← Chapters

ထာဝရအမြဲစိမ်း အင်မော်တယ်လိပ်

Vol. 3 Ch. 44

ထာဝရအမြဲစိမ်း အင်မော်တယ်လိပ်

Vol. 3 Ch. 44

ဝမ်ကျုံးယုံသည် သာမန်လူများထက် အရပ်အနည်းငယ်ပု၏ ။

"ငါတို့ရဲ့ အတွင်းလူတွေပြောပုံအရ ဒီကိစ္စဟာ လူတစ်ယောက်နဲ့ ပတ်သက်နေနိုင်တယ် ။ မနှစ်တုန်းက ဧကရီဟာ နန်းတော်ဘဏ္ဍာတိုက်ကနေ လင်လုံယွီရှီလို့ခေါ်တဲ့ ရတနာတစ်ပါးကို ယူသွားခဲ့တယ်တဲ့"

"ဒီရတနာလား"

အမတ်ချုပ်ကြီး အံ့အားသင့်သွားသည်။

ထိုရတနာအကြောင်းကို သူသိပါသည်။

ထိုအရာသည် မူလက နှစ်ခုအစုံတွဲ ဖြစ်ပြီး ၎င်းအား ကိုင်ဆောင်ထားသူ နှစ်ဦးကို တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်အောင် ပြုလုပ်ပေးသည်။ သို့သော် ပြဿနာက ထိုလူနှစ်ယောက်တည်းသာ ဆက်သွယ်နိုင်ပြီး အခြားသူများနှင့် မဆက်သွယ်နိုင်ချေ။ သတင်းပို့အဆောင်များလောက်ပင် အသုံးမဝင်သော ရတနာတစ်ခုဖြစ်သည်။

"အတွင်းသတင်းတွေအရ ဧကရီက လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးနဲ့ လင်လုံယွီရှီ ကနေတစ်ဆင့် ဆက်သွယ်နေခဲ့တာ ။ ချင်သခင်မ ဧကရာဇ်အဆင့်ကိုချိုးဖြတ်သွားနိုင်တာ ဒီလူကြောင့် ဖြစ်နိုင်တယ်"

ဝမ်ကျုံးယုံက သူ့၏ယူဆချက်ကိုထုတ်ဖော်လိုက်သည် ။

စစ်မာတျန်း၏ နဖူးမှာ ပိုမိုတွန့်လိမ်သွားပြီး ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

နန်းတွင်းအပျိုတော်အများစုသည် စစ်မာတျန်း၏လူများ ဖြစ်သောကြောင့် သတင်းအချက်အလက်များကို ရရှိရန်မှာ အလွန် လွယ်ကူသည် ။

"သူတို့က ငါ့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးရဲတယ်ပေါ့ ၊ ဒီလူကို ဖော်ထုတ်နိုင်ခဲ့ပြီလား"

ဝမ်ကျုံးယုံက ခေါင်းခါလိုက်သည် ။

"လင်လုံယွီရှီရဲ့ ကျန်တဲ့တစ်ခြမ်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက ပျောက်ဆုံးသွားခဲ့တာလေ အခုချိန်ဘယ်သူ့လက်ထဲရောက်နေလဲ သိဖို့မလွယ်ဘူး ။"

"ဒါဆို အဲဒီကောင်က ဘယ်သူဘယ်ဝါဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းလို့ရလား"

စစ်မာတျန်းက ဖြစ်နိုင်ချေရှိသော အခြေအနေကို ထောက်ပြလိုက်၏ ။

"ချင်သခင်မကို ဧကရာဇ်အဆင့်ရောက်အောင် ကူညီနိုင်တယ်ဆိုတော့ ဒီလူက ဘယ်နည်းနဲ့မှ သာမန်လူမဟုတ်နိုင်ဘူး"

စစ်မျာတျန်း၌ ရန်သူများစွာ ရှိသည် ။

တိန့်ယန်​အထွတ်အမြတ်ဂိုဏ်းထဲမှာ သူ၏ ရန်ဘက်များ ရှိလေသည် ။ ယခုအခါ တစ်စုံတစ်ယောက်သည် ဧကရီကျင်းလီကို ကူညီပြီး သူ့ကို ဒုက္ခရောက်ရန်ကြံစည်နေခြင်းမှာ သူ့ကိုဖြစ်စေ၊တိန့်ယန်အထွတ်အမြတ်ဂိုဏ်းကိုဖြစ်စေ တစ်ခုခုကိုပစ်မှတ်ထားခြင်း ဖြစ်နိုင်သည် ။

တိန့်ယန်အထွတ်အမြတ်ဂိုဏ်းသည် လူသားမျိုးနွယ်၏ ထိပ်တန်းဂိုဏ်းကြီးဖြစ်ပြီး လူသားတိုင်းပြည်ဆယ်ခုကျော်က သန့်ရှင်းသော နယ်မြေတစ်ခုအဖြစ် လေးစားကြည်ညိုကြသည် ။ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး ထိုဂိုဏ်းသည် လူသားများ၏ကံကြမ္မာကို စောင့်ရှောက်ပေးကာ နတ်ဆိုးမျိုးနွယ်မှ ကြီးမားသောနတ်ဆိုးများကိုလည်း တားဆီးပေးသည် ။

အစဥ်သဖြင့် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းသည် လူသားများနှင့်ဆက်ဆံခြင်းမရှိခဲ့ဘဲ ကောင်းကင်ဘုံသားများကဲ့သို့ ခွဲခြားနေထိုင်ခဲ့သည် ။ သို့သော် မကြာသေးမီနှစ်များအတွင်း ၎င်းတို့သည် လောကီနန်းတွင်းရေးကိစ္စများတွင် စတင်ဝင်ရောက်စွက်ဖက်လာသည် ။

စစ်မာတျန်းမှာလည်း တိန့်ယန်အထွတ်အမြတ်ဂိုဏ်းကြီး၏ လက်အောက်ခံတစ်ယောက်ဟု သတ်မှတ်နိုင်သည် ။နန်းကန်တိုင်းပြည်ကိုသာ မကဘဲ အခြားတိုင်းပြည်များကိုလည်း ထိုဂိုဏ်းက တဖြည်းဖြည်း ဝါးမျိုလျက် ရှိသည် ။

သို့သော် လူသားမျိုးနွယ်တွင် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းအပြင် အခြားဂိုဏ်းများစွာ ရှိပြီး ၎င်းတို့ထဲမှ အများအပြားသည် တိန့်ယန်ဂိုဏ်းကို ခုခံရန် ပေါင်းစည်းထားကြရသည် ။

စစ်မာတျန်း၏အမြင်အရ လင်လုံယွီရှီနောက်ကွယ်မှလူသည် တိန့်ယျန်အထွတ်အမြတ်ဂိုဏ်းကို ဆန့်ကျင်သည့် အစွမ်းထက်သူတစ်ဦး ဖြစ်နိုင်သည် ။

သို့သော် သူ့စိတ်ထဲသို့ အခြားအတွေးတစ်ခု က ဝင်လာသည် ။

"နတ်ဆိုးမျိုးနွယ် ဖြစ်နိုင်မလား"

သူ စိုးရိမ်မိသည်က အကြောင်းရှိလေသည်။

လွန်ခဲ့သောနှစ်များက သူသည် အာဏာရလာစေရန် အစွမ်းထက်နတ်ဆိုးတစ်ပါးနှင့် ပူးပေါင်းခဲ့သည် ။ ထို့နောက် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းနှင့် ပူးပေါင်းပြီးနောက် ထိုနတ်ဆိုးနှင့် သူ၏ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သည် ။

ယခုကိစ္စသည် ထိုနတ်ဆိုးနှင့်လည်း ပတ်သက်နေနိုင်၏ ။

"သူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာက အရေးမကြီးပါဘူး"

ဝမ်ကျုံးယုံက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည် ။

"အမတ်ချုပ်ကြီးရဲ့အစီအစဉ်နဲ့ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းရဲ့အစီအမံတွေကို ဖျက်ဆီးဖို့ကြံနေတယ်ဆိုရင် သူဟာ ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်ဖြစ်နေရင်တောင် သေရမှာပါပဲ"

"အစ်ကိုဝမ်မှာ အစီအစဉ်ရှိနေလား…"

စစ်မာတျန်း ပျော်ရွှင်သွားသည် ။

"ဟုတ်တယ်၊ သူ့နာမည်ကို ငါသိတယ် ၊ကျိယန် တဲ့။ လင်လုံယွီရှီနဲ့ပေါင်းပြီး သူ့ကို ကျိန်စာနဲ့သတ်နိုင်တယ် ။ နာမည်အလွဲ ဖြစ်နေရင်တောင်မှ ငါ့ရဲ့ကျိန်စာပညာက အလုပ်ဖြစ်မှာပါ"

စစ်မာတျန်းက အနည်းငယ် စိတ်ပူနေဆဲရှိလေသည် ။ "

သူက ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

ဝမ်ကျုံးယုံသည် ဝါးပေတံတစ်ချောင်းကို ထုတ်ယူလိုက်၏။

"ဒါကတိုင်းပြည်အုပ်စိုးပေတံပဲ။ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းက ဂိုဏ်းအရှင်သခင်ကိုယ်တိုင် ချီးမြှင့်ထားတာ ။ ဒီထဲမှာ ဂိုဏ်းသခင်ရဲ့ပြိုင်ဘက်ကင်းကျင့်ကြံခြင်းအရှိန်အဝါတွေ ရှိနေလို့ ဒီတစ်ခုနဲ့ဆိုရင် ပြိုင်ဘက်ကင်း ဧကရာဇ်အဆင့်ကိုတောင် သေချာပေါက် ကျိန်စာနဲ့သတ်နိုင်တယ် ။"

ထိုပေတံကို တိန့်ယန်ဂိုဏ်းအရှင်သခင်ကိုယ်တိုင်ပေးခဲ့ခြင်း ဖြစ်သည် ။သို့သော် ဝမ်ကျုံးယုံတစ်ဦးတည်းကို ပေးခြင်းမဟုတ်ပါ ။ သူ၏နောက်လိုက်တော်တော်များများကို ပေးခဲ့ခြင်းဖြစ်ပြီး ထိုနောက်လိုက်များကလည်း ဝမ်ကျုံးယုံနည်းတူ အခြားတိုင်းပြည်အသီးသီးသို့ ဝင်ရောက်ကာ ကံကြမ္မာကို စုဆောင်းခဲ့ကြသည် ။

"ဒါပေမဲ့ သူက ဧကရီနဲ့စကားပြောချင်လို့ ဟန်ဆောင်နေတဲ့ သာမန်လူတစ်ယောက်ဆိုရင်ရော၊ ဘယ်လိုဖြစ်မလဲ"

စစ်မာတျန်းက စေ့စပ်သူဖြစ်သောကြောင့် ဖြစ်လာနိုင်သော အခြေအနေအားလုံးကို သုံးသပ်နေသည် ။

"အဲဒါဆို ကျိန်စာက ငါ့ကိုရော သူ့ကိုပါ အန္တရာယ်မပြုနိုင်ဘူး။ အချိန်ကုန်တာပဲ ရှိမယ် ။ ဒါပေမဲ့ ဒါက တခြားသူတွေကို သတိပေးသလိုတော့ ဖြစ်သွားလိမ့်မယ် ။ ကျိန်စာတိုက်ဖို့အတွက် ရှေးဟောင်းကျောက်စိမ်းကို သွားယူလိုက်ဦးမယ် ။ ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်ဖြစ်နေရင်တောင် ဒီကျိန်စာကြောင့် သေခြင်းတရားကနေမလွတ်နိုင်ပါဘူး"

ဝမ်ကျုံးယုံက ယုံကြည်မှုအပြည့်ဖြင့် အာမခံလေသည် ။

"ကျေးဇူးပါ ဆရာ"

စစ်မာတျန်းက ဖြစ်ပေါ်လာမည့် ရလဒ်ကို စိတ်အားထက်သန်နေသည် ။

ထိုကျိယွမ်ဆိုသူသည် သူတစ်ချိန်က သူလက်တွဲခဲ့သည့် နတ်ဆိုးဖြစ်နေမည်ဟု သူ ထင်နေသည် ။ မဟုတ်ခဲ့လျှင်လည်း အလွတ်မပေးနိုင်ပါ ။ ကျိယွမ်သည် ဧကရီကျင်းလီ ကို ကူညီပြီး သူ့ကိုဆန့်ကျင်သောကြောင့် သေရမည်သာဖြစ်သည်။

..............

လူသားမျိုးနွယ်၏ သန့်ရှင်းသော နယ်မြေတစ်ခုဖြစ်သည့် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းရှိရာ တောင်ကြီးသည် ဝမ်ယုကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အပေါ်စီးမှ မြင်ရလောက်အောင် မြင့်မားစွာ တည်ရှိသည် ။

သာမန်ရုပ်ရည်ရှိသော လူငယ်တစ်ဦးသည် ပျော်စံအိမ်တစ်လုံးမှ ထွက်လာပြီး ပေါ့ပေါ့ပါးပါးနှင့် စိတ်အေးလက်အေး ပုံပေါက်နေသည် ။

"ဖုန်မှုန့်တွေနဲ့ ခရီးသွားရတာထက် အလှအပတွေနဲ့ ခရီးသွားတာက ပိုကောင်းတယ်"

သူက ရွှင်မြူးစွာ တွေးလိုက်သည် ။

ထိုလူငယ်၏ ရိုးရှင်းသောရုပ်ရည်ကြောင့် လမ်းပေါ်တွင်လျှောက်သွားနေသည့်တိုင်း လူအများက သတိထားမိမည် မဟုတ်ပါ။

သို့သော် ထိုလူငယ်သည် မည်သူဖြစ်သနည်းဆိုတာကိုသာ သိလိုက်ရပါက ကုန်းမြေတိုက်ကြီးမှ လူတိုင်းကို အံ့အားသင့်စေမည်မှာ သေချာ၏ ။

ထိုသူသည် အခြားသူမဟုတ်ပါ ။ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းကြီး၏ ဂိုဏ်းအရှင်သခင်ပင် ဖြစ်သည်။

"နှစ်သုံးထောင်ကြာမှ တိန့်ယန်တောင်အပြင်ကို မိုင်သုံးရာအထိ ထွက်လာနိုင်တာ၊ မဆိုးပါဘူး"

ဂိုဏ်းအရှင်က ကျေနပ်စွာတွေးလိုက်သည် ။

လွန်ခဲ့သော နှစ်သုံးထောင်ခန့်က သွေးတစ်စက်ကို သူရရှိခဲ့သည်။ထိုသွေးစက်က သူ့၏ဉာဏ်ရည်ကို နိုးကြားစေခဲ့​ပြီး ကုန်းလိပ်ကြီးတစ်ကောင်မှ ထာဝရအသက်ရှိသည့် လူသားပုံစံသို့ ပြောင်းလဲပေးခဲ့သည် ။ သွေးစက်က သူ့ကို လျှို့ဝှက်နည်းစနစ်များနှင့် အသိပညာများစွာပေးခဲ့သည်။ သို့သော် အဖိုးအခအဖြင့် သူက တိန့်ယန်ဂိုဏ်း၏အပြင်သို့ ထွက်၍မရဖြစ်ခဲ့သည်။

တိရိစ္ဆာန်တစ်ကောင်မှနိုးထလာသူဖြစ်သောကြောင့် သူ၏ပါရမီကညံ့ဖျင်းခဲ့သည်။ထို့ကြောင့် နှစ်ပေါင်းများစွာကြာသည်အထိတိလျှို့ဝှက်စွာကျင့်ကြံခဲ့ရပြီး တိုးတက်မှုနှုန်းကလည်းအလွန်နှေးကွေး၏ ။ ဧကရာဇ်အဆင့်သို့ ရောက်ရန် နှစ်ငါးရာကြာခဲ့ပြီး ပြိုင်ဘက်ကင်း မဟာဧကရာဇ်ဖြစ်လာရန် နောက်ထပ် နှစ်ပေါင်း တစ်ထောင့်ငါးရာအချိန်ယူခဲ့ရသည် ။

လွန်ခဲ့သော နှစ်နှစ်ဆယ်တွင် သူသည် ဒဏ္ဍာရီလာ နတ်ဘုံအဆင့်ကို ရောက်ခဲ့သည် ။

သူ့၏ပါရမီကညံ့ဖျင်းသော်လည်း ထာဝရရှင်သန်နိုင်သည့်စွမ်းရည်က ထူးခြားလှသည် ။ဤသို့ဖြင့် သူသည် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းကို တည်ထောင်ပြီး ဂိုဏ်းအရှင်သခင်ဖြစ်လာ၏ ။ဂိုဏ်း၏အကြီးအကဲများသာ တစ်ယောက်ပြီးတစ်ယောက်အိုမင်းကာသေဆုံးသွားခဲ့သော်လည်း သူကတော့အမြဲတမ်းရှင်သန်နိုင်ခဲ့သည်။သို့သော် မည်သူကမျှ သူ့အားလူသားအသွင်ပြောင်းထားသော ကုန်းလိပ်ကြီးတစ်ကောင်ဟု မသိခဲ့ကြပေ။

အေးအေးလူလူလမ်းလျှောက်လာရင်းမှ ဂိုဏ်းအရှင်သခင် တွေးမိသွားသည်။

ထာဝရအသက်သွေး၏ လျှို့ဝှက်နည်းစနစ်များအရ စစ်ပွဲများကိုလှုံ့ဆော်ခြင်းက သူတိုးတက်ရန်အတွက် လိုအပ်နေသော သွေးနှင့်ချီကို ပေးသည် ။

လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်များသည် သဘာဝရန်သူများဖြစ်ကာ အချိန်ပြည့်တိုက်ခိုက်ရန် အသင့်ဖြစ်နေကြ၏။ ထို့ကြောင့် နောက်ကွယ်မှနေ၍ ၎င်းတို့ကို ကြိုးကိုင်ရန်မှာ သူ့အတွက် အလွန်လွယ်ကူသည် ။

သို့သော် ထိုနည်းလမ်းက သူ့ကိုတိုးတက်စေနိုင်သော်လည်း အလွန်နှေးကွေးလွန်သည်ဟု သူခံစားရသည်။ ထို့ကြောင့် ပိုမိုပြင်းထန်သော နည်းလမ်းကို ရှာဖွေခဲ့လေသည် ။

နောက်ဆုံးတွင် အစွမ်းအထက်ဆုံးနှင့် အဆိုးရွားဆုံး နည်းစနစ်ကို သူဖန်တီးနိုင်ခဲ့သည်။

တိုင်းပြည်ကံကြမ္မာ သွေးယဇ်ပူဇော်မှု ဖြစ်သည် ။ထို့ကြောင့်ပင် သူကတိုင်းပြည်အုပ်စိုးပေတံနှင့်အတူ လက်အောက်ငယ်သားများကို တိုင်းပြည်အသီးသီးသို့ စေလွှတ်ကာ ကံကြမ္မာများကို စုပ်ယူခိုင်းခဲ့၏ ။

သူ၏ကျင့်စဥ် ပြီးမြောက်ကာ ဝမ်ယုကုန်းမြေကြီး၏ စစ်မှန်သောအုပ်စိုးရှင်ဖြစ်လာရန်အတွက် လူသားနှင့်နတ်ဆိုးမျိုးနွယ်များကို နှစ်ခြောက်ဆယ်အတွင်း ယဇ်ပူဇော်ရမည် ဖြစ်သည် ။

လမ်းလျှောက်ရင်းမှ သူ၏ဘဝကို ပြန်တွေးမိသောအခါ ဂိုဏ်းအရှင်သခင်သည် လွန်စွာဂုဏ်ယူမိသည် ။

သူ၏ဘဝသည် ခက်ခဲကြမ်းတမ်းသော်လည်း နောက်ဆုံးတွင် အောင်မြင်ခဲ့သည်မဟုတ်ပါလား။အစပိုင်းတွင် နှစ်ပေါင်းများစွာ ခက်ခဲပင်ပန်းသောဘဝဖြင့် ကျင့်ကြံခဲ့ရပြီးမှ နောက်ဆုံးတွင် အစွမ်းထက်လာခဲ့သည် ။

"တစ်ချိန်က အစွမ်းထက်သူတွေဆီမှာ ငါ ဦးညွှတ်ခဲ့ရပေမယ့် အခုတော့ ငါ့စကားတစ်ခွန်းနဲ့တင် လေပြင်းမုန်တိုင်းတွေကို မွှေနှောက်ပစ်နိုင်တယ် ။ မင်းတို့ ဘယ်လောက်ပဲ ပါရမီကောင်းပါစေ နောက်ဆုံးမှာ ဖုန်မှုန့်နဲ့ ဟာသတွေပဲဖြစ်သွားလိမ့်မယ်"

တစ်ချိန်က သူ၏ပြိုင်ဘက်များသည် သူ့ထက်ပါရမီကောင်းကြသည်။သို့သော် ၄င်းတို့အားလုံးသည် အချိန်၏တိုက်စားမှုကို မတွန်းလှန်နိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သေဆုံးကာဖုန်မှုန့်များဘဝသို့ ပြန်ရောက်သွားကြသည်သာ ။ သူကတော့ မလျှော့သောဇွဲဖြင့် ဖြေးဖြေမှန်မှန်ကြိုးစားကာ ယနေ့လို အောင်မြင်မှုကို ရယူနိုင်ခဲ့၏။

"ထာဝရအမြဲစိမ်းအင်မော်တယ်လိပ်က နောက်ဆုံးတော့ အောင်မြင်နိုင်ခဲ့ပြီကွ"

ပျော်စံအိမ်မှ အပြန်လမ်းတစ်လျှောက်လုံး သူကရွှင်မြူးနေခဲ့သည်။

" ဂိုဏ်းကိုပြန်ပြီး နည်းနည်းကျင့်ကြံရမယ် ၊ နောက်မှပြန်လာပြီး ပျော်တာပေါ့"

ဂိုဏ်းအရှင်သခင်က ထိုအတွေးနှင့်အတူ တိန့်ယန်တောင်သို့ ပြန်ရန်ရည်ရွယ်လိုက်သည်။

"ကား....ကား ..."

ကျီးကန်းတစ်ကောင်သည် သူ၏ခေါင်းပေါ်မှ ပျံသန်းသွားလေ၏။ဂိုဏ်းအရှင်သခင်၏ ရွှင်မြူးနေသောမျက်နှာက ပြောင်းလဲသွားလေသည်။ ကျီးကန်းများသည် ကံဆိုးခြင်းကို ယူဆောင်လာသည်ဟု သူကြားဖူးထားသည် ။

သူက ဒေါသကြီးစွာဖြင့် လက်ကို တစ်ချက် ဝှေ့လိုက်ရာ ကျီးကန်းသည် ဘုမသိဘမသိဖြင့် အမှုန့်ဖြစ်သွားရှာသည်။

ငါ့ဘာသာ ကျီးကန်းမလေးပျောက်သွားလို့ အော်ခေါ်မိရုံလေးပါ လူသားရယ်။

ရုတ်တရက် ကြောက်လန့်တုန်လှုပ်မှုတစ်ခု ကို ခံစားရပြီး ဂိုဏ်းအရှင်သခင်က ဆုံးဖြတ်လိုက်သည် ။

"အပြင်မှာ လျှောက်သွားတာကို ရပ်တော့မယ် ၊ ပြည့်တန်ဆာအိမ်တွေလည်း မသွားတော့ဘူး"

ထို့နောက်သူက တိန့်ယန်တောင်သို့ လျှင်မြန်စွာပြန်ပြေးလေတော့သည်။

--------

All Chapters