← Chapters

ဇာတ်ပို့က ဇာတ်လိုက်ဖြစ်လာခြင်း

Vol. 3 Ch. 45

ဇာတ်ပို့က ဇာတ်လိုက်ဖြစ်လာခြင်း

Vol. 3 Ch. 45

နန်းကန်တိုင်းပြည်၏ အမတ်ချုပ်အိမ်တော်တွင်ဖြစ်သည်။

နီညိုရောင်နွယ်ပင်များကို မီးတောက်များက တဖျစ်ဖျစ် လောင်ကျွမ်းနေ၏။ မီးတောက်များက သာမန်နှင့်မတူဘဲ ထူးခြားစွာဖြင့် သွေးရောင်တောက်ပနေသည်။

ကျိန်စာသတ်ဖြတ်ခြင်းအတွက် ထိုနွယ်မီးတောက်သည် အကောင်းဆုံးဖြစ်သည်။

ဝမ်ကျုံးယုံက မီးတောက်များကို ပြတ်သားသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ သူ၏လက်တစ်ဖက်၌ တိုင်းပြည်အုပ်စိုးပေတံကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် တာအိုဆရာများကိုင်လေ့ရှိသည့် ဖုန်ခါတံကို ကိုင်ဆောင်ထားသည်။

"ပုံသဏ္ဌာန်ကို မိုင်တစ်ထောင်အကွာကနေ လိုက်ပြီး ဝိညာဉ်ကို ကြောက်လန့်စေကာ သတ်"

"ကျိန်စာ"

"အသက်ဝင်စေ"

သူတီးတိုးရွတ်ဆိုနေသော အချိန်၌ နီညိုရောင်နွယ်ပင်များ၏ သွေးနီရောင်မီးတောက်သည် လူတရပ်နီးပါးအထိ လှန်တက်လာ၏။ မီးတောက်၏ သွေးနီရောင်အလင်းက ဝမ်ကျုံးယုံနှင့်စစ်မာတျန်းတို့၏ ရက်စက်သောမျက်နှာများကို ရောင်ပြန်ဟပ်နေပြီး ပို၍ ကြောက်မက်ဖွယ်ကောင်းစေသည်။

အနီးတွင်ရပ်နေသော စစ်မာတျန်းက မျှော်လင့်တကြီးနှင့် မေးလိုက်၏။

"အဆင်ပြေရဲ့လား"

ဝမ်ကျုံးယုံက စစ်မာတျန်းအား မကြည့်ပါ ။သူက တိုင်းပြည်အုပ်စိုး​ပေတံကို ကိုင်ထားရင်းမှ တည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်သည်။

"ကျိန်စာသတ်ဖြတ်ခြင်းကို အသက်သွင်းလိုက်ပြီ။ ခဏလေးစောင့်ပြီး သွေးထွက်သံယိုသေဆုံးတာကို ကြည့်ရုံပဲ လိုတော့တယ်"

တိုင်းပြည်အုပ်စိုးပေတံဖြင့် အသက်သွင်းထားသော ကျိန်စာကအထွတ်အထိပ်ဧကရာဇ်တွေကိုပင် သတ်နိုင်လောက်အောင် ပြင်းထန်၏ ။ထို့ကြောင့် စိတ်ပူစရာမရှိဟု ဝမ်ကျုံးယုံက ယုံကြည်သည်။

စစ်မာတျန်းက စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။

"ကျေးဇူးတင်ပါတယ် ဆရာ"

စစ်မာတျန်းက ခရမ်းရောင်ငှက်ရုပ်အင်္ကျီကို ဝမ်ကျုံးယုံရဲ့ပခုံးပေါ်တင်ပေးလိုက်၏။

"ဗုန်း"

ရုတ်တရက်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားကာ အခန်း၏တိတ်ဆိတ်မှုကို ဖျက်ဆီးပစ်လေသည်။

နီရဲသောသွေးများနှင့် အသားစများက နေရာအနှံ့ ပျံ့ကျဲကုန်ပြီး စစ်မာထျန်း၏ ခန္ဓာကိုယ်ပေါ်ကိုပင် ထိမှန်ကာ အနီရောင်များ ဖုံးလွှမ်းသွား၏။

သူ၏ ခရမ်းရောင်နက်ငှက်ရုပ်အင်္ကျီက အနီရောင်သွေးများစိုရွှဲသွားသလို သူကိုင်ထားသော အင်္ကျီတွင်လည်း သွေးနှင့်အသားစများ ပြည့်နှက်သွားလေသည်။

"ဒါ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ..."

စစ်မာတျန်းက သူမြင်နေရသည်ကိုပင် မယုံနိုင်သေးပါ ။သူ၏မျက်နှာတစ်ခုလုံး သွေးများဖြင့်ပြည့်နေပြီး ရှည်လျားသောမုတ်ဆိတ်မွှေးများတွင်လည်း အသားစများ ကပ်ငြိနေ၏။

ဝမ်ကျုံးယုံ ပေါက်ကွဲသွားခဲ့၏။

ဝမ်ကျုံးယုံ၏ ရုတ်တရက်ပေါက်ကွဲမှုသည် ကျိန်စာသတ်ဖြတ်ခြင်း၏ တန်ပြန်မှုကြောင့်ဖြစ်၏။

စစ်မာတျန်း အထူးတုန်လှုပ်သွားကာ တဆတ်ဆတ်တုန်လာ၏ ။

တိုင်းပြည်အုပ်စိုးပေတံတောင်မှ တစစီပျက်စီးသွားတယ်တဲ့လား ။

ဘယ်လောက်တောင် အင်အားကြီးတဲ့သူလဲ ။

စစ်မာတျန်းသူ၏ဘဝကို ပထမဆုံးအကြိမ်အဖြစ် မေးခွန်းထုတ်နေမိတော့သည်။

...........................

မိုင်ပေါင်းထောင်ချီအကွာတွင်ရှိသော တိန့်ယန်အထွတ်အမြတ်ဂိုဏ်းကြီး၏ မြေအောက်နန်းတော်တစ်ခုထဲ၌ ဂိုဏ်းအရှင်သခင်သည် ခေါင်းတလားတစ်ခုထဲဝင်ရောက်နိုင်ရန် ကြိုးစားလျှက်ရှိသည်။

ထိုခေါင်းတလားကြီးသည် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းကြီး၏ ရာစုနှစ်များစွာစုဆောင်းထားသော ရတနာများဖြင့်ဖန်တီးထားပြီး တိုက်ခိုက်မှုနှင့်ခုခံမှု နှစ်မျိုးလုံး၌ ပြိုင်ဘက်ကင်း၏။

တိန့်ယန်တောင်မှ အပြင်ဘက်ထွက်စဥ် ကျီးကန်းတစ်ကောင်ပျံသန်းသွားတာကို မြင်လိုက်ရကတည်းက ဂိုဏ်းအရှင်သခင်သည် ကံဆိုးမှုကို ခံစားလိုက်ရပြီး ခေါင်းတလားဆီကို အလျင်စလိုပြန်လာခဲ့သည်။

ခေါင်းတလားနားကိုရောက်လာသောအချိန်မှာပင် အချိန်နှင့်ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ သူ၏နောက်သို့ လိုက်လာနေသည့် မယုံနိုင်စရာအင်အားတစ်ခုကို သူ ခံစားမိလိုက်၏။

"ဘာလို့လဲ"

"ဘာလို့ဒီလိုဖြစ်ရတာလဲ"

"ငါဘာမှ မလုပ်ရသေးဘူးလေ"

သူသည် နှစ်ပေါင်းသုံးထောင်တိုင်တိုင် လျှို့ဝှက်စွာဖြင့် လိပ်တစ်ကောင်လိုအသက်ရှင်နေထိုင်ခဲ့၏။ နောက်ဆုံး၌ သူက အောင်မြင်ကျော်ကြားလာတော့မည်ဟု ပျော်ရွှင်နေခိုက်မှာပင် မမျှော်လင့်ဘဲ သူ၏ အဆုံးသတ်ကို ကြုံခဲ့ရ၏။

သူ၏အဖြစ်က အင်အားကြီးမားသောပုဂ္ဂိုလ်တစ်ဦးဖြတ်သွားရင်း မတော်တဆနင်းမိသွားသော ပုရွတ်တစ်ကောင်နှင့်တူ၏။

သူ၏အသေးစိတ်အကြံအစည်များသည် အသုံးမဝင်ဖြစ်သွားခဲ့လေပြီ။နောက်ဆုံးမှာတော့ သူကိုယ်တိုင်က ဖုန့်မှုန့်နှင့်ဟာသတစ်ခုဖြစ်ခဲ့သည်။

ဂိုဏ်းအရှင်သခင်သည်.. ထူးဆန်းစွာပင် ဆိုးဆိုးရွားရွားသေဆုံးသွား၏။

တခဏအကြာမှာပင် တိန့်ယန်ဂိုဏ်းအရှင်သခင်၏ရဲ့ ရုပ်အလောင်းက အပိုင်းပိုင်းအစစဖြစ်အောင် ပေါက်ကွဲသွားခဲ့သည် ။

အကြံကြီးမားခဲ့သော အမြဲစိမ်းမသေမျိုးလိပ်တစ်ကောင်မှာ သူမည်သို့သေဆုံးရသည်ကိုပင် သိမသွားခဲ့ရရှာပါ။

၁၅ မိနစ်ခန့်ကြာသောအခါ ပင့်ကူတစ်ကောင်သည် မြေအောက်နန်းတော်ထဲသို့ တိတ်တဆိတ် တွားသွားဝင်ရောက်လာပြီး ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် နာရီဝက်ကြာပြီးနောက်မှာ လူနှစ်ယောက်သည် မြေအောက်နန်းတော်ထဲကို ဝင်လာကြ၏။ ဂိုဏ်းအရှင်သခင်သာ ထိုမြင်ကွင်းက်ု မြင်နိုင်လျှင် ဒေါသထွက်လွန်း၍ သေရာမှပင် ကုန်းထလာနိုင်၏ ။

အကြောင်းမှာ ၄င်းတို့ထဲမှ တစ်ယောက်သည် သေဆုံးသွားသော ဂိုဏ်းအရှင်နှင့်တထပ်တည်း အတိအကျတူနေသောကြောင့်ဖြစ်သည်။

ထိုသူသည် ယခင်က ဂိုဏ်းအရှင်၏ဇာတ်ပို့သမားတစ်ယောက်သာဖြစ်ခဲ့၏ ။ ယခုတော့ သူက ဇာတ်လိုက်ဘဝသို့ ရောက်သွားခဲ့လေပြီ။

ခေါင်းတလားရှေ့မှ အပိုင်းပိုင်းအစစဖြစ်နေသောအသားစများကို ကြည့်ကာ ဇာတ်ပို့က စိတ်လှုပ်ရှားစွာ အော်လိုက်၏ ။

"အဲဒီလိပ်အဘိုးကြီး နောက်ဆုံးတော့ သေပြီ"

သူ၏ဘေးတွင် ရပ်နေသော ရွှေရောင်ဝတ်ရုံနှင့်လူကစိတ်မလှုပ်ရှားသလိုပြောလိုက်သည်။

"မျိုးနွယ်စုဘိုးဘေးရဲ့ အသက်ချင်းလဲနည်းစနစ်နဲ့တွေ့မှတော့ သူဘယ်လိုလုပ်ပြီးအသက်ရှင်နိုင်မှာလဲ။"

အမှန်ပြောရလျှင် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း ရွှေရောင်ဝတ်ရုံနှင့်လူသည် အံ့ဩနေဆဲပင်ရှိ၏။

သူ့၏ဘိုးဘေးသည် အထွတ်အထိပ်ဧကရာဇ်တစ်ပါးဖြစ်ပြီး အသက်ချင်းလဲနည်းစနစ်ကို အသုံးပြုရန် သူ့ကိုယ်သူစတေးပြီး အမြဲစိမ်းမသေမျိုးလိပ်ကြီးနှင့်အတူ သေဆုံးသွား၏။ ထိုသို့ဖြစ်စေရန် ရွှေရောင်ဝတ်ရုံလည်း တိန့်ယန်အထွတ်အမြတ်ဂိုဏ်း၏ ရုပ်သေးခေါင်းဆောင်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့၏။

အသက်ချင်းလဲနည်းစနစ်သည် တိန့်ယန်ဂိုဏ်းအရှင်ကို ပြင်းထန်သောဒဏ်ရာလောက်သာ ရလောက်မည်ဟု တွေးခဲ့သော်လည်း ထိုနည်းစနစ် သူ့ကိုအသက်သေသည်အထိအစွမ်းပြခဲ့သည်။

ထို့ကြောင့် အံ့အားသင့်ခြင်းနှင့်အတူ ဂုဏ်ယူဝံ့ကြွားသလိုလည်း ခံစားရ၏။

"အဲဒီလိပ်အိုကြီးက အမြဲတမ်းမောက်မာနေတာပဲ။ အခုသူသေသွားပြီဆိုတော့ တိန့်ယန်အထွတ်အမြတ်ဂိုဏ်းက မင်းအတွက်ပဲ"

ရွှေရောင်ဝတ်ရုံနှင့်လူက ဇာတ်ပို့ကိုဆက်ပြောလိုက်၏။

"ပြီးတော့ ငါတို့နဲ့ဆက်ပြီး ပူပေါင်းဖို့ကရော..."

"ပေါင်းမှာလေ၊ ပေါင်းမှာပေါ့ "

ဇာတ်ပို့ဂိုဏ်းသခင်က လက်ရှိအခြေအနေကြောင့် အလွန်စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည်။

သူကဲ့သို့ အယောင်ဆောင်ဘဝနှင့်နေခဲ့ရသော ဇာတ်ပို့တစ်ယောက်က ဇာတ်လိုက်ဖြစ်လာခြင်းထက် ပျော်ရွှင်စရာကောင်းသော အရာမည်သို့ရှိနိုင်မည်နည်း ။

"သေချာပေါက်ကို ပူးပေါင်းမှာ"

.....................

ရိကွမ်းတားမြစ်နယ်မြေတွင် ကျိယွမ်သည် ရုတ်တရက် နှာချေလိုက်၏။

"ငါတော့ ဖျားပြီထင်တယ် ၊ တော်တော်ချမ်းလာတယ် "

ချိယွမ်သည် နှာချေလိုက်စဥ်မှာပင် အေးစက်သောခံစားချက်တစ်ခုကို ရလိုက်သည်။ သူနောက်လှည့်ကြည့်သောအခါ သတို့သမီးလေးက သူ၏နောက်၌ အနည်းငယ်ခွာလျှက် လိုက်ပါလာသည်ကို မြင်သည်။

သူမက ကျိယွမ်၏စကားကို နားလည်ပုံရပြီး သူမရဲ့လက်ထဲမှ သစ်သားပြားတစ်ခု ထုတ်ပေးလိုက်၏ ။

ကျိယွမ်ကြည့်လိုက်သောအခါ စာလုံးနှစ်လုံးသာပါ၏ ။

'ဖက်ပါ"

ကျိယွမ်က သူမကို ပြာပြာသလဲ ငြင်းလိုက်၏ ။

"ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုဘူး။ မနင်ရဲ့အဝတ်က အေးစက်နေတာ။ ငါပိုချမ်းသွားမှာကို ကြောက်ရတယ်။"

ကျိယွမ်သည် ပြင်းထန်သောတိုက်ပွဲအတွက် သတို့သမီးလေးကို ခေါ်လာရန်ဆုံးဖြတ်ခဲ့လေသည်။ သူမရှိနေလျှင် အကျည်းတန်ဝတ်စုံဘုရင်နှင့် ရင်ဆိုင်ရလျှင်ပင် အရမ်းစိတ်ပူစရာမလိုဟု သူယူဆ၏။

ကျိယွမ်က ရိကွမ်းတားမြစ်နယ်မြေကို အမြန်ဆုံး အောင်မြင်နိုင်ရန်စိတ်ကူးထားသည်။

သတို့သမီးလေးနှင့်ဆိုလျှင် သူ၏တိုက်ခိုက်စွမ်းရည်က အဆင့် ၅ ဆင့်တတ်သွားသည်။

အဆင့် (၉၀) ကျော်နှင့် အဆင့် (၈၈) ၏ကွာခြားချက်က သိသိသာသာကြီးမားပြီး တိုင်ခိုက်နိုင်စွမ်းကလည်း တခြားစီပင် ။

"ကဲ သွားရအောင် ၊ အသင်းလိုက်ဆောင်ရွက်ရင် အိပ်မက်တွေအကောင်အထည်ဖော်နိုင်လိမ့်မယ်တဲ့။"

ကျိယွမ်သည် ယုံကြည်မှုအပြည့်နှင့် ရိကွမ်းတားမြစ်နယ်မြေအတွင်းပိုင်းသို့ ချီတက်သွားတော့သည်။

တောအုပ်များအားလုံးက မှောင်မိုက်လျှက်ရှိကာ ကောင်းကင်ယံ၌ လပြည့်ဝန်းကြီးကထိန်လင်းနေလေသည်။

ကျိယွမ်က သူ့၏ဓားကြီးကို ကိုင်ဆောင်လျှက် အဝတ်အစားမကောင်းဆိုးရွားများအိပ်စက်နေသောနေရာတွင် ပေါ်လာခဲ့သည်။

"သတ်"

မာန်သွင်းအော်ဟစ်သံတစ်ခုနှင့်အတူ ကျိယွမ်က ပြေးဝင်သွား၏ ။ ထို့နောက် သိုးအုပ်ထဲရောက်သွားသော ဝံပုလွေတစ်ကောင်အလား မြင်မြင်သမျှ အဝတ်အစားများကို ရက်စက်စွာခုတ်ပိုင်းတော့သည်။

အမျိုးမျိူးသော ဘောင်းဘီတိုများ၊ အရောင်စုံ လည်သာစကတ်များ ၊ ရှေးခေတ်ဝတ်ရုံကြီးများ အားလုံးဖျက်ဆီးခံလိုက်ရပြီး သူ၏အတွေ့အကြုံရမှတ်များကလည်း ဆက်တိုင် မြင့်တက်လာ၏။

+၂၀၀

+၃၀၀

ယခုတစ်ကြိမ်၌ ချီယွမ်သည် ယခင်ထက် ပို၍ရဲရင့်နေသည် ။သူ၏သတ်ဖြတ်နိုင်စွမ်းကလည်း ကြောက်ခမန်းလိလိတိုးတက်လာကာ နာရီဝက်ကြာသတ်ဖြတ်ပြီးနောက် သူ အဆင့် (၈၉) ကို ရောက်သွားသည်။

ထိုအချိန်မှာပင် အေးစက်သောအကြည့်တစ်ခုက သူ့အပေါ်ကျရောက်လာခဲ့သည်။

ကျိယွမ်ကသူ၏ဓားကြီးကို ဝင့်ကာကိုင်လိုက်၏ ။

"အကျည်းတန်ဝတ်စုံဘုရင်လား၊ မင်းရောက်လာပြီပေါ့"

ကျိယွမ်၏ စိတ်ဓာတ်မျာ ပို၍တတ်ကြွလာသည်။

သူက သွေးနီရောင်ချပ်ဝတ်စုံကို ဖန်တီးလိုက်ရာသူ၏ဓားကြီးသည်လည်း တဖိတ်ဖိတ်နီရဲသွားလေ၏ ။ကျိယွမ်က ဆယ်မီတာအထိကြီးထွားသွားကာ အလွန်ခက်ထန်လာသည်။

"မင်းရဲ့သွေးအားဘားတန်းက လျော့မလားဆိုတာ ကြည့်ရသေးတာပေါ့"

အကျည်းတန်ဝတ်စုံဘုရင်ထံမှ ဖိအားအချို့ကို ခံစားနေရသောလည်း ကျိယွမ်ကနောက်မဆုတ်ပါ ။

သူ၏အစွမ်းထက်ဆုံးဓားကွက်ဖြစ်သော ကောင်းကင်ပိုင်းဖြတ်ဓားချက်ကို အသုံးပြုလိုက်သည်။သူက ဓားကိုမြှောက်လျှက် အပေါ်သို့ ခုန်တတ်လိုက်လျှင် မြေပြင်သည်သူ၏စွမ်းအားများကြောင့် တုန်ခါသွားပြီးနောက် ကောင်းကင်ပေါ်မှ သွေးရောင်ဓားအလင်းတစ်ခု ကျဆင်းလာသည်။

"ပိုင်းဖြတ်"

ကောင်းကင်ပိုင်းဖြတ်ဓားချက်က အကျည်းတန်ဝတ်စုံဘုရင်အား ပြင်းထန်စွာ ခုတ်ပိုင်းမိသွားသည်။

ဝတ်စုံဘုရင်က ၄င်း၏လက်သည်းရှည်ကြီးကို မြှောက်လိုက်၏ ။ လက်သည်းများက မည်းနက်နေကာ အမှောင်စွမ်းအားများရောထွေးနေသည်။ ကျိယွမ်၏ဓားကို ဝတ်စုံဘုရင်က အေးစက်စွာဖမ်းလိုက်ခြင်းပင်ဖြစ်သည်။

သူ၏ဓားက ရပ်တန့်သွားလေ၏။ အဖြူတစ်ခြမ်းအမည်းတစ်ခြမ်းမျက်နှာဖုံးအောက်မှ ဟောင်းလောင်းဖြစ်နေသော မျက်လုံးများက ကျိယွမ်အား လှောင်ပြောင်နေသလိုပင်။

ထိုတုန့်ပြန်မှုက်ုမြင်သောအခါ ကျိယွမ်အလွန် ထိတ်လန့်သွားသည်။

"နည်းနည်းလေးတောင် ထိခိုက်မှုမရှိဘူးလားဟ"

"ပြေးဖို့အချိန်ရောက်ပြီ"

အခြေအနေကို သိလိုက်သည်နှင့် ကျိယွမ်သည် ချာခနဲလှည့်ကာ ထွက်ပြေးတော့သည်။ယခုအချိန်မျိုး၌ ကျိယွမ်သည် ဘယ်တော့မှမတွန့်ဆုတ်​တတ်ပေ ။ သူကမနိုင်လျှင်ပြေးမည်သာဖြစ်၏ ။

ဘာလို့ရှက်ရမှာလဲ ၊ ငါက ဥပါဒါန်သွေးမျိုးဆက်ပဲ။

"အဆင့် (၉၅) က တော်တော်ပြင်းထန်တဲ့ အဆင့်ကြီးတစ်ခုပဲ"

သူ့၏ချပ်ဝတ်စုံကို ကာကွယ်ရေးစနစ်သို့ပြောင်းလိုက်ပြီး ထွက်ပြေး၏။ ထိုအခါသူက အဆများစွာပိုမြန်သွားသည်။ သတို့သမီးလေး၏ ဝတ်စုံသာမပါလျှင် ထွက်ပြေးဖို့ပင် အခွင့်အရေးရှိပါ့မလားဟု တွေးမိသည်။

သူက ဘေးကင်းသည့်နေရာအထိ ထွက်ပြေးပြီးနောက် ရပ်တန့်လိုက်သည်။ ယခုအကြိမ်ထွက်ပြေးခဲ့ရသော်လည်း သူစိတ်ပျက်အားငယ်ခြင်းမရှိပါ ။

နောက်ထပ် ၄ရက် ၅ရက်ခန့်ကြာလျှင် သူကိုယ်တိုင် အဆင့် ၉၀ သိူ့ တတ်ရောက်နိုင်တော့မည်ဖြစ်သည်။ ထိုအချိန်၌ သတို့သမီးလေးနှင့်ပေါင်းစပ်လိုက်လျှင် အဆင့် ၉၅ သိူ့ရောက်လေပြီ ။

အကျည်းတန်ဝတ်စုံဘုရင်နှင့် သူကအဆင့်တူများဖြစ်သွားပြီမို့ ယခုလိုထွက်ပြေးနေတော့မည် မဟုတ်ပါ ။

"အဲဒီအချိန်ကြရင် အဝတ်အစားဘုရင်ကိုအဝတ်စုတ်ဘုရင်ဖြစ်အောင် ခုတ်ပစ်မယ်၊ မင်းရဲ့လက်သည်းကပဲ မာသလား၊ ငါ့ရဲ့ဓားကပဲမာသလား သိရသေးတာပေါ့ကွာ"

----

All Chapters