အမည် - အလုံးစုံမြင်
Vol. 20 Ch. 275
အလုံးစုံမြင်နတ်ဘုရား၏ရုံးခန်းတွင်
အလုံးစုံမြင်နတ်ဘုရားသည် ကွန်ပျူတာတွင် အပြင်းအထန် စာရိုက်နေဆဲဖြစ်သည်။
သူ၏ဘေးတွင် ရဲရှင်းဟွေ့နှင့် တစ်ပုံစံတည်းနီးပါးတူသော ကျောက်တုံးဖြင့်ပြုလုပ်ထားသော အမျိုးသားတစ်ဦးရှိနေ၏။
သူသည် လက်ဖက်ရည်ကမ်းခြင်း၊ ရေကမ်းခြင်း၊ ဆေးလိပ်မီးညှိပေးခြင်းနှင့် အလုံးစုံမြင်နတ်ဘုရား၏ပခုံးများကို နှိပ်ပေးခြင်းတို့ကို ပြုလုပ်နေသည်။
၎င်းမှာ အလုံးစုံမြင်နတ်ဘုရားက အရင်တစ်ခါ ရောင်ခြည်ကျောက်မှ ဖန်တီးခဲ့သော ရဲရှင်းဟွေ့ အတိအကျဖြစ်သည်။
သူ၏ဒေါသကို ဖြေဖျောက်ပြီးနောက် သူသည် ကျောက်တုံးရဲရှင်းဟွေ့ကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားခဲ့သည်။
၎င်းမှာ အကယ်၍ ရဲရှင်းဟွေ့က သူ့ကို တစ်နေ့နေ့တွင် တစ်ဖန်စိတ်အနှောင့်အယှက်ဖြစ်စေပါက သူ၏ဒေါသကို ဖြေဖျောက်ရန် တစ်စုံတစ်ယောက် ရှိနေစေရန်ဖြစ်သည်။
"ရဲရှင်းဟွေ့ ပြန်ပြောင်းသွားပြီလားမသိဘူး။"
အလုံးစုံမြင်နတ်ဘုရားသည် ကုတ်ရိုက်နေရင်း ပြုံးလိုက်၏။
ထိုစကားကိုကြားသော် ဘေးမှကျောက်တုံးလူသားသည် သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
သူသည် ရဲရှင်းဟွေ့ဟူသောအမည်နှင့် အလွန်ရင်းနှီးသည်။ အလုံးစုံမြင်နတ်ဘုရား သူ့ကိုရိုက်နှက်သည့်အခါတိုင်း သူသည် ဤအမည်ကို အော်ဟစ်လေ့ရှိသည်။
ကျောက်တုံးလူသားသည် တစ်ခါက သူ၏အမည်မှာ ရဲရှင်းဟွေ့ဖြစ်သည်ဟု တွေးထင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် ရဲရှင်းဟွေ့မှာ လူယုတ်မာတစ်ဦးမျှသာဖြစ်ကြောင်းကို သိရှိခဲ့သည်။
ကျောက်တုံးလူသားသည် သူအသက်ရှင်နိုင်ပြီး ရဲရှင်းဟွေ့ကို မြင်တွေ့နိုင်သရွေ့ သူ့ကို သေချာပေါက်သတ်မည်ဟု နေ့စဉ်ကျိန်ဆိုခဲ့သည်။
ကျောက်တုံးလူသား၏နှလုံးသားထဲမှ ရက်စက်မှုကိုခံစားမိသော် အလုံးစုံမြင်နတ်ဘုရားမှာ ဂရုမစိုက်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဤရက်စက်မှုမှာ သူ့ထံမှ မွေးဖွားလာခြင်းဖြစ်သည်။
အလုံးစုံမြင်နတ်ဘုရား၏ ယခုတစ်ကြိမ်ရဲရှင်းဟွေ့အပေါ်လှည့်ကွက်မှာ အမှန်တကယ်တွင် ရိုးရှင်းသောနောက်ပြောင်မှုတစ်ခု မဟုတ်ပေ။
၎င်းမှာ ရဲရှင်းဟွေ့အတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်၏။
ဤစမ်းသပ်မှုဟုခေါ်သောအရာမှာ အလုံးစုံမြင်နတ်ဘုရားက သူ၏ကိုယ်သူစဉ်းစားမိခဲ့သောအရာဖြစ်သည်။
အလုံးစုံမြင်နတ်ဘုရားမှာ နတ်ဘုရားတစ်ပါးဖြစ်သော်လည်း Party A အတွက်မူ သူသည် ခွေးတစ်ကောင်ထက်မပိုဟုဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
ဤစမ်းသပ်မှုမှာ ရဲရှင်းဟွေ့တွင် ခွေးတစ်ကောင်ဖြစ်ရန် အသိစိတ်ရှိမရှိကို ကြည့်ရှုရန်ဖြစ်သည်။
သဘာဝကျကျပင် ရဲရှင်းဟွေ့ကို ခွေးတစ်ကောင်အဖြစ်သို့ပြောင်းလဲခြင်းမှာလည်း အတော်ပင်စိတ်ဝင်စားဖွယ်ကောင်းသည်။
သူ့ကိုအသက်သာဆုံးဖြစ်စေသောအရာမှာ ရဲရှင်းဟွေ့မှာ မည်သို့ပြန်ပြောင်းရမည်ကို မသိသေးခြင်းပင်ဖြစ်သည်။
ပြန်ပြောင်းရန်နည်းလမ်းအတွက်မူ ၎င်းမှာလည်း အလွန်ရိုးရှင်းသည်။ ရဲရှင်းဟွေ့သည် ၎င်းကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်သည်။
၎င်းမှာ…
အလုံးစုံမြင်နတ်ဘုရားသည် စားပွဲပေါ်တွင်ချထားသော အလုပ် ID ကတ်တစ်ကတ်ကို ကောက်ယူလိုက်၏။
အလုပ် ID ကတ်ပေါ်မှအမည်မှာ လှောင်ပြောင်ခြင်းကို ခံထိုက်သည်။ ID ပေါ်မှအမည်မှာ "အလုံးစုံမြင်" ဟု ရှင်းလင်းစွာရေးသားထားသည်။
T/N - အလုံးစုံမြင်လို့ပဲ သူ့မူရင်းကိုက ပါတာမို့ နောက်က မျက်လုံးရော နတ်ဘုရားရောမပါလို့ ဖတ်ရထောက်ပေမဲ့ ဒီတိုင်းပဲပြန်ရေးပေးထားတာပါ။
"အိုး။ ဒီအလုပ် ID ကတ်ပေါ်ကအမည်ကို ရဲရှင်းဟွေ့လို့ပြောင်းလိုက်တဲ့အခါ ငါလွတ်မြောက်သွားမှာပဲ။"
သူစကားဆုံးသည်နှင့် အလုံးစုံမြင်နတ်ဘုရား၏လက်ထဲမှ နောက်ထပ်နတ်ဘုရားစွမ်းအင်ရောင်ခြည်တစ်ခု ပျံထွက်သွားပြီး ပျောက်ကွယ်သွားသည်။
ရဲရှင်းဟွေ့ တစ်ဖန်ပြန်နိုးလာသောအခါ နောက်တစ်နေ့နံနက်ခင်းဖြစ်နေလေပြီ။
ရဲရှင်းဟွေ့နိုးလာသောအခါ သူသည် သူပြန်ပြောင်းသွားပြီလားဆိုသည်ကိုကြည့်ရန် သူ၏လက်များကို ချက်ချင်းကြည့်လိုက်၏။
သို့သော် သူ၏စိတ်ပျက်မှုအတွက် သူသည် မပြောင်းလဲသေးပေ။
ရဲရှင်းဟွေ့က သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ… အဲ့ဒီကျိန်စာသင့် ရှမိတ်သုံးခဲ့တဲ့နည်းလမ်းကို သာမန်စွမ်းအားနဲ့ ဖယ်ရှားလို့မရဘူးပဲ။"
ဒေါက်။ ဒေါက်။ ဒေါက်။
ထိုစဉ် တံခါးခေါက်သံထွက်ပေါ်လာ၏။
"ရဲရှင်းဟွေ့၊ ထပြီးစားတော့။ မင်းခဏနေရင် ပေါင်ပေါင်းနဲ့အတူ ကျောင်းသွားရမယ်။"
ဝက်ဝံကန်း၏စကားကိုကြားသော် ရဲရှင်းဟွေ့က တုံ့ပြန်လိုက်ပြီး မတ်တပ်ထရပ်ကာ အခန်းထဲမှ လျှောက်ထွက်လာသည်။
ထမင်းစားပွဲပေါ်တွင်…
ဝက်ဝံကန်းသည် ကျောင်းသို့ဝင်ရောက်ပြီးနောက် ရဲရှင်းဟွေ့အား အချို့သောအရာများကို ရှင်းပြနေ၏။
ဥပမာအားဖြင့် သူစကားမပြောသင့်ခြင်း၊ သူပတ်လည်တွင်မပြေးသင့်ခြင်းနှင့် သူလူများကိုမရိုက်သင့်ခြင်းတို့ဖြစ်သည်။
ဝက်ဝံကန်း အမေအိုတစ်ဦးကဲ့သို့ ညွှန်ကြားချက်များပေးနေစဉ်မှာပင် ရဲယင်က ရုတ်တရက် "ပြီးတော့… မင်းမကိုက်ရဘူး" ဟု ထပ်ပေါင်းထည့်လိုက်သည်။
ရဲယင်၏စကားကိုကြားသော် ရဲရှင်းဟွေ့က သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်၏။
ဤတစ်ချက်ကြည့်ရုံဖြင့် ချက်ချင်းပင် ရဲယင်ကို အေးခဲသွားစေသည်။
"ဟေး… တက္ကသိုလ်တွေက ဒီလောက်လွတ်လပ်သလား။ အိမ်မွေးတိရစ္ဆာန်တွေကိုတောင် ခွင့်ပြုထားတာလား။"
ထိုစကားကိုကြားသော် ဝက်ဝံကန်းက ရဲရှင်းဟွေ့ကို ထူးဆန်းသောမျက်လုံးများဖြင့်ကြည့်ကာ
"မင်းက အိမ်မွေးတိရစ္ဆာန်လား"
ရဲရှင်းဟွေ့ - "..."
"မဟုတ်ဘူး။"
"မင်းက အိမ်မွေးတိရစ္ဆာန်မဟုတ်မှတော့ ဘာမှားနေလို့လဲ။"
"သေစမ်း။ မင်းခုနကပြောတာကို ငါမငြင်းနိုင်ဘူး။"
ဝက်ဝံကန်းသည် သဘာဝကျကျပင် ရဲရှင်းဟွေ့ဘာကိုဆိုလိုသည်ကိုသိပြီး ချက်ချင်းရှင်းပြလိုက်၏။
"စိတ်မပူပါနဲ့။ ပေါင်ပေါင်းရဲ့ကျောင်းထဲကအဆင့်အတန်းက မနိမ့်ကျဘူး၊ ပြီးတော့ သူမက ဒါရိုက်တာဘုတ်အဖွဲ့ကိုတောင် စိတ်မပူရဘူး။ ပိုတိတိကျကျပြောရရင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက ပေါင်ပေါင်းကိုမျက်နှာသာပေးရတဲ့သူတွေပဲ။"
"ဒါငါ့အမေရဲ့ ပိုက်ဆံစွမ်းရည်လား"
ရဲရှင်းဟွေ့က ဆွံ့အစွာဖြင့် မေးလိုက်သည်။
"ဟုတ်တယ်။"
ဝက်ဝံကန်းက မငြင်းဘဲပြန်ဖြေလိုက်၏။
ခဏမျှစကားစမြည်ပြောပြီးနောက် ပေါင်ပေါင်းက ရဲရှင်းဟွေ့ကို တက္ကသိုလ်အဆောက်အအုံသို့ ခေါ်ဆောင်သွားသည်။
"ဟမ်။ ရဲယင်ရောဘယ်မှာလဲ။ သူလည်းကျောင်းသွားရမှာမဟုတ်ဘူးလား။"
ရဲရှင်းဟွေ့သည် ရဲယင်နှင့် ပေါင်ပေါင်းတို့မှာ တူညီသောအတန်းထဲတွင်ရှိသည်ကို သိ၏။
"မသိဘူး။ စိတ်မပူနဲ့၊ သူပြေးမလွတ်ဘူး။"
ပေါင်ပေါင်းမှာ သူ၏အုပ်ထိန်းသူအဖြစ် ရဲယင်အပေါ် အလွန်ခိုင်မာသောချုပ်ကိုင်မှုရှိသည်။
ပေါင်ပေါင်းပြောသည်ကိုကြားပြီးနောက် ရဲရှင်းဟွေ့က ပေါင်ပေါင်းကို စပ်စုစွာကြည့်ကာ
"ပေါင်ပေါင်း၊ မင်းဘယ်လောက်အားကောင်းလဲ"
"ငါလား။ ငါတော်တော်အားကောင်းသင့်တယ်။"
"ဒါဆို မင်းဘာလို့ဒီလောက်အားကောင်းလဲဆိုတာကို မင်းသိလား"
ရဲရှင်းဟွေ့က ထပ်မေးလိုက်၏။
ပေါင်ပေါင်း ရဲရှင်းဟွေ့၏မေးခွန်းကိုကြားသော် သူမက သူမ၏မေးစေ့ကို သူမ၏လက်ညှိုးဖြင့်ပုတ်ကာ ခဏစဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"မသိဘူး။ ဒါက ငါမင်းကိုမေးချင်တဲ့အရာပဲ"
"ငါ့ကိုမေးမယ် ဟုတ်လား။"
ထိုအချိန်တွင် ရဲရှင်းဟွေ့သည် ပေါင်ပေါင်းက အစပိုင်းတွင်သူ့နောက်သို့လိုက်ရန် ရွေးချယ်ခဲ့သည့်အကြောင်းကို ရုတ်တရက်စဉ်းစားမိသွား၏။
ကြည့်ရသည်မှာ ပေါင်ပေါင်းက သူ၏ကိုယ်ပေါ်မှအရှိန်အဝါတစ်ခုခုကြောင့် သူ့နောက်သို့လိုက်လိုခဲ့ပြီး ဤအရှိန်အဝါမှာ ပေါင်ပေါင်း၏ဘဝအတွေ့အကြုံနှင့် သက်ဆိုင်နေသည်။
ရဲရှင်းဟွေ့ အတွေးနက်နေစဉ်မှာပင် ပေါင်ပေါင်းက သူမ၏ပါးစပ်ကို တစ်ဖန်ပြန်ဖွင့်ကာ "ဟုတ်တယ်၊ ပြီးတော့ မင်းခွေးတစ်ကောင်အဖြစ်ပြောင်းသွားပြီးတဲ့နောက် အရှိန်အဝါက ပိုအားကောင်းလာတယ်" ဟု ဆို၏။
ပေါင်ပေါင်း၏စကားများကြောင့် ချက်ချင်းပင် ရဲရှင်းဟွေ့မှာ ထိတ်လန့်သွားသည်။
"ငါခွေးတစ်ကောင်အဖြစ်ပြောင်းသွားပြီးတဲ့နောက် အရှိန်အဝါက ပိုအားကောင်းလာတယ် ဟုတ်လား။ ပြီးတော့ ငါခွေးတစ်ကောင်အဖြစ်ပြောင်းသွားရတဲ့အကြောင်းက အဲ့ဒီကျိန်စာသင့် ရှမိတ်နတ်ဘုရားပေးခဲ့တဲ့ ခွေးအရုပ်ကြောင့်ပဲ။ ဖြစ်နိုင်တာက ပေါင်ပေါင်းက အဲ့ဒီကျိန်စာသင့် ရှမိတ်နတ်ဘုရားနဲ့ တစ်ခုခုပတ်သက်နေတာလား။"
ဤသို့တွေးမိသော် ရဲရှင်းဟွေ့သည် ပေါင်ပေါင်း၏ဘဝအတွေ့အကြုံအပေါ် ပိုမိုစိတ်ဝင်စားလာ၏။
အဲ့ဒီကျိန်စာသင့် ရှမိတ်က အရမ်းမယုံကြည်ရပုံရပေမဲ့ သူရဲ့လုပ်ရပ်တွေက မယုံကြည်ရဘဲ သူက နောက်ပြောင်စရာတစ်ခုလိုဖြစ်နေပေမဲ့ သူက စစ်မှန်တဲ့နတ်ဘုရားတစ်ပါးဖြစ်နေဆဲပဲ။
ပြီးတော့ နတ်ဘုရားတစ်ပါးနဲ့ ဆက်ဆံရေးရှိနိုင်တဲ့လူတစ်ယောက်က…
ရဲရှင်းဟွေ့ ပေါင်ပေါင်းမှာ အဲ့ဒီကျိန်စာသင့် ရှမိတ်ရဲ့တရားမဝင်သမီး ဒါမှမဟုတ် တစ်ခုခုဖြစ်မလားဆိုတာကို စတင်အံ့ဩနေစဉ်မှာပင်
ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့၏ရှေ့တွင် အာမေဍိတ်သံများစွာ ထွက်ပေါ်လာသည်။
"အတန်းဖော်ရဲပေါင်ပေါင်း၊ ဒါမင်းရဲ့ခွေးလား။ အရမ်းချစ်စရာကောင်းတာပဲ။"
ရဲရှင်းဟွေ့က မော့ကြည့်လိုက်ရာ သူ့နှင့်ပေါင်ပေါင်းထံသို့ လျှောက်လာနေသော နုပျိုလှပသော အမျိုးသမီးကောလိပ်ကျောင်းသူအများအပြားကို တွေ့လိုက်ရ၏။
"ပေါင်ပေါင်း၊ သူတို့က မင်းရဲ့အတန်းဖော်တွေလား"
ရဲရှင်းဟွေ့က တိုးညင်းစွာမေးလိုက်သည်။
"မသိဘူး။ ငါလည်းမမှတ်မိဘူး။"
"တော်ပြီ။"
ရဲရှင်းဟွေ့ ပေါင်ပေါင်းနှင့်စကားပြောနေစဉ်မှာပင် အမျိုးသမီးကောလိပ်ကျောင်းသူအများအပြားမှာ ပေါင်ပေါင်း၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
ပေါင်ပေါင်းမှာ ကျောင်းတွင် အလွန်အေးဆေးသည်။
အတန်းချိန်အတွင်း သူမသည် အချိန်အများစုကို သူမ၏နားကြပ်များဖြင့် တိုက်ရိုက်ဂိမ်းများကြည့်ရှုခြင်း သို့မဟုတ် အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသည်။
သဘာဝကျကျပင် ဆရာမက သူမကိုဂရုစိုက်မည်မဟုတ်ပေ။
သူမအေးဆေးသော်လည်း လူများစွာမှာ ပေါင်ပေါင်း၏နောက်ကွယ်မှလူမှာ စုမိသားစု၏အကြီးဆုံးသမီး၊ စုချန်ဖြစ်ကြောင်းကို သိကြသည်။
စုချန်၏တစ်ကိုယ်ရေအစွမ်းကိုမပြောဘဲ မြို့တော်မှချမ်းသာကြွယ်ဝသောမင်းမျိုးမင်းနွယ်မိသားစုဖြစ်သော စုမိသားစုတစ်ခုတည်းမှာပင် အခြားလူများကိုင်တွယ်နိုင်သောအရာမဟုတ်ပေ။
လူများစွာမှာပင် ဤချမ်းသာကြွယ်ဝသောမင်းမျိုးမင်းနွယ်မိသားစုနှင့် ဆက်သွယ်မှုတစ်ခုရရှိလိုကြသည်။
၎င်းမှာလည်း လူများစွာမှာ ပေါင်ပေါင်းနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုရှိလိုခြင်းကြောင့်ဖြစ်သည်။
ပေါင်ပေါင်းတစ်ဦးတည်းသာမဟုတ်ပေ။ ဝက်ဝံကန်းနှင့် ရဲယင်တို့သည်လည်း ကြီးမားသောအာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ကြသည်။
၎င်းမှာ ဝက်ဝံကန်းတွင် သူ၏ကိုယ်ထဲတွင်ရှိနေသော နှင်းဆီက သူ့ကိုစိုက်ကြည့်နေခြင်းသာဖြစ်သည်။
ရဲယင်အတွက်မူ သူသည် ပိုမိုအားကောင်းလာရန်သာ စိတ်ဝင်စားပြီး သူ့ပတ်လည်တွင် လှည့်ပတ်နေသော အမျိုးသမီးများကို ကြည့်ရန်ပင် စိတ်မကူးခဲ့ပေ။
လူများ ပေါင်ပေါင်းကို ချစ်စရာကောင်းသောခွေးတစ်ကောင်နှင့်အတူမြင်သောအခါ ပေါင်ပေါင်းနှင့်ဆက်ဆံရေးတစ်ခုရှိလိုသောသူများမှာ သဘာဝကျကျပင် သူမနှင့်စကားစမြည်ပြောရန် ဆင်ခြေတစ်ခုရှာဖွေပေလိမ့်မည်။