← Chapters

ရုန်းကန်မှု

Vol. 3 Ch. 38

ရုန်းကန်မှု

Vol. 3 Ch. 38

လင်ထျန်းခန်းမတွင်ဖြစ်သည် ။

ရိုးရှင်းသောတာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုချီစုသည် မီးခိုးငွေ့သင်းပျံ့စွာ ထွက်နေသည့် အမွှေးတိုင်အိုးကိုကိုင်ထားသည် ။

"ကျင့်ကြံမှု၌ ရိုးရှင်းမှု သုံးမျိုးရှိ၏။ ရိုးရှင်းသော အဝတ်အစား၊ ရိုးရှင်းသော အစားအစာ၊ ရိုးရှင်းသော…"

သူ၏ကျမ်းစာရွတ်ဖတ်သံကို နှောင့်ယှက်သော တံခါးဖွင့်သံက မြည်လာ၏ ။

"စောင့်ရှောက်သူကြီး၊ ကိစ္စရှိလို့ပါ"

ပုချီစုနှင့် ရင်းနှီးနေသောထိုအစေခံသည် တံခါးမခေါက်ဘဲ ဝင်လာခဲ့သည်။

စိတ်ထားနူးညံ့သိမ်မွေ့သူ ပုချီစုသည် ဒေါသထွက်မသွားပါ ။ သူက တံခါးဝတွင် ရပ်နေသည့် မျက်နှာစိမ်းကျိယွမ်ကို ကြည့်လိုက်သည် ။

"ဂုဏ်သရေရှိ ဧည့်သည်လေး ၊ ဘာများအကူအညီပေးရမလဲ"

"ကျွန်တော်က လင်ထျန်းခန်းမကနေတစ်ဆင့် ကြေညာချက်တစ်ခု ထုတ်ချင်လို့ပါ "

"ဒီမှာ ဈေးနှုန်းစာရင်းပါ။ ကြည့်ပြီးတော့ နှစ်သက်ရာ အဆင့်ကို ရွေးချယ်လို့ရပါတယ်"

ပုချီစုက ကျိယွမ်ကို ဈေးနှုန်းစာရင်းစာရွက်တစ်ခု လှမ်းပေးလိုက်သည် ။

ကျိယွမ်သည် ဈေးနှုန်းများကို ကြည့်လိုက်ပြီး မျက်ခုံးလှုပ်တုတ်တုတ် ဖြစ်သွား၏။ ဈေးနှုန်းများမှာ အမှန်တကယ်ပင်မြင့်မားနေသည်။အနည်းဆုံးစျေးနှုန်းကပင် ဝိညာဥ်ကျောက်တုံးဒါဇင်ပေါင်းများစွာ လိုအပ်သည် ။

မဟူရာတောင်တန်းဂိုဏ်းမှ အရင်းအမြစ်များကိုသာ မရခဲ့ပါက ကြော်ငြာတစ်ခုတောင်လုပ်နိုင်မည် မဟုတ်ပေ။

"ကျွန်တော် ဝိညာဥ်ကျောက်တုံး ၃၀၀၀ စျေးနှုန်းကို သုံးမယ်"

ကျိယွမ်သည် ခဏမျှသာတွေးပြီး ထိုသို့ ဆုံးဖြတ်လိုက်သည် ။ထိုစျေးနှုန်းက သူ၏လိုအပ်ချက်အတွက် လုံလောက်သည် ။

မဟူရာတောင်တန်းဂိုဏ်းတွင် ကျင့်ကြံမှုတိုးတက်ရန် အလွန်အသုံးဝင်သော ခရမ်းရောင်အထူးခန္ဓာကိုယ်များရှိကြောင်း လူများစွာ သိရှိသွားပါက အလောင်းများကို လုယူရန် ထိုနေရာသို့ သေချာပေါက် အလုအယက် ရောက်လာမည် ဖြစ်သည် ။

"ဧည့်သည်တော်က ဘယ်လိုသတင်းကို ထုတ်ပြန်ချင်တာလဲ"

ကျိယွမ်ရွေးချယ်လိုက်သော စျေးနှုန်းကို ကြားသောအခါ ပုချီစု၏သွင်ပြင်က ပို၍လေးနက်သွား၏ ။သူက ကျိယွမ်ကိုမသိမသာအကဲခတ်လိုက်ပြီး ​နောက်ခံကိုမှန်းဆကြည့်ရင် ကြိုးစားနေသည်။

"မဟူရာတောင်တန်းဂိုဏ်းမှာ ခရမ်းရောင်အထူးခန္ဓာကိုယ်တွေ ရှိတယ်ဆိုတဲ့သတင်းကို ကြေညာချင်ပါတယ်"

"ဘာ"

ပုချီစု၏ မျက်ခုံးများတွန့်သွားပြီး အတွေးပေါင်းများစွာ သူ့စိတ်ထဲ လျင်မြန်စွာ ဖြတ်သန်းသွားသည် ။

သူက ကျိယွမ်ကို အပြုံးဖြင့်ကြည့်လိုက်ပြီး သဘောပေါက်သွားသလို ခေါင်းညိတ်၏။

"ငါသဘောပေါက်ပြီ၊ မင်းက မဟူရာတောင်တန်းဂိုဏ်းနဲ့ ရန်ငြိုးရှိနေတာပဲ၊ သူတို့ရဲ့တပည့်တွေကို သောကများပြီး အိပ်မပျော်အောင်လုပ်ဖို့ ကြိုးစားနေတာကိုး"

ကျိယွမ်ကလည်း ခေါင်းညိတ်ပြလိုက်သည် ။ ထိုလူ၏ ပြောစကားမှာ တစ်ဝက်မှန်သည် ။

သူကမဟူရာတောင်တန်းဂိုဏ်းသားများ နှောက်ယှက်ချင်ပါသည်။သို့သော်လူရှင်များကိုတင် မဟုတ်ပါ။လူသေများကိုပါ မငြိမ်သက်အောင်လုပ်ချင်နေခြင်းပင်။

ပထမအချက်အနေဖြင့် မဟူရာတောင်တန်းဂိုဏ်းတွင် ခရမ်းရောင်အထူးခန္ဓာကိုယ်များရှိနေလျှင်တောင် မဟူရာကြက်မိစ္ဆာအိုကြီး၏ လက်ထဲသို့ ရောက်တော့မည် မဟုတ်ပေ။

ဒုတိယအချက်မှာ မဟူရာကြက်မိစ္ဆာကြီး တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသောအခါ သူ၏ဂိုဏ်းတွင် သဲလွန်စများရှုပ်ထွေးနေသည်ကိုသာ တွေ့ရပြီး မည်သူကတရားခံဖြစ်သည်ကို ရှာဖွေရန် အဆပေါင်းများစွာခက်ခဲသွားစေလိမ့်မည် ။

ကျိယွမ်သည် လူတိုင်းက သူတို့ကိုယ်တိုင်ပင်သတိမထားဘဲ သူ့ဘက်တွင်ရပ်တည်ပေးသည့်အလားရှိအောင် ဖန်တီးရန် စီစဉ်ထားသည် ။

"အခြားခန်းမဆိုရင်တော့ မဟူရာတောင်တန်းဂိုဏ်းကို ကြောက်လို့ ဒီအလုပ်ကို လက်ခံရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ လင်ထျန်းခန်းမကတော့ ကြောက်နေမှာမဟုတ်လို့

မင်းရဲ့အလုပ်ကို ငါတို့ကလက်ခံလိုက်ပါပြီ"

ပုချီစုက ယုံကြည်မှုအပြည့်ဖြင့်လက်ခံလိုက်၏ ။

ကျိယွမ်သည် ဝိညာဥ်ကျောက်တုံးများကို ပုချီစုထံ လွှဲပေးလိုက်ရင်းမှ နာကျင်မှု ခံစားရနေရသည် ။ထိုကျောက်တုံးများကို သူ၏ အိတ်ကပ်ထဲတွင် နွေးထွေးအောင်ပင် မထားလိုက်ရပေ ။ ကံကောင်းသည်မှာ သူကမဟူရာတောင်တန်းဂိုဏ်းတစ်ခုလုံးကို အိတ်သွန်ဖာမှောက်ရှာရန်အချိန်မရှိသော်လည်း တော်တော်များများရခဲ့သောကြောင့်သာ ခံသာတော့သည်။

လင်ထျန်းခန်းမမှ ထွက်ခွာပြီးနောက် ကျိယွမ်သည် လျှို့ဝှက်နိုင်သမျှလျှို့ဝှက်၍ လှေဆိပ်သို့အမြန်ဆုံးဦးတည်ခဲ့ပြီးနောက် မှီရာဝိညာဥ်လှေတစ်စင်းနှင့် ရှန်ကွမ်းဂိုဏ်းသို့ ညတွင်းချင်း ပြန်လာခဲ့လေ၏။

ကျိစယ်တောင်ထွတ်သို့ ပြန်ရောက်သောအခါ ပြင်ထန်းသောတိုက်ပွဲနှင့်စိတ်ဖိစီးမှုများကြောင့် မခံနိုင်လောက်အောင် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေလေပြီ ။

သူက အိပ်ရာပေါ်သို့အရုပ်ကြိုးပြတ် လဲသွားတော့သည် ။

...................

သာ့ရှန်းတိုင်းပြည်၏ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် သတင်းနှစ်ခုက တစ်ချိန်တည်းမှာ ပေါ်ထွက်လာ၏ ။

ပထမသတင်းမှာ မဟူရာတောင်တန်းဂိုဏ်းတွင် ကျင့်ကြံခြင်းအား မြင့်မားစွာတိုးတက်စေနိုင်သော ခရမ်းရောင်အထူးခန္ဓာကိုယ်များရှိသည်ဟူသော သတင်းဖြစ်သည် ။

ဒုတိယတစ်ခုကတော့ မဟူရာတောင်တန်းဂိုဏ်းတစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခံလိုက်ရသည်ဟူသော သတင်းဖြစ်၏ ။

အမှန်တရားကို မသိကြသဖြင့် သာ့ရှန်းတိုင်းပြည်တစ်ခုလုံးလိုလို ကြီးမားစွာကြောက်ရွံ့သွားကြသည် ။

အစွမ်းထက်ကျင့်ကြံသူတစ်ဦးက ခရမ်းရောင်အထူးခန္ဓာကိုယ်များအကြောင်းကို ရှာဖွေတွေ့သွားပြီး မဟူရာတောင်တန်းဂိုဏ်းကို သုတ်သင်ရှင်းလင်းလိုက်သည်ဟု အများကထင်ကြေးပေးကြသည် ။

သို့သော် လူ့သဘာဝအတိုင်း နေရာအလိုက် ထင်မြင်ချက်များမှာ အမျိုးမျိုးကွဲပြားလျှက်ရှိနေသည် ။

အချို့က ထိုသတင်းသည် ကောလာဟလဟု ထင်မြင်ကြပြီး မယုံကြည်ကြပေ၊

အချို့က ဝမ်းမြောက်ဝမ်းသာဖြင့် ထိုသတင်းကအမှန်ဖြစ်ပါစေဟု ဆုတောင်းကြကုန်၏။

အချို့သူများကတော့ မဟူရာတောင်တန်းဂိုဏ်းကိုပင် ဖျက်ဆီးရဲသည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ အကြောင်းကို ပို၍စိတ်ဝင်စားကြသည် ။

အချို့သော ရဲရင့်သူများကမူ သတင်းကြားသည်နှင့် ရုပ်ဖျက်ကာမဟူရာတောင်တန်းဂိုဏ်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားကြသည် ။

မဟူရာတောင်တန်းဂိုဏ်းအတွင်း၌ အလောင်းများ ပွစာကျဲနေပြီး သွေးများပင် မခြောက်သွေ့သေးပါ ။

ဖိနပ်စီးမထားသော အနက်ရောင်ဝတ်စုံ ကျင့်ကြံသူတစ်ဦးသည် မဟူရာတောင်တန်း ဂိုဏ်းထဲသို့ ရောက်ရှိနေ၏ ။ သူ၏မျက်လုံးများက အလောင်းများကို သေသေချာချာစစ်ဆေးနေရင်းမှ အံ့အားသင့်ကာ တောက်ပနေသည် ။

"ငါက ဒီကို ပထမဆုံး ရောက်လာတာနဲ့တူတယ်။ ငါ့ရဲ့ လျင်မြန်တဲ့အတွေးအခေါ်နဲ့ ရဲစွမ်းသတ္တိက အကျိုးပေးခဲ့တာပဲ"

ထိုအခိုက် အေးစက်သော အသံတစ်ခုက ထွက်ပေါ်လာသည်၊

"မျက်ခုံးထူဘုန်းကြီး ၊ မင်းလိုကောင်ကလည်း ခရမ်းရောင်အထူးခန္ဓာကိုယ်ကို လိုချင်တယ်ပေါ့ ၊ဘာလဲ မင်းရဲ့ကိုယ်ပိုင်ရုပ်သေးအဖြစ် သန့်စင်ချင်လို့လား"

အနက်ရောင်ဝတ်ထားသည့် ခြေဗလာ အမျိုးသားသည် အံ့အားသင့်သွားပြီး လျှင်မြန်စွာ လှည့်ကြည့်လိုက်သောအခါ အခြား အနက်ရောင်ဝတ်သုံးဦးကို တွေ့လိုက်ရသည်။

"မင်းတို့ ဘယ်သူတွေလဲ။ ဘယ်လိုလုပ်ပြီး ငါ့ကို ရှာတွေ့တာလဲ"

"မျက်ခုံးထူဘုန်းကြီး၊ ကျင့်ကြံခြင်းလောကမှာ ဖိနပ်မစီးဘဲလျှောက်သွားနေတာ ဘယ်သူရှိသေးလို့လဲ"

မိန်းကလေးတစ်ဦး၏ လှောင်ပြောင်သံကထွက်ပေါ်လာသည် ။ သူမက အနက်ရောင်ဝတ်ထားသည့် အခြားအမျိုးသားတစ်ဦး၏ လက်မောင်းကို သိုင်းဖက်ထားသဖြင့် သူတို့သည် စုံတွဲများဖြစ်ကြောင်း ပြသနေသည် ။

ထိုအချိန်တွင် ဒေါသထွက်နေသော နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာ၏၊

"ငါကမှ မျက်ခုံးထူဘုန်းကြီးအစစ်ပဲ ၊ ဘယ်ကောင်ကလာပြီး ငါ့လိုအယောင်ဆောင်နေတာလဲ"

အသံနှင့်အတူအနက်ရောင်ဝတ်ထားသည့် အမျိုးသားတစ်ဦး ပေါ်လာသည် ။သူကလည်း ဖိနပ်စီးမထားဘဲ ခြေဗလာဖြစ်၏ ။

အနက်ရောင်ဝတ်ထားသော မျက်နှာဖုံးစွပ်အကြံသမားငါဦးသည် တစ်ဦးကိုတစ်ဦး အကဲခတ်သလိုကြည့်လိုက်၏ ။ ထို့နောက် အလိုလိုသဘောပေါက်သွားကာ ဆက်လက် ငြင်းခုန်နေခြင်း မရှိတော့ပေ။

"မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးပြီးမှ ခရမ်းရောင်အထူးခန္ဓာကိုယ်သတင်း ထွက်ပေါ်လာတာက မရိုးသားလောက်ဘူး ။ ကျူးလွန်သူမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်လို့ ထင်ရတယ်"

အမျိုးသမီးကျင့်ကြံသူက တည်ငြိမ်စွာသုံးသပ်ပြလိုက်သည် ။

"မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးဖို့က အနည်းဆုံး စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူဘိုတစ်ယောက် လိုအပ်မယ်။ ဒါပေမဲ့ ဒီနေရာမှာ စိတ်ဝိညာဥ်အဆင့်စွမ်းအင်ရဲ့ အရှိန်အဝါတစ်ခုမှ ရှိမနေဘူး။ အမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်နိုင်မလား"

အမျိုးသားတစ်ဦးက မှန်းဆလိုက်သည် ။

"ဟုတ်ခဲ့ရင်တောင် သာမန်အမြုတေအဆင့်ကျင့်ကြံသူတော့ မဖြစ်နိုင်ဘူး"

အခြားတစ်ဦးက ပတ်ဝန်းကျင်ရှိအလောင်းများကို ဝေ့ကာကြည့်ရင်း ဝေဖန်၏ ။

"ဒဏ်ရာတွေကတော့ ဓားဒဏ်ရာတွေလိုပဲ၊ ဒါပေမဲ့ဓားရှည်မဖြစ်နိုင်ဘူး။ ကျူမျောလွင့်တောင်ဂိုဏ်းက ဓားသခင်တစ်ယောက်ယောက် ဖြစ်နိုင်မလား"

အမျိုးသမီး၏လက်တွဲဖော် ကျင့်ကြံသူက လည်း အလောင်းများမှ ဒဏ်ရာများကို အခြေခံကာ စဉ်းစားသည် ။

ချက်ချင်းပင် ခြေဗလာနှင့် အမျိုးသားက ပြန်အော်၏။

"လောကမှာ ကျူမျောလွင့်တောင်ဂိုဏ်းတစ်ခုတည်းကပဲ ဓားရှည်သုံးတာ မဟုတ်ဘူးကွ "

အခြားခြေဗလာနှင့်ဝတ်စုံနက်က သဘောပေါက်သွားသလို ဒေါသတကြီး ငေါက်ငမ်းလိုက်သည် ။

"သိပြီ ၊မင်းကကျူမျောလွင့်တောင်ဂိုဏ်းကကောင်ပဲ၊ ငါ့လို အယောင်ဆောင်လာတယ်ပေါ့၊အရှက်မရှိတဲ့ကောင်"

ထိုအခါ အမျိုးသမီးဝတ်စုံနက်က သတိပေး၏ ။

"မဟူရာတောင်တန်းဂိုဏ်းကို ဘယ်သူ ဖျက်ဆီးခဲ့လဲဆိုတာ ရှာဖွေဖို့က ငါတို့ရဲ့ အဓိကကိစ္စမဟုတ်ဘူး။ ငါတို့ ဒီကို ဘာကြောင့်လာလဲဆိုတာ သတိရကြ"

"တစ်ယောက်ယောက်က လှည့်စားဖို့သတင်းလွှင့်တာဆို ဘယ်လိုလုပ်မလဲ ၊ ဒီနေရာမှာ ခရမ်းရောင်အထူးခန္ဓာကိုယ်တစ်ခုမှ မရှိတာလည်း ဖြစ်နိုင်သည်"

အကြံသမားငါးယောက်စလုံးသည် သူတို့၏ စွမ်းအင်များကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို စူးစမ်းလိုက်သည် ။

"ခရမ်းရောင်ဝါးပိုးကောင်"

အမျိုးသမီးက ပိုးကောင်တစ်ကောင်ကို ဖမ်းယူကြည့်ပြီး အံ့သြစွာရေရွတ်လိုက်သည် ။

အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည် ။

" ခရမ်းရောင်ဝါးပိုးကောင်တွေ ရှိတဲ့နေရာမှာ အထူးခန္ဓာကိုယ်တစ်ခု ရှိရမယ် ။ ဒီမှာ အထူးခန္ဓာကိုယ် ရှိတယ်ဆိုတာ မှန်နေပြီထင်တယ်"

လူတိုင်း၏ အသက်ရှူသံများ ပိုမိုမြန်လာသည် ။ စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများကိုပင် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိအောင် ကူညီနိုင်သည့် ခရမ်းရောင်အထူးခန္ဓာကိုယ်၏ အရေးပါမှုကို သူတို့အားလုံး ကောင်းစွာသိထားလေ၏။

အားလုံးခြေလှမ်းများ သွက်လက်လာပြီး ခရမ်းရောင်အထူးခန္ဓာကိုယ်ကို ရှာဖွေရန်အတွက် အလောင်းများကိုစတင် စစ်ဆေးကြသည် ။

ပထမဆုံးရောက်လာသော ခြေဗလာနှင့် ဝတ်စုံနက်က မြေကြီးပေါ်မှ မည်းနက်နေသောဖုန်မှုန့်အချို့ကို စိုက်ကြည့်နေသည် ။

"သတိထားမိကြလား ၊ မဟူရာတောင်တန်းဂိုဂိုဏ်းရဲ့ အမြုတေအဆင့်ကျင့်ကြံသူအလောင်းတွေထဲမှာ ယွိလင်လုံရဲ့ အလောင်းပျောက်နေတယ်"

"ဧကန္တ ခရမ်းရောင်အထူးခန္ဓာကိုယ်ကို တရားခံက ယူသွားတာများလား"

"ဒါဆို ငါတို့က ဒီမှာ ဘာလာလုပ်နေတာလဲ"

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် အသက်ကြီးသော ဝတ်စုံနက်တစ်ဦးက ဒေါသထွက်သွားသော အသံဖြင့်မေးလိုက်သည်။

ထိုအချိန်တွင် နောက်မှရောက်လာသော ခြေဗလာနှင့်ဝတ်စုံနက်သည် မဟူရာတောင်တန်းဂိုဏ်းချုပ်၏အလောင်းကို ဆွဲယူလိုက်သည် ။

"မျက်ခုံးထူဘုန်းကြီး ၊ မင်းက ဘာသဘောလဲ "

အခြားသူများလည်း ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး အလောင်းကို ပြန်လုကြတော့သည် ။

ဤသို့ဖြင့် မဟူရာတောင်တန်းဂိုဏ်းချုပ်၏ အလောင်းမှာ ဟိုကဆွဲ ဒီကဆွဲဖြင့် အလယ်တွင် ယက်ကန်ယက်ကန်ဖြစ်နေ၏ ။

ဂိုဏ်းချုပ်ခမျာ သေဆုံးပြီးနောက် အလောင်းဘဝရောက်ခါမှ ငြိမ်းချမ်းစွာ မနေရရှာပေ။

"ဒါက ခရမ်းရောင်အထူးခန္ဓာကိုယ်မဟုတ်ဘူးလေကွာ ၊ မင်းတို့ကဘာလို့ အသည်းအသန်ဝင်လုနေကြတာလဲ"

နောက်မှရောက်လာသောခြေဗလာနှင့် ဝတ်စုံနက်က အလောင်း၏ခြေထောက်နှစ်ချောင်းကို မလွှတ်တမ်းဖက်ထားရင်းမှ အော်ထုတ်လေသည် ။ သူ၏မိဘနှစ်ပါး၏ အလောင်းဆိုလျှင်တောင် ထိုမျှတန်ဖိုးထားမည် မဟုတ်ပေ ။

"ဒါက ခရမ်းရောင်အထူးခန္ဓာကိုယ်မဟုတ်နိုင်ပေမယ့် အပြာရောင်အထူးခန္ဓာကိုယ် ဖြစ်နိုင်သေးတယ် ။ တန်ဖိုးနည်းနည်းလျော့ပေမဲ့ အမှုန့်ကြိတ်ပြီးတော့ အပြာရောင်နို့နှစ်သစ်သီးဆေးပင်ကို ပြုစုပျိုးထောင်နိုင်တယ်။ စိတ်ဝိညာဥ်အဆင့် ကျင့်ကြံမှုကိုလည်း မြှင့်တင်ပေးနိုင်တယ်"

အမျိုးသမီးဝတ်စုံနက်ကလည်း ရုပ်အလောင်းကို လက်နှစ်ဖက်မှမြဲမြံစွာ ဆွဲထားကာ လုံးဝအလျော့မပေးပေ ။

"ဂိုဏ်းချုပ်က ယွီလင်လုံ ရဲ့အဖေ၊ ဒါမှမဟုတ် သူမရဲ့အဘိုးဖြစ်နိုင်တယ် ၊ သူ့ခန္ဓာကိုယ်ကလည်း သေချာပေါက်ထူးခြားမှာပဲ ၊ ငါကလည်း လက်​မလျှော့နိုင်ဘူး "

ပထမဆုံးရောက်လာသော ခြေဗလာဝတ်စုံနက်ကလည်း အလောင်း၏ခါးမှ ဝင်ဖက်ကာ အားကျမခံလုပြန်၏ ။

"မင်းတို့ဖယ်လိုက်ရင် ကောင်းမယ်ထင်တယ်"

"သေလိုက်ပါလား မင်းဖယ်လေ ၊ ဒါငါ့အလောင်းကွ "

"ဘာ ငါ့အလောင်းလဲ ဒီနေရာကို ငါအရင်ဆုံးရောက်တာကွ "

"မင်းရောက်လည်း ဒီအလောင်းကို တွေ့တာက ငါလေ "

"မသိဘူးကွာ အကုန်ဖယ်ကြ ၊ ဒါငါတို့လင်မယား အလောင်းပဲ"

ဝတ်စုံနက်ငါဦးမှာ မဟူရာတောင်တန်းဂိုဏ်းချုပ်၏အလောင်းကို ကလေးများမုန့်လုသည့်အတိုင်း သူတပြန်ကိုယ်တပြန် ဆွဲနေကြတော့သည်။

သို့သော် မည်သူကမျှ တိုက်ခိုက်ယူရန် စိတ်ကူးမရှိခဲ့ပါ ။ အဘယ့်ကြောင့်ဆိုသော သူတို့၏လက်ရှိအခြေအနေသို့ရောက်ရန် မည်မျှပေးဆပ်ခဲ့ရသည်ကို အားလုံးကသဘောပေါက်ကြ၏ ။ သေရေးရှင်ရေးကိစ္စမဟုတ်လျှင် ပြင်းထန်သောဒဏ်ရာရနိုင်သည့် အခြေအနေမျိုးကိုအတတ်နိုင်ဆုံး ရှောင်းရှားနေကြခြင်းသာဖြစ်သည် ။

အဘယ်ကြောင့်ဆိုသော အံ့သြစရာကောင်းစွာပင် သူတို့အားလုံးသည် စိတ်ဝိညာဥ်အဆင့်များဖြစ်နေကြသည် မဟုတ်ပါလား ။

"ကံကောင်းလို့ တစ်ယောက်ယောက်က အထူးခန္ဓာကိုယ်အကြောင်းကို တွေ့ရှိသွားခဲ့တာ။ သူသာမသိခဲ့ရင် နှစ်ပေါင်းရာဂဏန်းအတွင်းမှာ ကြက်မိစ္ဆာကြီးက ခရမ်းရောင်နန်းတော် အဆင့်ကို သေချာပေါက် ရောက်လောက်ပြီ"

ထိုအတွေးက သူတို့အားလုံးကို ကျောချမ်းသွားစေသည် ။ ထိုသို့ ဖြစ်ခဲ့လျှင် သာ့ရှန်းတိုင်းပြည်၏ အင်အားချိန်ခွင်လျှာက ကြီးမားစွာ ပြောင်းလဲတော့မည် ဖြစ်သည် ။သူတို့လို စိတ်ဝိညာဥ်အစောပိုင်းအဆင့်လေးများသည် ကြက်မိစ္ဆာကြီး၏ လွှမ်းမိုးမှုကို ခုခံနိုင်စရာမရှိတော့ပေ။

သို့သော် ထိုကြောက်ရွံ့မှုက ခဏတာသာ ခံလိုက်၏ ။

သူတို့က ဂိုဏ်းချုပ်၏ အလောင်းကို အလျှော့မပေးစတမ်း ဆက်၍လုယူပြီးနောက် ဆက်လက် ရှာဖွေကြတော့သည် ။

ယွီလင်လုံက ခရမ်းရောင်အထူးခန္ဓာကိူယ်၊ ဂိုဏ်းချုပ်ဖြစ်သူက အပြာရောင်အဆင့် အထူးခန္ဓာကိုယ်။

ထိုအရာနှစ်ခုကို တွေ့ပြီးနောက် နောက်ထပ်အခြားအထူးကိုယ်ခန္ဓာများလည်း သေချာပေါက်ရှိနိုင်သည်ဟု မှတ်ယူလိုက်ကြသည် ။ ထို့ကြောင့် သူတို့သည် မည်သည့်အလောင်းကိုမှ အလွတ်မပေးခဲ့ပေ ။

မကြာမီပင် သူတို့သည် နောက်ထပ်အထူးထန္ဓာကိုယ်နှစ်ခုကို ထပ်မံတွေ့ရှိခဲ့လေ၏ ။ ယခုအခါမှာတော့ ၄င်းတို့၏လောဘကို မထိန်းနိုင်တော့ပါ ။

ထို့ကြောင့် မဟူရာတောင်တန်းဂိုဏ်းအတွင်း၌ အလောင်းများအတွက် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါိလာတော့သည်။

ထိုအချိန်တွင် ကျိယွမ်သည် နှစိခြိုက်စွာအိပ်နေရာမှ တရေးနိုးလာ၏ ။သူ၏လက်များကို ဆန့်တန်းကာ အပျင်းထုတ်လိုက်ရင်းမှ အင်အားများပြည့်ဝကာ လန်းဆန်းမှုကို ပြန်ခံစားရလေသည် ။

"နောက်ဆုံးတော့ ငါစိတ်အေးအေးနဲ့ ၊ ဂိမ်းကောင်းကောင်း ကစားလို့ရပြီ"

-------

All Chapters