← Chapters

အေးအေးဆေးဆေးစကားပြောခြင်း

Vol. 2 Ch. 17

အေးအေးဆေးဆေးစကားပြောခြင်း

Vol. 2 Ch. 17

နန်းတော်​သို့အပြန်လမ်းတွင် မြင်းရထားထဲ၌လိုက်ပါလာရင်း ကျင်းလီသည် စာအုပ်ကိုစတင်ဖတ်ရှုနေသည် ။ နန်းတော်သို့ပြန်ရောက်သောအခါ ကျိယွမ်အတွက် လိုအပ်သော အချက်အလက်များကိုရှာဖွေရင်း ညနက်သည်အထိ ဆက်လက်၍ ဖတ်နေပြန်သည် ။

"အရှင်မင်းကြီး၊ အခုဆိုမနက်စောစောအချိန်ရောက်နေပြီမို့ အနားယူသင့်ပါပြီ။ ကျန်းမာရေးထိခိုက်ရင် ကျွန်တော်မျိုးမတို့ အခက်တွေ့ရပါလိမ့်မယ် "

အဝါရောင်နန်းတွင်းဝတ်စုံဝတ်ဆင်ထားသော အစေခံမိန်းကလေးတစ်ဦးက စိုးထိတ်စွာ သတိပေးလာ၏ ။

ကျင်းလီ က "အင်း" ဟုသာ ပြီးစလွယ်ပြန်ဖြေကာ စာအုပ်ကိုဆက်ဖတ်နေတော့သည် ။

ကံကောင်းစွာပင် ယွီစံအိမ်မှရရှိခဲ့သော စာအုပ်တွင် ရိကွမ်းတားမြစ်နယ်မြေနှင့်ပတ်သက်သည့် မှတ်တမ်းများစွာဖော်ပြထားသည် ။ ကျင်းလီက ကျိယွမ် မေးထားသော အရာများကိုရှာဖွေကာ မှတ်သားသည် ။ ထို့အပြင် အကူအညီဖြစ်နိုင်လောက်သော အခြားအချက်အလက်များကိုပါ သေသေချာချာ စုစည်းပေးသည် ။

"နောက်ဆုံးတော့ တွေ့ပြီ"

ကျင်းလီ ၏ မျက်လုံးများက ပို၍တောက်ပလာသည် ။ သူမအသိချင်ဆုံးသော အချက်အလက်များကို ရလေပြီ ။

"အဝတ်အစားမကောင်းဆိုးရွားအားလုံးသည် ဆက်စပ်နေပြီး စုပေါင်းသိစိတ်တစ်ခုကို မျှဝေခံစားကြသည် ။ သို့သော် ညဘက်သို့ရောက်ချိန်မှာတော့ အသိစိတ်ဆက်နွယ်မှုက သိသိသာသာအားနည်းသွားကြ၏ "

ထို​အကြောင်းကိုသိရသည်နှင့် သူမက လင်လုံယွီရှီကို အမြန်ထုတ်ပြီး ကျိယွမ်ဆီသို့ ပို့ပေးလိုက်သည် ။ တစ်ဆက်တည်းမှာပင် သူမစုဆောင်းထားသမျှသော ရိကွမ်းတားမြစ်နယ်မြေ၏ အခြားအချက်အလက်တွေကိုလည်းမျှဝေပေးလိုက်၏ ။

ထိုစာများအားလုံးကို ပို့ပြီးသအခါ သူမက ပို၍ပင် စိတ်လှုပ်ရှားလာသည်ဟု ခံစားရသည်။

မှတ်တမ်းများကို ဆက်ဖတ်နေရင်းမှ တစ်နေရာသို့ရောက်သောအခါ သူမ၏မျက်နှာတွင် ရှုပ်ထွေးသောအမူအရာ ပေါ်လာသည် ။

"ရှေးစာပေတွေမှာ ရိကွမ်းတားမြစ်နယ်မြေတွင် မင်္ဂလာဝတ်စုံနတ်ဆိုးတွေပဲရှိတယ်လို့ ဖော်ပြထားတယ် ။ ထူးဆန်းလိုက်တာ၊ ကျိယွမ် ပြောတော့ အဝတ်အစားတွေက အစုံပဲတဲ့ ၊ ဘရာစီယာ နဲ့ အမျိုးသမီးအတွင်းခံတွေတောင် ပါတယ် ၊ ဘယ်လိုပါလိမ့် ။ တားမြစ်နယ်မြေမှာ မကောင်းဆိုးရွား အမျိုးအစားအသစ်တွေ ပေါ်လာတာများ ဖြစ်နိုင်မလား"

ကျင်းလီ တွေဝေနေသည် ။

သို့သော်လည်း သူမစေလွှတ်ထားသူများ ပြန်လာလျှင် ထိုကိစ္စကို မေးမြန်းနိုင်လိမ့်မည် ဟုတွေးမိသွား၏ ။ သူတို့က ကျိယွမ် ကိုပင် တွေ့ကောင်းတွေ့နိုင်ပြီး အခြေအနေကိုရှင်းပြနိုင်လောက်မည် ယူဆရသည် ။

"သူရဲ့ ရုပ်ရည်က ဘယ်လိုမျိုးဖြစ်နေမလဲ"

သူမက ကျိယွမ်၏ရုပ်ရည်ကို စိတ်ဝင်စားနေမိသည် ။

ထို့နောက် စာအုပ်ကိုချလိုက်သည်နှင့် မောပန်းနွမ်းနယ်မှုလှိုင်းလုံးတစ်ခုက သူမကိုရိုက်ခတ်သွားသည် ။ သူမအလွန်ပင်ပန်းနေပြီဖြစ်သည် ။

သူမ၏ရှည်လျားသော ခြေတံများနှင့် နူးညံ့လှသည့် ခြေဖဝါးနုများ ကိုက်ခဲနေသည် ။ သုံးနာရီကြာ ဒူးထောက်ခဲ့ရခြင်းရဲ့အကျိုးဆက်တွေများက သူမအားနှိပ်စက်နေခြင်းပင် ။

---------

နေရောင်က ကျိယွမ်၏ ခန္ဓကိုယ်ပေါ်သို့ တိူက်ရိုက်ထိုးကြနေသည် ။ သူက ပျင်းရိသလို ခံစားရသော်လည်း ဆက်လှဲနေ၍ မရပါ ။

တွင်းတစ်တွင်းထဲမှ ထွက်လာခဲ့​သည်မို့ သူ၏တစ်ကိုယ်လုံး မြေကြီးများ ပေကျံနေသည် ။

ကျိယွမ်က နေကိုမော့ကြည့်ပြီး ညည်းညူလိုက်၏ ။

"ရွှေရောင်ဆေးလုံးလို ဝိုင်းစက်နေပေမဲ့ ပူတာကတော့ ဆိုးတယ် "

ထုံးစံအတိုင်း ဂိမ်း၏ ချက်တင်စာမျက်နှာကိုဖွင့်ကြည့်လိုက်သောအခါ ကျင်းလီထံမှ စာများစွာရောက်နေသည်ကိုတွေ့လိုက်ရသောအခါ ကျိယွမ်ရွှင်မြူးသွားသည် ။

သူကစာများကို တစ်ခုပြီးတစ်ခု သေသေချာချာဖတ်၏ ။

"အဝတ်စုတ်တွေက ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ ၊ အင်း -- ဒါကြောင့်ပြောကြတာ ကျူးကော်လျန် တစ်ယောက်တည်းထက် ဖိနပ်ချုပ်သမားသုံးယောက်က ပိုကောင်းတယ်လို့ ။ ကျင်းလီ ကိုအကူအညီတောင်းတာ တကယ်ပဲအကျိုးရှိတယ်"

ကျင်းလီထံမှရသော အချက်အလက်များက သူ့အတွက် အလွန်အသုံးဝင်သည် မဟူတ်ပါလား ။သူက ထိုအချက်များမှတစ်ဆင့် မှတ်ချက်ချနေသည် ။

"ဒီတော့ အဝတ်အစားမကောင်းဆိုးရွားတွေမှာ စုပေါင်းသိစိတ်တစ်ခုတည်းရှိတာအမှန်ပေါ့ ၊ ဒါပေမဲ့ ညဘက်မှာ အဲဒါက သိသိသာသာအားနည်းသွားတယ်ဆိုတော့ ။ ဒါဟာ ငါ့အတွက်အခွင့်အရေးပဲ"

ချီယွမ်က လေးနက်စွာ တွေးလိုက်သည် ။

"ဒါပေမဲ့ အခုကနေ့လည်ခင်းဆိုတော့ လက်တွေ့စမ်းကြည့်ဖို့ဆိုရင် ညရောက်အောင်စောင့်ရလိမ့်မယ်"

ကျိယွမ်က အခြားအချက်အလက်များကိုဆက်ဖတ်နေသည် ။

ကျင်းလီသည် သူမေးခဲ့သမျှကိုသာမကဘဲ အန္တရာယ်ရှိနိုင်သော နေရာအချို့ကိုလည်းမှတ်သားပေးပြီး အစွမ်းထက်သော မကောင်းဆိုးရွားများ၏ နေရာများကိုလည်းဖော်ပြထားသည် ။

"သူမဟာတကယ်ကို... ဂရုစိုက်တတ်တယ်၊ မဟုတ်ဘူး၊ ပိုပြီးတော့ သေသေချာချာနဲ့ စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်တတ်တဲ့သူမျိုးပဲ"

"ညကျမှ အဝတ်စုတ်တွေကိုလိုက်ရှာရမှာဆိုတော့ ပျင်းစရာကောင်းလိုက်တာ"

ပျင်းပျင်းရှိလှသည်နှင့် ကျိယွမ်သည် ကျင်းလီထံသို့ စာအများကြီး ပို့လိုက်သည် ။

ကျင်းလီက အွန်လိုင်းပေါ်တွင် မရှိသော်လည်း အရေးမကြီးပါ ။ လောလောဆယ်သူအပျင်းပြေဖို့သာ ဖြစ်သည် ။

သူက ပျင်းရိစွာဖြင့် စိတ်ထဲရှိရာများ ပြောပြနေမိသည် ။

"ဒီကရှုခင်းတွေကတော်တော်လေး လှတာ ၊ ဒါပေမဲ့ အဝတ်အစားမကောင်းဆိုးရွားတွေက နေရာတိုင်းမှာရှိနေတာ တော်တော်ဆိုးတယ် ၊ ဒီကောင်တွေက ဟော်ရာရုပ်ရှင်ထဲက သရဲတွေထက်တောင်ပိုပြီးကြောက်စရာကောင်းသေးတယ် ။ကျတ်သရေကလည်း တစ်စက်မှမရှိဘူး ၊ ငါသာအဆင့် ၈၂ မဟုတ်ရင် အချိန်ပြည့်ကြောက်လန့်ပြီး ပုန်းနေရမှာ ။ ဓာတ်ပုံရိုက်ပြလို့မရတာ နှမြောစရာပဲ၊ မဟုတ်ရင်ဒီကရှုခင်းလှလှလေးတွေကို ပြလို့ရတာပေါ့ ။ အဝတ်အစားမကောင်းဆိုးရွားတွေကိုသာ မြင်လိုက်ရင် နင်ကြောက်သွားနိုင်တယ်"

ဓာတ်ပုံအကြောင်းကိုတွေးမိတော့ ချီယွမ် ကရုတ်တရက် မေးလိုက်၏ ။

"ဟေး၊ ဒါနဲ့ မင်းရဲ့ရုပ်ရည်ကဘယ်လိုလဲ"

ဓာတ်ပုံများရိုက်၍ရခဲ့လျှင် ကျိယွမ်က တစ်ဦးတည်းသော အွန်လိုင်းသူငယ်ချင်း၏ ရုပ်ရည်က မည်သို့ရှိသည်ကို တွေ့နိုင်၏ ။

ကံမကောင်းစွာပင် ဂိမ်းထဲ၌ ဓာတ်ပုံပို့၍ မရသလို ဗီဒီယိုကောလ်များလည်း မရနိုင်ချေ ။

သူ၏စာများကို ကျင်းလီက နောက်မှပြန်ဖြေလိမ့်မယ်ဟု ထင်ထားသော်လည်း စာပို့ပြီးမကြာခင်မှာပင် သူမကမြန်မြန်ပြန်ဖြေလာသောကြောင့် သူအံ့သြသွားသည် ။

သူမက "ရုပ်ရည်လား..အင်း...ကျွန်မ ရုပ်ရည်က အဆင်ပြေပါတယ်" ဟု ပြန်ဖြေလာသည် မဟုတ်ပါလား ။

တစ်ဖက်မှာတော့ ကျင်းလီ၏ စိတ်ခံစားမှုသည် အစွမ်းထက်သော အမတ်ချုပ်ကြီး စစ်မာတျန်းနှင့် တွေ့ဆုံခဲ့ရချိန်က ထက်တောင် ပိုမိုလှုပ်ရှားနေသည် ။

"ငါလည်းရုပ်ရည်က သိပ်မဆိုးပါဘူး ။ တစ်နေ့နေ့ကျရင် အပြင်မှာတွေ့ကြမလား"

ကျိယွမ်သည် ကျင်းလီအပေါ်ကောင်းသောစိတ်ခံစားချက်ရှိသည် ။

သူပြင်းထန်စွာဖျားနာနေချိန်တုန်းကဆိုလျှင် အမြဲတမ်းတစ်ယောက်တည်းနေထိုင်ခဲ့ရပြီး အထီးကျန်လှသည် ။ ထိုအချိန်များ၌ ကျင်းလီ ကသာ သူ၏တစ်ဦးတည်းသော စကားပြောဖော်ဖြစ်ခဲ့၏ ။

ကျင်းလီ၏ အကျင့်စရိုက်နှင့်စိတ်နေစိတ်ထားက ကျိယွမ်နှင့်ကိုက်ညီသည်ဟု ခံစားရသည် ။ ကျိယွမ်သည် ကျင်းလီထံ၌ သူ မကြိုက်သော အမူအကျင့်တစ်ခုမှမမြင်ရသေးပေ ။

ရနံ့သင်းပျံ့နေသော စန္ဒကူးထိုင်ခုံပေါ်တွင်ထိုင်နေသော ကျင်းလီက လင်လုံယွီရှီပေါ်မှ စာလုံးများကို ဖတ်ကာ ရှက်သွေးများ ကြွယ်လာ၏ ။

သူကလည်း ငါ့ကိုတွေ့ချင်နေတာတဲ့လား ၊ ဘယ်လိုပြန်ဖြေလိုက်ရမလဲ ။

ကျင်းလီက ရှက်မျက်နှာလေးနှင့် ကျောက်ပြားကို ငေးကြည့်နေပြီးမှ "ကောင်းပြီလေ " ဟု လေးလေးနက်နက်ပြန်ဖြေလိုက်သည် ။

ဒီစာကြောင်းကိုမြင်သောအခါ ကျိယွမ် သဘောကျစွာ ပြုံးလိုက်မိသည် ။

"စကားမစပ် မင်းရဲ့မြေပုံက ငါ့မြေပုံနဲ့မတူဘူးလား ။ ငါ့မှာအခုရှိတဲ့မြေပုံမှာ တားမြစ်နယ်မြေလေးခုနဲ့ ထူးခြားတဲ့နေရာနှစ်ခုပဲပါဝင်တယ် ။ ငါဒီမှာပဲနေလို့ရပြီး အခြားဘယ်ကိုမှသွားလို့မရဘူး"

"မြေပုံလား ။ တားမြစ်နယ်မြေလေးခုနဲ့ ထူးခြားတဲ့နေရာနှစ်ခုလား ။ ထူးခြားတဲ့နေရာက တစ်ခုတည်းမဟုတ်ဘူးလား"

ကျင်းလီက ဇဝေဇဝါဖြစ်ကာ တွေးမိ၏ ။

"ဒါနဲ့ မင်းလည်း ဂိမ်းရဲ့ဇာတ်လမ်းအတိုင်း လိုက်နေရတာ မဟုတ်လား ။ မင်းရဲ့ဇာတ်ကောင် တာဝန်က ဘာလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသေးလဲ ။ ငါ့ကို ပြောပြ ၊ ဂိမ်းနဲ့ပတ်သတ်ရင်တော့ ငါကူညီနိုင်ချေရှိတယ်"

ကျိယွမ်က ထိုသို့မေးလာသောအခါ ကျင်းလီ ခေါင်းနည်းနည်းမူးလာ၏ ။ ချီယွမ်သည် ထူးဆန်းပြီး တစ်ခါတရံ နက်နဲစွာ ပြောဆိုတတ်သည်ဆိုတာကို သူမသိသည် ။

သူက ငါ့ရဲ့ လက်ရှိအခက်အခဲတွေကိုမေးနေတာဆိုတော့ ။ ငါ့ရဲလက်တွေ့ဘဝအကြောင်းကို မေးနေတာလား ။

အရင်တုန်းကဆိုလျှင်တော့ ကျင်းလီက သူမ၏ထူးခြားသောအဆင့်အတန်းကြောင့် ချင့်ချိန်နေရသဖြင့် သူမ၏အချက်အလက်များကို ဖုံးကွယ်ထားခဲ့သည် ။

အခုတော့...သူမဆုံးဖြတ်လိုက်လေသည် ။

"ကျွန်မက... နန်းကန်တိုင်းပြည်ရဲ့ဘုရင်မပါ"

ကျိယွမ်က ချက်ချင်းတုန့်ပြန်လာ၏ ။

"ဝိုး ။ မင်းရဲ့ဂိမ်းဇာတ်ကောင်ကအရမ်းအစွမ်းထက်တာပဲ၊ ဘုရင်မဖြစ်နေတာကိုး ။ မဖြစ်တော့ဘူး၊ ငါတို့တကယ်ကို တွေ့ရမယ် ။ ငါက မြို့တော်ဝန်တစ်ယောက်နဲ့တောင် မတွေ့ဖူးဘူး၊ ဘုရင်မတစ်ပါးကတော့ တကယ်ရှားတယ်"

ကျင်းလီခမျာ မပြုံးဘဲမနေနိုင်တော့ပါ ။ သို့သော် သူမ၏အပြုံးက အနည်းငယ်တော့ခါးသီးနေသလိုပင် ။

နားလည်မှုတစ်ခုခု လွဲနေတယ်လို့ ဘာလို့များခံစားမိနေပါလိမ့် ။

"ဒါနဲ့ မင်းရဲ့လက်ရှိမစ်ရှင်ကဘာလဲ ၊ တာဝန်ကိုပြောတာပါ "

ကျင်းလီ၏ လှပသော မျက်ခုံးလေးများ တွန့်သွားသည် ။

မစ်ရှင်ဆိုတာ တာဝန်လား ။

ယခင်ကဆိုလျှင် ထိုသို့ထူးဆန်းသော အသုံးအနှုန်းများကို နားမလည်ခဲ့ပါ ။ အခုတော့ ကျိယွမ်၏ ထူးခြားသော ပြောဆိုပုံကိုအကျင့်ရလာပြီးဖြစ်သောကြောင့် ၄င်း၏ အဓိပ္ပာယ်ကိုအကြမ်းဖျင်းနားလည်သည် ။

သူမက အဖြေပြန်ပေးလိုက်သည် ။

" နန်းကန်ရဲ့ဘုရင်မတစ်ပါးအနေနဲ့ ကျွန်မက ထီးနန်းကိုအငမ်းမရဖြစ်နေတဲ့ အမတ်ချုပ်စစ်မာတျန်းရယ် ၊ မြောက်ပိုင်းက ခန်းနိတ်တွေရဲ့ကျူးကျော်မှုတွေနဲ့ တစ်ခါတစ်ရံ တိရစ္ဆာန်ရိုင်းတွေရဲ့တိုက်ခိုက်မှုတွေကိုကိုင်တွယ်ဖြေရှင်းရတယ် "

"ဒါဆို မင်းရဲ့အဓိကမစ်ရှင်က စစ်မာတျန်းဆိုတဲ့ အမတ်ကို ဖယ်ရှားပြီး ထီးနန်းကိုလုံခြုံအောင်လုပ်ဖို့၊ ပြီးတော့ တခြားအပြင်ရန်သူတွေကိုကိုင်တွယ်ဖြေရှင်းဖို့ပေါ့ "

ကျိယွမ်၏ ပေါ့ပေါ့ပါးပါးလေသံကြောင့် ကျင်းလီ နည်းနည်းအံ့သြသွားသည် ။

သူမကိုယ်တိုင် ထိုအချက်များက အဓိကပြဿနာများဖြစ်နေသည်ကို တွေးဖူးခဲ့သော်လည်း ၄င်းရန်သူများကို ​အောင်မြင်စွာ​ဖယ်ရှားရန်မှာ မဖြစ်နိုင်သလောက်ခက်ခဲသည်။

ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် ကြိုးစားရုံလောက်ကိုပင် အလွန်ခက်ခဲသော စိန်ခေါ်မှုတစ်ခုဖြစ်နေသည် ။

ကျိယွမ်သည် ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါးဖြစ်ပြီး ရွှမ်းဟွမ်တားမြစ်နယ်မြေသို့ ဝင်ရောက်နိုင်သော နည်းလမ်းကိုကျွမ်းကျင်သလို ရိကွမ်းတားမြစ်နယ်မြေကိုပါ ဖြတ်သန်းကောင်း ဖြတ်သန်းနိုင်သော်လည်း ယခု သူပြောခဲ့သည့် တာဝန်များဆိုသည့် နိုင်ငံရေးလှည့်ကွက်များကိုတော့ သူလည်းအောင်မြင်နိုင်မည် မဟူတ်ပေ ။

"အင်း၊ မင်းရင်ဆိုင်ရတဲ့ လူဆိုးဇာတ်ကောင်တွေက လယ်ဗယ်ဘယ်လောက်မြင့်လဲ ၊ ပြီးတော့ သူတို့ကို ဓားနဲ့ခုတ်ရင် သေနိုင်လားဆိုတာ ငါသိချင်တယ်"

ကျိယွမ် သူ၏စကားကိုဆက်၏ ။

"မင်း `နဂါးသတ်ခြင်းအနုပညာ' ဆိုတဲ့စာအုပ်ကိုဖတ်ဖူးလား ။ အဲဒါကအရမ်းကောင်းတဲ့စာအုပ်ပဲ ။ အဲဒီထဲက ပုဂ္ဂိုလ်ကအရမ်းကိုအစွမ်းထက်တယ် ။ မင်းသာ သူ့ရဲ့စာအုပ်ထဲကအတွေးအမြင်အချို့ကိုနားလည်နိုင်မယ်ဆိုရင် ဒီအခြေအနေကအလွယ်လေးပဲ"

ကျင်းလီက ထိုစာအုပ်မျိုးကို မကြားဖူးပါ ။

သူမက စိတ်အားထက်သန်စွာ မေးလိုက်မိ၏ ။

"ကျွန်မမဖတ်ဖူးဘူး ။ `နဂါးသတ်ခြင်း အနုပညာ' လား ။ ဒါက တန်ဖိုးအရမ်းရှိမယ်ထင်တယ် ဟုတ်လား"

ကျိယွမ် က `နဂါးသတ်ခြင်းအနုပညာ' ကိုနားလည်လျှင် သူမ၏နိူင်ငံရေးပြဿနာများကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်ဟု ဆိုသဖြင့် သေချာပေါက်ပင် ထိုအရာကတန်ဖိုးကြီးလိမ့်မည်ဟု သူမတွက်ဆလိုက်မိ၏ ။

"အဲဒီလောက် ဈေးမကြီးပါဘူး၊ ရာဂဏန်းလောက်ပဲရှိမှာပါ ။ စပါးပေါင်တစ်ရာလောက်နဲ့ဝယ်လို့ရနိုင်တယ် ။ ကံမကောင်းတာက ငါကိုယ်တိုင်လည်း မဖတ်ဖူးဘူး၊ မဟုတ်ရင်မင်းကိုငါသင်ပေးနိုင်ပြီး မင်းရဲ့ဂိမ်းထဲက နိုင်ငံရေးပြဿနာတွေကို ပြောင်းပြန်လှန်ပစ်လို့ ရတယ် "

ကျိယွမ်၏ အဖြေက ပေါ့ပါးလှ၏ ။

အရမ်းလေးနက်မနေအောင် သူက "ပြောင်းပြန်လှန်" ဆိုသော စကားလုံးကိုပင် သုံးခဲ့သည် ။

ကျင်းလီ ကြောင်အ သွားရှာသည် ။

အဆိုးရွားဆုံး နိုင်ငံရေးလှည့်ကွက်များကို ပင် ပြောင်းပြန်လှန်နိုင်လောက်သော အသိပညာများပါသည့် စာအုပ် ။ ထိုစာအုပ်မျိုးက နန်းကန်၏ရာဇဝင်မှာပင် မကြားခဲ့ဖူးချေ ။

"ဒီလို အဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိတဲ့စာအုပ်က စပါးပေါင်တစ်ရာလောက်ပဲတန်တယ်တဲ့လား"

--------------

All Chapters