မဟာမိတ်အဖွဲ့
Vol. 4 Ch. 26
ချူမိသားစုတွင်လည်းထိုနည်းတူပင်ဖြစ်ပြီး ကောင်းယွဲ့ဂိုဏ်း၏ဖြစ်ရပ်ဆိုးပြီးနောက် နောက်တစ်ညတွင် ဂိုဏ်းလုံးကျွတ်သုတ်သင်ခံလိုက်ရသည်။
ထိုညက ချူမင်းမြိူ့တစ်မြို့လုံးအိပ်မရဘဲ ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
ငရဲတမျှဆူပွတ်သံများက ချူမိသားစု၏ခြံဝန်းဆီမှကြားရသည်ဟုသိရပြီး နောက်တစ်နေ့မနက်တွင် ခြံဝန်းပြည်လုမတတ်အလောင်းများကိုသာတွေ့မြင်ကြရပေသည်။
ချူမိသားစုမှအသက်ရှင်လျက်လွတ်မြောက်လာသူများမှာလည်း သွေးပျက်ကြောက်လန့်ကာ ကြောင်စီစီဖြစ်ကုန်ကြသည်။
ချူမိသားစု၏အဖြစ်က ပို၍ပင်ဆိုးရွားနေသေးသည် ။
ချူမိသားစုခေါငိးဆောင်ချူဝေခေါင်းဖြတ်အသံခံရသလို ကျန်မိသားစုဝင်များလည်း ရက်စက်စွာသတ်ဖြတ်ခံကြရသည်။
ပို၍ကြောက်စရာကောင်းသည်က အင်အားစုနှစ်ခုကိုသုတ်သင်သွားသူက တူညီသည့်လူတစ်ယောက်ဖြစ်နေခြင်းပင်။
ထိုလူက အသက်သုံးဆယ်ပင််မပြည့်သည့်လူငယ်တစ်ယောက်ဖြစ်သည်ဟုသိခဲ့ရသည်။
ထိုအကြောင်းကို ကောင်းယွဲ့ဂိုဏ်းနှင့်ချူမိသားစုမှလွတ်မြောက်လူသူများကအတည်ပြုခဲ့ပြီး ထိုသတင်းကြောင့်ရှောင်လင်ကျောင်းမှတိုက်ပွဲပင်အနည်းငယ်မှေးမှိန်သွားရသည်။
ယခုအခါ သိုင်းလောကတစ်ခုလုံးရှိအင်အားစုများထိတ်လန့်ခြောက်ချားနေရပြီး သိုင်းမဟာမိတ်၊ မိစ္ဆာဝိညာဉ်တို့သာမက အခြားထိပ်တန်းအင်အားစုများလည်းတုန်လှုပ်နေကြသည်ဟုသိရသည်။
အမည်မသိသည့်လူသတ်သမားက လွန်စွာရက်စက်ကြမ်းကြုတ်သလိုသူ၏သိုင်းပညာကလည်း ကြောက်စရာကောင်းလွန်းသည်။
ကြားသိရသည့်အချက်အလက်များက ယုံချင်စရာမရှိလှသော်လည်း သိုင်းမဟာမိတ်က ထုတ်ပြန်ကြေငြာချင်းဖြစ်၍ မယုံကြည်၍မရနိုင်အောင်ပင်။
ထိုနည်းတူ သိုင်းလောကထဲရှိအင်အားစုများမှာ ကြောက်စရာကောင်းလှသည့်ထိုလူက သူတို့ဆီသို့အလည်လာမည်ကိုကြောက်လန့်နေကြသည်။
ထို့ကြောင့် လူသတ်သမားကို မိစ္ဆာဓားသမားဟုအမည်ပေးကာ သိုင်းမဟာမိတ်နှင့်ဂိုဏ်းကြီးခြောက်ဂိုဏ်းတို့ပူးပေါင်းကာ ရှာဖွေနေကြပြီဖြစ်သည်။
&&&
" မဖြစ်နိုင်တာ ထိပ်တန်းအင်အားစုနှစ်ခု ရှေ့ဆင့်နောက်ဆင့်သုတ်သင်ခံလိုက်ရတာလား....."
ကြွယ်ယန်၏အံ့ဩတကြီးအော်ဟစ်ဟံက အခန်းငယ်လေးထဲတွင်ဟိန်းထွက်သွားသည်။
သူ၏မျက်နှာက အံ့သြတုန်လှူပ်နေဟန်တူသလို ကြွယ်ယန်တစ်ဦးတည်းသာမဟုတ်ဘဲရှောင်ယောင်တို့လည်းထိုနည်းတူပင်။
ထိပ်တန်းအဆင့်အင်အားစုများဆိုသည်က သိုင်းလောကဲတွင်အမြင့်ဆုံးဂိုဏ်းအဖွဲ့များဖြစ်ကာ ဂိုဏ်းစစ်ပွဲဖြစ်ပွားလျှင်ပင် အမြစ်ပြတ်သုတ်သင်ခံရမည်မဟုတ်ပေ။
ယခုအခါ အင်အားတောင့်တင်းလှသည့်ထိပ်တန်းအင်အားစုနှစ်ခုက ရှေ့ဆင့်နောက်ဆင့်အမြစ်ပြက်သုတ်သင်ခံလိုက်ရပြီး တရားခံက တစ်ဦးထဲဟုသိရသည့်အတွက်သူတို့မယုံကြည်နိုင်ဘဲဖြစ်နေခြင်းဖြစ်သည်။
စီးတုမင်က သူ၏ဦးခေါင်းကိုဖြေးညင်းစွာညိမ့်ပြရင်းပြောလိုက်သည်။
" ဒါက တကယ်ပဲကောင်လေး....စောစောကမှ တေလေဂိုဏ်းကလူတွေ
သတင်းပို့လာတာ။
ကောင်းယွဲ့ဂိုဏ်းကိုရောက်နေတဲ့ဂိုဏ်းကြီးငါးဂိုဏ်းကလူတွေကလည်း ချူမိသားစုရှိတဲ့နေရာကိုအမြန်ဆုံးသွားနေကြပြီ...."
စီးတုမင်၏တည်ကြည်သည့်အမူအယာကြောင့် ရှောင်ယောင်တို့လည်း ထိုအကြောင်းကို မယုံကြည်၍မရတော့ပေ။
သို့သော် ထိပ်တန်းအဆင့်အင်အားစုနှစ်ခုကို တူညီသည့်လူတစ်ဦးထဲက အမြစ်ပြက်သုတ်သင်သွားကာ ထိုလူက လူငယ်မျိုးဆက်တစ်ဦးသာဖြစ်သည်ဟုသိရခြင်းကမည်သို့တွေးပါစေ အံ့ဩတုန်လှုပ်နေရဆဲဖြစ်သည်။
စန်းဟုန်းလျန်က သူတို့၏အမူအယာကိုအကဲခပ်ကာပြောလိုက်သည်။
" အခုလောလောဆယ်မှာ စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုရက်အကန့်အသက်မရှိရပ်နားလိုက်ပြီး ဒါကိုပြောချင်လို့ မင်းတို့ကိုခေါ်လိုက်တာပဲ ...."
စန်းဟုန်းလျန်၏စကားကိုရှောင်ယောင်တို့အနေဖြင့်များစွာအံ့ဩမှုမရှိကြချေ။
အကြောင်းကား ယခုလိုတုန်လှုပ်ချောက်ခြားဖွယ်ကိစ္စရပ်များကြုံတွေ့နေရချိန်တွင် သိုင်းပြိုင်ပွဲက အရေးမပါသည့်ကိစ္စတစ်ခုသာမဟုတ်ပါလား ။
ထိုစဉ် ကြွယ်စင်းက တွေးတွေးဆဆဖြင့်မေးလိုက်သည်။
" အဲဒီမိစ္ဆာဓားသမားဆိုတဲ့လူငယ်ကိုရော ဘယ်လိုလုပ်ဖို့ဆုံးဖြတ်ထားကြလဲ ...."
သူ၏မေးခွန်းကိုပြန်ဖြေလိုက်သူက ဆရာတော်ရွှမ်းနန်ဖြစ်သည်။
" အခုလက်ရှိမှာ သူ့ရဲ့တည်နေရာကိုရှာဖွေနေသလို သူ့ရဲ့ပုံကြမ်းကိုလည်းထုတ်ပြီးနေရာအနှံ့ဆုငွေထုတ်ထားပြီ။
ဒါပေမယ့် ဘယ်သူမှသွားပြီးတိုက်ရဲမှာတော့မဟုတ်ပါဘူး။ အများဆံားအနေနဲ့ သူ့အကြောင်းကိုသတင်းပေးရုံလောက်ပဲပေါ့...."
ဆရာတော်ရွှမ်းနန်၏စကားက မှန်ကန်ပြီး သိုင်းဝိဇ္ဇာများကိုသတ်ဖြတ်ကာထိပ်တန်းအင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သင်ခဲ့သူအားမည်သူမှသွားရောက်တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။
" အခုလက်ရှိမှာ ငါတို့ရှောင်လင်ဂိုဏ်းအပါအဝင် ကျန်တဲ့ဂိုဏ်းကြီးငါးဂိုဏ်းက ယာယီမဟာမိတ်ဖွဲ့ထားတယ်။
ငါတို့ရဲ့ရည်ရွယ်ချက်က အဲဒီလူငယ်ကိုလက်ရဖမ်းဆီးပြီး ဘာဖြစ်လို့အင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သင်ခဲ့တယ်ဆိုတာ စစ်ဆေးဖို့ပဲ။
သူ့မှာ ဘယ်လိုအကြောင်းရင်းပဲရှိနေပါစေ အခုလိုမျိုးလုပ်ဆောင်တာကတော့ တကယ့်ကိုလွန်လွန်းတယ် ..."
ဆရာတော်ရွှမ်းနန်ကိုတည်ငြိမ်အေးဆေးပြီး သိုင်းလောကကိစ္စများကိစိတ်မဝင်စားသူပင် ထိုအကြောင်းကိုပြောဆိုရာတွင်မျက်မှောင်ကြုတ်လျက်ရှိသည်။
မည်သို့ပင်ဖြစ်စေ မိစ္ဆာဓားသမား၏လုပ်ရပ်က ရက်စက်ကြမ်းကြုတ်လှ၍သူတို့အနေဖြင့်ဆက်လက်လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
ဆရာတော်ရွှမ်းနန်က ရှောင်ယောင်တို့ကိုကြည့်ကာဆက်ပြောလိုက်သည်။
" သိပ်မကြာခင်မှာ ဂိုဏ်းကြီးငါးဂိုဏ်းကလူတွေနဲ့ ငါတို့ရှောင်လင်က ကျားနဂါးဘွဲ့ရဆရာတော်တွေသွားပြီးပူးပေါင်းလိမ့်မယ်။
ပြီးတော့ တခြားဂိုဏ်းကြီးတွေက သိုင်းဝိဇ္ဇာတွေ ၊ ကျော်ကြားတဲ့သိုင်းထိပ်သီးတွေနဲ့ သိုင်းမဟာမိတ်ကခေါင်းဆောင်တွေလည်း ဒီအဖွဲ့ထဲမှာပါလိမ့်မယ်။ ခေါင်းဆောင်ကတော့ ဆရာတော်ခုံးယင်ပေါ့...
ပြီးတော့ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့လူတွေကို ဂိုဏ်းကြီးခြောက်ဂိုဏ်းကနေ ဆုလာဒ်တွေပေးဦးမယ် ။ မင်းတို့ရော မဟာမိတ်အဖွဲ့ထဲမှာပါပြီး မိစ္ဆာဓားသမားကိုနှိမ်နင်းဖို့စိတ်ဝင်စားလား ...."
ဆရာတော်ရွှမ်းနန်၏စကားအရ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများဦးဆောင်ကာ မိစ္ဆာဓားသမားဆိုသည့်လူငယ်ကိုနှိမ်နင်းရန်သေချာသလောက်ရှိနေပြီး ထိုလူငယ့်အနေဖြင့်အတောင်ပေါက်လျှင်ပင်လွတ်မြောက်ရန်မလွယ်ကူပါချေ။
" တတိယညီလေး ....အစ်ကိုကြီး ကျုပ်တို့သွားရအောင်...."
ဆရာတော်ရွှမ်းနန်၏မေးခွန်းကိုဦးစွာတုန့်ပြန်လိုက်သူက ကြွယ်ယန်ပင်ဖြစ်ပြီး သူ၏ပုံစံက လွန်စွာတက်ကြွလျက်ရှိသည်။
သိုင်းပြိုင်ပွဲတွင်နောက်ဆုံးဆယ်ယောက်စာရင်းဝင်ခဲ့သော်လည်းသိုင်းပြိုင်ပွဲရပ်နား၍အနည်းငယ်စိတ်ညစ်နေသည့်ကြွယ်ယန်မှာ ယခုလိုကျော်ကြားမည့်အခွင့်အရေးပေါ်ထွက်လာချိန်တွင် ရှေ့ဆုံးမှဦးဆောင်နေသည်ကများစွာထူးဆန်းခြင်းမရှိပေ။
ဆရာတော်ရွှမ်းနန်၏စကားနှင့်ပတ်သတ်၍ ကြွယ်စင်းက မျက်မှောင်ကြုတ်၍တွေးတောနေသလို ဟောင်ရန်ကလည်း ရှောင်ယောင်၏မျက်နှာကိုကြည့်လိုက်သည်။
ယခုကိစ္စက ကြွယ်ယန့်လိုစိတ်မြန်လက်မြန်ရှိသူများသာ ရှေ့ဆုံးမှတက်ကြွစွာပါဝင်မည်ဖြစ်ပြီး စဥ်းစားတွေးတောတက်သည့်မည်သူမဆိုယခုကိစ္စက များစွာအန္တရာယ်များမည်ဖြစ်ကြောင်းတွေးတောနိုင်ကြသည်။
ထိပ်တန်းအင်အားစုနှစ်ခုကိုပင်တစ်ကိုယ်တော်အမြစ်ပြတ်သုတ်သင်နိုင်သူကမည်သည့်နည်းနှင့်မှအားနည်းလိမ့်မည်မဟုတ်ဘဲ သိုင်းဝိဇ္ဇာများကိုပင်သတ်ဖြတ်နိုင်စွမ်းရှိပေမည်။
သို့သော် တစ်ဖက်တွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများဦးဆောင်သည့်အတွက် မိစ္ဆာဓားသမားကိုနှိမ်နင်းနိုင်ရန်က အခွင့်အရေးများပြီး အခြားလူများပါ ပါဝင်လေရာ ထိုတာဝန်ကမဖြစ်နိုင်သည်တော့မဟုတ်ပေ။
ထို့အပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကပေးမည့်ဆုလာဒ်များက နည်းသည့်အရာမဖြစ်နိုင်ဘဲ ထိုအချက်ကြောင့်လည်း သိုင်းလောကသားများလာရောက်ပူးပေါင်းခြင်းဖြစ်ပေမည်။
ဆုလာဒ်နှင့်အန္တရာယ်ဒွန့်တွဲနေသည့်အခြေအနေတွင် ရှောင်ယောင်ပင် လွယ်လွယ်ကူကူမဆုံးဖြတ်ဝံ့ဘဲ ကြွယ်စင်းနှင့်ဟောင်ရန်၏သဘောထားကိုမေးလိုက်သည်။
" မင်းတို့ကရော...."
" ခင်ဗျားသဘောလေ...."
ဟောင်ရန်၏အဖြေက ရှင်းလင်းလှပြီး သူ့အနေဖြင့်ရှောင်ယောင်ဆုံးဖြတ်သလိုလိုက်လံလုပ်ဆောင်မည်ဖြစ်သည်။
အမြဲလိုလိုစကားများငြင်းခုန်ကာခေါင်းမာသည့်ထိုလူငယ်လေးက ယခုလိုအရေးကြီးသည့်အချိန်မျိုးတွင် သူ့ကိုယုံကြည်သည်က ချစ်ဖို့ကောင်းသည်ဟုပင်တွေးလိုက်မိသည်။
ကြွယ်စင်းကား အနည်းငယ်စဉ်းစားပြီးမှပြန်ဖြေလိုက်သည်။
" ကျုပ်တို့ မသွားရင်ဘာမှမဖြစ်သလို သွားရင်လည်း အဆင်ပြေတာပဲ ။ အနည်းဆုံး ကျုပ်တို့ကိုယ်ကျုပိတို့ ကာကွယ်နိုင်စွမ်းရှိမှာပါ။ သွားမသွားကိုတော့ ...အစ်ကိုရှောင်ယောင်ပဲဆုံးဖြတ်လိုက်ပါ...."
ငယ်စဥ်ကပင် အခြားလူများ၏ဆန္ဒကိုဦးစားပေးတတ်သည့်ကြွယ်စင်းကလည်းရှောင်ယောင့်ကိုသာဆုံးဖြတ်စေခဲ့သည်။
" အစ်ကိုရှောင်ယောင် လုပ်စမ်းပါ .."
ကြွယ်ယန်က တောင်းဆိုသည့်အကြည့်ဖြင့်ပြောလိုက်သော်လည်းရှောင်ယောင်ကဆုံးဖြတ်ချက်ချမှတ်ရန်တွေဝေနေဆဲပင်ဖြစ်သည်။
အကြောင်းကားသိုင်းလောကထဲဆင်းသည်က သုံးလပင်မပြည့်သော်လည်း အသက်အန္တရာယ်ထိခိုက်စေမည့်ကိစ္စများသုံးကြိမ်တိတိကြုံတွေ့ပြီးနောက်တွင် ရှောင်ယောင်မှာ အလိုလိုသတိကြီးလာခြင်းဖြစ်သည်။
ယခုလည်း ကြောက်စရာကောင်းသည့်မိစ္ဆာဓားသမားကိုနှိမ်နင်းရန်မဟာမိတ်တွင်ပါဝင်ခြင်းက အခြားလူများနည်းတူဖြစ်သော်လည်း ရှောင်ယောင်က လွယ်လွယ်ကူကူဆုံးဖြတ်နိုင်ခြင်းမရှိသေးပေ။
" ဟောဒီက ဒကာကြီးစီးတုမင်နဲ့ မင်းဦးလေးဟုန်းလျန်ရောပါမှာ ...."
ဆရာတော်ရွှမ်းနန်ကဝင်ထောက်လိုက်သည်။
သူ၏စကားကိုစန်းဟုန်းလျန်က ခေါင်းညိမ့်ပြလိုက်သလို စီးတုမင်ကလည်းရှင်းပြလိုက်သည်။
" ငါက ခုံတုံဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆိုတော့ မပါမဖြစ်ပေါ့....အစ်ကိုစန်းကတော့ မင်းတို့ပါမယ်ဆိုရင် လိုက်ပြီးစောင့်ရှောက်ဖို့ပဲ။ ။
ပြီးတော့ ချင်းချင်းလည်း မဟာမိတ်မှာပါဝင်မယ်လို့ပြောတယ်...."
စီးတုမင်း၏စကားအရ စီးတုယွမ်ချင်းလည်း မဟာမိတ်အဖွဲ့တွင်ပါဝင်မည်ဟုသိရသည်။
ထို့နောက် ရှောင်ယောင်က ဆရာတော်ရွှမ်းနန်ကိုကြည့်ကာမေးလိုက်သည်။
" အဖိုးလေးက ကျုပ်ကို မဟာမိတ်ထဲပါဝင်စေချင်တာမဟုတ်လား....."
ဆရာတော်ရွှမ်းနန်၏စကားအသွားအလာအရ သူတို့ကိုမဟာမိတ်အဖွဲ့တွင်ပါဝင်ရန်လိုလားကြောင်းသိသာစေပြီး သူ၏မေးခွန်းကြောင့် ဆရာတော်ရွှမ်းနန်ကပြုံးလိုက်သည်။
&&&