← Chapters

ကျုပ် မအားသေးဘူး၊ သူ့ကို စောင့်ခိုင်းလိုက်

Vol. 80 Ch. 1195

ကျုပ် မအားသေးဘူး၊ သူ့ကို စောင့်ခိုင်းလိုက်

Vol. 80 Ch. 1195

"ခင်ဗျားတို့ဂိုဏ်းခေါင်းဆောင်အတွက်တဲ့လား" အကြီးအကဲရွှီ၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားသည်။ ထာဝရဆေးလုံး၏ အစွမ်းထက်သော သက်ရောက်မှုများကို သူ သိထားသည်။ ၎င်းသည် လူသေမဟုတ်သေးသရွေ့ အသက်ငွေ့ငွေ့သာ ကျန်ရစ်နေလျှင်ပင် လူတစ်ဦး၏အသက်ကို ပြန်လည်ဆွဲခေါ်နိုင်သည်။

၎င်းဆေးသည် ပြိုင်ဘက်ကင်းသော ကုသဆေးဟုဆိုနိုင်သည်၊ သို့သော်လည်း အကြီးအကဲရွှီသည် ထို့ကြောင့်သာ စစ်ဝံပုလွေဂိုဏ်းခေါင်းဆောင်၏ ဒဏ်ရာအခြေအနေကို အတိုင်းအတာတစ်ခုထိ မှန်းဆနိုင်သွားသည်။ ဒဏ်ရာ၏ အခြေအနေသည် ထာဝရဆေးမပါရှိဘဲ ကုသရန် အမှန်တကယ် မဖြစ်နိုင်ပုံပေါ်သည်။ ထိုသို့တွေးမိသောအခါ ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး သတင်းတစ်ခုဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းနှင့်ပတ်သက်၍ မည်သည့်သတင်းကိုမျှ မရရှိခဲ့သောကြောင့်ဖြစ်သည်။ သို့သော်လည်း စစ်ဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်က ထာဝရဆေးကို လိုအပ်နေသည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပုံရသည်။ အနည်းဆုံးလျှင် သူ၏နတ်အဆင့်ကျင့်ကြံမှုဖြင့်ပင် ကိုယ်တိုင် မကုသနိုင်ခဲ့ပေ။ ဤသတင်း ပြန့်နှံ့သွားသည်နှင့် မည်မျှသော ရုန်းရင်းဆန်ခတ်ဖြစ်စဉ်များ ဖြစ်ပေါ်လာမည်ကို တွေးကြည့်၍ပင် သိနိုင်သည်။

စစ်ဝံပုလွေဂိုဏ်းသည် စစ်ဝံပုလွေဂိုဏ်းခေါင်းဆောင်၏ အစွမ်းထက်သော အင်အားကြောင့်သာ ခုန်းလုံမြို့တွင် အကြီးဆုံးဂိုဏ်းတစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။ စစ်ဝံပုလွေဂိုဏ်းခေါင်းဆောင်သည် အပြင်းအထန် ဒဏ်ရာရနေ၍ သေလုမြောပါးဖြစ်နေသည်ဟူသော သတင်းများ ပျံ့နှံ့သွားပါက၊ အကျိုးဆက်ကို တွေးကြည့်နိုင်မည်မဟုတ်ပေ။ စစ်ဝံပုလွေဂိုဏ်းသည် ထိုသတင်းကို ကနဦးကတည်းက လုံးလုံးလျားလျား လျှို့ဝှက်ထားခြင်းဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သည်။ မဟုတ်ပါက၊ ၎င်းတို့ဘက်မှ မည်သည့်သတင်းအချက်အလက်ကိုမျှ မရရှိရန် မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ၊ ဆေးပညာအစည်းအရုံးသည် အလွန် သတင်းအချက်အလက်စုံလင်သော နေရာတစ်ခုဖြစ်သည်။ ခုန်းလုံမြို့ရှိ သတင်းအကြီးအငယ်ဟူသမျှအနက် ၎င်းတို့ထံမှ သိုဝှက်ထားနိုင်သည့် သတင်းအချက်အလက်ဟူ၍ အများအပြားမရှိပေ။

"ဟုတ်တယ်။ ကျုပ်တို့ဂိုဏ်းခေါင်းဆောင်ရဲ့ဒဏ်ရာက တော်တော်လေး ပြင်းထန်တယ်ဆိုတာ ခင်ဗျားလည်း ခန့်မှန်းနိုင်မှာပါ။ ထာဝရဆေးလုံးသာ မရှိရင် သူ့ကိုကုနိုင်ဖို့ တခြားနည်းလမ်းမရှိလောက်ဘူး" လျောင်သဲ့ယီက အံကြိတ်လျက် ပြောလိုက်သည်။ ၎င်းတို့သည် ဤသတင်းကို ခေတ္တ ဖုံးကွယ်ထားနိုင်သော်လည်း ဆက်လက် ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ ထိုသတင်း ပျံ့နှံ့သွားရန် အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။

"ဒါဆိုရင် ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး" အကြီးအကဲရွှီက ခေါင်းခါလိုက်သည်။

"ဘာလို့လဲ" လျောင်သဲ့ယီက အော်ဟစ်လိုက်သည်။

"ထာဝရဆေးကြောင့်ပဲ။ ကျုပ်ခွန်အားနဲ့ဆိုရင် အောင်မြင်မှုနှုန်းက ၅ဝရာခိုင်နှုန်းအောက်မှာပဲရှိတယ်။ ကြိုတင်ပြင်ဆင်မှုအတွက်ပဲဆိုရင်တော့ ကျုပ် ခင်ဗျားကို ဖော်စပ်ပေးနိုင်တယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ လူ့အသက်ကို ကယ်တင်ချင်ရင်တော့ ကျရှုံးနိုင်ခြေက ၉၅ရာခိုင်နှုန်းလောက်ရှိတယ်။ ဒီတော့ ကျိန်းသေပေါက် အောင်မြင်မှာ မဟုတ်ဘူး။ ကျုပ်ကို ဖော်စပ်ခိုင်းချင်တယ်ဆိုရင် ကျုပ်တော့ သေချာပေါက် သဘောမတူနိုင်ဘူး" အကြီးအကဲရွှီက ပြောလိုက်သည်။

သူသည် ၎င်းဆေးဖော်စပ်မှုနှင့်ပတ်သက်၍ အလွန်မက်မောမိသော်လည်း ပါဝင်ပတ်သက်လာမည့်အန္တရာယ်များကို သူ သိနေသည်။ အကယ်၍ ဆေးဖော်စပ်မှုသာ မအောင်မြင်ခဲ့ပါက၊ စစ်ဝံပုလွေဂိုဏ်းတစ်ခုလုံးသည် သူ့ကို တစ်စစီဖြစ်သည်အထိ ဆွဲဖြဲကြပေလိမ့်မည်။ ဤလူများသည် ၎င်းတို့၏ ဓားသွားထက်မှ သွေများကို သောက်သုံးကြသူများဖြစ်သည်။ ထိုအခြေအနေသို့ အမှန်တကယ်ရောက်ရှိသွားပါက၊ ၎င်းတို့သည် သူ၏နောက်ခံအထောက်အထားကိုပင် ဂရုစိုက်ကြမည် မဟုတ်ပေ။

"ခင်ဗျားတို့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဆိုရင်ရော ဘယ်လိုလဲ" လျောင်သဲ့ယီသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံပေါ်သည်။

"ကျုပ်တို့အဖွဲ့အစည်းခေါင်းဆောင် ဖော်စပ်မယ်ဆိုရင် အောင်မြင်နိုင်ခြေက ၃၀ရာခိုင်နှုန်းရှိတယ်။ အဆင့်အမြင့်ဆုံး ဆေးပညာရှင်ကို ရှာနိုင်မယ်ဆိုရင်တော့ ခင်ဗျားမှာ ၇၀ရာခိုင်နလောက် အခွင့်အရေးရှိနိုင်တယ်" အကြီးအကဲရွှီက ဆိုသည်။

"ကျုပ်က အခုအချိန် အဆင့်အမြင့်ဆုံး ဆေးပညာရှင်ကို ဘယ်မှာ သွားရှာရမှာလဲ။ ဒီလိုလုပ်ပါလား၊ ကျုပ်ကို ခင်ဗျားတို့ဥက္ကဋ္ဌဆီ ခေါ်သွားပေးပါ" ထိုအချိန်တွင် လျောင်သဲ့ယီက အလျင်အမြန် ပြောလိုက်သည်။ ဖြစ်နိုင်ခြေ ၃၀ရာခိုင်နှုန်းသည် မမြင့်မားလှသော်လည်း သေခြင်းတရားကို စောင့်ဆိုင်းနေခြင်းထက် ပို၍ကောင်းမွန်ပေသည်။

"ကံမကောင်းတာက ကျုပ်တို့ ဥက္ကဋ္ဌက မြို့တော်ကို ညတွင်းချင်းပြန်သွားတယ်။ သူ့ကို ဆေးဖော်စေချင်ရင် ဆယ်ရက်ကျော်လောက် စောင့်ရလိမ့်မယ်" အကြီးအကဲရွှီက ခေါင်းခါလိုက်သည်။

"ကျုပ်က စောင့်နိုင်ပါတယ်၊ ဒါပေမယ့် ကျုပ်တို့ ဂိုဏ်းခေါင်းဆောင်က ဘယ်လိုလုပ် စောင့်နိုင်မှာလဲ ခင်ဗျားတို့ အဖွဲ့အစည်းခေါင်းဆောင်က ဘာလို့ဒီအချိန်မှ မြို့တော်ကို ပြန်သွားရတာလဲ" လျောင်သဲ့ယီက ချက်ခြင်းပင် စိုးရိမ်ပူပန်လာသည်။ အကြီးအကဲရွှီသည် သူ့ကို လိမ်ညာပြောမည် မဟုတ်ကြောင်း သူ သိနေသည်။ တစ်နည်းဆိုရသော် အောင်မြင်နိုင်ခြေအရှိဆုံးပုဂ္ဂိုလ်သည် ဆေးပညာအဖွဲ့အစည်း၏ဥက္ကဌ ကုန်းပုယီဖြစ်သည်။ သို့သော် ယခုအခါ ကုန်းပုယီက မြို့တော်သို့ ထွက်ခွာသွားသောကြောင့် သူ မည်သို့ ပြုလုပ်ရမည်နည်း။

"တကယ်တော့ ထာဝရဆေးကို ဖော်စပ်နိုင်တဲ့ တခြားတစ်ယောက်ရှိတယ်။ သူက ကျုပ်တို့ဥက္ကဋ္ဌထက်တောင် ပိုမိုကျွမ်းကျင်လောက်တယ်" အကြီးအကဲရွှီက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဘယ်သူလဲ" လျောင်သဲ့ယီ၏ မျက်လုံးများ လင်းလက်သွားပြီးနောက် အလျင်အမြန် မေးမြန်းလိုက်သည်။

"သူ့နာမည်က ချူးယွင်ဖန်း" အကြီးအကဲရွှီက နာမည်တစ်ခုကို ပြောလိုက်သည်။

လူစည်ကားနေသော ဆေးရောင်းဝယ်ရေးလမ်းမပေါ်တွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ မည်သူက ဤမျှမောက်မာလွန်းသနည်းဟု ကြည့်လိုက်သောအခါ လူအများသည် ထိုလူကို သတိထားမိသွားလေ၏။ ဤသည်မှာ စစ်ဝံပလွေဂိုဏ်း၏ လက်ထောက်ခေါင်းဆောင် လျောင်သဲ့ယီဖြစ်သည်။

"စစ်ဝံပုလွေဂိုဏ်းက တုံ့ပြန်တာ မြန်လှချည်းလား။ ရောက်လာတာ မြန်လိုက်တာ"

"လျောင်သဲ့ယီ ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး၊ နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်တော့မယ့်ပုံပဲ"

"စစ်ဝံပုလွေဂိုဏ်းက ပြဿနာအကြီးအကျယ် ရှာတော့မယ်ထင်တယ်"

မကြာမီတွင် လူတစ်စုသည် ၎င်းတို့ကို ဝိုင်းရံထားကြသည်။ ဆေးဆိုင်ထဲတွင် ဆေးအမျိုးမျိုး အဆက်မပြတ် ခင်းကျင်းနေသော ဝမ်ကျောက်သည် ကြံ့ခိုင်သန်မာသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဝင်ရောက်လာကြောင်း မြင်တွေ့လိုက်ရသည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ဆေးဝယ်ဖို့လား”

"စိတ်မရှိပါနဲ့၊ ဆေးဆရာချူး ဒီမှာရှိပါသလား" လျောင်သဲ့ယီက ဝမ်ကျောက်ကိုကြည့်၍ ပြောလိုက်သည်။

"ဆေးဆရာချူး ဟုတ်လား။ အာ၊ သခင်လေးချူးကို ပြောတာလား" ဝမ်ကျောက်က ချက်ချင်း တုံ့ပြန်လိုက်သည်။ သို့သော် ဝမ်ကျောက်သည်လည်း အခြားလူများ၏ ဆွေးနွေးမှုများကို ကြားလိုက်ရသောကြောင့် ချက်ချင်း မေးမြန်းလိုက်သည်။

"ခင်ဗျားက စစ်ဝံပုလွေဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင်ပဲ"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်" လျောင်သဲ့ယီက ခေါင်းညိတ်လိုက်သည်။

"ရောက်လာပြီကို" ဝမ်ကျောက်က ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေသကဲ့သို့ ချက်ချင်း ပြုမူလိုက်သည်။

"ဒီလောက်မြန်မြန်ရောက်လာမယ်လို့ မထင်ထားဘူး။ ခင်ဗျားတို့က တော်တော် အငြိုးကြီးတဲ့လူတွေပဲ"

ဝမ်ကျောက်၏ အမူအရာသည် မည်သို့ကြောင့် ရုတ်တရက် ပြောင်းလဲသွားသည်ကို လျောင်သဲ့ယီ မသိသော်လည်း ပြဿနာတစ်ခုခုရှိနေကြောင်း သူ သတိထားမိသွားသည်။

"ဒီမှာ အထင်လွဲစရာများရှိထားလားမသိဘူး။ ဒါပေမယ့် ကျုပ်က ဆေးဆရာချူးကို တွေ့ဖို့ လာခဲ့တာပါ" လျောင်သဲ့ယီက အလျင်အမြန် ပြောလိုက်သည်။

"ခင်ဗျား ဒီကို ပြဿနာရှာဖို့လာတာ မဟုတ်ဘူးလာ" ဝမ်ကျောက်သည် လျောင်သဲ့ယီကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ လျောင်သဲ့ယီသည် ခန်းမခေါင်းဆောင်လျို့အတွက် ဤနေရာသို့ ရောက်ရှိနေသည်ဟု သူထင်မှတ်ခဲ့သည်။ မည်သို့ပင် တွေးတောနေပါစေ ဤဖြစ်နိုင်ခြေသည် အမြင့်မားဆုံးဖြစ်သည်။

"ဟုတ်ပါတယ်။ ကျုပ်က ဒီကို ဘာကိစ္စပြဿနာရှာဖို့ လာရမှာလဲ။ ကျုပ် တကယ် ဆေးဆရာချူးကို လာရှာတာပါ။ သူ့ကို အကြောင်းကြားလို့ရမလား" လျောင်သဲ့ယီသည် ရယ်ရမဲ့မဲ့ ငိုရမဲ့မဲ့ဖြစ်နေမိသည်။

"အဲဒါဆိုရင် ကျုပ် သွားပြောပါ့မယ်" ဤဒုဂိုဏ်းခေါင်းဆောင်သည် ဤနေရာ၌ ပြဿနာရှာရန် ရောက်လာခြင်း မဟုတ်ပါက၊ မည်သို့ကြောင့် ရောက်ရှိလာသည်ကို ဝမ်ကျောက် ဝေခွဲမရဖြစ်နေသည်။

ဝမ်ကျောက်သည် ချူးဟုန်ချိုင်နှင့် အန်းရှို့ရှို့တို့ တိုက်ခိုက်ဆဲဖြစ်သည့် အိမ်နောက်ဖေးသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ ပို၍တိကျစွာပြောရမည်ဆိုလျှင် အန်းရှို့ရှို့သည် ချူးဟုန်ချိုင်ကို ရိုက်နှက်နေခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး တိုက်ခိုက်နေသည့် အရှိန်အဟုန်သည် အလွန်လျင်မြန်၍ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ၎င်းတို့နှစ်ဦးစလုံးသည် မှော်စွမ်းအင်များနှင့် ချီစွမ်းအင်များကို ဖိနှိပ်ထားကြသည်။ 'ဘန်း ဘန်း ဘန်း' ဟူသော အသံများအပြင် ချူးဟုန်ချိုင်၏ နာကျင်နေသော အော်သံများသာ တစ်ခဏပြီး တစ်ခဏ ထွက်ပေါ်လာလေ့ရှိသည်။

ချူးယွင်ဖန်းသည် အိမ်နောက်ဖေး၏ ထောင့်တစ်ခုရှိ ကျောက်ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်ကာ ချူးဟုန်ချိုင် ပညာပေးခံနေရခြင်းကို စိတ်ဝင်တစား ကြည့်ရှုနေသည်။ ပြီးနောက် သူသည် ညွှန်ပြချက်အချို့ကိုလည်း အခါအားလျော်စွာ ပေးလေ့ရှိသည်။

"သခင်လေး" ဝမ်ကျောက်သည် ချူးယွင်ဖန်း၏ နံဘေးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

"ဘာကိစ္စရှိလို့လဲ" ချူးယွင်ဖန်းက မေးလိုက်သည်။

"အပြင်မှာ စစ်ဝံပုလွေဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင် ရောက်နေပါတယ်၊ သူက သခင်လေးကို တွေ့ချင်လို့တဲ့" ဝမ်ကျောက်က ပြောလိုက်သည်။

"ကျုပ်ကို တွေ့ချင်လို့ ဟုတ်လား။ ကျုပ်ကို တိုက်ခိုက်ဖို့ မဟုတ်တာရော သေချာရဲ့လား" ချူးယွင်ဖန်းလည်း အနည်းငယ် အံ့ဩသွားသည်။

"ဟုတ်ပါတယ်၊ သူက သခင်လေးကို တွေ့ချင်လို့တဲ့" ဝမ်ကျောက်က ကမန်းကတန်း ပြောလိုက်သည်။

"သူပုံစံက ပြဿနာရှာဖို့လာတာနဲ့တော့ မတူဘူး"

"ကျုပ် မအားဘူး၊ သူ့ကို စောင့်ခိုင်းလိုက်" ချူးယွင်ဖန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဝမ်ကျောက်သည် တံတွေးပင် သီးလုနီးပါး ခံစားလိုက်ရသည်။ ထိုလူသည် စစ်ဝံပုလွေဂိုဏ်း၏ လက်ထောက်ခေါင်းဆောင်ဖြစ်သည်။ သူသည် ခုန်းလုံမြို့တွင် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဟုလည်း ဆိုနိုင်သည်။ ယခုအခါ သူ၏သခင်လေးသည် ထိုသို့သောပုဂ္ဂိုလ်မျိုးကို အမှန်တကယ် စောင့်ခိုင်းနေသည်။ ဤဖြစ်စဉ်သည် လျို့ဖုန်းနှင့် ခန်းမခေါင်းဆောင်လျို့တို့ကို ချူးယွင်ဖန်း ဖြေရှင်းခဲ့စဉ်ကထက် ပို၍ပင် အံ့ဩဖွယ်ကောင်းနေသည်။

All Chapters