ပြဿနာရောက်ရှိလာခြင်း
Vol. 80 Ch. 1188
"တကယ်ငှားချင်တယ်ဆိုမှတော့ အထဲဝင်ခဲ့ပါ သခင်လေးချူး" ဝမ်ကျောက်သည် ချူးယွင်ဖန်းကို တစ်ချက်ကြည့်လိုက်သည်။
ချူးယွင်ဖန်းသည် ဝမ်ကျောက်အနောက်သို့ လိုက်ပါသွားခဲ့သည်။ လောင်ကျင်သည် ၎င်းတို့အနောက်မှ လိုက်ပါသွားသော်လည်း ချူးယွင်ဖန်းကို ကြောက်ရွံ့မှုကြောင့် မည်သည့်စကားမျှ မပြောဝံ့ပေ။ ချူးယွင်ဖန်းသည် ဆိုင်ထဲသို့ ဝင်သွားသောအခါ အထဲတွင် လွန်စွာ ရှုပ်ပွနေကြောင်း မြင်တွေ့လိုက်ရသည်။ စင်များနှင့် ဗီဒိုမျိုးစုံ ပြုတ်ကျနေ၍ ဤနေရာတွင် ခိုက်ရန်ဖြစ်ပွားခဲ့သကဲ့သို့ ထင်မှတ်ရစေသည်။
ဝမ်ကျောက်သည် ချူးယွင်ဖန်းအတွက် သန့်ရှင်းသော ကုလားထိုင်တစ်လုံးကို တုံ့ဆိုင်စွာ ရှာဖွေပေးခဲ့၍ ထိုင်ခုံတွင် ထိုင်ပြီးသည်နှင့် စပြောလိုက်သည်။
“ဆိုင်ကတော့ သခင်လေးချူး မြင်တဲ့အတိုင်း အခုလောလောဆယ် ပျက်စီးနေပါတယ်”
"ယုတ္တိရှိရှိပြောရရင် ဒီလိုမဖြစ်သင့်ဘူး။ နေရာက အရမ်းကောင်းတဲ့ နေရာပါ၊ ဒါမှမဟုတ် ခင်ဗျား ရောင်းတဲ့ဆေးတွေက အရည်အသွေးညံ့လို့ဆိုပြီး ဝယ်သူတွေက အဲဒီနေရာကို လာပြီးဖျက်ဆီးကြတာမလား"
ချူးယွင်ဖန်းက သူ၏ထင်ကြေးကို ထုတ်ပြောလိုက်သည်။ ထိုသို့သော ဖြစ်စဥ်မျိုးသည် မဖြစ်နိုင်ခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ၊ ထိုကြေးစားစစ်သားများနှင့် မွန်းစတား အမဲလိုက်သူများသည် ၎င်းတို့၏ ဓားသွားထက်တွင် အချိန်မရွေး သွေးများ စွန်းပေနေသူများဖြစ်ကြသည်။ ထိုလူများသည် ဒေါသကြီးသူများဖြစ်သောကြောင့် ၎င်းတို့၏ ဓားများကို အချိန်မရွေး ဆွဲထုတ်နိုင်ကြသည်။ ချူးယွင်ဖန်းသည် ဤကဲ့သို့သော အခြေအနေမျိုးကို ကြိမ်ဖန်များစွာ မြင်ဖူးသောကြောင့် မအံ့ဩမိပေ။
"အဲ့လို မဟုတ်ပါဘူး" ဝမ်ကျောက်က ထောင်လွှားစွာပြောလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် လောင်ကျင်က ဝင်ပြောလာသည်။
"တကယ်တော့ ဝမ်ကျောက်ရဲ့ မိဘတွေက သူတို့ မျိုးဆက်မှာ အရမ်းတော်တဲ့ ဆေးပညာရှင်တွေပါ။ နောက်ပိုင်းမှာ သူတို့တွေ ဒီဆိုင်ကို ဖွင့်ခဲ့ကြတယ်။ ဆိုင်ရဲ့ စီးပွားရေးလုပ်ငန်းက တော်တော်လေးကောင်းတဲ့အပြင် ဝင်ငွေလည်း အများကြီးရခဲ့တယ်။ ဝမ်ကျောက်ရဲ့ မိဘတွေက ကျုပ်ကို အရင်တုန်းက အများကြီးကူညီဖူးတော့ ကျုပ် သူ့ကို ပြန်ကူညီချင်ခဲ့တာပါ။ ခင်ဗျားကို လှည့်စားဖို့ မရည်ရွယ်ပါဘူး သခင်လေးချူး"
ချူးယွင်ဖန်းက လောင်ကျင်ကို တစ်ချက်လှည့်ကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားမှာ သတ္တိရှိမယ်လို့ ကျုပ် မထင်တယ်၊ သူငယ်ချင်းအတွက် ရပ်တည်ပေးနေတာမို့လို့ ကျုပ် ခင်ဗျားကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် သခင်လေးချူး”
"ဒါပေမယ့် ဒီဆိုင်က ဝမ်ကျောက်ဆီ ရောက်လာတော့ အကုန်ပြောင်းလဲသွားတယ်။ အစကတော့ ဘာမှသိပ်မဟုတ်ဘူး၊ လျို့ဖုန်းဆိုတဲ့ လူတစ်ယောက်က ဒီလမ်းထဲမှာ ဆေးဆိုင်တစ်ဆိုင်လာဖွင့်တယ်။ ဒီဆိုင်က နေရာကောင်းမှာ ရှိနေတာဆိုတော့ လျို့ဖုန်းက ဆိုင်ကို ဝယ်ချင်ခဲ့တယ်။ ဒါပေမယ့် ဝမ်ကျောက်က ခေါင်းမာမာနဲ့ မရောင်းခဲ့ဘူး။ ရလဒ်ကတောါ နှစ်ဖက်စလုံး ရန်သူတွေဖြစ်သွားကြတယ်။ သုံးလေးရက်တိုင်း လူမိုက်တွေဒီကိုလာလာပြီး ပြဿနာရှာကြတယ်၊ ဒီလိုနဲ့ ဆိုင်လည်း စီးပွားရေးက ကျလာပါရော’’
လောင်ကျင်က ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
"တကယ်တော့ အရင်က ဒီနေရာကို ငှားချင်ဝယ်ချင်တဲ့သူတွေရှိပါတယ်၊ ဒါပေမယ့် ဈေးလာမေးတဲ့သူတွေ အကုန်လုံး မောင်းထုတ်ခံလိုက်ရတယ်လေ။ တချို့ဆို ဒဏ်ရာတွေတောင် ရကုန်တယ်။ လျို့ဖုန်းနဲ့ သူ့လူတွေက ဒီနေရာကို ဝယ်ချင်သူတိုင်းက သူ့ကို ဆန့်ကျင်ဖို့ ကြိုးစားတဲ့လူတွေလို့ သတ်မှတ်မယ်ဆိုပြီး ကြေညာထားကြတယ်’’
"သူက ဆေးပညာအစည်းအရုံးနဲ့ နီးစပ်မှုရှိတယ်လို့ ပြောကြတော့ သာမန်လူတွေက လျို့ဖုန်းကို မစော်ကားရဲကြဘူး။ ဒါပေမယ့် ခင်ဗျားက သာမန်လူမဟုတ်ဘူးလို့ ကျုပ်ထင်တယ်၊ သခင်လေးချူး။ ခင်ဗျား မကြောက်ဘူးဆိုတာ ကျုပ် သေချာသိတယ်"
လောင်ကျင်သည် ထိုသို့ပြောနေစဥ် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် ချက်ချင်းဒေါသထွက်၍ ရန်လိုလာမည်ကို သူ စိုးရိပ်နေမိသည်။ ထို့သို့ဖြစ်ခဲ့ပါက၊ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် ချူးယွင်ဖန်းကို လှည့်စား၍မရနိုင်မှန်း ခံစားမိသော်လည်း ချူးယွင်ဖန်းကို တစ်ဖက်လှည့်ဖြင့်
ဤပြဿနာရှိနေသော ဆိုင်သို့ ခေါ်လာမိဆဲဖြစ်သည်။ ဝမ်ကျောက် မိဘများထံမှ ငယ်စဥ်က ရရှိခဲ့သည့် ကြင်နာမှုများကြောင့်မဟုတ်ပါက၊ သူ ဤမျှအန္တရာယ်များသော အပြုအမူကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
"ခင်ဗျားက အမြင်ကောင်းသားပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ဤမျှကောင်းမွန်သော အချက်အချာနေရာတွင် ရှိနေသော်လည်း ဆိုင်၏စီးပွားရေးသည် အဘယ်ကြောင့် ဤမျှဆိုးရွားနေသည်ကို နောက်ဆုံးတွင် သူနားလည်သွားသည်။ ဤသည်မှာ လူတစ်စုကြောင့် ဖြစ်နေခဲ့သည်။ ချူးယွင်ဖန်းသာ ဤဆိုင်ကို ဝယ်ယူခဲ့ပါက၊ လျို့ဖုန်းနှင့် ဆန့်ကျင်ရင်ဆိုင်ရပေလိမ့်မည်။ သာမန်လူတစ်ဦးသည် လျို့ဖုန်းကို မဆန့်ကျင်နိုင်သော်လည်း ချူးယွင်ဖန်းက မကြောက်ရွံ့ပေ။
လျို့ဖုန်းသာ မထွက်ပေါ်လာပါက၊ ကိစ္စမရှိသော်လည်း သူသာ ထွက်ပေါ်လာရန်သတ္တိရှိခဲ့လျှင် ချူးယွင်ဖန်းက သင်ခန်းစာကောင်းကောင်း သင်ပေးရပေလိမ့်မည်။ သို့သော်လည်း လောင်ကျင်သည် ဤနေရာတွင် မှားယွင်းသွားသည်။ ချူးယွင်ဖန်းသည် အင်အားစုကြီးတစ်ခုမှ ဆင်းသက်လာခြင်းကြောင့် မဟုတ်ဘဲ သူ့တွင် ခုခံရန် ခွန်အားရှိနေသောကြောင့်ဖြစ်သည်။
ဤဆိုင်သည် ချူးယွင်ဖန်း၏ပြန်လည်ကုသမှုနှင့်ပတ်သက်နေကာ တစ်လအကြာရှိ ချူးဟုန်ချိုင်နှင့် ချူးရှို့ကျဲတို့ကြားက တိုက်ပွဲနှင့်လည်း သက်ဆိုင်သည့်အပြင် စီတုမြောင်ယီ၏ မွေးနေ့ လက်ဆောင်လည်း ရှိနေသေးသည်။ ထို့ကြောင့် ဤကိစ္စသည် အလွန်အရေးကြီးသည်ဟု ဆိုနိုင်သည်။ ထိုအချိန်တွင် သူ့ကို နှောင့်ယှက်ဝံ့သူသည် သေကြောင်းကြံစည်နေခြင်းဖြစ်ပေလိမ့်မည်။
"သခင်လေးချူး၊ ကျုပ် ခင်ဗျားကို လှည့်စားဖို့ မကြိုးစားပါဘူး။ လျို့ဖုန်းက တကယ် ဖြေရှင်းရ မလွယ်ဘူး။ သူ့လက်အောက်မှာ လူမိုက်တွေ အများကြီးရှိတယ်။ ကျုပ် သိရသလောက်တော့ သူက နတ်အဆင့်ကျွမ်းကျင်သူတွေနဲ့ အဆက်အသွယ်ရှိပုံရတယ်။ သာမာန်အင်အားကြီးပုဂ္ဂိုလ်တွေတောင် သူ့ကို ရန်မဆွရဲကြဘူး" ဝမ်ကျောက်က ခေတ္တတုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။
ထိုသို့မြင်သောအခါ လောင်ကျင်က သေလုနီးပါး စိတ်ပူနေမိသည်။ သူ၏အမြင်အရ ဝမ်ကျောက်သည် ခေါင်းမာလွန်းလှသည်။ ချူးယွင်ဖန်းက ဆိုင်ကို ငှားရမ်းတော့မည်ကို မြင်နေရသော်လည်း ဝမ်ကျောက်က ထို့သို့စကားမျိုး ပြောနေဆဲဖြစ်သည်။
"ကောင်းပြီ၊ ကျုပ် ခင်ဗျားရဲ့ အကြံပြုချက်ကို လက်ခံမယ်။ အခု ကျုပ် ဒီဆိုင်ကို ငှားမယ်။ လျို့ဖုန်းနဲ့ သူ့လူတွေ ပေါ်မလာရင်တော့ ထားလိုက်ပေါ့၊ ဒါပေမယ့် ပေါ်လာရဲရင်တော့ သွေးက ဘာလို့ နီနေတာလဲဆိုတာ သူတို့ သိစေရမယ်’’ ချူးယွင်ဖန်းက ထိုသို့ပြော၍ မတ်တပ်ထရပ်လိုက်သည်။
"ဆိုင်ရဲ့ လစဉ် ငှားရမ်းခက ဘယ်လောက်လဲ"
ဝမ်ကျောက်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"ဒီဆိုင်ရဲ့ တည်နေရာက နေရာကောင်းမှာရှိနေတာ။ ကျုပ်က ဆိုင်ကို ပိတ်တော့မှာဆိုပေမယ့် ဒါက ကျုပ်ရဲ့ကိုယ်ရေးကိုယ်တာ ပြဿနာပါ။ ဆိုင်နဲ့ ဘာမှမဆိုင်ဘူး။ ငှားချင်ရင် တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျပါမယ်၊ သခင်လေးချူး"
"ကောင်းပြီ၊ ကျုပ် တစ်နှစ်အရင်ငှားမယ်" ချူးယွင်ဖန်းက ပြောသည်။ ဤသည်မှာ သင့်လျော်သော စျေးနှုန်းဖြစ်သည်။
ဝမ်ကျောက်သည် ခေါင်းမာသူဖြစ်သော်လည်း လှည့်ကွက်မကစားသောကြောင့် ထိုသို့သောလူများနှင့် ဆက်ဆံရခြင်းကို ချူးယွင်ဖန်း နှစ်သက်သည်။ အကယ်၍ ၎င်းသာ လောင်ကျင်ဖြစ်ခဲ့ပါက၊ ချူးယွင်ဖန်းသည် နှစ်ခါပြန်စဉ်းစားရပေလိမ့်မည်။
"သိပ်ကောင်းတာပဲ" လောင်ကျင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ လောင်ကျင်သည် သူ၏ ဆိုင်နေရာကို ငှားရမ်းခဲ့ဟန်ဖြင့် အလွန်ပျော်ရွှင်နေသည်။
"ကောင်းပြီ၊ ဆိုင်ကို လက်လွှဲယူတာအတွက် ကျုပ် မနက်ဖြန်မှ ပြန်လာမယ်၊ ဒါပေမယ့် ဆိုင်ကိုတော့ သေချာသန့်ရှင်းရေးလုပ်ထားရမယ်" ချူးယွင်ဖန်းက ဝမ်ကျောက်ကို တစ်နှစ်တာငှားရမ်းခအတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင် ပေးအပ်လိုက်သည်။
သို့သော်လည်း ချူးယွင်ဖန်းသည် ကြိုတင်ကာကွယ်မှုအနေဖြင့် ဝမ်ကျောက်၏ကိုယ်ပေါ်တွင် သူ၏အာဒိကပ္ပဝိဉာဉ် အရိပ်အမြွက်တချို့ ချန်ရစ်ထားခဲ့သည်။ ဝမ်ကျောက်သည် ရေမြေဆုံးသို့ ထွက်ပြေးရန် ကြိုးစားလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
"ပြဿနာမရှိပါဘူး" ဝမ်ကျောက်သည် ဝိညာဥ်ကျောက်တုံးများကို ရေတွက်ပြီးနောက် ပို၍ တက်ကြွလာသည်ဟု ခံစားလိုက်ရသည်။
"စကားမစပ်၊ ခင်ဗျားမှာ အခု အလုပ်မရှိဘူး မဟုတ်လား" ချူးယွင်ဖန်းက မေးလိုက်သည်။
"ဟုတ်တယ် မရှိဘူး" ဝမ်ကျောက်က ပြောလိုက်သည်။
"အရင်က ကျုပ်ဆိုင်မှာ ဆေးဖော်စပ်တဲ့ နေရာမှာ တာဝန်ယူခဲ့တာ ဒါပေမယ့် အခု ဆိုင်က ဒီလိုဖြစ်လာတော့ ကျုပ်လည်း အလုပ်မရှိတော့ဘူး"
"ကျုပ် ခင်ဗျားကို အလုပ်ခန့်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ခင်ဗျားကို ကျုပ်လက်ထောက်အဖြစ် တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်ထောင်ပေးမယ်" ချူးယွင်ဖန်းက အဆိုပြုလိုက်သည်။
"ဘယ်လိုလဲ၊ ဆန္ဒရှိလား"
ဝမ်ကျောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤကမ်းလှမ်းချက်သည် ဆိုးရွှားနေသောကြောင့် မဟုတ်ပေ၊ ဆန့်ကျင်အနေဖြင့် ၎င်းသည် ကောင်းမွန်လွန်းလှသည်။ အဆင့်နိမ့်ဝိညာဉ်ကျောက် တစ်ထောင်သည် သူ့ဆိုင်၏ လစဉ်အမြတ်ငွေနှင့် ညီမျှပေသည်။
"ဒါပေါ့ ကျုပ်ဆန္ဒရှိတာပေါ့" ဝမ်ကျောက်သည် မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်စွာဖြင့် ကမန်းကတန်း ပြောလိုက်သည်။ သူသည် ဤတစ်ကြိမ်တွင် ကျေးဇူးရှင်တစ်ဦးနှင့် အမှန်တကယ် ကြုံတွေ့ခဲ့ပုံပေါ်သည်။
"ကောင်းပြီ ကျုပ် မနက်ဖြန် ပြန်လာခဲ့မယ်။ ဒီနေ့တစ်နေ့တော့ သန့်ရှင်းရေးလုပ်ထားလိုက်ပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ဆိုင်ထဲမှ ထွက်သွားခါနီးတွင် အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ဝင်ရောက်လာကြောင်း မြင်တွေ့လိုက်ရသည်။
"အိုး၊ ဝမ်ကျောက်ရဲ့ဆိုင်ကို ငှားချင်တဲ့လူရှိတယ်လား။ ကောင်လေး၊ မင်း ဒီပတ်ဝန်းကျင်မှာ မေးကြည့်ပါလား၊ သခင်ကြီးလျို့ဘာမှမပြောဘူးဆိုရင် ဒီဆိုင်ကို ဘယ်သူမှ မငှားရဲကြဘူးကွ”