သိုင်းဝိဇ္ဇာများတိုက်ခိုက်ခြင်း
Vol. 4 Ch. 17
မည်သည့်အရာကိုမှ ကြောက်လန့်ခြင်းမရှိသည့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးပင် အနည်းငယ်ပူပန်နေဟန်တူပြီး အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောင်အရေးမလှသည်ကိုသူမကောင်းစွာအကဲခပ်မိသည်။
သူမ၏သခင်မလေးက ကရုဏာကင်းမဲ့သူတစ်ယောက်မဟုတ်သော်လည်း ယခုအခြေအနေတွင် တိုက်ပွဲကိုရပ်တန့်ခိုင်းခြင်းမရှိသည်ကအနည်းငယ်ထူးဆန်းသည်ဟုတွေးနေမိကာ မိန်းမငယ်လေး၏မေးခွန်းအဆုံးတွင် ဝေါယာဉ်တွင်းမှတုနှိူင်းမဲ့စကားသံလေးထွက်ပေါ်လာသည်။ ။
" နည်းနည်းလေးစောင့်လိုက်ပါဦး....နောက်ကွယ်ကလူတွေထွက်မလာသေးဘူး...."
ဝေါယာဉ်တွင်းမှထွက်ပေါ်လာသည့် တည်ငြိမ်ပြီး ကြည်လင်ချိုမြသည့်လေသံထဲတွင် စိတ်ဝင်စားသည့်အရိပ်အယောင်တို့ပါဝင်လျက်ရှိသည်။
ထိုအချိန်တွင် အကြီးအကဲ ချန်းရှောက်က ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ သူ၏ဓားကိုပြန်သိမ်းကာ ရိပ်ခနဲခုန်ဆုတ်လိုက်လေသည်။
" ဘာလို့မင်းတို့နောက်ပြန်မဆုတ်တာလဲ သေရမှာမကြောက်ဘူးလား ..."
အကြီးအကဲချန်းရှောက်၏စကားသံက တင်းမာနေဆဲဖြစ်သော်လည်း သူ၏အမူအယာကရှုပ်ထွေးလျက်ရှိသည်။
ဘာမဟုတ်သည့်တိုက်ပွဲလေးတစ်ခုကို အသက်စွန့်ကာတိုက်ခိုက်နေသည့်တစ်ဖက်လူများ၏အပြုအမူကိုသူ့အနေဖြင့်စဥ်းစား၍ပင်မရပေ။
ယခုအခါ အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်လုံး၏အမူအယာကဖြူဖျော့လျက်ရှိပြီးခန္တာကိုယ်များပင်အနည်းငယ်ယိမ်းယိုင်လျက်ရှိသည်။
သူတို့၏အားနည်းနေမှုက အကြီးအကဲချန်းရှောက်နှင့်လုံးဝမသက်ဆိုင်ပါချေ။ ထိုနှစ်ယောက်က အကြီးအကဲချန်းရှောက်၏လက်ချက်ကြောင့် ဒဏ်ရာကိုယ်စီရရှိသွားကြသော်လည်း ထိုမျှပြင်းထန်ခြင်းမရှိပေ။
သူတို့၏အခြေအနေဆိုးရွားနေခြင်းက လျှို့ဝှက်သိုင်းပညာကိုအသုံးပြုခြင်းအတွက် တန်ပြန်ဆိုးကျိုးဖြစ်ပေသည်။
" ဝေါ့...."
လက်ယာဘက်ရှိလူက မဟန်နိုင်ဘဲ သွေးတစ်လုပ်အန်ထုတ်လိုက်သည်။
သူ၏မျက်နှာက အစောပိူင်းကထက်ပို၍ဖြူဖျော့သွားကာ တစ်ချက်ကြည့်ရုံနှင့်အခြေအနေမဟန်ကြောင်းကောင်းစွာသိရှိနိုင်သည်။
သို့သော် ထိုလူ၏မျက်နှာထက်၌ စိုးရိမ်ထိတ်လန့်သည့်ပုံစံကိုတစ်စက်ကလေးမှမတွေ့ရဘဲ သွေးများစွန်းပေနေသည့်ပုံစံဖြင့် အေးစက်စက်ပြောလိုက်သည်။
" ဒီလောကမှာကျုပ်တို့ကြောက်ရမယ့်လူမရှိဘူး သခင်မလေးနဲ့သခင်ကြီးရဲ့အမိန့်ကိုပဲ ကျုပ်တို့နာခံတယ်...."
အဖြူရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် အကြီးအကဲချန်းရှောက်ကမျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအချိန်မှာပင် ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားသံက ကျန်သိုင်းဝိဇ္ဇာလေးယောက်၏နားထဲသို့ဝင်ရောက်လာသည်။
" အခုစတော့...."
ရုတ်တရက်အော်ဟစ်လိုက်သည့် ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားကြောင့် လူအားလုံးထိတ်လန့်သွားစဉ် သိုင်းဝိဇ္ဇာငါးယောက်လုံးက ပြိုင်တူလှူပ်ရှားလိုက်ကြသည်။
သူတို့ထဲတွင်အစွမ်းအထက်ဆုံးဖြစ်သည့် အဖိူးအိုကျန်းနှင့်ဆရာတော်ခုံးယင်တို့က ဝေါယာဉ်နောက်ဘက်ရှိအဖိုးအိုဆီသို့ရိပ်ခနဲပြေးဝင်သွားကာ ကျန်သုံးယောက်က အဖြူရောင်ဝေါယာဉ်ကိုပြိုင်တူတိုက်ခိုက်လိုက်ကြသည်။
အားကောင်းသည့်အတွင်းအားလှိုင်းများက တစ်ပြိုင်နက်ထွက်ပေါ်လာသလို ကြောက်စရာကောင်းသည့်တိုက်ကွက်များက ပြိုင်တူရောက်ရှိသွားကြသည်။
ထိုအဖြစ်ကိုမျှော်လင့်မထား၍ အကြီးအကဲချန်းရှောက်ပင် ကြောင်အမ်းအမ်းရပ်နေသော်လည်း သေခြင်းရှင်ခြင်းကိူပင်ဂရုမစိုက်သည့်အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က မျက်နှာကွက်ခနဲပျက်သွားကာ သိုင်းဝိဇ္ဇာများကိုဟန့်တားရန်အလျှင်အမြန်ပြေးဝင်သွားကြသည်။
ထိုနည်းတူ အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယိလေးနှင့် ဝေါယာဉ်ထမ်းသမားလေးယောာက်တို့က သိုင်းဝိဇ္ဇာသုံးယောက်ကို အကြောက်အရွံ့ကင်းစွာဆီးကြိုတိုက်ခိုက်လိုက်ကြသည်။
သူတို့၏သိုင်းပညာများက အဆင့်လွန်ထိပ်သီးအဆင့်သာရှိပြီး သိုင်းဝိဇ္ဇာအဆင့်နှင့်မိုးနှင့်မြေလိုကွာခြားသော်လည်း ဝေါယာဉ်တွင်းရှိလူကိုကာကွယ်ရန် တစ်စက်ကလေးမှပင်တွန့်ဆုတ်မနေကြပေ။
" ဝုန်း...."
" ဝုန်း....."
အားကောင်းသည့်တိုက်ကွက်များက ပြိုင်တူရောက်ရှိသွားကာ မည်သူမှသဲကွဲစွာမမြင်လိုက်ကြရပေ။
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လူနှင့်ဝေါယာဉ်ထမ်းသမားလေးယောက်တို့က သိုင်းဝိဇ္ဇာများကိုအစွမ်းကုန်ဆီးကြိုတိုက်ခိုက်လိုက်သော်လည်း ပညာချင်းကွာဟမှုကြောင့်နောက်သို့လွင့်စင်သွားကြသည်။
ခွန်လွန်ဂိုဏ်၏ချုပ်ကြီးတို့၏ထိမ်းချုပ်ထားမှုကြောင့် သူတို့ငါးယောက်လုံးဒဏ်ရာမရသော်လည်း မိန်းမငယ်လေးက စိုးရိမ်စွာအော်ဟစ်လိုက်သည်။
" သခင်မလေး...."
အဖြူရောင်ဝတ်စုံဝတ်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်နှစ်ယောက်လည်း လျှို့ဝှက်ပညာကြောင့် မတ်တက်ရပ်ရန်ပင်အနိုင်နိုင်ဖြစ်နေရာ သိုင်းဝိဇ္ဇာများကိုဟန့်တားနိုင်ခြင်းမရှိကြပေ။
သိုင်းဝိဇ္ဇာသုံးယောက်၏တိုက်ကွက်များက ဝေါယာဥ်ကိုအပိုင်းပိုင်းအစစဖြစ်တော့မည့်ဟန်ပြင်ကာတိုးဝင်သွားသည်။
ထိုအချိန်တွင် ဝေါယာဉ်နောက်တွင်တစ်ချိန်လုံးငြိမ်သက်နေသည့်အဖိုးအိုက စတင်လှုပ်ရှားလိုက်သည်
သူ၏မျက်လုံးများက စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပလာပြီး ကုန်းနေသည့်ခါးက သာမန်လူတစ်ယောက်လိုဆန့်ထွက်လာသည်။
အဖိုးအို၏ပြောင်းလဲမှုကြောင့် ဆရာတော်ခုံးယင်တို့နှစ်ယောက်၏စိတ်ထဲတွင် တုန်လှုပ်သွားကြစဉ် အဖိုးအိုက သူတို့၏ရှေ့မှရိပ်ခနဲပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ကြရသည်။
" သတိထား...."
သူတို့နှစ်ယောက်က သိုင်းဝိဇ္ဇာတစ်ယောက်၏ဂုဏ်သိက္ခာကိုပင်ထိမ်းမထားနိုင်ဘဲပြိုင်တူအော်ဟစ်လိုက်ကြသည်။
ဆရာတော်ခုံးယင်နှင့်ကျောက်စိမ်းတုတ်အဖိူးကျန်းတို့နှစ်ဦးစလုံးကအစွမ်းထက်သိုင်းဝိဇ္ဇာများဖြစ်သည့်တိုင် အဖိုးအိုကိုဟန့်တားရန်တာဝန်ကိုကျရှူံးခဲ့ကြသည်။
အဖိုးအို၏လှုပ်ရှားမှုကလွန်စွာလျှင်မြန်လှပြီး သူတို့နှစ်ယောက်ထက်အဆများစွာသာလွန်နေသည်။
ထိုနည်းတူ အဖိုးအို၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အရှိန်အဝါက များစွာကြောက်မက်ဖွယ်ကောင်းလှ၍ သူတို့နှစ်ဦးစလုံးလန့်ဖျက်သွားကြပေသည်။
အဖိုးအို၏ဦးတည်ရာကသူတို့ဆီသို့်မဟုတ်သော်လည်း သူ၏အရှိန်အဝါကများစွာကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
ရုတ်တရက် ခွန်လွန်ဂိုဏ်းချုပ်ကြီးနှင့်အခြားလူများလည်း ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်၍ ထိတ်လန့်သွားကြသည်။
သိုင်းဝိဇ္ဇာဖြစ်ပြီးချိန်မှစ၍ သူတို့ကိုချိန်းခြောက်နိုင်သူများစွာမရှိတော့ဘဲ ယခုလိုခံစားမှုမျိုးကိုမခံစားရသည်က လွန်စွာကြာမြင့်နေပြီဖြစ်သည်
သို့သော် သူတို့၏တိုက်ကွက်များကထုတ်ဖော်ပြီးဖြစ်၍ ပြန်လည်ရုတ်သိမ်း၍မရနိုင်ဘဲ အားကောင်းသည့်တိုက်ကွက်သူံးခုက ဝေါယာဉ်ဆီသို့လျှင်မြန်စွာတိုးဝင်သွားလေပြီ။
" ဝုန်း....."
လွန်စွာကျယ်လောင်သည့်အသံကြီးက ကွင်းပြင်းတစ်ခုလုံးဟိန်းထွက်သွားပြီး အတွင်းအားနိမ့်ပါးသူများဆိုလျှင် နားများပင်အူထိုင်းကုန်သည်။
ဝေါယာဉ်နှင့်ခပ်လှမ်းလှမ်းတွင်ရောက်ရှိနေသည့် ဝေါယာဉ်ထမ်းသမားလေးယောက်နှင့်မိန်းမငယ်လေးတို့ပင် ခြေလှမ်းအနည်းငယ်စီဆုတ်ပေးလိုက်ရကာ သူတို့၏မျက်နှာများကအနည်းငယ်ဖြူလျော်သွားကြသည်။
ထိတ်တိုက်တွေ့ဆုံမှုမှထွက်ပေါ်လာသည့်အားလှိုင်းသက်သက်ကပင် သူတို့ကိုပင်ချဉ်းကပ်မရစေခဲ့ပေ။
အစောပိုင်းကအဖြစ်အပျက်က တခဏအတွင်းဖြစ်ပျက်သွားခြင်းဖြစ်ကာ အဆင့်လွန်ထိပ်သီးများပင်ရှင်းလင်းစွာမမြင်လိုက်ရဘဲ ခွန်လွန်ဂိုဏ်းချုပ်ကြီးတို့၏တိုက်ခိုက်မှုများကိုသာ ဝေဝါးစွာမြင်လိုက်ရခြင်းဖြစ်၏။
မြင်ကွင်းများရှင်းလင်းပြီးနောက်တွေ့မြင်လိုက်ရသည်က ခွန်လွန်ဂိုဏ်းချုပ်ကြီးနှင့်အခြားသိုင်းဝိဇ္ဇာနှစ်ယောက်ဒယီးဒယိုင်နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်ပြီး ဆရာတော်ခုံးယင်နှင့်အဖိုးကျန်းတို့လည်း ခပ်လှမ်းလှမ်းတွင်အံ့ဩတုန်လှူပ်ဟန်ဖြင့်ရှိနေကြသည်ကိုမြင်လိုက်ရသည် ။
အံ့ဩဖွယ်ကောင်းစွာဖြင့်အဖြူရောင်ဝေါယာဉ်က သူ၏နေရာတွင် တုတ်တုတ်မှမလှုပ်ဘဲရှိနေပြီး သူ၏ရှေ့တွင်အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ဦးရှိနေသည်။
အဖိုးအို၏ကုန်းနေသည့်ခါးက ဖြောင့်တန်းလျက်ရှိကာ ရှည်လျားသည့်အရပ်အမောင်းနှင့် ခန့်ညားသည့်သွင်ပြင်ရှိသည်။
ပါးလွှားသည့်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သူ၏ပုံစံက သာမန်ဆန်လွန်းသော်လည်း ရေဒဏ်မိူးဒဏ်ကိုနှစ်ပေါင်းများစွာတိုက်စားခံခဲ့ရသည့်ကမ်းစပ်မှကျောက်တုံးတစ်တုံးလိုတည်ငြိမ်ရင့်ကျက်စွာဖြင့်ရှိနေပြီး သည်အတိုင်းရပ်နေသည့်တိုင်သူ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်ဖိအားကိုသိုင်းဝိဇ္ဇာငါးယောက်လုံးခံစားမိနေသည်။
သူတို့၏စိတ်ထဲတွင်ခံစားနေမိသည့်တစ်ခုတည်းသောအရာက သူတို့ငါးယောက်လုံးပူးပေါင်းတိုက်ခိုက်လျှင်ပင် ထိုအဖိုးအို၏ပြိုင်ဘက်မဟုတ်ခြင်းဖြစ်သည်။
ထိုအချက်ကိုပို၍သေချာသွားစေသည့်အရာက သူတို့၏အားကောင်းသည့်တိုက်ခိုက်မှုသူံးခုကို လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့်အလွယ်တကူဖျက်ဆီးနိုင်သည့်အဖိုးအို၏အစွမ်းဖြစ်ပေသည်။
သိုင်းလောကသားများက မည်သည့်အရာများဖြစ်ပျက်သွားသည်ကိုကောင်းစွာမမြင်တွေ့လိုက်ကြသော်လည်း အခြေအနေကိုအကဲခပ်ရုံဖြင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများအရေးနိမိ့သွားကြောင်းရှင်းလင်းစွာသိနိုင်သည်။
အစောပိုင်းကတိုက်ခိုက်မှုတွင် ဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက်မပါဝင်ခဲ့သော်လည်း သူပါလျှင်ပင်မည်သို့မှထူးခြားမည်မဟုတ်ပေ။
အကြောင်းကား ထိုအဖိုးအို၏သိုင်းပညာက သူတို့ထက်များစွာမြင့်မားသည့်အဆင့်တစ်ခုသို့ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။
" နောက်ဆုံးတော့ ဆရာကြီးကိုယ်တိုင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပြီပေါ့....."
အဖိုးအို၏လက်ချက်ကြောင့် အတွင်းဒဏ်ရာရတော့မည်ကဲ့သို့ဖြစ်သွားသော်လည်း ကြောက်ရွံ့ဟန်မပြဘဲ ခွန်လွန်ဂိုဏ်းချုပ်ကြီးကမေးလိုက်သည်။
သူ၏ဘေးရှိကျန်နှစ်ယောက်မှာမူ အနည်းငယ်ဖြူဖျော့သည့်အမူအယာရှိနေဆဲဖြစ်ပြီး အစောပိုင်းကတိုက်ကွက်ကိုအတော်လေးတုန်လှုပ်ခဲ့ကြောင်းသိသာပေသည်။
အမှန်လည်း ထိုအဖိုးအိုသာသူတို့ကိုသတ်ဖြတ်ချင်ပါက သိုင်းကွက်ငါးဆယ်ပင်မပြည့်ဟုအလိုလိုခံစားမိနေသည်။
ဤနေရာတွင်ရောက်ရှိနေကြသည့် ရာနှင့်ချီသည့်သိုင်းလောကသားများမှာ ဝေါယာဉ်နောက်မှခါးကုန်းအဖိုးအိုကို အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်းယခုမှပင်သိလိုက်ကြခြင်းဖြစ်၏။
ထိုအဖိုးအို၏သိုင်းပညာကို အစထဲက ရိပ်စားမိသည်က လက်ချိုးရေ၍ရအောင်ပင်နည်းပါးသည်။
ထိုအထဲတွင် ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းလည်းအပါအဝင်ဖြစ်ကာထို့အတွက်ကြောင့် ယခုလိုစီစဉ်လိုက်ခြင်းပင်ဖြစ်သည်။
" ဟမ့်....အလစ်တိုက်တုန်းကတိုက်ပြီးအခုမှတောင်းပန်လို့ရမလား... အကြီးအကဲမန်သူတို့အားလုံးကိုဆော်ပစ်လိုက်....."
ယခုမှဝေါယာဉ်အနီးပြန်ရောက်လာသည့်မိန်းမငယ်လေးက ခွန်လွန်ဂိုဏ်းချူပ်ကြီးနှင့်ကျန်သိုင်းဝိဇ္ဇာများကို မကျေမနပ်လေသံဖြင့်ပြောလိုက်သည်။
ထိုလူများ၏လုပ်ရပ်က သူမကိုလွန်စွာထိတ်လန့်သွားစေပြီး ' သခင်မလေးသာတစ်ခုခုဖြစ်ပါက '
ထိုအကြောင်းကိုတွေးမိတိုင်း ထိမ်းချုပ်မရနိုင်အောင်ဒေါသထွက်မိသည်။
အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်နှင့်ဝေါယာဉ်ထမ်းသမားလေးယောက်သည်လည်းမိန်းမငယ်လေး၏ဘေးသို့ရောက်ရှိနေကာ သူတို့၏အမူအယာများက အလားတူတင်းမာခတ်ထန်နေကြသည်။
အစောပိုင်းက သိုင်းဝိဇ္ဇာများကိုမယှဉ်နိုင်၍ နောက်ဆုတ်ပေးလိုက်ရသည့်တိုင်နောက်ထပ်တိုက်ပွဲသာဖြစ်ပွားပါက သခင်မလေးကိုတိုက်ခိုက်ရန် သူတို့၏အလောင်းများပေါ်သို့နင်းကျော်သွားမှဖြစ်ပေမည်။
သို့သော် ထိုဖြစ်နိုင်ချေကလည်းလွန်စွာနည်းပါးလှသည်ကိုသူတို့ကောင်းစွာသိရှိပြီးဖြစ်သည်။
အကြောင်းကား သူတိူ့၏ရှေ့တွင် တောင်တန်းကြီးတစ်ခုလိုအကာအကွယ်ပေးထားသည့်အဖိုးအိုက လွန်စွာအစွမ်းထက်၍ပင်ဖြစ်သည်။
&&&&