← Chapters

မဟူရာတောင်တန်းဂိုဏ်း

Vol. 2 Ch. 18

မဟူရာတောင်တန်းဂိုဏ်း

Vol. 2 Ch. 18

"ငါက စစ်ရေးဗျူဟာတွေလည်း နားမလည်သလို ၊ နိုင်ငံရေးလည်း မလုပ်တတ်ဘူး။ ဒါပေမဲ့ စဥ်းစားမိသလောက်ပြောရရင် ဒီလိုအခြေအနေမျိုးမှာတော့ အားလုံးအုံကြွလာပြီး ကမောက်ကမတွေဖြစ်အောင် ဖန်တီးလိုက်တာ အကောင်းဆုံးပဲလို့ ထင်တယ်"

ကျိယွမ်က သူ၏ထူးခြားသော အမြင်ကိုပို့ပြီးနောက် နှုတ်ဆက်လိုက်သည် ။

"နင့်ကို ကူညီပေးဖို့ ရိကွမ်းတားမြစ်နယ်မြေထဲမှာ လက်အောက်ငယ်သားတချို့ကို စုဆောင်းနိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ် "

ရိကွမ်းတွင်ရှိသော မကောင်းဆိုးရွားများကို နေ့ဘက်တွင် ရင်ဆိုင်ရသည်မှာ ခက်ခဲလှသည်။ ထို့ကြောင့် သူတို့ကို ရင်ဆိုင်ရန် ညရောက်သည်အထိ စောင့်ရမည် ဖြစ်၏။

သို့သော် ဂိမ်းထဲတွင် အချိန်ကြာမြင့်စွာ နေခြင်းသည် သူ၏စိတ်စွမ်းအင်ကို ကုန်ခမ်းစေသောကြောင့် ကျိယွမ်က ဂိမ်းထဲတွင် တနေကုန်တနေခန်း အချိန်ကြာမြင့်စွာ နေရန်လည်းမဖြစ်နိုင်ပေ။

ထို့ကြောင့်သူက ဂိမ်းထဲမှ ထွက်လိုက်ရသည် ။

"ငါ့ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပြောင်းလဲမှရမယ် "

"လောလောဆယ်တော့ ညဘက်မှာ ဂိမ်းကစားပြီး နေ့ဘက်မှာ အနားယူသင့်တယ် "

သူက ထိုသို့ဆုံးဖြတ်ခဲ့၏ ။

"ငါ့ရဲ့ဂိမ်းဇာတ်ကောင် တိုးတက်မှုကိုအမြန်ဆုံးအရှိန်မြှင့်ပြီး ဂိမ်းကို ပြီးအောင် ကစားရမယ်။ ဒါမှ ကောင်းကင်ဘုံတာအို အစိတ်ပိုင်းတွေကို စုဆောင်းနိုင်မှာ "

" ကောင်းကင်ဘုံတာအိုအစိတ်အပိုင်းတွေက အခြေခံအုတ်မြစ်တည်ဆောက်ဖို့ အကောင်းဆုံး စိတ်ဝိညာဥ်ပစ္စည်းတွေတဲ့ ၊ ငါကသာ ကောင်းကင်ဘုံတာအိုသုံးပြီး အခြေခံအုတ်မြစ် တည်ဆောက်လိုက်ရင် တောင်ထွတ်ငါးခုထဲမှာ ငါက ထိပ်တန်းတကာ့ ထိပ်တန်း တပည့်တစ်ယောက် ဖြစ်လာမှာ "

သူကပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အချိန်မီသေးသည်ကို တွေ့လိုက်သဖြင့် စိတ်ကူးရသွားသည် ။

"အချိန် ရသေးတယ် ၊ ငါ့ရဲအိမ်မွေးတိရိစ္ဆာန်ကို လမ်းလျှောက် ထွက်ပေးဦးမှ"

"ငါ့ရဲ့ဓားကို အချိန်ပိုပေးပြီး မကြာခဏ လမ်းလျှောက်ပေးဖို့ လိုအပ်နေပြီ ။ သူ့မှာ ကိုယ်ပိုင်ဝိညာဥ် နိုးထလာတော့မလို ငါခံစားနေရတယ် "

"ဒီပုံဆိုရင် တစ်လလောက်နဲ့ သူ့မှာ ဉာဏ်ရည်ဉာဏ်သွေး ဖြစ်ပေါ်လာမလား မသိဘူး ။ ဘာကြောင့် အရမ်းမြန်သွားရတာပါလိမ့် ။ ဒါက ကောင်းကင်ဘုံတာအိုအုတ်မြစ်အပေါ် ငါဉာဏ်အလင်းရသွားတာနဲ့များ သက်ဆိုင်နေမလားပဲ"

ကျိယွမ်သည် မီးဖိုချောင်သုံးကြက်သွန်လှီးဓားကို လမ်းလျှောက်ပေးနေရင်းမှ အတွေးနက်နေတော့သည် ။

"သူ့မှာ ကိုယ်ပိုင်စိတ်ဝိညာဥ် ဖြစ်ပေါ်လာပြီဆိုရင် ယွမ်ဒျန်အဆင့်တစ်ယောက်ကို သတ်နိုင်မလား မသိဘူး" ( ယွမ်ဒျန်အဆင့် = အမြုတေအဆင့် )

ကျိယွမ်သည် စိတ်ဝိညာဥ်သန့်စင်ခြင်း နည်းစနစ်တစ်ခုကို အချိန်အတော်ကြာ ပြုပြင်မွမ်းမံခဲ့သည်။

ထို့ကြောင့် ထိုစနစ်ဖြင့် သူ ပြုစုပျိုးထောင်နေသည့် ဓားသည် သာမန်ထက် ထူးခြားနေမှာသေချာသည်ဟု ယုံကြည်၏ ။

ကျိယွမ်သည် အခြေတည်အဆင့်သို့ မချိုးဖြတ်နိုင်သေးသောကြောင့် သူ၏စွမ်းအားက မကြီးမားသေးပေ။ သို့သော် ကိုယ်ပိုင်စိတ်ဝိညာဥ်နိုးထနိုင်သောထိုဓားသည် ကျိယွမ်အား ထူးခြားသော ခွန်အားကို ပေးစွမ်းနိုင်သည်။

သူသည် မီးဖိုချောင်သုံးဓားကို ကြိုးတန်းလန်းဖြင့်ဆွဲကာ ရှန်ကွမ်းဂိုဏ်း၏ လမ်းမများပေါ်တွင် စိတ်အေးလက်အေး လှည့်လည်သွားလာနေခဲ့၏ ။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံကို တင်းကျပ်စွာ ဝတ်ဆင်ထားသော တပည့်အဖွဲ့တစ်ဖွဲ့က သူ့အားအလျင်အမြန် ဖြတ်သန်းသွားခဲ့သည်။

ထိုတပည့်များသည် ရှန်ကွမ်းဂိုဏ်း၏ ကျင်ကွမ်းခန်းမမှ ဖြစ်သည်။

ကျင်ကွမ်းခန်းမသည် ရှန်ကွမ်းဂိုဏ်းကြီး ၏ ဥပဒေစိုးမိုးရေးခန်းမ ဖြစ်ပြီး ဂိုဏ်းတွင်းနှင့် ပြင်ပကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည်။ ဤတပည့်များသည် တောင်တံခါးဘက်သို့ အလျင်အမြန်သွားနေခြင်းဖြစ်ရာ အရေးပေါ် ကိစ္စတစ်ခု ဖြစ်ပျက်နေသည်မှာ ထင်ရှားနေသည်။

ကျိယွမ်ကို မြင်သောအခါ ကျင်ကွမ်းခန်းမတပည့်များက ရပ်တန့်လိုက်ကာ နှုတ်ဆက်လိုက်ကြသည်။

"​ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ်"

ကျိယွမ်က ဥပဒေစိုးမိုးရေးတပည့်များကို၊ အထူးသဖြင့် ခေါင်းဆောင်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဂါရဝပြုဖို့ မလိုပါဘူး၊ မင်းတို့ အရေးကြီးနေတာကို ဆက်သွားကြပါ"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး"

အဖွဲ့ခေါင်းဆောင်ဖြစ်သူကျန်းကျိဟောင် နှင့်အတူထိုအဖွဲ့သည် တုန့်ဆိုင်းမနေဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ကျိယွမ်သည်ကျန်းကျိဟောင်နှင့် အတော်လေး ရင်းနှီးသည်။

ကျိယွမ်၏ ထူးခြားသော အပြုအမူများကြောင့် အပြစ်ဒဏ်မကြာခဏသင့်ကာ ဥပဒေခန်းမသို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးသည် ။ ထို့ကြောင့် ​ဥပဒေခန်းမမှ လူအချို့နှင့် ရင်းနှီးနေသည်မှာ အဆန်းမဟုတ်ပေ ။

ကျန်းကျိဟောင်၏ နောက်ကျောကို ကြည့်နေစဉ်တွင် အချက်အလက်စကားလုံးများက ကျိယွမ်၏စိတ်ထဲတွင် လျှပ်တပြတ်ပေါ်လာခဲ့သည်။

【သူသည် ဖြောင့်မတ်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် သတ်ဖြတ်ရန်သာ ဆန္ဒရှိနေသည်】

"တောင်ခြေမှာ ဘာတွေ ဖြစ်နေလဲ မသိဘူး "

လမ်းလျှောက်ရင်းပျင်းလာသောကြောင့် ကျိယွမ်က နီးရာကျောက်တုံးတစ်ခုပေါ် ထိုင်လိုက်၏ ။

သူ၏ဓားကိုတော့ ဘေးနားတွင် နေပူစာလှုံရန် ထားပေးလိုက်သည် ။

သူနှင့်မလှမ်းမကမ်း၌ တပည့်အချို့ရှိနေပြီး ကျင်ကွမ်းခန်းမမှ ဥပဒေစိုးမိုးရေးတပည့်များ အရေးတကြီး ထွက်ခွာသွားခြင်းအကြောင်းကို ဆွေးနွေးနေကြသည်။

"ဘာလို့ ဥပဒေစိုးမိုးရေခန်းမက တပည့်တွေ အများကြီး ထွက်သွားရတာလဲ။ ဘာတွေဖြစ်နေတာလဲ"

"မင်း မသိသေးဘူးလား။ မကြာသေးခင်က ငါတို့ ရှန်ကွမ်းဂိုဏ်းနယ်မြေမှာ လူသတ်မှုတွေ အများကြီး ဖြစ်ခဲ့တယ်လေ"

"လူသတ်မှုတွေလား"

"မနေ့ညက ကျိုးရုန်မြို့မှာ ရွှီးသာ့ရှန်းယုံရဲ့သား မင်္ဂလာဆောင်ခဲ့တယ်။ ပျော်ရွှင်စရာကောင်းတဲ့ ပွဲတစ်ပွဲက အဖြစ်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ဘယ်သူထင်မှာလဲ ၊ မင်းရော ထင်မလား "

"မထင်ဘူးလေ ၊ နေပါဦး မင်္ဂလာပွဲပျက်သွားလို့လား "

"အဲဒီထက်ဆိုးတယ် ၊၊နောက်နေ့ မိုးလင်းတော့ ရွှီးသာ့ရှန်းယုံရဲ့ မိသားစုဝင် ၁၈ ယောက်လုံးကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာကို တွေ့ရတယ် တဲ့ ၊ အသစ်စက်စက် မင်္ဂလာဆောင်ထားတဲ့ သတို့သမီးကိုတော့ မသတ်ခင်မှာ အဓမ္မပြုကျင့်ခဲ့သေးတယ်တဲ့ "

"တောက် -- တော်တော်လူမဆန်တဲ့ကောင်တွေ "

"ဒါဟာ လူယုတ်မာတစ်ယောက်ရဲ့ လက်ချက်ပဲဖြစ်ရမယ် "

"ကျိုးရုန်မြို့တဝိုက်မှာ ဒီလိုအဖြစ်မျိုး ဖြစ်တာ သုံးကြိမ်ရှိသွားပြီတဲ့ ၊ အကုန်လုံးက မင်္ဂလာဆောင်ညမှာ သတို့သမီးငယ်တွေကို အဓမ္မပြုကျင့်ပြီး မိသားစုတစ်ခုလုံးကို သတ်ပစ်တာတွေချည်းပဲ"

"ငါ့တို့ ဂိုဏ်းရဲ့ လက်အောက်ခံမြေမှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဘယ်ကောင်တွေက လုပ်ရဲတာလဲကွ"

တပည့်အချို့က ဒေါသထွက်လွန်း၍ မခံမရပ်နိုင်ဖြစ်နေကြပြီး အချို့မှာ ကာယကံရှင်မိသားစုအတွက် ဝမ်းနည်းနေကြသည် ။

"တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။ မဟူရာတောင်တန်းဂိုဏ်းက အယုတ်တမာတွေပဲ "

မဟူရာတောင်တန်းဂိုဏ်း၏ နာမည်ကိုကြားရသောအခါ ရှိရှိသမျှလူတိုင်း၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သာ့ရှန်းတိုင်းပြည်တွင် အဓိကဂိုဏ်းကြီး သုံးခုရှိပြီး ရှန်ကွမ်းဂိုဏ်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

အဓိက ဂိုဏ်းကြီး သုံးခုမှာ ရှန်ကွမ်းဂိုဏ်း၊ ချွမ်းဖူတောင် ဂိုဏ်းနှင့် မိန်ယုဂိုဏ်းတို့ ဖြစ်သည်။ ၎င်းတို့သည် သာ့ရှန်းတိုင်းပြည်တွင် အစွမ်းအထက်ဆုံး ဂိုဏ်းများလည်းဖြစ်ကြသည်။

သို့သော် အဓိကဂိုဏ်းကြီး သုံးခုအောက် မတိမ်းမယိမ်းရှိသည်ဟု အဆင့်သတ်မှတ်ထားသော မဟူရာတောင်တန်းဂိုဏ်းသည် နာမည်ဆိုးဖြင့်ကျော်ကြားနေပြီး ကိုင်တွယ်ရန် ခက်ခဲလှ၏ ။ ထိုဂိုဏ်းတွင် ယွမ်ဒျန်အဆင့်ဆရာ အနည်းငယ်သာ ရှိသည်။

အင်အားအရဆိုလျှင် အဓိက ဂိုဏ်းကြီး သုံးခုလောက် အစွမ်းထက်ခြင်း မရှိပေ။

သို့သော် မဟူရာတောင်တန်းဂိုဏ်း၏ ခေါင်းဆောင်တွင် မဟူရာကြက်မိစ္ဆာအိုကြီး ဟု လူသိများသည့် မွေးစားဖခင်တစ်ဦး ရှိသည်။

မဟူရာကြက်မိစ္ဆာအိုကြီးသည် စိတ်ဝိညာဥ် အလယ်အလတ်အဆင့် နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အလွန်ကလဲ့စားချေတတ်သည် ။

ကိုင်တွယ်ရခက်ခဲပြီး အလွန်ယုတ်မာရက်စက်သူအဖြစ် လူသိများ၏ ။ စိတ်ဝိညာဥ်အဆင့်ရှိသော မဟူရာကြက်မိစ္ဆာအိုကြီး၏ သြဇာလွှမ်းမိုးမှုကို အသုံးချ၍ မဟူရာတောင်တန်းဂိုဏ်း၏ တပည့်များသည် ပို၍ ပို၍ မာန်မာနကြီးလာပြီး နေရာတိုင်း၌ တရားလက်လွတ် ပြုမူကြသည်။

၄င်းတို့က ယနေ့အချိန်ထိ အလွန်ရက်စက်ယုတ်မာသော လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ကြသည်။ မဟူရာတောင်တန်းဂိုဏ်း၏ သတင်းများသည် သာ့ရှန်းတိုင်းပြည်တွင် အမြဲတမ်းအလွန်ဆိုးရွားနေသည်။

ကံမကောင်းစွာဖြင့် ၄င်းတို့၏နောက်ခံဖြစ်သော မဟူရာကြက်မိစ္ဆာအိုကြီးသည် အလွန်အစွမ်းထက်ပြီး ကိုင်တွယ်ရ ခက်ခဲသည်။ မည်သူမဆို သူ့ကိုလုံးဝအပြီးအပိုင် ဖယ်ရှားပစ်နိုင်မည်ဟု အာမခံနိုင်ခြင်း မရှိပါက တိုက်ခိုက်ရန်စိတ်ကူးမရှိချေ ။ ၎င်းက သေချာပေါက်လက်စားချေမည်ကို သိနေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် မဟူရာတောင်တန်း ဂိုဏ်း၏အနိုင်ကျင့်မှုများသည် နေရာတိုင်း၌ ဆက်လက်ဖြစ်ပွားနေတော့သည် ။

ရှန်ကွမ်းဂိုဏ်း၏ တပည့်များက မဟူရာတောင်တန်းဂိုဏ်းအကြောင်းကို ဆွေးနွေးရင်းမှ စိတ်ပျက်သွားကြသည် ။

အမှန်တကယ်တွင် ထိုဂိုဏ်း၏တပည့်များ ကျူးလွန်ခဲ့သော ယုတ်မာသည့်မကောင်းမှုများပတ်သက်၍ သူတို့တတ်နိုင်တာ မရှိပါ ။

အားလုံးက တိတ်တဆိတ် ပြစ်တင်ကဲ့ရဲ့ရုံသာ တတ်နိုင်၏ ။

ကျူးရုန်မြို့သို့ သွားနေသော တရားဥပဒေခန်းမမှ ဥပဒေစိုးမိုးရေးတပည့်များသည် လည်း လက်ဗလာဖြင့်သာ ပြန်လာရဖွယ် ရှိသည်။

ထိုစကားများကို ကြားသောအခါ ကျိယွမ်က တီးတိုးမှတ်ချက်ပြုလိုက်သည် ။

"ဒီကောင်တွေက ကျင့်ကြံခြင်းလောကရဲ့ ချန်းဝေ လား"

"မဟုတ်ဘူး၊ ချန်းဝေထက်တောင် ပိုဆိုးတယ် " သူ တွေးလိုက်သည်။

ထို့နောက်သူက မီးဖိုချောင်သုံးဓားကိုဆွဲကာ ကျိစယ်တောင်သို့ ပြန်လာခဲ့တော့သည် ။

--------------

ညရောက်သောအခါ--

ကျိယွမ်သည် ကြက်တစ်ကောင်ကို သတ်ပြီး ကြက်စွပ်ပြုတ် ချက်နေ၏ ။

ဂိမ်းထဲတွင် အချိန်ကြာကြာ ကစားခြင်းသည် သူ့ကိုအားနည်းသလို ခံစားရစေသောကြောင့် စွမ်းအင် ဖြည့်တင်းရန် လိုအပ်သည်။

ကြက်စွပ်ပြုတ်ချက်ပြီးသောအခါ သူက ကျန်းလင်းစုကို ဖိတ်ခေါ်လိုက်၏ ။ ကျန်းလင်းစုပေးခဲ့သော နည်းစနစ်များသည် သူ့အတွက်အလွန်အကျိုးရှိပြီး အသုံးဝင်လှသည် ။

" အရမ်း အရသာရှိတာပဲ "

ကျန်းလင်းစုက နောက်ဆုံးလက်ကျန်ဟင်းရည်ကို သောက်ပြီးနောက် ချီးမွမ်းလိုက်သည် ။

"ဆရာတူအစ်ကိုကြီး လုပ်ထားတဲ့ ဒီကြက်မဲစွပ်ပြုတ်က အရမ်းကောင်းတာပဲ ၊ တကယ်လို့ အစ်ကိုကြီးက မကျင့်ကြံနိုင်တော့ရင်တောင် စားဖိုမှူးတစ်ယောက်လုပ်ပြီး စားသောက်ဆိုင်ဖွင့်တာကလည်း မဆိုးပါဘူး"

"ဒါဆိုရင် နင်က ငါ့ဆိုင်ကို ရီဗျူးကောင်းကောင်းရေးပေးရမယ် "

ကျိယွမ် က ကျန်းလင်းစုကို ကြည့်လိုက်မိသည် ။ သူမသည် အသက်ငယ်ရွယ်သော်လည်း ရုပ်ရည်လှပသလို ထူးချွန်ပြီးထက်မြတ်ပြီး စိတ်နေစိတ်ထားကလည်း မွန်မြတ်လှ၏ ။ သူ၏ယခင်ဘဝမှ အချို့သော မိန်းကလေးများထက် အများကြီး သာလွန်သည်။

"ရီဗျူးရေး​တာ ၊ ဘာလဲ အဲဒါက "

ကျန်းလင်းစုက ထိုစကားစုကို နားမလည်ခဲ့ပေ။

သို့သော် ကျိယွမ်ကလည်း ဂိမ်းဆော့ရန်စိတ်လောနေသဖြင့် သူမအားရှင်းမပြတော့ပါ ။

ဤသို့ဖြင့် ညရောက်သောအခါ ကျိယွမ်က ဂိမ်းထဲသို့ ဝင်ခဲ့သည်။

---------

ရိကွမ်းတားမြစ်နယ်မြေသည် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။

ရုတ်တရက် မြေကြီးထဲမှ ဖျော့တော့တော့ လက်တစ်ဖက် ထွက်လာခဲ့သည်။

ကျိယွမ်ပြန်လည် ရောက်ရှိလာခြင်းပင်ဖြစ်၏ ။

သူက ဓားရှည်ကြီးတစ်လက်ကို ကိုင်ဆွဲကာ တိတ်တဆိတ် ပုန်းအောင်းရင်းမှ သစ်တောတစ်ခုသို့ ရောက်လာခဲ့သည်။

ထိုနေရာ၌ အဝတ်အစားများသည် သစ်ပင်များပေါ်တွင် တွဲလောင်းရှိနေပြီး သေချာမကြည့်ပါက ခေါင်းမပါ ခြေလက်မပါသောအလောင်းကောင်းများအလား ရှိလေသည် ။

ကျိယွမ်က အဝတ်အစားများအနည်းဆုံးရှိနေ​သော နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်၏ ။ သူက ဓားရှည်ကြီးကို အသင့်ပြင်ကာပတ်ဝန်းကျင်ကို သတိနှင့် စောင့်ကြည့်နေသည်။

"တကယ်ပဲ ညဘက်မှာ သူတို့ရဲ့အာရုံခံစားမှုက သိသိသာသာ နှေးကွေးပုံရတယ် ၊ ပြီးတော့ သူတို့ရဲ့ ဆက်သွယ်မှုကလည်း သိသိသာ အားနည်းသွားတယ် "

သူက နေ့ခင်းဘက်တွင် ဓားရှည်ကြီးကို ယခုလို ထင်ထင်ရှားရှား ထုတ်ကိုင်ထားပါက အဝတ်အစားများက သူ့ကို ချက်ချင်း ပင် သတိပြုမိနေလောက်ပြီ ။ သို့သော် ယခုတော့ သူတို့က ကျိယွမ်ကိုလည်းကောင်း သူ၏ဓားကြီးကိုလည်ကောင်း သတိမထားမိကြပေ။

သူတို့၏ အာရုံခံစားမှုများသည် ညဘက်တွင် တကယ်ပင် ထုံထိုင်းနေကြောင်း သေချာသွားလေပြီ ။

ကျိယွမ်က တိတ်တဆိတ် ချဉ်းကပ်သွားပြီး ဝတ်ရုံပုပုတစ်ထည်ကို သူ၏ဓားကြီးနှင့် စွပ်ခနဲ ထိုးလိုက်သည်။ ဝတ်ရုံပုသည် ချက်ချင်းပင် ပျက်စီးသွားလေ၏ ။

သူက ပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်လိုက်သည် ။

သစ်ပင်များပေါ်တွင် တွဲလောင်းချိတ်နေသော အခြားအဝတ်အစားများသည် ၄င်းဖြစ်ရပ်အပေါ် တုံ့ပြန်ခြင်း မရှိကြပေ။

ကျိယွမ် နှစ်ခြိုက်စွာ ပြုံးလိုက်သည်။

"ဒါဆိုရင် တစ်ညတည်းနဲ့ အဝတ်အစားမကောင်းဆိုးရွားအကုန်လုံးကို တိတ်တိတ်ကလေး သတ်ပစ်နိုင်တယ်လို့ ဆိုလိုသလား"

အတွေးနှင့်အတူ သူကနောက်ထပ် အဝတ်အစားတစ်ထည်ထံသို့ ရွှေ့သွားပြီး တိတိတဆိတ်တိုက်ခိုက်ကာ ထပ်မံစမ်းသပ်ခဲ့သည်။

အတွေ့အကြုံရမှတ် +၂၀၀။

ထို့နောက် သူသည် ဓားရှည်ကြီးကို အသုံးပြု၍ အဝတ်အစားများကို အေးအေးလူလူ သတ်ဖြတ်တော့သည်။

သို့သော် အကောင်သုံးဆယ်မြောက်ဖြစ်သော အစိမ်းရောင်ဘောင်းဘီရှည်တစ်ထည်ကို ထက်ခြမ်းခွဲအပြီးမှာတော့ သစ်ပင်များပေါ်မှ အခြားအဝတ်အစားများ တစ်ကောင်ပြီး တစ်ကောင် နိုးလာခဲ့ကြသည်။

သို့သော် နေ့ဘက်ကဲ့သို့ စနစ်တကျစုပေါင်းမတိုက်ခိုက်ကြဘဲ ရှုပ်ထွေးပြီး အားလုံးက ဦးတည်ရာမဲ့သလို ဖြစ်နေလေသည်။

"အမဲလိုက်ရမဲ့ အချိန်ပဲ "

ကျိယွမ်က ထိုသို့တွေးလိုက်ပြီး သူ၏ ဓားကြီးကို ရဲရင့်စွာ မြှောက်လိုက်တော့သည် ။

------------

All Chapters