နောက်ဆုံးခရီး
Vol. 4 Ch. 10
" နောက်တစ်ခါပြန်တွေ့ရင် မင်းတို့ကိုငါသေချာပေါက်နင်းချေပြမယ်...."
စန့်ချီ၏စိတ်ထဲတွင် ကြိတ်၍ကြုံးဝါးလိုက်ပြီး သူ၏သိုင်းပညာကိုပို၍တိုးတက်ရန် အပတ်တကုတိကြိုးစားရမည်ဟုလည်းဆုံးဖြတိချက်ချလိုက်သည်။
သို့သော် တစ်လောကလုံးကိုဂရုမစိုက်ဟန်ဖြင့် အေးစက်စက်မျက်နှာကလေးနှင့်လွန်စွာလှပသည့်မိန်းမလှလေးတစ်ယောက်၏ပုံရိပ်ကိုပြန်၍မြင်ယောင်လာမိချိန်တွင် သူ၏နှလုံးသားက ပျော့ပြောင်းသွားခဲ့သည်။
" အဟမ်း....ဟိုကောင့်ကိုပဲဆုံးမရမယ် ။ နတ်သမီးစီးတုကိုတော့ သက်ညှာပေးလိုက်မယ်....."
စန့်ချီမှာ တစ်ကိုယ်ထဲအတွေးဖြင့်ကျေနပ်နေပြီး သူ့ကိုအကဲခပ်နေသည့် စန့်ဖုန်း၏နောက်သို့လှစ်ခနဲရောက်သွားကာ စန့်ဖုန်း၏ပခုံးကိုအသာနှိပ်နယ်ပေးလိုက်သည် ။
" မွေးစားအဖေ ဂိုဏ်းကကိစ္စတွေနဲ့ ပင်ပန်းနေမှာပေါ့.....ကျနော်လည်းသိုင်းလောကထဲသွားနေတာကြာတော့ အဖေ့ကိုဂရုစိုက်ပေးမယ့်လူမရှိဘူး....."
စန့်ချီ၏အပြုအမူကြောင့် စန့်ဖုန်း၏မျက်ခုံးများမြင့်တက်သွားပြီး တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။
" ကောင်စုတ်လေးဘာလိုချင်ပြန်ပြီလဲ...."
စန့်ချီကိုအပြစ်တင်လိုက်သော်ငြား သူ၏မျက်နှာက ပြုံးရွှင်၍နေသည်။
အဆုံး၌ စန့်ချီ၏အကျင့်က သူ့စိတ်တိုင်းကျမဟုတ်သည့်တိုင် သူငယ်စဉ်ကပင် စောင့်ရှောက်လာသည့်ကလေူတစ်ယောက်မဟုတ်လား။
စန့်ဖုန်း၏တုန့်ပြန်မှုကြောင့် သူ၏မျက်နှာချိုသွေးမှုအောင်မြင်သွားကြောင်းသိလိုက်ပြီး စန့်ချီကဝမ်းသာအားရပြောလိုက်သည်။
" မွေးစားအဖေ ကျုပ်ကို စီးတုယွမ်ချင်းကိုတောင်းရမ်းပေးလို့ရမလား အဖေနဲ့ စီးတုမိသားစုခေါငိးဆောင်စီးတုချန်ဟဲနဲ့အရမ်းရင်းနှီးတာမလား....."
စန့်ချီ၏စကားကြောင့်စန့်ဖုန်းက အနည်းငယ်အံ့အားသင့်သွားဟန်တူသည်။
" နောက်ဆုံးတော့ မင်း မျက်နှာမများတော့ဘဲ အတည်အကျလိုချင်ပြီပေါ့ ။ သူက စီးတုမိသားစုက မျိုးဆက်လား....."
စန့်ဖုန်း၏လေသံအရ သူ၏တောင်းဆိုမှုကိုဖြည့်ဆည်းပေးမည့်ဟန်တူ၍ စန့်ချီကပျော်ရွှင်စွာဖြင့်ခေါငိးညိမ့်ပြလိုက်သည်။
" မွေးစားအဖေ ....သူက စီးတုမိသားစုက တတိယမျိုးဆက်လေ....ပြီးတော့ သိုင်းလောကထဲမှာ မဟူရာနတ်သမီးလို့ကျော်ကြားတယ်...."
စန့်ချီ၏စကားများကိုအသေအချာနားထာင်နေရင်း စန့်ဖုန်းကမျက်လုံးပြူးေငပြောလိုက်သည်။
" နေပါဦး ဒီနာမည်ကိုငါကြားဖူးပါတယ် မင်းပြောတဲ့မိန်းကလေးက ခုံတုံဂိုဏ်းချုပ်စီးတုမင်ရဲ့သမီးလေးမလား...."
" ဟုတ်တယ်လေ...."
စန့်ချီ၏အတည်ပြုမှုကြောင့် စန့်ဖုန်း၏မျက်နှာက ရှုံ့မဲ့သွားပြီး ပခုံးပေါ်ရှိစန့်ချီ၏လက်အစုံကိုဖယ်ချရင်း ဒေါနှင့်မောနှင့်ပြောလိုက်သညိ။
" ဒီကောင်စုတ်လေးက ငါ့ကိုမဖြစ်နိုင်တာတောင်းဆိုနေတာပဲ။ အဲဒီကလေးမက နန်ကုန်းမိသားစုနဲ့လည်းပတ်သတ်နေသေးတယ်။
ဒါပေမယ့် သူက မိသားစုနှစ်ခုကလူတွေနဲ့အစေးမကပ်ဘဲ ငယ်ငယ်ထဲက အော့မေ့ဂိုဏ်းမှာသွားနေတာလေ။
သူ့ဆရာကျောက်စိမ်းမျက်နှာဖုန်းရှန်းယင်က သူ့ကိုနောက်တက်မယ့်ဂိုဏိးခေါင်းဆောင်အဖြစ်တောင်လျာထားသေးတာ။ ပြီးတော့ သူ့အဖေစီးတုမင်ကလည်း ဖူးဖူးမှုတ်ထားသေးတယ်။
ဒီလိုမိန်းကလေးမျိုးကို မင်းနဲ့ဘယ်သူကသဘောတူမှာလဲ ..."
စန့်ဖုန်း၏ပျစ်ပျစ်နှစ်နှစ်စကားကြောင့် စန့်ချီ၏မျက်နှာကရှုံ့တွသွားတော့သည်။
သို့သော် စန့်ချှ၏စိတ်ထဲတွင်လက်လျော့ရန်စိတ်ကူးမရှိဘဲ စီးတုယွမ်ချင်း၏လှပသည့်မျက်နှာကလေးကိုပြန်မြင်ယောင်လာကာ သူ၏မျက်နှာထက်၌ အပြုံးကြီးကြီးတစ်ခုပေါ်လာသည်။
ထိုအခိုက် ကောင်းယွဲ့ဂိုဏ်း၏အပြင်ဘက်သို့ အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ရောက်ရှိလာသည် ။
နေ့သစ်တစ်နေ့စတင်ချိန်ဖြစ်၍ ကောင်းယွဲ့ဂိုဏိးထဲတွင် လူများသွားလာလှုပ်ရှားနေသလို မျိုးဆက်သစ်လူငယ်များ၏သိုင်းပညာလေ့ကျင့်သံများကလည်း ကျယ်လောင်စွာထွက်ပေါ်လျက်ရှိသည်။။
ခမ်းနားကြီးကျယ်သည့် ဝင်ပေါက်ကြီးနှင့် ကျယ်ဝန်းသည့်ခြံဝန်းကြီးကိုမော့ကြည့်ရင်း လူငယ်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
" ကောင်းယွဲ့ဂိုဏ်းနဲ့ စတင်တာပေါ့...."
နံနက်ခင်း၏နေရောင်က လူငယ်၏မျက်နှာပေါ်သို့နွေးထွေးစွာကျရောက်လာ၍ ခံစားချက်ကင်းမဲ့ဟန်တူသည့်မျက်နှာသေနှင့် အေးစက်စက်မျက်ဝန်းတို့ကိုတွေ့မြင်ရပေမည်။
ကောင်းယွဲ့ဂိုဏ်းထဲရှိလူများကား သူတို့၏ဂိုဏ်းအပေါ်သို့ကျရောက်လာသည့် သွေးလွှမ်းမည့်ဖြစ်ရပ်ဆိုးကြီးကို ကြိုတင်သိမြင်နိုင်စွမ်းမရှိကြပေ။
&&&
ရှောင်လင်ကျောင်းတော်တည်ရှိရာရှောင်ရှိတောင်ခြေတွင်ထူးခြားသည့်မြင်ကွင်းတစ်ခုဖြစ်ပျက်လျက်ရှိသည်။
တောင်ခြေမြေကွက်လပ်များတွင် ရှည်လျားသည့်တဲတန်းရှည်များရှိသလို ရာနှင့်ချီသည့်လူများစွာက ကျောက်လှေကားထစ်များကိုနင်းဖြတ်ကာ တောင်ပေါ်သို့ဖြေးညင်းစွာတက်ရောက်နေကြသည်။
သူတို့အားလုံးက ဂိုဏိးအဖွဲ့အစည်းမတူညီကြ ခံယူချက်ကွဲပြားကြသော်လည်း တူညီသညိ့အချက်ကား သူတို့၏မျက်နှာထက်မှ ညိုးငယ်ဝမ်းနည်းနေသည့်အမူအယာများပင်ဖြစ်သည်။
လူများစွာက တောင်ပေါ်သို့ဦးတည်သွားနေကြသည့်တိုက် ဆူညံသံကျယ်ကျယ်လောင်လောင်မကြားရဘဲ တိတ်ဆိတ်မှိုင်တွေစွာဖြင့်ရှိနေကြသည် ။
အကြောင်းကား ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီး၏ပျံလွန်တော်မူပြီးသည့်ရုပ်ကလာပ်ကို နောက်ဆုံးအကြိမ်အဖြစ် လာရောက်ဖူးမျှော်ရာတွင်မည်သူက ပျော်ရွှင်ဝမ်းမြောက်နေမည်နည်း။
ရှောင်လင်ကျောင်းတော်
ကျောက်လှေကားထစ်များ၏အဆုံးတွင်တည်ရှိသည့် သိုင်းလောက၏မီးရှူးတန်ဆောင်ဟုတင်စားရသည့်ရှောင်လင်ကျောင်းတော်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီးပတ်ဝန်းကျင်တစ်ခုလုံး ဝမ်းနည်းပူဆွေးသည့်အရိပ်အငွေ့များလွှမ်းခြုံလျက်ရှိသည်။။
ကျောင်းတော်၏ ပင်မကျောင်းဆောင်ကြီးရှေ့ရှိမြေကွပ်လက်တွင် ထောင်ဂဏန်းနီးပါးရှိသည့်သိုင်းလောကသားများစုဝေးနေကြသည်။
ပုံမှန်ဆိုလျှင်သိုင်းလောကသားများစုဝေးရာနေရာများတွင် ပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်တတ်သော်လည်းယခုအခါ ပြဿနာတတ်ရန်ဝေးစွစကားပင်ကျယ်ကျယ်လောင်လောင်မပြောကြပေ။
ယခုနှစ်ပိုင်းတွင် တစ်ဘက်နှင့်တစ်ဘက် မကျေမချမ်းဖြင့်တွေ့သည့်နေရာတွင် ရန်တစောင်စောင်ဖြစ်နေကြသည့်အဖြူရောင်သိုင်းသမားများနှင့်အနက်ရောင်သိုင်းသမားများမှာ အချင်းချင်းမျက်စောင်းပင်မထိုးနိုင်ကြပေ။
သူတို့၏အကြည့်များက ခပ်လှမ်းလှမ်းတွင်မြင်နေရသည့်သစ်သားခေါင်းတလားဆီသို့ကျရောက်နေပြီး ထိုအထဲတွင်လဲလျောင်းနေသည်ကရှောင်လင်ကျောင်းတော်၏အဓိပတိ သိုင်းလောက၏ပြိုင်ဘက်ကင်းပညာရှင်ကြီးသာဖြစ်သည်။
ရှောင်လင်ကျောင်းထိုင်ဆရာတော်၏အဆငိ့ဖြင့်ဆိုလျှင် သူ၏ဇာပနပွဲက ထို့ထက်ဆယ်ဆမကကြီးကျယ်ခမ်းနားသင့်သော်လညိး ဆရာတော်ကြီးကား သူသေလွန်သွားပြီးလျှင် သာမန်ခေါင်းတလားဖြင့်ထည့်ကာ မြုပ်နှံရန်ကိုမိန့်မှာခဲ့ပြီးဖြစ်သည်။
အသက်ရှင်စဥ်အခါက သိုင်းလောက၏ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး မရေမတွက်နိုင်သည့်သိုင်းသမားများ၏လေးစားကြည်ညိုမှုကိုခံခဲ့ရသည့်ပုဂ္ဂိုလ်ကြီးမှာ သေဆုံးသွားသောအခါ သာမန်လူတစ်ဦးသဖွယ် ဖြစ်နေပေသည်။
ကျော်ကြားမှုဂုဏ်ရှိန်များ၊ အရှိန်အဝါဩဇာအာဏာများမှာ မမြဲသည့်အရာသာဖြစ်ပြီး သေဆုံးသွားပြီးပါက လက်ရှိဘဝတွင်အားလုံးကျန်နေခဲ့မည်ဖြစ်ကြောင်းကို လူအားလုံး သံဝေဂရကြမိ၏။
ဤသည်ကပင် ကျောင်းထိုင်ဆရာတော်ကြီး၏နောက်ဆုံးတရားပြမှုဖြစ်ကောင်းဖြစ်နိုင်သည်။
ယနေ့က ဆရာတော်ကြီး၏ရုပ်အလောင်းကို ဂူသွင်းမည့်နေ့ဖြစ်၍ အနယ်နယ်အရပ်ရပ်မှသိုင်းလောသားများရောက်ရှိနေဖြစ်ကာ ယခင်ရက်များကရောက်ရှိလာသူများပင်ပြန်လည်ထွက်ခွာသွားခြင်းမရှိကြဘဲတောင်ခြေတွင်သာရှိနေကြသည်။
ထို့ကြောင့် တောင်ခြေတွင်ရှည်လျားသည့်တဲတန်းကြီးရှိနေခြင်းဖြစ်ပြီး ယခုအချိန်ထိလည်းသိုင်းလောကသားများတဖွဲဖွဲရောက်ရှိနေဆဲပင်။
ထိုအခိုက် တောင်ပေါ်သို့တက်ရောက်နေသည့်လူများ၏အာမေဍိတ်သံများထွက်ပေါ်လာသလို ရုတ်ရုတ်သဲသဲဖြစ်ပျက်လာ၍ ကျောင်းဝန်းထဲရှိလူများသည်လည်း အသံထွက်ပေါ်လာရာနေရာသို့ကြည့်လိုက်မိကြသည်။
ထိုအခါ ကျောင်းဝန်းဝင်ပေါက်တွင် စောင့်ကြပ်နေသည့်ဘုန်းကြီးငယ်လေးပါးနှင့်သူတို့၏ရှေ့တွင်ရပ်နေသည့် အဖြူရောင်ဝေါယာဉ်တစ်ခုကိုတွေ့လိုက်ကြရသည် ။
ဝေါယာဉ်၏အပြင်အဆင်က လွန်စွာကြီးကျယ်ခမ်းနားလှသလို ဝေါယာဉ်ထမ်းသမားလေးယောက်သည်လည်း သိုင်းပညာမြင့်မားသူများဖြစ်သည်။
ထိုနည်းတူ ဝေါယာဉ်၏ဘေးနှစ်ဖက်ရှိအဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက် ၊ ဝေါယာဉ်ရှေ့ဘက်ရှိ မိန်းမငယ်လေးနှင့်နောက်ဘက်ရှိခါးကုန်းအဖိုးအိုတို့မှာ လူများ၏အာရုံကိုဆွဲဆောင်သွားကာ ခေါင်းတလားအနီးရှိဝါစဉ်ကြီးဆရာတော်များပင်ထိုနေရာကိုအာရုံစိုက်ကြည့်လိုက်မိကြသည်။
ယခုဖြစ်ပုံက ထူးခြားသည့်အဖြူရောင်ဝေါယာဉ်မှာ တောင်တက်လမ်းတစ်လျှောက် လျှင်မြန်စွာရောက်ရှိလာပြီး ကျောင်းဝန်းဝင်ပေါက်ရှိဘုန်းကြီးများကဟန့်တားလိုက်ခြင်းဖြစ်သည်။
ဝေါယာဉ်၏ရှေ့ရှိ အစိမ်းနုရောင်ဝတ်စုံဝတ်မိန်းငယ်လေးကားကျစ်ဆံမြီးလေးနှစ်ဖက်ကိုယမ်းခါနေအောင်ရန်တွေ့လျက်ရှိပြီး သူ၏စကားများကို ဘုန်းကြီးငယ်လေးပါးမှာမည်သို့ပြန်ပြောရမှန်းပင်မသိတော့ပေ။
" ရှင်တို့ရှောင်လင်က ခွဲခြားခွဲခြားလုပ်တာလား....ကျမတို့လည်း ဂါရဝပြုရအောင်လာတာလေ ဘာလို့တားနေရတာလဲ...."
မိန်းမပျိုလေး၏သွင်ပြင်က နုပျိုတက်ကြွကာလွန်စွာချစ်စရာကောင်းလှသော်လည်း သူမ၏အကျင့်စရိုက်က အတော်ပင်ဆိုးရွားလှပေသည်။
ဝေါယာဉ်ကိုကျောင်းထဲသို့ဝင်ခွင့်မပေးသည့်ဘုန်းကြီးငယ်များမှာ ထိုမိန်းကလေးနှင့်မည်သူမှပြိုင်မပြောနိုင်ဘဲ ကျောင်းဝန်းအတွင်းရှိဆရာတော်များကိုသာအကူအညီတောင်းဟန်ဖြင့်ကြည့်လိုက်ကြသည်။
ထိုနည်းတူ တုတ်ရှည်ကိုယ်စီကိုင်ဆောင်ထားကြသည့် ကျောင်းတော်၏စည်းကမ်းထိမ်းသိမ်းရေးကိုယ်တော်များလည်းရောက်ရှိလာကြကာ အဖြစ်အပျက်က ပို၍ပင်ကြီးထွားလာပေတော့သည်။
ကျောင်းထိုင်ဆရာတော်၏ခေါင်းတလားနှင့်မနီးမဝေးတစ်နေရာတွင်ရှောင်ယောင်တို့လူစုလည်းရှိနေသည်။
သူတို့ရှောင်လင်သို့ရောက်ရှိလာသည်က ယမန်နေ့ကဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ဆရာတော်ကြီး၏ရုပ်အလောင်းကိုဂူသွင်းမည်ဖြစ်၍ အချိန်မီရောက်ရှိဖူးမျှော်နိုင်သည်ဟုဆိုရမည်။
ရှောင်ယောင်မှာ ရှောင်လင်ကျောင်းတော်၏လူဝတ်ကြောင်တပည့်တစ်ဦးဖြစ်သလို ကြွယ်ယန်နှင့်ကြွယ်စင်းတို့သည်လည်းရှောင်လင်ကျောင်းတော်၏အဝေးရောက်ဂိုဏ်းသားများဖြစ်ကြသည်။
ထိုနည်းတူ စန်းဟုန်းလျန်သည်လည်း ဝူတန်းဂိုဏ်းသားစစ်စစ်တစ်ဦးဖြစ်ကာ ရှောင်လင်နှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ဟောင်ရန်မှလွဲ၍ သူတို့အားလုံးက ကျောင်းတော်နှင့်အကျွမ်းတဝင်ရှိကြသူများဖြစ်၏။
ယခု ဆရာတော်ကြီး၏နောက်ဆုံးခရီးတွင်ပင် ပြဿနာရှာသူများပေါ်လာဟန်တူရာ ရှောင်ယောင်တို့လည်း ဒေါသထွက်မိကြသည်။။
သို့သော် ကျောင်းဝန်းဝင်ပေါက်ရှိအဖြူရောင်ဝေါယာဉ်ကိုတွေ့မြင်ချိန်၌ ရှောင်ယောင်၏မျက်လုံးများအနည်းငယ်ပြူးကျယ်သွားတော့သည် ။
" ဒါက ....."
ပန်းတစ်ရာတောင်ကုန်းမှထွက်ခွာလာစဉ်သူနှင့်ဆုံတွေ့ခဲ့သည့်ဝေါယာဉ်က မည်သည့်အတွက် ရှောင်လင်ကျောင်းတော်သို့ရောက်ရှိလာရသနည်း ....။
&&&&