဲ့လည်း အခုချိန်မှာ သူမဟာဘာမှမပြောပေ။
"မစ္စကု၊ ဒီနေ့အကူအညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ဒီအမှုမှာ ခဏတော့ ပြီးပြီလို့ထင်တယ်" ရှောက်ချန်းဟာမတ်တပ်ရပ်ပြီး ကုနင်းကိုပြောလိုက်လေသည်။
"ရပါတယ်။ အကူအညီပေးနိုင်လို့ ဝမ်းသာပါတယ်" ကုနင်းကပြောပြီး မတ်တပ်ရပ်လိုက်လေသည်။ သူမဟာ ယန်ကျွင်းကိုတချက်ငဲ့ကြည့်လိုက်ပြီးနောက် ရှောက်ချန်း ကိုကြည့်လိုက်လေသည်။ "စကားမစပ် ယန်ကျွင်းကတရားခံဆိုပေမဲ့ ကျွန်မသူ့ကိုခုနက ကန်ထားမိတယ်။ အဲဒီကန်ချက်က မပေါ့ဘူး။ သူဟာအခုချိန်မှာ အဆင်ပြေပုံရပေမယ့် သူ့အနေနဲ့ သေချာအောင် ဆေးရုံသွားပြီး စစ်ဆေးလိုက်တာကောင်းမယ်"
သူမဟာ သူ့ကိုလူဆိုးလို့ ခုနကသတ်မှတ်ထားတာကြောင့် သူမက သူ့ကိုကန်လိုက်တာ ပြင်းထန်လေသည်။
ယန်ကျွင်းဟာဒဏ်ရာပြင်းပြင်းထန်ထန် မရသွားပေမဲ့လည်း ဒဏ်ရာတော့ရသွားသည်ဖြစ်သည်။ တကယ်လို့ သူသာကုသမှုမခံယူရင် ယန်ကျွင်းရဲ့စိတ်ဆိုးနေမှုကြောင့် ဒဏ်ရာဟာ ပိုဆိုးလာနိုင်တာမလို့ ဆေးရုံကိုသွားလိုက်တာ အကောင်းဆုံးဖြစ်လေသည်။
တကယ်လို့အခုချိန်ဟာ သင့်တော်တဲ့အချိန်သာဆိုရင် ကုနင်း အနေနဲ့သူ့ကို စွမ်းအင်သလင်းကျောက် ပေးမည်ဖြစ်သည်။ သို့သော်လည်း တကယ်လို့ သူမက ယန်ကျွင်းကိုပေးရင်တောင် သူမကို သူကအခုမုန်းနေတာကြောင့် သူ့အနေနဲ့သောက်ချင်မှ သောက်လိမ့်ပေမည်။ သူဟာ သူမကိုယုံကြည်မှာ မဟုတ်ပေ....