← Chapters

ဒါပဲလား

Vol. 3 Ch. 33

ဒါပဲလား

Vol. 3 Ch. 33

မျက်နှာတစ်ခုလုံး အိုးမည်းသုတ်ထားသော ကျိယွမ်သည် စာကြည့်တိုက်၏ထောင့်တစ်ခုတွင် ပုန်းထိုင်ကာစာအုပ်တစ်အုပ်ကို အလေးအနက်ထား ဖတ်ရှုနေသည်။

သူ၏ မျက်ခုံးပေါ်မှ စိုးရိမ်မှုများသည် တဖြည်းဖြည်း ပြေလျော့လာသည်။

"မဟူရာတောင်တန်းဂိုဏ်းက ဒါပဲလား"

မဟူရာတောင်တန်းဂိုဏ်းသည် သာ့ရှန်းတိုင်းပြည်တွင် အတော်လေး နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။

ထိုကြောင့် ကျိယွမ်က ထိုဂိုဏ်း၏ခွန်အားသည် အလွန်အင်အားကြီးသည်ဟု ထင်ခဲ့၏ ။

သို့သော် ယခု ကြည့်ရသည်မှာ မဟူရာတောင်တန်းဂိုဏ်း၏ အဓိကအင်အားသည် သာ့ရှန်းတွင် တတိယအဆင့်သာရှိလေသည်။

ပထမအဆင့်မှာ အဓိကဂိုဏ်းကြီးသုံးခု ဖြစ်သည်။

ဒုတိယအဆင့်ဂိုဏ်းများမှာ အနည်းဆုံးအနေဖြင့် စိတ်ဝိညာဥ်အဆင့်တစ်ဦးရှိကြသည် ။ ၊ သို့မဟုတ် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်သော နည်းလမ်းများ ရှိသည်။

သို့သော် မဟူရာတောင်တန်းဂိုဏ်းတွင် မည်သည့်အရာမှ မရှိပေ။ ထိုဂိုဏ်းအတွင်းတွင် အမြင့်ဆုံးအနေဖြင့် အမြုတေအဆင့် ကျင့်ကြံသူ ခုနစ်ဦးသာ ရှိသည်။

ထိုခုနစ်ဦးထဲတွင် အသန်မာဆုံးဖြစ်သော ဂိုဏ်းချုပ်ဆိုသူကပင် အလယ်အလတ်အမြုတေအဆင့်သာ ရှိ၏ ။

ကျန်သူများသည် အစောပိုင်းအမြုတေအဆင့်များချည်း ဖြစ်ကြကုန်သည်။

ထို့ကြောင့် သာ့ရှန်းတိုင်းပြည်တွင် မဟူရာတောင်တန်းဂိုဏ်းက တတိယအဆင့်သာ ရှိသည်။

"ဒါဆို မဟူရာကြက်မိစ္ဆာအဘိုးကြီးကို ထည့်မတွက်ရင် မဟူရာတောင်တန်းဂိုဏ်းက ဒါလေးတင်ပဲလား"

ကျိယွမ် များစွာစိတ်သက်သာရာ ရသွားပြီ ဖြစ်သည် ။

သူ၏ဓားသည် ကိုယ်ပိုင်စိတ်ဝိညာဥ် နိုးထခဲ့ပြီး ဖြစ်သည်။ အထွတ်အထိပ်အမြုတေအဆင့်တစ်ယောက်၏ ဒျန်အကာအကွယ်က်ုသာ သတိထားစရာရှိ၏ ။

မဟူရာတောင်တန်းဂိုဏ်းတွင် အလယ်အလတ်အမြုတေအဆင့်တစ်ဦးသာရှိပြီး ကျန်သောသူများက အစောပိုင်းအဆင့်များချည်း ဖြစ်ကြသည် ။

ကျိယွမ်၏ မျက်လုံးများက မာနအရောင်များ တောက်ပသွားပြီး လှောင်ပြောင်လိုက်သည် ။

"ဒီလောက်အင်အားလေးနဲ့များ ငါ့ကို စိတ်ဒုက္ခပေးရဲသေးတယ်လား။ သူတို့က သေခြင်းတရားကို တောင်းဆိုနေကြတာပဲ"

"အရင်တိုက်တဲ့သူက အသာစီးရတာပဲ ၊ နှောင့်နှေးနေရင် အားနည်းချက် ဖြစ်သွားမယ်"

"ငါ့က ဒီအချိန်ကို အခွင့်ကောင်းယူပြီး သူတို့ကိုဦးအောင်သတ်ပစ်ရမယ် ၊ငါကဒီဇာတ်လမ်းကို အမြစ်ဖြတ်ပစ်မယ်လို့ သူတို့လုံးဝမျှော်လင့်ထားမှာ မဟုတ်ဘူး"

ကျိယွမ်က အစီအစဥ်တချို့ကို စတင်တွေးဆသည်။

ယခုအချိန်၌ မဟူရာကြက်မိစ္ဆာအဘိုးကြီးသည် မဟူရာတောင်တန်းဂိုဏ်းတွင် မရှိသောကြောင့် သူသာလျင်မြန်စွာ ရွေ့လျားနိုင်ပါက လက်စားချေပြီးထွက်ပြေးနိုင်သည်ဟု တွေးလိုက်သည်။

"ငါက အခုထိအားနည်းနေသေးတာ ဆိုးတာပဲ။ ဒါဆို ကြက်မိစ္ဆာအိုကြီးကို ရှောင်နေစရာ မလိုဘူး။ တစ်ချက်တည်းနဲ့ သူ့ခေါင်းပါကို ဖြတ်ပစ်နိုင်တယ်"

"ကြက်မိစ္ဆာအဘိုးကြီး မင်းကို ငါမှတ်ထားလိုက်ပြီ"

"တကယ်သာ အချိန်ခရီးသွားနိုင်ရင် သူ ကြက်ပေါက်လေးဘဝတုန်းက သတ်ပြီး ကြက်စွပ်ပြုတ် လုပ်စားပစ်ရမှာ။ ဒါမှမဟုတ် သူအိုမင်းပြီး သေဆုံးသွားတဲ့အချိန်ကို ရောက်အောင်သွားပြီးသူ့အုတ်ဂူပေါ် ကနိုင်မှာ"

ကျိယွမ်သည် သူနေထိုင်ခဲ့သော ကမ္ဘာမှ ထူးချွန်သော အမျိုးသမီးတစ်ဦးအကြောင်းကိုပင် ပြန်တွေးမိသွား၏ ။

ထိုအမျိုးသမီးသည် အချိန်၏ စည်းမျဉ်းများကို နားလည်သော ပါရမီရှင်ပုဂ္ဂိုလ် ဖြစ်သည်။

"ဂိုဏ်းတူအစ်ကိုကြီး ကျိယွမ် ၊ ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ "

ရင်းနှီးသော အသံတစ်ခုကြောင့် ကျိယွမ်မှာ လန့်ဖျပ်ကာ လက်ထဲမှ စာအုပ်ပင်လွတ်ကျတော့မလို ဖြစ်သွား၏ ။

အသံပိုင်ရှင်က ကျန်းကျိဟောင် ဖြစ်ပြီး ကျိယွမ်ကို ထူးဆန်းသောအမူအရာဖြင့် စိုက်ကြည့်နေသည်။

စာကြည့်တိုက်၏ တတိယထပ်သို့ ရောက်ရှိလာပြီးနောက် ကျန်းကျိဟောင်သည်လူတစ်ယောက်ကို သတိထားမိသွားသည်။

ထိုသူ၏ ဝတ်စားထားပုံမှာလက်မခံနိုင်လောက်အောင် ထူးဆန်းပြီး သူ၏အပြုအမူကလည်း ခိုးကြောင်ခိုးဝှက်ဖြစ်နေသောကြောင့် လူကောင်းတစ်ဦးနှင့် မတူပေ။

ထောင့်တစ်နေရာတွင် ပုန်းအောင်းနေရုံဖြင့် ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို မခံရရန် ခက်ခဲလေသည်။

ကျန်းကျိဟောင် ခဏမျှ စောင့်ကြည့်ပြီးနောက် ၎င်းသည် ကျိစယ်၏အကြီးဆုံးတပည့် အစ်ကိုကြီးကျိယွမ် ဖြစ်ကြောင်း သိလိုက်ရသည်။

ကျန်းကျိဟောင်ကို မြင်သောအခါ ကျိယွမ်တုန်လှုပ်သွားသည်။

စာကြည့်တိုက်တွင် အပြစ်ရှိသော အရာတစ်ခုခုကို ပြုလုပ်နေသော စုံတွဲတစ်တွဲ အဖမ်းခံလိုက်ရသလိုပင် ။

သို့သော် သူကလျင်မြန်စွာ စိတ်ငြိမ်သွားသည်။

"အင်း ၊ ငါ အချက်အလက်တချို့ လာရှာတာပါ"

"ဂိုဏ်းတူအစ်ကိုကြီးက မဟူရာတောင်တန်းဂိုဏ်း နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလည်း လာရှာတာလား။ အစ်ကိုကြီး ရှာလို့ပြီးရင် ကျွန်တော့်ကိုလည်း ပေးပါဦး။ အဲဒီစာအုပ်တွေကို စာကြည့်တိုက်ကနေ ထုတ်ပြီး အကြီးအကဲတချို့ကို ပေးရမယ်"

ကျန်းကျိဟောင်က အလေးအနက်ပြောသည်။

"ရပါတယ်"

ကျိယွမ်က စာအုပ်များကို ချလိုက်ပြီးမှ ရုတ်တရက် မေးလိုက်၏ ။

"ဒါနဲ့ ဒီမှာ ရေးထားတာတွေက တကယ်မှန်ရဲ့လား။ ကြက်မိစ္ဆာအဘိုးကြီးက ဂိုဏ်းမှာ တကယ်မရှိတာလား"

ကျန်းကျိဟောင်သည် ကျိယွမ်၏ မေးခွန်းကို ထူးဆန်းသည်ဟု ထင်သော်လည်း ရိုးသားစွာ ပြန်ဖြေသည်။

"မဟူရာကြက်မိစ္ဆာအဘိုးအိုရဲ့ နေရာကသူတို့ဂိုဏ်းကနေ မိုင်တစ်ထောင်အကွာမှာရှိတဲ့

နတ်ဆိုးတစ်သောင်းတောင်ကြားမှာ ရှိတာပါ။ကြက်မိစ္ဆာအဘိုးအိုက စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့်ကို တက်ဖို့ကြိုးစားနေလို့ ဂိုဏ်းနဲ့အဆက်အသွယ်ဖြတ်ထားတယ်လို့ပြောကြတယ် "

"ဒါဆို ကောင်းတာပေါ့"

ကျိယွမ်က စိတ်သက်သာရာရသွားဟန်ပြောလိုက်ရာ ကျန်းကျိဟောင်က အံ့သြစွာ ကြည့်ပြီး စပ်စုလေသည် ။

"ဂိုဏ်းတူအစ်ကိုကြီးက ဘာလို့ မဟူရာတောင်တန်းဂိုဏ်း ကို စုံစမ်းနေတာလဲ"

ကျိယွမ်သည် ကျန်းကျိဟောင်ကို ကြည့်လိုက်ပြီး မီးဖိုချောင်သုံးဓားတစ်ချောင်းကို ထုတ်လိုက်သည်။

"ဒါ ဘာလဲဆိုတာ မင်းသိလား"

"အစ်ကိုကြီးရဲ့... အိမ်မွေးတိရစ္ဆာန်ပါ"

ထိုဓားကို ကျန်းကျိဟောင် က ကောင်းကောင်းသိလေသည်။သူသာမကပါ ရှန်ကွမ်းဂိုဏ်းတစ်ခုလုံး အသေအချာသိကြသည် ။

သူတို့သည် ကျိယွမ်ကထိုဓားနှင့်အတူ လမ်းလျှောက်နေသည်ကို မကြာခဏ မြင်ဖူးကြသည် မဟုတ်ပါလား ။

"မဟူရာတောင်တန်းဂိုဏ်းက ချူကျန်း နဲ့ ဘိုးဘေးကြက်ကို ဆရာကြီးတစ်ယောက်က ဓားနဲ့သတ်လိုက်တယ်လို့ ငါကြားတယ်။ မင်းမြင်တဲ့အတိုင်း ငါကလည်း ဓားကို သုံးတယ်။ ဒါကြောင့် ဒီကောင်တွေက ငါ့ကို ဆရာကြီးလို့ထင်ပြီး နားလည်မှုလွဲမှာကို ငါကြောက်တယ်။ ဒါကြောင့်ငါက ကြိုတင်ပြင်ဆင်ပြီး သူတို့မှာဘယ်လိုအင်အားကြီး ပုဂ္ဂိုလ်တွေ ရှိလဲဆိုတာ ကြည့်နေရတာ"

ကျိယွမ်က အလေးအနက်ပြောနေ၏ ။

ကျန်းကျိဟောင်မှာတော့ ရယ်ရမလိုလို ငိုရမလိုလို ဖြစ်သွားသည် ။ သူက ရယ်လည်းရယ်ချင်၏ ။ သို့သော် ကျိယွမ်ကိုမလေးစားရာကျမည်စိုးသဖြင့် ရယ်၍လည်း မရပါ ။

ငါကစိုးရိမ်တယ်ဆို ယုတ္တိရှိသေးတယ် ၊ သူက ဘာဆိုင်လို့လဲ ၊ သူ့အနေအထားနဲ့ ဘယ်သူက သံသယဝင်မှာလဲ ။

သူက နောက်ဆုံးတွင် ချောင်းတစ်ချက်ဆိုးလိုက်ပြီး မှတ်ချက်ပြုလိုက်ရသည် ။

"ဂိုဏ်းတူအစ်ကိုကြီးက တကယ်ကို... အင်း..တကယ်ကို သတိကြီးပါပေတယ်"

သူသည် ထိုအရာက အဓိပ္ပါယ်မရှိဟု ထင်သည်။

သို့သော် အစ်ကိုကြီးကျိယွမ်သည် ဥပါဒါန်သွေးမျိုးဆက်တစ်ယောက်ဖြစ်သည်ကို တွေးလိုက်သောအခါ သူ နားလည်သွားသည်။

မည်သို့ဆိုပါစေ ရှန်ကွမ်းဂိုဏ်းတစ်ခုလုံးတွင် ၊မဟုတ်သေးပါ၊သာ့ရှန်တိုင်းပြည်ကြီးတစ်ခုလုံးတွင်ပင် ကျိစယ်တောင်ထွတ်သခင်မကို " ငါ့မိန်းမ " ဟုခေါ်ဝံ့သူမှာ ကျိယွမ်တစ်ဦးတည်းသာ ရှိသည် ။

အာဂ ​ဥပါဒါန်သွေးမျိုးဆက်ပါပေတည်း ။

ကျန်းကျိဟောင်သည် စာအုပ်များကို ယူပြီး ထွက်ခွာသွားလေသည်။

ကျိယွမ်က စဥ်းစားကာ ကျန်နေခဲ့၏ ။

"ဂိုဏ်းကနေ ထွက်ဖို့ အကြောင်းပြချက်တစ်ခု ရှာရမလိုဖြစ်နေပြီ"

မဟူရာတောင်တန်းဂိုဏ်းသည် မနီးပါ ။ ကျူးရုန်မြို့ကဲ့သို့ နာရီအနည်းငယ်အတွင်း အသွားအပြန်ရောက်ရှိနိုင်သော နေရာမျိုး မဟုတ်ပေ ။ ရှန်ကွမ်းဂိုဏ်းနှင့် အတော်လေး ဝေးနေသည်။

သူသည် တောင်ထွတ်တစ်ခု၏ အကြီးဆုံးတပည့်ဖြစ်သောကြောင့် သာမန်တပည့်တစ်ဦးနှင့်မတူပေ ။ ရှည်လျားသော ခရီးကိုထွက်ခွာရန်အတွက် အစီရင်ခံစာ လိုအပ်သည်။

................

ထုံရှီးယန် သည် ဝါးပေလွှာများကို ကိုင်ကာ ရှန်ကွမ်းဂိုဏ်းအတွင်း၌ လျင်မြန်စွာ လမ်းလျှောက်နေသည်။

သူသည် ရှန်ကွမ်းဂိုဏ်းသို့ မလာမီ သူ၏ ကျင့်ကြံမှုအားလုံးကို ဆုံးရှုံးခဲ့ပြီး စေ့စပ်ထားသူနှင့်လည်း ဆက်ဆံရေးကို သူ့ဘက်မှ ရပ်စဲခဲ့သည်။

ထိုပညာရှိသောလုပ်ရပ်များကြောင့်ပင် သူသည် မိသားစုအာဏာလုပွဲကို ရှောင်ရှားနိုင်ခဲ့ပြီး ရှန်ကွမ်းသို့ ရောက်ရှိလာသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ ကိုယ်ခန္ဓာအတွင်းမှ ရှေးဟောင်းဝိညာဉ်အကြွင်းအကျန်သည် နိုးထလာခဲ့၏ ။

ရှေးဟောင်းဝိညာဉ်ပိုင်ရှင်သည် သစ္စာဖောက်များကြောင့် ထိခိုက်ခံစားခဲ့ရသော အဆင့်မြင့်လက်နက်သန့်စင်သူတစ်ဦး ဖြစ်ပြီး ထုံရှီးယန်၏ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်ခဲ့ချိန်တွင်ဝိညာဉ်အကြွင်းအကျန်လေးတစ်ခုအဖြစ်သာ ကျန်ရှိတော့သည်။

မကြာသေးမီအချိန်မှစ၍ ထိုဝိညာဉ်နိုးထလာပြီး သူ၏ကျင့်ကြံမှုကို လမ်းညွှန်ပေးသလို လက်နက်သန့်စင်ခြင်း၏ လျှို့ဝှက်ချက်များကို သင်ကြားပေးခဲ့၏ ။

သူသည် ရှေးဟောင်းဝိညာဉ်၏ လမ်းညွှန်မှုဖြင့် ဈေးတစ်ခုမှ အဆင့်မြင့်လက်နက်ပြုလုပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းအချို့ကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။

"ဝိညာဥ်ဆရာ၊မဟူရာကြက်မိစ္ဆာက စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် သာ့ရှန်းတိုင်းပြည်ကြီးတစ်ခုလုံး မတည်မငြိမ် ဖြစ်သွားမလား"

ထုံရှီးယန်က သူ၏ ကိုယ်ခန္ဓာအတွင်းမှ ရှေးဟောင်းဝိညာဉ်ကို မေးလိုက်သည်။

ရှေးဟောင်းဝိညာဥ်က ရယ်မောလိုက်၏ ။

"မင်းက သာမန်ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူလေးပဲ ရှိသေးတာကို ဘာလို့ ဒီလိုကိစ္စတွေကို စိုးရိမ်နေတာလဲ။ မင်းကမင်းရဲ့ အာဏာနဲ့ သြဇာလွှမ်းမိုးမှုအကြောင်းကို စဉ်းစားနေတုန်းပဲလား"

ထုံရှီးယန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အကြောင်းပြတစ်ခု ပေးလေ၏ ။

"တကယ်လို့ ကျွန်တော်သာ လုပ်နိုင်ခဲ့ရင် ဝိဆရာရဲ့ ခွန်အားကို ပြန်လည်ရရှိဖို့လည်း အထောက်အကူ ဖြစ်စေမှာပါ"

"မင်း အာဏာကို သိမ်းပိုက်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ မင်းရဲ့ အခြေခံက အရမ်းအားနည်းပြီး မင်းရဲ့မိခင်ဘက်က မိသားစုကလည်း မသန်မာဘူး။ သင့်တော်တဲ့အဆင့်တိုင်းလိုက်နာပြီး ကျင့်ကြံခြင်းကို အာရုံစိုက်တာက ပိုကောင်းလိမ့်မယ် ။ ငါ့ရဲ့ ရှေးဟောင်းလက်နက်သန့်စင်ခြင်း နည်းစနစ်တွေနဲ့ဆိုရင် မတော်တဆမှု တစ်ခုခုသာ မရှိရင် နှစ်ရာဂဏန်းအနည်းငယ်အတွင်းမှာ မင်းက စိတ်ဝိညာဥ်အဆင့်ကို ရောက်နိုင်တယ်။ မင်းမှတ်ထားရမှာက ဘယ်နေရာမဆို ခွန်အားကသာ အခြေခံ အကျဆုံးအရာပဲ"

ရှေးဟောင်းဝိညာဥ်က စိတ်ရင်းမှန်ဖြင့် အကြံပေးခြင်းဖြစ်သည်မှာ သံသယရှိစရာမလိုပါ။

မည်သူမှ သတိမထားမိသော်လည်း ထုံရှီးရန်၏ နောက်ကြောင်းသည် ထူးခြားသည်။ သူသည် သာ့ရှန်းတိုင်းပြည်၏ မထင်ရှားသောမင်းသားတစ်ဦး ဖြစ်​၏ ။

ယခုအခါ သာ့ရှန်၏ ဧကရာဇ်သည် အိုမင်းပြီး သက်တမ်းလည်း သိပ်မကျန်တော့ပေ။

မင်းသားအမျိုးမျိုးတို့သည် ရည်မှန်းချက်ကြီးပြီး အာဏာအတွက် ယှဉ်ပြိုင်ကာ ရာဇပလ္လင်ကို တောင့်တနေကြသည်။

မင်းသားများစွာထဲတွင် ထုံရှီးယန်၏ နောက်ခံနှင့်အခြေခံအုတ်မြစ်သည် အားအနည်းဆုံး ဖြစ်သည်။

ထို့ကြောင့် သူသည် စေ့စပ်ထားသော တော်ဝင်မျိုးနွယ်တစ်ဦးနှင့် ဆက်ဆံရေးကို ဖြတ်တောက်ပြီး အာဏာလုပွဲကို ရှောင်ရှားရန် ရှန်ကွမ်းသို့ တိမ်းရှောင်လာခဲ့ခြင်းပင် ။

"အိုး--"

ရုတ်တရက် ရှေးဟောင်းဝိညာဥ်၏ စိတ်လှုပ်ရှားသံ ထွက်ပေါ်လာသည် ။

"အဲဒါ ဘယ်သူလဲ"

ထုံရှီးယန်ကလျင်မြန်စွာ ကြည့်လိုက်ရာ လမ်းမကြီးပေါ်တွင် ထူးဆန်းစွာဝတ်စားထားသော လူတစ်ဦးလမ်းလျှောက်လာနေသည်ကို တွေ့သည်။

သို့သော် သူသည်ထိုသူကို သေချာ မှတ်မိသည်။

"ကျိစယ်တောင်ထွတ်ရဲ့ အကြီးဆုံးတပည့် ကျိယွမ်ပါ "

ရှေးဟောင်းဝိညာဥ်ကကျိယွမ်ကို အဘယ့်ကြောင့် စိတ်ဝင်စားနေသည်ကို ထုံရှီးယန် နားမလည်ပေ ။

"သူ့ခါးမှာရှိတဲ့ မီးဖိုချောင်သုံးဓားကို မြင်လား။ အဲဒါထူးခြားတဲ့အရာတစ်ခု ဖြစ်ရမယ်။ ငါ့ရဲ့ နတ်ဘုရားအာရုံကိုမထုတ်နိုင်တာ ဆိုးတာပဲ။ မဟုတ်ရင် အဲဒီမီးဖိုချောင်သုံးဓားမှာ ဘာထူးခြားလဲဆိုတာကို ငါအသေအချာ သိနိုင်မှာ။ မင်း မြန်မြန်လေး အဲဒီမီးဖိုချောင်သုံးဓားကို ဝယ်လိုက်"

ရှေးဟောင်းဝိညာဥ်က အရေးတကြီး တိုက်တွန်းလိုက်သောကြောင့် ထုံရှီးယန် အံ့သြသွားသည်။

ထိုအရာမှာ သာမန် မီးဖိုချောင်သုံးဓားတစ်ချောင်းသာဖြစ်၏။စျေးမကြီးပေ ။ကျိယွမ်ကသာ သာမန်တပည့်တစ်ဦး ဖြစ်ပါက သူ အလွယ်တကူ ဝယ်၍ရနိုင်သည် ။

သို့သော်... အခြေအနေက ထိုသို့ မဟုတ်ပေ။

ထုံရှီးယန်က ရှေးဟောင်းဝိညာ်၏ အမိန့်ကို မဆန့်ကျင်လိုသောကြောင့် သူသည် စိတ်ကို တင်းကာ ကျိယွမ်အနီးသို့ ချဉ်းကပ်လိုက်သည် ။

"ဂိုဏ်းတူအစ်ကိုကြီး ကျိယွမ် "

---------

All Chapters