← Chapters

အ‌ကြံအစည်

Vol. 4 Ch. 31

အ‌ကြံအစည်

Vol. 4 Ch. 31

လက်ငါးချောင်းတောင်တန်း

လက်ချောင်းငါးခုကိုထောင်ထားသလို မက်စောက်ပြီးတက်ရခက်သည့်လက်ငါးချောင်းတောင်တန်းက တစ်ချိန်က လူသူအရောက်အပေါက်မရှိသည့်နေရာတစ်ခုဖြစ်သော်လည်းမိစ္ဆာဝိညာဉ်အဖွဲ့တည်ထောင်ပြီးချိန်မှစ၍ စည်ကားသိုက်မြိုက်လာခဲ့သည်။

ဤသည်ကလည်း အနက်ရောင်သိုင်းလောက၏ဦးစီးဦးဆောင်ဖြစ်သည့် မိစ္ဆာဝိညာဉ်အဖွဲ့က လက်ငါးချောင်းတောင်ခြေတွင်တည်ရှိ၍ဖြစ်ပြီး အနက်ရောင်သိုင်းလောက၏သုံးပုံနှစ်ပုံမှာ မိစ္ဆာဝိညာဉ်အဖွဲ့ဝင်များဖြစ်ကြသည်။

ထိုနည်းတူ နတ်ဆိုးရှစ်‌ယောက်ဟုကျော်ကြားသည့် သူတို့၏ခေါင်းဆောင်ရှစ်ယောက်က ကြောက်စရာကောင်းသည့်သိုင်းထိပ်သီးများသာဖြစ်ကာထိပ်ဆုံးသုံးယောက်ဆိုလျှင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားများဖြစ်ကြသည်။

ထို့ကြောင့် မိစ္ဆာဝိညာဉ်အဖွဲ့တည်ထောင်သည်က ဆယ်နှစ်ဝန်းကျင်သာရှိသေးသော်လည်း သိုင်းမဟာမိတ်ကိုအမှီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် မိစ္ဆာဝိညာဉ်အဖွဲ့၏အာဏာကိုအမှန်တကယ်ချုပ်ကိုင်ထားသူက အနက်ရောင်ဂိုဏ်းကြီးငါးခုသာဖြစ်ပြီး သူတို့၏အကြံအစည်ကြောင့်လည်းမိစ္ဆာဝိညာဉ်ဟူ၍ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။

လက်ငါးချောင်းတောင်ထိပ်၏တောင်ခါးပန်းတစ်နေရာတွင်အတော်အတန်ကျယ်ပြန်သည့်မြေနေရာတစ်ခုရှိပေသည်။

လက်ရှိအချိန်၌ ထိုတောင်ခါးပန်းတွင် လူလေးယောက်ဝိုင်းဖွဲ့ကာထိုင်လျက်ရှိပြီး သူတို့တစ်ယောက်ချင်းစီက အနက်ရောင်သိုင်းလောကတွင်လွန်စွာကျော်ကြားသည့်ပုဂ္ဂိုလ်များသာဖြစ်ကြသည်။

အဆိပ်ငါးပါးဂိုဏ်းချုပ်ရှန်ဖုန်း၊ အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုး ၊ ပင့်ကူနက်အဖွဲ့ခေါင်းဆောင် အလှဒေဝီနှင့် လပြည့်ညဂိုဏ်းချုပ် မိစ္ဆာဓားလင်းချီတို့ဖြစ်ကြသည်။

ကျန်ဂိုဏ်းကြီးတစ်ခုဖြစ်သည့် သံမဏိသွေးဂိုဏ်းချုပ် ထျန်ရှန်းကိုမူဤနေရာတွင်မမြင်ရပေ။

" ဂိုဏ်းချုပ် ရှန် ကျုပ်တို့ကိုဘာကိစ္စနဲ့ခေါ်လိုက်တာလဲ...."

မိစ္ဆာဓားလင်းချီက သူ၏ပုံစံအတိုင်း မှုန်ကုတ်ကုတ်အမူအယာဖြင့်မေးလိုက်သည်။

သူ၏ရုပ်ရည်သွင်ပြင်က တည်ကြည်ခန့်ညားသော်လည်း မျက်နှာက အမြဲလိုလိုတင်းမာနေကာ ပင်ကိုယ်စိတ်ရင်းကလည်းသွေးဆာရက်စက်သူတစ်ဦးဖြစ်သည်။

သို့သော် ကျန်ဂိုဏ်းချုပ်လေးယောက်နှင့်ယှဉ်လျှင် သူ၏သိုင်းပညာကအနိမ့်ဆုံးဖြစ်၍ သူများနှင့်စာလျှင် ခေါင်းတစ်လုံးနိမ့်နေသည်ဟုခံစားမိသည့် လင်းချီမှာ ယခုလိုမျိုးဆွေးနွေးပွဲမျိုးကိုမတတ်ရောက်လိုခြင်းဖြစ်၏။

" ဂိုဏ်းချုင်လင်းကလည်း ဖြေးဖြေးပေါ့...."

စာပေသမားတစ်ဦးနှင့်ဆင်တူပြီး ဖြူဖျော့သည့်မျက်နှာရှိသည့် အရိုးဖြူဂိုဏ်းချုပ်က ပြုံး၍ပြောလိုက်သည်။

အရိုးဖြူဂိုဏ်းချူပ်လီဟူရှိုးမှာ နှိမ့်ချတတ်ပြီးတည်ငြိမ်အေးဆေးသူတစ်ဦးဖြစ်သလို ဂိုဏ်းချုပ်ငါးယောက်ထဲတွင် ခန့်မှန်းရအခက်ဆုံးလူလည်းဖြစ်သည်။

သူ၏အပြင်ပိုင်းသွင်ပြင်ကိုကြည့်၍ လီဟူရှိုးကိုသဘောကောင်းသူတစ်ယောက်ဟုထင်မှတ်လျှင်အမှားကြီးမှားသွားမည်ဖြစ်ပြီး သူ၏အရိုးဖြူဂိုဏ်းက ဂိုဏ်းကြီးငါးခုထဲတွင်အရက်စက်ဆုံးဂိုဏ်းလည်းဖြစ်သည်။

ပင့်ကူနက်အဖွဲ့ခေါင်းဆောင် အလှဒေဝီကား အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့်တိုင် ချောမောနေဆဲဖြစ်ပြီး နှစ်ချို့အရက်ကောင်းတစ်ခုလိုသက်တမ်းရင့်လေလေပို၍ ဆွဲဆောင်မှူရှိလေလေဖြစ်သည်။

ဂိုဏ်းကြီးငါးခုထဲတွင် ခေါင်းဆောင်နေရာယူထားသည့် အဆိပ်ငါးပါးဂိုဏ်းချုပ်ရှန်ဖုန်းက ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည်။

" ကျုပ် မင်းတို့ကို‌ဆင့်ခေါ်လိုက်တာ တခြားတော့မဟုတ်ပါဘူး လက်ရှိသိုင်းလောကထဲက အခြေအနေတွေကို ဆွေးနွေးချင်လို့ပါ...."

အသက်ရှစ်ဆယ်ကျော်နေပြီဖြစ်သည့် ရှန်ဖုန်းက အိုမင်းနေပြီဖြစ်သော်လည်း တဖျက်ဖျက်တောက်ပသည့်မျက်ဝန်းများနှင့် လူအများအပေါ်လွှမ်းမိုးနိုင်စွမ်းရှိဆဲပင်။

သူ၏အနီးတွင်ချထားသည့်မြွေခေါငိးပုံတောင်ဝှေးက အကောင်းစားဓားလှံများကိုပငိရင်ဆိုင်နိုင်သည့်လက်နက်ဖြစ်ပြီး ဂိုဏ်းချုပ်ငါးယောက်ထဲတွင် ရှန်ဖုန်း၏သိုင်းပညာကအမြင့်ဆုံးဖြစ်သည်။

အဖိုးအိုရှန်ဖုန်း၏စကားကြောင့် ကျန်လူများလည်း တိတ်ဆိတ်သွားကြပြီး သူတို့၏အမူအယာက လေးနက်တည်ကြည်သွားကြသည်။

မှန်ပေသည်။

လက်ရှိသိုင်းလောကထဲမှအဖြစ်အပျက်များက လွန်စွာတုန်လှုပ်ချောက်ခြားဖွယ်ဖြစ်နေပြီ တစ်ချိန်လုံးငြိမ်သက်နေသည့်ဂိုဏ်းကြီးခြောက်ဂိုဏ်းပင်ဝင်ပါရသည့်အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။

သို့သော် အနက်ရောင်သိုင်းဂိုဏ်းကြီးများကတော့ တစ်စုံတစ်ရာလှုပ်ရှားခြင်းမရှိဘဲအခြေအနေကိုတိတ်တဆိတ်သာစောင့်ကြည့်နေကြသည် ။

ထိုအကြောင်းကိုများစွာတွေးတောစရာမလိုပေ။ သိုင်းလောက၏အန္တရာယ်ကောင်ဟုလူအများသက်မှတ်ထားကြသည့်မိစ္ဆာဓားသမားက ကြောက်စရာကောင်းသည်မှန်သော်လည်း သူ၏လက်ချက်ကြောင့်အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်က အဖြူရောင်အင်အားစုနှစ်ခုသာဖြစ်သည်။

ထို့ကြောင့် အနက်ရောင်သိုင်းဂိုဏ်းများအနေဖြင့်ထိုအခြေအနေကို ကြိတ်၍ပင်ပျော်ရွှင်နေကြသေးကာ ပို၍ကောင်းမွန်သည့်အချက်ကား ထိုအင်အားစုနှစ်ခုက သိုင်းမဟာမိတ်၏အဖွဲ့ဝင်များဖြစ်နေ‌ခြင်းကြောင့်ပင်။

နောက်ပိုင်းဆယ်နှစ်အတွင်းသိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်တို့၏ပြိုင်ဆိုင်မှုက သိုင်းလောကသားတိုင်းသိရှိထားသည့်အရာဖြစ်ပြီး အင်အားချင်းနှိုင်းယှဉ်ရလျှင်များစွာမကွာဟသော်လည်း နောက်ခံချင်းနှိုင်းယှဉ်ပါက မိစ္ဆာဝိညာဥ်သိသိသာသာအရေးနိမ့်နေသည်။

ထိုအခြေအနေတွင် မိစ္ဆာဓားသမား၏လက်ချက်ကြောင့် သိုင်းမဟာမိတ်အဖွဲ့ဝင်အင်အားစုနှစ်ခုပျက်စီးသွားရာ အနက်ရောင်ဂိုဏ်းကြီးများမှာ ကြောက်လန့်တုန်လှုပ်ရမည့်အစားထိုလူငယ်ကိုဆုချလိုစိတ်များပင်ဖြစ်ပေါ်နေကြသည်။

" ရှင်ပြောတာ မိစ္ဆာဓားသမားဆိုတဲ့လူငယ်ရဲ့အကြောင်းကိုလား...."

ပင့်ကူနက်အဖွဲ့ခေါင်းဆောင်အလှဒေဝီကဦးစွာမေးမြန်းလိုက်သည်။

သူ၏စကားကြောင့် ကျန်နှစ်ယောက်လည်းအဖိုးအိုရှန်ဖုန်းကိုသိလိုစိတ်ပြင်းပြစွာကြည့်လိုက်ကြ၏။

အမှန်အတိုင်းဝန်ခံရပါလျှင် ထိပ်တန်းအင်အားစုနှစ်ခုကိုတစ်ကိုယ်တော်သုတ်သင်နိုင်သည့်လူငယ်၏အစွမ်းက ကြောက်လန့်စရာကောင်းလှပြီး သူတို့လိုသိုင်းဝိဇ္ဇာများပင်တုန်လှုပ်မှုကိုခံစားကြရသည် ။

ပို၍အရေးကြီးသည်က ထိုလူငယ်၏နည်းလမ်းများကရက်စက်ကြမ်းကြုတ်လှ၍ဖြစ်ပြီး အမျိူးသမီးများနှင့်ကလေးငယ်များမှလွဲ၍ မြင်မြင်သမျှသတ်ဖြတ်သည့်လုပ်ရပ်က သာမန်လူတို့၏စိတ်နေစိတ်ထားဟုတ်ဟန်မတူပေ။

သို့သော် မိစ္ဆာဓားသမား၏ပစ်မှတ်ကအဖြူရောင်အင်အားစုများဖြစ်နေ၍ သူအနေဖြင့်စိတ်သက်သာရာရခြငးဖြစ်ကာ သို့တိုင် အထောက်တော်များစေလွှတ်၍ ထိုလူငယ့်ကိုရှာဖွေစောင့်ကြည့်ရန်စေခိုင်းထားပြီးဖြစ်သည်။

အံ့ဩဖွယ်ကောင်းသည်က သိုင်း‌လောကတစ်ခုလုံးရှိအင်အားစုများကပိုက်စိတ်တိုက်ရှာဖွေခြင်းကိုခံနေရသည့်တိုင် မိစ္ဆာဓားသမားက ပျောက်ချင်းမလှပျောက်ဆုံးနေခြင်းဖြစ်ပေသည်

" အမှန်ပဲ မိစ္ဆာဓားသမားရဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းတောင်လှုပ်ရှားလာရပြီ။

သူတို့က မိစ္ဆာနှိမ်နင်းရေးမဟာမိတ်ဆိုပြီးအင်အားစုတစ်ခုဖွဲ့စည်းထားတဲ့အပြင်သိုင်းလောကထဲက ကျော်ကြားတဲ့သိုင်းသမားတွေပါပူးပေါင်းပါဝင်လာသေးတယ်။

အေးပေါ့လေ လျှံငွေနှစ်သိန်းဆိုတဲ့ပမာဏအပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကပေးမယ့်ဆုလာဒ်တွေဆိုတာ ဘယ်နည်းနဲ့မှသေးသေးမွှးမွှားဖြစ်မှာမှမဟုတ်တာ...."

အဖိုးအိုရှန်ဖုန်းက အထင်အမြင်သေးဟန်ဖြင့်ပြောလိုက်သော်လည်း သူ၏မျက်ဝန်းများက လေးနက်တည်ကြည်နေသည်။

လျှံငွေနှစ်သိန်းဆိုသည့်ပမာဏက မိစ္ဆာဓားသမားကိုဖမ်းဆီးနိုင်လျှင်ရရှိမည့်ပမာဏဖြစ်ပြီး အမြစ်ပျက်သုတ်သင်ခံလိုက်ရသည့်အင်အားစုများမှလက်ကျန်ဂိုဏ်းသားများက ပူးပေါင်း၍ဆုငွေထုတ်ခြင်းဖြစ်သည်။

ထိုပမာဏက နေ့ချင်းညချင်းချမ်းသာကြွယ်ဝစေမည့်ပမာဏဖြစ်ပြီးတော်ရုံတန်ရုံသူဌေးသူကြွယ်များ၏ပိုင်ဆိုင်မှုထက်ပင်များပြားနေသေးသည်။

သို့သော် ထိပ်တန်းအင်အားစုနှစ်ခုကိုပင်တစ်ကိုယ်တော်သုတ်သင်နိုင်ခဲ့သည့်မိစ္ဆာဓားသမားကိုမည်သူမှဖမ်းဆီးရန်သတ္တိမရှိဘဲ သူတို့အတွက်မျှော်လင့်ရသည်က ဂိုဏ်းကြီးခြောက်ဂိုဏ်းမဟာမိတ်နှင့်ပူးပေါင်းကာလူအင်အားဖြင့်အနိုင်ယူရန်ဖြစ်သည်။

အကြောင်းကား မိစ္ဆာနှိမ်နင်းရေးမဟာမိတ်တွင်ပါဝင်သည်က ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာခြောက်ယောက်အပြင် စီးတုမင်တို့လိုကျော်ကြားသည့်သိုင်းဝိဇ္ဇာအချို့လည်းပါဝင်မည့်အတွက်ဖြစ်သည်။

အချိန်တန်၍ မိစ္ဆာဓားသမားကိုနှိမ်နင်းပြီးစီးပါက မဟာမိတ်တွင်ပါဝင်သူမှန်သမျှက နာမည်ကောင်းရမည့်အပြင် ဆုလာဒ်များကိုလည်းရရှိပေဦးမည်။

" ဂိုဏ်းချုပ်ရှန်က ဘာကိုဆိုလိုချင်တာလဲ မဟုတ်မှလွဲရော လျှံငွေနှစ်သိန်းကိုမက်မောလို့ မိစ္ဆာနှိမ်နင်းရေးမဟာမိတ်ထဲပါဝငိမလို့လား...."

အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုးက ပြုံး၍စနောက်လိုက်သည်။

သူ၏ပုံစံက ယဉ်ကျေးသိမ်မွေ့ပြီးပညာတတ်တစ်ယောက်သွင်ပြင်ရှိသော်လည်း သူ၏ အပြုံးကအနည်းငယ်ကျောချမ်းစရာကောင်းလှသည် ။။

အဖိုးအိုရှန်ဖုန်းက လီဟူရှိူး၏စနောက်မှုကို ဂရုမစိုက်ဘဲ လက်ညိုးတစ်ချောင်းထောင်ပြကာ ဆက်ပြောလိုက်သည်။

" မဟုတ်ဘူး ငါပြောချင်တာက သိုင်းမဟာမိတ်နဲ့ဂိုဏ်းကြီးခြောက်ဂိုဏ်းအလုပ်များနေတာကိုအခွင့်ကောင်းယူပြီးမိစ္ဆာဝိညာဉ်အဖွဲ့ကိုတိုးချဲ့ဖို့ပဲ။

မင်းတို့လည်းသိတာပဲ သူတို့ရဲ့မျက်ခြေမပျက်စောင့်ကြည့်မှုကြောင့် ငါတို့အနေနဲ့မိစ္ဆာဝိညာဉ်ကိုဘာမှကောင်းကောင်းမွန်မွန်မပံ့ပိုးနိုင်ခဲ့ဘူး။။

ဒါတောင်မှ မကျေနက်ချက်တွေကြောင့် သူ့အလိုလိုအင်အားကြီးမားလာပြီး ထိပ်တန်းအငိအားစုတစ်ခုလိုဖြစ်လာခဲ့သေးတယ်။

အဲဒီအတွက်တော့အနက်ရောင်သိုင်းလောကသားတွေကို ပြင်းပြင်းထန်ထန်ဖိနှိမ်ခဲ့တဲ့ သိုင်းမဟာမိတ်ကိုကျေးဇူးတင်ရမယ်....."

အဖိုးအိုရှန်ဖုန်းက တောက်ပသည့်မျက်လုံးများဖြင့် ကြောက်မက်ဖွယ်ကောင်းစွာပြုံးလိုက်ရင်း ဆက်ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ်ပါ အခု မိစ္ဆာဓားသမားရဲ့ကိစ္စကြောင့် သူတို့အလုပ်များနေတာကိုအခွင့်ကောင်းယူပြီး မိစ္ဆာဝိညာဥ်ကိုတိုးချဲ့ရမယ်။

ဒါမှ မိစ္ဆာဓားသမားကိုဖြေရှင်းနိုင်ပြီးရင် ငါတို့အနက်ရောင်သိုင်းလောကက အင်အားစုဆောင်းပြီးသားဖြစ်နေမှာ...."

အဖိုးအိုရှန်ဖုန်း၏အကြံပြုလျက်က ကျိုးကြောင်းသင့်လျော်သည့်အတွက် ကျန်ဂိုဏ်းချုပ်သုံးယောက်လည်းအတွေးနက်သွားသည်။

ရှန်ဖုန်းပြောသမျှင်အမှန်ပင်ဖြစ်ကာ ကျုံဟွာတောင်တိုက်ပွဲပြီးနောက်တွင် အနက်ရောင်သိုင်းလောကအထိနာခဲ့ခြင်းက သူတို့အတွက်ဆုံးရှုံးမှုကြီးဖြစ်သည်။

ထို့အပြင် မိစ္ဆာဝိညာဉ်အဖွဲ့ကို‌တည်ထောင်ပြီးမှ သိုင်းမဟာမိတ်ကိုယှဉ်ပြိုင်နိုင်သည်ဟုပြောနိုင်သော်လည်း စင်စစ်မိစ္ဆာဝိညာဉ်၏အဖွဲ့သားအများစုက အနက်ရောင်သိုင်းလောကရှိတစ်ကိုယ်တော်သိုင်းသမားများ ၊ အင်အားစုငယ်များမှဖြစ်ပြီး သူတို့ဂိုဏ်းကြီးငါးခုမှလူများထည့်သွင်းခွင့်မရပေ။

အကြောင်းကား သူတို့လို အနက်ရောင်သိုင်းလောက၏ထိပ်တန်းဂိုဏ်းကြီးငါးခုကို ‌းသိုင်း‌ လောကထဲမှ အင်အားစုများသာမက ဂိုဏ်းကြီးခြောက်ဂိုဏ်းသည်ပင်မျက်‌ချေမပျက်စောင့်ကြည့်နေခြင်းကြောင့်ဖြစ်၏။

ယခု မိစ္ဆာဓားသမား၏ဖြစ်ရပ်ပေါ်ပေါက်လာခြင်းက သူတို့အတွက်တိုးတက်ရန်အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။

" ဂိုဏ်းချုပ်ရှန်ရဲ့အကြံက ကောင်းတယ်လို့ကျမတော့ထင်တယ်....."

အလှဒေဝီက ရှန်ဖုန်း၏အကြံကိုထောက်ခံလိုက်သလို လီဟူရှိုးလည်းခေါင်းညိမ့်ပြလိုက်သည်။

သို့သော် လပြည့်ညဂိုဏ်းချုပ်လင်းချီက တစ်စုံတစ်ခုကိုဘဝင်မကျသည့်အလား မျက်မှောင်ကြုတ်၍မေးလိုက်သည်။

" ဒါဆိုရင် ကျုပ်တို့ အင်အားဘယ်လောက်စီဖြည့်တင်းကြမလဲ...."

&&&&

All Chapters