← Chapters

ကျိယွမ်က မကောင်းဆိုးရွားတွေကိုတောင် ကူညီတတ်တယ်

Vol. 2 Ch. 23

ကျိယွမ်က မကောင်းဆိုးရွားတွေကိုတောင် ကူညီတတ်တယ်

Vol. 2 Ch. 23

ဒေါ်လေးချင်က ဒိုက်ထိုးလေ့ကျင့်မှုကို စတင်သည်။

သူမသည် လှေကားကို သယ်ဆောင်ကာ ကိုယ်ကိုကိုင်းညွှတ်လိုက်၏ ။

သူမ၏ လက်ဖဝါးများသည် မြေကြီးကို ထိမိလိုက်သော်လည်း ထူးခြားဆန်းကြယ်သည့်ခံစားချက်မျိုး မရခဲ့ပါ။

"ဖြစ်နိုင်တာက... အဲဒီလူကအပိုတွေ ပြောနေတာများလား"

သံသယအတွေးများဖြင့် ဒေါ်လေးချင်သည် ဒိုက်ထိုးခြင်းကို စတင်လုပ်ဆောင်သည်။

တန်ဖိုးကြီးပိုးထည်များဝတ်ဆင်ထားသော အသက်ကြီးကြီးမိန်းမကြီးက ​လှေကားထမ်းကာ မြေပြင်ပေါ်တွင် ပုံမကျပန်းမကျ ဒိုက်ထိုးနေသည်ကို မြင်ရသည်မှာ ကျန်သောသူများအတွက် တော်တော်လေးဂွကျသည်ဟု ပြောရမည် ။

သူတို့အားလုံးမှာ အချင်းချင်းကြည့်မိကာ မရှုနိုင်မကယ်နိုင် ခံစားနေရ၏ ။

အသက်ရှုချိန် သိပ်မကြာလိုက်မီမှာပင် ဒေါ်လေးချင်၏ ဒိုက်ထိုးလေ့ကျင့်ခန်းကပြီးဆုံးတော့မည်ဖြစ်သည်။

အစပိုင်းတွင် ဒေါ်လေးချင်သည် ကျင့်ကြံနည်းစနစ် သို့မဟုတ် စစ်မှန်သောစွမ်းအင်နိုးထမှုကို မခံစားရသောကြောင့် အကူအညီမဲ့သလို ပြုံးမိသည်။

စွမ်းအင်မနိုးထလျှင် မည်သို့အားကောင်းလာနိုင်မည်နည်း။

သို့သော် အနည်းငယ်ကြာသောအခါ ဒိုက်ထိုးလေ့ကျင့်ခန်း ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ထူးခြားသောပြောင်းလဲမှုတစ်ခု သူမမျက်နှာ၌ ချက်ချင်းပေါ်လာသည်။

ကျင်းလီက အလျှင်အမြန်မေးလိုက်သည် ။

"ဒေါ်လေးချင် ၊ ဘယ်လိုခံစားရလို့လဲ"

ထိုအချိန်တွင် ဒေါ်လေးချင်သည် လုံးဝအံ့အားသင့်နေသည်။

"ကျွန်မ... ကျွန်မ ခံစားရတာက... ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ ပိုပြီးအားကောင်းလာသလိုပဲ"

"ဘာ"

ပတ်ဝန်းကျင်တွင် ရှိနေသောသူတိုင်း၏ အာမေဋိတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

ဒီလို ကစားစရာလေ့ကျင့်ခန်းတွေလုပ်တာက တကယ်ပဲ လူကို ပိုပြီးအားကောင်းစေနိုင်တာလား။

"ဘယ်လောက်ပိုပြီးအားကောင်းလာတာလဲ"

ဟွာရှင်း ကဖြည့်စွတ်မေးလိုက်သည်။

ဒေါ်လေးချင်က သေချာစဥ်းစားပြီး ဖြေပေးသည် ။

"ဒိုက်တစ်ချက်ထိုးတာတစ်ခုတည်းကတောင် တစ်နာရီခွဲ ကျင့်ကြံတာနဲ့ ညီမျှတယ်"

"ဘာ "

ဒုတိယမ္ပိ အာမေဋိတ်သံကြီးက ပို၍ပင် ကျယ်လောင်နေ၏ ။

ရှိနေသူတိုင်း အံ့အားသင့်ကာ ငေးငိုင်ကုန်ကြသည်။

ဒိုက်တစ်ကြိမ်ထိုးခြင်းက တစ်နာရီခွဲကျင့်ကြံခြင်းနှင့် ညီမျှသည်။

ဒါဟာ အရမ်းကြီး ပိုပြောနေသလို မဟုတ်ဘူးလား ။

"ဒါဆို တစ်နှစ်တာကျင့်ကြံမှုကို ရဖို့ဆိုရင် ဒိုက်ထိုးလေ့ကျင့်ခန်း အကြိမ် တစ်သောင်းတောင်ပြည့်ဖို့ မလိုဘူးပေါ့ "

ဟွာရှင်းက တွက်ချက်ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည် ။

"ဒါသာ တကယ်ဆိုရင် ဒီနေရာမှာ တစ်ရက်လေ့ကျင့်တာဟာ အပြင်မှာ ဆယ်နှစ်နဲ့ ညီမျှတယ်"

လူတိုင်းလူတိုင်းသည် စိတ်လှုပ်ရှားလွန်း၍ လက်ထဲမှ လှေကားများကိုပင် လွှတ်ချမိမလိုလို ဖြစ်ကုန်သည်။

ဒိုက်ထိုးတာက ကျင့်ကြံမှုကို တကယ်ကြီးတိုးတက်စေတာလား ။

ဒါက ဘယ်လိုနိယာမကြီးလဲ ။

လောကမှာ ဒီလိုနည်းစနစ်မျိုး ဘယ်လိုလုပ် ရှိနိုင်မလဲ။

ဒါဟာ သာမန်လူတွေ နားမလည်နိုင်တဲ့အရာပဲ။

ထိုအရာက ထမင်းစားခြင်း ၊ ရေသောက်ခြင်း သို့မဟုတ် လေလည်ခြင်းပင်လျှင် ကျင့်ကြံခြင်းဖြစ်သည်ဟု ပြောနေတာမျိုးနှင့် တူလှသည်။

သူတို့အားလုံးသည် တိုင်ပင်ထားသည်အလား လေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်ကြတော့သည်။

သူတို့အားလုံးက ​အဆင့်မြင့်ကျင့်ကြံသူ များဖြစ်ကာ အလွန်အားကောင်းကြသဖြင့် ဒိုင်ထိုးခြင်းကို အလွန်မြန်ဆန်စွာ လုပ်နိုင်ကြသည်။

ဤသို့ဖြင့် လှေကားထမ်းထားသော ကျင့်ကြံသူတစ်စုက အလွန်လျှင်မြန်စွာ ဒိုက်ထိုးနေကြသည်မှာ ငှက်များပျံနေသည့်အလား ရှိလေသည် ။

ထိုမြင်ကွင်းသည် အလွန်အံ့အားသင့်ဖွယ်ဖြစ်၏ ။

ကျိယွမ်၏ ယခင်ကမ္ဘာမှလူများသာ ထိုအရာကို မြင်ခဲ့ပါက "အမျိုးသမီးတွေက ကြမ်းလှချည်လား " ဟု အော်ဟစ်ကြမည်မှာ သေချာသည်။

"ငါ...ငါအဆင့်တတ်သွားပြီ "

"ငါ့ကို သုံးနှစ်ကြာ ပိတ်လှောင်ထားတဲ့ အဟန့်အတားကို ချိုးဖျက်လိုက်ပြီ"

"ဒိုက်ထိုးတာက အဆင့်ချိုးဖျက်ရာမှာ အများကြီး ကူညီတယ်"

သူတို့အားလုံးသည် တရှုးရှုးတရှဲရှဲမာန်သွင်းကာ သူ့ထက်ငါအပြိုင်အဆိုင် ဒိုက်ဆက်ထိုးကြတော့သည် ။

နာရီဝက်အတွင်းမှာပင် ဒိုက်ထိုးနေသူသုံးဆယ်ထဲမှ သုံးဦးသည် အဆင့်ချိုးဖြတ်သွားကြသည်။

နှစ်ဦးက အဆင့်ငယ်များကို ချိုးဖြတ်နိုင်ခြင်းဖြစ်ပြီး တစ်ဦးကတော့ အဆင့်ကြီးတစ်ခုကို ခုန်တတ်သွားခြင်းပင်။

"ကျန်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း မြန်မြန် စမ်းကြည့်ပါဦး။"

သဘာဝကျစွာပင်လူစုသည် ဒိုက်ထိုးရုံသာမကဘဲ အခြားလေ့ကျင့်ခန်းများကိုလည်း စမ်းသည်။

အချို့က အိပ် ၊ ထ​၊ မ ၊ တင်လေ့ကျင့်ခန်းများကို ပြုလုပ်၏ ။ သိူ့သော် လှေကားကိုကိုင်ထားရသဖြင့် အိပ် ၊ ထ ၊ မ ၊ တင်လေ့ကျင့်ခန်းက အဆင်မပြေဟု ခံစားရသည် ။

"စကွက်ထိုင်ထဆိုတာကို ဘာလို့မစမ်းကြတာလဲ "

"လှေကားကိုကုပ်ပေါ်ထမ်းထားပြီး ထိုင်ထလုပ်လို့ရတယ် "

အချို့က လှေကားကိုထမ်းကာ ထိုင်ထလုပ်ကြ၏ ။

"အိပ် ၊ ထ ၊ မ ၊ တင်လည်း ရတာပဲကို ၊ လှေကားကို ဖိပြီး တက်ထိုင်ထားလေ "

"မဟုတ်ဘူး လှေကားကိုမြေပြင်မှာ စိုက်ထောင်ထားလိုက် ၊ လှေကားထဲကိူ ခြေထောက်ထိုးပြီးဇောက်ထိုးနေ ၊ ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း "

လူတိုင်းက မိမိတို့အားသန်ရာ လေ့ကျင့်ခန်းများကို စူးစမ်းလုပ်ဆောင်ကြတော့သည် ။

နည်းလမ်းအားလုံးက အလုပ်ဖြစ်နေပြီး သူတို့၏ ကျင့်ကြံမှုများကို လျှင်မြန်စွာ တိုးမြင့်ပေး၏ ။

လူတိုင်း၏မာန်သွင်းသံ ၊ ကြုံးဝါးသံများနှင့်အတူ တားမြစ်နယ်မြေ၏ ကွင်းပြင်က အသက်ဝင်နေတော့သည် ။

ကျင်းလီက ဒေါ်လေးချင်အား ကြည့်ကာ ​စစ်ဆေးလိုက်သည် ။

"ဒေါ်လေးချင် ၊ အခု ဘယ်လိုခံစားရလဲ "

လေ့ကျင့်ခန်းလုပ်နေသော ဒေါ်လေးချင်၏ မျက်နှာသည် နီမြန်းနေပြီး သူမ၏ ကျင့်ကြံမှုမှာ ပိုမိုနက်ရှိုင်းလာသည်။

သူမက လေ့ကျင့်မှုကို မရပ်နားဘဲဖြေသည် ။

"ကျွန်မ... အံ့ဖွယ်နည်းစနစ်တစ်ခုလို့ ခံစားရတယ်! အထွတ်အထိပ် ဧကရာဇ်တွေတောင် ဒီလို နည်းလမ်းတွေ မရှိနိုင်ဘူး။ အရှင်မင်းကြီးရဲ့မိတ်ဆွေက အခြားကမ္ဘာက ကျင့်ကြံသူတစ်ဦးပဲ"

ကျိယွမ်၏ အကြောင်းကို စဉ်းစားမိသောအခါ ကျင်းလီ၏ မျက်နှာအမူအရာသည် ရှုပ်ထွေးသွားကာ သူမသည် ပြင်းထန်စွာ လွှမ်းမိုးခံရသလိုဖြစ်လာသည်။

"ဒေါ်လေးချင် ဒီနေရာမှာဆိုရင် ဧကရာဇ်အဆင့်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ"

ဒေါ်လေချင်အနေဖြင့် ဧကရာဇ်အဆင့်ကို ရောက်မှသာ ရက်အနည်းငယ်အတွင်း ကျင်းပမည့် တိုက်ပွဲကို အနိုင်ရမည်ဖြစ်သည်။

"နှစ်ရက်ပဲ ၊ နှစ်ရက်ဆို ကျွန်မ ဧကရာဇ်အဆင့်ကို အသေအချာရောက်မယ်"

ဒေါ်လေးချင်က ယုံကြည်စိတ်ချစွာ ပြောသည်။ မူလက သူမသည် ဘုရင်အဆင့်၏ နောက်ဆုံးအဆင့်တွင် ရှိသည်။

ယခုရွှမ်းဟွမ်တားမြစ်နယ်မြေ၏ အကူအညီနှင့်ဆိုလျှင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် ပြဿနာမရှိပါ။

ဧကရာဇ်အဆင့်!

သူမသည် နှလုံးသားထဲတွင် အလွန်စိတ်လှုပ်ရှားနေသည်။

ဒေါ်လေးချင်၏ ခိုင်မာသောစကားကို ကြားသောအခါ ကျင်းလီလည်း စိတ်သက်သာရာရသွားသည်။

သူမက အားကြိုးမာန်တက် လေ့ကျင့်နေသောလူတိုင်းကို ကြည့်ပြီး အရာတစ်ခုကို စဉ်းစားမိသွား၏ ။

"ကိစ္စတစ်ခုကို ပြောဖို့ မေ့သွားတယ် ၊ ရွှမ်းဟွမ်တားမြစ်နယ်မြေမှာ လေ့ကျင့်ခန်းလုပ်တာက ကျင့်ကြံခြင်းကို တိုးတက်စေသလို ဘေးထွက်ဆိုးကျိုးအချို့ လည်းရှိတယ်"

ထိုစကားကို ကြားသောအခါ လူတိုင်း၏ ပျော်ရွှင်မှုမှာ အနည်းငယ် ပျောက်ကွယ်သွားသည်။

သို့သော်အားလုံးက တွေးကြည့်သောအခါ ထိုအရာမှာ သဘာဝပင်ဖြစ်၏ ။

ကျင့်ကြံခြင်းကို ဤသိူ့လျှင်မြန်စွာတိုးတက်စေနိုင်သောနည်းလမ်းတွင် ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုလျှင် ထူးဆန်းနေလိမ့်မည် ။

"အရှင်မင်းကြီးအတွက် အသက်ပေးဖို့ ကျွန်တော်မျိုးတို့ ဆန္ဒရှိပါတယ်!"

သူတို့သည် လေ့ကျင့်ခန်းလုပ်ခြင်းကို ရပ်ပြီး သေခြင်းအတွက် ပြင်ဆင်ထားသကဲ့သို့ တစ်ညီတည်း အော်ဟစ်လိုက်သည်။

ကျင့်ကြံခြင်းကို မယုံနိုင်လောက်အောင် တိုးမြှင့်ပေးသည့်နည်းလမ်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဘေးထွက်ဆိုးကျိုးများ ရှိမည်မှာ သေချာလှသည် ။အဖြစ်နိုင်ဆုံးမှာ သက်တမ်းများစွာ ယုတ်လျော့ခြင်းပင် ။

ဒေါ်လေးချင်ကလည်း "အရှင်မင်းကြီးအတွက် အသက်ပေးဖို့ ကျွန်မတို့ နောင်တမရဘူး" ဟု အလေးအနက်ပြောလိုက်သည်။

နောက်လိုက်များ၏ သစ္စာရှိမှုကို မြင်သောအခါ ကျင်းလီ စိတ်ထိခိုက်သွား၏ ။ တပြိုင်တည်းမှာ အနည်းငယ်လည်း ရယ်ချင်လာသလိုလို ခံစားရ၏ ။

"ဘေးထွက်ဆိုးကျိုးတွေက အဲလောက်ဆိုးတာ မဟုတ်ဘူး၊ နင်တို့အတွက်အသက်အန္တရာယ်လည်း မရှိပါဘူး "

လူတိုင်း စိတ်သက်သာရာရသွားသည်။

တော်ဝင်အစောင့်တပ်မှူး ဟွာရှင်း ရိုသေစွာ လက်သီးဆုပ်လိုက်၏ ။

"ဘေးထွက်ဆိုးကျိုးတွေက ဘာလဲဆိုတာ ပြောပြလို့ရမလား ၊အရှင်မင်းမြတ်"

ကျင်းလီကခေါင်းညိတ်ပြကာ အဖြေပေးသည် ။

"ပိုပြီး အားကောင်းလာခြင်း...က

ဆံပင်ကျွတ်စေနိုင်တယ်"

"ဆံပင်ကျွတ်တာ "

"ဆံပင်ကျွတ်တာပဲလား"

"ဒါပဲလား"

လူတိုင်း အံ့အားသင့်သွားသည်။

ယခုကဲ့သို့သော အကြီးအကျယ်တိုးတက်မှုအတွက် ဘေးထွက်ဆိုးကျိုးက ဆံပင်ကျွတ်ခြင်းတစ်မျိုးတည်း ဖြစ်နေသည်။

ဆံပင်ကျွတ်ခြင်းကို မဆိုထားနှင့် နန်းကန်တိုင်းပြည်တွင် အချို့လူများသည် ခွန်အားအတွက် မကောင်းဆိုးဝါးအတတ်များကို လေ့ကျင့်ရန် ကိုယ်တိုင်သင်းကွပ်ကြသည်။

ထိုအရာများနှင့် နှိုင်းယှဉ်လျှင် ဆံပင်ကျွတ်ခြင်းက ဘာဆို ဘာမှမဟုတ်ပါ ။

လတ်တလောတွင် အဆင့်ကြီးတစ်ခုကို ချိုးဖြတ်ခဲ့သော အမျိုးသမီးတစ်ဦးက ပြုံးလိုက်၏ ။

" ခုနက ကျွန်မ အဆင့်ကျော်ဖြတ်တုန်းက ဆံပင်တစ်ဒါဇင်လောက် ကျွတ်သွားတယ်။ အကြောင်းရင်းကို ကျွန်မ မသိခဲ့ဘူး၊ ဒါဖြစ်နေတာကို အခုမှသိတယ်"

ဆံပင်တစ်ဒါဇင်ကျွတ်ခြင်းကို မဆိုထားနှင့် ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံး ကျွတ်ကုန်မည်ဆိုလျှင်တောင် သူတို့သည် အဆင့်ကြီးတစ်ခုကို ချိုးဖြတ်ရန် ဆန္ဒရှိနေကြမည်သာ။

ဤအချိန်တွင် ခေါင်းတုံးပြောင်နေသော အမျိုးသမီးအစောင့်တစ်ဦးက "ကျွန်မမှာ ဆံပင်မရှိဘူး... ဒါဆို ဘာကျွတ်မှာလဲ" ဟု ရုတ်တရက်ပြောသည်။

လူတိုင်းက ထိုကတုံးပြောင်အမျိုးသမီးစစ်သည်အား ကြည့်ကာ မည်သို့ဖြေရမည်ကို မသိဖြစ်ကုန်၏ ။

-----------------

အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ကျိယွမ်သည် မကောင်းဆိုးရွားများကို ထပ်မံအမဲလိုက်နေသည်။

သူ၏ကြိုးစားမှုကြောင့် ယခုတွင် အဆင့် ၈၈ သို့ ရောက်နေလေပြီ ။

သူသည် ဓားတစ်ချက်တည်းဖြင့် မကောင်းဆိုးရွား တစ်ကောင်ကို သတ်ပစ်သည်။

အဝတ်အစားများသည် စကားမပြောနိုင်သဖြင့် အော်ဟစ်ခြင်းနိုင်ခြင်းမရှိပါ။

ရုတ်တရက် ကျိယွမ်၏ မျက်နှာအမူအရာသည် ဘဝင်မကျသလို ပြောင်းလဲသွားသည်။

"အရမ်းနာတယ်"

"အောင်မလေး သေပါပြီဗျ "

"သူရဲကောင်းကြီးရဲ့ ဓားချက်က အစွမ်းထက်လွန်းတယ် "

"​ကြောက်ပါပြီဗျ "

သူက အမျိုးမျိုးအော်ဟစ်ကာ အဝတ်အစားများကို မညှာမတာ လိုက်လံ ခုတ်ပိုင်းနေတော့သည် ။

သို့သော် မကြာမီ၌ အဝတ်အစားများအားလုံး လုံးဝပြိုကွဲသွားသည်ကို မြင်သောအခါ သူသည် ကျေနပ်စွာ ပြုံးလေ၏ ။

"ငါက တော်တော်လေး စိတ်ထားကောင်းတဲ့လူပဲ"

"မင်းတို့က ​အော်ချင်ပေမဲ့ စကားမပြောနိုင်ဖြစ်နေလို့ မင်းတို့အစား အပင်ပန်းခံအော်ပေးနေတာ "

"ငါ့အရင်ကမ္ဘာမှာဆို အသံသရုပ်ဆောင်တွေကို ပိုက်ဆံပေးရတယ်ကွ "

သူသည် ဓားကိုမြှောက်လျှက် ဘောင်းဘီရှည်နှင့် နန်းတွင်းဝတ်စုံများစုနေသော နေရာသို့ ထပ်မံပြေးသွားသည်။

"အနှိုင်းမဲ့ ခေါင်းဖြတ်ဓားချက်"

"မလုပ်ပါနဲ့ --"

"ရှောင်ရှန်း ဓားမိုးရွာခြင်း"

"ကြောက်ပါပြီဗျ "

"နဂါးအမြီးယမ်းဓားချက် "

"အား"

ကျိယွမ်သည် မကောင်းဆိုးရွားများကို စိတ်အားထက်သန်စွာ အကူအညီပေးနေတော့သည်။

----------------------

All Chapters