← Chapters

ထိပ်တန်းအဆင့်တစ် အခြေတည်ရတနာက ငါနဲ့မသင့်တော်ဘူး

Vol. 3 Ch. 39

ထိပ်တန်းအဆင့်တစ် အခြေတည်ရတနာက ငါနဲ့မသင့်တော်ဘူး

Vol. 3 Ch. 39

နေမြင့်သည်အထိ ကျိယွမ်က အိပ်မောကျနေဆဲ ဖြစ်သည်။

ထိုအချိန်၌ ကြည်လင်သော အသံတစ်ခုက သူ၏တဲအိမ်ရှေ့တွင် ထွက်ပေါ်လာသည်။

“ဆရာတူအစ်ကိုကြီး၊ ဘယ်တုန်းက ပြန်လာတာလဲ”

ကျိယွမ်သည် ဆက်အိပ်နေ၍ မရနိုင်တော့ကြောင်း သိလိုက်၏။သူမက သူ့အားမနိုးမချင်း အော်ခေါ်တော့မည် မဟုတ်ပါလား ။ ။

သူ့ကိုယ်သူ သပ်ရပ်အောင် အနည်းငယ်ပြုပြင်ပြီး အိပ်ချင်မူးတူးဖြင့် အခန်းထဲမှ လေးကန်စွာထွက်လာသည်။

“ညက ပြန်လာခဲ့တာ”

သူက ကျန်းလင်းစုကို မသင်္ကာသလို ကြည့်လိုက်၏။

“ညီမလေး၊ အစ်ကိုကြီးပြန်လာတာကို ဘယ်လိုသိတာလဲ။ ငါအိပ်နေတုန်း နင်ခိုးခိုးပြီးများ လာကြည့်နေသလား”

ကျန်းလင်းစု ဒေါသထွက်သွားလေသည် ။

မနက်စောစော သူမအိပ်ယာနိုးလာသောအခါ ခြံထောင့်မှအမှိုက်ပုံကို တစ်ယောက်ယောက် မွှေနှောက်ထားသည်ကိုသတိထားမိလို့ပါဟု ပြောရန်စိတ်ကူးလိုက်သည် ။ သို့သော် ဆရာတူအစ်ကိုကြီး၏ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ဟု တွေးကာမျိုသိပ်လိုက်၏ ။

“ဆရာတူအစ်ကိုကြီး ၊အစ်ကို့ဓားကို ခြံထဲမှာ ခုချိန်ထိကြိုးနဲ့ချည်ထားတုန်းလား”

သူမသည် အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို ကြိုးဖြင့်ချည်နှောင်ခံထားရသော ဓားကို လှမ်းကြည့်လိုက်သည်။

ကျိယွမ်က သဘောပေါက်သွားသည့်အလား သူ၏ဓားကို သံသယမျက်နှာဖြင့် ကြည့်လိုက်သည်။သူက ဒေါသထွက်သွားသော်လည်း မျက်နှာတွင် ပေါ်မလာအောင် ထိန်းလိုက်၏ ။

သူက မဟူရာတောင်တန်းဂိုဏ်းကို ရှင်းလင်းရာမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

အကြီးမားဆုံးအကျိုးကျေးဇူးမှာ ထိုဂိုဏ်း၏ စာကြည့်တိုက်ကို မွှေနောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူအနေဖြင့် အလွန်အလျင်စလို ထွက်ပြေးလာခဲ့ရသောကြောင့် ဝိညာဥ်ကျောက်တုံးများနှင့် စိတ်ဝိညာဥ်ပစ္စည်းများကို စိတ်တိုင်းကျ ရှာမယူနိုင်ခဲ့ပေ။

သို့သော်လည်း သူရလာခဲ့သော စိတ်ဝိညာဥ်ပစ္စည်းများမှာ အလွန်တန်ဖိုးရှိသောကြောင့်ထိုဓားက အကျိုးအမြတ်များစွာ ရရှိသွားလေသည် ။

ကျိယွမ်၏ တိုက်ခိုက်ရေးစွမ်းအားသည် အခြေတည်အဆင့်မျှသာ ရှိသည် ။ သို့သော်သူသည် အမြုတေအဆင့်ရန်သူများကို လွယ်ကူစွာသတ်နိုင်ခဲ့သည် ။

အကြောင်းရင်းမှာ ထိုဓား၏စွမ်းအားကြောင့်သာဖြစ်လေသည်။

သူကသာ ဝိညာဥ်ကျောက်တုံးများနှင့်စိတ်ဝိညာဥ်ပစ္စည်းများကို သူ့အတွက်သုံးလိုက်လျှင် သူ၏ကိုယ်ပိုင်စွမ်းအားက အနည်းငယ်တိုးတက်လာနိုင်သော်လည်း အကန့်အသတ်နှင့်သာ ရှိမည်ဖြစ်သည်။

ထို့ကြောင့် သူက ဝိညာဥ်ကျောက်တုံးနှင့်စိတ်ဝိညာဥ်ပစ္စည်းအများစုကို ဓား၏ စွမ်းအားကို မြှင့်တင်ရန်အတွက် အသုံးပြုခဲ့သည်။

ယခုအခါ ထိုဓားသည် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလာခဲ့လေပြီ။

ထိုဓားဖြင့်ဆိုလျှင် ကျိယွမ်သည် တာအိုနည်းစနစ်များ နက်နက်ရှိုင်းရှိုင်းမကျွမ်းကျင်သေးသော အမြုတေအထွတ်အထိပ်အဆင့် ဆရာတစ်ဦးကို လွယ်ကူစွာ ရင်ဆိုင်နိုင်ပြီဖြစ်သည်။

ဒီဓားကတော့ မဟုတ်တော့ဘူး ၊ ဝိညာဥ်ကျောက်တုံးတွေနဲ့စိတ်ဝိညာဥ်ရတနာတွေ အများကြီးကျွေးထားတာကိုတောင် ဘာလို့ အခုလို ဆက်လုပ်နေတာလဲ ။

ကျိယွမ်သည် ရှက်လွန်း၍ သူ့မျက်နှာကိုပင် လက်ဖြင့် အုပ်ထားချင်တော့သည်။

ခွေးတွေက အညစ်အကြေးစားတာကို မစွန့်လွှတ်နိုင်သလို ဒီဓားကလည်း အမှိုက်ပုံမွှေနှောက်ရတာကိုများ စွဲလမ်းနေသလား ။

ဒါမှမဟုတ် ညီမလေးရဲ့အမှိုက်ပုံက ငါ့အမှိုက်ပုံထက် ပိုကောင်းနေလို့များလား။

အတွေးပေါင်းစုံဖြင့် သူကငြိမ်သက်နေမိသည် ။

ကျိယွမ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းလင်းစု တလက်စတည်းမေးလိုက်၏ ။

“အစ်ကိုကြီးက အခြေခံအုတ်မြစ်တည်ဖို့ သွားတာ မဟုတ်လား။ဒီလောက်မြန်တယ်ပေါ့ ၊ ဘယ်လိုလဲ အောင်မြင်ခဲ့လား”

သူမက မေးနေရင်းမှ ကျိယွမ်၏ မျက်နှာအမူအရာမှ တစ်စုံတစ်ရာကို ရှာဖွေနေပုံရသည်။

ထိုမေးခွန်းကို ကြားသောအခါ ကျိယွမ် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားလေ၏။

သူကစိတ်ဓာတ်ကျနေသလို အမူအယာဖြင့် သက်ပြင်းချသည်။

“ငါ... မအောင်မြင်ခဲ့ဘူး။ ထိပ်တန်းအဆင့်တစ် အခြေတည်စိတ်ဝိညာဥ်ပစ္စည်းက သုံးရတာ တကယ်ခက်တယ်”

ကျန်းလင်းစုကလည်း စိတ်ထဲမှကျိတ်၍ သက်ပြင်းချလိုက်မိသည်။

အခြေခံအုတ်မြစ်တည်ဆောက်ရာ၌ အသုံးပြုသောစိတ်ဝိညာဥ်ပစ္စည်းက အဆင့်မြင့်လေ အနာဂတ်တိုးတက်မှုက ပိုမြင့်မားလေဖြစ်သည်မှာ အမှန်ပင်ဖြစ်သည် ။ သို့သော် လူတိုင်းက အဆင့်မြင့်စိတ်ဝိညာဥ်ပစ္စည်းများကို သုံးနိုင်သည်ဟုတော့ မဆိုလိုပါ ။

ပါရမီပေါ်မူတည်သည် ။ ပါရမီနည်းသူက သူနှင့်သင့်တော်စိတ်ဝိညာဥ်ပစ္စည်းကို မသုံးဘဲ အမြင့်ဆုံးစိတ်ဝိညာဥ်ပစ္စည်းကို အတင်းအကျပ် သုံးမိလျှင် အခြေခံအုတ်မြစ်ထူထောင်ရာ၌ ကျရှုံးဖို့များလေ၏ ။ ဆိုလိုသည်မှာ လူသာ ပဓာနဖြစ်သည် ။

ကျင့်ကြံသူတိုင်းက မိမိနှင့်သင့်တော်သော အခြေတည်စိတ်ဝိညာဥ်ပစ္စည်းကို အသုံးပြုရန်လိုအပ်သည် ။ လူနှင့်ရတနာ ကိုက်ညီသွားလျှင် အဆင့်နိမ့်ရတနာကို အသုံးပြုခဲ့လျှင်တောင် အမြင့်ဆုံးအုတ်မြစ်ကို တည်ဆောက်နိုင်ရန် အခွင့်အရေးရှိ၏ ။

ထို့ကြောင့် အခြေတည်ရတနာရွေးချယ်ရာ၌ မိမိအတွက် ဘယ်အရာကအကောင်းဆုံးလဲဆိုသည်ကသာ အရေးအကြီးဆုံးဖြစ်သည် ။

ကျန်းလင်းစု၏ မိသားစုအကြီးအကဲတစ်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် အဋ္ဌမအဆင့်သာရှိသော စိတ်ဝိညာဥ်ပစ္စည်းဖြင့် အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ရသည် ။အဆင့်ရှစ်ရတနာဆိုသည်မှာ တော်တော်ညံ့သော အဆင့်ဖြစ်လေသည် ။

သို့သော် ယခုအခါ၌ ထိုအကြီးအကဲသည် မိသားစု၏ စွမ်းအားအရှိဆုံး ထိပ်ဆုံးသုံးဦးတွင် ပါဝင်နေသည်။

“ဆရာတူအစ်ကိုကြီး ၊ဖိအားပေးပြီး အတင်းအကြပ် မလုပ်ပါနဲ့။ ကိုယ့်အတွက် သင့်တော်တာက အကောင်းဆုံးပါပဲ။ အဝါရောင်ပန်းသီးက ထိပ်တန်းအဆင့်တစ် ဖြစ်ပေမဲ့ ၊ အစ်ကိုကြီးကတော့ .... အဲ.. ဒါကတော့... ဒီလိုပါပဲ”

ကျန်းလင်းစုက ကျိယွမ်အားနှစ်သိမ့်ပေးလိုက်သည် ။

ဘာပဲပြောပြော သူ့ဘဝကသနားစရာပဲ ၊ ထိပ်တန်းအဆင့်တစ်ရတနာကို ရတာတောင် အသုံးမပြုနိုင်ရှာဘူး ၊ ​ဥပါဒါန်သွေးမျိုးဆက်ဖြစ်ရတာ ကံဆိုးလိုက်တာ ။

ကျိယွမ်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ညီမလေး ပြောတာမှန်တယ်။ ထိပ်တန်းအဆင့်တစ် အဝါရောင်ပန်းသီးက ငါ့အတွက် တကယ်ပဲ မသင့်တော်ဘူး"

ကျန်းလင်းစု စိတ်သက်သာရာ ရသွား၏ ။ ယခုအကြိမ်မှာတော့ ဆရာတူအစ်ကိုကြီးက သူ၏အခြေအနေကို နားလည်လက်ခံနိုင်သွားပုံရသည် ။ နည်းနည်းတော့ တိုးတက်လာပြီဟု ဆိုနိုင်လေသည် ။

ကျိယွမ်က ဆက်ပြောလိုက်၏ ။

"အင်း....ထိပ်တန်းအဆင့်တစ်ရတနာက ငါ့အတွက်မသင့်တော်ဘူးဆိုတော့ ၊ငါက ကောင်းကင်ဘုံတာအိုနဲ့ပဲ ငါရဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်ရတော့မှာပေါ့ ၊ မတတ်နိုင်ဘူး ညီမလေးရယ် "

ကျန်းလင်းစုခမျာ ငိုချင်သလိုလို ဖြစ်သွားတော့သည် ။ နောက်ဆုံးတော့လည်း ဥပါဒါန်သွေးမျိုးဆက်ကတော့ ဥပါဒါန်သွေးမျိုးဆက်သာဖြစ်သည်။

သူမကိုယ်တိုင်ပင် အဆင့်နိမ့် မြေကမ္ဘာချီသွေးကြောကိုအသုံးပြုကာ အုတ်မြစ်တည်ဆောက်နိုင်ခဲ့သည် ။

ကောင်းကင်ဘုံတာအိုအုတ်မြစ်ဆိုတာကကတော့.....။

သူမသည် ထိုသို့သော ထူးခြားလွန်းသည့် ပါရမီရှင်တစ်ဦးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။မမြင်ဖူးသည်မဟုတ် ထိုပါရမီရှင်မျိုး ရှိသည်ကို ကြားပင်မကြားဖူးပါဆိုလျှင် ပိုမှန်လိမ့်မည်။

ကမ္ဘာဦးဝိညာဉ်များကသာ ကောင်းကင်သွေးကြောချီကို ဖမ်းယူနိုင်ပြီး ထိုသို့ဖမ်းယူနိုင်ခဲ့လျှင်ပင် ကောင်းကင်ဘုံတာအိုအုတ်မြစ်အတွက် အာမခံချက်မရှိသေးပေ။

ကျင့်ကြံသူတစ်ယောက်သည် ကမ္ဘာဦးဝိညာဥ်ကိုမွေးဖွားနိုင်ရန်နှင့်ဟင်းလင်းပြင်ကိုကျော်ဖြတ်ကာ လောကများကိုလှည့်လည်နိုင်ရန်ဆိုလျှင် အနိမ့်ဆုံးအနေဖြင့် ယင်ဝိညာဥ်အဆင့် ရှိနေရန်လိုအပ်သည် ။

ထိုအတူ ကမ္ဘာဦးဝိညာဥ်ဆိုသည်အရာမှာလည်း ကျင့်ကြံသူများသိထားသော နတ်ဘုရားဝိညာဥ် သို့မဟုတ် နတ်ဘုရားအသိစိတ်ဖြင့် လုံးဝကွဲပြားနေပြန်၏ ။

ကမ္ဘာဦးဝိညာဥ်ကိုအသာထား နတ်ဘုရားဝိညာဥ်ကိုပင် မွေးဖွားရန် မလွယ်ပေ။

ဆရာတူအစ်ကိုကြီးက​တော့... တကယ်ပဲ စိတ်ကူးယဥ်ရဲပါပေသည်။

ယင်ဝိညာဥ် သို့မဟုတ် ယန်ဝိညာဥ်ကိုကျွမ်းကျင်သော ဝိညာဥ်ပညာရှင်တစ်ယောက်မှမရှိဘဲ ကောင်းကင်ဘုံတာအိုဖြင့် အုတ်မြစ်တည်ဆောက်ရန်စိတ်ကူးနေသည် မဟုတ်ပါလား ။

သူဒီလိုမဟုတ်တရုတ်တွေကို ဘယ်ကနေများကြားလာပါလိမ့်၊အစ်ကိုကြီးနဲ့ရင်နှီးသူတွေကိုသတိပေးထားရင် ကောင်းမလား ၊ ဒါမှနောင်အခါ သူနဲ့စကားပြောရင် ဆင်ခြင်ကြမှာ ။

ကျန်းလင်းစုသည် ကျိစယ်တောင်ထွတ်ပေါ်တွင်ရှိသော နန်းတော်ကို လှမ်းကြည့်မိ၏ ။

“ဆရာတူအစ်ကိုကြီး ၊ ဒါက စွမ်းအင်ငြိမ်သက်ဆေးလုံးပါ။ ဒါက အစ်ကိုကြီးရဲ့ စွမ်းအားကို တည်ငြိမ်စေနိုင်တယ်။ အစ်ကိုကြီး အုတ်မြစ်တည်ဆောက်ခြင်း ကျရှုံးခဲ့တာဆိုတော့ စွမ်အားတွေက ဖရိုဖရဲဖြစ်နေမှာ။ အစ်ကို နောက်တစ်ကြိမ် ထပ်ပြီးကြိုးစားနိုင်ဖို့ ဒီလိုဆေးမျိုး သောက်ဖို့ လိုတယ်။ ဒါက... သိပ်မစျေးကြီးပေမဲ့ ရှားပါးတဲ့ မိသားစုအထူးထုတ်ဆေးလုံးပါ”

ကျန်းလင်းစုက တန်ဖိုးကြီးဆေးလုံးတစ်လုံးပါသော သအဖြူရောင်ကြွေပုလင်းကို ကျိယွမ်အား ပေးလိုက်သည်။

ကျိယွမ်မှာ အံ့အားသင့်သွားပြီးနောက် သဘောကျသွား၏ ။

“ညီမလေးက အစ်ကိုကြီးရဲ့ဒိုရေမွန်လေးလိုပဲ၊ ဆန်းကြယ်တဲ့ အရာတွေကို လက်ထဲကနေ အမြဲထုတ်ပေးတယ်”

“ဟမ် "

ကျန်းလင်းစုက ဒိုရေမွန်ဆိုသောနာမည်ကို မသိပါ ။

ဒိုရေမွန်ဆိုတာက ဘာများလဲ ။

ကျိယွမ်ကတော့ စွမ်းအင်ငြိမ်သက်ဆေးလုံးကို စစ်ဆေးကြည့်လိုက်၏ ။

[၎င်းသည် စွမ်းအင်ငြိမ်သက်ဆေးလုံးဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း မအောင်မြင်သောအခါ သူ၏စွမ်အားများ ကမောက်ကမ ဖြစ်သွားသည်။ ထို့ကြောင့် အခြေခံအုတ်မြစ်ကို ပြန်လည်ကြိုးစားရန် သူ၏စွမ်းအားများကို ထိန်းညှိရန်လိုသည်။ စွမ်းအင်ငြိမ်သက်ဆေးလုံးသည် စွမ်းအားကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေပြီး ထိပ်တန်းအဆင့်ဝိညာဥ်ကျောက်တုံး ၁၀ လုံး၏ စွမ်းအားနှင့်ညီမျှသည်။ သို့သော်လည်း ယခုဆေးတွင် အားနည်းချက်အချို့ ရှိသည်]

ကျိယွမ်မျက်လုံးပြူးသွားလေသည် ။ သူက ဆေးလုံးကို မယုံနိုင်သလို ဖင်ပြန်ခေါင်းပြန် လှန်ကြည့်လိုက်၏ ။

ထိပ်တန်းအဆင့်ဝိညာဥ်ကျောက်တုံး ၁၀လုံးနဲ့ ညီမျှတယ်တဲ့လား ။

ထိပ်တန်းအဆင့်ဝိညာဥ်ကျောက်တုံး ၁၀လုံးသည် အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတစ်ထောင်နှင့် ညီမျှလေသည်။

ကျိယွမ်သည် ကျန်းလင်းစုကို အမှန်တကယ်ကျေးဇူးတင်မိသွားသည်။

“ညီမလေးရဲ့ ကြင်နာမှုကို အစ်ကိုကြီး တန်ဖိုးထားပါမယ်။ တစ်စုံတစ်ယောက်က ညီမလေးကို အန္တရာယ်ပြုဖို့ ကြိုးစားလာရင် အစ်ကိုကြီး ညီမလေးအတွက် အစားခံပေးမယ်”

သူက တကယ့်ကို သူဌေးမလေးပဲ ။

ဒီ​ပေါင်တံတုတ်တုတ်... မဟုတ်ဘူး၊ ဒီသွယ်လျတဲ့ ပေါင်တံတွေကို ပိုပြီးခိုင်ခိုင်မာမာ ဖတ်ထားရမယ်။

ကျန်းလင်းစုက ပေါ့ပါးစွာ ရယ်မောလိုက်သည်။

“ဆရာတူအစ်ကိုကြီး၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ။ ညီမကြောင့် အစ်ကိုကြီး ထိခိုက်တာမျိုးလည်း မလိုချင်ပါဘူး”

တစ်စုံတစ်ခုကို စဥ်းစားမ်သောအခါ ကျန်းလင်းစု၏ မျက်နှာအမူအရာက တည်ကြည်

သွား၏ ။

“ဆရာတူအစ်ကိုကြီး အမြန်ဆုံး ပြန်လာတာ ကောင်းတယ်။ မနေ့က မဟူရာတောင်တန်းဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရလို့ သာ့ရှန်းတိုင်းပြည်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီ ၊အပြင်မှာဆို ဘယ်လိုမှဘေးမကင်းနိုင်ဘူး”

“ဘာ"

"မဟူရာတောင်တန်းဂိုဏ်းကြီး ဖျက်ဆီးခံလိုက်ရပြီ ၊ ဟုတ်လား "

ကျိယွမ်၏ မျက်လုံးများက အလွန့်အလွန်ပြူးကျယ်သွားသည်။သူ၏သရုပ်ဆောင်စွမ်းရည်မှာ ဂျက်ကီချမ်းအရင်ပင် အော်စကာဆုရလောက်ပေသည်။

“ဘယ်သူက ဖျက်ဆီးခဲ့တာလဲ။ ဒီတစ်ခါလည်း ဓားနဲ့ပဲလား ”

“ဆရာတူအစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ မှန်းဆမှုက ထူးဆန်းလိုက်တာ"

ကျန်းလင်းစု ရုတ်တရက် သူ့ကို စိုက်ကြည့်လိုက်သည်။

“မဟူရာတောင်တန်းဂိုဏ်း ဖျက်ဆီးခံရတာက အစ်ကိုကြီးနဲ့များ ပတ်သက်နေသလား”

ကျိယွမ်၏ အော်စကာဆုရလောက်သော အသရုပ်ဆောင်စွမ်းရည်မှာ ရုတ်တရက် ကျရှုံးသွားသည်။သူက တစ္ဆေသရဲတွေ့လိုက်သူလို့ ကြောက်လန့်တကြား ထအော်လေ၏ ။

“မဟုတ်ဘူး"

" မဟုတ်ဘူးနော် "

" ငါလုံးဝမဟုတ်ဘူး "

“အစ်ကိုကြီးက အရမ်းစိတ်လှုပ်ရှားနေတာပဲ။ တကယ်ပဲ အစ်ကိုကြီးများလား”

ကျန်းလင်းစုက သူမ၏ကျီစယ်မှုက ​ထိရောက်လှသဖြင့် သဘောကျစွာရယ်မောလိုက်သည် ။

ဥပါဒါန်သွေးမျိုးဆက်တွေက ခြောက်လှန့်ရတာ လွယ်ကူလိုက်တာ။ ထားပါတော့ ထပ်မစတော့ဘူး၊တော်ကြာ ပိုဆိုးသွားဦးမယ်။

ကျန်းလင်းစုက ထိတ်လန့်နေသောကျိယွမ်ကိုချန်ရစ်ကာ သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။

သူမက စိတ်ကူးပေါက်သွားကာ ကြေးမုံတစ်ချပ်ကိုထုတ်ယူလိုက်၏ ။

ထိုကြေးမုံက ခွန်ချန်းဟူခေါ်ပြီး ကောင်းကင်နှင့်မြေကြီးကြေးမုံ၏ အပိုင်းအစတစ်ခုဖြစ်သည် ။

၄င်းသည်ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံဆင့်ကို ထုတ်ဖော်နိုင်၏ ။

ကျန်းလင်းစုက ခွန်ချန်းကြေးမုံ၌ ပုံရိပ်တစ်ခုကို ဖန်တီးလိုက်၏ ။

ကျိယွမ် ။

ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့် ။

"အင်း ၊ သူကအခြေတည်ဆောက်ခြင်းကို တကယ်ကျရှုံးခဲ့တာပဲ "

…....................

“ဒီဓား အစုတ်ပလုတ်၊ မင်းဘာလို့ အမှိုက်ပုံကို ထပ်မွှေနေရတာလဲ”

ကျိယွမ်သည် ထိုဓားကို ရိုက်ပစ်ချင်သော်လည်း သူ၏လက်များနာကျင်မည်ကိုစိုးရိမ်သဖြင့် မရိုက်ဖြစ်တော့ပါ ။

“ဒီနေ့တော့ ငါအပြင်ထွက်ပြီး မဟူရာတောင်တန်းဂိုဏ်းမှာ ဘာတွေဆက်ဖြစ်လာသေးလဲဆိုတာ ကြည့်ရမယ်”

တရားခံများသည် ပြစ်မှုကျူးလွန်ရာနေရာသို့ ပြန်မလာသင့်ကြောင်း သိသော်လည်း အဝေးမှ မကြည့်ရဟု မဆိုလိုပါ ။

ဒီလောကမှာ အမှုလိုက်ရဲတွေမှ မရှိတာ ၊ကြက်မိစ္ဆာအိုကြီးကလည်း တံခါးပိတ်ကျင့်ကြံနေတုန်းပဲ မှတ်လား။ငါ့ကို ဘယ်သူကရိပ်မိမှာလဲ။

..................

All Chapters