← Chapters

အခန်း (၂၁၃၁-၂၁၃၆)

Vol. 130 Ch. 2131-2136

အခန်း (၂၁၃၁-၂၁၃၆)

Vol. 130 Ch. 2131-2136

အပိုင်း ၂၁၃၁ မင်းရဲ့ဆွေမျိုးကို ထောင်ချမလို့လား?

"ကျွန်တော်တို့ကို သတိပေးလို့ ကျေးဇူးပါ မစ္စကု။ ကျွန်တော်တို့ ဆေးရုံကိုပို့လိုက်ပါ့မယ်" ရှောက်ချန်းကပြောသော်လည်း ယန်ကျွင်း ပြင်းပြင်းထန်ထန်ဒဏ်ရာ ရသွားတာကို သူ,မမြင်တာကြောင့် သူ့မှာ ယန်ကျွင်းကိုဆေးရုံခေါ်သွားရန် စိတ်ကူးမရှိပေ။

ယန်ကျွင်းအမှုရဲ့ရလဒ်ဟာ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရလဒ်ထွက်လာတဲ့အထိ သူ့အနေနဲ့အဆင်ပြေရမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်းကသတိပေးမှတော့ သူ့အနေနဲ့ လစ်လျူရှုလို့မရတော့ပေ။ မဟုတ်လျှင် တကယ်လို့ မတော်တဆတစ်ခုခုသာဖြစ်သွားရင် သူ့တာဝန်ဖြစ်မှာဖြစ်သည်။

ထို့နောက် ယန်ကျွင်းအားထောင်ထဲသို့ခေါ်သွားပြီး ယန်စစ်ယွမ်နဲ့ ကုနင်းတို့ကတော့ ထွက်လာလေသည်။

"မစ္စကု၊ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အချိန်များရှိသေးလား။ တကယ်လို့ဖြစ်နိုင်ရင် ကျွန်တော် လက်ဘက်ရည်တစ်ခွက်လောက် တိုက်လို့ရမလား" ယန်စစ်ယွမ်က ကုနင်းကိုမေးသည်။ ကုနင်းရဲ့ကျေးဇူးကို ပြန်ဆပ်ရန် လက်ဘက်ရည်တစ်ခွက်ဟာ မလုံလောက်ပေမဲ့လည်း သူတို့ဟာအခုလေးတင် ထမင်းစားထားတာဖြစ်တာမလို့ ထပ်ပြီးမစားနိုင်တော့ပေ။ တကယ်လို့ သူသာသူမကို နောက်နေ့ထမင်းစားဖိတ်ရင်လဲ သင့်တော်မှာမဟုတ်ပေ။

"မစ္စတာယန် ကျေးဇူးတင်ဖို့ မလိုပါဘူး။ စိတ်မကောင်းပေမဲ့ ကျွန်မမှာဖြေရှင်းစရာကိစ္စလေးတွေရှိသေးလို့ မသောက်တော့ဘူး"

အငြင်းခံလိုက်ရတဲ့အခါ ယန်စစ်ယွမ် အနည်းငယ် စိတ်ပျက်သွားပေမဲ့လည်း သူဟာအတင်းမတိုက်တွန်းပေ။ "အဲ့တာဆိုရင်တော့ ကျွန်တော့်အနေနဲ့ အတင်းနေဖို့တိုက်တွန်းလို့ မရတော့ဘူး။ မစ္စကု ကကျွန်တော်အသက်ကို ကယ်ထားတာမလို့ ကျွန်တော်အနေနဲ့ ကျေးဇူးပြန်ဆပ်ရမယ်။ တကယ်လို့စိတ်မရှိရင် နာမည်ကဒ်ပေးလို့ရမလား။ အားတဲ့အခါကျရင် ကျွန်တော်တို့ ထမင်းအတူစားလို့ရတာပေါ့"

"မစ္စတာယန် အဲဒီလိုလုပ်ဖို့မလိုပါဘူး။ ဘိုင်-ဘိုင်"ဟု ကုနင်းကသူ့ကိုထပ်ပြီး ငြင်းပယ်ပြီးနောက် ကားထဲဝင်ကာ တန်းထွက်သွားလေသည်။

ယန်စစ်ယွမ်ဟာအရမ်းစိတ်ပျက်သွားပြီး ကြည့်ရတာအနည်းငယ်ပင် စိတ်ရှုပ်သွားပုံပေါ်ပေမဲ့လည်း သူဟာ ကုနင်းကိုစိတ်မဆိုးပေ။ ကုနင်းကသူ့အသက်ကို ကယ်ထား၍ဖြစ်သည်။

ကုနင်း ထွက်လာတာနဲ့တပြိုင်နက် Kကိုဖုန်းဆက်ပြီး ယန်ကျွင်းနဲ့ ယန်စစ်ယွမ်ကြားမှာ ဘာတွေဖြစ်ပျက်ထားလဲဆိုတာ စုံစမ်းခိုင်းလေသည်။

ယန်ကျွင်းရဲ့ခုနကဝန်ခံချက်ကနေ ယန်စစ်ယွမ်အကြောင်းအချက်အလက်တစ်ချို့ သူမကသိထားတာကြောင့် သူမတို့အနေနဲ့ ထိုအချက်အလက်ကနေ စတင်စုံစမ်းနိုင်လေသည်။

ယန်စစ်ယွမ်ရဲ့မိဘတွေသေဆုံးမှုဟာလည်း စုံစမ်းဖို့လိုလေသည်။ အဘယ်ကြောင့်ဆို ထိုအရာဟာ မတော်တဆမှုမဟုတ်ဘူးလို့ ကုနင်း ခံစားမိ၍ဖြစ်သည်။

ထို့နောက် ကုနင်းဟာ စစ်ဟယ်ယွမ်ကိုတန်းပြန်သွားလေသည်။

....

ယန်စစ်ယွမ်ဟာထွက်သွားပြီးနောက် သူလည်းပဲ ရှောက်ချန်းနဲ့အတူဖုန်းပြောလေသည်။ အဘယ့်ကြောင့်ဆို သူတို့အတွက် ရဲစခန်းမှာ အချို့ကိစ္စတွေကို ပြောဖို့ရာ အဆင်မပြေ၍ဖြစ်သည်။ သူထွက်လာပြီးမှသာ သူတို့အနေနဲ့ စကားပြောလို့ရလေသည်။

ယန်စစ်ယွမ်ဟာအကူအညီမဲ့စွာပြောလိုက်လေသည်။ "ရှောက်ချန်း၊ မင်းနဲ့ငါနဲ့ ခင်လာတာ နှစ်ပေါင်းများစွာကြာပြီ။ မင်းလဲ ငါ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ ယန်ကျွင်းကငါ့ကိုဒီနေ့ စွပ်စွဲထားတာတွေကြောင့် ငါအရမ်းဝမ်းနည်းတာပဲ"

"စစ်ယွမ်၊ မင်းဘယ်လိုလူစားလဲဆိုတာ ငါသေချာသိတာပေါ့။ ငါမင်းကိုယုံကြည်တယ်။ စိတ်မပူနဲ့ ယန်ကျွင်း လွတ်မှာမဟုတ်ဘူး" ရှောက်ချန်းကသူ့ကိုအားပေးရန် ပြောလိုက်သည်။ သူနဲ့ ယန်စစ်ယွမ်တို့ဟာခင်မင်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ယန်စစ်ယွမ်ကလည်းသူ့ကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့ဖူးလေသည်။ ထို့ကြောင့် သူဟာ ယန်စစ်ယွမ်အပေါ်အကြွင်းမဲ့ယုံကြည်လေသည်။

ရှောက်ချန်းကသူ့ကိုယုံကြည်မှန်း ယန်စစ်ယွမ်ကသိပေမဲ့လည်း ထိုယုံကြည်ချက်ဟာ ယန်ကျွင်း ပြောသမျှဟာ မှန်ကန်ကြောင်း သက်သေမရှိမှသာ ဖြစ်လေသည်။

ရှောက်ချန်းဟာ ယန်စစ်ယွမ်အားသူ့အနေနဲ့ သူ့ကိုယုံကြည်ကြောင်းပြောပေမဲ့လည်း ယန်ကျွင်း ပြောတာအမှန်ဟုတ်လား မဟုတ်လားဆိုတာ စုံစမ်းမယ် မစုံစမ်းဘူးဆိုတာ ဘာမှမပြောတာမလို့ ယန်စစ်ယွမ် စိုးရိမ်နေသေးလေသည်။ "စုံစမ်းစစ်ဆေးတာကြတာရော....."

"ငါမင်းကိုယုံကြည်မှတော့ ထပ်ပြီးဘာမှ စုံစမ်းနေဖို့မလိုတော့ဘူး။ အဲ့တာက အချိန်ကုန်တာပဲ အဖတ်တင်တယ်" ရှောက်ချန်းမှာထိုကိစ္စကို စုံစမ်းဖို့ရန် လုံးဝစိတ်ကူးမရှိပေ။

ထိုအရာကိုကြားတဲ့အခါ ယန်စစ်ယွမ် ဟာစိတ်အေးသွားလေသည်။

"သူ့ဘယ်တော့လောက် အပြစ်ကျနိုင်လဲ။ ယန်ကျွင်းကငါ့ရဲ့ညီတစ်ဝမ်းကွဲဆိုပေမဲ့လည်း သူ့အနေနဲ့ ဒီတစ်ခါတော့ အရမ်းလွန်သွားပြီး ဥပဒေတောင် ချိုးဖောက်ထားတယ်။ သူအခုချိန်ကနေစပြီး လူကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ ငါမျှော်လင့်တယ်" သူ့အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရသည့်အလား ယန်စစ်ယွမ်ကပြောလေသည်။ တကယ်တော့ သူ့အနေနဲ့ ညဘက်ပို‌ကောင်းကောင်း အိပ်ပျော်စေရန် ယန်ကျွင်းကိုသူက တရားဥပဒေအတိုင်း မြန်နိုင်သမျှမြန်မြန် အပြစ်ပေးခံရစေချင်နေတာဖြစ်သည်။

"ငါသူ့ကို ဆေးရုံမှာစစ်ဆေးမှုခံယူဖို့ အရင်ခေါ်သွားဦးမယ်။ သူအဆင်ပြေကြောင်း ငါသေချာတာ‌နဲ့ မနက်ဖြန်ကျရင် ငါ့အထက်လူကြီးကို သတင်းပို့လိုက်မယ်။ တကယ်လို့ ဘာမတော်တဆမှုမှ မဖြစ်ဘူးဆိုရင် သူ့အနေနဲ့ ၃ရက်အတွင်း အပြစ်ကျနိုင်တယ်"

"ကျေးဇူးပဲ"

"အဲဒီလိုပြောဖို့မလိုပါဘူး။ ငါတို့က သူငယ်ချင်းတွေပဲ။ ပြီးတော့ဒါက ငါ့အလုပ်ပဲဥစ္စာ"

ထို့နောက် ရှောက်ချန်းဟာ ယန်ကျွင်းအားဆေးရုံသို့ခေါ်သွားကာ ဆေးစစ်မှုလုပ်ပေးလေသည်။

ယန်ကျွင်းရဲ့ဒဏ်ရာဟာ အရမ်းမပြင်းထန်သလို အရမ်းလဲမသေးငယ်ပေ။ သူ့အနေနဲ့ ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ရန် တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် နေဖို့လိုသေးလေသည်။

အဲ့တာဆိုရင်တော့ ရှောက်ချန်းအနေနဲ့ ယန်ကျွင်းကိုစောင့်ကြည့်ရန် နေဖို့လိုသေးလေသည်။ မဟုတ်လျင် ယန်ကျွင်းသာတကယ်လို့ထွက်ပြေးသွားရင် သူ့အနေနဲ့ ဘယ်လိုလုပ်မလဲ။

.....

ကုနင်း စစ်ဟယ်ယွမ်ကိုပြန်ရောက်တဲ့အခါ ညမှောင်နေပြီဖြစ်သည်။ သူမဟာ ရှန်းကွမ်းယန်နဲ့စကားအနည်းငယ်ပြောပြီးနောက် ကျင့်ကြံရန် စတင်လေသည်။

နောက်တစ်နေ့မနက်ခင်းတွင် ကုနင်းဟာ K ဆီမှ စာတိုရရှိလေသည်။ သူရှာလို့ရသမျှ အချက်အလက်တွေအားလုံးဟာ Mailbox ဆီသို့ပို့ပေးပြီးပြီဖြစ်ကြောင်း K က သူမကိုပြောပြပြီးနောက် ကုနင်း ဖွင့်၍ဖတ်ရှု့လေသည်။

နှစ်ပေါင်းများစွာကြာပြီးတာမလို့ သဲလွန်စ အနည်းငယ်သာရှိသော်လည်း ယန်ကျွင်းနဲ့ ယန်စစ်ယွမ်တို့ဟာအမှန်တကယ်ပဲ လူစားလဲထားကြောင်း K က ရအောင်ရှာနိုင်သေးလေသည်။

သူတို့ရဲ့ တကယ့်မှတ်ပုံတင်အမှန်ကို သက်သေပြနိုင်တဲ့ တစ်ခုတည်းသော သ‌က်သေဟာ သူတို့အထက်တန်းကျောင်းမှာတုန်းက ရိုက်ထားတဲ့ ကျောင်းကွန်ပျူတာထဲက ဓာတ်ပုံဖိုင်နဲ့ ပညာရေးဌာန စနစ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ဖိုင်တွေသာရှိလေသည်။ ထို့ကြောင့် ကုနင်းဟာ K အား စနစ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး သတင်းအချက်အလက်များအား ခိုးယူခိုင်းထားတာဖြစ်သည်။

K အနေနဲ့ ‌ကွန်ပျူတာကနေ ရနိုင်လား မရနိုင်လားဆိုတာ ကုနင်း ကသိပ်မသေချာပေ။ တကယ်လို့ သူသာရှာမတွေ့နိုင်ရင် သူမအနေနဲ့ ကျောင်းကိုတိုက်ရိုက်သွားပြီးနှင့် ပညာရေးဌာနကိုသွားကာ ရယူနိုင်ပေသည်။

အဲ့တာဆိုရင်တော့ သူမတို့အနေနဲ့ ရဲဝန်ထမ်းရဲ့ အကူအညီလိုအပ်မှာ ဖြစ်သည်။ တကယ်လို့ အမှုအကြောင်းသာဆိုရင်တော့ သူတို့ဟာ ပူပေါင်းပေးလောက်ပေသည်။

သို့သော်လည်း ယန်ကျွင်းက ယန်စစ်ယွမ်နဲ့ လူစားလဲဖို့ရာ ဖိအားပေးခံရတာလား ဒါမှမဟုတ် လိုလိုလားလားလုပ်ထားတာလားဆို‌တာတော့ မသိရသေးပေ။ သူမတို့အနေနဲ့ သူတို့ကိုမေးပြီးမှ အဖြစ်မှန်ကို သိနိုင်ပေမည်။

တကယ်လို့ ယန်ကျွင်းကိုထိုသို့လုပ်ဖို့ ဖိအားပေးခံထားရတာဆိုရင်တော့ ယန်စစ်ယွမ်မှာအပြစ်ရှိပြီး သူ့ရဲ့လူမှန်နေရာမှန် နေရာကိုပြန်ရစရာ အကြောင်းမရှိပေ။ သို့သော်လည်း တကယ်လို့ ယန်မိသားစုရဲ့ စည်းစိမ်ကို ယန်ကျွင်းက အပိုင်ရယူလိုတာကြောင့်လုပ်တာဆိုရင်တော့ ယန်ကျွင်းရဲ့အမှားဖြစ်ပေသည်။

အခုချိန်မှာ သူတို့ဟာလူစားလဲထားပြီးဖြစ်တာကြောင့် တကယ့် ယန်စစ်ယွမ် အစစ်ကို အမွေရစေရန် ယန်စစ်ယွမ်ရဲ့မိဘတွေက စီစဉ်ထားခဲ့တာ မရှိဖူးဆိုတာ မဖြစ်နိုင်ပေ။ ထို့ကြောင့် တကယ်လို့ ယန်မိသားစုရဲ့စည်းစိမ်တွေဟာ ယန်စစ်ယွမ် အတုရဲ့လက်ထဲကို ရောက်သွားရင် ယန်စစ်ယွမ်ရဲ့မိဘတွေဟာ ထိုကိစ္စကို သေချာစီစဉ်ရန်အချိန်မရခဲ့လို့ဖြစ်မည်။

တကယ်လို့ ထိုအရာဟာ လုပ်ကြံထားမှုတစ်ခုဆိုရင်တော့ ယန်စစ်ယွမ်ရဲ့မိဘတွေဟာ ယန်စစ်ယွမ် အစစ်ကို အမွေရစေရန် သေတန်းစာရေးဖို့တွေးထားတာ ဒါမှမဟုတ် စီစဉ်ထားတာလဲ ဖြစ်နိုင်ပေမဲ့ ယန်ကျွင်း အတုဟာ ထိုအကြောင်းကို သိသွားလေသည်။ ထို့ကြောင့် သူ့မှာ ယန်စစ်ယွမ်ရဲ့မိဘတွေကို သတ်ပစ်ဖို့ရန် ရည်ရွယ်ချက်ရှိခဲ့ပြီး အောင်မြင်စွာလဲ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ရမည်။

တကယ်လို့ ယန်စစ်ယွမ် အတုမှာသာ ယန်မိသားစုရဲ့စည်းစိမ်တွေကို အပိုင်သိမ်းဖို့ဆန္ဒမရှိဘူးဆိုရင်တော့ ယန်မိသားစုရဲ့ စည်းစိမ်တွေဟာ အခုချိန်မှာ သူ့လက်ထဲမှာ ရှိမနေသင့်ပေ။

ရဲစုံစမ်းချက်ဖိုင်ထဲတွင် ယန်စစ်ယွမ်ရဲ့မိဘတွေရဲ့ သေဆုံးမှုဟာ ကားမတော်တဆမှုကြောင့်ဖြစ်ပြီး မတော်တဆမှုလို့ သတ်မှတ်ထားနိုင်ပေမဲ့လည်း ကုနင်းကတော့မယုံကြည်ပေ။ ရဲတွေအနေနဲ့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မစုံစမ်းနိုင်၍ဖြစ်သည်။

အချို့အရာတွေကို လျှို့ဝှက်ပြီးလုပ်ထားခဲ့ရင် ရဲတွေအနေနဲ့ အဖြစ်မှန်ကို ရှာတွေ့မှာ မဟုတ်ပေ။

ပြဿနာက တစ်နှစ်ကြာပြီးနေတာမလို့ လုံခြုံရေးကင်မရာမှတ်တမ်းတွေဟာ ဖျက်ပြီးနေလောက်ပေမည်။ ထို့ကြောင့် ယန်စစ်ယွမ် အတုနဲ့ပတ်သတ်နေလား မပတ်သတ်ဘူးလားဆိုတာကိုသိရန် ဆက်လက်စုံစမ်းရန် လိုအပ်လေသည်။ တကယ်လို့ စုံစမ်းစစ်ဆေးခြင်းမအောင်မြင်ရင်တော့ လုပ်လို့ရနိုင်တာတစ်ခုကတော့ ဝန်ခံအောင် ဖိအားပေးရမည်ဖြစ်သည်။

မနက်စာစားပြီးနောက် သူမ,မနေ့ကသွားခဲ့တဲ့ ရဲစခန်းကို ကုနင်း ကားမောင်းသွားလေသည်။ သူမဟာ ယန်စစ်ယွမ် အစစ်ဖြစ်တဲ့ ယန်ကျွင်းကိုတွေ့ချင်နေတာဖြစ်သည်။

ရဲစခန်းကိုရောက်ပြီး ရှောက်ချန်းနဲ့အဆက်အသွယ်ရပြီးနောက် ကုနင်းဟာ ယန်ကျွင်း အတုနေနေတဲ့ ဆေးရုံနဲ့ လူနာဆောင် အကြောင်းသိသွားလေသည်။

ရှောက်ချန်းဟာအများကြီး မတွေးပေ။ ကုနင်းက ယန်ကျွင်းကိုလာကြည့်တာလို့သာ ထင်လေသည်။ ယန်ကျွင်းဟာသူမကြောင့် ဒဏ်ရာရထားတာ‌ဖြစ်တာကြောင့်မလို့ ကုနင်းကသူ့ကိုတွေ့ချင်တာဟာ နားလည်လို့ရပေသည်။ ထို့ကြောင့် ရှောက်ချန်းဟာထိုအကြောင်းကို ယန်စစ်ယွမ်အားမပြောပြလိုက်ပေ....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၃၂ မင်းစကားတွေကိုယုံတယ်

သိပ်မကြာခင်မှာပဲ ကုနင်း ဆေးရုံကို ရောက်လာပြီး ယန်ကျွင်း အတုနေနေတဲ့ လူနာဆောင်သို့ သွားလေသည်။

ယန်ကျွင်း အတုဟာ ကုနင်းကိုတွေ့တဲ့အခါ သူ့ရဲ့အခုလိုအခြေအနေဆိုးဟာ ကုနင်းကြောင့်ဖြစ်ထားတာမလို့ သူဟာအရမ်း‌စိတ်မကျေမနပ် ဖြစ်သွားလေသည်။

သူဟာ ထွက်ပြေးတာ ဒါမှမဟုတ် ရုန်းကန်တာ မလုပ်ချင်တာမဟုတ်ဘဲ ဆေးရုံကုတင်ကို လက်ထိပ်ခပ်ထားခံရတာကြောင့် ထွက်မပြေးနိုင်နေတာဖြစ်လေသည်။ သူဟာ ဆိုးဝါးစွာ ခံစားနေရတာ‌ဖြစ်လေသည်။

"သူဘယ်လိုနေသေးလဲ အရာရှိရှောက်"ဟု ကုနင်း မေးလိုက်သည်။

"ဘာမှကြီးကြီးမားမား မဖြစ်သွားပါဘူး။ ဒါပေမယ့် ဆေးရုံမှာ စောင့်ကြည့်ဖို့ တစ်ရက်-နှစ်ရက်လောက်တော့ နေရဦးမယ်"

"ကျွန်မသူနဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား"

"အာ...."ဟု ထိုအရာဟာ အနည်းငယ်ခက်ခဲတယ်ဟု ရှောက်ချန်းခံစားမိပြီး ကုနင်းက ယန်ကျွင်းနဲ့ဘာကြောင့် နှစ်ယောက်တည်း စကားပြောချင်လဲဆိုတာနဲ့ သူတို့ဘာတွေပြောဖို့ လိုလဲဆိုတာကို သိချင်သွားလေသည်။ သို့သော်လည်း သူဟာ ကုနင်းကိုမငြင်းဆန်ရဲပေ။

"အန်-အန်-အန်....."ဟု ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်း အတုဟာ အော်ဟစ်ပြီး ငြင်းဆန်လေသည်။ သူ့မှာ ကုနင်းနဲ့ပြောစရာ ဘာမှမရှိပေ။

ရှောက်ချန်းဟာအခန်းထဲက ထွက်လာပြီး တံခါးပိတ်လိုက်လေသည်။

ကုနင်းဟာ ယန်ကျွင်း အတုဆီသို့ လျှောက်သွားပြီး အသံတိုးတိုး၊ လေးနက်စွာနဲ့ အာဏာပါပါပြောလိုက်လေသည်။ "ရှင်ပြောတာတွေကို ကျွန်မယုံကြည်တာမလို့ ရှင့်ကိုယ်ရှင် အပြစ်လွတ်ချင်ရင် တိုးတိုးနေ"

ယန်ကျွင်း အတုဟာထိုအရာကိုကြားတဲ့အခါ အနည်းငယ်ကြောင်သွားလေသည်။ သူ့စကား ကုနင်းဟာယုံကြည်မယ်လို့ သူကမမျှော်လင့်ထားပြီး ကြည့်ရတာ သူ့ကိုအပြစ်လွတ်ရန် သူမကကူညီပေးမဲ့ပုံပေါ်လေသည်။

သူဟာ ထိုသို့ဖြစ်ဖို့ မျှော်လင့်နေသော်လည်း ကုနင်း ပြောတာ မှန်လားမမှန်လားဆိုတာ သူ့အနေနဲ့ သံသယဝင်နေသေးလေသည်။

ယန်ကျွင်း အတုရဲ့မျက်နှာပေါ်က သံသယဝင်နေတဲ့ အကြည့်ဟာအရမ်းသိသာနေတာမလို့ ကုနင်း ဟာမြင်နိုင်ပြီး ရှင်းပြလေသည်။ "ရှင်ကျွန်မကြောင့် လက်စားချေတာ မအောင်မြင်လိုက်ဘူး။ တကယ်လို့ ရှင့်သာ မတရားခံထားရတယ်လို့ ခံစားနေရရင် ရှင်လက်စားပြန်ချေနိုင်ဖို့ ကျွန်မအနေနဲ့ တာဝန်ယူပေးရမှာပဲ"

ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်း အတုဟာ သံသယဝင်နေတာ လျော့သွားပြီး သူ့မျက်နှာပေါ်မှာ မျှော်လင့်ချက်တွေ ထပ်ပေါ်လာလေသည်။

ကုနင်းရဲ့အဆင့်အတန်းကို သူသိတာကြောင့် တကယ်လို့ သူမသာ ကူညီချင်ရင် သူမဟာ အောင်မြင်အောင်လုပ်နိုင်မယ်လို့ သူယုံကြည်လေသည်။

"တကယ်လို့ ရှင်သာကျွန်မကို ယုံကြည်ရင် မေးခွန်းအချို့အရင်ဖြေ။ ရှင်ခေါင်းကို ညိမ့်တာ ရမ်းတာပဲလုပ်"

ကုနင်းအနေနဲ့ ယန်ကျွင်း အတုကိုစကားပြောနိုင်အောင် လုပ်နိုင်သော်လည်း သူမဟာ ထိုသို့မလုပ်ပေ။ အဘယ်ကြောင့်ဆို ယန်ကျွင်း အတုဟာ သူ့ရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်ရင် တကယ်လို့ ရှောက်ချန်းသာသိသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်မှာကို သူမကစိုးရိမ်နေတာဖြစ်သည်။

ယန်ကျွင်း အတုဟာ ကုနင်းကိုလုံးဝမယုံကြည်သေးသော်လည်း သူဟာ အပြစ်လွတ်ချင်တာကြောင့်မလို့ ထိုအရာကိုတွေးကြည့်ပြီး ကုနင်းကိုတစ်ခေါက်လောက် ယုံကြည်ရန် ဆုံးဖြတ်လိုက်တာမလို့ သူဟာ ကုနင်း အားခေါင်းငြိမ့်ပြလေသည်။

"ရှင်နဲ့ ယန်ကျွင်း ကတကယ်ပဲ ညီအစ်ကိုတစ်ဝမ်းကွဲတွေလား"

ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်း အတုဟာ ခေါင်းညိမ့်လိုက်လေသည်။

"သူ့မိဘတွေက သူငယ်ငယ်တုန်းက ဆုံးပါးသွားတာမလို့ ရှင့်မိဘတွေက သူ့ကိုမွေးစားထားတာဟုတ်တယ်နော်" ကုနင်းကထပ်မေးလေရာ ယန်ကျွင်း အတုဟာ ခေါင်းထပ်ညိမ့်လေသည်။

"ရှင့်မိဘတွေက သူနဲ့ရှင်လူစားလဲဖို့အတွက် သူ့ကိုဖိအားပေးခဲ့တာလား"

ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်း ရဲ့မျက်နှာပေါ်မှာ အပြစ်ရှိစိတ်တစ်ချက် ဖြတ်သွားသော်လည်း သူဟာခေါင်းညိမ့်သေးလေသည်။

"ဒါဆိုရှင်က ယန်စစ်ယွမ်ဆိုတဲ့နေရာမှန်ကို ပြန်လိုချင်တာလား"

ယန်ကျွင်း အတုဟာ ခေါင်းကို ခါယမ်းလိုက်လေသည်။

"ဒါဆိုရင် ရှင့်မိဘတွေရဲ့ စည်းစိမ်တွေကို ပြန်လိုချင်တာလား"

ယန်ကျွင်း အတုဟာ ခေါင်းညိမ့်လေသည်။

"ယန်ကျွင်းကရှင့်မျက်နှာနဲ့ လည်ပင်းကို ဒဏ်ရာရအောင် လုပ်ထားတာလား"

ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်း အတုဟာ ရုတ်တရက်မျက်‌နှာရှုံ့သွားပြီး မကျေနပ်ချက်တွေပြင်းထန်စွာပြလျက် ခေါင်းကို အပြင်းအထန်ညိမ့်လေသည်။

"ရှင့်မိဘတွေရဲ့ သေဆုံးမှုက မတော်တဆမှုလား"

"အာ..."

ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်း အတုဟာ ကြမ်းတမ်းစွာအော်ဟစ်လျက် သူ့ရဲ့ခေါင်းကို ရမ်းခါနေလေသည်။

သူ့ရဲ့မိဘတွေ သေဆုံးမှုဟာ မတော်တဆမှု မဟုတ်ပေ။

"တိတ်တိတ်နေ" ကုနင်းက ယန်ကျွင်း အတုကိုစိတ်လျော့သွားစေရန် စွမ်းအားပြင်းတဲ့အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ငေါက်လိုက်လေသည်။

ယန်ကျွင်း အတုရဲ့စိတ်အခြေအနေကို သူမအနေနဲ့ နားလည်သော်လည်းပဲ အခုချိန်မှာ သူ့အနေနဲ့ အထိန်းအချုပ်မဲ့သွားလို့ မရပေ။ အပြင်ဘက်မှာရှိတဲ့ ရှောက်ချန်းသာသိသွားရင် ပြဿနာတွေတက်လာနိုင်၍ဖြစ်သည်။

ကုနင်းရဲ့ငေါက်လိုက်မှုဟာ ပြင်းထန်တဲ့ဖိအားပါ ပါဝင်နေတာမလို့ ယန်ကျွင်း အတုဟာ ကြက်သီးထသွားပြီး ချက်ချင်းပဲ တိတ်ဆိတ်သွားလေသည်။

"တကယ်လို့ ရှောက်ချန်းကိုမသိစေချင်ရင် ရှင့်စိတ်ကိုရှင်ထိန်း" ကုနင်းကသတိပေးလေသည်။

ယန်ကျွင်း အတုဟာ ခေါင်းကိုငြိမ့်လိုက် နားလည်ကြောင်း ပြလေသည်။

ယန်ကျွင်း အတုဟာ ထိန်းချူပ်မှုလွတ်သွားတာကြောင့် သူ့မိဘတွေရဲ့ သေဆုံးမှုဟာ မတော်တဆမှု မဟုတ်ဘူးဆိုတာကို ကုနင်း သဘောပေါက်သွားလေသည်။

ကြည့်ရတာ ယန်ကျွင်းနဲ့ဒီကိစ္စဟာ တစ်ခုခု ပတ်သတ်နေပုံပေါ်လေသည်။

"ရှင့်မိဘတွေရဲ့ သေဆုံးမှုက ယန်ကျွင်းနဲ့တစ်ခုခု ပတ်သတ်နေလား” ကုနင်းကထပ်မေးလေသည်။

ဒီတစ်ကြိမ်တွင် ယန်ကျွင်း အတုဟာ သူ့ရဲ့စိတ်ကို ထိန်းချုပ်ထားပြီး ခေါင်းကိုပြင်းထန်စွာ ငြိမ့်လေသည်။ သို့သော်လည်း တကယ်လို့ ယန်ကျွင်း အစစ်ရဲ့လက်ချက်ဆိုရင်တောင် သူ့မှာသက်သေပြစရာ သက်သေမရှိပေ။ တကယ်လို့ ယန်ကျွင်း အတုမှာသာ သက်သေရှိရင် ယန်ကျွင်း အစစ်ဟာ လွတ်မှာတောင်မဟုတ်ပေ။

"ကျွန်မမှာ အခုရှိတဲ့သက်သေဆိုလို့ ရှင်နဲ့ ယန်ကျွင်းတို့လူချင်းလဲထားတယ်ဆိုတဲ့ သက်သေပဲရှိတာ။ အခြားဘာသက်သေမှ မရှိဘူး။ တကယ်လို့ ရှင်အခြားသက်သေတွေ မရှာနိုင်ရင် ယန်ကျွင်း ဝန်ခံလာအောင်ပဲ ရှင့်အနေနဲ့ လုပ်လို့ရမယ်"

ထိုအရာကိုကြားတဲ့အခါ ယန်ကျွင်း အတုဟာ စိတ်မကောင်းဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆို တကယ်လို့ သက်သေသာမလုံလောက်ရင် ယန်ကျွင်းကိုတရားဥပဒေအရ အပြစ်ပေးဖို့ရာ ခက်ခဲမည်ဖြစ်၍ဖြစ်သည်။

ယန်ကျွင်း ကိုယ်တိုင်က ဝန်ခံအောင်လုပ်ဖို့ရာဟာလဲ လုံးဝဖြစ်နိုင်မှာမဟုတ်ပေ။

ယန်ကျွင်းကအသေသာခံမယ် မပြောဘူးလုပ်တာမျိုး မရှိရင် ကုနင်းမှာသူမရဲ့နည်းလမ်းနဲ့ သူမရှိလေသည်။ သေမှာမကြောက်တဲ့ လူအနည်းငယ်သာ ရှိ၍ဖြစ်သည်။

ထို့အပြင် ယန်ကျွင်းဟာ ယန်စစ်ယွမ်နဲ့လူချင်းလဲထားကြောင်း ငြင်းဆန်တဲ့အပြင် သူ,မပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလဲ ခိုးထားလေသည်။ ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို ထိုအရာနဲ့တင် ပြသနေပြီဖြစ်တာမလို့ ထိုအရာက သူရဲ့လူတွေကို ထိခိုက်အောင်လုပ်ရတဲ့ အကြောင်းအရင်းဖြစ်သွားကာ အဓိပ္ပာယ်လဲရှိလေသည်။

"ကျွန်မရှင်နဲ့ အခုအချိန်အကြာကြီး စကားပြောလို့မရဘူး မဟုတ်ရင် ရှောက်ချန်းကသံသယဝင်သွားလိမ့်မယ်။ တကယ်လို့ ရှင်သာကျွန်မကို ယုံကြည်မယ်ဆိုရင် ကျွန်မဆီက သတင်းကိုစောင့်"

ယန်ကျွင်း အတုဟာ ချက်ချင်းခေါင်းငြိမ့်လိုက်လေသည်။ ရှောက်ချန်းကသူ့ကိုကူညီဖို့ရာ မဖြစ်နိုင်တာမလို့ ကုနင်းကိုယုံကြည်ဖို့ရာကလွဲပြီး သူ့မှာအခြားရွေးချယ်စရာ မရှိတော့ပေ။ တကယ်လို့ သူသာ ကုနင်းကိုယုံကြည်ဖို့ရွေးချယ်လိုက်ရင် သူ့မှာအပြစ်လွတ်ဖို့ရာ အခွင့်အရေး ရှိသေးလေသည်။

"ရှင့်လုံခြုံရေးအတွက် ဆေးရုံကို ကျွန်မလူတစ်ချိူ့လွှတ်ပြီး ကာကွယ်‌ခိုင်းဖို့ စီစဉ်ထားတယ်။ ပြီးတော့ ရှင့်ကိုအခြားလူတွေ တိုက်ခိုက်တာကနေ ကာကွယ်နိုင်ဖို့ ဒီမှာ ကင်မရာအသေးစားလေးတစ်ခုလဲ တပ်ဆင်ဖို့ လိုသေးတယ်။ ရှင်ဘယ်လိုထင်လဲ" ကုနင်းကမေးသည်။ သူမဟာ အန္တရာယ်ကင်းဖို့ ထိုသို့လုပ်နေတာဖြစ်သည်။

ယန်ကျွင်း အတုဟာ ခေါင်းကိုငြိမ့်လိုက်လေသည်။ သူဟာ စောင့်ကြည့်ခံရတဲ့အတွက် သက်တောင့်သက်သာ မရှိသော်လည်းပဲ သူ့ရဲ့လုံခြုံရေးအတွက် သဘောတူရလေသည်။

ထို့နောက် လျှို့ဝှက်တဲ့နေရာတစ်ခုမှာ ကုနင်းဟာကင်မရာကို တပ်ဆင်လိုက်လေသည်။

သူမအကုန် ပြီးစီးတာနဲ့ ကုနင်းဟာတံခါးကို သွားဖွင့်လေသည်။ ရှောက်ချန်း ဟာအပြင်မှာရပ်နေပြီး ယန်ကျွင်းနဲ့ ကုနင်း တို့ဘာတွေ ပြောနေလဲဆိုတာ ခိုးနားထောင်နေပေမဲ့လည်း ဘာတစ်ခွန်းမှ မကြားရပေ။

ယန်ကျွင်း စောနကအော်တုန်းကတော့ အနည်းငယ်ကြားရပေမဲ့လည်း သူဟာ အထဲသို့ ဝင်မသွားရဲပေ။

ယန်ကျွင်းနဲ့ ယန်ကျွင်းတို့ဘာတွေပြောကြလဲဆိုတာ ရှောက်ချန်း ဟာသိချင်ပေမဲ့လည်း မမေးရဲပေ။

"မစ္စကု၊ ပြီးပြီလား" ရှောက်ချန်း ကမေးသည်။

"ဟုတ်ကဲ့။ ပြီးပါပြီ"ဟု ကုနင်းကပြောပြီးနောက် မေးလေသည်။ "အို၊ ဒါနဲ့စကားမစပ် ယန်ကျွင်းနဲ့ ယန်စစ်ယွမ် တို့လူချင်းလဲတယ်ဆိုတာကို စပြီးစုံစမ်းနေပြီလား"

ထိုအရာကိုကြားတဲ့အခါ ထိုအရာကို သူလုံးဝ စုံစမ်းဖို့စိတ်ကူးမရှိတာကြောင့် ရှောက်ချန်းဟာအနည်းငယ် တောင့်သွားပြီး စိတ်မတည်မငြိမ်ဖြစ်သွားလေသည်။

သို့သော်လည်း သူ့အနေနဲ့ ကုနင်းကိုထိုကဲ့သို့ ပြောလို့မဖြစ်တာကြောင့် သူကပြန်ပြောလေသည်။ "မစုံစမ်းရသေးဘူး။ ကျွန်တော် ဒီနေ့မှ စပြီးစုံစမ်းမလို့"

"ဟုတ်ပြီ။ သူတို့တက်ထားတဲ့ အထက်တန်းကျောင်းတွေမှာ မှတ်တမ်းဖိုင်တွေ ရှိလောက်သေးပြီး ဖိုင်ထဲမှာ ဓာတ်ပုံတွေပါတယ်။ တကယ်လို့ ရှင်အဲ့တာတွေ ရှာကြည့်ရင် တစ်ချက်ထဲနဲ့ အဖြစ်မှန်ကို တန်းသိနိုင်တယ်" ကုနင်းက ရှောက်ချန်းမှာစုံစမ်းဖို့ စိတ်ကူးလုံးဝမရှိတာကို ရှင်းရှင်းလင်းလင်း သိလေသည်။ မဟုတ်လျှင် သူမအနေနဲ့ ထိုသို့မေးနေမှာမဟုတ်ဘဲ အခုချိန်မှာ သူ့ကိုလုပ်ရှားရန် တကူးတက သတိပေးနေမှာမဟုတ်ပေ....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၃၃ ဖိုင်ကိုဖျက်ဆီးခြင်း

"ကောင်းပါပြီ မစ္စကု၊ သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့တက်ထားတဲ့ အထက်တန်းကျောင်းကို ကျွန်တော်သွားစုံစမ်းလိုက်ပါ့မယ်" ရှောက်ချန်းဟာ ကုနင်းအားချက်ချင်း ကျေးဇူးတင်လိုက်ပြီး သူ့ရဲ့အပြုအမူအား ပြသလိုက်လေသည်။

ကြည့်ရတာ ဒီတစ်ကြိမ်တော့ သူဟာစုံစမ်းရတော့မည်ပုံပင် ဒါမှမဟုတ်ရင် သူ့ရဲ့အထက်လူကြီးဆီ ကုနင်းကသူ့ကို တိုင်ကြားစာပို့လာနိုင်ပြီး သူ့ရဲ့ရဲဘဝဟာ ကုန်ဆုံးသွားနိုင်လေသည်။

ထို့နောက် ကုနင်း ထွက်သွားပေမဲ့လည်း ဆေးရုံကနေ ချက်ချင်းထွက်မသွားပေ။ ထို့အစား ကားရပ်နားရာနေရာကို ရောက်တဲ့အခါတွင် သူမဟာ ကားထဲမှာထိုင်ကာ ကွန်ပျူတာကိုထုတ်ကာ ဖွင့်လိုက်ပြီး ယန်ကျွင်း အတုရဲ့ လူနာဆောင်မှာ သူမတပ်ဆင်ထားခဲ့တဲ့ ကင်မရာကို ချိတ်ဆက်လိုက်လေသည်။ ထို့နောက် သူမဟာ အခန်းထဲရှိ လှုပ်ရှားမှုတွေကို စတင်ကြည့်ရှုလေသည်။

ယန်ကျွင်းကိုသူမကိုယ်တိုင်သွားရောက် ကယ်တင်မှာမလို့ ကုနင်းကချက်ချင်း မပြန်တာမဟုတ်ပေ။ သူမဟာ ကောင်းယိကိုလာဖို့ခေါ်မှာဖြစ်သည်။ သူမရဲ့ ကွန်ပျူတာကို သူ့ကိုပေးပြီးမှ ထွက်လာမှာဖြစ်သည်။

ကုနင်း ထွက်သွားပြီးတာနဲ့ တပြိုင်နက် ရှောက်ချန်းဟာ ယန်စစ်ယွမ်အားဖုန်းခေါ်လေသည်။

"ရှောက်ချန်း၊ အစတုန်းက ဒီအမှုကို ငါစုံစမ်းဖို့ စိတ်ကူးမရှိပေမယ့် ကုနင်း အခုလေးတင်လာသွားတယ်။ ငါ့မှာရွေးချယ်စရာမရှိဘဲ စုံစမ်း‌စစ်ဆေးဖို့ သဘောတူလိုက်ရတယ်။ စိတ်မပူပါနဲ့ ရလဒ်က အတူတူပဲဖြစ်စေရမယ်။ သူမကို ပြန်ဖြေနိုင်အောင် ငါမြန်မြန်လေးပဲ စုံစမ်းစစ်ဆေးလိုက်မှာ" ရှောက်ချန်းက ယန်စစ်ယွမ်ကိုပြောလိုက်သည်။ အခုချိန်ထိတောင် သူဟာ ယန်စစ်ယွမ်ကိုသံသယ မဝင်သေးပေ။ ယန်စစ်ယွမ်ကအပြစ်ကင်းမှန်း သူကယုံကြည်တာကြောင့် အခုလိုပြောနေတာ ဖြစ်သည်။ သို့သော်လည်း ထိုအရာကိုကြားပြီးတဲ့အခါ ယန်စစ်ယွမ်ဟာအရမ်းထိတ်လန့်သွားလေသည်။

"ဘာပြောတယ်။ ကုနင်းကဆေးရုံကိုလာတယ်ဟုတ်လား။ ဘာလို့သူမက ဆေးရုံကို သွားတာလဲ။ ယန်ကျွင်းရဲ့အမှုကို စုံစမ်းဖို့အတွက် မင်းကိုသတိပေးရုံလာတာလား" ယန်စစ်ယွမ်ကမေးလေသည်။ သူ့ရဲ့အသံဟာ အနည်းငယ် စိုးရမ်နေလေသည်။

ရှောက်ချန်းဟာထိုအရာကို သိပ်အာရုံမစိုက်ပဲ ပြန်ပြောလေသည်။ "ဟုတ်တယ်။ စကားမစပ် သူမ,ရောက်လာပြီးတော့ ယန်ကျွင်းနဲ့နှစ်ယောက်တည်း မိနစ်အနည်းငယ် စကားပြောသေးတယ်။ ငါဘာမှမကြားသလို ဘာမှလဲမမေးလိုက်ဘူး"

"ယန်ကျွင်း ပြောတာတွေကို ကုနင်းကယုံကြည်လောက်တယ်....." ယန်စစ်ယွမ်ဟာစိုးရိမ်သွားလေသည်။ တကယ်လို့ သူပြောတာကို ကုနင်းကယုံကြည်ရင်တောင် သူတို့ဟာ သူစိမ်းတွေသာ ဖြစ်လေသည်။ ကုနင်းအနေနဲ့ သူ့ကိုကူညီနိုင်စရာ အကြောင်းမရှိပေ။

"ဘာ။ မဖြစ်နိုင်တာ" ထိုအရာကိုကြားတဲ့အခါ တစ်ခုခုတော့ မှားနေပြီဟု ရှောက်ချန်းကသဘောပေါက်သွားလေသည်။ ထိုအရာဟာ မဖြစ်နိုင်ဘူးလို့ သူပြောနေပေမဲ့လည်း ယန်ကျွင်း ပြောလိုက်တာကို ကုနင်းကယုံကြည်နေတာမလို့ သူမက အမှုကိုစုံစမ်းဖို့သူ့ကို ပြောတယ်လို့ သူလည်းပဲ ခံစားမိနေလေသည်။

ကုနင်းကဘာလို့ယုံကြည်တာလဲ။ အဲ့တာက ဟာသတစ်ခုပဲဟာ။

သူ,မသိထားတာက ကုနင်းက ယုံကြည်တဲ့အပြင် အဖြစ်မှန်ကိုပါ ရှာဖွေတွေ့ထားပြီးပြီဆိုတာပင်ဖြစ်သည်။ ယန်ကျွင်းဟာအပြစ်ကင်းတယ်ဆိုတာ သူမကသေချာလေသည်။

"မင်းနောက်ထပ်ဆက်ပြီး ဘယ်လိုစုံစမ်းမှာလဲ" ယန်စစ်ယွမ်ဟာသူ့ကိုယ်သူ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်လေသည်။

"ယန်ကျွင်း ပြောတာအမှန်ဟုတ်လား မဟုတ်လားသိချင်ရင် မင်းတို့အထက်တန်းကျောင်းကို သွားပြီး ကျောင်းသားမှတ်တမ်းဖိုင်တွေကို သွားကြည့်ဖို့ ကုနင်းကပြောတယ်"

ကျောင်းသားမှတ်တမ်းဖိုင်တွေလား။ တကယ်လို့ ရှောက်ချန်းသာ ထိုသို့တကယ်လုပ်လိုက်ရင် အဖြစ်မှန်ဟာ ပေါ်သွားမှာဖြစ်သည်။

မဖြစ်ဘူး။ ယန်စစ်ယွမ်အနေနဲ့ ထိုသို့ဖြစ်လာမှာကို လက်မခံနိုင်ပေ။ တကယ်လို့ ရှောက်ချန်းကသူတို့ဖိုင်ကို ရှာတွေ့နိုင်ရင်တောင် သူ့အနေနဲ့ ဖျက်ဆီးရမည်ဖြစ်သည်။

အခုချိန်မှာ သူ့အနေနဲ့ ထိုအကြောင်းကို ရှောက်ချန်းအားပေးသိ၍မဖြစ်ပေ။ ရှောက်ချန်း သူတို့ကျောင်းကို မသွားခင် သူ့အနေနဲ့ ထိုဖိုင်တွေကို ဖျက်ဆီးရမည်ဖြစ်သည်။

တုန့်ဆိုင်းမနေဘဲ ရှောက်ချန်းနဲ့ဖုန်းချပြီးတာနဲ့ ယန်စစ်ယွမ်ဟာဖုန်းတန်းဆက်လိုက်လေသည်။

သူတက်ခဲ့ဖူးတဲ့ကျောင်းရဲ့ ကျောင်းရေးရာဌာနမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းရဲ့ ဆွေမျိုးတစ်ယောက် ယန်စစ်ယွမ်မှာရှိနေလေသည်။ အခုချိန်မှာ ယန်စစ်ယွမ်အနေနဲ့ စွန့်စားရမည်ဖြစ်ပြီး ယန်ကျွင်းနဲ့ ယန်စစ်ယွမ်တို့ရဲ့ဖိုင်ကို သူ့သူငယ်ချင်းအား ဖျက်ခိုင်းရမည်ဖြစ်သည်။

သူ့အနေနဲ့ ထိုအရာအတွက် ပိုက်ဆံပေးရမည်ဖြစ်သော်လည်း သူ့သူငယ်ချင်းဟာ ပိုက်ဆံချစ်တဲ့သူဖြစ်တာမလို့ သူ့အနေနဲ့ အောင်မြင်နိုင်လေသည်။

အံဩစရာမရှိဘဲ ယန်စစ်ယွမ်ကယွမ်ငါးသိန်း ပေးမယ်ပြောတာနဲ့ သူ့သူငယ်ချင်းက သဘောတူလိုက်ပေမဲ့လည်း အလုပ်ပြီးမှသာ သူကပိုက်ဆံကို ပေးမှာဖြစ်သည်။

ထို့နောက် ယန်စစ်ယွမ် ရဲ့သူငယ်ချင်းဟာ သူ့ရဲ့ဆွေမျိုးကို ဖုန်းဆက်လိုက်ပြီး လူနှစ်ယောက်ရဲ့ ဖိုင်ကိုဖျက်ပေးရင် ယွမ်နှစ်သိန်းပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်လေသည်။ သူ့ရဲ့ဆွေမျိုးဟာ ချက်ချင်း သဘောတူလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ခုနှစ်နှစ် ရှစ်နှစ်ကြာက ဖိုင်တွေ ပျောက်ပျက်တာဟာ သာမာန်ပဲဖြစ်လေသည်။ နှစ်ပေါင်းများစွာ‌ကြာပြီးနောက် ဘယ်သူကမှ ထိုအရာတွေကို မစီမံတာမလို့ ‌လွယ်လွယ်ကူကူပဲ ထိုအရာကို ပြီးမြောက်အောင် လုပ်လို့ရလေသည်။

ထို့နောက် ယန်ကျွင်း ယန်စစ်ယွမ်တို့ရဲ့ကျောင်းသားဖိုင်ကို ကြည့်ရန် ရှောက်ချန်းကကျောင်းကိုသွားတဲ့အခါ ထိုဖိုင်တွေဟာ ပျောက်သွားပြီဖြစ်ကြောင်း ပြန်ပြောလေသည်။

အဲ့တာဆိုရင်တော့ ရှောက်ချန်း အနေနဲ့ အဖြစ်မှန်ကို ရှာလို့မတွေ့တော့ပေ။ ထို့နောက် ရှောက်ချန်းဟာ ယန်စစ်ယွမ်ကိုဖုန်းဆက်ကာ ထိုအကြောင်း ပြောပြလေသည်။

ထိုဖိုင်တွေကို ဖျက်ပြီးကြောင်း ယန်စစ်ယွမ်ရဲ့သူငယ်ချင်းက ပြောသော်လည်း ရှောက်ချန်းဆီမှသတင်းမရမချင်း သူဟာစိတ်မအေးနေတာဖြစ်သည်။ ရှောက်ချန်း ပြောတာကိုကြားပြီးနောက် သူဟာနောက်ဆုံးမှာ စိတ်အေးသွားလေသည်။

သို့သော်လည်း သူဟာ လုံးဝစိတ်မအေးနိုင်သေးပေ။ အဘယ်ကြောင့်ဆို ကုနင်း ကဒီအမှုမှာ ဝင်ရောက်နှောက်ယှက်မှာကို သူကစိုးရိမ်နေတာဖြစ်သည်။ ကုနင်းကထိုသို့ဘာလို့ လုပ်လဲဆိုတာ သူဟာနားမလည်နိုင်ပေ။ ယန်စစ်ယွမ် နဲ့ သူမမှာ ဘာဆက်ဆံရေးမှ မရှိ၍ဖြစ်သည်။ သူမဟာ ကြင်နာတတ်ပြီး ကူညီတတ်တာကြောင့် အခုလိုလုပ်နေတာလား။

အဲ့တာဆိုရင်တော့ ကုနင်းမှာအဆက်အသွယ်တွေ ရှိတာမလို့ သူမအနေနဲ့ အခြားသက်သေတွေရှာနိုင်မှာကို သူကကြောက်နေလေသည်။ ရလဒ်အနေနဲ့ တကယ်လို့ နည်းလမ်းရှိရင် သူ့အနေနဲ့ အခြားသက်သေတွေကိုပါ ဖျက်စီးပစ်ဖို့ရာ နည်းလမ်းရှာရပေမည်။

တကယ်လို့ သူ့အနေနဲ့ အကြံဉာဏ်ကောင်း မစဉ်းစားနိုင်ရင် သူ့အနေနဲ့ ဆေးရုံမှာရှိနေတဲ့ ယန်စစ်ယွမ်ကိုသေအောင် တိုက်ရိုက်လုပ်လိုက်မည် ဖြစ်သည်။

အခုအချိန်တွင် ယန်ကျွင်း အစစ်ဟာ ကုနင်းကိုဒေါသထွက်လာလေသည်။ ယန်စစ်ယွမ်ရဲ့စကားတွေကို ယုံကြည်လို့ သူမဟာ မနေ့ကသူ့ကိုငြင်းပယ်တာလား။ သူ့အစား ယန်စစ်ယွမ်ကိုဘာလို့ သူမကယုံကြည်ဖို့ ရွေးချယ်တာလဲ။

ယန်ကျွင်း အစစ်က သူနဲ့ ယန်စစ်ယွမ်ရဲ့ဖိုင်တွေကို တစ်ယောက်ယောက်ကို ဖျက်ခိုင်းလိုက်တယ်ဆိုတာ ကုနင်း မသိသော်လည်း သူမမှာ သက်သေရှိပြီးတာမလို့ စိတ်မပူပေ။

ကုနင်း ဆေးရုံက ထွက်လာပြီးနောက် သူမရဲ့ကုမ္ပဏီကို သွားလေသည်။ တစ်ခဏအကြာတွင် နေ့လည်စာစားချိန်ရောက်လာတာမလို့ သူမဟာ စစ်ဟယ်ယွမ်ဆီသို့ပြန်လေသည်။

နေ့လည်စာစားပြီးနောက် ကျင်းကျီနဉ်ဆီမှ ကျင်းယွင်ယောင် ဖုန်းရလေသည်။ ဟုန်ရီဖုန်းသည် ကျင့်ကြံသူလောက ထွက်လာပြီးဖြစ်ကြောင်း သူကသူမကို ပြောပေမဲ့လည်း သူ့ကိုခေါ်ထုတ်လာတာ သူ,မဟုတ်ပေ။ ကိုလိန်းရဲ့ဆေးတွေထဲမှာ မှော်စွမ်းအားတွေပါနေတယ်ဆိုတာကို ဟုန်ရီဖုန်းကသိသွားပြီး ကိုလိန်းနဲ့ ကုနင်းတို့ဆီကို သူကလာတာဖြစ်သည်။

ကိုလိန်းရဲ့ဆေးတွေထဲမှာ မှော်စွမ်းအင်တွေပါတာကို အခုချိန်မှာ ကျင့်ကြံသူတွေအများကြီးဟာ သိပြီးပြီဖြစ်ပေမဲ့လည်း ဘယ်သူက သတင်းဖြန့်တာလဲဆိုတာကိုတော့ ဘယ်သူမှ မသိပေ။

ကုနင်းကတော့မအံဩပေ။ ထိုအရာဟာ သိပ်မကြာခင် သတင်းပြန့်မှာမှန်း သူမကသိလေသည်။

သို့သော်လည်း ကျင့်ကြံသူတွေရဲ့မျက်လုံးထဲတွင် သူမဟာ သေမျိုးတစ်ယောက်သာ ဖြစ်တာမလို့ ကျင့်ကြံသူကမ္ဘာက စည်းမျဉ်းတွေကို မချိုးဖောက်ချင်ရင် ဘယ်သူကမှ သူမကို ထိခိုက်အောင် လုပ်မှာမဟုတ်ပေ။ အဲ့ဒီလိုလုပ်ခဲ့ရင် တကယ်လို့ပေါ်သွားခဲ့ရင် သူတို့ဟာ အပြစ်ပေးခံရမှာဖြစ်သည်။

သူမကို စောင့်ကြည့်နေတဲ့ ကျင့်ကြံသူတွေ အများကြီးရှိလေသည်။ တကယ်လို့ ကျင့်ကြံသူတစ်ယောက်ယောက်က သူမကိုထိခိုက်အောင် လုပ်ရဲရင် အခြားကျင့်ကြံသူတွေဟာ ထိုအကြောင်းကိုချက်ချင်း သိသွားမှာဖြစ်သည်။ သူတို့ဟာ အကြီးအကဲတွေဆီကို သေချာပေါက် သတင်းပို့မှာဖြစ်သည်။ သူတို့ဟာ တစ်ဖွဲ့ထဲမဟုတ်တာမလို့ သူတို့နဲ့ယှဉ်ပြိုင်နေသူတွေ ကံဆိုးဖို့ရာ မစောင့်နိုင်ပေ။

ဟုန်ရီဖုန်းဟာ ကုနင်းကြောင့်ထွက်လာတာမလို့ မြို့တော်ကိုရောက်တာနဲ့ သူဟာ သူမကိုလာရောက်တွေ့လိမ့်မည်။ အဲ့တာဆိုရင်တော့ ကုနင်းမှာသူ့ကိုဖမ်းရန် အကြံအစည်ရှိလေသည်။

ထိုအရာကိုတွေးမိပြီးနောက် သူမဟာ ကျင်းယွင်ယောင်နဲ့စတင်ဆွေးနွေးလေသည်။

ကုနင်းသည် ဟုန်ရီဖုန်း နဲ့တွေ့ဖို့သွားမှာဖြစ်ပြီး ကျင်းယွင်ယောင်ဟာသူ့ကိုဒဏ်ရာရအောင်လုပ်ဖို့ ပြီးရင်ပေါ်လာမှာဖြစ်သည်။ သူတို့ဟာ သူ့ကိုဖမ်းပြီး မြောင်ကျင်းကျင်းဆီသို့လွှဲပေးလိုက်မှာ ဖြစ်သည်။

သူမတို့ သဘောတူညီမှုရပြီး မကြာခင်မှာပဲ ကုနင်းရဲ့ဖုန်းမြည်လာပြီး နံပါတ်ဟာ အစိမ်းဖြစ်လေသည်။

"မင်္ဂလာပါ အခုပြောနေတာ ကုနင်း ပါ" ကုနင်း ဟာကောက်ကိုင်လိုက်လေသည်။

"မင်္ဂလာပါ မစ္စကု၊ ကျွန်တော်ရဲ့ မျိုးရိုးနာမည်က ဟုန် ပါ။ ကျွန်တော်မှာ ခင်ဗျားနဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုအကြောင်း ပြောစရာရှိလို့ပါ။ ကျွန်တော်တို့ တွေ့ဖို့ရာ အဆင်ပြေမလားမသိဘူး" အမျိုးသားတစ်ယောက်က ပြောလေသည်။ သူ့ရဲ့အသံဟာ အရမ်းမယဉ်ကျေးပဲ မောက်မာမှုနည်းနည်းပါ ပါဝင်နေလေသည်။ ကြည့်ရတာ သူဟာ သူမနဲ့ပူးပေါင်းဖို့ ဆက်သွယ်နေပုံမရပေ။ ကြည့်ရတာ ကုနင်းကပဲ သူနဲ့ပူးပေါင်းချင်၍ ဆက်သွယ်နေရပုံပင်....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၃၄ ဟုန်ရီဖုန်းနှင့်တွေ့ဆုံခြင်း

ထိုအမျိုးသားဟာ သူ့ရဲ့မျိုးရိုးနာမည်ဟာ ဟုန် ဖြစ်တယ်လို့ပြောပြီး သူ့ရဲ့နာမည်အပြည့်အစုံကို မပြောပြပေမဲ့လည်း သူက ဟုန်ရီဖုန်းမှန်းသူ့အသံကိုကြားတာနဲ့ ကုနင်းကသိလေသည်။

ဟုန်ရီဖုန်းကသူမရဲ့ ဖုန်းနံပါတ်ကို ရနိုင်တဲ့အတွက် ကုနင်း မအံဩပေ။ အဘယ်ကြောင့်ဆို အဆက်အသွယ်အချို့ရှိရင် ဖုန်းနံပါတ်ရဖို့ရာ အရမ်းလွယ်ကူ၍ဖြစ်သည်။

"ကောင်းပြီလေ။ ဘယ်မှာလဲ" ထိုအရာဟာ သူမလိုချင်နေတာ အတိအကျပဲမလို့ ကုနင်းဟာသူ့ကိုမငြင်းလိုက်ပေ။

"ခင်ဗျားရဲ့ ကုမ္ပဏီဆိုရင်ရော။ မစ္စကု ဘယ်လိုထင်လဲမသိဘူး"

"ပြဿနာမရှိပါဘူး။ ကျွန်မကုမ္ပဏီမှာ ညနေ၂:၃၀မှာ ရှိမယ်"

"အဲ့တာဆို နောက်မှတွေ့မယ်"

ဖုန်းချပြီးနောက် သူမတို့ပြောသမျှအား ကုနင်းက ကျင်းယွင်ယောင်အားပြန်ပြောပြလေသည်။

ထိုအရာကိုဆွေးနွေးပြီးနောက် သူမရဲ့ အသွင်အပြင်ကို ပြောင်းလဲရန် ရှန်းကွမ်းယန်ဆီမှ ကျင်းယွင်ယောင်ဟာဆေးတစ်လုံးရလေသည်။ သူမကိုယ်သူမ ရုပ်ဖျက်လို့ပြီးတာနဲ့ သူမဟာ ကုနင်းနဲ့အတူထွက်လာပြီး မြောင်ကျင်းကျင်းကတော့သူမတို့ဆီက သတင်းကို စစ်ဟယ်ယွမ်မှာပဲစောင့်နေလေသည်။

ကျင်းယွင်ယောင်နဲ့ ကုနင်းတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်သိကြောင်း အခြားလူတွေ ရှာမတွေ့သွားစေရန်အတွက် ကုမ္ပဏီကို ရောက်ခါနီးတွင် ကျင်းယွင်ယောင်ဟာကားထဲမှာ ဆင်းလိုက်လေသည်။ သူမဟာ အနီးအနားမှာ ဟုန်ရီဖုန်း ထွက်လာတာကို စောင့်မှာဖြစ်ပြီး ထို့နောက် သူ့ကိုအဝေးခေါ်သွားပြီး တိုက်ခိုက်မှာဖြစ်လေသည်။

ကုနင်းဟာကုမ္ပဏီကို ၂:၂၀တွင်ရောက်လာလေသည်။ အဲဒီအချိန်တွင် ဟုန်ရီဖုန်း ရောက်မလာသေးပေ။ ကုနင်း အထဲသို့ဝင်လာပြီးနောက် သူမဟာ ဧည့်ကြိုအား ဟုန် ဟုခေါ်သည့် အမျိုးသားတစ်ယောက်လာမည်ဖြစ်ကြောင်း ပြောလေသည်။ သူမအနေနဲ့ သူ့ကို ၁၈ထပ်အား တန်းတက်လာခိုင်းလို့ရပေသည်။

ဒီကိုမလာခင်တွင် ကုနင်းက ချောင်ယအားလာဖို့ခေါ်ထားတာမလို့ ကုနင်း ရောက်တဲ့အခါ ချောင်ယကရောက်နှင့်နေပြီး ဖြစ်လေသည်။

ညနေ ၂:၃၀တွင် ဟုန်ရီဖုန်း ရောက်လာလေသည်။ သူဟာ အသက်၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို သူနဲ့အတူ ခေါ်လာလေသည်။ ဒီလူဟာ ကျင့်ကြံသူမဟုတ်‌ပေ။ ထိုလူဟာ အထက်တန်းစား အရှိန်အဝါနဲ့ သာမာန်လူတစ်ယောက်ဖြစ်လေသည်။

ဟုန်ရီဖုန်း ရောက်တာနဲ့တပြိုင်နက် ချောင်ယဟာသူတို့အား ကုနင်းရဲ့ရုံးခန်းဆီခေါ်သွားပြီး သူတို့အတွက် လဘက်ရည် ငှဲ့ပေးလေသည်။

သူတို့ ကုနင်းကိုတွေ့တဲ့အခါ ကျင့်ကြံသူတွေဟာ သေမျိုးတွေထက် သန်မာတာမလို့ ဟုန်ရီဖုန်းဟာအရမ်းမောက်မာပုံပေါ်လေသည်။ သူတို့အတွက် သေမျိုးတစ်ယောက်ရှေ့မှာ နှိမ့်ချဖို့ရာ မဖြစ်နိုင်ပေ။

သူဟာ ကုနင်းနဲ့အပေးအယူလုပ်ဖို့ လာပေမဲ့လည်း သူဟာ အရမ်းမောက်မာဆဲပင်ဖြစ်သည်။

ကျင့်ကြံသူတွေဟာ သေမျိုးတွေထက် ပိုမြင့်တဲ့အဆင့်အတန်းရှိပေမဲ့လည်း သေမျိုးတွေရှေ့မှာ နှိမ့်ချမှုရှိဖို့ရာဟာ လူတစ်ယောက်နဲ့ အပြုအမူနဲ့သာဆိုင်လေသည်။

ဟုန်ရီဖုန်း ဟာတစ်ကိုယ်ကောင်းဆန်ပြီး မောက်မာတဲ့လူဖြစ်တာမလို့ သူဟာ သေမျိုးတွေရှေ့မှာ နှိမ့်ချမှုပြုဖို့ရာ အာရုံမရှိပေ။

ကံကောင်းစွာနဲ့ပဲ ဟောင်ကောင်ကသူဟာ ကုနင်း နဲ့ပူးပေါင်းဖို့အတွက် ပြောဖို့ရာ လာရောက်မှန်းသိတာမလို့ ကုနင်း ရှေ့မှာ သူဟာမောက်မာမနေတော့ပေ။ သူဟာ ကုနင်း ကိုယဉ်ကျေးစွာပင် နှုတ်ဆက်လေသည်။ "မင်္ဂလာပါ မစ္စကု၊ ကျွန်တော်မျိုးရိုးနာမည်က ဟုန် ဖြစ်ပြီး နာမည်ကတော့ ဟုန်ရီဖုန်း ပါ"

"တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဟုန်" ကုနင်း ကယဉ်ကျေးစွာ ပြန်ပြောလေသည်။

ထို့နောက် ဟုန်ရီဖုန်း နဲ့အတူပါလာတဲ့ အမျိုးသားဟာ ကုနင်း အားနှုတ်ဆက်လေသည်။ "မင်္ဂလာပါ မစ္စကု၊ ကျွန်တော်က လင်းကျီထန်ဆေးဝါးကုမ္ပဏီက အထွေထွေမန်နေဂျာဖြစ်တဲ့ ကျိုးဝမ်ချွမ် ပါ"

ကျိုးဝမ်ချွမ် ရဲ့အပြုအမူဟာ ဟုန်ရီဖုန်းနဲ့အရမ်းကွာခြားနေလေသည်။ ကျိုးဝမ်ချွမ်သည် အရမ်းကြင်နာပြီး သူ့အသံထဲမှာ စိတ်လှုပ်ရှားမှုအနည်းငယ်ပင် ပါနေလေသည်။ အဘယ်ကြောင့်ဆို သူဟာ ကုနင်းကိုလေးစား အားကျ၍ဖြစ်သည်။

"တွေ့ရတာဝမ်းသာပါတယ် မန်နေဂျာကျိုး"ဟု ကုနင်းကပြောကာ သူတို့ကိုထိုင်ဖို့ ဖိတ်ခေါ်လေသည်။

"ကျွန်မနဲ့ ဘာစီးပွားရေးကိစ္စများ မစ္စတာဟုန်ကဆွေးနွေးချင်တာလဲဆိုတာ သိခွင့်ရမလား"

"ဆေးဝါးပစ္စည်း"ဟု ဟုန်ရီဖုန်းကပြောသည်။ "မစ္စကုရဲ့ ကိုလိန်းဆေးဝါးပစ္စည်းကုမ္ပဏီကို ကျွန်တော်အရမ်းအထင်ကြီးတယ်။ ကိုလိန်းဆေးဝါးပစ္စည်းမှာ ကုန်ကြမ်းတွေလိုအပ်နေတာကိုလည်း ကျွန်တော်သိတာမလို့ အခုအခြေအနေအရ အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းတာဟာ အကောင်းဆုံးပဲ။ လင်းကျီထန်ဆေးဝါးပစ္စည်းကုမ္ပဏီဟာ ဆေးဝါးပစ္စည်းကုမ္ပဏီအကြီးကြီးမဟုတ်ပေမဲ့လည်း ဂုဏ်သတင်းအရမ်းကောင်းတဲ့ အချိန်ကြာနာမည်ကြီးသာ အမှတ်တံဆိပ်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ဟာ အဆင့်မှီတဲ့ ပူးပေါင်းလို့ရတဲ့သူတွေပဲ။ အဲ့တာကြောင့်မလို့ ကိုလိန်း ဆေးဝါးအနေနဲ့ ဈေးကွက်က လိုအပ်ချက်တွေ ပြည့်မှီစေရန်အတွက် ကျွန်တော်တို့အတူတူပူးပေါင်းပြီး ထုတ်လုပ်ရေးစက်ရုံတစ်ခုဖွင့်ဖို့ မျှော်လင့်နေတယ်"

ဟုန်ရီဖုန်းရဲ့တရားမျှတပြီး မောက်မာတဲ့အပြုအမူကြောင့် ကုနင်းဟာချက်ချင်း ရယ်ချင်သွားလေသည်။ သူ့ဘက်က သူမနဲ့ပူးပေါင်းချင်နေတာဖြစ်ပေမဲ့လည်း သူ့ရဲ့အပြုအမူအရ သူမကပဲ သူနဲ့ပူးပေါင်းချင်နေသလို ခံစားရလေသည်။ သူဟာ တကယ်ပဲ ကိုယ့်ကိုကိုယ်ကမ္ဘာထင်နေတဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်လေသည်။

ကျိုးဝမ်ချွမ်ပင် မျက်မှောင်မကြုံ့ပဲ မနေနိုင်ပေမဲ့လည်း သူဟာ ဝင်ရောက်မနှောက်ယှက်ရဲပေ။

ဟုန်ရီဖုန်းကဒီလောကအကြောင်းကို ရှင်းရှင်းလင်းလင်းမသိတာ ဖြစ်လိမ့်မည်ဖြစ်ပေမဲ့လည်း ကျိုးဝမ်ချွမ်ကတော့သေသေချာချာ သိလေသည်။ ကိုလိန်းဟာနာမည်ကြီးလာပြီးနောက် ပူးပေါင်းချင်တဲ့ ကုန်သည်တွေ အများကြီးရှိလေသည်။ သို့သော်လည်း အခုအချိန်ထိ ဘယ်သူမှမအောင်မြင်ပေ။ ပြဿနာဟာ သူတို့ဘယ်သူမှ ကုနင်းရဲ့လိုအပ်ချက်ကို မပြည့်မှီတာ ဒါမှမဟုတ် သူတို့နဲ့ ကုနင်းမှာပူးပေါင်းဖို့ လုံးဝစိတ်ကူးမရှိတာဖြစ်သည်။

ဟုန်ရီဖုန်းရဲ့အပြုအမူမျိုးကိုလည်း ပူးပေါင်းဆောင်ရွက်မှုလုပ်တဲ့နေရာမှာ မကြိုဆိုပေ။ သူဟာ အခြားလူတွေကို စိတ်ရှုပ်စေတာမလို့ ဘယ်သူကမှ သူနဲ့ပူးပေါင်းချင်မှာ မဟုတ်ပေ။

"မစ္စတာဟုန်ရဲ့ ကိုလိန်းအပေါ်အထင်ကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အစကတည်းက ကျွန်မမှာ ဘယ်သူနဲ့မှ ပူးပေါင်းဖို့ ဆန္ဒမရှိဘူး။ ကိုလိန်းဆေးဝါးရဲ့ ကုန်ကြမ်းအချို့ဟာ လိုအပ်နေပေမဲ့လည်း အဲ့တာက တစ်လလောက်နေရင် ဖြေရှင်းပြီးဖြစ်သွားလိမ့်မယ်။ ကျွန်မမှာ အခြားစက်ရုံတွေ ထောင်ထားပြီးဖြစ်လို့ ဆောက်လုပ်ပြီးခါနီးဖြစ်တာမလို့ သိပ်မကြာခင် ထုတ်လုပ်ရေး စတင်နိုင်တော့မှာဖြစ်တယ်။ ရှန်းနဉ်အုပ်စုမှာရန်ပုံငွေလုံလုံလောက်လောက် ရှိတာမလို့ ဆေးထုတ်လုပ်တဲ့နေရာမှာ ဘယ်သူနဲ့မှာ ပူးပေါင်းဖို့ မလိုအပ်သေးဘူး။ တကယ်လို့ ပူးပေါင်းဖို့လိုအပ်ရင်တောင် ကျွန်မရဲ့မိသားစုကို ဦးစားပေးရွေးချယ်မှာ။ ဘာလို့ဆို လူတစ်ယောက်အနေနဲ့ ကိုယ်ကြိုးစားရှာထားတဲ့ငွေကို အခြားလူတစ်ယောက်ကို လွယ်လွယ်နဲ့အမြတ်ထွက်ခံလို့ မဖြစ်ဘူးလေ"

ထိုအရာကိုကြားတဲ့အခါ ဟုန်ရီဖုန်းဟာမကျေမနပ်ဖြစ်သွားလေသည်။ သူ့ရဲ့ကြင်နာတဲ့ကမ်းလှမ်းမှုကို ကုနင်းကကျေးဇူးမတင်ဘူးဟု သူကခံစားမိလေသည်။

ကျိုးဝမ်ချွမ်ဟာစိတ်ပျက်သွားပေမဲ့လည်း ထိုအရာကိုနားလည်နိုင်လေသည်။ ရှန်းနဉ်အုပ်စုမှာပိုင်ဆိုင်မှုတွေ ယွမ်ပေါင်းဘီလီယံနဲ့ ချီရှိတာမလို့ ငွေကြေးစီးဆင်းမှုဟာ ယွမ်ပေါင်းဘီလီယံနဲ့ချီ ရှိနေလေသည်။ ထို့ကြောင့် စက်ရုံနဲ့တည်ဖို့နဲ့ လူတွေငှားဖို့ရာ ဘာအခက်အခဲမှ မရှိပေ။

တကယ်လို့ သူမသာ တစ်‌စုံတစ်ယောက်နဲ့ ပူးပေါင်းချင်ရင် သူမအနေနဲ့ အခြားသူတွေနဲ့ ပူးပေါင်းပြီးတာ ကြာပြီဖြစ်သည်။ သူတို့မှာ အခွင့်အရေးရှိမှာတောင် မဟုတ်ပေ။

တကယ်တော့ သူတို့ဒီကိုမလာခင်တွင် ကျိုးဝမ်ချွမ်ဟာစိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပေမဲ့လည်း အခုလိုမျက်နှာချင်းဆိုင်ရင်ဆိုင်ရချိန်မှာ သူ့အနေနဲ့ စိတ်မပျက်ပဲမနေနိုင်ပေ။ ထိုအရာဟာ အရမ်းအမြတ်ရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်၍ဖြစ်သည်။

သူနဲ့ပူးပေါင်းရန် ကုနင်းအား ဟုန်ရီဖုန်းကတိုက်တွန်းကြိုးစားသော်လည်း ချိန်းခြောက်တာဖြစ်ဖြစ် လာဘ်ထိုးတာဖြစ်ဖြစ် ကုနင်းသည် စိတ်ပိုင်းဖြတ်ပြီးဖြစ်ကာ သူ့ကိုငြင်းဆန်လေသည်။

နောက်ဆုံးတွင် ဟုန်ရီဖုန်း အရမ်းဒေါသထွက်သွားပြီး ချက်ချင်းပဲ ဒေါသတကြီး လှည့်ထွက်သွားလေသည်။

တစ်ချိန်တည်းမှာပဲ ကုနင်းကိုပြန်ပေးဆွဲပြီး ကိုလိန်းဆေးဝါးတွေထဲက မှော်စွမ်းအားတွေ ပါနေတာတွေအကြောင်ကို သူမကိုမေးရန် ဟုန်ရီဖုန်း ကြံစည်နေလေသည်။

သို့သော်လည်း သူ့မှာထိုသို့လုပ်ဖို့ရန် အခွင့်အရေးရှိသေးလားဆိုတာတော့ ပြောပြရခက်လေသည်။

ဟုန်ရီဖုန်းဟာ ရှန်းနဉ်အုပ်စုမှထွက်လာပြီး သိပ်မကြာခင်မှာပဲ ရုတ်တရက်ပဲ မလှမ်းမကမ်းကနေ မှော်စွမ်းအင်တစ်ချို့ ခံစားမိလေသည်။ ထိုအရာဟာ အရမ်းသန့်စင်ပြီး ရတနာတစ်ခုကနေ လာနေတာအလားပင် ဖြစ်လေသည်။

တုန့်ဆိုင်းမနေတော့ပဲ ဟုန်ရီဖုန်းသည် ကျိုးဝမ်ချွမ်အားကားကိုရပ်ခိုင်းလိုက်ပြီး ကားပေါ်မှဆင်းလိုက်လေသည်။ သူဟာ ကျိုးဝမ်ချွမ်ကိုအရင်ပြန်နှင့်ဖို့ပြောလိုက်ပြီး မှော်စွမ်းအင်ထွက်ပေါ်လာတဲ့ နေရာဆီသို့ ချက်ချင်းသွားလေသည်။

ဟုန်ရီဖုန်းလာနေတာကို မြင်တဲ့အခါ ကျင်းယွင်ယောင်ဟာ ကုနင်း သူမကိုပေးထားတဲ့ ညလင်းပုလဲလုံးကို သိမ်းလိုက်ပြီး စီစဉ်ထားတဲ့နေရာဆီသို့ လျှောက်သွားလေသည်။

ဟုန်ရီဖုန်း ခံစားမိလိုက်တဲ့ မှော်စွမ်းအင်ဟာ ညလင်းပုလဲလုံးကဖြစ်လေသည်။

ကျင်းယွင်ယောင်ရဲ့သိုင်းအဆင့်ဟာ ဟုန်ရီဖုန်းထက်အများကြီးမြင့်တာမလို့ ဟုန်ရီဖုန်းရဲ့ကျင့်ကြံချင်းအရှိန်အဝါကို ကျင်းယွင်ယောင်အနေနဲ့ အဝေးကြီးကပင် အာရုံခံမိပေမဲ့လည်း ဟုန်ရီဖုန်းကတော့သူမကို အာရုံမခံမိပေ။ သူဟာ ‌ညအချိန်လင်းလက်တဲ့ပုလဲလုံးက မှော်စွမ်းအင်ကိုသာ အာရုံခံမိတာဖြစ်သည်။

စစချင်းတွင် ဟုန်ရီဖုန်းသည် မှော်စွမ်းအင်ကိုသာ အာရုံစိုက်နေတာမလို့ သူဟာသိပ်မတွေးပေ။ သို့သော်လည်း လမ်းတစ်ခုဆီသို့ လိုက်လာပြီးနောက် လူအုပ်ကနေ တစ်ဖြေးဖြေးဝေးလာမှန်း သူသတိထားမိပေမဲ့လည်း သူနဲ့မှော်စွမ်းအင်အကြား အကွာအဝေးကတော့ အတူတူပဲဖြစ်လေသည်။ ချက်ချင်းပဲ တစ်စုံတစ်ယောက်က သူ့ကိုတစ်နေရာရာကို မြှားခေါ်နေမှန်း ဟုန်ရီဖုန်း သဘောပေါက်သွားလေသည်.....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၃၅ ဟုန်ရီဖုန်းကိုထောင်ချောက်ဆင်ခြင်း

သို့သော်လည်း တစ်စုံတစ်ယောက်က သူ့ကိုထိုနေရာအား တမင်သက်သက်လာအောင် မြှားခေါ်နေမှန်း ဟုန်ရီဖုန်း သိရင်တောင် သူ့ရဲ့မှော်စွမ်းအင်အပေါ် လောဘကြီးမှုကြောင့် သူဟာသူတို့နောက်ကို ဆက်လက်လိုက်နေသေးလေသည်။

သူ့အနေနဲ့ ထိုလူရဲ့အငွေ့အသက်ကို အာရုံမခံမိပေမဲ့လည်း ထိုအရာနဲ့ပဲ ထိုလူဟာ သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်တယ်လို့ မဆိုလိုပေ။

ထိုလူဟာ သူနဲ့အရမ်းကွာဝေးနေလို့လဲ ဖြစ်နိုင်တာမလို့ ထိုလူရဲ့အငွေ့အသက်ကို သူဟာအာရုံမခံမိတာဖြစ်နိုင်သည်။ ဒါမှမဟုတ် ထိုလူရဲ့အငွေ့အသက်ဟာ မှော်စွမ်းအင်တွေနဲ့ ဖုံးကွယ်နေတာဖြစ်တာမလို့ သူ့အနေနဲ့ မခံစားမိတာဖြစ်နိုင်သည်။ ထိုလူဟာ သေမျိုးတစ်ယောက်ဖြစ်နိုင်တာလဲ ဖြစ်နိုင်လေသည်။

ဘာပဲဖြစ်ဖြစ် မစွန့်စားပဲနဲ့ ဘာမှကောင်းကျိုးရလာမှာ မဟုတ်ပေ။

နောက်ဆုံးတွင် ဘယ်သူမှမရှိတဲ့ တောင်တစ်ခုဆီထိ ဟုန်ရီဖုန်းဟာမှော်စွမ်းအင်နောက်လိုက်ရင် ရောက်လာလေသည်။ ထို့နောက် မှော်စွမ်းအင်ဟာ ဆက်လက်မရွေးလျားတော့ပေ။

ဟုန်ရီဖုန်းသည် မှော်စွမ်းအင်ဆီသို့ ဆက်လက်လမ်းလျောက်လာလေသည်။ အနည်းငယ်လမ်းလျောက်လာပြီးနောက် သူဟာလူတစ်ယောက်ကိုတွေ့လေပြီး အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။

မှော်စွမ်းအင်ဟာ လက်စသတ်တော့ ထိုအမျိုးသမီးရဲ့ လက်ထဲကနေ ထွက်ပေါ်လာနေတာဖြစ်ပြီး ပြောရရင် မှော်စွမ်းအင်နဲ့ရတနာဟာ သူမရဲ့လက်ထဲမှာ ဖြစ်လေသည်။

ကြည့်ရတာ မှော်စွမ်းအင်တွေနဲ့ ထူထပ်နေတဲ့ ညလင်းပုလဲလုံးဖြစ်ပုံရလေသည်။

ချက်ချင်းပဲ ဟုန်ရီဖုန်း ဟာလောဘတက်သွားလေသည်။ တကယ်လို့ သူသာဒီညမှာလင်းလက်တဲ့ ပုလဲလုံးကိုရရင် သူ့ရဲ့ကျင့်ကြံချင်းအတွက် အထောက်အကူသေချာပေါက်ဖြစ်မည် ဖြစ်သည်။

ကျင်းယွင်ယောင်သည် ဟုန်ရီဖုန်းရဲ့လောဘတက်နေတဲ့ အမူအရာကိုမြင်တာမလို့ သူမရဲ့ရင်ထဲမှာ သူ့အားအထင်သေးနေလေသည်။ သူမရဲ့ရည်ရွယ်ချက်ဟာ ဟုန်ရီဖုန်းအားဒီနေရာကို မြှားခေါ်လာဖို့ဖြစ်ပေမဲ့လည်း သူတကယ်လာတာကိုတွေ့တဲ့အခါ သူမအနေနဲ့ အထင်မသေးဘဲ မနေနိုင်ပေ။

ဟုန်ရီဖုန်းဟာ ကျင်းယွင်ယောင်ဆီသို့တစ်လှမ်းခြင်းလျှောက်သွားလေသည်။ သူမနဲ့ ငါးမီတာအကွာအဝေးရောက်တဲ့အခါတွင် သူမရဲ့ခန္ဓာကိုယ်မှ ကျင့်ကြံသူအငွေ့အသက်ရတာကြောင့် သူ့ရဲ့အာရုံခံမှုကို ချက်ချင်းသုံးကာ သူမရဲ့ကျင့်ကြံခြင်းအဆင့်ဟာ အာရုံခံလေသည်။

ကျင်းယွင်ယောင်ဟာသူ့ကိုနှောင့်ယှက်ဖို့ အာရုံမရှိပဲ သူမရဲ့အဆင့်ကို သူ့အားကြည့်ခွင့်ပေးလိုက်လေသည်။

ဟုန်ရီဖုန်းဟာကျရှုံးသွားပြီး ကျင်းယွင်ယောင်ရဲ့အဆင့်ဟာသူ့ထက်မြင့်မှန်း သဘောပေါက်သွားတာမလို့ သူဟာချက်ချင်း သတိဝင်လာလေသည်။

"မင်းဘယ်သူလဲ။ ဘာလို့ငါ့ကို ဒီကိုမြှားခေါ်လာတာလဲ" ဟုန်ရီဖုန်း မေးလိုက်သည်။

"ရှင့်ဘာသာရှင် မှော်စွမ်းအင်ကိုအာရုံခံမိပြီး ကျွန်မနောက်လိုက်လာတာမဟုတ်ဘဲ ကျွန်မက ရှင့်ကိုမြှားခေါ်လာတာလို့ ရှင်ကဘာလို့သေချာနေတာလဲ" ကျင်းယွင်ယောင်ကပြန်မေး‌လိုက်လေသည်။ သူမရဲ့အသံထဲမှာ သရော်နေသံအပြည့်ဖြင့်ဖြစ်သည်။

ဟုန်ရီဖုန်း အနည်းငယ် မျက်မှောင်ကြုံ့သွားလေသည်။ ကျင်းယွင်ယောင်ကသူ့ကိုမြှားခေါ်လာတာလားဆိုတာ သူဟာတကယ်ပင် မသေချာဘူးဖြစ်သည်။

"ဒါပေမဲ့ ကျွန်မက ရှင့်ကိုတမင်တကယ်တော့ မြှားခေါ်လာတာမှန်ပါတယ်" ကျင်းယွင်ယောင်ကထပ်ပြော‌လိုက်လေသည်။

ဟုန်ရီဖုန်းဟာမျက်‌လုံးမှေးသွားပြီး သတိပိုဝင်လာကာ မေးလေသည်။ "ဘာလို့ငါ့ကို ဒီနေရာကို မြှားခေါ်လာတာလဲ"

သူ့အနေနဲ့ ညမှာလင်းတဲ့ပုလဲလုံးအတွက် စွန့်စားနိုင်သော်လည်း သူ့ထက်သန်မာတဲ့ ရန်သူနဲ့တွေ့တဲ့အခါ သူ့ရဲ့အသက်ကို ပိုတန်ဖိုးထားလေသည်။

"ရှင့်ကို မေးစရာတစ်ခု ရှိလို့"

"ဘာကိစ္စလဲ"

"မြောင်ကျင်းကျင်းနဲ့သူမရဲ့ ယောင်္ကျားသေဆုံးမှုက ရှင်နဲ့တစ်ခုခုပတ်သတ်နေလား" ကျင်းယွင်ယောင်ကမေးလေသည်။ ဟုန်ရီဖုန်း သိထားသလောက်တော့ မြောင်ကျင်းကျင်းဟာသေသွားပြီဖြစ်တာမလို့ ကျင်းယွင်ယောင်ကထိုမေးခွန်းကိုမေးတဲ့အခါ မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားက သူမကသေချာပြောလိုက်တာဖြစ်သည်။

ထိုအရာကိုကြားတဲ့အခါ ဟုန်ရီဖုန်းရဲ့မျက်အိမ်ဟာ အနည်းငယ်ကြုံ့သွားပြီး သူဟာ အနည်းငယ်အံအားသင့်သွားလေသည်။ မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားသေဆုံးမှုဟာ ‌သူနဲ့ပတ်သတ်နေမှန်း ဒီအမျိုးသမီးက သိနေတာမလို့ သူဟာအံဩသွားတာဖြစ်သည်။ သူမဘယ်လိုလုပ် သိသွားတာလဲ။ ပြီးတော့ သူမအပြင် အခြားဘယ်သူတွေ သိသေးလဲ။

သို့သော်လည်း ဟုန်ရီဖုန်းကဝန်ခံမှာမဟုတ်ပေ။ "ငါနဲ့ဘာလို့ ပတ်သတ်နေရမှာလဲ။ တကယ်လို့ ငါနဲ့သာပတ်သတ်နေရင် အခုချိန်မှာငါဒီမှာ ရှိနေပါ့မလား။ ထျန်းတောက်ကျုံးကငါ့ကိုအပြစ်ပေးပြီးတာ ကြာလှနေလောက်ပြီ"

ဟုန်ရီဖုန်းကငြင်းဆန်နေပေမဲ့လည်း သူရဲ့အမူအရာကနေ သူဟာထိုကိစ္စနဲ့ ပတ်သတ်နေမှန်း ကျင်းယွင်ယောင်ဟာသိပြီးနေပြီဖြစ်သည်။

"အဲ့တာဆိုရင်တော့ ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် မြောင်ကျင်းကျင်းနဲ့သူမရဲ့‌ယောက်ျားကသေပြီးနေပြီပဲဟာ။ သူတို့နဲ့ထိုက်တန်တယ်။ သူတို့ကိုဘယ်သူသတ်လဲဆိုတာ အရေးမကြီးဘူး....." ကျင်းယွင်ယောင် ကအမုန်းတရားကြီးမားစွာပြလျက် ပြောလိုက်လေ‌ရာ သူမက မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောင်္ကျားကို တကယ်ပဲမုန်းနေသည့်အတိုင်းပင်။

"မြောင်ကျင်းကျင်း နဲ့သူမရဲ့ယောက်ျားနဲ့ မင်းနဲ့ရန်ငြိုးတွေ ရှိလို့လား" ထိုအရာကိုကြားတဲ့အခါ ဟုန်ရီဖုန်းသည် လုံးဝတော့ မယုံသေးပေ။

"ဟုတ်တယ်။ အစက လင်းသုန့်ယန် နဲ့ငါနဲ့က ငယ်ချစ်ဦးတွေ။ ဒါပေမယ့်သူက မြောင်ကျင်းကျင်း နဲ့တွေ့ပြီးတော့ ငါ့ကိုထားသွားခဲ့တယ်။ ငါသူတို့ကိုမုန်းတယ်။ သူတို့ကို ကိုယ်တိုင်သတ်ပစ်ချင်နေတာ။ နှစ်ပေါင်းများစွာကြာအောင် သူတို့ကိုသတ်နိုင်ဖို့အတွက် ဆက်လက်ကျင့်ကြံနေခဲ့တာ။ ကျွန်မပြန်ရောက်တဲ့အခါ သူတို့သေဆုံးသွားပြီဆိုတဲ့သတင်းကို ကြားရမယ်လို့ မမျှော်လင့်ထားမိဘူး" အမုန်းတရားတွေပြည့်နေတဲ့အကြည့်ဖြင့် ကျင်းယွင်ယောင် ကပြောလေရာ ဟုန်ရီဖုန်းအနည်းငယ် ယုံကြည်လာလေသည်။

လင်းသုန့်ယန်မှာငယ်ချစ်ဦးရှိပြီး သူတို့အကြိမ်အနည်းငယ်တွေ့ဖူးသေးတယ်ဆိုတာကို ဟုန်ရီဖုန်း သိလေသည်။ သူတို့ရဲ့ဆက်ဆံရေးက ကောင်းမွန်ပေမဲ့လည်း လင်းသုန့်ယန်ဟာ မြောင်ကျင်းကျင်းနဲ့တွေ့ပြီးတဲ့အခါ သူ့ရဲ့ငယ်ချစ်ဦးဟာ ပျောက်သွားလေသည်။

ထိုအရာဟာ အမှန်တရားဖြစ်ပေမဲ့လည်း ဟုန်ရီဖုန်း မသိတဲ့အရာက လင်းသုန့်ယန်ရဲ့ငယ်ချစ်ဦးဟာ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ သူ့ရဲ့အရင်းနှီးဆုံး ညီအစ်ကိုသဖွယ် သူငယ်ချင်းဖြစ်လေသည်။ လင်းသုန့်ယန်ရဲ့အရင်းနှီးဆုံး ညီအစ်ကိုသဖွယ် သူငယ်ချင်းဟာ သူ့ကိုယ်သူ မိန်းကလေးလိုရုပ်ဖျက်ရတာကိုသဘောကျတာဖြစ်သည်။ အပြင်လူတွေရှေ့မှာ စနောက်တာတွေ အကြိမ်ကြိမ်လုပ်ပြီးနောက် သူ့ကို လင်းသုန့်ယန်ရဲ့ငယ်ချစ်ဦးဟု အခြားလူတွေက အထင်လွဲပြီး ထင်နေကြတာဖြစ်သည်။

ဟုန်ရီဖုန်းအနေနဲ့ တအားသတိမထားစေရန် ကျင်းယွင်ယောင်ဟာအခုလိုစကားတွေ အများကြီးပြောနေတာဖြစ်ပြီး ဆွဲဆောင်မှုအောက်မှာ သူလုပ်ခဲ့တာတွေကို ဝန်ခံလာအောင် လုပ်နေတာဖြစ်သည်။ သူမဟာ လူမှားပြီး ထိခိုက်အောင်မလုပ်ချင်၍ဖြစ်သည်။

"ငါသူတို့ကို သတ်လိုက်တယ်လို့ မင်းဘယ်လိုသိလဲ" ထိုအရာဟာ သူအသိချင်ဆုံးအရာ ဖြစ်လေသည်။

"တစ်စုံတစ်ယောက်က ကျွန်မကိုပြောတာ"

ထိုအရာကိုကြားတဲ့အခါ ဟုန်ရီဖုန်း ‌ဒေါသထွက်လာပြီး မေးလေသည်။ "ဘယ်သူပြောတာလဲ"

မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားသေဆုံးမှုဟာ သူနဲ့ပတ်သတ်နေကြောင်း ဘယ်လိုလုပ်တစ်စုံတစ်ယောက်က ‌သိနေတာလဲ။ ထိုအရာဟာ ချိန်ကိုက်ဗုံးတစ်လုံးပင် ဖြစ်လေသည်။ တကယ်လို့ ထိုလူက ကျင်းယွင်ယောင်ကိုပြောပြနိုင်ရင် အခြားလူတွေလည်းပဲ ထိုအရာကိုသိနိုင်လေသည်။

"အဲဒီလူရဲ့နာမည်ကို မပြောပြဖို့ ကျွန်မကတိပေးထားတယ်။ တရားခံက ရှင်မဟုတ်မှတော့ ရှင့်အနေနဲ့ စိုးရိမ်နေဖို့မလိုပါဘူး။ ကောင်းပြီ မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားကိုသတ်တဲ့လူကို ကျွန်မရှာရဦးမယ်။ အဲလူသတ်သမားကို ကျွန်မဒီညလင်းပုလဲကို ဆုလဒ်အနေနဲ့ပေးမလို့" ကျင်းယွင်ယောင်ကပြောကာ ဆက်နေဖို့ အစီအစဉ်မရှိတော့ဘဲ နောက်လှည့်ပြီး ထွက်သွားလေသည်။

"ခဏနေပါဦး" ဟုန်ရီဖုန်းကသူမကို ချက်ချင်းရပ်ဖို့ ခေါ်လိုက်လေသည်။

မြောင်ကျင်းကျင်းနဲ့သူမရဲ့ ယောင်္ကျားကိုသတ်တဲ့ တရားခံကို သူမက ဒီညလင်းပုလဲပေးမယ်လို့ သူမကပြောလိုက်တာလား။ သူမ တကယ်ဆိုလိုတာလား။

တကယ်လို့ တကယ်ဆိုရင် မြောင်ကျင်းကျင်း နဲ့သူမရဲ့ယောက်ျားကိုသတ်တဲ့ တရားခံဟာ ဟုန်ရီဖုန်း ဖြစ်လေသည်။ သူ့အနေနဲ့ အခြားသူတွေကို ဒီညလင်းပုလဲရသွားမှာ အဖြစ်မခံနိုင်ပေ။

ထိုအရာကိုတွေးမိတဲ့အခါ ဟုန်ရီဖုန်းကယုံကြည်သွားပေမဲ့လည်း ထောက်ချောက်ဖြစ်မှာ ကြောက်နေလေသည်။

"မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားကို သတ်တဲ့လူက ဒီညလင်းပုလဲပေးမလို့လား။ ညလင်းပုလဲက အရမ်းတန်ဖိုးကြီးတဲ့ ရတနာ....." ဟုန်ရီဖုန်းကမေးကာ ကျင်းယွင်ယောင်ရဲ့အမူအရာကို မလွဲစေချင်သည့်အလား စိုက်ကြည့်နေလေသည်။ သူမအနေနဲ့ ဒီညလင်းပုလဲကို တကယ်ပဲပေးပစ်ချင်နေတာလား။

"ဘာလို့မပေးရမှာလဲ။ ကျွန်မမှာ ညလင်းပုလဲထက်ပိုတဲ့အရာတွေ ရှိတယ်"

ထိုအရာကိုသိတဲ့အခါ ဟုန်ရီဖုန်းဟာအသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ သူမမှာ ညလင်းပုလဲထက်ပိုတဲ့အရာတွေ ရှိတယ်တဲ့လား။ ဒီမိန်းမက ဘယ်သူလဲ။ သူမမှာ ညလင်းပုလဲတွေ ဘယ်လောက်တောင် ရှိနေတာလဲ။

"မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားကို သတ်တဲ့လူကို ဒီညလင်းပုလဲပေးမယ်ဆိုတာ သေချာလား" ဟုန်ရီဖုန်းဟာသေချာစေရန် နောက်တစ်ခေါက် ထပ်မေးလေသည်။

"ဘာလဲ။ ရှင်ကဒီညလင်းပုလဲကိုကြိုက်လို့ မြောင်ကျင်းကျင်းနဲ့သူမရဲ့‌ယောက်ျားကို သတ်တဲ့လူက ရှင်လို့ဝန်ခံမလို့လား။ ကျွန်မက အခုရှင့်ကိုယုံကြည်မယ်လို့ ထင်နေတာလား" ကျင်းယွင်ယောင်ဟာသူ့တွေးနေတာကို မြင်နိုင်သည့်အလား လှောင်ပြောင်ကာ ပြောလိုက်လေသည်။

ဟုန်ရီဖုန်း တစ်စက္ကန့်မျှ ကြောင်အသွားလေသည်။ သူဟာ တကယ်ပဲထိုညလင်းပုလဲကို လိုချင်နေတာမလို့ မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားကို သတ်တဲ့သူဟာ သူဖြစ်ကြောင်းဝန်ခံမလို့ စီစဉ်နေတာဖြစ်ပေမဲ့လည်း ထိုအရာဟာ အမှန်တရားလဲ ဖြစ်သေးလေသည်.....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၃၆ ဟုန်ရီဖုန်းကို သတ်ဖြတ်

"ဟုတ်တယ်။ ဒီညလင်းပုလဲအတွက် မြောင်ကျင်းကျင်းနဲ့သူမရဲ့ယေက်ျားကို သတ်တဲ့လူဟာ ငါလို့ဝန်ခံမလို့ စီစဉ်နေပေမဲ့လည်း အဲ့တာကအမှန်တရားပဲ။ ငါကတကယ်ပဲ သူတို့ကိုသတ်တဲ့လူပဲ။ တစ်စုံတစ်ယောက်က မင်းကိုပြောပြမှတော့ အဲ့တာက မမှားနိုင်ဘူးလေ။ မင်းအခြားလူဆီကနေ လူသတ်သမားဟာ အခြားလူမဟုတ်ဘဲ ငါမှန်းသိထားတယ်မလား" ကျင်းယွင်ယောင်က သူတွေးနေတာကို မြင်နိုင်သည့်အလား ပြောနေတာမလို့ သူဟာ ဖုံးကွယ်နေဖို့မလိုတော့ဘဲ ချက်ချင်းဝန်ခံလိုက်လေသည်။

အဲ့တာဆိုရင်တော့ ထိုအရာဟာ ပိုပြီးယုံဖို့ကောင်းသွားပြီ ဖြစ်သည်။

"အဲ့တာဆို ရှင်ဘာလို့ခုနက ငြင်းတာလဲ"ဟု ကျင်းယွင်ယောင်ကမေးလေသည်။

"မင်းလဲသိတဲ့အတိုင်းပဲ တကယ်လို့ ထျန်းတောက်ကျုံးကလူတွေသိသွားရင် ငါအပြစ်ပေးခံရမှာပေါ့။ မင်းကို ထျန်းတောက်ကျုံးကလွှတ်လိုက်တာ ဖြစ်နိုင်တယ်လေ။ ငါ့အသက်ကို ငါမစွန့်စားနိုင်ဘူး"

"ရှင်ကအခုဝန်ခံနေတာက ညလင်းပုလဲကြောင့်ပဲ။ ကျွန်မက တကယ်ပဲ ထျန်းတောက်ကျုံးကလွှတ်လိုက်တဲ့လူဖြစ်မှာ မကြောက်ဘူးလား"

"ငါတို့စကားပြောနေတုန်းက မင်းရဲ့အမူအရာကို ငါစောင့်ကြည့်ထားတာမလို့ မင်းကိုသူတို့က လွှတ်လိုက်တယ်လို့ မထင်ဘူး" သူ့အနေနဲ့ အလုံးစုံယုံဖို့ရာ မဖြစ်နိုင်ပေမဲ့လည်း တစ်ဝက်တော့ ယုံကြည်သေးလေသည်။

ဘာပဲဖြစ်ဖြစ် ညလင်းပုလဲအတွက် သူ့အနေနဲ့ စွန့်စားနိုင်လေသည်။ တကယ်လို့ အတုဆိုရင်တောင် သူ့အနေနဲ့ ငြင်းလို့ရလေသည်။ ကျင်းယွင်ယောင် မှာသက်သေမရှိ၍ ဖြစ်သည်။

"ဟား-ဟား"ဟု ကျင်းယွင်ယောင်ဟာရုတ်တရက်ပဲ နှုတ်ခမ်းရွဲ့လိုက်ပြီး သိသာတဲ့အထင်သေးမှုကို ပြသလိုက်လေသည်။ "ကြည့်ရတာ ကျွန်မက ဟန်ဆောင်တဲ့နေရာမှာ တော်တော် တော်တာပဲ။ ရှင်ယုံတော့မလို့"

ထိုအရာကိုကြားတဲ့အခါ ဟုန်ရီဖုန်းရဲ့အမူအရာဟာ ရုတ်တရက် ပြောင်းသွားဘေသည်။ သူ့ရဲ့မျက်လုံးတွေဟာ ဒေါသစိတ်နဲ့ လောင်မြိုက်နေပြီး သူဟာ ကြမ်းတမ်းစွာ ပြောလိုက်လေသည်။ "မင်းငါ့ကို လိမ်နေတာပေါ့"

ကျင်းယွင်ယောင်ရဲ့စကားတွေဟာ သူ့ကိုအလုံးစုံပြောပြနေပြီးပေမဲ့လည်း သူမရဲ့ဟန်ဆောင်မှုကြောင့် သူဟာအံဩသွားလေသည်။ သူဟာ အရူးလုပ်ခံရတာ ဖြစ်လေသည်။

"တကယ်လို့ ကျွန်မသာ အဲဒီလိုမလုပ်ရင် ရှင့်ကိုအခုလို ဝန်ခံလာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရှင်မှန်း ကျွန်မကသေချာပေမဲ့ ပြန်ပေးဆပ်ရအောင်မလုပ်ခင်မှာ ရှင်ဝန်ခံဖို့ လိုအပ်နေသေးလို့" ကျင်းယွင်ယောင်ကပြောကာ ဟုန်ရီဖုန်းကိုချက်ချင်း တိုက်ခိုက်‌လိုက်လေသည်။

ကြောက်လန့်စွာပဲ ဟုန်ရီဖုန်းဟာသူမကို ပြန်လှန်တိုက်ခိုက်လေသည်။ သို့သော်လည်း သူတို့ရဲ့သိုင်းအဆင့်ဟာ အရမ်းကွာခြားနေပြီး ဟုန်ရီဖုန်းဟာ ကျင်းယွင်ယောင်ရဲ့ပြိုင်ဘက်မဟုတ်ပေ။ သူ့ကို သူမဟာ တစ်စက္ကန့်အတွင်းတွင် ထိန်းချုပ်လိုက်လေသည်။

သူမက အရမ်းတော်မှန်း ဟုန်ရီဖုန်း သိပေမဲ့လည်း သူမရဲ့စွမ်းရည်တွေကြောင့် သူဟာ အံဩသွားသေးလေသည်။ တကယ်လို့သူ့အနေနဲ့ သူမကိုနိုင်အောင် မတိုက်နိုင်ရင်တောင် ထွက်ပြေးနိုင်သေးတယ်လို့ အရင်ကတွေးနေတာဖြစ်ပေမဲ့လည်း အခုတော့ သူ့မှာထွက်ပြေးဖို့တောင် အခွင့်အရေး မရှိတော့ပေ။

ကျင်းယွင်ယောင်ဟာ ဟုန်ရီဖုန်းကိုလဲကျသွားအောင် ရိုက်နှက်လိုက်ပြီးနောက် သူမဟာ မရပ်သေးဘဲ ထို့အစား သူ့မှာပြန်တိုက်ခိုက်ဖို့ ခွန်အားမရှိတော့သည့်အထိ သူမဟာ မရပ်တန့်ပေ။

"မ-မင်းဘယ်သူလဲ" ဟုန်ရီဖုန်း ကျင်းယွင်ယောင်ကိုစိုက်ကြည့်‌လိုက်လေသည်။

"ရှင်သိဖို့မလိုဘူး"

"မင်းဘာလုပ်ချင်နေတာလဲ" ဟုန်ရီဖုန်းကမေးပေမဲ့လည်း သူ့မှာအဖြေရှိပြီးသား ဖြစ်လေသည်။ မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားကို သူမဟာ လက်တုန့်ပြန်ဖို့ လုပ်နေတာဖြစ်ရမည် မဟုတ်လျှင် သူကလူသတ်သမားမှန်း သူမအနေနဲ့ သူ့ကိုဝန်ခံလာအောင် လုပ်နေမှာမဟုတ်ပေ။

ထိုအရာကိုတွေးမိတဲ့အခါ ဟုန်ရီဖုန်းဟာမျှော်လင့်ချက် မဲ့သွားလေသည်။ တကယ်လို့ ကျင်းယွင်ယောင်ကသူ့ကိုသတ်မယ်ဆိုရင်တောင် သူ့အနေနဲ့ လက်ခံရတော့မည်ဖြစ်သည်။

"ရှင်သိပ်မကြာခင် သိလိမ့်မယ်" ကျင်းယွင်ယောင်ကပြောကာ သူ့ကိုအခုချက်ချင်း မပြောပြပေ။

ကျင်းယွင်ယောင် ရပ်တန့်လိုက်ပြီးတဲ့အခါ သူမရဲ့တည်နေရာကို မြောင်ကျင်းကျင်းအားပေးပို့လိုက်လေသည်။ တည်နေရာဟာ သိပ်မတိကျ‌ပေမဲ့လည်း သူတို့က တောင်ပေါ်မှာဆိုတာကို သိသ၍ မြောင်ကျင်းကျင်းအနေနဲ့ သူတို့ကိုရှာတွေ့ဖို့ရာ ခက်ခဲမည်မဟုတ်ပေ။

"တကယ်လို့ မင်းငါ့ကိုသတ်ရင် ထျန်းတောက်ကျုံး ကမင်းကို အလွတ်ပေးမှာ မဟုတ်ဘူး" ဟုန်ရီဖုန်းဟာခြိမ်းခြောက်နေပေမဲ့လည်း ထိုအရာဟာ အမှန်တရားပင်ဖြစ်သည်။

ဟုန်ရီဖုန်းသည် အပြစ်ရှိပေမဲ့လည်း သက်သေမရှိပဲနဲ့ တကယ်လို့ သူမသာသူ့ကိုအခုသတ်ရင် ကျင်းယွင်ယောင်ဟာအပြစ်ပေးခံရမှာ ဖြစ်သည်။

"စိတ်မပူပါနဲ့။ ကျွန်မတို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူး။ အခြားတစ်ယောက်က အစားလုပ်လိမ့်မယ်"

"ဘယ်သူက ငါ့ကိုသတ်မှာလဲ" မြောင်ကျင်းကျင်းနဲ့သူမရဲ့ယောက်ျားအတွက် ထိုလူဟာ လက်စားချေမယ်မှန်း သူသိထားပေမဲ့လည်း မြောင်ကျင်းကျင်း ကိုသေပြီလို့ သူထင်ထားတာကြောင့် ထိုလူဟာ မြောင်ကျင်းကျင်း ဖြစ်မယ်မှန်း သူဟာ မမျှော်လင့်ထားပေ။

"ရှင်သိပ်မကြာခင် သိလိမ့်မယ်"

ကျင်းယွင်ယောင်ကသူ့ကိုပြောမပြချင်မှတော့ ဟုန်ရီဖုန်းအနေနဲ့စောင့်ရုံသာ တတ်နိုင်တော့သည်။

မိနစ်နှစ်ဆယ်လောက် အကြာတွင် မြောင်ကျင်းကျင်း ရောက်လာလေသည်။

ရုန်းကန်ရန် ခွန်အားမရှိဘဲ မြေကြီးပေါ်မှာလဲနေတဲ့ ဟုန်ရီဖုန်းကိုတွေ့တဲ့အခါ မြောင်ကျင်းကျင်းဟာရုတ်တရက်ပဲ တုန့်ဆိုင်း၊ စိတ်လှုပ်ရှား၊ ဒေါသထွက်၊ သွေးစာလာပြီး သူမရဲ့မျက်နှာဟာ ရလဒ်အနေနဲ့ ရှုံ့တွသွားလေသည်။ ထို့နောက် သူမဟာပျော်ရွှင်စွာ အော်ရယ်လိုက်ပြီး ဟုန်ရီဖုန်းဆီပြေးသွားလေသည်။

"ဟုန်ရီဖုန်း၊ ဘယ်လောက်တောင် အံဩဖို့ ကောင်းလိုက်သလဲ။ ရှင့်ကိုယ်ရှင် အခုကြည့်စမ်။ ဟား-ဟား၊ ဟား-ဟား၊ ဟား-ဟား"

မြောင်ကျင်းကျင်းကိုတွေ့တဲ့အခါ ဟုန်ရီဖုန်း အရမ်းအံဩသွားလေသည်။ သူ,မမျှော်လင့်ထားတာက မြောင်ကျင်းကျင်းသည် အသက်ရှင်နေသေးပြီး နတ်ဆိုးကျင့်ကြံသူဖြစ်လာတာကိုပင်။

အဲဒီအချိန်တွင် သူဟာဘယ်ကိုမှ ထွက်ပြေးလို့ မရတော့ဘူးမှန်း ဟုန်ရီဖုန်း သိသွားလေတော့သည်။

မြောင်ကျင်းကျင်းကသူ့ကိုဘယ်လောက်တောင် မုန်းပြီး သူ့ကိုလွှတ်ပေးဖို့ရာ လုံးဝမဖြစ်နိုင်မှန်းကို ဟုန်ရီဖုန်း သိတာကြောင့် သူဟာတောင်းပန်မနေတော့ပေ။ အသုံးမဝင်တော့ဘူးဖြစ်သည်။

"ဟုန်ရီဖုန်း၊ နောက်ဆုံးတော့ ကျွန်မတို့ ဒီမှာရှိကြပြီ။ ကျွန်မရှင့်ကို သတ်မယ်" မြောင်ကျင်းကျင်းဟာ ဟုန်ရီဖုန်းနဲ့စကားပြောပြီး အချိန်မဖြုန်းနေတော့ပဲ သူ့ကိုချက်ချင်းပြေးကာ တိုက်ခိုက်လေသည်။

ဟုန်ရီဖုန်းသည် မသေချင်တာမလို့ ပြန်လှန်တိုက်ခိုက်သော်လည်းပဲ သူ့မှာခွန်အားမရှိတော့ပေ။

မြောင်ကျင်းကျင်းသည် သူ့ရဲ့စွမ်းအင်ဗဟိုချက်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီး ထို့နောက်ပေါက်ကွဲသွားလေသည်။ သူ့ရဲ့ကျင့်ကြံသူအဖြစ် စွမ်းရည်တွေဟာ ပျက်စီးသွားလေသည်။ သူ့ရဲ့စွမ်းအင်ဗဟိုချက်ဟာ ပျက်စီးသွားပေမဲ့လည်း သူဟာမသေသေးတာမလို့ မြောင်ကျင်းကျင်းဟာသူ့ကိုဆက်လက် ရိုက်နှက်လေသည်။ သူမဟာ သူ့ကိုချက်ချင်း မသက်သေးဘဲ ထို့အစား သူသေသည်အထိ ‌ဖြေးဖြေးချင်း နှိပ်စက်နေတာဖြစ်သည်။

ဟုန်ရီဖုန်းဟာသေဆုံးသွားပေမဲ့လည်း မြောင်ကျင်းကျင်းကထိုအရာဟာ လုံလောက်ပြီဟု မခံစားရပေ။ ဟုန်ရီဖုန်းရဲ့ခန္ဓာကိုယ် ပျက်စီးသွားသည်အထိ သူမဟာ မရပ်တန့်ပေ။ သူမရဲ့ အချိန်ကြာ ဖိနှိပ်ထားတဲ့ အမုန်းတရားတွေကို ဖြေထုတ်ပြီးတဲ့အခါမှာတော့ သူမဟာ အော်ဟစ်ရယ်မောလေသည်။

အဲဒီအချိန်တွင် သူမဟာ ရုတ်တရက်ပဲ အရမ်းစိတ်အေးသွားပြီး ဘာမှစိတ်ပူစရာ မရှိတော့ပေ။

"နင်လဲ လက်တုန့်ပြန်ပြီးတာမလို့ နင့်ရဲ့ကတိကို အခုတည်တော့"

မြောင်ကျင်းကျင်း ရယ်မောတာ ပြီးသွားတာနဲ့ ကျင်းယွင်ယောင်ကသူမကို ပြောလေသည်။ သူမဟာ ထိုသို့ပွင့်ပွင့်ကြီးမပြောချင်ပေမဲ့လည်း ထိုအရာဟာ သူမတို့ သဘောတူထားသည့် အရာဖြစ်လေသည်။

"ကောင်းပြီလေ" မြောင်ကျင်းကျင်းဟာအပြစ်လုပ်ခံရတယ်လို့ မခံစားမိပေ။ လက်တုန့်ပြန်ပြီးနောက် သူမဟာ လျင်မြန်စွာပဲ စိတ်တည်ငြိမ်သွားလေသည်။

ထို့နောက် မြောင်ကျင်းကျင်းဟာ ကျင်းယွင်ယောင်နဲ့အတူ စစ်ဟယ်ယွမ်သို့ပြန်လိုက်သွားလေသည်။

လက်စားချေပြီးနောက် မြောင်ကျင်းကျင်းမှာဘာမှစွဲလမ်းနေတာ မရှိတော့ပေမဲ့လည်း အဲ့တာနဲ့ပဲ သူမက အသက်မရှင်ချင်တော့ဘူးဟု မဆိုလိုပေ။

လင်းသုန့်ယန်ရဲ့သေဆုံးမှုကြောင့် သူမဟာ အရမ်းဝမ်းနည်းသော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် သူမရဲ့ယောက်ျားကို ဆုံးရှုံးရတာကြောင့် ဝမ်းနည်းမှုဟာ လျော့နည်းလာပြီး သူမရဲ့သေသွားတဲ့ ယောင်္ကျားအတွက် ကိုယ့်ကိုကိုယ်သတ်သေဖို့ စိတ်ကူးမရှိတော့ပေ။ ထို့ကြောင့် သူမရဲ့ကျင့်ကြံသူအဖြစ် ကျင့်ကြံချင်းတွေ အားလုံးဟာစွန့်လွှတ်ဖို့ ရွေးချယ်ပြီး သေဖို့အစား ထပ်မံကျင့်ကြံဖို့ ရွေးချယ်လိုက်လေသည်။

သည်းခံနိုင်မှုအဆင့် အရမ်းမြင့်မားဖို့လိုအပ်ပြီး သူမရဲ့အသက်ဟာ အန္တရာယ်ရှိနိုင်ပေမဲ့လည်း သူမဟာ အသက်ရှင်နိုင်လေသည်။ သူမ သည်းခံနိုင်မှုဟာ သန်မာသ၍ အရာအားလုံးပြီးတဲ့အခါ အဆင်ပြေသွားမည်ဖြစ်သည်။

တစ်နာရီကြာ နာကျင်စွာ နှိပ်စက်ခံရပြီးနောက် မြောင်ကျင်းကျင်း အကြိမ်ပေါင်းများစွာ မခံနိုင်ဖြစ်ခဲ့လေသည်။ သူမရဲ့အသက်ကို စွန့်လွှတ်ဖို့တောင် သူမဟာ တွေးမိပေမဲ့လည်း နောက်ဆုံးတွင် သူမဟာ ခွန်အားအနည်းငယ်ဖြင့် အသက်ရှင်သန်ခဲ့လေသည်။

ကုနင်းကသူမရဲ့ခန္ဓာကိုယ်ထဲကို မှော်စွမ်းအင်တွေ ချက်ချင်းထည့်ပေးတာမလို့ သူမဟာ အနည်းငယ် သက်သာလာလေသည်။ သူမရဲ့ အသက်ရှုနှုန်း တည်ငြိမ်သွားပြီးနောက် သူမဟာ ‌နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။

မြောင်ကျင်းကျင်းသည် လက်စားချေပြီးပြီဖြစ်ပြီး သူမရဲ့ကျင့်ကြံသူအဖြစ် စွမ်းရည်တွေလည်း ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သူမအနေနဲ့ နေမလား မနေဘူးလားဆိုတာကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်....

***

All Chapters