← Chapters

မင်းတို့ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ

Vol. 21 Ch. 286

မင်းတို့ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ

Vol. 21 Ch. 286

အန်တီဝတုတ်မှာ လူသုံးယောက် ထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ ဘာမှမပြောတော့ချေ။ နောက်ဆုံးတွင် သူမက ယွမ်တစ်သိန်း ရရှိထားပြီးပြီ ဖြစ်သည်။

ရဲရှင်းဟွေ့က အိမ်ရှင်မဝတုတ်နှင့် အခြားသူများကို မထွက်ခွာမီ တောင်းပန်လိုက်၏။ နောက်ဆုံးတွင် ဤတစ်ကြိမ်၌ သူက မှားယွင်းခဲ့သူ ဖြစ်သည်။

ဇာတ်လိုက်ပုံစံခွက်ရှိသော ရဲထျန်းမင်မှာ သူ၏အိမ်လခကို မပေးသောသူ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

…

ရဲလန်ယွဲ့၏ ကားဆီသို့ လျှောက်သွားနေစဉ် ရဲထျန်းမင်က သူတို့နှစ်ယောက်ကို အနည်းငယ် ရှုပ်ထွေးစွာ ကြည့်၍ "ခင်ဗျားတို့ ကျွန်တော့်ကို လာတွေ့တာလား…" ဟု မေးလိုက်သည်။

ရဲလန်ယွဲ့က ခေါင်းညိတ်၍ မိမိကိုယ်ကို မိတ်ဆက်လိုက်၏။ "မင်္ဂလာပါ… ကျွန်မက ရှင့်ရဲ့ အဖေတူအမေကွဲ အစ်မ ရဲလန်ယွဲ့ပါ…"

ရဲရှင်းဟွေ့မှာ သူ၏အစ်မဖြစ်သူက တိုက်ရိုက် မိမိကိုယ်ကို မိတ်ဆက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဤသို့မြင်သောအခါ သူကလည်း မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။

"ကျွန်တော်က ရှင့်ရဲ့ အဖေတူအမေကွဲ ညီ ရဲရှင်းဟွေ့ပါ… ဒါပေမဲ့ ရှင့်ကျွန်တော့်ကို ညီလေးလို့ သဘောထားချင်တယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ကန့်ကွက်စရာ မရှိပါဘူး…"

မိမိကိုယ်ကို မိတ်ဆက်စကား နှစ်ခွန်းကို ကြားသောအခါ ရဲထျန်းမင်မှာ မှင်တက်သွား၏။

သူ မှင်တက်နေစဉ်မှာပင် စနစ်က နောက်တစ်ကြိမ် ပေါ်ထွက်လာသည်။

[ တင်! ဘဝရွေးချယ်မှုများစတင်ပါပြီ…

ရွေးချယ်မှု ၁: သူတို့နှစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ယုံကြည်ပြီး သူတို့နှင့်အတူ ငိုကြွေးကာ ဆုလာဘ် “ဘွဲ့အမည်: ငါကသခင်ကြီးရဲပဲကွ။ မင်းလိုကောင်က ငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ” ကို ရယူပါ…။

မှတ်ချက်: ဤဘွဲ့အမည်ရလျှင် သင် အပြင်ထွက်၍ ကြွားဝါသည့်အခါတိုင်း (မိသားစုဝင်များမှလွဲ၍) အရိုက်ခံရ၍ သေဆုံးမည်ကို စိုးရိမ်စရာလိုတော့မည်မဟုတ်ပါ။

ရွေးချယ်မှု ၂: သူတို့နှစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို မယုံကြည်ဘဲ "မင်းတို့ ရူးနေတာလား…" ဟု ပြောပြီးနောက် လှည့်ထွက်သွားကာ ဆုလာဘ် “စိတ်စွမ်းအား +၁၀” ကို ရယူပါ…

မှတ်ချက်: ဤဆုလာဘ်ကို အထူးနည်းလမ်းဖြင့် ပေးအပ်မည် ဖြစ်သည်… ]

'သေစမ်း… ဘာလို့ ဒီလောက် ထူးဆန်းတဲ့ ရွေးချယ်မှု ဖြစ်နေရတာလဲ… ငါ့စနစ်က ဟာသစနစ်လား… “ငါကသခင်ကြီးရဲပဲကွ။ မင်းလိုကောင်က ငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ” ဆိုတာက ဘယ်လို မိုက်မဲတဲ့ ဘွဲ့နာမည်မျိုးလဲ… ပြီးတော့ ငါက ဒီဆက်ဆံရေးကို အသိအမှတ်ပြုလိုက်ရင် ဘာလို့ ငါ့မိသားစုကြောင့် အရိုက်ခံရပြီး သေနိုင်တဲ့ အခွင့်အရေး ရှိနေရတာလဲ…’

…

ရဲထျန်းမင် နေရာမှာပင် တောင့်ခဲသွားသည်ကို မြင်သောအခါ ရဲလန်ယွဲ့မှာ စကားမပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ရသည့်အခါ စိတ်ငြိမ်အောင် နေရန် လိုအပ်သည်ကို သူမ သိသောကြောင့် ဖြစ်၏။

ရဲရှင်းဟွေ့မှာမူ ရဲထျန်းမင်က သူတို့ မမြင်နိုင်သော တည်ရှိမှုတစ်ခုခု၊ ဥပမာ သူ၏ ရွှေလက်ညှိုး သို့မဟုတ် တစ်စုံတစ်ခုနှင့် ဆက်သွယ်နေသလောဟု တွေးနေမိသည်။

ရဲထျန်းမင်၏ မျက်လုံးများမှာ ယခု အနည်းငယ် မှုန်ဝါးနေပြီး သူ၏ရှေ့၌ အခြားသူများ မမြင်နိုင်သော အရာတစ်ခု ရှိနေဘိသကဲ့သို့ ဖြစ်နေ၏။

ထို့အပြင် သူ၏အမူအရာမှာ အခါအားလျော်စွာ ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ ရှုပ်ထွေးနေပုံရပြီး တစ်ခါတစ်ရံ တုန်လှုပ်နေပုံရကာ တစ်ခါတစ်ရံ အသိဉာဏ်ပွင့်သွားပုံရ၏။

'ဒီအစ်ကိုကြီးရဲ့ ရွှေလက်ညှိုးက စနစ်လိုမျိုး တစ်ခုခုတော့ မဟုတ်လောက်ပါဘူးနော်…’

ရဲရှင်းဟွေ့က သတ္တိရှိရှိ မှန်းဆလိုက်သည်။

တကယ်လို့သာ စနစ်တစ်ခု ဖြစ်နေခဲ့လျှင် သူက မိသားစုထဲတွင် ဒုတိယအင်အားအကြီးဆုံး လိမ်လည်သူ ဖြစ်လာနိုင်ပေသည်။

ရဲရှင်းချန်နှင့် ရဲလန်ယွဲ့တို့၏ ရွှေလက်ညှိုးများမှာ နှစ်ခုစလုံး ပြန်လည်မွေးဖွားခြင်း ဖြစ်သည်။ သူတို့က ယခင်ဘဝမှ အမှတ်တရများနှင့်အတူ ရဲမိသားစုသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရွှေလက်ညှိုးမှာ သူတို့၏ စိတ်ထဲမှ အသိပညာများ ဖြစ်သည်။

သူ၏အဖေ ရဲချန်၏ ရွှေလက်ညှိုးမှာ သူ၏အဘိုး ရဲခွန်းလွင်နှင့် အဘွား ထျန်းယောင်ဟူတို့ထံမှ လာခြင်းဖြစ်သည်။ သူတို့၏ မျိုးရိုးသွေးမှာ ချိပ်ပိတ်ခံထားရသော်လည်း သူတို့၏ ကိုယ်ခန္ဓာများမှာ ကမ္ဘာပေါ်မှ အင်အားကြီးသော စစ်သည်တော်များထက် ပို၍ သန်မာနေသေး၏။

ရဲဖန်၏ ရွှေလက်ညှိုးမှာ ရဲချန်နှင့် တူညီသင့်သော်လည်း နောက်ပိုင်းတွင် သူက နဂါးနှလုံးသားကို ရရှိခဲ့ပြီး နဂါးဘုရားကျောင်း၏ ယခင် နဂါးဘုရင်၏ ဆက်ခံသူ ဖြစ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှ မျိုးရိုးသွေးချိပ်ပိတ်မှု၏ တစ်စိတ်တစ်ပိုင်းမှာလည်း တစ်ဝက်တစ်ပျက် ပွင့်သွားခဲ့၏။

ရဲနျဉ်၏ ရွှေလက်ညှိုးမှာ ရှေးဟောင်းမျိုးနွယ်စုတစ်ခုမှ ရရှိခဲ့သော အမှောင်စွမ်းအင်ပါဝင်သည့် လျှို့ဝှက်ဆန်းကြယ်သော မိုက်မှောင်စွမ်းအင်တစ်ခု ဖြစ်သည်။ ရဲခွန်းလွင်က သူ၏မျိုးရိုးသွေးကို ချိပ်ဖွင့်ပေးသည့်အခါ၌ပင် ဤမိုက်မှောင်စွမ်းအင်ကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ ဤစွမ်းအားက မူလကတည်းက ရဲခွန်းလွင်၏ မျိုးရိုးသွေးထက် ပို၍ အားကောင်းသည်ဟု ဆိုလိုသည်။

ရဲလင်အာ၏ ရွှေလက်ညှိုးမှာ သူမ၏ ရှယ်ကောင်းတဲ့ကံဖြစ်ပြီး ကံကြမ္မာကြယ်ပွင့်လေးအဖြစ် သူမ၏ ကံကြမ္မာမှ ဆင်းသက်လာခြင်း ဖြစ်သည်။

မိသားစုထဲမှ ရွှေလက်ညှိုးအများစုမှာ သွေး သို့မဟုတ် အခွင့်အရေးမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရဲရှင်းဟွေ့၏ ရွှေလက်ညှိုးသာလျှင် အတော်လေး မှော်ဆန်သည်။

အကယ်၍ ရဲထျန်းမင်၏ ရွှေလက်ညှိုးမှာ အမှန်တကယ်ပင် စနစ်တစ်ခုဖြစ်ခဲ့လျှင်… ၎င်းမှာ သဘာဝအားဖြင့် ရဲရှင်းဟွေ့၏ ကိုယ်ပိုင် ရွှေလက်ညှိုးနှင့် အနည်းငယ် ဆင်တူပေလိမ့်မည်။

…

ရဲထျန်းမင်မှာ နောက်ဆုံးတွင် ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။

သူက ရွေးချယ်မှု ၂ ကို ရွေးချယ်လိုက်၏။

သူ ရွေးချယ်မှု ၂ ကို ရွေးချယ်ရခြင်း အကြောင်းရင်းမှာ “ငါကသခင်ကြီးရဲပဲကွ။ မင်းလိုကောင်က ငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ” ဟူသော ဘွဲ့အမည်က အလွန်မိုက်မဲသောကြောင့်သာမက သူ၏ရှေ့မှ လူနှစ်ယောက်ပြောသည်ကို လုံးဝမယုံကြည်သောကြောင့်လည်း ဖြစ်သည်။

ရွေးချယ်မှု ၂ ကို ရွေးချယ်ပြီးနောက် သူ၏စိတ်စွမ်းအားကို မည်သို့ ရရှိမည်ကိုမူ ရဲထျန်းမင် မစဉ်းစားခဲ့ပေ။

"မင်းတို့ ရူးနေတာလား…" ဟု ရဲထျန်းမင်က လေသံတိုးတိုးဖြင့် ပြောပြီးနောက် လှည့်ထွက်သွားသည်။

ရဲထျန်းမင်မှာ အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဤစကားကို ပြောလိမ့်မည်ဟု ရဲလန်ယွဲ့က မမျှော်လင့်ခဲ့ပေ။

သူမက သူမ၏ညီကို မျက်စိတစ်ဖက် မှိတ်ပြ၍ ရဲထျန်းမင်ကို တားရန် အချက်ပြလိုက်သည်။

ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီးနောက် ရဲထျန်းမင်၏ နောက်သို့ ရောက်သွားကာ သူ၏ ဦးခေါင်းနောက်စေ့ကို ရိုက်ချလိုက်သည်။

‘သေစမ်း… ငါ့ရဲ့ စိတ်စွမ်းအားက ဒီလိုနည်းနဲ့ +၁၀ တက်လာတာလား…’

ရုတ်တရက် ပြင်းထန်သော ရိုက်ချက်ကြောင့် ရဲထျန်းမင်မှာ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် သတိလစ်သွားသည်။

ရဲလန်ယွဲ့မှာ "…"

ရဲလန်ယွဲ့မှာလည်း အနည်းငယ် စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ သူမက ရဲရှင်းဟွေ့ကို သူ့အား တားဆီးစေချင်ရုံသာ ဖြစ်သော်လည်း… သူက ဤသို့ပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ…။

ရဲရှင်းဟွေ့မှာမူ ရဲထျန်းမင်ကို သတိလစ်အောင် ပြုလုပ်ပြီးနောက် သူ့ကို တိုက်ရိုက် ပွေ့ချီကာ ရဲလန်ယွဲ့အား "သူ သတိလစ်သွားပြီ… အိမ်ပြန်ဖို့ ဝင်ပေါက် သုံးကြရအောင်…" ဟု ဆို၏။

ရဲလန်ယွဲ့မှာ ပြန်မဖြေဘဲ ခေါင်းညိတ်လိုက်ရုံသာ ညိတ်၍ သူမ၏ကားကို အလိုအလျောက်မောင်းနှင်စနစ်ဖြင့် အိမ်သို့ ပြန်လွှတ်လိုက်သည်။

…

ရဲရှင်းဟွေ့က လူသူမရှိသော ဝေးလံသည့် ထောင့်တစ်နေရာကို ရှာဖွေ၍ ရဲမိသားစုအိမ်သို့ တိုက်ရိုက် ဝင်ပေါက်တစ်ခု ဖွင့်လိုက်သည်။

ဤသို့ဖြင့် သူတို့နှစ်ဦးမှာ သတိလစ်နေသော ရဲထျန်းမင်နှင့်အတူ အိမ်သို့ ပြန်ရောက်လာကြသည်။

အိမ်တွင် ရဲနျဉ်၊ ရဲဖန်နှင့် အခြားသူများမှာ မထွက်ခွာသေးပေ။ သူတို့ကလည်း သူတို့၏အစ်ကိုကြီး လုပ်ခဲ့သော အမှားမှာ မည်သို့သောပုံစံဖြစ်သည်ကို ကြည့်ချင်နေကြသည်။

အမှန်မှာ ၎င်းကို အမှားဟု မခေါ်သင့်ချေ။ ဆိုရိုးစကားအတိုင်း အမှားများမှာ ပုံမှန်ဖြစ်လာသောအခါ အမှားပင်ဖြစ်လင့်ကစား အမှားမဟုတ်တော့ချေ။

ထို့ပြင် ဤသည်မှာ ပထမဆုံးဖြစ်ကြောင်း သူတို့သိကြသော်လည်း ဤသည်မှာ သူတို့၏အစ်ကိုကြီး နောက်ဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်ဟု မည်သူမျှ ယုံကြည်မှုအပြည့်ဖြင့် မပြောနိုင်ပေ။

…

ဧည့်ခန်းထဲမှ ရဲရှင်းဟွေ့ကို ပထမဆုံး သတိပြုမိသူမှာ ရဲနျဉ် ဖြစ်သည်။

"ရှင်းဟွေ့ ပြန်လာပြီ…"

ရဲရှင်းဟွေ့ သယ်လာသောသူကို မြင်သောအခါ ရဲနျဉ်က အနည်းငယ် ရှုပ်ထွေးစွာဖြင့် "ဒါက… ယဲ့ထျန်းမင်လား… သူ ဘာလို့ သတိလစ်နေတာလဲ…" ဟု မေးလိုက်သည်။

"အဲဒါက ဇာတ်လမ်းရှည်တယ်…"

"ဒါဆို ဇာတ်လမ်းတိုတိုပြော…"

"ဒီလိုဆိုရင်တော့… ဘလာ ဘလာ ဘလာ…"

ချက်ချင်းပင် ရဲရှင်းဟွေ့က ယွင်မိသားစုသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံနှင့် ရဲထျန်းမင်ကို ရှာဖွေခဲ့ပုံကို ပြန်ပြောပြလိုက်သည်။

ယွင်မိသားစုက ကျေးဇူးရှင်တစ်ဦးကို အာဖရိကသို့ သတ္တုတူးရန် စေလွှတ်ခဲ့ကြောင်း သိရှိသောအခါ လူတိုင်းမှာ ထူးဆန်းသွားကြသည်။

စုချင်း တစ်ယောက်သာလျှင် ယွင်ဝေ့၏ အတွေးအချို့ကို မှန်းဆနိုင်ခဲ့သည်။

သူမ၏ မိခင်၏ တွေးတောနေဟန်ကို မြင်သောအခါ ရဲရှင်းဟွေ့က အနည်းငယ် ရှုပ်ထွေးစွာဖြင့် "အမေ… ဘာတွေ စဉ်းစားနေတာလဲ…" ဟု မေးလိုက်သည်။

စုချင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် တင်ထားသော ရဲထျန်းမင်ကို ညွှန်ပြ၍ "ရဲထျန်းမင်ရဲ့ မျက်နှာကို ကြည့်စမ်း… ဘာကို သတိရလဲ…" ဟု ဆို၏။

လူတိုင်း ကြားပြီးနောက် သူတို့အားလုံးက ရဲထျန်းမင်ကို ကြည့်လိုက်ကြသည်။

ရဲဖန်က သူ၏မေးစေ့ကို ပွတ်သပ်၍ "ဒီမျက်နှာက ငယ်ငယ်တုန်းက ငါ့အစ်ကိုကြီးနဲ့ နည်းနည်းတူတယ်…" ဟု ဆို၏။

"ဟုတ်တယ်… ဒီမျက်နှာကြောင့်ပဲ ယွင်ဝေ့က သူ့ကို သတ္တုတူးဖို့ လွှတ်လိုက်တာ ဖြစ်နိုင်တယ်…"

စုချင်း၏စကားများကြောင့် လူတိုင်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့က ရဲထျန်းမင်မှာ သူ တစ်ခါမှ မမြင်ဖူးသော ဖခင်တစ်ဦး တူးထားသော တွင်းထဲသို့ ကျသွားသည့်အတွက် အနည်းငယ် သနားသွားကြ၏။

"ဒါဆို ယွင်ဝေ့က အစ်ကိုကြီးနဲ့ ရန်ငြိုးရန်စ ရှိနေတာလား… ကျွန်တော် အချိန်ရရင် သူ့ကို ရှင်းပစ်လိုက်ရမလား…"

ဤတစ်ကြိမ် စကားပြောသူမှာ ရဲနျဉ် ဖြစ်သည်။

ရဲနျဉ်မှာ လူသတ်သမားအဖြစ် မလုပ်ကိုင်တော့သော်လည်း သူ၏အတွေးများမှာ အနည်းငယ် ကြမ်းတမ်းနေသေး၏။

လူသတ်သမားတစ်ဦးအနေဖြင့် သိကျွမ်းသော ရန်သူမရှိရပေ။ ထိုရန်သူကို သတ်ရန် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်… ဤရန်သူက မည်သည့်အချိန်တွင် အန္တရာယ်ပြုရန် ကြိုးစားမည်ကို မသိသောကြောင့် ဖြစ်သည်။

…

တစ်ချိန်တည်းမှာပင်…။

ယွင်မိသားစုအိမ်တော်၊ ယွင်ဝေ့၏ စာကြည့်ခန်း၌…။

သူ၏သမီးအတွက် ဒါရိုက်တာလုပ်ရန် စီစဉ်နေသည့် မယ်ရီဆူး ဇာတ်လမ်းအတွက် စိတ်ကူးစိတ်သန်းများ ရရန် လေ့လာနေသော ယွင်ဝေ့မှာ ရုတ်တရက် နှာချေလိုက်ပြီး သူ၏နောက်ကျောနှင့် လည်ပင်းတို့တွင် အေးစက်မှုကို ချက်ချင်း ခံစားလိုက်ရသည်။

"ဟမ်… ဘာဖြစ်တာလဲ…"

All Chapters