ကလေးကို ရှာတွေ့ခြင်း
Vol. 20 Ch. 279
"အစ်မ၊ အစ်ကိုအခုဘယ်လိုနေလဲ။"
ဧည့်ခန်းထဲတွင် လူတိုင်းထိုင်ပြီးနောက် ရဲရှင်းဟွေ့က ပထမဦးစွာ စကားစလိုက်၏။
အခြားသူများ ရဲရှင်းဟွေ့၏မေးခွန်းကိုကြားသော် သူတို့သည်လည်း ရဲလန်ယွဲ့ကို ကြည့်လိုက်ကြသည်။
လူတိုင်းသည် ရဲရှင်းချန်အတွက် စိုးရိမ်နေကြသည်။
မသေမျိုးကျင့်ကြံခြင်းကမ္ဘာတွင် အားကောင်းသောလူများစွာရှိပြီး လက်ရှိရဲရှင်းချန်ထက် အားကောင်းသောလူများစွာလည်း ရှိနေသေးသည်။
အကယ်၍ ရဲရှင်းချန်သာ အားကောင်းစွာပြန်လာမည်ဆိုလျှင် အကြီးမားဆုံးဖြစ်နိုင်ခြေမှာ အင်အားစုအားလုံးက သူ့ကိုပစ်မှတ်ထားမည်ဖြစ်သည်။
ရဲလန်ယွဲ့က ညင်သာစွာခေါင်းခါလိုက်ပြီး
"အခြေအနေမကောင်းဘူး။ မဟုတ်ရင် ငါရှင်းချန်ကိုကူညီဖို့ အဲ့ဒီကိုသွားစရာမလိုဘူး။ ဒါပေမဲ့ ငါ့အကူအညီနဲ့ဆိုရင် အဲ့ဒီဘက်မှာ ယာယီအားဖြင့်တော့ ပြဿနာမရှိတော့ဘူး။"
ချက်ချင်းပင် ရဲလန်ယွဲ့က မသေမျိုးကျင့်ကြံခြင်းကမ္ဘာမှအခြေအနေကို ခြုံငုံသုံးသပ်ပေးလိုက်သည်။
ရဲရှင်းချန် ပထမဦးဆုံး မသေမျိုးကျင့်ကြံခြင်းကမ္ဘာသို့ပြန်ရောက်သောအခါ သူသည် နတ်ဘုရားနှင့်နတ်ဆိုးလောကမှ အားကောင်းသောလူများစွာကို သူနှင့်အတူခေါ်ဆောင်သွားခဲ့သည်။
သူ၏လက်အောက်တွင် လူများရှိသော်လည်း ရဲရှင်းချန်၏ပြန်လာခြင်းမှာမူ သူတို့အတွက် ဒုက္ခဖြစ်စေခဲ့၏။
ပြန်ရောက်ပြီးနောက် ရဲရှင်းဟွေ့သည် ပထမဦးစွာ မြေနေရာကိုရှာဖွေပြီး အင်အားစုအသစ်တစ်ခုကို တည်ထောင်ခဲ့သည်။ အင်အားစု၏အမည်မှာ ကြယ်ဂိုဏ်း ဖြစ်သည်။
ရဲရှင်းချန်၏တည်ရှိမှုကိုပင် မပြောဘဲ ဂိုဏ်း၏အမည်ဖြစ်သော ကြယ်ဂိုဏ်းတစ်ခုတည်းမှာပင် အင်အားစုများစွာ၏မျက်ခုံးများကို မြင့်တက်စေခဲ့သည်။
(အံ့ဩသွားစေတာမျိုးကိုပြောတာပါ)
ရဲရှင်းချန်တွင် နောက်လိုက်များစွာရှိသော်လည်း မည်သူမျှ သူ၏အမည်ကိုအသုံးပြု၍ အင်အားစုတစ်ခုတည်ထောင်ဝံ့ခြင်းမရှိပေ။
ကြယ်ဧကရာဇ်မှာ သေဆုံးသည်မှာ နှစ်တစ်ရာသာရှိသေး၏။ ၎င်းမှာ မီးနှင့်ကစားပြီး မိမိကိုယ်ကိုမီးရှို့ခြင်းနှင့် လုံးဝတူနေသည်။
ချက်ချင်းပင် ဒုတိယတန်းစားနှင့် တတိယတန်းစားအင်အားစုများစွာမှာ ကြယ်ဂိုဏ်းကို ပြဿနာရှာစပြုကြ၏။ ဒုက္ခဖြစ်စေခြင်းထက်စာလျှင် ၎င်းမှာ ကြယ်ဂိုဏ်းကိုဖျက်ဆီးရန် အင်အားစုများပူးပေါင်းလိုခြင်းနှင့် ပိုတူသည်။
ကြယ်ဂိုဏ်း၏နောက်ကွယ်တွင် နတ်ဘုရားနှင့်နတ်ဆိုးလောကတစ်ခုလုံး၏ အားကောင်းသောအရင်းအမြစ်များ၏အထောက်အပံ့ရှိသောကြောင့် ၎င်းမှာ သဘာဝကျကျပင် ထိုဒုတိယတန်းစား သို့မဟုတ် တတိယတန်းစားအင်အားစုများ ယှဉ်နိုင်သောအရာမဟုတ်ပေ။
ဤပထမတစ်လှိုင်းဒုက္ခတွင် ကြယ်ဂိုဏ်းမှာ လုံးဝအောင်ပွဲခံခဲ့သည်။
သို့သော် ရဲရှင်းချန်သည် ၎င်းမှာမလုံလောက်ကြောင်းကို သိ၏။
မသေမျိုးကျင့်ကြံခြင်းကမ္ဘာမှာ အမှန်တကယ်တွင် ကမ္ဘာနှင့်အနည်းငယ်ဆင်တူသည်။
ထိပ်ဆုံးမှလူများမှာ အရင်းအမြစ်ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြသည်။
ပထမတန်းစားအင်အားစုများမှာ ထိပ်ဆုံးတွင်ပါဝင်သောသူများဖြစ်ပြီး ၎င်းတို့မှာ ထိုဒုတိယတန်းစားနှင့် တတိယတန်းစားအင်အားစုများနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။
ဤအချက်ကြောင့်ပင် ရဲရှင်းချန်သည် ရဲလန်ယွဲ့အား အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။
ကြယ်ဂိုဏ်းမှာ တည်ထောင်ကာစဖြစ်ပြီး ၎င်း၏အခြေခံအုတ်မြစ်မှာ အားနည်းသည်။ ကွက်စိတ်များကို ချနိုင်သော်လည်း သူတို့တွင် အချိန်အလုံအလောက်မရှိပေ။
မသေမျိုးကျင့်ကြံခြင်းကမ္ဘာမှနည်းစနစ်များမှာ အသုံးပြုရန်ခက်ခဲသောကြောင့် ရဲရှင်းချန်သည် သူ၏အစ်မအား သူမ၏နည်းပညာဖြင့် သူ့ကိုကူညီပေးစေလိုသည်။
ရဲလန်ယွဲ့သည်လည်း မျှော်လင့်ချက်များကို ပြည့်မီစေခဲ့၏။
သူမသည် လပေါ်တွင်တည်ထောင်ထားခဲ့သော အခြေစိုက်စခန်းနှင့် ကမ္ဘာကိုပေါက်ကွဲစေနိုင်သော ဂြိုဟ်တုပတ်လမ်းအမြောက်ကို မသေမျိုးကျင့်ကြံခြင်းကမ္ဘာသို့ တိုက်ရိုက်ယူဆောင်လာခဲ့သည်။
ဤကြိုတင်ကာကွယ်မှုများနှင့်အတူ ပထမတန်းစားအင်အားစုများကို ခဏတာမျှ ပိတ်ဆို့ထားရန် အမှန်တကယ်ဖြစ်နိုင်ခဲ့သည်။
သို့သော် ၎င်းမှာ ခဏတာမျှအတွက်သာ တင်းကြပ်စွာဖြစ်သည်။ အကယ်၍ မသေမျိုးဧကရာဇ်တစ်ပါးက အရေးယူမည်ဆိုလျှင် သူတို့သည် အချိန်အကြာကြီး မကာကွယ်နိုင်သေးပေ။
သို့သော် လူတိုင်းမမျှော်လင့်ထားခဲ့သည်မှာ တစ်နှစ်နီးပါးကြာသည်အထိ မသေမျိုးဧကရာဇ်များထဲမှ တစ်ဦးမျှအရေးမယူခဲ့ခြင်းပင်ဖြစ်သည်။
ရဲရှင်းချန်သည် ဤမသေမျိုးဧကရာဇ်များမှာ တစ်ဖန်မိုက်မဲစွာပြုမူစပြုနေပြီဖြစ်ကြောင်းကို သိ၏။
ယာယီအားဖြင့် ပြဿနာမရှိကြောင်းကိုသိသဖြင့် ရဲရှင်းချန်သည် သူ၏မသေမျိုးဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်အောင်မြင်ရန်အတွက် ပြင်ဆင်ရန် အရင်းအမြစ်များစုဆောင်းစပြုလိုက်သည်။
ရဲလန်ယွဲ့ပြောခဲ့သောအရာများမှာ အလွန်ရိုးရှင်းသော်လည်း ရှိနေသူအားလုံးမှာ မည်မျှအန္တရာယ်များခဲ့သည်ကို သိကြသည်။
"ဟမ်။ အစ်မ၊ အစ်ကိုက တံခါးပိတ်ကျင့်ကြံနေမှတော့အစ်မက နေပြီးတော့ ကြယ်ဂိုဏ်းကို စီမံခန့်ခွဲရာမှာ သူ့ကိုမကူညီသင့်ဘူးလား။ ဘာလို့ပြန်လာတာလဲ။"
ရဲရှင်းဟွေ့သည် သူ၏အငယ်ဆုံးမောင်ငယ်၊ တစ်နှစ်ကျော်ကြာပျောက်ဆုံးနေခဲ့သောသူ ရုတ်တရက်ပြန်လာခြင်းကဲ့သို့သောအရာမဟုတ်ပါက ရဲလန်ယွဲ့သည် ရဲရှင်းချန်ကို တစ်ယောက်တည်းမထားခဲ့ဟု ယုံကြည်သည်။
"စိတ်မပူပါနဲ့။ ငါရှင်းချန်ဘက်က အရာအားလုံးကို စီစဉ်ပြီးပြီ၊ ပြီးတော့ ဒီမှာ ကူးခတ်သွားလာသောစက်တစ်ခုရှိတယ်။ ငါအချိန်မရွေးပြန်သွားနိုင်တယ်။"
စကားပြောနေစဉ်မှာပင် ရဲလန်ယွဲ့က စုချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်
"ငါဒီတစ်ခေါက်ပြန်လာတာက… ဒီမှာငါ့ကိုပြန်လာခိုင်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်သွားလို့ပဲ၊ အဲ့ဒါက… ဖေဖေ့ကလေးကို ရှာတွေ့သွားပြီ။"
ရဲလန်ယွဲ့ ရဲချန်၏ကလေးအကြောင်းပြောသောအခါ စုချန်မှလွဲ၍ ရှိနေသူအားလုံးမှာ ခဏမျှမှင်သက်သွားကြ၏။
"ဒီအရာကို ရှာဖို့လိုသေးလို့လား။ လန်ယွဲ့၊ ရှင်းချန်နဲ့ ရှင်းဟွေ့တို့အားလုံး ဒီမှာရှိနေတာမဟုတ်ဘူးလား။"
မကြာမီ လူတိုင်းမှာ သတိပြန်ဝင်လာကြပြီးနောက် စုချန်ကို ကြည့်လိုက်ကြသည်။
ရဲရှင်းဟွေ့သည် လူတိုင်း၏မျက်လုံးများမှာ အတင်းအဖျင်းများဖြင့်ပြည့်နှက်နေသည်ကိုမြင်ပြီး သူသည်လည်း မီးထဲသို့လောင်စာထည့်လိုက်၏။
"သေစမ်း…။ ခင်ဗျားတို့ ဖေဖေ့ရဲ့တရားမဝင်ကလေးတွေကို တကယ်ရှာတွေ့သွားတာလား။"
သူလူတိုင်း၏စိတ်ခံစားမှုအဆင့်ကို မမြင်နိုင်သော်လည်း ရဲရှင်းဟွေ့ဤစကားများကိုပြောသောအခါ ရှိနေသူအားလုံး၏စိတ်ခံစားမှုအဆင့်မှာ တည်ငြိမ်စွာတိုးတက်နေကြောင်းကို သူသူ၏နှလုံးသားအောက်ခြေမှ သိလိုက်သည်။
နောက်ဆုံးတွင် ရုပ်မြင်သံကြားအသေးလေးမှာ အချက်ပြမှုအသစ်တစ်ခုဖြင့် တစ်ဖန်ပြန်ပေါ်လာ၏။
‘ကောင်းတယ်…’
ရဲရှင်းဟွေ့က သူ၏စိတ်ထဲတွင် သူ၏ဉာဏ်ရည်ကို ချီးကျူးလိုက်သည်။
သို့သော် ရဲရှင်းဟွေ့သည် ခေါင်းပေါ်တွင် ပါးရိုက်ချက်တစ်ခုလက်ခံရရှိသောအခါ သူပျော်ရွှင်လွန်းသွားသည်။
"မင်းဘာတွေလျှောက်ပြောနေတာလဲ။"
သဘာဝကျကျပင် ရဲရှင်းဟွေ့ကိုရိုက်နှက်သူမှာ သူ၏အမေ၊ စုချန်မှလွဲ၍ အခြားသူမဟုတ်ပေ။ သူမသည် သူမ၏သမီးထံသို့လှည့်ကာ
"လန်ယွဲ့၊ ဆက်ပြော"
ထိုအခြင်းအရာကိုမြင်သော် အခြားလူများသည်လည်း ဇာတ်လမ်းကို တည်ကြည်စွာနားထောင်စပြုကြသည်။
ထိုစကားကိုကြားသော် ရဲလန်ယွဲ့က ခေါင်းညိတ်ကာ
"ငါ့ရဲ့လက်ရှိအပြင်ဘက်ကဖေဖေ့ကလေးတွေကိုရှာဖွေတဲ့နည်းလမ်းက အချက်အလက်ကြီးတွေအပြင် ငါတို့ရဲမိသားစုနဲ့ သွေးအမျိုးအစားနဲ့ မျိုးဗီဇတွေဆင်တူတဲ့လူတွေကိုရှာဖွေဖို့ ဉာဏ်ရည်တုကိုသုံးတာပဲ။"
"ဒါပေမဲ့ ငါအဲ့ဒါကို နှစ်နှစ်နီးပါးရှာနေခဲ့ပြီး ဘယ်သူ့ကိုမှမတွေ့နိုင်သေးဘူး။ အကြောင်းရင်းက ကလေးမွေးဖွားတဲ့အခါ သူက ဆေးရုံကြီးတစ်ရုံမှာမရှိတာ၊ ဒါမှမဟုတ် သူ့အမေက သူ့ကိုလုံးဝသူမကိုယ်တိုင်မွေးဖွားခဲ့တာဖြစ်သင့်တယ်။ မွေးဖွားပြီးတဲ့နောက် သူက သူ့ရဲ့ကိုယ်ခန္ဓာမှာ ဘာပုံမှန်မဟုတ်တာမှမပြခဲ့ဘူး။"
ထိုစကားကိုကြားပြီးနောက် စုချန်သည်လည်း ကလေးကိုဘယ်သူမွေးဖွားခဲ့လဲဆိုတာကို သိလိုက်၏။
အကယ်၍ သူမ၏ခန့်မှန်းချက်မှန်ကန်မည်ဆိုလျှင် ၎င်းမှာ အမေဇုန်စစ်သည်တော်ခေါင်းဆောင်နှင့် ရဲချန်တို့၏ကလေးဖြစ်သင့်သည်။
အမေဇုန်စစ်သည်တော်ခေါင်းဆောင်မှာ အမေဇုန်ယဇ်ပုရောဟိတ်မကြီး၏အစ်မဖြစ်သည်။
ရဲချန်၏ကလေးကို ကိုယ်ဝန်ရရှိပြီးနောက် သူမသည် တရုတ်ပြည်သို့ လာရောက်နေထိုင်ခဲ့သည်။
ကလေးတစ်ဦးကို သူမကိုယ်တိုင်မွေးဖွားနိုင်ပြီး ကလေးကို တစ်နှစ်ပတ်လုံးဖျားနာခြင်းမှ ကင်းဝေးစေနိုင်သူ၊ သို့မဟုတ် ဖျားနာမှုကို သူမကိုယ်တိုင်ဖြေရှင်းနိုင်သူမှာ အမျိုးသမီးစစ်သည်တော်ခေါင်းဆောင်သာ ဖြစ်နိုင်သည်။
စုချန်ထိုသို့တွေးထင်သော်လည်း သူမသည် ရဲလန်ယွဲ့၏စကားများကို ဖြတ်မပြောဘဲ တိတ်တဆိတ်နားထောင်နေဆဲဖြစ်သည်။
"မကြာသေးခင်က ကလေးက ဓားငါးချက်ထိုးခံရပြီး ဆေးရုံကိုပို့ဆောင်ခံခဲ့ရတယ်။ဒီသတင်းအချက်အလက်ကြောင့်ပဲ ငါအပြင်ဘက်ကဖေဖေ့ကလေးရဲ့ တည်နေရာကိုသိခဲ့တာ။"
ထိုအခိုက်တွင် ရဲရှင်းဟွေ့က ဖြတ်ပြောလိုက်သည်။
"အစ်မပြောနေတဲ့လူရဲ့နာမည်က ဘာလဲ။"
"သူ့နာမည်က ရဲထျန်းမင်"
ရဲလန်ယွဲ့က ပြန်ဖြေလိုက်၏။
"ရဲထျန်းမင် ဟုတ်လား။ ဇာတ်လိုက်တစ်ယောက်ရဲ့နာမည်နဲ့တူတာပဲ။"
ရဲရှင်းဟွေ့က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
ရဲရှင်းဟွေ့၏ထူးဆန်းသောတီးတိုးရေရွတ်သံကို လျစ်လျူရှုကာ ရဲလန်ယွဲ့က
"ရဲထျန်းမင်က ငယ်ငယ်ကတည်းက အဖေမရှိဘူး။ သူ့ကို သူ့အမေက ပြုစုပျိုးထောင်ခဲ့တာ။ ငါ့ရဲ့စုံစမ်းစစ်ဆေးမှုပြီးတဲ့နောက် သူ့အမေက တရုတ်လူမျိုးမဟုတ်ဘူး။"
ရဲလန်ယွဲ့ သူတို့အား ရဲထျန်းမင်၏အခြေအနေအကြောင်း ပြောပြလိုစဉ်မှာပင် စုချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး
"သူ့အမေက သေလောက်ပြီ။"
လူတိုင်းက စုချန်ကို ရှုပ်ထွေးစွာကြည့်လိုက်ကြပြီး သူမအဘယ်ကြောင့်ဤမျှသေချာနေသည်ကို အံ့ဩနေကြသည်။
ထို့နောက် သူတို့သည် သူမရှင်းပြသည်ကို ကြားလိုက်ရသည်။
"ရဲထျန်းမင်ရဲ့အမေက အမေဇုန်မျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်တော်ခေါင်းဆောင်ဖြစ်သင့်တယ်။ အမေဇုန်မျိုးနွယ်စုကို အမျိုးသမီးတွေကဦးဆောင်ရတဲ့အကြောင်းက အကယ်၍ အဲ့ဒီမှာအမျိုးသမီးတစ်ယောက်ကကိုယ်ဝန်ဆောင်ပြီး သူက ကလေးမလေးတစ်ယောက်မွေးဖွားရင် ဒါက အမေနဲ့သမီးဘေးကင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ အကယ်၍ ယောက်ျားလေးတစ်ယောက်မွေးဖွားရင် အမေက နှစ်အနည်းငယ်ကြာပြီးတဲ့နောက် ကုသမရနိုင်တဲ့ အရွယ်မတိုင်မီအိုမင်းခြင်းရောဂါကို ခံစားရလိမ့်မယ်။"