← Chapters

နတ်ဘုံ၏ ဌာနကြီးလေးခု

Vol. 3 Ch. 42

နတ်ဘုံ၏ ဌာနကြီးလေးခု

Vol. 3 Ch. 42

[တစ်ခုတည်းအဖြစ်ပေါင်းစပ်ခြင်း စွမ်းရည်]

ကျိယွမ်နှင့်သတို့သမီးလေးတို့သည် အလွန်ကွာဝေးသောနေရာသို့ ရောက်မနေသရွေ့ ၊ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်လျှင်ပင် ကျိယွမ်သည် ဤစွမ်းရည်ကို အသုံးပြု၍ သူမနှင့် ပေါင်းစပ်နိုင်သည် ။

ပေါင်းစပ်ပြီးသောအခါ ကျီယွမ်သည် သတို့သမီးလေး၏ စွမ်းအားကိုရရှိနိုင်သည် ။

[အဝတ်ဖြဲခြင်း စွမ်းရည်]

ကျိယွမ်၏ တိုက်ခိုက်မှုများက မည်သည့်အဝတ်အစားနှင့် သံချပ်ကာတို့ကိုမဆို ထိုးဖောက်နိုင်သော အစွမ်းသတ္တိများ အမြဲပါဝင်သည် ။

မကျေမနပ်ဖြစ်နေသောကျိယွမ် စပ်ဖြီးဖြီးကြီးဖြစ်သွားလေသည် ။

နာမည်ကသာ ဆိုးတာ၊အသုံးတော်တော်ဝင်တာပဲ။တကယ် မဆိုးဘူး။

ထိုစွမ်းရည်နှစ်ခုသည် အတော်လေး ကောင်းမွန်နေ၏ ။

ပို၍ကျေနပ်စရာကောင်းသည်မှာ သူကထိုစွမ်းရည်နှစ်ခုကို အလကားရလိုက်ခြင်းပင် ။

သတို့သမီးလေးက သူ့ကိုယ်မှပြန်ထွက်သွားလေ၏ ။သူမက ကူညီနိုင်ကြောင်းပြသသည့်အနေဖြင့် ပေါင်းစပ်ပြခြင်းဖြစ်နိုင်သည် ။

အကြောင်းရင်းကိုမသိရသော်လည်း ကျိယွမ်သည် သူနှင့်သတို့သမီးအဝတ်အစားအကြားတွင် ဆက်သွယ်မှုတစ်ခုရှိနေသည်ကို ခံစားလိုက်ရသည် ။

ကျိယွမ်သည် သတို့သမီးလေးကို သေသေချာချာ ကြည့်လိုက်မိ၏။

သူမ၏မျက်လုံးများကို မြင်ချင်သော်လည်း မမြင်နိုင်ခဲ့ပါ ။

“တကယ်ပဲ နင်ကမကွာရှင်းချင်ဘူးပေါ့”

“ဒီမြေပုံကို ရှင်းပြီးရင် ငါကထွက်သွားမှာ ၊ အဲ့ခါကျရင် နင်ဘယ်လိုလုပ်မလဲ"

သူ၏အရင်ဘဝတွင် ရှုရှန်နှင့်မြွေနဂါးမလေး၊ တုန်းယုံနှင့်နတ်သမီး ခုနစ်ပါး၊ မျောက်နှင့်ငှက်နတ်သမီးလေးတို့လို အချစ်ဇာတ်လမ်းများကို သူကြားဖူးခဲ့သည် ။

သို့သော် NPCကို ချစ်မိနေသောလူကိုတော့ သူတစ်ခါမှ မမြင်ဖူးခဲ့ပါ ။

အဝတ်စုတ်တထည်ဖြစ်နေသော NPC ကို ချစ်မိခြင်းဆိုလျှင် ပိုဆိုးတော့သည် ။

ကျီယွမ်၏ စကားများကို ကြားသောအခါ သတို့သမီးလေး တုန်ယင်သွားပြီး သစ်သားပြားတစ်ခု ပြုတ်ကျလာသည် ။ ထိုပြားပေါ်တွင် လူတစ်ဦး၏ ပုံနှင့် “ခင်ပွန်း” ဟူသော စာလုံးများ ရေးထွင်းထားသည် ။

ကျီယွမ်က သစ်သားပြားကို ကောက်ယူပြီး ခဏစဉ်းစားကာ သုံးသပ်လိုက်၏၊

“ဒါဆိုနင်က ငါ့ရဲ့ဂိမ်းထဲက အဖော်ပဲပေါ့။ ဒါပေမဲ့ အခုက ငါတို့ကွာရှင်းတဲ့အခန်းကို ကစားရတော့မယ်ပုံပဲ” ။

နောက်ထပ်သစ်သားပြားတစ်ခုက သတို့သမီးလေး၏ လက်ရှည်စထဲမှ ပြုတ်ကျလာပြန်သည် ။

ကျိယွမ် ယူကြည့်လိုက်သောအခါ အမျိုးသားနှင့်အမျိုးသမီးတို့ ဖတ်နေသည့် ပုံကိုတွေ့လိုက်ရသည် ။

သတို့သမီးလေးတွင် မျက်လုံးများရှိပါက ကျိယွမ်ကို မျှော်လင့်တကြီး ကြည့်နေမည်မှာ သေချာသည် ။

“မဖက်ဘူး”

ဖက်တာက ဘာကောင်းလို့လဲ ၊ ပေါင်းစပ်တာကမှ ငါအတွက် ပိုကောင်းအုံးမယ် ။

ကျိယွမ်က သတို့သမီးလေးကို ကြည့်ပြီး သူ၏ဆန္ဒကို ဖြည်းဖြည်းချင်း ပြောလိုက်၏၊

“မဖက်ချင်ဘူး ၊ ငါကပေါင်းစပ်ချင်တာ”

သတို့သမီးလေးက ငြင်းဆိုခြင်းမရှိသည်ကို တွေ့သောအခါ ကျိယွမ်သည် တစ်ခုတည်းအဖြစ်ပေါင်းစပ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည် ။

ပထမအကြိမ်ပေါင်းစပ်စဥ်က သတို့သမီးလေးက သူမ၏ဆန္ဒအရ အတင်းအကျပ်ပေါင်းစပ်ခဲ့ခြင်းမျိုးဖြစ်သည်။ ယခုအကြိမ်ကတော့ ထိုသို့မဟုတ်ပါ ကျိယွမ်က တစ်ခုတည်းအဖြစ်ပေါင်းစပ်ခြင်းစွမ်းရည်ကို အသုံးပြုကာ သူမကိုသူ့ဆီသို့ ပေါင်းစပ်စေချင်ဖြစ်၏ ။

ဤနှစ်ခုကြား ကွာခြားချက်ကို သူသိချင်ခဲ့သည် ။

ချက်ချင်းဆိုသလိုပင် သွေးနီရောင်သံချပ်ကာတစ်ခုသည် ကျိယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်မံပေါ်ပေါက်လာသည် ။

သတို့သမီးလေး၏ ဆန္ဒအရ ပူးကပ်သည်နှင့် မတူသည်မှာ ယခုသံချပ်ကာသည် ချွန်ထက်သော သွေးရောင်ဆူးများဖြင့် ဖုံးလွှမ်းနေပြီး ယခင်ကအနီရင့်ရောင်နှင့်မတူဘဲ ပိုမိုပြင်းထန်သော အနီရောင်ဖြင့် ပိုမိုကြောက်မက်ဖွယ်ရာ ပုံပေါက်နေသည် ။

သတို့သမီးလေး၏ ဆန္ဒအရဖြစ်ပေါ်လာသော သံချပ်ကာသည် ခုခံကာကွယ်မှုအပေါ် ပို၍အကျိုးသက်ရောက်ပြီး ကျိယွမ်၏စွမ်းရည်ကိုအသုံးပြုထားသော သံချပ်ကာက တိုက်ခိုက်မှုအပေါ် အလေးပေးသည် ။

သို့သော်အဆင့် ၅ ဆင့်တက်ခြင်းကတော့ ရှိနေဆဲဖြစ်သည် ။

ကျိယွမ်ကသူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြစ်နေသည်။

“ဒီသံချပ်ကာကို ဝတ်ပြီး အဝတ်အစားမကောင်းဆိုးရွားတွေကို ငါတိုက်ရင် နယ်မြေသခင်ကလွဲရင် ဘယ်သူက ငါ့ကိုယှဥ်နိုင်မှာလဲ ၊ဘယ်ကောင် ယှဥ်ရဲသလဲ "

"နေဦး သတို့သမီးလေးဆီက နောက်ထပ်စွမ်းရည်တစ်မျိုးရလိုက်သလိုပဲ"

ထူးဆန်းသောခံစားချက်တစ်မျိုးကို ရနေပြီး သူအသုံးပြုနိုင်သောတစ်ခုခုကျန်နေသေးသလို ခံစားနေရသည် ။

"ဘာပါလိမ့်"

ကျီယွမ်က ထိုအရာကို အာရုံခံလိုက်သည် ။

“ဒါက ဘာလဲ။ ငါက ရိကွမ်းတားမြစ်နယ်မြေရဲ့ သုံးပုံတစ်ပုံ ထိန်းချုပ်နိုင်တာလား”

ကျီယွမ် အလွန်အံ့ဩသွားသည်၊ ဤအရာကို သူမျှော်လင့်မထားခဲ့ပါ ။

ဆိုလိုသည်မှာ သတို့သမီးလေးသည် ရိကွမ်းတားမြစ်နယ်မြေ၏ သုံးပုံတစ်ပုံကို ထိန်းချုပ်နိုင်ပုံရပြီး ကျိယွမ်ကသူမဆီမှ ထိုအာဏာကိုရရှိသွားခြင်းဖြစ်ပုံရသည်။

“သူကလည်း ရိကွမ်းတားမြစ်နယ်မြေရဲ့ ထိပ်တန်းသခင်တစ်ဦးဖြစ်ပုံရတယ်။တော်သေးတာပေါ့ ငါတို့ကတစ်ဖွဲ့တည်းဖြစ်သွားလို့ မဟုတ်ရင် သူကိုသတ်နေရဦးမယ်"

ကျိယွမ် လေးနက်စွာ စဥ်းစားနေသည် ။

ကောင်းကင်ဘုံတာအို အပိုင်းအစကိုရယူပြီး ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို အောင်မြင်စွာ တည်ဆောက်ရန်အတွက်ဆိုလျင် သူက ရိကွမ်းတားမြစ်နယ်မြေကို အပြတ်ရှင်းရမည်ဖြစ်သည် ။ ရိကွမ်းတာမြစ်နယ်မြေတစ်ခုတည်းသာမဟုတ် ဂိမ်းမြေပုံအကုန်လုံးကို ရှင်းလင်းရလိမ့်မည်။

ကျီယွမ်သည် အများအမြင်၌ ဉာဏ်ရည်ချို့ယွင်းကာ ပေါ့တီးပေါဆပုံဖြစ်နေသော်လည်း အရေးကြီးသော အချိန်များတွင် သူက အမှားလုပ်မည့်သူမျိုးမဟုတ်ပေ ။

“စွမ်းအား” ။

ကျိယွမ် မျက်စိမှိတ်လိုက်သည် ။

သူ၏ပုံရိပ်သည် ရုတ်ခြည်း ပျောက်ကွယ်သွားပြီး သင်္ချိုင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာသည် ။

ကျိယွမ်က အမြင့် ၁၀ မီတာထိကြီးမားနေပြီးသူသည် ဧရာမဘီလူးတစ်ကောင်ကဲ့သို့ ဖြစ်နေသည် ။

သူသည် သင်္ချိုင်းတစ်ခုကို စူးစိုက်ကြည့်ကာ အန္တရာယ်တစ်စုံတရာမတွေ့သောအခါ ပုံမှန်အရွယ်အစားသို့ ပြန်ရောက်သွား၏ ။

သင်္ချိုင်းမြေသည် ပုံမှန်အတိုင်းရှင်းလင်းနေလေသည် ။ကင်းခြေများကဲ့သို့သော တွားသွားပိုးကောင်များ သွားလာနေသောဝင်ပေါက်တစ်ခု ရှိနေ၏ ။

ကျိယွမ်သည် ထိုအပေါက်ထဲသို့ တိုက်ရိုက်ဝင်ရောက်လိုက်သည် ။

သတို့သမီးလေးထံမှ မျှဝေထားသောစွမ်းအားအရ ထိုသင်္ချိုင်းအောက်၌ မြေအောက်နန်းတော်တစ်ခု ရှိနေသည်ကို ကျိယွမ်သိလိုက်သောကြောင့်ဖြစ်သည် ။

ထိုမြေအောက်နန်းတော် ရိကွမ်းတားမြစ်နယ်မြေ၏ ရှေးဟောင်းဧကရာဇ်များကို မြှုပ်နှံထားသော နေရာဖြစ်၏။

အတွင်းဘက်၌ မှောင်မည်းနေသော်လည်း ကျိယွမ်အတွက် ​ထိတ်လန့်စရာမဟုတ်တော့ပါ။ သူက သူ၏ ဓားကြီးကိုကိုင်ဆောင်ကာ ရှေ့သို့ဆက်တိုးခဲ့သည်။

တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းခဲ့သော မြေအောက်နန်းတော်သည် ကျိယွမ်အတွက် တံခါးများကို ကျယ်ဝန်းစွာဖွင့်ပေးထား​၏။သတို့သမီးလေး၏ စွမ်းအားကြောင့် ဖြစ်လိမ့်မည်ဟု သူတွေးလိုက်သည် ။

မြေအောက်နန်းတော်ထဲတွင် အနည်းငယ်လျှောက်ကြည့်နေရင်းမှ ကျိယွမ်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့ဩနေသည်၊

“ဒီလို မြေအောက်နန်းတော်ကြီးကို တည်ဆောက်နိုင်တယ်ဆိုကတည်းက အဝတ်အစားမကောင်းဆိုးရွာတွေမှာ ဉာဏ်ရည်ရှိတယ်ဆိုတာ ပြနေတာပဲ ။

ဒါဆို ငါတွေ့ခဲ့တဲ့ အဝတ်အစားတွေက ဘာလို့ သွေးဆာနေပြီး ရူးသွပ်နေကြတာလဲ”

ကျိယွမ်က သူတို့ကိုမနှောင့်ယှက်ခဲ့လျှင်တောင် ၄င်းတို့က သွေးဆာနေသော ခွေးရူးများလို ကမူးရှုးထိုး ဦးစွာတိူက်ခိုက်ကြသည်။

အဝတ်အစားများ၏ပုံစံမှာ သက်ရှိသတ္တဝါအားလုံးကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသကဲ့သို့ ဖြစ်နေသည် ။

သတို့သမီးလေးတစ်ယောက်သာ ထိုအဝတ်အစားများနှင့်မတူသော စိတ်ထားရှိလေသည် ။

ရုတ်တရက်သူသည် အကျည်းတန်ဝတ်စုံဘုရင်ကို ပထမဆုံးတွေ့ခဲ့စဥ်က အချက်အလက်တစ်ခုကို ပြန်သတိရသွားသည် ။

“ကျရှုံးထားသော နယ်မြေသခင်”

"ဟုတ်တယ်ကျရှုံးထားသော နယ်မြေသခင်ပဲ ၊ငါက ရိကွမ်းတားမြစ်နယ်မြေရဲ့သခင်လို့ အလွယ်ထင်လိုက်တာ။

“ဒါဆို သတို့သမီးလေးက ကျရှုံးမသွားသေးတာလား” ။

ကျီယွမ်က သူသည် အမှန်တရားနှင့်နီးစပ်နေပြီဟု ခံစားရသည် ။

သူက သိချင်စိတ်များထက်သန်လာကာ မြေအောက်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာသို့ လျင်မြန်စွာ ဝင်ရောက်ခဲ့သည်။

တစ်နေရာသို့ရောက်သောအခါ ကျီယွမ်သည် ရုတ်တရက် ရပ်တန့်သွား​၏ ။

“ဒါက ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းလား”

သူ့ရှေ့တွင် အနက်ရောင်သံချပ်ကာများစွာ ရှိနေသည် ။

သံချပ်ကာအချို့က ချွန်ထက်သောလှံများကို ကိုင်ဆောင်ထားပြီး အချို့ကတော့ ပုဆိန်သွားများပါသည့် စစ်သုံးလှံရှည်ကြီးများကို ကိုင်ဆောင်ထားကြလေ၏ ။

သံချပ်ကာများက မြေကျင်းထဲတွင် သက်ရှိစစ်တပ်တစ်ခုကဲ့သို့ ညီညာစွာ မလှုပ်မယှက်ရပ်နေကြသည် ။၄င်းတို့က ငြိမ်သက်နေသော်လည်း ကျီယွမ်သည် ထိုတပ်သားများထံမှ ခြိမ်းခြောက်နိုင်စွမ်းရှိသော စစ်ရေးအော်ရာကို ခံစားနေရသည် ။

ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အလားတူသံချပ်ကာ ထောင်ပေါင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။

သူ၏ယခင်ဘဝတွင် သူကထိုမြင်ကွင်းမျိုးကို မြင်ဖူးနေသလိုရှိ​၏ ။သုတေသနပညာရှင်များက သမိုင်းဝင်မြေအောက်သင်္ချိုင်းဂူတစ်နေရာကို တူးဖော်ရရှိခဲ့စဥ်က တွေ့ရှိခဲ့သော မြေရုပ်တုစစ်သည်တော်များနှင့်တူနေခြင်းဖြစ်သည် ။

သူ၏ရှေ့မှ သံချပ်ကာစစ်တပ်ကြီးထံမှ ရရှိနေသော ကြောက်မက်ဖွယ်စစ်ရေးအော်ရာကြောင့် ၄င်းစစ်တပ်ကြီးသာ နိုးထလာလျှင် သူတို့သည် အင်အားအကြီးဆုံးနှင့် ဘယ်တော့မှမရှုံးနိုင်သော စစ်တပ်ကြီးဖြစ်လာမည်ဟု ကျိယွမ် ခံစားရကာ ကျောစိမ့်သွား၏ ။

ထို့နောက်သူ၏ အကြည့်သည် ကျောက်ပြားတစ်ခုဆီသို့ ရောက်သွားသည် ။

ထိုပြားပေါ်တွင် စာလုံးများ ထူထပ်စွာ ရေးထွင်းထားသည် ။

“နတ်ဘုံရုံးတော်ကြီးလေးခု - အဝတ်အစားဌာန၊ သတို့သမီးမင်းသမီး၊ ကောင်းကင်ဘုံဇနီး၏သခင်မ ။

ကမ္ဘာ့တိုက်ပွဲဝင်သံချပ်ကာများကို စုစည်းပြီး နတ်ဘုံ၏ ခမ်းနားမှုကို ပံ့ပိုးရန်၊ ကမ္ဘာပေါ်ရှိ နတ်ဆိုးများကို ထိတ်လန့်စေရန်၊ ကမ္ဘာကို ဝတ်ရုံခြုံပေးရန်” ။

ကျိယွမ် အလွန်စိတ်ဝင်စားသွားတော့သည် ။ သူက စာများကို သေချာဖတ်ရှုသည် ။

ထိုမှတ်တမ်းကျောက်ပြားသည် အလွန်အစွမ်းထက်ခဲ့သော ခေတ်တစ်ခုမှအကြောင်းအရာများစွာကို မှတ်တမ်းတင်ထားသည် ။

တစ်ချိန်က ကောင်းကင်ဘုံနတ်ဘုရားသည် နတ်ဘုံကို တည်ထောင်ပြီး ရုံးတော်ကြီးလေးခုကို ဦးဆောင်ကာ ကမ္ဘာကိုအုပ်စိုးခဲ့ကာ ကမ္ဘာမြေကိုလည်း ငြိမ်းချမ်းစေခဲ့သည် ။

အဝတ်အစားဌာနသည် ရုံးတော်လေးခုတွင် အထင်ရှားဆုံးဖြစ်ပြီး ၎င်း၏သခင်သည် သတ်ဖြတ်ရေးတာဝန်များကို ဦးဆောင်ခဲ့သည် ။

အဝတ်အစားဌာန၏ လက်ရွေးစင်စစ်တပ်သည် တောင်ပေါင်းတစ်သောင်းနှင့် မဆုံးနိုင်သော လွင်ပြင်များကို ရှင်းလင်းခဲ့ပြီး နတ်ဆိုးမျိုးနွယ်များကို ရေခဲပြင်များသို့ မောင်းထုတ်ခဲ့သည် ။

အဝတ်အစားဌာန၏ သခင်မဖြစ်သော သတို့သမီးမင်းသမီးသည် ကောင်းကင်ဘုံနတ်ဘုရား၏ ဇနီးလည်း ဖြစ်သည် ။

ထိုနေရာရောက်သောအခါ ကျီယွမ်သည် သတို့သမီးလေးကို သတိရလိုက်သည် ။

သတို့သမီးလေးသည် ဤကျောက်စာထဲမှသတို့သမီးမင်းသမီးနှင့် ဆက်စပ်မှုရှိနိုင်သလား ။

သူသည် သိချင်စိတ်ဖြင့် ဆက်ဖတ်နေသည် ။

နတ်ဘုံသည် ပင်လယ်ကြီးလေးစင်းနှင့် မြေရိုင်းရှစ်ခုကို အုပ်ချုပ်ပြီး ရာပေါင်းများစွာသောနှစ်များအထိ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့သည် ။

ဌာနလေးခုကို အုပ်ချုပ်သော နတ်ဘုံသည် ကမ္ဘာတွင် မရှုံးနိမ့်ခဲ့ပါ ။သို့သော် ကောင်းကင်ဘုံမှ ရန်သူများ ရောက်ရှိလာခဲ့သည် ။

တစ်နေ့တွင် အခြားကမ္ဘာမှ ရန်သူများက ဝမ်ယုတိုက်ကြီးကို ကျူးကျော်ခဲ့သည် ။

နတ်ဘုံ၏ အုပ်ချုပ်သူ၊ အင်အားကြီးသော ကောင်းကင်ဘုံနတ်ဘုရားသည် သူ၏လူများကို ဦးဆောင်၍ ရန်သူကို ရင်ဆိုင်ရန်ထွက်ခွာသွားသော်လည်း ပြန်ရောက်မလာခဲ့တော့ပါ ။

ကောင်းကင်ဘုံနတ်ဘုရားမရှိတော့သည့်နောက် ဌာနလေးခုသည် တဖြည်းဖြည်း ယုတ်လျော့လာတော့သည် ။

နောက်ဆုံးမှာတော့ အဝတ်အစားဌာန၏ လက်ရွေးစင်စစ်တပ်ကို မြေအောက်နန်းတော်တွင် မြှုပ်နှံရန်ဆုံးဖြတ်ခဲ့ပြီး၊ တစ်နေ့တွင် ပြန်လည်နိုးထလာကာ ကောင်းကင်ဘုံနတ်ဘုရားနှင့်အတူ ကမ္ဘာအတွက် တိုက်ပွဲဝင်ရန် စောင့်ဆိုင်းနေသည် ။

“ဒါက ဒီဂိမ်းရဲ့နောက်ခံဇာတ်လမ်းလား ၊ အင်း ပလော့ကတော့ မဆိုးပါဘူး ၊ စတိုရီလိုင်းကောင်းတဲ့ ဂိမ်းမျိုးပဲ"

ကျိယွမ်က ဆက်လက်သုံးသပ်နေ၏ ။

“ဒါဆို တားမြစ်နယ်မြေလေးခုက ကောင်းကင်ဘုံရုံးတော်လေးခု ဖြစ်ရမယ် ။”

“ငါချရမဲ့ နောက်ဆုံး Bossက အခြားကမ္ဘာကလာတဲ့ ကျူးကျော်သူပေါ့။”

“ငါ့ရဲ့မစ်ရှင်ကတော့ အပြင်ကမ္ဘာကရောက်လာမဲ့ ကျူးကျော်သူတွေကို အနိုင်ယူဖို့၊ ကမ္ဘာကို ကာကွယ်ဖို့နဲ့ ကောင်းကင်ဘုံတာအိုဆုလာဘ်ကို ရယူဖို့လား” ။

ဂိမ်းသမားတစ်ယောက်က ဂိမ်းသမားလိုသာတွေးသည်။ထို့ကြောင့်ကျိယွမ်ကလည်း ထိုအတိုင်းသာတွေးခဲ့သည်။

နောက်ဆုံးတွင် ကျိယွမ်ကမှတ်ချက်ချလိုက်တော့သည် ။

"ဒီလောက်ဆို ငါသဘောပေါက်သွားပြီ ၊ ငါက ဌာနခေါင်းဆောင်သံချပ်ကာကိုဝတ်တဲ့သူဆိုတော့ ကမ္ဘာကြီးကို ကာကွယ်ပေးရမဲ့ သူရဲကောင်းတာဝန်ကို ယူရမယ်"

သို့သော်သူက ချက်ချင်း စိတ်ညစ်သွား၏ ။

“ကျင်းလီက သူ့ရဲ့တိုင်းပြည်လေးတစ်ခုကို စောင့်ရှောက်ရတာ ခက်တယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ ငါ့တာဝန်ကမှ တကယ်ကို ငရဲလိုခက်ခဲတာ”

သူဖတ်ရသော မှတ်တမ်းများအရဆိုလျှင် နတ်ဘုံသည် တိုင်းပြ​ည်ပေါင်းရာနှင့်ချီရှိသော ကမ္ဘာကို အုပ်ချုပ်ခဲ့သည်ဆို၏ ။ဆိုလိုသည်မှာ သူကတိုင်းပြည်ပေါင်း ရာနှင့်ချီ၍ ကာကွယ်ရမည်ဖြစ်သည် ။

ကျိယွမ်က သူ၏ဓါးကြီးကို မြှောက်ကာ ကြုံးဝါးလိုက်သည်။

“ကောင်းကင်ဘုံတာအိုအုတ်မြစ်အတွက် ငါတိုက်ကိုတိုက်ရမယ်”

“အခုဆိုရင် ငါက သတို့သမီးလေးရဲ့လူပဲကွ”

ဘာပဲပြောပြော သူမကြောင့် သူကအဆင့် ၅ ဆင့် တိုက်ရိုက်တက်သွားသည် ။ထို့အတူအခြားအကျိုးအမြတ်များလည်း ရခဲ့၏။

"ငါ တိုက်ကိုတိုက်ရမယ်"

........................

ထိုအချိန်မှာပင် ဝမ်ယုကုန်းမြေတိုက်ကြီး၏ နေရာအချို့တွင် တီးတိုးကောလာဟလများ ပေါ်ပေါက်လာသည် ။

----------

All Chapters