တမင် ရည်ရွယ်ချက်ရှိရှိ ခေါင်းစဉ်ပြောင်းခြင်း
Vol. 49 Ch. 734
ဂျော့ရှ်မျက်လုံးတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး နောက်ထပ် စတေးတပ်စ် တစ်ခုကို ချက်ချင်း တင်လိုက်သည်။
[ဒါက အတု! မျက်နှာပြောင်တိုက်တဲ့ အတုတစ်ခုပဲ! တရုတ်တစ်ယောက်က ဒီလောက်အံ့သြစရာကောင်းတဲ့ အင်္ဂလိပ်သီချင်းမျိုး ရေးနိုင်တယ်လို့ မင်းတို့ တကယ်ထင်တာလား၊ တစ်ပုဒ်ပဲဆိုရင်တော့ ရုတ်တရက် လှုံ့ဆော်မှုကြောင့် ဖြစ်တယ်လို့ သတ်မှတ်နိုင်တာပေါ့၊ ဒါပေမယ့် ဒီဒုတိယသီချင်းက ခုနစ်ရက်ပဲ ကြာခဲ့တာ၊ ငါတို့နိုင်ငံက ဘယ်အတွေ့အကြုံရှိတဲ့ အဆိုတော်က ဒီလိုစွမ်းဆောင်နိုင်မှာလဲ။ ဒါ့အပြင် သူက တရုတ်လူမျိုး တစ်ယောက်ပဲ]
[ဟဲဟဲ၊ တရုတ်တွေက အတုလုပ်တာ တကယ်ကို ကျွမ်းကျင်တယ်၊ အရာအားလုံးက သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ငါထင်တယ်၊ ဒီသီချင်းနှစ်ပုဒ်က သူတို့ အားသွန်ခွန်စိုက် လုပ်ခဲ့တဲ့ လက်ရာတွေ ဖြစ်ရမယ်၊ သူတို့က နာမည်ကျော်ကြားမှုကို မြန်မြန်ရဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ရေပန်းစားအောင် လုပ်နေကြတာ။]
ဂျော့ရှ်က အရာအားလုံးကို သူ နားလည်သဘောပေါက်သည့် ပုံစံမျိုးနှင့် တရုတ်လူမျိုးအားလုံးအပေါ် သူ၏ ရွံရှာမှုကို ပြသခဲ့သည်။
လက်ရှိအခြေအနေက သူ၏ လုပ်ရပ်တွေကြောင့် ဖြစ်ရတာကို သူ တစ်ခါမှ မစဉ်းစားခဲ့ချေ။ သူက ထိုသို့ မိုက်ရိုင်းတဲ့ ပြောဆိုမှုတွေကို မလုပ်ခဲ့ဘူးဆိုလျှင် ရဲ့လင်းချန်က ဒုတိယသီချင်းကို ရေးသားခဲ့မှာ မဟုတ်ပေ။ သို့သော် မျက်နှာပြောင်တိုက်မှုမှာ အတိုင်းအတာ မရှိဟူသည့် ဆိုရိုးစကားအတိုင်းပင်။ လက်ရှိတွင် ဂျော့ရှ်နျင့် ဒန်နီတို့သည် ရှက်ရကောင်းမှန်း မသိကြတော့ပါ။
သို့သော်လည်း စတေးတပ်စ်က ထိရောက်ခဲ့ပြီး သူတို့အား အာရုံစိုက်ခံနေရခြင်းမှ သွေဖယ်သွားစေခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားသားများဆီကပင်။
[အခု ဂျော့ရှ် ပြောလိုက်တော့လဲ အဲဒါမျိုး ဖြစ်နိုင်တာပဲ]
[ငါ အစကတည်းက သံသယဖြစ်ခဲ့တာ၊ တရုတ်လူမျိုးတစ်ယောက်က ဘယ်လို ဒီလောက်ကောင်းတဲ့ အင်္ဂလိပ် သီချင်းကို ရေးနိုင်မှာလဲ]
[သောက်ကျိုးနည်း၊ တရုတ်တွေက အရမ်းမျက်နှာပြောင်တိုက်တယ်၊ သူတို့က ငါတို့ကို အရူးလုပ်နေတာပဲ]
[ဂျော့ရှ်ကတော့ ပညာရှင် တေးရေးဆရာဆိုတော့ သူက ဒီလှည့်ကွက်ကို တစ်ချက်ကြည့်လိုက်တာနဲ့ သိသွားတာပေါ့၊ သီချင်းတစ်ပုဒ် ရေးတာက အရမ်းခက်တယ်၊ တရုတ်တွေက ဒီလောက်ကောင်းတာကို ဒီလိုမျိုး ဘယ်လို ရေးနိုင်မှာလဲ၊ ပြီးတော့ တစ်ပတ်ပဲ ရှိသေးတယ်၊ ဘယ်လို ယုံရမှာလဲ]
[ဒီတော့ သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့တာပေါ့၊ သူတို့မှာ တစ်ဖွဲ့လုံးရဲ့ ပံ့ပိုးမှုတွေ ရှိရမယ်]
[ဒီသီချင်းနှစ်ပုဒ်ကို အစကတည်းက ကြိုတင်စီစဉ်ထားခဲ့တာ ဖြစ်ရမယ်၊ ဘယ်လောက်တောင် အသေးစိတ်တဲ့ အစီအစဉ်လဲ]
...
မောက်မာသော နိုင်ငံခြားသားများသည် နောက်ဆုံးတွင် ဆင်ခြေတစ်ခုကို ရှာတွေ့သွားကြလေသည်။ သူတို့က တရုတ်တွေထက် မထူးချွန်တာ မဟုတ်ဘဲ တရုတ်တွေက လိမ်ခဲ့တာဖြစ်မည်ဟု ပြောလာကြသည်။ သူတို့က အလွန် အရှက်ကင်းမဲ့လွန်းသည်ဟု ဆိုရပေမည်။
နိုင်ငံခြားသားများနှင့် တရုတ်လူမျိုးများ၏ စကားစစ်ထိုးပွဲက မလွဲမသွေ ဖြစ်လာလေတော့သည်။
[သောက်ကျိုးနည်း၊ နိုင်ငံခြားသားတွေက အရမ်းမျက်နှာပြောင်တိုက်တာပဲ]
[ရှုံးတာကို မခံနိုင်တဲ့သူတွေ၊ ဟာသပဲ]
[အဆိုတော်ဝိုင်ရဲ့ ခွန်အားကို မင်းတို့ နားလည်နိုင်မယ် ထင်လား။ သူခိုးလူတန်းစားတွေ!]
...
အွန်လိုင်းပေါ်မှ အာရုံစိုက်ခံရမှုကို အောင်မြင်စွာ လမ်းလွှဲလိုက်နိုင်သည်ကို မြင်ပြီးနောက် ဂျော့ရှ်က သက်ပြင်းချကာ သူ့ကိုယ်သူ ကျေနပ်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား၊ အရာအားလုံး ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ၊ ဘာမှ မပူရဘူး”
ဤသည်ကိုမြင်သော် ဒန်နီ တုန်လှုပ်သွားလေသည်။
“ဂျော့ရှ်၊ ဒါ အံ့ဩစရာပဲ၊ မင်း ဒါကို လမ်းကြောင်းပြောင်းနိုင်ခဲ့တယ်”
“ဒါ ဘာမှမဟုတ်ဘူး”
ဂျော့ရှ်က ပြုံးပြီး ပြောလိုက်သည်။
“အွန်လိုင်းက ဆွေးနွေးမှုတွေက ဓားတစ်ချောင်းလိုပဲ၊ သူ့ကိုယ်ပိုင် ဆန္ဒမရှိဘူး၊ အသုံးပြုတဲ့သူပေါ်မှာပဲ မူတည်တာ၊ ရိုးရိုးသားသားပြောရရင် ဒီလှည့်ကွက်တွေကို ငါ တရုတ်တွေဆီကနေ ကိုယ်တိုင် သင်ယူခဲ့တာ၊ ဟဲဟဲ၊ သူတို့ရဲ့ ဆေးခါးကို သူတို့ ပြန်မြည်းစမ်းရတာ အရမ်းကောင်းတာပဲ”
“ငါ တော်တော် လေးစားမိသွားပြီ”
ဒန်နီက သူ့မျက်နှာပေါ်က ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထို့နောက် သူက သူ့နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်သည်။
“အာရုံစိုက်မှုကို လမ်းလွှဲဖို့ ဒီလောက်လွယ်တယ်ဆိုတော့ နောက်တစ်ဆင့်ကို တက်ကြစို့”
ဂျော့ရှ်က မင်သက်သွားသည်။
“ဟမ် မင်း ဘာလုပ်ဖို့ စီစဉ်ထားတာလဲ”
နှစ်နာရီကြာပြီးနောက် အွန်လိုင်းပေါ်က ဆွေးနွေးမှုတွေက ပိုပြီး ပြင်းထန်လာခဲ့သည်။ တရုတ်လူမျိုး အများအပြားက ဒေါသူပုန် ထနေကြလေသည်။ လက်ရှိတွင် နောက်ဆုံးရလဒ်က အရေးမကြီးတော့ပေ၊ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးက အငြင်းပွားမှုတစ်ခုတွင် ပိတ်မိနေ၍ ဖြစ်သည်။
ထိုအချိန်တွင် နောက်ထပ် ပေါက်ကွဲနိုင်လောက်သည့် သတင်းတစ်ပုဒ်က တက်လာခဲ့သည်။
မေရီဆိုသည့်သူသည် နာမည်ကြီး နိုင်ငံတကာ တေးရေးဆရာမတစ်ယောက် ဖြစ်သည်။ သူမ၏ လက်ရာတွေက ဆယ်စုနှစ်တစ်ခု လောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် လူသိများခဲ့ပြီး သူမအမည်အောက်တွင် ဂန္တဝင်သီချင်းများ အများအပြား ရှိခဲ့သည်။ သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းမှာ သူမဟာ ခေတ်နှင့်အညီ လိုက်ရန် ခက်ခဲနေခဲ့သည်။ သူမ အချိန်အတော်ကြာ နာမည်ကြီးသီချင်းတွေ မရေးနိုင်တော့တာကြောင့် လူသိမများတော့ချေ။
မည်သို့ပင် ဆိုစေကာမူ သူမက ပို့စ်တစ်ခု တင်လိုက်သည်။
[ဘယ်နိုင်ငံသားက ပိုတော်လဲဆိုတာကို အင်တာနက်ပေါ်မှာ ဆွေးနွေးနေကြတာကို ကြည့်ပြီး ကျွန်မ ရှက်ရွံ့မိတယ်၊ ကတိတွေကို ထိန်းသိမ်းရမှာဖြစ်လို့ ဒီအကြောင်းတွေကို ပြောသင့်တဲ့သူက ကျွန်မမဟုတ်ဘူး၊ ကျွန်မရဲ့ ကတိကို မဖောက်ချင်ဘူး၊ ဒါပေမယ့် တရုတ်ကနေ အင်္ဂလိပ်သီချင်းနှစ်ပုဒ်က ကျွန်မတို့နိုင်ငံရဲ့ ပါရမီရှင်တွေကို အနိုင်ယူနေတာကို မြင်တော့ ကျွန်မ အရမ်းနာကျင်ခံစားရတယ်၊ အလေးအနက် စဉ်းစားပြီးနောက် နောက်ဆုံးတော့ ကျွန်မ နားလည်သွားခဲ့တယ်၊ ကျွန်မရဲ့ ဂုဏ်သတင်း ပျက်စီးသွားရင်တောင် ကျွန်မရဲ့ နိုင်ငံ ဂီတလောကအတွက် ရပ်တည်ပေးဖို့ လိုအပ်တယ်။ အမှန်တော့... အဆိုတော်ဝိုင်ရဲ့ သီချင်းနှစ်ပုဒ်အတွက် စာသားတွေကို ရေးခဲ့တဲ့သူက ကျွန်မပဲ။]
ယင်းက လူတိုင်းကို ထိတ်လန့်သွားစေသည့် တုန်လှုပ်ဖွယ်ရာ ကြေညာချက်တစ်ခုပင်။
ထို့နောက်တွင်မူ နိုင်ငံခြားသားများ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။
[သောက်ကျိုးနည်း! ငါ သံသယရှိခဲ့တဲ့အတိုင်းပဲ!]
[ငါ သိနေတယ်လေ၊ တရုတ်လူမျိုးက ရေးခဲ့တာ မဖြစ်နိုင်ဘူး]
[ဆိုတော့ အဲ့ဒါက မေရီကိုး၊ အဲ့ဒါဆို အံ့သြစရာမရှိတော့ဘူး]
[သူမက လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဘာလက်ရာမှ ထုတ်လုပ်ခဲ့တာ မရှိဘူး၊ သူ တရုတ်တွေအတွက် သီချင်းရေးပေးဖို့ သွားခဲ့ပုံရတယ်၊ ပါရမီရှင်ပဲ!]
[အဲ့တာ တော်တော်ကောင်းတဲ့ သီချင်းလေ၊ တရုတ်တွေအတွက် ရေးပေးတာ အလဟဿပဲ]
[မင်းရှေ့ထွက်လာခဲ့တာဆိုတော့ မင်းရဲ့ တရုတ်တွေအတွက် ရေးပေးခဲ့တဲ့အမှားကို ခွင့်လွှတ်ရမှာပေါ့]
[ဒီတော့ သဘောတူညီချက်တစ်ခု ရှိခဲ့တာပဲ၊ အခုမှပဲ အဓိပ္ပာယ်ရှိတော့တယ်၊ တရုတ်တွေက အရမ်းကို ရွံစရာ ကောင်းလွန်းတယ်၊ မေရီ ငါတို့ မင်းကို အားပေးပေးမယ်!]
...
ထို့နောက် မီဒီယာပလက်ဖောင်း အမျိုးမျိုးက မငြိမ်မသက် ဖြစ်လာခဲ့သည်။ သူတို့သည် အနံ့ခံလိုက်ပြီး အသားကို တွေ့သွားတဲ့ ဝံပုလွေများကဲ့သို့ ဤသတင်းကို အလုံးအရင်းနှင့် သတင်းယူရန် အလုအယက် ရောက်လာခဲ့ကြသည်။
ဘယ်နိုင်ငံဖြစ်ဖြစ် မီဒီယာပလက်ဖောင်းတွေက မီးမွှေးပေးဖို့ အမြဲတမ်း ရှိနေခဲ့ကြသည်။ သူတို့အတွက် အရေးကြီး တာက သတင်းရဲ့ အတိုင်းအတာပင်။ တခြားအရာအားလုံးက ဘာမှမသက်ဆိုင်ပေ။
[မေရီက ဆယ်နှစ်ကြာ ငြိမ်သက်နေခဲ့ပြီးတဲ့နောက်မှာတော့ အားလုံးကို အံ့ဩသွားစေခဲ့ပြီ]
[လက်ရာတွေကို ခိုးယူခြင်း၊ တရုတ်အဆိုတော်တွေရဲ့ မျက်နှာပြောင်တိုက်မှု]
[တုန်လှုပ်ဖွယ်ရာ သတင်း၊ နာမည်ကြီးသီချင်းတွေရဲ့ နောက်ကွယ်က အမှန်တရား!]
[တရုတ်လူမျိုးတွေ အင်္ဂလိပ်သီချင်း ရေးနိုင်သလား]
ဆောင်းပါးပေါင်းများစွာက အင်တာနက် ထောင့်တိုင်းကို လျင်မြန်စွာ ဖြန့်ကျက်သွားခဲ့ပြီး အများစုက အဆိုတော်ဝိုင်ကို အသရေဖျက်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နိုင်ငံ၏ ဂီတကို ချီးကျူးပြီး တရုတ်ဂီတနှင့် အဆိုတော်များကို အထင်သေးခဲ့ကြသည်။
ထိုအခိုက်တွင် တရုတ်နိုင်ငံ၏ Weibo ၌ လူတိုင်း အံ့အားသင့်နေခဲ့ကြသည်။
ယင်းမှာ အမှန်တရားဟု ခေါ်သော အရာကြောင့် မဟုတ်ဘဲ ထိုလူများ၏ မျက်နှာပြောင်တိုက်မှုက သူတို့ကို တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်သည်။
[သောက်ကျိုးနည်း၊ သူတို့က အဲ့လိုလုပ်နိုင်တယ်ပေါ့လေ]
[သောက်ရူးတွေ၊ ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့အရာလဲ၊ ဒီလိုအဓိပ္ပာယ်မရှိတဲ့အရာမျိုးကို ဘယ်သူက ယုံနိုင်မှာလဲ]
[ဘယ်လိုလုပ် တခြားသူက အဲ့လိုကြီး ခိုးချတယ်လို့ ရဲရဲဝံ့ဝံ့ စွပ်စွဲနိုင်ပြီးတော့ လူတွေက ဒါကို အတည်ကြီး ယုံနေကြတာလဲ]
[ငါ တကယ်ရယ်ချင်မိတယ်၊ ရုပ်ရှင်တွေမှာတောင် ဒီလို ဇာတ်လမ်းမျိုးကို ရိုက်ဖို့ မရဲဘူး]
[ဒါက အရမ်းမျက်နှာပြောင်တိုက်တာပဲ! နိုင်ငံခြားသားတွေရဲ့ မျက်နှာပြောင်တိုက်မှု အဆင့်အသစ်တစ်ခုကို ပြသ နေတာပဲ]
[မတတ်နိုင်ဘူးလေ။ ငါတို့ရဲ့ ဂီတလောကနဲ့ နိုင်ငံတကာ ဂီတလောကမှာ မတူညီတဲ့ စည်းမျဉ်းတွေ ရှိတယ်၊ သူတို့ကို ငါတို့ ဘာမှ မလုပ်နိုင်ဘူး။]
[တရားရုံးကို ခေါ်သွား။ ဒါ မူပိုင်ခွင့် ချိုးဖောက်မှုပဲ! အဆိုတော်ဝိုင် သူတို့ကို တရားစွဲလိုက်!]
[ဟွန်း၊ မင်း သူတို့နိုင်ငံမှာ သူတို့ကို ဘယ်လို တရားစွဲမလဲ၊ နိုင်ငံခြားသားတွေက သူတို့လူတွေဘက်ကပဲ သေချာပေါက် ရပ်တည်ပေးလိမ့်မယ်]
[မှန်တယ်။ ငါတို့နိုင်ငံရဲ့ ဥပဒေက သူတို့နဲ့ မသက်ဆိုင်ဘူး၊ သောက်ကျိုးနည်း!]
လူပေါင်းများစွာ စိတ်ဆိုးဒေါသ ထွက်သွားခဲ့ကြသည်။
အခြားသော အလားတူ အရှက်ကင်းမဲ့သည့် လုပ်ရပ်များစွာ ရှိနေသည်။ အထူးသဖွင့် မူပိုင်ခွင့်နှင့် ပတ်သက်၍ ဖြစ်သည်။ ဒီအရာ ဒါမှမဟုတ် ဒီနယ်မြေကို မင်းဟာ မင်းပိုင်တယ်လို့ ပြောတဲ့အခါ သူတို့က ပြင်းထန်စွာ ငြင်းဆိုခဲ့ရင် မင်း ဘာလုပ်နိုင်မလဲ။
ဒန်နီ၏ အသံသွင်း စတူဒီယို၌ …
ဒန်နီနှင့် ဂျော့ရှ်တို့က အသံခပ်တိုးတိုးနှင့် ရယ်မောနေကြသည်။
“ဟဲဟဲ၊ မင်းတို့က ငါတို့ရဲ့အိမ်ကွင်းမှာ ငါတို့နဲ့ ရန်မဖြစ်သင့်ဘူး”
“ဒီလိုဆိုရင် အဆိုတော်ဝိုင်က တကယ်ပဲ ပါရမီ ရှိရင်တောင် အသုံးမဝင်တော့ဘူး”
ဒန်နီက ရယ်မောပြီး ပြောလိုက်သည်။
“မှန်တယ်၊ ဒါ့အပြင် မေရီက သီချင်းနှစ်ပုဒ်ရဲ့ မူပိုင်ခွင့်ကို ယူသွားခဲ့တာ။ ဟားဟားဟား၊ တရုတ်တွေ ဒီတစ်ခါ သွေးအန်တော့မှာပဲ”
ဂျော့ရှ်က ခန့်မှန်း၍ ပြောလိုက်သည်။ ဒန်နီက ထပ်ပြောလာသည်။
“မေရီကို သီချင်းနှစ်ပုဒ်ရဲ့ မူပိုင်ခွင့်ကြေးကို ငါတို့ ခွဲယူမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့လား”
“မပူနဲ့၊ အဲဒါ ပြောစရာတောင် မလိုဘူး။ ငါတို့ အားလုံးက တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားပဲ”
…