← Chapters

ငါ့မိသားစုကို သတ်တာလား ၊ မင်းတို့မိသားစုကိုပါ ငါချေမှုန်းမယ်

Vol. 3 Ch. 35

ငါ့မိသားစုကို သတ်တာလား ၊ မင်းတို့မိသားစုကိုပါ ငါချေမှုန်းမယ်

Vol. 3 Ch. 35

လှပသောအမျိုးသမီးသည် သမီးဖြစ်သူ၏စကားကို ကြားသောအခါ စိုးရိမ်ပူပန်မှုနှင့်အတူ စိတ်မသက်မသာဖြစ်ခြင်းကို ခံစားလိုက်ရသည်။

"မဟူရာတောင်တန်းဂိုဏ်းက ကျင့်ကြံသူတွေဟာ ကောင်းတဲ့လူတွေမဟုတ်ဘူး။

တခြားဖြောင့်မတ်တဲ့ဂိုဏ်းတွေနဲ့ ဆက်ဆံတာဆိုရင် အဆင်ပြေပေမဲ့ မဟူရာတောင်တန်းဂိုဏ်းနဲ့ ဆက်ဆံတာကျတော့ အကြီးအကျယ် ဒုက္ခရောက်နိုင်တယ်။

အထူးသဖြင့် မဟူရာတောင်တန်းဂိုဏ်းက သွေးကျောက်ဝေစုကို တိုးမြှင့်လိုက်တဲ့အတွက် ဒီကိစ္စကို ဖြေရှင်းဖို့မလွယ်တော့ဘူး။ဒါကြောင့် နင်စောစောလက်ထပ်ပြီး နင့်ရဲ့ခင်ပွန်းကို ဒီလိုကိစ္စမျိုးကို ကိုင်တွယ်ခိုင်းဖို့ ငါစဉ်းစားခဲ့တာပါ။"

"အဲဒီလိုဆိုရင်​တောင် သမီးတို့က အင်အားကြီးတဲ့သူကို ရှာရမှာလေ။ ခုနကလို အားနည်းတဲ့သူဆိုရင် မဟူရာတောင်တန်းဂိုဏ်းကို သူ့အင်အားလေးနဲ့ သမီးတို့အတွက် အကျိုးအမြတ်တွေကို ညှိနှိုင်းနိုင်ပါ့မလား"

ရှောင်ရိုက မာန်မာနကြီးစွာ တုန့်ပြန်လိုက်၏။

"နင်က ခုနတုန်းကတော့ မြင်သမျှလူက်ု သတိထားနေခဲ့တာ၊ အခုကျတော့ အဲဒီလူတွေက အားနည်းတယ်လို့ ပြောပြန်ပြီ။ အာ... နင်ကတော့ အမြဲတမ်း ဆင်ခြေတစ်ခုခုရှိနေတာပဲ။"

သူမက သမီးဖြစ်သူ၏ စရိုက်ကို ကောင်းစွာသိသောကြောင့် ဆက်ပြောနေလည်းထူးမည်မဟုတ်သည်ကို သိလိုက်သည်။

သူမက သက်ပြင်းမောကြီးကိုသာချမိရင်း အကူအညီမဲ့သလိုခံစားရသည်။

.......................

မဟူရာတောင်တန်းဂိုဏ်း။

မဟူရာတောင်တန်းဂိုဏ်းသည် သာ့ရှန်းတိုင်းပြည်တစ်ခုလုံးတွင် ဒုတိယ သို့မဟုတ် တတိယတန်းစား ဂိုဏ်းမျှသာဖြစ်ပြီး စိတ်ဝိညာဥ်အဆင့် သိုင်းပညာရှင်မရှိသလို အမြုတေနှောင်းပိုင်း ဟုခေါ်သော အမြုတေအထွတ်အထိပ်အဆင့်ပင်မရှိပါ။

သို့သော် ထိုဂိုဏ်း၏ဂိုဏ်းချုပ်က အစွမ်းထက်သည့် မဟူရာကြက်မိစ္ဆာအဘိုးအိုကို သူ၏မွေးစားဖခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက်ဂိုဏ်း၏အဆင့်အတန်းသည် သိသိသာသာ မြင့်တက်လာပြီး သာ့ရှန်းတိုင်းပြည်တွင်

ထိုဂိုဏ်းသည် ပို၍ပင် အာဏာစက်ကြီးလာခဲ့လေသည်။

မဟူရာတောင်တန်းဂိုဏ်းတွင် တပည့်ရာပေါင်းများစွာ၊ အုပ်ချုပ်သူဒါဇင်ပေါင်းများစွာနှင့် အကြီးအကဲအချို့ ရှိပြီး အားလုံးက

အနီးအနားပတ်ဝန်းကျင်ဒေသတွင် အလွန်နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူများချည်းပင်။

မဟူရာတောင်တန်းဂိုဏ်း၏ သာမန်ဂိုဏ်းသားတစ်ယောက်ပင် ၎င်းတို့၏နယ်မြေသို့ ရောက်လာလျှင် သာမန်အရပ်သားများက ဒူးထောက်အရိုအသေပေးရသည်ဟုပင် ဆိုကြသည်။

မဟူရာတောင်တန်းဂိုဏ်းသည် ညဘက်တွင် ကလေးများကို ကြောက်အောင်ခြောက်လှန့်သည့် ပုံပြင်တစ်ခုပင်ဖြစ်လာခဲ့သည်။

ယခုအခါ မဟူရာတောင်တန်းဂိုဏ်းအတွင်း၌ အကြီးအကဲယွီလင်လုံသည် အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း သူမ၏ လှပသောကိုယ်ဟန်ကတော့ ဖုံးကွယ်မရအောင် ဆွဲဆောင်နေလေသည်။

သူမက အဖြူရောင်ကျောက်စိမ်းကုလားထိုင်ပေါ်တွင် ထက်ဝက်လှဲလျောင်းရင်း သင်းပျံ့သောပန်းရနံ့ကို ရှူလိုက်၏။

"မျက်နှာဖုံးစွပ်လူရဲ့ အထောက်အထားကို ရှာတွေ့ပြီလား"

တပည့်တစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ယွီယင်လုံကို မော့မကြည့်ရဲပါ။

ဤအကြီးအကဲသည် မဟူရာတောင်တန်း ဂိုဏ်း၏ နံပါတ်တစ်အလှပဂေးဖြစ်သည်။

ထိုအပြင် သူမသည် မဟူရာကြက်မိစ္ဆာကြီး၏အနှစ်သက်ဆုံး အမျိုးသမီးလည်း ဖြစ်ပြန်သည်။

ယခုအချိန်ထိတော့ မဟူရာကြက်မိစ္ဆာသည် သူမကို မသိမ်းပိုက်ရသေးပါ၊ သူမက စိတ်ဝိညာဥ်အဆင့်ရောက်သောအခါမှ သူ၏ တာအိုလက်တွဲဖော်အဖြစ်ပေါင်းသင်းပြီး နှစ်ကိုယ်တူကျင့်ကြံရန် စီစဉ်နေသည်ဟူသော ကောလာဟလများကလည်း ဂိုဏ်းအတွင်းထွက်ပေါ်နေသည်။

ပြောရလျှင် မဟူရာတောင်တန်းဂိုဏ်းတွင် ယွီလင်လုံ၏အဆင့်အတန်းသည် ဂိုဏ်းချုပ်ထက်ပင် မြင့်မားလေ၏။

"မျက်နှာဖုံးစွပ်လူက ဓားကိုအသုံးပြုခဲ့ပြီး ဓားကျင့်ကြံသူတစ်ဦးဖြစ်ပါတယ်။ ကျူမျောလွင့်တောင်က အလွန်သံသယရှိဖို့ကောင်းနေလို့ "

ထိုတပည့်က ဆက်ပြော​၏။

"အကြီးအကဲလေပွေလည်း ပြန်ရောက်လာပြီးမို့ ဂိုဏ်းချုပ်က အပြင်မှာရှိတဲ့ တပည့်တွေနဲ့ အကြီးအကဲအားလုံးကို ခေါ်ယူပြီး ကျူမျောလွင့်တောင်ကို ဖိအားပေးဖို့ ပြင်ဆင်နေပါတယ်"

ထိုစကားကိုကြားသောအခါ ယွီလင်လုံ၏ ၏အပြုံးသည် ပို၍ပင် ဆွဲဆောင်မှုရှိလာပြီး

"မဟူရာကြက်မိစ္ဆာက စိတ်ဝိညာဥ်အဆင့်နှောင်းပိုင်းကို တကယ်ပဲ ဝင်တော့မယ်ထင်ပါတယ်" ဟုရေရွတ်လိုက်သည်။

အောက်တွင် ဒူးထောက်နေသော တပည့်သည် ယွီယင်လုံက မဟူရာကြက်မိစ္ဆာကို ထိုသို့ခေါ်လိုက်သည်အား မကြားဟန်ဆောင်လိုက်သည်။

ထိုအချိန်တွင် အဝတ်လျှောကျသံကဲ့သို့ အသံတစ်ခု ပေါ်လာသည်။ ယွီယင်လုံက သူမ၏ နီရဲသောနှုတ်ခမ်းများကို ဖွင့်ကာ အောက်ရှိတပည့်အား မေးလိုက်၏။

"နင်ဒီအပေါ်ကို တက်လာရဲလား"

တပည့်၏နှလုံးသားသည် ရပ်တန့်သွားမတတ် တုန်ခါသွားသည်။ ယွီယင်လုံသည် မဟူရာကြက်မိစ္ဆာကို မကျေနပ်ဖြစ်နေကြောင်း သူသိသော်လည်း ချက်ချင်းပင် ငြင်းဆိုလိုက်၏

"မတက်ရဲပါဘူးခင်ဗျာ"

ယွီယင်လုံသည် သူမ၏မို့မောက်သောရင်ဘတ်ကို ဖိကာရယ်မောလေသည်။

"နင်က ဆန္ဒတော့ရှိပေမဲ့ သတ္တိမရှိဘူး။ ဒီကိုလာခဲ့၊ ငါဘယ်သူ့ကိုမှ မပြောပါဘူး"

တပည့်၏နဖူးတွင် ချွေးစေးများ ပေါ်လာသည်။ သူ ထိန်းမရဖြစ်သွားနိုင်သည်ကို ကြောက်သောကြောင့် ဤနေရာတွင် ဆက်နေချင်စိတ်မရှိတော့ပါ။

အလှအပနှင့် အသက်ရှင်သန်မှုကြားတွင် မည်သည့်အရာက ပိုအရေးကြီးသည်ကို သူသိပါသည်။

အကြီးအကဲယွီလင်လုံသည် မဟူရာကြက်မိစ္ဆာကိုမည်မျှပင် မနှစ်သက်သည်ဖြစ်စေ၊ သူမသည် သူ့လိုလူတစ်ယောက်က ထိတွေ့နိုင်သည့်သူမဟုတ်ပါ။

သို့သော် ဤအချိန်တွင် အပြင်ဘက်မှ ရုတ်တရက် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

တပည့်၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားကာ ခွင့်တောင်းလိုက်သည်။

"ကျွန်တော် သွားစစ်ဆေးလိုက်ပါမယ်ခင်ဗျာ"

သူသည် ဤနေရာတွင် ဆက်မနေချင်တော့ပါ။

မဟူရာတောင်တန်းဂိုဏ်း၏ ဂိုဏ်းတံခါးအပြင်ဘက်၌ ကျိယွမ်သည် ဓားရှည်ကြီးတစ်ချောင်းကို ကိုင်ထားပြီး ရပ်နေ၏။

အပြင်ပန်းကြည့်လျှင် ဓားရှည်ကြီးဖြစ်သော်လည်း တကယ်တမ်းတွင် မီးဖိုချောင်သုံးဓားတစ်ချောင်းသာဖြစ်၏ ။ကျိယွမ် က ၎င်းကို ရတနာဓားတစ်ချောင်းကဲ့သို့ ဖြစ်အောင် ပုံဖျက်ထားခြင်းဖြစ်သည်။

သူသည် အရိုးတံတားကို ဖြတ်လျှောက်လာစဥ် တွေ့ရသောအစောင့်တပည့်ငါးဦးကို ဓားတစ်ချက်တည်းဖြင့် လျှင်မြန်စွာသတ်ခဲ့သည်။တပည့်ငါးဦးမှာ မောက်မာစွာဟိန်းဟောက်ချိန်ပင် မရခဲ့ပါ။

တဆက်တည်းမှာပင် သူက ဂိုဏ်းသို့ဝင်ရောက်ရာ တစ်ခုတည်းသော တံတားကိုလည်း ဖြတ်တောက်ပစ်သည်။

ထိုတံတားကြီးမရှိလျှင် အခြေတည်အဆင့်နှင့် အမြုတေအဆင့်ကျင့်ကြံသူများမှလွဲ၍ သာမန်တပည့်များသည် ဂိုဏ်းထဲတွင် ပိတ်မိပြီး အပြင်သို့ ထွက်ခွာနိုင်မည်မဟုတ်ပါ။

"မင်းနာမည်ကိုပြောစမ်း ၊ ငါတို့ မဟူရာတောင်တန်းဂိုဏ်းမှာ ပြဿနာလာရှာရဲတယ်ပေါ့"

"ဒီကောင်ရူးနေတာပဲဖြစ်မယ်"

အခြေတည်အဆင့်ရှိသော အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့သည် ကြမ်းတမ်းပြီး ဒေါသထွက်နေသည့်ပုံဖြင့် ပေါ်လာခဲ့ကြသည်။

၎င်းတို့၏သက်တမ်းတစ်လျောက်တွင် သူတို့၏ မဟူရာတောင်တန်းဂိုဏ်းကသာ သူများကို ပြဿနာရှာရိုးထုံးစံသာရှိခဲ့သည်။ယခုအခါမှာတော့ မကြုံစဖူး ထူးလှကာ သူတို့၏ဂိုဏ်းသို့ တစ်စုံတစ်ယောက်က ပြဿနာလာရှာရဲသည့်အတွက် နုပ်နုပ်စဥ်းပစ်ချင်လောက်အောင် အမျက်ဒေါသထွက်နေကြသည်။

"မဟူရာတောင်တန်းဂိုဏ်း၊ မင်းတို့က ငါ့မိသားစုတစ်ခုလုံးကို သတ်ခဲ့တယ်။ မင်းတို့ကို လက်စားချေဖို့ အနှစ်တစ်ရာတိတိ ကြိုးစားကျင့်ကြံခဲ့တာ၊ အခုတော့ ငါ့ရဲ့ပညာတွေ ပြည့်စုံသွားပြီ။ ဒီနေ့မှာ ငါမင်းတို့မဟူရာတောင်တန်းဂိုဏ်းကို အမြစ်ဖြတ်ပစ်မယ်"

ကျိယွမ်က သူနှင့်လုံးဝမသက်ဆိုင်သော ဇာတ်ကောင်တစ်ခုကို ဖန်တီးရန်ကြံစည်ကာ အော်ဟစ်လိုက်သည်။

"ဒါဆို မင်းက ကံကောင်းပြီး အသက်ရှင်ကျန်ခဲ့တဲ့သူတစ်ယောက်ကိုး။"

မုတ်ဆိတ်မည်းမည်းနှင့်အုပ်ချုပ်ရေးမှုးက အံ့သြခြင်းမရှိဘဲ ရေရွတ်သည်။

မဟူရာတောင်တန်းဂိုဏ်းသည် မိသားစုတစ်ခုလုံးကို မကြာခဏ သုတ်သင်တတ်သောကြောင့် အသက်ရှင်ကျန်ရစ်သူများရှိနေသည်မှာ သာမန်ကိစ္စတစ်ခုဖြစ်သည်။

"လွန်ခဲ့တဲ့အနှစ်တစ်ရာက မင်းထွက်ပြေးလွတ်မြောက်ခဲ့တယ်။မင်းသာ ပုန်းရှောင်နေခဲ့မယ်ဆိုရင် အသက်ကြီးချိန်အထိ ငြိမ်းချမ်းစွာနေနိုင်မှာ။ အခု မဟူရာတောင်တန်းဂိုဏ်းကို တကူးတကပြန်လာပြီး အသေခံတာက မိုက်မဲရာကျလွန်းတယ်။ မင်းတို့မျိုးဆက်ဟာ ဒီနေ့မှာ အဆုံးသတ်သွားပြီ"

မုတ်ဆိတ်မည်းက ကျိယွမ်အား လှောင်သလိုကြည့်ကာ ဝေဖန်လိုက်သည်။

ကျိယွမ်သည် နာကျည်းသွားပြီး ဓားကိုတင်းတင်းဆုပ်ကိုင်ကာ အံသွားများကို ကြိတ်လိုက်၏။

"မင်း မင်းတို့လူမဆန်တဲ့ခွေးတွေ ၊ ငါ့ရဲ့မျိုးဆက်ကို ဖြတ်တောက်မယ်ပေါ့"

သူ၏မျက်လုံးများက နာကျည်းမုန်းတီးစွာ နီနီရဲလာပြီး အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး သေရမယ်!"

စကားဆုံးသည်နှင့် သူ၏ဓားရှည်ကြီးကို ဘေးတိုက်လှုပ်ယမ်းလိုက်သည်။

ကျိယွမ်သည် မူလကချီအထွတ်အထိပ်အဆင့်သာ ရှိသည်။

သို့သော်ဂိမ်းထဲတွင် သူ၏ခွန်အားသည် ဆက်တိုက်ကြီးထွားလာပြီး လက်တွေ့ဘဝသို့ ပြန်လည်အကျိုးသက်ရောက်မှုရှိလေသည်။

အကျိုးသက်ရောက်သည့်ခွန်အားသည် နည်းပါးသော်လည်း ကျိယွမ်က မူလခွန်အားကပင် ချီအထွတ်အထိပ်ဖြစ်နေသည် ။ ထိုအချီအထွတ်အထိပ်ခွန်အားထဲသို့ ဂိမ်းမှခွန်အားထပ်ပေါင်းထားသောအခါ သူ၏ခွန်အားက ချီအထွတ်အထိပ်အဆင့်ကို ​ကျော်လွန်သွားခဲ့သည် ။

ထို့ကြောင့်သူသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကိုပင် လက်ချည်းသပ်သပ်အလွယ်တကူ သတ်နိုင်၏။

ပြုပြင်ထားသော နည်းစနစ်များနှင့်အတူ သူ၏ဓားကလည်း ကိုယ်ပိုင်စိတ်ဝိညာဥ်နိုးထလာသည်။

ဓားကိုကိုင်ထားလျှင် ကျိယွမ်၏ခွန်အားသည် အဆင့်သစ်သို့ ရောက်ရှိသွားပြီး

အမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ခေါင်းကို ဓားတစ်ချက်တည်းဖြင့် ဖြတ်နိုင်ပါသည်။

ယခုကဲ့သို့သော အခြေတည်အဆင့်များကိုတော့ ဆိုဖွယ်ရာပင်မရှိပါ။

ဓားရှည်ကြီးမှ ထွက်လာသော လေပြင်းသည် အခြေတည်အဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင်သုံးဦးကို လွင့်စင်ကာကျောက်တုံးနှင့် အရှိန်ပြင်းထန်စွာ တိုက်မိစေခဲ့သည်။

ဝုန်း !

သွေးများပန်းထွက်လာပြီး ထိုသုံးဦး၏ နှလုံးသားများပျက်စီးသွားသည်။

ကျိယွမ်သည် ဓားရှည်ကြီးကို မြှောက်ပြီးမဟူရာတောင်တန်း ဂိုဏ်း၏ မုခ်ဦးကို ခုတ်ပိုင်းပစ်သည်။

"အနှစ်တစ်ရာက မင်းတို့က ငါ့မိသားစုတစ်ခုလုံးကို သတ်ခဲ့တယ်"

"ဒီနေ့ ငါက မင်းတို့ဂိုဏ်းတစ်ခုလုံးကို ချေမှုန်းမယ်"

ကျိယွမ်၏အသံသည် မိုးခြိမ်းသံကဲ့သို့ မဟူ ရာတောင်တန်းဂိုဏ်းအတွင်း ပျံ့လွင့်သွားခဲ့သည်။

ဂိုဏ်း၏အားထားရသော အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ သေဆုံးသည်ကို မြင်လိုက်ရသောအခါ တပည့်အများစုမှာ ကြောက်လန့်ခြင်းပြင်းကုန်၏။

မကြုံစဖူးရောက်လာသူသည် အလွန်အင်အားကြီးမားနေသည်။သူတို့ကသာ ရှေ့ကထွက်ပြီး တိုက်ခိုက်တားဆီပါက ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့်အတူတူသာဖြစ်သွားလိမ့်မည်။

"ငါတို့အင်အားနဲ့ မဖြစ်နိုင်ဘူး"

"ဟုတ်တယ်သူကအင်အားကြီးလွန်းတယ်၊အမြုတေအဆင့်အကြီးအကဲတွေလာမှရမှာ"

"​အကြီးအကဲတွေ ရောက်လာပြီ ၊ ခွေးမျိုးကောင် သေပေတော့"

တပည့်များပြောသည့်အတိုင်းပင် ဖြစ်သည်။ ကျိယွမ်က ဂိုဏ်းအတွင်းမုခ်ဝကို ဓားဖြင့်ခုတ်ဖွင့်လိုက်ချိန်မှာပင် အမြုတေအဆင့်အကြီးအကဲနှစ်ဦးသည် မဟူရာတောင်တန်းဂိုဏ်းအတွင်းမှ အတူတကွ ပေါ်လာခဲ့ကြသည်။

၎င်းတို့၏မျက်နှာများက အဆုံးမဲ့ဒေါသများဖြင့် ပြည့်နေသည်။

အနီးအနားတစ်ဝိုက်တွင်ရှိသော ဝိညာဉ်စွမ်းအင်များပင် မတည်မငြိမ်ဖြစ်ကာ လှုပ်ရှားလာ၏။အခြေတည်အဆင့်နှင့် အမြုတေအဆင့်သည် အမှန်တကယ်ပင် ကွာခြားလွန်းလေ၏။

အမြုတေအဆင့်အကြီးအကဲများကို မြင်သောအခါ၌ တပည့်အားလုံးသည် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြကုန်သည်။

တုန့်ဆိုင်းနေသော အခြေတည်အဆင့်အုပ်ချုပ်ရေးမှုးများနှင့် တပည့်များသည် ကျိယွမ်ကို အတူတကွဝိုင်းဝန်းသတ်ဖြတ်ရန် ရှေ့သို့တိုးလာကြသည်။

သတိရှိနေသော ကျိယွမ်က လုံးဝတုံ့ဆိုင်းနေခြင်းမရှိပါ။

ဓားရှည်ကြီးသည် ဘေးတိုက်ကိုင်လျှက် တပည့်များထံသို့ ဦးတည်တိုက်ခိုက်ပစ်သည်။

အင်အားကြီးမားသော ဓားလေပွေတစ်ခုထွက်ပေါ်လာပြီး အဆင့်နိမ့်တပည့်ဒါဇင်ပေါင်းများစွာမှာ နာကျင်စွာအော်ဟစ်ကာ လဲကျသေဆုံးသွားသည်။

ကောင်းကင်ပေါ်ရှိ အမြုတေအဆင့်အကြီးအကဲများသည် ရပ်တည်မရလောက်အောင်ပင် အမျက်ဒေါသထွက်ကုန်၏။

အဆင့်နိမ့်တပည့်များကိုသာ သီးခြားပစ်မှတ်ထားတိုက်ခိုက်သည့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးကို ၎င်းတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

သို့သော် ကျိယွမ်၏ လှုပ်ရှားမှုများကို မြင်သောအခါ ၎င်းတို့တစ်ခုခုကို သတိပြုမိသွားကာ အချင်းချင်း မျက်နှာရိပ်ပြလိုက်ကြသည်။

"မင်းက အကြီးအကဲဘိုးဘေးကြက်ကို သတ်ခဲ့တဲ့သူလား"

အကြီးအကဲလေပွေသည် သူကိုယ်တိုင်အပြင်ထွက်ပြီး ဘိုးဘေးပူဇော်ကြက်၏ခန္ဓာကိုယ်ကို စစ်ဆေးခဲ့သောကြောင့် အချက်အလက်အချို့ကို သိထားလေ၏။

ကျိယွမ်က အကြီးအကဲလေပွေ ကိုကြည့်ပြီး အေးစက်သော အသံဖြင့် တုန်ပြန်လိုက်သည်။

"မင်းက သိသွားပြီဆိုတော့ မင်းကို အသက်ရှင်ခွင့်ပေးလို့မရတော့ဘူး"

သူ၏ဓားကြီးကို ပေါ့ပါးစွာဆွဲကိုင်လျှက် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

ထိုအရာကို မြင်သောအခါ အကြီးအကဲ၏မျက်လုံးများတွင် သံသယရှိသောအမူအရာ ပေါ်လာခဲ့သည်။

"မင်းခန္ဓာကိုယ်ထဲမှာ ဘာလို့ အမြုတေ မရှိတာလဲ"

"မင်းက အမြုတေအဆင့်ကျင့်ကြံသူ မဟုတ်ဘူးလား"

ကျိယွမ်၏အဖြေကတော့ သူ၏ ဓားရှည်ကြီးပင် ဖြစ်တော့သည်။

--------

All Chapters