ကျောင်းဝင်ပေါက်ကတိုက်ပွဲ
Vol. 4 Ch. 11
" ဘာလဲ ခင်ဗျားသူတို့ကိုသိလို့လား....."
ဟောင်ရန်ကရှောင်ယောင်၏အနီးသို့ကပ်၍ တီးတိုးမေးလိုက်သည် ။
သူ၏မေးခွန်းကိုရှောင်ယောင်က ခေါင်းညိမ့်ပြရင်း လေးနက်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
" အဲဒီလူတွေနဲ့ ငါပန်းတစ်ရာတောင်ကုန်းကထွက်လာတုန်းကတွေ့ဖူးတယ် ။
သူတို့က ထူးခြားဆန်းကြယ်ပြီးတော့ သိုင်းပညာမြင့်မားတဲ့လူတွေပဲ။ ဟို အစိမ်းရောင်ဝတ်စုံနဲ့မိန်းကလေးဆိုရင် အသက်ဆယ့်ငါးနှစ်လောက်ပဲဆိုပေမယ့် အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်နေပြီ။
ပြီးတော့ သူ့ရဲ့တိုက်ပွဲစွမ်းအားက အဲဒီအချိန်က ငါနဲ့တန်းတူလောက်ရှိတယ်....."
ထိုစဉ်က မိန်းမငယ်လေး၏လျှင်မြန်သွက်လက်လှသည့်တိုက်ကွက်များကြားတွင် သူအလူးအလဲဖြစ်ခဲ့ရသည်ကိုပြန်သတိရကာ ရှောင်ယောင်၏စိတ်ထဲတွင်အနည်းငယ်ရှက်ရွံ့သွားမိ၏။
သို့သော် ထိုစဉ်က သူ၏သိုင်းပညာကလည်း ထိပ်တန်းအဆင့်သာရှိသေးပြီး ယခုအချိန်တွင်သာပြန်လည်တိုက်ခိုက်ခွင့်ရပါက မိန်းမငယ်လေးကိုအနိုင်ယူနိုင်မည်ဟုယုံကညည်လျက်ရှိပေသည်။
ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်နှင့်ကြွယ်ယန်တို့သာမက အနီးရှိစန်းဟုန်းလျန်ပင်အံ့အားသင့်သွား၏ ။
ထိုမိန်းမငယ်လေး၏သိုင်းပညာက လက်ရှိလူငယ်မျိုးဆက်မှပါရမီရှင်ဆိုသူများကိူပင်ရှက်ရွံ့သွားစေနိုင်သည် ။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ဝေါယာဉ်တွင်းမှလူ၏အဆင့်အတန်းမှာ လွန်စွာမြင့်မားမည့်ဟန်တူ၍ဖြစ်သည် ။
ရှောင်ယောင်က ထိုစဉ်က ကြားခဲ့ရသည့်လွန်စွာသာယာကြည်လင်သည့်စကားသံလေးကိုပြန်တွေးမိကာ ထပ်ပြောလိုက်သည်။
" ပြီးတော့ ဝေါယာဉ်ထဲကလူက အသက်သိပ်မကြီးသေးတဲ့ မိန်းကလေးတစ်ယောက်ပဲ။
သူက အဲဒီလူတွေရဲ့ခေါင်းဆောင်ဖြစ်ပုံရတယ်။ ကျန်တဲ့လူတွေကသူ့စကားကိုတသဝေမတိမ်းနားထောင်ကြတာ..... "
ရှောင်ယောင်က စိတ်ရင်းဖြင့်သတိပေးလိုက်သော်လည်း ဟောင်ရန်က သူ့ကိုမကျေမနပ်ဘုတေလိုက်သည်။
" ခင်ဗျားက အဲဒီမိန်းကလေးကိုလည်း နှာဘူးကျလာတာမလား ။ အတိအကျသိနေရအောင်....."
မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ သူတို့နှစ်ယောက်ပြန်တွေ့ချိန်မှစ၍ ဟောင်ရန်က များစွာပို၍ဆက်ဆံရခက်ခဲလာကာ ယခုဆိုလျှင် သူတို့နှစ်ယောက်စကားပြောတိုင်းတစ်ခုမဟုတ်တစ်ခုပြဿနာတတ်ဆဲပင်ဖြစ်၏ ။
ထိုလူငယ်လေးက သူ့ကို တမင်ကန့်လန့်တိုက်နေရခြင်းဖြစ်သည်ကိုသိရှိသည့်တိုင် ရှောင်ယောင်က ဂရုမစိုက်ဘဲဆက်ပြောလိုက်သည် ။
" အဲဒီမိန်းကလေးရဲ့ရုပ်ကိုမမြက်ရပေမယ့် သူကအတော်ကြီးကိူအဆင့်အတနိးမြင့်မယ့်ပုံရတယ်။
အစိမ်းရောင်ဝတ်စုံနဲ့မိန်းကလေးက သူ့ရဲ့အစေခံဖြစ်နိုင်တယ်။ ပြီးတော့ ဝေါယာဉ်အထမ်းသမားလေးယောက်က အဆင့်လွန်ထိပ်သီးတွေဖြစ်ပြီးတော့ ဝေါယာဉ်ဘေးက လူနှစ်ယောက်ကလည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တွေပဲ....."
ရှောင်ယောင်၏သတိပေးစကားကိုကြားမှ ဟောင်ရန်တို့မှာ သူတို့လျစ်လျုရှုမိသည့်အကြောင်းများကိုပြန်သတိထားမိကာ လွန်စွာအံ့အားသင့်သွားကြ၏။
အကြောင်းကား ထိုလူစု၏ထူးခြားမှုက မယုံကြည်နိုင်လောက်အောင်ဖြစ်ပြီးသူတို့က လွန်စွာအားကောင်းလှ၍ဖြစ်သည်။
အဆင့်လွန်သိုင်းအဆင့်သို့ရောက်ရှိပြီးသူများကို ထိပ်သီးများဟုခေါ်ဆိုနိုင်ကာ သိုင်းလောကတွင်လက်မထောင်နိုင်သူများဖြစ်၏ ။
ယခု ထိုသို့သောလူလေးယောက်က ဝေါယာဉ်ထမ်းသမားများဖြစ်နေကာ လွန်စွာအရည်အချင်းရှိလှသည့်မိန်းမလှလေးက တစ်ဖက်လူ၏အစေခံသာဖြစ်နေပေသည်။
အစောင့်အရှောက်နှစ်ယောက်ကလည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်နိုင်ရာ ထိုအင်အားသီးသန့်ဖြင့်ပင်မည်သို့သောပထမတန်းစားအင်အားစုကိုမဆိုဖျက်ဆီးနိုင်စွမ်းရှိနေပြီဖြစ်သည် ။
" ဘယ်လိုပဲဖြစ်ဖြစ် သူတို့သာပြဿနာလာရှာတာဆိုရင် မလွယ်ဘူး ။ အထူးသဖြင့်၍ိလိုနေ့မျိုးမှာပေါ့....."
စန်းဟုန်းလျန်၏အသံကလေးနက်တည်ကြည်နေပြီး သူ၏အကြည့်များကဝေါယာဉ်နောက်မှခါးကုန်းအဖိုးအိုဆီသို့ကျရောက်လျက်ရှိသည်။
ထိုအခါမှ ရှောင်ယောင်တို့လည်း မနီးမဝေးတွင်ရှိနေသည့် ဆရာတော်ခုံးဝန်တို့ဆီသို့အကြည့်ရောက်သွားကာ တိတ်ဆိတ်စွာခေါင်းညိမ့်လိုက်ကြသည် ။
ယနေ့လို ထူးခြားသည့်နေ့မျိုးတွင် ကျောင်းတိုက်လေးခု၏ဂိုဏ်းအုပ်များပင်စုံလင်စွာရောက်ရှိနေပြီး တံခါးပိတ်လေ့ကျင့်နေသည့် ဒုကျောင်းထိုင်နှင့်ရှောင်ယောင်မမြင်ဖူးသည့်ဘုန်းကြီးအိုကြီးတစ်ပါးပင်ရှိနေသည်။။
ရှောင်လင်ဒုတိယကျောင်းထိုင်ဆရာတော်ရွှမ်းချီက သိုင်းဝိဇ္ဇာအဆင့်ဆရာတော်တစ်ပါးဖြစ်သည့်အပြင် တံခါးပိတ်လေ့ကျင့်ပြီးနောက် ပို၍ပင်အစွမ်းထက်လာဟန်တူသည် ။
ရှောင်ယောင်မမြင်ဖူးသည့်ဆရာတော်တစ်ပါးက တုတ်ချောင်းတစ်ချောင်းထောင်ထားသလို ပိန်လှီသည့်ခန္တာကိုယ်နှင့် ဆရာတော်ခုံးဝန်ထက်ပင်ပို၍အသက်အရွယ်ကြီးရင့်လျက်ရှိသည်။
ရှောင်ယောင်၏ထင်မြင်ချက်သာမမှားပါက ထိုဆရာတော်ကြီးမှာ ကျောင်းထိုင်ဆရာတော်၏ဆရာတူညီဖြစ်သည့် ပိဍိကတ်အဆောင်မှူးဆရာတော်ခုံးစန်းဖြစ်ပြီး ကျောင်းတော်ထဲတွင်ပင်မျက်နှာမပြသည့်ဆရာတော်တစ်ပါးဖြစ်သည် ။
သူတို့နှင့်အတူ တာမောအဆောင်မှုးဆရာတော်ခုံးရှ ၊ တံခါးနီအဆောင်မှူးဆရာတော်ခုံးတု၊ စည်းကမ်းထိမ်းငိမ်းရေးအဆောင်မှူးဆရာတော်ခုံးယင်တို့ပါရှိနေပြီးကျောင်းတော်တွင်ရှိရှိသမျှဝါစဉ်ကြီးပုဂ္ဂိုလ်အားလုံးရှိနေသည်ဟုဆိုရပေမည်။
ထို့ကြောင့် လက်ရှိအချိန်တွင်သာတစ်စုံတစ်ယောက်က ပြဿနာရှာရန်ကြိုးစားပါက မည်သူမှအဆုံးသတ်ကောင်းမည်မဟုတ်ပေ။
ရှောင်ယောင်တို့လိုပင် ရောက်ရှိနေကြသည့်သိုင်းလောကသားအများစုက ထူးခြားဆန်းကြယ်ပြီး မောက်မာဝံ့ကြွားသည့်လူများကိုအကဲခပ်နေကြသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် ဝေါယာဉ်တွင်းမှလူက ယခုအချိန်ထိမျက်နှာမပြသေးခြင်းဖြစ်သည်။
ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည့်အဖြစ်ကြောင့်လက်ရှိအချိန်တွင်သူတို့အားလုံးစိတ်အခြေအနေမကောင်းကြဘဲ ထိုလူစုကိုဒေါသထွက်မိကြသည့်တိုင်မည်သူမှအလျှင်စလိုမလှုပ်ရှားကြပေ။
အကြောင်းကားဤနေရာ၌ သူတို့ထက်သိုင်းပညာများစွာမြင့်မားသည့်ဝါစဉ်ကြီးဆရာတော်များရှိနေပြီး သူတို့ရှိနေသည့်အတွက်လည်းတစ်ဖက်လူများဆုံးရခံရမည်က သေချာသလောက်ဖြစ်သည်။
ရုတ်တရက်အဖြူရောင်ဝေါယာဉ်တွင်းမှ တုနှိုင်းမဲ့ချိုလွင်သာယာသည့်စကားသံလေးတစ်ခုထွက်ပေါ်လာပေသည်။
" ရှန်းရှန်း....ငါတို့က ဂါရဝပြုဖိုါလာတာလေ နည်းနည်းလေးယဉ်ယဉ်ကျေးကျေးတောင်းဆိုဦးမှပေါ့ ...."
ထိုစကားသံက များစွာကျယ်လောင်ခြင်းမရှိသော်ငြား ကြည်လင်ခြင်း ၊ ပီသရှင်းလင်းခြင်းစသည့် အရည်အသွေးတို့နှင့်ပြည့်စုံကာ လွန်စွာသာယာနာပျော်ဖွယ်ကောင်းလှသည်။
ဝေါယာဉ်အနီးရှိလူများသာမက ကွင်းပြင်ရှိထောင်ဂဏန်းခန့်ရှိမည့်သိုင်းလောကသားများပင် ထိုအသံကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ကွင်းပြင်တစ်ခုလုံးအံ့ဩတုန်လှုပ်မှုနှင့်အတူ ငေးငိုင်သွားကြသည် ။
" ဘယ်လောက်တောင် ကောင်းမွန်လိုက်တဲ့အသံကလေးလဲ...."
ဤသည်က သူတို့၏စိတ်ထဲရှိအတွေးသ။ဖြစ်သည် ။
သို့သော် တုတ်ရှည်ကိုယ်စီကိုင်ဆောင်ထားကြသည့် ဘုန်းကြီးဆယ့်ရှစ်ပါးက ထိုနေရာသို့လွှားခနဲရောက်ရှိလာပြီး တိတ်ဆိတ်နေသည့်အခြေအနေကိုဖြိုခွင်းလိုက်ပေသည် ။
" ဘယ်လိုလူမျိူးပဲဖြစ်ဖြစ် ရှောင်လင်ကျောင်းတော်ကိုစော်ကားဝံ့ရင် ကောင်းကောင်းဆုံးမရခံလိုက်ရမယ်...."
အတွင်းအားပြည့်ဝသည့် အသံဖြင့်အော်ဟစ်လိုက်သူတို့၏ခေါင်းဆောင်က လောဟန်အဆောင်မှ သိုင်းပညာလေ့ကျင့်ရေးမှူးဆရာတော်ရွှမ်းချင်ပင်ဖြစ်ပေသည် ။
ယနေ့တွင် ကျောင်းတော်သို့လာရောက်သည့်လူများပဍိပက္ခမဖြစ်စေရန်တာဝန်ယူထားရသူတစ်ဦးအနေဖြင့် ဆရာတော်ရွှမ်းချင်မှာ မောက်မာဝံ့ကြွားသည့်အဖြူရောင်ဝေါယာဉ်ကို ဒေါသထွက်သည်ကများစွာထူးဆန်းခြင်းမရှိပေ။
ထို့ကြောင့် ကြည့်ရှုနေကြသည့်လူများလည်း ယခုအခါ ကျိန်းသေပေါက်တစ်စူံတစ်ရာဖြစ်ပွားတော့မည်ဖြစ်မှန်းရိပ်စားမိလိုက်ကြသလို အစောပိုင်းက ကြားခဲ့ရသည့် တုနှိုင်းမဲ့အသံကလေးကြောင့် ဝေါယာဉ်တွင်းမှလူ၏သွင်ပြင်ကိုလည်းလွန်စွာမြင်တွေ့လိုနေကြ၏
သူတို့၏ဆုတောင်းကမပြည့်ဝဟုဆိုနိုင်ဟည်။။ ဝေါယာဉ်တွင်းမှလူကထွက်လာမည့်ဟန်မတူဘဲ အကြိမ်မည်မျှနားထောင်ရပါစေ ရိုးမသွားမည့် ချိုလွင်ကြည်သာသည့် စကားသံလေးသာနောက်တစ်ကြိမ်ထွက်ပေါ်လာသည်။
" ငါစိတ်ပြောင်းသွားပြီ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက် ခြေလွန်လက်လွန်တော့မဖြစ်စေနဲ့ ...."
ဝေါယာဉ်တွင်းမှစကားသံအဆုံး၌ အစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုလေးက ပျော်ရွှင်စွာဖြင့်လက်ခုက်လက်ဝါးတီးရင်း ဆရာတော်ရွှမ်းချင်ဆီသို့ရိပ်ခနဲခုန်ဝင်သွားတော့သည်။
" ခစ်ခစ်.... ရှင်တော့နာပြီ ..."
မိန်းမငယ်လေး၏စကားသံက နှစ်လိုဖွယ်ကောင်းသော်လည်း သူမ၏တိုက်ကွက်များက လွန်စွာအစွမ်းထက်လှသည်။
ဆရာတော်ရွှမ်းချင်ဆီသို့ခုန်ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏နုနယ်ဖြူဖွေးသည့်လက်ဝါးကလေးနှစ်ဖက်ကိုဝေ့ယမ်းကာတိုက်ခိုက်လိုက်ခြင်းက အချိန်တခဏအတွင်းဖြစ်ပျက်သွားခြင်းဖြစ်သည်။
ထိပ်တန်းအဆင့်သိုင်းသမားအချို့ပင် ထိုမိန်းမငယ်လေး၏လှုပ်ရှားမှုကို ကောင်းစွာမမြင်ရဘဲ ဆရာတော်ရွှမ်းချင်နောက်ဆုတ်ပေးလိုက်သည်ကိုသတိပြုမိသည့်အခါမှ ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။
" ဝုန်း....ဝုန်း...."
မိန်းမငယ်လေး၏တိုက်ကွက်များက လျှင်မြန်သွက်လက်လှသည့်အပြင် သူမ၏အတွင်းအားကလည်း အံ့ဩဖွယ်ကောင်းလောက်အောင်မြင့်မားလျက်ရှိသည်။
သို့သော် လောဟန်ဆောင်၏သိုင်းပညာလေ့ကျင့်ရေးမှူးရာထူးကိုရယူထားနိုင်သည့်ဆရာတော်ရွှမ်းချင်ကလည်း ခေသူမဟုတ်ဘဲ မိန်းမငယ်လေးတိုက်ခိုက်သည်နှင့် သူ၏လက်နှစ်ဖက်ကိုကြက်ခြေခတ်သဏ္ဍာန်မြောက်ကာ ကာကွယ်ပြီးဖြစ်၏။
မိန်းမငယ်လေး၏တိုက်ကွက်များကို ကောင်းစွာ ကာကွယ်နိုင်သည့်တိုင် ထိတ်တိုက်တွေ့ဆုံမှု၏အားအရှိန်ကြောင့်ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်က ဆရာတော်ရွှမ်းချင်အတွက်မျက်နှာပျက်စရာဖြစ်ပေသည်။
" ဟမ့်....မှတ်ထား...ဒါက အမြည်းပဲရှိသေးတယ်....."
မိန်းမငယ်လေးက ဆရာတော်ရွှမ်းချင်းကိုလှောင်ပြောင်လိုက်သလို သူမ၏သေးသွယ်သည့်ခန္တာကိုယ်လေးကလည်း ရိပ်ခနဲရွေ့လျားသွားပြန်သည် ။
ယခုတစ်ကြိမ်တွင် ဆရာတော်ရွှမ်းချင်မှာ ပြိုင်ဘက်၏သိုင်းပညာကို အကဲခပ်မိပြီးဖြစ်၍ အထင်မသေးဝံ့တော့ဘဲ သူ၏လက်ဝါးနှစ်ဖက်ကိုမြောက်ကာ တန်ပြန်တိုက်ခိုက်လိုက်ပေသည်။
" ဟူး....."
" ဝုန်း...."
လေတိုးသံများနှင့်အတူ အတွင်းအားအပြည့်ပါသည့်လက်ဝါးချက်များက လေထဲတွင်ဝဲလွင့်လျက်ရှိသည် ။
မိန်းမငယ်လေးရော ဆရာတော်ရွှမ်းချင်ကပါ အစွမ်းထက်သိုင်းထိပ်သီးများဖြစ်လေရာ သူတို့၏တိုက်ပွဲက လွန်စွာပြင်းထန်လျက်ရှိပြီး အချိန်တိုအတွင်း ကြောက်မက်ဖွယ်သည့်အဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။
ကြည့်ရှုနေကြသည့်လူများကတော့ အသက်အရွယ်နှင့်မမျှအောင်သိုင်းပညာမြင့်မားလှသည့်မိန်းမငယ်လေးကိုအံ့ဩမင်တပ်စွာကြည့်ရှုနေကြပြီး သူတို့၏အကြည့်များက ကျောင်းဝင်ပေါက်မှတိုက်ပွဲဆီသို့သာ ကျရောက်လျက်ရှိသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် ဝေါယာဉ်ဘေးမှ အဖြူရောင်ဝတ်စုံဝတ်သိုင်းသမားနှစ်ယောက်က မိန်းမငယ်လေးရှုံးနိမ့်မည်ကိုလုံးဝမစိုးရိမ်သည့်အလားအေးစက်စက်မျက်နှာဖြင့်ရပ်နေကြခြင်းဖြစ်သည်။
ဝေါယာဉ်နောက်မီအဖိုးအိုဆိုလျှင် မတ်တပ်ရပ် နေသည့်တိုင် ငိုက်မျဉ်းဟန်ဖြင့်မျက်လုံးအနည်းငယ်သာဖွင့်ဟထားလျက်ရှိသည် ။
&&&