← Chapters

စိုးရိမ်လွန်နေသော ဆရာတူအစ်ကိုကြီး

Vol. 3 Ch. 32

စိုးရိမ်လွန်နေသော ဆရာတူအစ်ကိုကြီး

Vol. 3 Ch. 32

"ဆရာတူအစ်ကိုကြီး"

ကြည်လင်ပြတ်သားသော အသံတစ်သံ ပေါ်ထွက်လာသည်။

ကျိယွမ်သည်ဖရိုဖရဲဖြစ်နေသော အဝတ်များကို သေချာဝတ်ဆင်လိုက်ပြီး အိပ်ချင်မူးတူးဖြစ်နေသောမျက်လုံးများကို ပွတ်သပ်လိုက်သည်။

အနည်းငယ်သန်းဝေလိုက်ပြီးနောက် ငါးကန်ထဲတွင်ကူးခတ်နေသော အနက်ရောင်ငါးလေးကို တစ်ချက်ကြည့်ကာ ခြံဝင်းထဲမှ ထွက်လာခဲ့၏ ။

"ဒီလောက်စောစောစီးစီး ဘာဖြစ်ကြပြန်တာလဲ"

ဝင်းခြံအပြင်ဘက်တွင် ကျန်းလင်းစုနှင့်ရှောင်ယင်က ဘေးချင်းယှဉ်လျက်ရပ်နေကြသည်။ တစ်ဦးမှာအပြစ်ကင်းကာ ချစ်စရာကောင်းပြီး၊ တစ်ဦးကတော့ သန့်စင်ပြီး စွဲမက်ဖွယ်ကောင်းသည်။

မအီမသာဖြစ်နေသော ကျိယွမ်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

လောကရှိ လှပသောအရာများသည် စိတ်ခံစားမှုကို အမြဲ မြှင့်တင်ပေးသည်မဟုတ်ပါလား ။

"ဂိုဏ်းတူအစ်ကိုကြီး ကျိယွမ် ၊ကျွန်မမှာ အစ်ကိုကြီးကို မျှဝေချင်တဲ့ သတင်းကောင်းလေးတစ်ခုရှိတယ် "

ရှောင်ယင်၏ စွဲမက်ဖွယ်လှပသော မျက်နှာလေးတွင် အပြုံးတစ်ခု လင်းလက်နေသည်။

"မနေ့ညက ကျူးရုန်မြို့မှာ ညအိပ်တည်းခိုနေတဲ့ မဟူရာတောင်တန်းဂိုဏ်းက တပည့်တွေကို လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာတစ်ယောက်က သတ်ပစ်လိုက်တယ် တဲ့ ၊ လူယုတ်မာ ချူကျန်း သေသွားပြီ၊ ပြီးတော့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဘိုးဘေးပူဇော်ကြက်လည်း သေသွားပြီ"

ထိုစကားကို ပြောနေသောအခါ ရှောင်ယင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ချူကျန်းမှာ သူမအတွက် အိမ်က်ဆိုးကြီးတစ်ခုပင် မဟုတ်ပါလား ။

ကျိယွမ်သည် သူ၏ ပေါင်ကို အားရဟန်ဖြင့် ရိုက်လိုက်သည်။

" သေစမ်း၊ငါ့ရဲ့ ဗေဒင်ဟောတဲ့စွမ်းရည် ဒီလောက်တိကျလိမ့်မယ်လို့ မထင်ထားဘူး "

သူက အလွန်ဂုဏ်ယူနေပုံ ရလေသည် ။

"ငါ့ ဗေဒင်ဟောကောင်းတယ်လို့ ပြောသားပဲ ။ အဲဒီကောင် သွေးထွက်သံယို ဖြစ်ဖို့ ကံကြမ္မာပါနေတာကို ငါတစ်ချက်ကြည့်လိုက်တာနဲ့ မြင်တယ်။နှမြောစရာက ဒီကောင် ငါ့စကားကို နားမထောင်ဘူး ၊ခုတော့ သေပြီပေါ့ ၊ စစ်မှန်တဲ့ပညာရှင်နဲ့တွေ့တာတောင် မလေးစားမှတော့ သူ့အတွက် ထိုက်တန်တယ်"

ကျန်းလင်းစုက ကူကယ်ရာမဲ့သလို သက်ပြင်းချလိုက်သည်။

သူမ၏အစ်ကိုကြီးကတော့ သူမကိုစိတ်မပျက်စေ​ပေ။ ပညာရှင်ကြီးလို လုပ်ပြနေ၏ ။

သူမက သိချင်နေသောအရာကို ညည်းညူလိုက်သည် ။

"ဘယ်လို အစွမ်းထက်တဲ့ ဆရာတစ်ပါးက ဒီလိုကြီးမြတ်တဲ့ အလုပ်ကို လုပ်ခဲ့လဲဆိုတာ တကယ် သိချင်မိတယ် "

"ကျွန်မ ကြားတာတော့၊ ဒီနေ့ပဲ မဟူရာတောင်တန်းဂိုဏ်းက အကြီးအကဲတစ်ဦးက အခင်းဖြစ်ပွားရာနေရာကို လာစုံစမ်းနေတယ်တဲ့။ ပြီးတော့ သတင်းကြားရကတည်းက ကျွန်မတို့ရှန်ကွမ်းဂိုဏ်းက အကြီးအကဲတွေလည်း ကျူးရုန်မြို့ကို သွားခဲ့ကြသေးတယ်။ အခင်းဖြစ်ပွားရာနေရာက မီးရှို့ခံခဲ့ရပေမယ့်၊ သူတို့က သဲလွန်စ တော်တော်များများ စုဆောင်းနိုင်ခဲ့ကြတယ်တဲ့ "

ကျန်းလင်းစု၏စကားအဆုံးတွင် ကျိယွမ်၏ နှလုံးသားက တင်းကျပ်သွားသလို ခံစားလိုက်ရသည် ။ သို့သော် သူက အမူအယာမပျက် မေးလိုက်၏ ။

"ဘယ်လို သဲလွန်စတွေတဲ့လဲ "

"မဟူရာတောင်တန်းဂိုဏ်းသားတွေကို သတ်ဖြတ်သွားသူက ရုပ်ဖျက်ဖို့မျက်နှာဖုံးစွပ်ထားတယ် ၊ သူကကြောက်စရာကောင်းတဲ့ ဓားကျင့်ကြံသူတစ်ဦးဖြစ်နိုင်ပေမဲ့ သူ့ရဲ့ဓားသိုင်းပညာကို ခြေရာမခံနိုင်အောင်လို့ သာမန်ဓားတစ်ချောင်းကိုပဲ သုံးသွားတယ်လ်ို့ ပြောကြတယ် ။

ကျိယွမ်မှာ ဒုတိယမ္ပိ မျက်ခုံးလှုပ်သွားရပြန်သည် ။

သူက ကမန်းကတမ်း မေးလိုက်မိ၏ ။

"ဘယ်လိုဓားမျိုးလဲ"

"မသိဘူး"

ကျန်းလင်းစုက ခေါင်းခါလိုက်သည်။

"မီးဖိုချောင်သုံးဓားများ ဖြစ်နိုင်မလား"

ကျိယွမ်သည် ဓားတစ်ချောင်းကို ထုတ်ယူကာ ဝှေ့ယမ်းပြလိုက်သည်။

ကျန်းလင်းစုက သူမ၏ ပါးစပ်ကို ပိတ်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။

"ဆရာတူအစ်ကိုကြီးကလည်း ဘယ်ဖြစ်နိုင်ပါ့မလဲ"

ရှောင်ယင်၏ အပြစ်ကင်းသော မျက်နှာတွင်လည်း အပြုံးတစ်ခုပေါ်ထွက်လာပြီး၊ ဆွဲဆောင်မှုတစ်ခု ပေါ်ထွက်လာသည်။

"သူတို့သာ မီးဖိုချောင်သုံးဓားနဲ့ အသတ်ခံခဲ့ရရင် ဒါဟာနည်းနည်းစိတ်ပျက်စရာကောင်းပေမဲ့ စိတ်ကျေနပ်စရာလည်းဖြစ်မှာပဲ"

ကျန်းလင်းစုက ထပ်ဖြည့်သည်။

"ဘိုးဘေးပူဇော်ကြက်ရဲ့ အကာအကွယ် ချီအလင်းက တစ်ချက်တည်းနဲ့ ကြေမွသွားပြီး၊ သူ့ရဲ့ အမြုတေလည်း ကြေမွပြီး သေဆုံးသွားတယ်လို့ ပြောကြတယ်။ ဒါကြောင့် အဲဒီဓားဟာအစွမ်းထက်တဲ့ မှော်ဓားတစ်ချောင်း ဖြစ်ရမယ်၊သာမန် မီးဖိုချောင်သုံးဓားနဲ့ ဘယ်လိုလုပ်နှိုင်းယှဉ်လို့ရပါ့မလဲ "

ကျိယွမ်က ချက်ချင်း ပြန်လည်ချေပလေ၏ ။

"အရာအားလုံးဟာ တန်းတူပဲ။ညီမလေးက ငါ့ဓားကို ဘယ်လိုများ အထင်သေးနိုင်ရတာလဲ၊ ငါ့ဓားကလည်း အဲဒီကောင်ရဲ့ ခေါင်းကို တစ်ချက်တည်းနဲ့ ဖြတ်ပစ်နိုင်တယ်"

ရှောင်ယင်သည် စွဲမက်ဖွယ်အပြုံးလေးဖြင့် ပြုံးရုံသာ ပြုံးပြီး ဘာမှမပြောပေ။

သို့သော် ကျန်းလင်းစုကတော့ မရပါ ။ သူမက လက်မခံဘဲကျိယွမ် နှင့် ဆက်လက်ငြင်းခုံနေသည်။

"အရာအားလုံးက အတူတူပဲဆိုရင်၊ အစ်ကိုကြီးက ဘာလို့ သူ့ကိုခွေးနဲ့နှိုင်းနေတာလဲ"

ကျိယွမ်သည် ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။

မီးဖိုချောင်သုံးဓားကို ကိုင်ထားရင်းမှ သူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ငါ့မှာ မီးဖိုချောင်သုံးဓားရှိတယ်၊ မဟူရာတောင်တန်းက တပည့်တွေကလည်း ဓားနဲ့ သေသွားတယ်။ ဒါဆို မဟူရာတောင်တန်းဂိုဏ်းအနေနဲ့ ချူကျန်းကို ငါသတ်ခဲ့တယ်လို့ သံသယဝင်နိုင်မယ်လို့ နင်တို့ထင်လား"

ပြုံးပြုံးလေးကြည့်နေသော ရှောင်

င်မှာ ပါးစပ်ပိတ်ကာ ကြက်သေသေသွားပြီး ဟက်ဟက်ပက်ပက် အော်မရယ်မိအောင် ကြိုးစားနေရသည်။

အကြောင်းသိဖြစ်နေသော ကျန်းလင်းစုကတော့ သိပ်မအံ့သြတော့ပါ ။

"ဆရာတူအစ်ကိုကြီး၊ အစ်ကိုကြီးက စိတ်ပူလွန်းနေပြီ။ အစ်ကိုကြီးက အရင်ဆုံးအ​ခြေတည်အဆင့်ကို ရောက်ဖို့ပဲအာရုံစိုက်သင့်တယ်နော်"

"အခြေတည်အဆင့်လား ၊ဝမရှိဘဲဝိလုပ်လို့ မရဘူးလေ၊ ညီမလေး နောင်အခါစကားကို လက်လွယ်စပယ်မပြောပါနဲ့ ၊ ပြည်ထောင်ကြီးသား ပီသစမ်းပါ "

ရှောင်ယင်နှင့် ကျန်းလင်းစုတို့သည် ကျိယွမ်၏ အတွေးအခေါ်ကိုလုံးဝနားမလည်နိုင်တော့သဖြင့် ငေးကြည်၍သာနေမိတော့သည် ။

ကျိယွမ်ကတော့ ယခုထိ စိုးရိမ်နေဆဲပင်။

"မနေ့က ငါ့ဘက်ကချူကျန်းကို သဘောရိုးနဲ့ သတိပေးခဲ့တာ ၊ ဒါပေမယ့် တခြားသူတွေရဲ့ အမြင်မှာတော့ ငါတို့ကရန်ဖြစ်ခဲ့ကြသလို ဖြစ်နေနိုင်တယ်။ ဒါကိုငါက ရန်ငြိုးထားပြီး ညဘက်မှာ သူတို့ကိုသတ်ပစ်ဖို့ သွားခဲ့တယ်လို့ လူတွေကသံသယများဝင်နိုင်မလား "

ရှောင်ယင်နှင့် ကျန်းလင်းစုခမျာ လုံးဝကို စကားမပြောနိုင်ဖြစ်သွားသည်။

"ဆရာတူအစ်ကိုကြီး၊ စိတ်မပူပါနဲ့၊ ဘယ်သူမှ အစ်ကိုကြီးကို သံသယဝင်မှာ မဟုတ်ဘူး"

"ဒါပေမယ့် တစ်ယောက်ယောက်က မေးလာရင်တော့၊ နင်တို့ကငါ့အတွက် သက်သေခံပေးရမယ်။ ငါမနေ့ညက အပြင်မထွက်ခဲ့ဘူး၊ ကျိစယ်တောင်ထွတ်ပေါ်မှာ နင်တို့ နှစ်ယောက်နဲ့အတူ သောက်ရင်း၊ ဂိမ်းကစား နေခဲ့တယ်လို့ ပြောရမယ်"

"ကောင်းပါပြီ၊ ကောင်းပါပြီ"

ကျန်းလင်းစု မြန်မြန်နားအေးသွားစေရန် လက်ခံလိုက်သည်။

ရှောင်ယင်ကလည်း လှပသောအပြုံးလေးတစ်ခုနှင့်အတာ ခေါင်းငြိမိ့ပြလေ၏ ။

လူယုတ်မာချန်ကျန်း သေဆုံးသွားခြင်းကြောင့် သူမ၏ စိတ်ခံစားချက်သည် သိသိသာသာ တိုးတက်လာပြီး၊ သူမ၏မျက်နှာပေါ်ရှိ စိုးရိမ်သောကအရိပ်အယောင်များသည်လည်း ကင်းစင်သွား​ခဲ့လေပြီ ။

ကျိယွမ်ကတော့ ခေါင်းကို ငုံ့ထားပြီး ကြောက်ရွံ့နေဆဲရှိသည် ။

"မဟူရာတောင်တန်းဂိုဏ်းက နင်တို့သက်သေခံတာကို မယုံဘဲ ငါ့ကိုလာဖမ်းရင် ဘယ်လိုလုပ်မလဲ ၊ရှန်ကွမ်းဂိုဏ်းက ငါ့ကို ကာကွယ်ပေးပါ့မလား"

ကျန်းလင်းစု၏ လှပသောမျက်ခုံးလေးများ တွန့်သွားသည် ။

ဥပါဒါန်သွေးမျိုးဆက်များက ထိုမျှကြံကြံပေါက်ပေါက်တွေးကာ အစိုးရိမ်လွန်တတ်မှန်း သူမ မသိခဲ့ပေ ။

"ဆရာတူ အစ်ကိုကြီး၊ ကျွန်မထင်တာတော့ အစ်ကိုကြီးက ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တာကို ရပ်သင့်ပြီ။ အစ်ကိုကြီးကကျွန်မတို့နဲ့အတူ အဲဒီမျက်နှာဖုံးစွပ်ထားတဲ့လူအတွက် စိုးရိမ်ပေးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ သူက မဟူရာတောင်တန်းဂိုဏ်းနဲ့ မဟူရာကြက်မိစ္ဆာကို ရင်ဆိုင်နေရတာလေ"

ကျိယွမ်က ကျန်းလင်းစုကို ကြည့်ကာ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားလေသည် ။

အေးလေ ၊ ငါစိုးရိမ်နေတာက မှားလို့လား ။သူတို့က ဘာလို့ငါမှားနေသလို ပြောနေရပါလိမ့် ။

ကျန်းလင်းစုနှင့် ရှောင်ယင်တို့သည် စကားအနည်းငယ်ပြောကာ ထွက်ခွာလာခဲ့ကြသည်။

ကျန်းလင်းစု၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သလို ဖြစ်နေဆဲပင်ရှိ၏ ။

"ငါ့ရဲ့ ဆရာတူအစ်ကိုကြီးက တကယ်တော့ လူကောင်းတစ်ယောက်ပါ၊ ဒါပေမယ့် သူ့ရဲ့ စရိုက်ကတော့ နင်မြင်တဲ့အတိုင်းပဲ၊ ထူးခြားပြီး ဆန်းကြယ်တယ်"

ရှောင်ယင်က ချိုသာစွာ ပြုံးလိုက်သည်။

"တကယ်တော့၊ အစ်ကိုကြီးကျိယွမ်က စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်မထင်ပါတယ်"

"အင်း ၊ သူက တကယ်စိတ်ဝင်စားစရာတော့ကောင်းပါတယ်။သူ့မှာ စိုးရိမ်ပူပန်တာတွေ၊ ဒုက္ခ သောကတွေလည်း မရှိဘူး"

ကျန်းလင်းစုက သက်ပြင်းချလိုက်ပြီး သူမ၏ ကိုယ်ပိုင် နှလုံးသားထဲမှ ဖယ်ထုတ်၍မရသော ဝန်ထုပ်ဝန်ပိုးအကြောင်းကို တွေးလိုက်မိသည်။

ရှောင်ယင် အံ့သြသွား၏ ။

"အစ်ကိုကြီးကျိယွမ်မှာ စိုးရိမ်ပူပန်စရာတွေ၊ ဒုက္ခ သောကတွေ မရှိဘူးပေါ့ ၊ အံ့သြစရာပဲ "

…..........

ထိုအချိန်တွင် သောကမရှိပါဆိုသော ကျိယွမ်သည် သူ၏ အခန်းထဲတွင် တစ်ယောက်တည်း ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေ၏ ။

သူ၏ ချောမောသော မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

"မနေ့ညက ငါ ပေါ့ဆသွားတယ်"

"မျက်နှာဖုံးစွပ်ရုံနဲ့တော့ လုံလောက်မှု မရှိသေးဘူး။ ငါ့ရဲ့လိင်အမျိုးအစားကို ဖုံးကွယ်ဖို့ မိနိးမတစ်ယောက်လို ဝတ်ဆင်ခဲ့သင့်တာ"

"အခုတော့ ခက်ပြီ ၊ သူတို့က လူသတ်သမားဟာဓားကို သုံးခဲ့တယ်ဆိုတာ သိနေကြတယ်။ သူတို့က ငါနဲ့ ဆက်စပ်ပြီး တွေးမိရင် ဘယ်လိုလုပ်မလဲ "

"မဟူရာတောင်တန်းဂိုဏ်းက ငါ့နောက်ကို လိုက်လာမလား"

သူက တွေးလေ၊ ပို၍ စိုးရိမ်ပူပန်လာလေဖြစ်ပြီး၊ ပို၍လည်း ဒေါသထွက်လာလေဖြစ်သည်။

သူသည် အရာများကို လုံးဝနီးပါး အပြစ်အနာအဆာကင်းအောင် လုပ်ဆောင်ခဲ့သော်လည်း မဟူရာတောင်တန်းဂိုဏ်းမှ မွေးရာပါ ပညာရှိတစ်ဦးက သူဖြစ်ကြောင်းကို သိရှိသွားပါက မည်သို့လုပ်မည်နည်း ။

သူသည် မဟူရာတောင်​တန်းဂိုဏ်းမှ အကြီးအကဲများက ရှန်ကွမ်းဂိုဏ်းသို့ ရောက်လာပြီး သူ၏တောင်ထိပ်ကို ဝိုင်းရံထားပုံကို စိတ်ကူးထဲတွင် မြင်ယောင်နေမိသည် ။

သူသည် တစ်ယောက်တည်း၊ အားနည်းပြီး ကူကယ်ရာမဲ့ဖြစ်သည်။

သူ တွေးမိလေလေ ပို၍ စိတ်မကောင်းဖြစ်လေခံစားရကာ သူ၏မျက်နှာသည် ဒေါသဖြင့် နီရဲလာလေဖြစ်သည်။

"မဟူရာတောင်တန်းဂိုဏ်းက အစကတည်းက အရှက်မရှိတဲ့ဂိုဏ်းပဲ "

"ငါက လမင်းကြီးကို ကိုယ်စားပြုပြီး မကောင်းဆိုးဝါးအချို့ကို ရှင်းလင်းပေးခဲ့ရုံပဲလေ၊ မဟုတ်ဘူးလား"

"အခုတော့ သူတို့က အသက် ၂၂၉ လ ပဲရှိသေးတဲ့ ကလေးတစ်ယောက်ကို အဖွဲ့လိုက်ကြီး ဝိုင်းအနိုင့်ကျင့်တာ "

"တရားမျှတမှုနဲ့အကျိုးအကြောင်းဆိုတာတွေ လောကမှာမရှိရတော့ဘူးလား "

"ဒီကောင်တွေက အနိုင်ကျင့်လွန်းတယ်"

"မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ်ဆို မြစ်အနောက်ဘက်မှာလည်း အနှစ်သုံးဆယ်ပဲဖြစ်သင့်တယ် ၊ ဆင်းရဲသားဆိုပြီး အနိုင်မကျင့်နဲ့ကွ"

"မဟုတ်ဘူး၊ ငါ သေချာပေါက် ကလဲ့စားချေဖို့ လိုတယ်"

ကျိယွမ်သည် သူ၏ ဓားကို ထက်မြအောင်သွေး၏ ။ သူ၏ မျက်နှာကိုဖုံးအုပ်ရန် ဦးထုပ်ကြီးတစ်လုံးကို ဆောင်းလိုက်ပြီး၊ အသွင်ပြောင်းလဲရန်အတွက် သူ၏မျက်နှာပေါ်တွင် ကျပ်ခိုးနှင့်အိုးမဲများကို သုတ်လိမ်းလိုက်သည်။

အားလုံးပြင်ဆင်ပြီးသောအခါ မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လိုက်ပြီးနောက် ကျိယွမ်သည် အနည်းငယ် ပို၍ လုံခြုံသွားသည်ဟု ခံစားရသည်။

သူက မီးဖိုချောင်သုံးဓားကို သူ၏ခါးတွင် ထိုးထည့်လိုက်ပြီး၊ ကျိစယ်တောင်ထွတ်မှ တိတ်တဆိတ်ခိုးထွက်လာခဲ့သည်။

သူထွက်သွားပြီး သိပ်မကြာမီတွင် ကျန်းလင်းစုသည် ကျိယွမ်၏ ခြံအပြင်ဘက်သို့ ရောက်ရှိလာပြန်သည်။

"ဆရာတူအစ်ကိုကြီး၊ အစ်ကိုကြီး ရှိလား"

သူမ ခေါ်လိုက်သော်လည်း ကောက်ရိုးအိမ်လေးထဲမှ တုံ့ပြန်မှု မရှိပေ။

"ထူးဆန်းလိုက်တာ၊ အစ်ကိုကြီးက ခုနကမှ ဒီမှာရှိနေတာ။ ဘယ်တုန်းက ထွက်သွားတာလဲ ၊ ငါတောင် သတိမထားမိလိုက်ပါလား "

သူမသည် မနေ့ညကမှ အခြေတည်အဆင့်သို့ ရောက်ရှိပြီး တရားဝင်အခြေတည်သိုင်းပညာရှင်တစ်ဦး ဖြစ်လာသည်။

သူမ၏ အာရုံခံနိုင်စွမ်းသည် ယခင်ကထက် သိသိသာသာ တိုးတက်လာသည်။

ထို့ကြောင့် အစ်ကိုကြီး ထွက်ခွာသွားခဲ့လျှင်၊ သူမ ခံစားမိခဲ့သင့်သည်။

"အရမ်းထူးဆန်းတယ်"

သူမသည် ငါးမွေးကန်ကိုမြင်သွားပြီး ရေကူးနေသော အနက်ရောင်ငါးကလေးကို သတိထားမိသွားသည်။

"ဒါက အရင်မရှိပါဘူး ၊ အစ်ကိုကြီး မနေ့ညက ဖမ်းလာတဲ့ ငါးလား ၊ရိုင်းတဲ့ငါးနဲ့တော့ မတူဘူး"

သူမသည် ထပ်ပြီး မစဉ်းစားတော့ဘဲ ကျိယွမ်၏ ခြံဝန်းလေးထဲမှ ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် ရှန်ကွမ်းဂိုဏ်း၏ စာကြည့်တိုက်တွင် ကုပ်ချောင်းချောင်း လူငယ်တစ်ယောက် ရှိနေ၏ ။

ကျိယွမ်သည် တတိယထပ်ရှိ ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ မဟူရာတောင်တန်းဂိုဏ်း အကြောင်းကိုလျှို့ဝှက်စွာ ရှာဖွေနေသည်။

-----------

All Chapters