ရက်စက်ကြမ်းကြုတ်မှု
Vol. 4 Ch. 24
လူငယ်၏အနက်ရောင်ဝတ်စုံက သူ၏သွေးများလား ရန်သူများ၏သွေးများလားခွဲခြားမရသည့်သွေးများဖြင့်စိုရွှဲနေကာ သူ၏ပုံစံက ငရဲမှတတ်လာသည့်နတ်ဆိုးတစ်ကောင်ထက်ပင်ပို၍ကြောက်စရာကောင်းနေသေးသည်။
တိုက်ပွဲစတင်သည်က တစ်နာရီပင်မရှိသေးသော်လည်း ချူမိသားစုတွင်ရှိနေသည့်အင်အားစုစုပေါင်း၏သုံးပုံနှစ်ပုံသတ်ဖြတ်ခံရပြီးဖြစ်ကာ မဲမဲမြင်ရာလိုက်လံသတ်ဖြတ်နေသည့်လူငယ်က အမှန်ပင်ကြောက်စရာကောင်းလှသည်။
ချူမိသားစု၏တပည့်များမှာ ဤနေရာမှအမြန်ဆုံးထွက်ပြေးလိုကြသော်လည်း မိသားစုခေါင်းဆောင်နှင့်အကြီးအကဲများရှိနေသေး၍ မည်သူမှထွက်မပြေးဝံ့ကြပေ။
သို့သော် သိုင်းဝိဇ္ဇာအဆင့်ရှိသည့် ချူမိသားစုခေါင်းဆောင်သာမက အဆင့်လွန်ထိပ်သီးအဆင့်ရှိသည့်အကြီးအကဲခုနစ်ယောက်ပူးပေါင်းတိုက်ခိုက်ကြသော်လည်း အကြောင်းမထူးခဲ့ပေ။
လူငယ်၏လက်ချက်ကြောင့်အကြီးအကဲသုံးယောက်သေဆုံးပြီးဖြတ်ရုံသာမက ကျန်လူများလည်း ဒဏ်ရာကိုယ်စီဖြင့်ဆက်လက်တိုက်ခိုက်လိုစိတ်မရှိကြတော့ပေ။
" မင်းဘယ်သူလဲ ... ဘာကြောင့် အခုလိုမျိုးငါတို့ချူမိသားစုကိုလာတိုက်ခိုက်ရတာလဲ...."
ချူမိသားစုခေါင်းဆောင်ဖြစ်သည့်အဖိုးအို ချူဝေက အက်ကွဲတုန်ယင်နေသည့်လေသံဖြင့်မေးလိုက်သည်။
ချုဝေမှာ သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်အပြင် မရေမတွက်နိုင်သည့်တိုက်ပွဲများကိုတိုက်ခိုက်ဖူးသည့်တိုင်ယနေ့ညတိုက်ပွဲလောက် ကြောက်ရွံ့တုန်လှုပိမှုကိုမခံစားရပေ။
အိုဟောင်းနေသည့်ဓားကြီးကိုစွဲကိုင်ကာ မဲမဲမြင်ရာသတ်ဖြတ်နေသည့်လူငယ်၏သွင်ပြင်က စိတ်လွတ်နေသည့်အရူးတစ်ယောက်ပမာဖြစ်သော်လည်း သူကိုယ်တိုင်ပင်ထိုလူငယ့်ကိုအနိုင်မယူနိုင်ခဲ့ပေ။
လူငယ်၏သိုင်းပညာက သိုင်းဝိဇ္ဇာအဆင့်သို့မရောက်သေးသော်လည်း အဆင့်လွန်ထိပ်သီးတစ်ယောက်ကိုတစ်ကွက်ထဲဖြင့်သတ်ဖြတ်နိုင်စွမ်းရှိကာ သူ၏ကြောက်စရာကောင်းသည့်ဓားကွက်များကလည်း ချူဝေမြင်ဖူးသမျှထဲတွင် အရက်စက်ဆုံးဖြစ်ပေသည်။
" ဟီးဟီး...."
ချူဝေ၏မေးခွန်းကိုပြန်မဖြေဘဲ လူငယ်က ရူးသွပ်နေသူတစ်ယောက်ပမာ တစ်ကိုယ်တည်းရယ်မောလိုက်သည်။
ပုံမှန်ဆိုလျှင် ခံစားချက်ကင်းမဲ့ကာ အေးစက်သည့်မျက်နှာထက်၌ စိတ်လှုပ်ရှားသည့်အမူအယာတစ်ခုရှိနေပြီး မျက်လုံးများက သွေးရောင်သမ်းလျက်ရှိသည် ။
ထို့နောက် ရန်သူများ၏ သွေးများဖြင့်စေးထန်းခြောက်ကပ်နေသည့်လက်ကိုမြောက်ကာ ဓားသွားတွင်တစက်စက်စီးကျနေသည့် လက်လက်စက်စက်သွေးများကိုလျှာဖြင့်သပ်လိုက်သည်။
လူငယ်က မည်သူ့ကိူမှဂရုမစိုက်ဘဲ စိတ်ထင်ရာလုပ်နေသော်လည်း သူ့ကိုကြည့်ရှုနေသညိ့လူများကား နတ်ဆိုးတစ်ကောင်ကိူအရှင်လက်လက်တွေ့ရခြင်းထက်ပင်ပို၍ ကြောက်လန့်နေကြသည်။
ထိုမြင်ကွင်းကြောင့် ချူမိသားစုခေါင်းဆောင်အဖိုးအိုချူဝေက သက်ပြင်းတစ်ချက်ချ၍အော်ဟစ်လိုက်သည် ။
" ချူမိသားစုဝင်တို့ ဒီနေ့ည ကိုယ်လွတ်ရုန်းပြီးထွက်ပြေးကြပါ။ ဒီအကြောင်းကို သိုင်းမဟာမိတ်နဲ့ တခြားအင်အားစုတွေဆီအရောက်ပို့ပြီး မိသားစုအတွက်လက်စားချေပေးကြပါ...."
သံမဏိထက်ပင်မာကျောကာ လက်နက်မှန်သမျှချိုးဖျက်နိုင်သည်ဆိုသော ချူဝေ၏လက်တစ်ဖက်တွင် လက်ချောင်းသုံးချောင်းပြတ်တောက်လျက်ရှိကာ လက်ညိုးနှင့်လက်မကြားတွင်လည်း ပြက်တော့မည့်အလား အက်ကွဲလျက်ရှိသည်။
ဤသည်က လူငယ်၏ဓားကိုဖမ်းဆုပ်ရန်ကြိုးပမ်းခဲ့သည့်အကျိုးဆက်ဖြစ်ပြီးအိုဟောင်းသည့်ဓားရှည်က သူ၏လက်ချောင်းများကိုလွယ်ကူစွာခုတ်ဖြတ်သွားခဲ့သည်။
ချူမိသားစုခေါငိးဆောင်၏စကားကြောင့် မိသားစုဝင်များက အံ့ဩတုန်လှူပ်သွားကြသလို အသက်ရှင်လျက်ကျန်ခဲ့သည့်အကြီးများကလည်းအလျှင်အမြန်အော်ဟစ်လိုက်ကြသည်။
" မိသားစုခေါင်းဆောင် မလုပ်ပါနဲ့...."
သူတို့၏စကားကိုဂရုမစိုက်ဘဲ ချူဝေက လူငယ့်ဆီသို့ခုန်ဝင်သွားကာ နောက်ဆုံးအနေဖြင့်အော်ဟစ်လိုက်သည် ။
" ဒါက ငါ့ရဲ့နောက်ဆုံးအမိန့်ပဲ အကုန်ထွက်သွားကြတော့....."
ချူမိသားစု၏ခေါင်းဆောင်၏လေသံထဲတွင် နက်ရှိုင်းသည့်ကြေကွဲမှုနှင့်ဝမ်းနည်းဒေါသတို့ပါဝင်လျက်ရှိသည် ။
သူတို့တို့၏ဘိုးဘေးများတည်ဆောက်ခဲ့သည့်ချူမိသားစုမှာ သူစလက်ထဲတွင်ပျက်စီးခဲ့ရသော်လည်း အမြစ်ပြတ်သုတ်သင်မခံရစေရန် သူ့အသက်ကိုစွန့်၍ဟန့်တားရပေမည်။
ချူမိသားစုခေါင်းဆောင်၏ရည်ရွယ်ချက်ကိုရိပ်စားမိသော်လည်း လူငယ်၏အမူအယာကပြောင်းလဲခြင်းမရှိဘဲ သူ၏မျက်ဝန်းထဲမှသွေးနီရောင်အလင်းက ပို၍အားကောင်လာသည်။
" ဘုံနန်းသုံးဆင့်မိစ္ဆာသိုင်း ပထမအဆင့်...."
လူငယ်၏ခန္တာကိုယ်မှကြီးမားသည့်အတွင်းအားလှိုင်းတစ်ခုထွက်ပေါ်လာကာ သူ၏အရှိန်အဝါက ချူမိသားစုခေါင်းဆောင်ထက်ပင် ပို၍မြင့်တက်သွားလေသည်။
ထို့နောက် လူငယ်က သူသေကိုယ်သေတိုက်ကွက်ကိုသုံးကာ ဝင်ရောက်တိုက်ခိုက်လာသည့် ချူမိသားစုခေါင်းဆောင်ကို သတ်ဖြတ်လိုသည့်အကြည့်ဖြင့်ကြည့်ရင်း သူ၏ခန္တာကိုယ်ကိုရိပ်ခနဲလှုပ်ရှားလိုက်သည်။
" လေနတ်ဆိုး၏မိစ္ဆာခြေလှမ်း...."
လူငယ်၏ခန္တာကိုယ်က သာမန်မျက်စေ့ဖြင့်မမြင်နိုင်သည့်အမြန်နှုန်းဖြင့်ရွေ့လျားသွားပြီး ချူမိသားစုခေါင်းဆောင်၏ အသက်စွန့်တိုက်ကွက်က သူ၏အင်္ကျီစကိုပင်မထိလိုက်ပေ။
ထိုအချိန်တွင် ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်တို့ကြောင့် ချူဝေ၏မျက်လုံးသူငယ်အိမ်များအနည်းငယ်ကျယ်လာပြီး ခန္တာကိုယ်ရှိကြွက်သားများတောင့်တင်းကုန်သည်။
သို့သော် ရိပ်ခနဲဝင်ရောက်လာသည့်တောက်ပသည့်ဓားအလင်းကိုရှောင်တိမ်းနိုင်စွမ်းမရှိတော့ဘဲ ချူဝေ၏အကြည့်က ဇောက်ထိုးမိူးမျှော်ဖြစ်သွားကာ ဦးခေါင်းပမာတော့သည့်သူ၏ခန္တာကိုယ်ကြီးကိုသာပြန်၍မြင်လိုက်ရတော့သည်။
" ဘုတ်...."
ချူမိသားစုခေါင်းဆောင်၏ဦးခေါင်းပြတ်ကြီးက အတော်ဝေးဝေးသို့လွင့်စင်သွားသလို သူ၏လည်ပင်းနေရာမှ သွေးများပန်းထွက်လာပြီး အနီးရှိလူငယိ၏တစ်ကိုယ်လုံးကိုစိုရွှဲသွားစေသည်။
ထိုမြင်ကွင်းက ခြံဝန်းထဲရှိအသက်ရှင်သူတစ်ရာနီးပါးကို ကျောက်ရုပ်များအလားဖြစ်သွားစေခဲ့သည်။
ထို့နောက် မိသားစုခေါင်းဆောင်အတွက် ဝမ်းနည်းပူဆွေးရန်ပင်အချိန်မရသေးမီ လူငယ်၏ခန္တာကိုယ်က တစ္ဆေသရဲတစ်ကောင်လိုလျှင်မြန်စွာရွေ့လျားလာကာ အလဲလဲအပြိုပြိုဖြင့်အသက်လုထွက်ပြေးနေကြသူများကိုလိုက်လံသတ်ဖြတ်နေတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက်
အလောင်းများကတောင်လိုပုံကာ သွေးများကချောငိးစီးနေကြသည်။
ချူမိသားစု၏ခြံဝန်းတစ်ခုလုံးက စစ်မြေပြင်တစ်ခုအလားပြောင်းလဲသွားပြီး နေရာအနှံ့လဲကျသေဆုံးနေသည့်အလောင်းများနှင့် ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်မပြေးနိုင်တော့သည့်လူများသာကျန်ရှိတော့သည်။
လက်ရှိအချိန်၌ လူငယ်က သူ့လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသူများကိုလိုက်လံအဆုံးသတ်ပေးနေခြင်းဖြစ်ပြီး ထိုလူများမှာ အော်ဟစ်ရန်ပင်မဖြစ်နိုင်တော့ဘဲတုန်လှုပ်ခြင်းကြီးစွာဖြင့် ဘဝကူးသွားကြရသည်။
လူငယ်၏အမူအယာက အနည်းငယ်မောပန်းနေဟန်တူသော်လည်း သူ၏မျက်ဝန်းထဲရှိသွေးနီအလင်းက ပို၍ပင်အားကောင်းလာသည်။
လူငယ်၏ခြေရင်းတွင်မူ ချူမိသားစုမှအကြီးအကဲများ၏အလောင်းများကျနိရှိနေပြီး ခြံဝန်းတစ်ခုလုံး၌သူ၏လက်ချက်ကြောင့်သေဆူံးသွားသည့်အလောင်းများရှိနေသည်။
ယနေ့ညတွင် ချူမိသားစု၏အင်အားနှစ်ရာကျော်မှ လူသုံးဆယ်ကျော်လေးဆယ်သာလွတ်မြောက်ထွက်ပြေးနိုင်ကာ မိသားစုခေါင်းဆောင်အပါအဝင် အကြီးအကဲများကား မပြန်လမ်းသို့ကြွမြန်းသွားချေပြီ။
ခြံဝန်း၏တံခါးဝအနီးတွင် တရွေ့ရွေ့တွားသွားနေသည့်ပုံရိပ်တစ်ခုရှိနေပြီး ထိုလူ၏ကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိနေကာ ခြေထောက်တစ်ဖက်ပြက်တောက်နေ၍ လမ်းမလျှောက်နိုင်တော့သည့်တိုင် လက်နှစ်ဖက်ကိုအားပြုကာ ကြိူးစား၍သွားလျက်ရှိဆဲပင်။
သူ၏ငွေရောင်ဝတ်စုံက သွေးများဖြင့်နီရဲနေသလို မျက်နှာအမူအယာကလည်းစိတ်ခြောက်ချားနေသူသဖွယ်မျက်လုံးများပြူးကြောင်လျက်ရှိသည်။
" ဒါကြီးက အိပ်မက်ဆိုးပဲဖြစ်ရမယ် ဟုတ်တယ်...."
ချုမိသားစု၏ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်သည့်ထိုလူကသည့်အတိုင်မီတွင် မြို့ထဲ၌မည်သည့်နေရာသိူ့သွားပါစေ လူလေးစားခံရသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်းယခုအခါ သူတောင်းစားတစ်ဦးထက်ပင်အခြေအနေဆိုးလျက်ရှိသည်။
သွေးပျက်ချောက်ခြားဖွယ်ရပ်ကြီးကိုကိုယ်တိုင်ကြုံတွေ့ပြီးသည့်နောက်တွင် ထိုလူ၏စိတ်က လုံးဝပျက်စီးသွားခဲ့ပြီး အသက်ရှင်ရန်မျှော်လင့်ချက်ပင်မထားနိုင်တော့ဘဲ ခြံဝန်းထဲမှလွတ်မြောက်ရန်ကိုသာကြိူးစားလျက်ရှိသည်။
ဖြစ်နိုင်လျှင်ငရဲနှင့်တူသည့်၌နေရာတွင် တစ်စက္ကန့်ကလေးမှပင်မနေလိုတော့ပေ။
ထိုလူ၏ဆုတောင်းကပြည့်ဝသည်ဟုဆိုရပေမည်။ သူ၏နောက်ကျောဘက်မှစိုက်ဝင်လာသည့်ဓားတစ်ချောင်းက သူ၏အသက်ဝိညာဉ်ကိုပါချုပ်ငြိမ်းစေခဲ့သည်။
" စွပ် ..."
သွေးတစက်စက်ကျဆင်းနေပြီး သွေးစများဖြင့်စေးထန်းနေသည့်ဓားရှည်ကိုပြန်၍ဆွဲနုတ်လိုက်သည်။
လူငယ်က နောက်ဆုံးအသက်ရှင်ကျန်သူဖြစ်သည့်လူကို အဆုံးသတ်ပြီးနောက်တွင် ရှည်လျားသည့်သက်ပြင်းကြီးတစ်ခုကိုချလိုက်ကာ သူ၏ဓားကိုပြန်သိမ်း၍မျက်လုံးမှိတ်လိုက်သည်။
ထို့နောက် လူငယ်၏ခန္တာကိုယ်မှထွက်ပေါ်နေသည့် သွေးဆာရက်စက်သည့်အငွေ့အသက်များနှင့် ကြောက်စရာကောင်းသည့်အတွင်းအားလှိူင်းများက တမဟုတ်ချင်းပျောက်ကွယ်သွားကာ မျက်လုံးပြန်ဖွင့်သည်နှင့် ပုံမှန်အတိုင်းအေးစက်စက်ပုံစံသို့ပြန်၍ပြောင်းလဲသွားသည်။
" ဟား....ဒီတစ်ခါလည်း ဒဏ်ရာတွေမနည်းပါလား...."
လူငယ်က သူ၏ကိုယ်ပေါ်မှ ဆယ်ခုထက်မနည်းသောဒဏ်ရာများကိုစစ်ဆေးလိုက်ရင်း အနိမ့်အမြင့်မရှိသည့်လေသံဖြင့်ရေရွတ်လိုက်သည်။
ယခုအခါ သူ၏စိတ်ထဲရှိတစ်ခုတည်းသောအရာက လူသူကင်းမဲ့သည့်နေရာတစ်ခုတွင်စိတ်လွတ်ကိုယ်လွတ်အနားယူနိုင်ရန်သာဖြစ်သည်။
ထိုမှသာ သူ၏သွေးဆာရက်စက်ပြီးမြင်မြင်သမျှသတ်ဖြတ်လိုသည်စိတ်ကိုပြန်၍ထိမ်းချုပ်နိုင်မည်ဖြစ်ပြီး ယခုပုံစံအတိုင်းသာဆက်သွားပါက မဆိုင်သူများကိုပါသတ်ဖြတ်မိနိုင်ချေရှိသည်။
ဤသည်က တိုက်ပွဲကြီးတစ်ခုပြီးဆုံးသွားတိုင်စဘသူကြုံတွေ့ရသည့်အရာဖြစ်ပြီး သူ၏ကိုယ်နှင့်စိတ်ကိုပြန်၍အနားယူရန်လိုအပ်နေပေသည်။
နှစ်ရက်အတွင်း တိုက်ပွဲကြီးနှစ်ခုကိုရင်ဆိုင်ရခြင်းက သူ၏စိတ်ရောကိုယ်ပါပင်ပန်းစေပြီး နောက်ထပ်ဆက်လက်တိုက်ခိုက်နိုင်မည်မဟုတ်တော့ပေ။
လူငယ်လည်း ပင်ပန်းနွမ်းနယ်နေသည့်ခန္တာကိုယ်ကို တရွေ့ရွေသယ်ဆောင်ကာ ချူမိသားစု၏ခြံဝန်းမှဖြေးညင်းစွာထွက်ခွာသွားတော့သည်။
&&&
နံနက်ခင်း
တာမောဆောင်၏မြေကွက်လပ်တွင် ရှောင်ယောင်တို့သုံးယောက်သားသိုင်းပညာဖလှယ်နေကြသည်။
ကျောင်းတော်မှထွက်ခွာသည်က နှစ်လကျော်သာရှိသေးသော်လည်း အချိန်အတော်ကြာမြင့်သည်ဟုထင်ရကာ ရှောင်ယောင်တို့သူံးယောက်လက်ရည်စမ်းတိုက်ခိုက်နေခြင်းဖြစ်သည်။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့က အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိပြီးနောက်တွင် အစွမ်းထက်သည့်ထိပ်သီးများဖြစ်လာကြသော်လည်း သူတို့နှစ်ယောက်ပေါင်း၍တိုက်ခိုက်နေကြသည်ကိုပင် ရှောင်ယောင့်ကိုအနိုင်မယူနိုင်ခဲ့ပေ။
လျှို့ဝှက်နေရာတွင်စိတ်ရောကိုယ်ပါနှစ်၍လေ့ကျင့်ပြီးနောက် ရှောင်ယောင်၏သိုင်းအဆင့်က အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိခဲ့ရုံသာမက သူ၏အပြင်အားဖြင့်ပေါင်းလျှင် ချူးကုနန်တို့လိုကြောက်စရာကောင်းသည့်ထိပ်သီးများကိုပင်ကောင်းစွာယှဉ်တိုက်နိုင်ပြီဖြစ်သည်။
ထို့ကြောင့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့က နှစ်ပေါင်းပေါင်း၍တိုက်ခိုက်သည်ကိုပင် ရှောင်ယောင်၏လက်ထဲ၌ လွယ်ကူစွာနှိမ်နင်းခံရခြင်းဖြစ်သည်။
&&&