အန္တရာယ်ရှိသော အခြေအနေ
Vol. 3 Ch. 43
ကျိယွမ်သည် မြေအောက်နန်းဆောင်ထဲမှ ခေါင်းတလားတစ်ခုကို မှီကာအေးအေးလူလူရှိနေ၏။
ယနေ့ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အဖြစ်အပျက်များကို ကျငးလီနှင့် မျှဝေသင့်သည်ဟု ခံစားရသောကြောင့် သူကစာပို့လိုက်သည်။
"ကျင်းလီ၊ ငါ့မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခုရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်လဲ"
နန်းတော်ထဲတွင် ရုံးတော်စာရွက်စာတမ်းများဖြင့် ရုန်းကန်နေရသည့် ကျင်းလီသည် လင်လုံယွီရှီမှ တောက်ပသော အလင်းရောင်ကို တွေ့လိုက်ရသောအခါ သူမ၏နှုတ်ခမ်းလေးတွင် အပြုံးတစ်ခုပေါ်လာသည်။
နန်းကန်တိုင်းပြည်၏ အခက်အခဲများပင် ပျောက်ကွယ်သွားသလို ခံစားရသည်။
"သတင်းကောင်းကို အရင်နားထောင်မယ်"
"သတင်းကောင်းကတော့ ငါလက်ထပ်လိုက်ပြီ"
"လက်ထပ်လိုက်တယ်"
ကျင်းလီ၏ လက်ထဲမှာ လင်းလုံယွီရှီကျောက်ပြားမှာ လွတ်ကျမလိုဖြစ်သွားသည် ။ သူမ၏ပျော်ရွှင်နေသော ခံစားချက်များပျောက်ကွယ်သွားကာ ကြီးမားသောဆုံးရှုံးမှုကြီးကို ခံစားလိုက်ရသည်။ နန်းကန်တိုင်းပြည်ကို လက်လွှတ်လိုက်ရလျှင်ပင် ဤမျှဆိုးဝါးမည် မဟုတ်ပေ ။
သူမကတုန်ယင်သော လက်များဖြင့် လင်းလုံယွီရှီကျောက်ပြားကို တင်းတင်းဆုပ်ထားမိသည်။
"သတင်းဆိုးကတော့ ငါက လူမဟုတ်တဲ့ မင်္ဂလာဝတ်စုံကြီးကို လက်ထပ်လိုက်ရတာပဲ"
ကျင်းလီ အလွန်ရှုပ်ထွေးသွားခဲ့သည်။
ကျိယွမ်သည် ယနေ့သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ကျင်းလီအား အကြမ်းဖျင်း ပြောပြလိုက်၏။
အားလုံးကိုကြားပြီးသောအခါမှ ကျင်းလီမှာ စိတ်သက်သာရာရသွားရှာသည်။
"သတို့သမီးလေးနဲ့ဆိုရင် ငါဒီကောင်တွေကို သေချာပေါက် ပိုမြန်မြန် သတ်နိုင်ပြီ။ ရိကွမ်း တားမြစ်နယ်မြေကို ရှင်းဖို့ အချိန်အကြာကြီး မယူရတော့ဘူးလို့ ခန့်မှန်းရတာပဲ။ ဒါနဲ့ နင်ရဲ့အခြေအနေရော ဘယ်လိုရှိလဲ"
ကျင်းလီသည် ကျိယွမ်၏ စာကို ဖတ်ရင်း မျက်မှောင်ကြုတ်သွားမိသည်။ သူမ၏စိတ်သည် အနည်းငယ်ပြန်ကြည်လင်နေသောစိတ်က ပြန်၍ညှိုးငယ် သွားရသည်။
ဧကရာဇ်မင်းမြတ် ကွယ်လွန်ပြီးနောက် တော်ဝင်မျိုးနွယ်ဝင်အားလုံးကို သတ်ဖြတ်ခဲ့ရာ ကျင်းလီတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ နန်းကန်နိုင်ငံတစ်ခုလုံးသည် စစ်မာတျန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု ဆိုနိုင်၏။
သို့သော်လည်း စစ်မာတျန်းသည် ထီးနန်းကိုတိုက်ရိုက်မလုယူသေးပေ။အကြောင်းမှာ ကိစ္စကြီးနှစ်ခုကို သူစိုးရိမ်သောကြောင့်ဖြစ်သည်။
ပထမတစ်ခုက ထီးနန်းကိုအင်အားသုံး၍ လုယူလိုက်လျှင် သူ၏အုပ်ချုပ်မှုက တရားဝင်ဖြစ်ရန်ပို၍ ခက်ခဲသွားနိုင်ခြင်းပင် ။
ဒုတိယတစ်ခုက ရှေ့တန်းစစ်မြေပြင်တွင်တပ်များကိုအုပ်ချုပ်နေသော တော်ဝင်ဗိုလ်ချုပ်ကြီး ထျန်းချီ နှင့် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းတို့ဖြစ်သည်။
ထိုအကြောင်းများကြောင့် စစ်မာတျန်းက ရာဇပုလင်ကို အတင်းအကျပ်ယူရန် တွန့်ဆုတ်နေခဲ့ခြင်းဖြစ်၏။
နန်းဖန်တိုင်းပြည်၏ မင်းဆရာနှင့်စီးချင်းထိုးပွဲသည်လည်း စစ်မာတျန်း၏ ကာလရှည်စီမံခဲ့သော ကြံစည်မှုတစ်ခုပင်ဖြစ်သည်။
သို့သော် ကျိယွမ်၏ပရောဂကြောင့် ဒေါ်လေးချင်သည် အင်ပါယာအဆင့်သို့ရောက်သွားပြီး စစ်မာတျန်း၏ ကာလရှည် ကြံစည်မှုလည်း ပျက်ပြားသွားခဲ့သည်။
မည်သို့ဖြစ်ပါစေ လက်ရှိကျင်းလီ ထိန်းချုပ်ထားနိုင်သည့် အာဏာသည် စစ်မျာတျန်းနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါး၏။ထိုသို့ဖြစ်ရခြင်းမှာ အဆန်းတော့မဟုတ်ပါ ၊ယခင် ဧကရာဇ်မင်းမြတ် အသက်ရှင်စဉ်ကပင် ဧကရာဇ်သည် စစ်မာတျန်း၏ ရုပ်သေးတစ်ခုသာဖြစ်ခဲ့သည် မဟုတ်ပါလား။
ကျင်းလီ၏ နန်းတက်ခြင်းသည် နာမည်ခံသက်သက်သာဖြစ်ပြီး ဌာနကြီးခြောက်ခုအနက် လီပု၏ ပညာရှိကြီးကုန်းချီတစ်ဦးတည်းသာ စစ်မာတျန်း၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။
လက်တွေ့တွင် ကျင်းလီတကယ်တမ်း အမိန့်ပေးနိုင်သည့် တစ်ခုတည်းသောအင်အားစုမှာ ဧကရာဇ်အဆင့်ကျွမ်းကျင်သူ ဒေါ်လေးချင်နှင့် တော်ဝင်အစောင့်တပ်သား နှစ်ထောင်သာ ရှိသည်။
ထိုအင်အားလောက်ဖြင့် စစ်မာတျန်းကို ရှင်းပစ်ရန်မှာ မလွယ်ကူသေးပေ ။ မအောင်မြင်ခဲ့လျှင် စစ်မာတျန်းအား တရားဝင်ပုန်ကန်ခွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည့်အခြေအနေကလည်း ရှိနေသည် ။
စစ်မာတျန်း၏ အကြီးဆုံးသားဖြစ်သော စစ်မာယုကလည်း ကျင်းလီအတွက် ခေါင်းကိုက်စရာတစ်ခုဖြစ်သည်။
စစ်မာယုသည် စစ်မာတျန်းထက်ပင်ရည်မှန်းချက်ကြီးကာ ရက်စက်ယုတ်မာ၏။ဖခင်ဖြစ်သူစစ်မာတျန်းက စည်းဘောင်များအတွင်းမှလုပ်ဆောင်တတ်သော်လည်း စစ်မာယုက စည်းလွတ်ဘောင်လွတ်လုပ်တတ်သော စရိုက်ရှိသည်။
"ငါ့ရဲ့အခြေအနေက အခုထိ ခက်ခဲနေတုန်းပဲ။ ငါထိန်းချုပ်နိုင်တဲ့ အင်အားစု အရမ်းနည်းနေတယ်"
ကျင်းလီ သက်ပြင်းချလိုက်၏။
ရွှမ်းဟွမ်တားမြစ်နယ်မြေသည် သူမ၏ လက်အောက်ခံများကို လျင်မြန်စွာ ခွန်အားတိုးမြှင့်ပေးနိုင်သော်လည်း ကျင်းလီအတွက် အခြေအနေကို အမြန်ဆုံးပြောင်းလဲနိုင်ရန် အချိန်က မလုံလောက်ပေ။
စစ်မာတျန်း ကြိုတင်ကြံစည်ထားသောအစီအစဥ်များက ထောင့်စေ့ပြီး မည်သည့်အချိန်၌ မည်သို့တိုက်ခိုက်လာမည်ကို မှန်းဆရခက်၏။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ပိုမိုစုဆောင်းရန် သူမအတွက် အချိန်များစွာလိုအပ်နေသေးသည်။
နန်းကန်တိုင်းပြည်တွင် ဒေါ်လေးချင်အပြင် ဧကရာဇ်အဆင့်ကျွမ်းကျင်သူ သုံးဦးသာ ရှိသည်ဟု လူသိများသည်။
စစ်မာတျန်း၏လက်အောက်တွင် နှစ်ဦးရှိနေပြီး နောက်ကွယ်တွင် အရေအတွက် မည်မျှရှိသည်ကို မည်သူမျှ မသိရပေ။
ထို့အပြင် ပြိုင်ပွဲပြီးကတည်းက ကျင်းလီနှင့်သူမ၏လူများကို စစ်မာတျန်းက မကြာခဏစောင့်ကြည့်နေတတ်သဖြင့် ရွှမ်းဟွမ်တားမြစ်နယ်မြေဘက်သို့ ခြေဦးလှည့်ရန်ပိုခက်ခဲသွားသည်။စစ်မာတျန်းသာ ရွှမ်းဟွမ်းတားမြစ်နယ်မြေအကြောင်း သိသွားခဲ့လျှင် သူမဘဝက လုံးဝပြီးဆုံးသွားမှာ သေချာသည်။
"နင့်ရဲ့အခြေအနေက ဟန်မင်းဆက်က ရှန်းဧကရာဇ်ထက်တောင် ပိုဆိုးနေပါလား"
ကျိယွမ်က စိတ်မသက်မသာဖြင့် မှတ်ချက်ပေးလိုက်၏။
အနည်းဆုံးတော့ ရှန်းဧကရာဇ်ခေတ်က လူများနှင့် မှူးမတ်များသည် လျူတော်ဝင်မိသားစု၏ တရားဝင်မှုကို အပေါ်ယံတွင် အသိအမှတ်ပြုထားသေးသည်။ ကျင်းလီ၏ အခြေအနေက ထို့ထက်အဆများစွာပိုဆိုးနေသည်။
သူမသည် ရုပ်သေးသပ်သပ်သာ ဖြစ်သည်။ စစ်မာတျန်း၏ အာဏာကို ခြိမ်းခြောက်နိုင်သည့် အရိပ်လက္ခဏာတစ်ခုခုကို သူမထံတွင်တွေ့ပါက စစ်မာတျန်းက အင်အားသုံး၍ သူမကို ချက်ချင်းဖယ်ရှားပစ်မှာ သေချာသည်။
"ရှင်ရော ဘယ်လိုရှိလဲ ၊ ရှင့်ရဲ့ မစ်ရှင်ကရောဘယ်လိုဖြစ်နေပြီလဲ"
ကျင်းလီက ကျိယွမ်ပြောနေကျအတိုင်း အချို့စကားလုံးများကို လိုက်လျောညီထွေ သုံးတတ်လာပြီဖြစ်သည်။
"ငါ တားမြစ်နယ်မြေသခင်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူကတော်တော်ကြီးကို အစွမ်းထက်တယ်၊ ကောင်းကင်ဘုံနတ်မင်းတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးထင်တယ်"
"ကောင်းကင်ဘုံနတ်မင်းလား"
ကျင်းလီသည် ထိန်းမထားနိုင်လောက်အောင် အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
"ဒဏ္ဍာရီထဲက ကောင်းကင်ဘုံနတ်မင်းလား"
"အဲဒါတော့ ငါမသိဘူး"
ကျိယွမ် ပြန်ဖြေလိုက်၏။
သူကမြေအောက်နန်းဆောင်ရှိ မှတ်တမ်းများကိုသာ တွေ့ဖူးပြီး ထိုပုဂ္ဂိုလ်သည်ဒဏ္ဍာရီထဲမှ ကောင်းကင်ဘုံနတ်မင်း ဟုတ်မဟုတ် မသေချာပေ။
"ဒါဆို… ဂရုစိုက်ပါ။ ငါတို့ လူချင်းတွေ့ကြဖို့ ရှိသေးတယ်ဆိုတာ မမေ့နဲ့"
ကျင်းလီ စိတ်ပူစွာ ပြောလိုက်သည်။
ကျိယွမ်သည် ပုခုံးတွန့်ပြလိုက်၏။
"ကံမကောင်းတာက ငါကအခုတားမြစ်နယ်မြေနှစ်ခုကလွဲရင် အပြင်ထွက်လို့မရတာပဲ၊ မဟုတ်ရင် စစ်မာတျန်းဆီ တိုက်ရိုက်သွားပြီး တစ်ခါတည်းသတ်ပေးခဲ့ပါတယ် ၊ ဒါပေမဲ့ ငါကူညီလိုက်ရင် နင်မစ်ရှင်ကနေရမဲ့ ဆုလာဘ်တွေက အဆင့်နိမ့်သွားနိုင်တယ်"
လက်ရှိတွင် ကျိယွမ်သည် ရွှမ်းဟွမ် တားမြစ်နယ်မြေနှင့် ရိကွမ်းတားမြစ်နယ်မြေတို့ကိုသာ ဖွင့်လှစ်နိုင်သေးသည်။ ရိကွမ်း တားမြစ်နယ်မြေကို ရှင်းလင်းနိုင်မှသာ အခြားနယ်မြေတစ်ခု ဖွင့်နိုင်လိမ့်မည်ဟု သူ ခန့်မှန်းထား၏။
သူကသာ တားမြစ်နယ်မြေအားလုံးကို ရှင်းလင်းနိုင်ခဲ့လျှင် အခြားမြေပုံများ ထပ်ပွင့်လာနိုင်ပြီး စိတ်ထင်သလိုသွားလာနိုင်လိမ့်မည် ။
ကျိယွမ်သည် တစ်နှစ်နီးပါး အွန်လိုင်းမှ စကားပြောခဲ့သည့် ဤမိန်းကလေး မည်သို့မည်ပုံရှိသည်ကိုလည်း သိချင်နေသည်။ ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိလျှင် အကောင်းဆုံးဖြစ်မည်၊သို့သော် သာမန်ရုပ်ရည်ဆိုလျှင်လည်း သူလက်ခံနိုင်၏။
သူမ၏ ပါရမီသည် ထူးခြားမှုမရှိသော်လည်း ကျိယွမ်က သူမနှင့် စကားပြောရသည်ကို အလွန်နှစ်သက်သည်။ သူမသည် တော်ဝင်မျိုးဆက်တစ်ယောက်၏ မာန သို့မဟုတ် ဟန်ဆောင်ပြောဆိုခြင်းမျိုး မည်သည့်အခါကမှ မပြခဲ့ပေ။
ထို့ကြောင့် သူမသည် ကျိယွမ်အတွက် အံ့ဖွယ်ကောင်းသော ရင်ဖွင့်ဖော်တစ်ဦး ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏ အတက်အကျများကို တိတ်ဆိတ်စွာ အဖော်ပြုပေးနိုင်သည့် ဤကဲ့သို့သောသူနှင့် ဆုံတွေ့ရခြင်းသည် အချိန်ကို အေးချမ်းသာယာစွာ ကုန်ဆုံးစေပြီး တန်ဖိုးရှိစေသည်ဟု သူခံစားရသည်မဟုတ်ပါလား။
"နင်ရဲ့အလုပ်တွေကိုသာ အာရုံစိုက်ပါ။ တစ်ခုခုဖြစ်ရင် ငါ့ကိုအသိပေး"
ထိုစကားစုမှ နွေးထွေးမှုခံစားလိုက်ရသော ကျင်းလီ ကြည်နူးသွားလေသည်။
"ရှင်လည်းအတူတူပဲ နော်၊ ဂရုစိုက် ၊ ငါက အများကြီး မကူညီနိုင်ဘူးဆိုပေမဲ့ အကူအညီလိုရင် ပြောပါ"
မွေးဖွားလာချိန်ကတည်းက ကျင်းလီသည် မိသားစု၏ ချစ်ခင်မှု ၊နွေးထွေးမှုနှင့် စစ်မှန်သော မေတ္တာကို တစ်ခါမှမရရှိခဲ့ပါ။
သူမ၏ဖခင်ဧကရာဇ်မင်းကြီးသည် အမြဲလိုလို အရက်မူးနေပြီး မည်သူကိုမှ မကြင်နာတက်သော ခန့်မှန်းရခက်သည့် ပုံစံမျိုးဖြစ်သည်။ သူမ၏ မိခင်ကိုလည်း တစ်ကြိမ်မှ မတွေ့ခဲ့ဖူးပါ။ ဒေါ်လေးချင်သည် သူမကို ကြင်နာပေးခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ပြီး ယခုတော့ သူမ၏ဘဝ၌ ကျိယွမ် ထပ်တိုးလာခဲ့သည်။
"ရိကွမ်း တားမြစ်နယ်မြေနဲ့ ပတ်သက်ပြီး နင်ပေးတဲ့ အချက်အလက်တွေက အရမ်းအကူအညီဖြစ်ခဲ့တယ်။ ဒါပေမဲ့ ငါကတော့မင်းကို အခုလိုအခြေအနေမျိုးမှာတောင် မကူညီနိုင်ဘူး"
ကျိယွမ်သည် စာအနည်းငယ်ထပ်ပို့ကာ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
သူက ခေါင်းတလားနားမှ ထွက်ခွာခါနီးတွင် သူ၏ရှေ့မှ မြေမြှုပ်ထားသော သံချပ်ကာစစ်တပ်ကြီးကို ကြည့်မိလိုက်ရာ အကြံတစ်ခု ရလာသည်။
"ရိကွမ်းတားမြစ်နယ်မြေကို ငါထိန်းချုပ်လိုက်ပြီဆိုရင် ဒီစစ်သည်တွေက ငါ့ပိုင်ဆိုင်မှု ဖြစ်လာရမှာပဲ၊ ဟုတ်တယ်မလား"
ထိုစစ်သည်များသည် တစ်ဦးချင်းအနေဖြင့် ခွန်အားမကြီးမားသော်လည်း ၎င်းတို့၏ ပေါင်းစပ်ခွန်အားကို အသုံးပြုလိုက်လျှင်တော့ မယုံနိုင်လောက်စရာ အောင်မြင်မှုကြီးကို သိမ်းပိုက်နိုင်မှာ သေချာလှသည် ။
....................
နန်းတော်တမျှခမ်းနားလှသော အမတ်ချုပ်အိမ်တော်ကြီးတွင် စစ်မာတျန်းသည် ထိုင်ခုံမြင့်ပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် သစ်ကြားသီးတစ်လုံးကို လှိမ့်နေရင်းမှ စဉ်းစားခန်းဝင်နေ၏။
သူ၏ သားအကြီးဆုံး စစ်မာယုသည် ကြမ်းတမ်းသောရုပ်ရည်ရှိသည်။
"အဖေ ၊ ကျွန်တော်တို့ ပုန်ကန်ကြတာ အကောင်းဆုံးပဲ ။ ဒါက အရမ်းကြာပြီး ငြီးငွေ့စရာဖြစ်နေပြီ"
စစ်မာတျန်သည် မျက်နှာအမူအရာ မပြောင်းဘဲ သူ၏သားကို ကြည့်လိုက်၏။
"မင်း သွားလို့ရပြီ။ ငါ့မှာ မင်းရဲ့ဦးလေးဝမ်နဲ့ ဆွေးနွေးစရာတွေ ရှိတယ်"
သူ၏သားသည် သူ့၏စရိုက်နှင့် အနည်းငယ်သာ ဆင်တူသည်ကို စစ်မာတျန်း သဘောမကျပေ ။ စစ်မာယု၏မိခင်ကသာ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းနှင့် မသက်ဆိုင်ခဲ့ပါက...စစ်မာတျန်းစိတ်ပျက်သလို ခေါင်းခါမိ၏။
စစ်မာယု ထွက်သွားပြီးနောက် စီမာတင်းသည် သူ့ဘေးနားရှိ ပညာရှိဝတ်စုံဝတ်ထားသော အမျိုးသားကို လှည့်ကြည့်လိုက်၏။
"အစ်ကိုဝမ်၊ ချင်သခင်မ ဧကရာဇ်အဆင့်ကို ဘာကြောင့် ရောက်သွားတာလဲဆိုတာ စုံစမ်းလို့ရပြီလား။ ကျင်းဧကရီရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်များ ရှိနေသလား"
ပညာရှိဝတ်စုံဝတ်ထားသူ ဝမ်ကျုံးယုံသည် စစ်မာတျန်း အားကိုးရသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ တိန့်ယန် အထွတ်အမြတ်ဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်သည့် ဝမ်ကျုံးယုံသည် ကျိန်စာပညာရပ်များကို အထူးကျွမ်းကျင်၏။
တိန့်ယွင်ကျောက်စိမ်းတံဆိပ်တော်၏ အကာအကွယ်ရှိနေသော နောက်ဆုံးဧကရာဇ်ပင် ဝမ်ကျုံးယုံ၏ ကျိန်စာကို မခုခံနိုင်ခဲ့ပေ။ ထိုအရာကပင် သူ၏ အစွမ်းထက်မြက်မှုကို သက်သေပြသည့်အလား ရှိနေသည်။
------