← Chapters

အဝိုင်းခံရခြင်း

Vol. 4 Ch. 39

အဝိုင်းခံရခြင်း

Vol. 4 Ch. 39

လေနက်အဖွဲ့၏စခန်းတစ်ခုလုံးလှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။

ချက်ပြုတ်နေပြသူများ ၊ အချင်းချင်းလက်ရည်စမ်းတိုက်ခိုက်နေသူများ ၊ ဝိုင်းဖွဲ့၍စကားပြောဆိုနေကြသူများအပါအဝင် အနားယူနေကြသူများပင် လက်နက်ကိုယ်စီစွဲကိုင်ကာ တဲများ၏အလယ်ရှိမြေကွက်လပ်၌ စုရုံးလာကြသည်။

သူတို့၏အမူအယာများကအလေးအနက်ဖြစ်နေကြသော်လည်း များစွာထိတ်လန့်နေခြင်းတော့မဟုတ်ပေ။

အစောပိုင်းက အချက်ပေးသံများက သူတို့၏ကင်းပုန်းများမှဖြစ်ပြီး ရန်သူများချဉ်းကပ်လာသည်ကိုအချက်ပေးခြင်းလည်းဖြစ်သည် ။

သို့သော် သည့်မတိုင်မီကလည်း စခန်းကို့ဖြိုခွဲမည့်လူများကိုအကြိမ်အနည်းငယ်ရှောင်တိမ်းပြီးဖြစ်၍မည်သူမှ ကြောက်လန့်ခြင်းမရှိကြပေ။

စခန်း၏ ဒုခေါင်းဆောင်နှင့် တတိယခေါင်းဆောင်များဖြစ်သည့် အိပ်ယာမှနိုးထလာဟန်တူသည့် ဝက်ဝံရိုင်းနှင့် ချက်ပြတ်နေသည့်နေရာမှအလျှင်အမြန်ရောက်ရှိလာသည့်မြေခွေးနီတို့ကလည်း ကျန်လူများနှင့်အတူရှိနေသည်။

သူတို့၏ စုစုပေါင်းအင်အားက သူံးဆယ့်နှစ်ယောက်ခန့်ရှိကာ ကင်းပုန်းဝပ်နေသူများအပါအဝင်သုံးဆယ့်ခုနစ်ယောက်ရှိပေသည်။

ထိုအထဲတွင် အနိမ့်ဆုံးလူကပင်အဆင့်မြင့်သိုင်းအဆင့်ရှိပြီး ထိပ်တန်းအဆင့်သိုင်းသမားဆယ်ယောက်နီးပါးပါဝင်ကာ အဆင့်လွန်ထိပ်သီးနှစ်ယောက်လည်းရှိ၍ သူတို့၏အင်အားက အလယ်အလက်တန်းစားအင်အားစုတစ်ခုနှင့်ညီမျှပေသည် ။

မှန်ပေသည်။

ထိုအထဲတွင် သူတို့၏ခေါင်းဆောင်ကိုထည့်တွက်ရသေးခြင်းမရှိပေ။

ကြမ်းတမ်းခက်ထန်သည့်ဘဝတွင်ဖြတ်သန်းနေကြရသူများပီပီ အဖွဲ့ဝင်တစ်ယောက်ချင်းစီက ရက်စက်ပြက်သားပြီးတိုက်ရည်ခိုက်ရည်ကောင်းမွန်ကြကာ လိမ္မာပါးနပ်မှုလည်းရှိကြ၍ လေနက်အဖွဲ့ကို ယနေ့အချိန်ထိမည်သူမှမဖြိုခွင်းနိုက်ကြသေးခြင်းဖြစ်သည် ။

" ဟဲ ဟဲ ဒီတစ်ကြိမ်ဘယ်သူတွေလာတာလဲမသိဘူး....."

" သိုင်းမဟာမိတ်လား...တခြားအဖြူရောင်ဂိုဏ်းတစ်ခုခုလား...."

" ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုလက်ဆောင်လေးဘာလေးပေးရင်မကောင်းဘူးလား....."

လေနက်ဓားပြအဖွဲ့ဝင်များက စိတ်လှုပ်ရှားစွာပြောဆိုနေပြပြီး ရန်သူများလာရောက်တိုက်ခိုက်သည်ကိုပင် တက်ကြွလျက်ရှိသည်။

ဤတောအုပ်၏အရှင်သခင်များဖြစ်ပြီးနာမည်ဆိုးဖြင့်ကျော်ကြားသည့်သူတို့ကို သိုင်းမဟာမိတ်အပါအဝင် အဖြူရောင်သိုင်းဂိုဏ်းများက ဖျက်ဆီးရန်ကြိုးစားခဲ့ကြဖူးသည်။

သို့သော်တောအုပ်အနေအထားကိုကျွမ်းကျင်ကြပြီး အဖွဲ့ဝင်တိုင်းကသိုင်းပညာအဆင့်မြင့်သူများဖြစ်၍ အင်အားအများအပြားဖြင့်ထိုလူများလာရောက်တိုက်ခိုက်သည့်အခါလူစုခွဲ၍ရှောင်တိမ်းလေ့ရှိသည်။

ထို့ကြောင့် အကြိမ်တိုင်းတွင် ကံမကောင်းသည့်အဖွဲ့ဝင်အနည်းငယ်သာအဖမ်းခံရပြီး တစ်ခါတစ်ရံ၌ သူတို့ကပင်ခြုံခိုတိုက်ခိုက်ကြ၍ အဖြူရောင်ဂိုဏ်းများဆုံးရှုံးမှုများကြုံတွေ့ရလေ့ရှိသည်။

ဤသည်က ယခင်ခေါင်းဆောင်၏လက်အောက်တွင် ဆိုးပေနေစဉ်က အကြောင်းအရာများဖြစ်ပြီးယခုခေါင်းဆောင်၏လက်အောက်သို့ရောက်ရှိသည့်လအနည်းငယ်အတွင်း အဖြူရောင်ဂိုဏ်းအဖွဲ့များ၏တိုက်ခိုက်မှုများကိုမကြုံတွေ့ရသလိုသူတို့လည်းယခင်ကလို လွန်လွန်ကျူးကျူးလုပ်ရပ်များကိုမလုပ်ဆောင်ခဲ့ကြတော့ပေ။

ထိုအခိုက် ဝါးအိမ်လေးအတွင်းမှ ဖျင်ကြမ်းဝတ်စြွဝတ်လူရွယ်ထွက်ပေါ်လာသည်ကိုမြင်လိုက်၍ ဝက်ဝံရိုင်းက အော်ဟစ်လိုက်သည်။

" ခေါင်းဆောင် ကျုပ်တို့ပြန်ပြီးခုခံမလား ထုံးစံအတိုင်းပဲလုပ်လိုက်ရမလား ..."

ယခင်က အဖြူရောင်အင်အားစုများကသူတို့ထက်လူအင်အားရောအရည်အချင်းပါသာလွန်၍ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်သော်လည်း ယခုအခါ မတူညီတော့ပေ။

သူတို့၏ခေါင်းဆောင်က အစွမ်းထက်လှသည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ဦးဖြစ်နေရာ လေနက်အဖွဲ့သားများပင် သူတို့ကိုလာရောက်တိုက်ခိုက်သူများကိုပင် ထိတ်တိုက်ယှဉ်ပြိုင်၍အနိုင်ယူနိုင်မည်ဟု ယုံကြည်နေကြသည်။

" အားလုံးပဲ စိတ်အေးအေးထားကြပါ...ကျုပ်တို့အခြေအနေကိုကြည့်ရသေးတာပေါ့ ...."

လူရွယ်၏စကားကြောင့်တိုက်ခိုက်မည်လက်တပြင်ပြင်ဖြစ်နေကြသူများက အနည်းငယ်စိတ်ပျက်သွားကြသည်။

သို့သော် အခြားလူများကိုမထိခိုက်စေလိုသည့်သူတို့ခေါင်းဆောင်၏စိတ်ဓာတ်ကိုကောင်းစွာသိ၍မည်သူမှစောဒကတတခြင်းတော့မရှိပေ။

ထိုစဉ် သစ်ရွက်ရောင်များနှင့်ရောနှောစေမည့်နီကျင့်ကျင့်အရောင်ကိုဝတ်ဆင်ထားသည့်သိုင်းသမားနှစ်ယောက်က လေနက်ဖွဲ့ဝင်များရှိရာသို့ သေလုမျောပါးပြေးလာကြပြီး အနီးသိူ့မရောက်မီကပင် အော်ဟစ်လိုက်ကြသညိ။

" ပြေးကြတော့ ....ချန်ချင်းဂိုဏ်းနဲ့သိုင်းမဟာမိတ်က လူတစ်ရာ့ငါးဆယ်လောက်လာပြီးဝိုင်းထားတယ်။ သူတို့ကိုခေါငိးဆောင်လာတာ ချန်ချင်းဂိုဏ်းချူပ်ပဲ ...ခွေးအတို့သုံးယောက်တောင် မိသွားကြပြီ...."

ထိုသိုင်းသမားနှစ်ယောက်၏ ကြောက်လန့်တကြားပုံစံများကြောင့် လေနက်အဖွဲ့ဝင်များလည်းတုန်လှုပ်သွားကာ ခြေမကိုင်မိလက်မကိုက်မိဖြစ်သွားကြ၏။

ယခင်က သူတို့၏စခန်းကိုလာရောက်တိုက်ခိုက်သည့်အင်အားစုမှန်သမျှက လူတစ်ရာပင်မပြည့်ဘဲ သူတို့ကိုဦးဆောင်သူများကလည်း အဆင့်လွန်ထိပ်သီးများသာဖြစ်သည်။

ယခု မည်သည့်အတွက် စိတ်ရူးပေါက်နေသည့်သိုင်းဝိဇ္ဇာတစ်ယောက်က ဦးဆောင်လာသည်မသိရဘဲ ကင်းပုန်းဝပ်နေသညိ့လူသုံးယောက်ကိုပင် မိသွားပြီဖြစ်သည် ။

" ခေါင်းဆောင် ဘယ်လိုလုပ်ကြမှာလဲ...."

" ချန်ချင်းဂိုဏ်းက ဒီနဲ့အတော်လေးလှမ်းပါသေးတယ်။ ဘာလို့သူတို့အင်အားတစ်ဝက်နီးပါးကငါတို့ကိုလာတိုက်ရတာလဲ...."

လေနက်အဖွဲ့ဝင်များမှာ ဆူညံနေကြပြီး ထငိမြင်ချက်အသီးသီးကိုပြောဆိုလျက်ရှိကြသည်။

ထိုအဖြစ်ကြောင့် ခေါင်းဆောင်လူရွယ်လည်း တစ်စုံတစ်ခုပြောမည်ပြုလိုက်စဉ် သူတို့စခန်း၏ဘေးပတ်လည်သို့လူရိပ်များစွာရောက်ရှိလာလေသည်။

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သိုင်းမဟာမိတ်မှအင်အားငါးဆယ်နှင့် အနက်ရောင်သိုင်းဝတ်စုံဝတ်ချန်ချင်းဂိုဏ်းသားတစ်ရာနီးပါးက လေနက်အဖွဲ့၏စခန်းတစ်ခုလုံးကို ဝိုင်းထားကြပေသည်။

ထိုအဖြစ်ကြောင့် လေနက်အဖွဲ့သားများလည်း ထိတ်လန့်တုန်လှုပ်သွားကြသည့်တိုင် သေခြင်းရှင်ခြင်းတိုက်ပွဲများကြားတွင်ကျင်လည်နေကြသူများပီပီ ဖရိုဖရဲမဖြစ်ဘဲ လက်နက်ကိုယ်စီဆွဲထုတ်ကာ ခုခံကာကွယ်သည့်အနေအထားဖြင့်ရှိနေကြပေသည်။

သိူ့သော် သူတို့၏စိတ်ထဲတွင်တော့ ကြိတ်၍တုန်လှုပ်နေကြပြီး သူတို့ကိုဝိုင်းထားကြသည့်လူများကို စိုးရိမ်ပူပန်သည့်မျက်ဝန်းများဖြင့်ကြည့်နေကြသည်။

ဤသည်က သူတို့၏အမှားမဟုတ်ဘဲ တစိဖက်လူများ၏အင်အားက များစွာသာလွန်နေခြင်းသာဖြစ်သည်။

လက်ရှိလူအင်အားက သူတို့ထက်ငါးဆခန့်ရှိနေရုံသာမက တစ်ဖက်လူများထဲတွင်အနိမ့်ဆုံးလူကပင် အဆင့်မြင့်သိုင်းသမားဖြစ်ရာ အရည်အချင်းအားဖြင့်လည်းအသာစီးရနေပေသည် ။

လေနက်အဖွဲ့သားများ၏စိတ်ထဲတွင်တော့ မည်သည့်အတွက် ထိုလူများ သူတို့ကိုဖြိုခွင်းရန်ယခုလိုလုပ်ဆောင်လာသည်ကို တအံ့တဩဖြစ်နေကြပေသည်။

အခြေအနေများက ချက်ခြင်းဆိုသလိုပြင်းထန်လာပြီး တစ်ဖက်လူများက အချိန်တိုအတွင်းရောက်ရှိလာရာ ဝက်ဝံရိုင်းနှငိ့ မြေခွေးနီတို့ပင် မျက်နှာပျက်နေကြသည်။

သို့သော် အဖွဲ့၏ခေါင်းဆောင်များပီပီ အခြားလူများရှေ့တွင်ရဲရင့်စွာရှိနေရင်းမှ ဝက်ဝံရိုင်းက ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများကိုကြည့်ကာမေးလိုက်သည်။

" ရာရာစစ ဘယ်က သတ္တိနဲ့ ငါတို့လေနက်အဖွဲ့ကို လာတိုက်ဝံ့တာလဲ....."

ဝက်ဝံရိုက်း၏ကျယ်လောင်သည့်အသံကြီးက တောအုပ်ထဲတွင် ဟိန်းထွက်သွားကာ သူ၏ပခုံးပေါ်တွင် ကြီးမားသည့်ဓားကြီးတစ်လက်ကိုလည်းထမ်းထားသေးသည် ။

ထွားကြိုင်းသန်မာပြီး အကြောက်အလန့်ကင်းဟည့်ဝက်ဝံရိုင်း၏ပုံစံက ရဲစွမ်းသတ္တိရှိနေသော်လည်း ချန်ချင်းဂိုဏ်းနှငိ့သိုင်းမဟာမိတ်မှလူများက ဂရုစိုက်ဟန်မတူဘဲ လူရိပ်နှစ်ရိပ်က ရှေ့ဆင့်နောက်ဆင့်ဆိုသလိုရောက်ရှိလာသည်။

" ဘုန်း...ဘုန်း ..."

" ဒီကောင်တွေက နည်းနည်းဖမ်းရခက်တာပဲ....."

အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးသက်လက်ပိုင်းအရွယ်ရှိသည့်လူတစ်ဦးက သူ၏လက်နှစ်ဖက်တွင် ပါလာသည့်လူနှစ်ယောက်ကို မြေကြီးပေါ်သို့ပစ်ချလိုက်သညိ။

ထိုအခါ ဒဏ်ရာကိုယ်စီဖြင့်လဲကျနေသည့်လူနှစ်ယောက်ကိုမြင်လိုက်ရပြီး လေနက်အဖွဲ့ဝင်များက လှုပိလှုပ်ရှားရှားဖြစ်သွားကြသည်။

" ခွေးအ ..သူခိုးလီ ..."

ထိုနှစ်ယောက်က ကင်းပုန်းဝပ်နေသည့်လူငါးယောက်ထဲမှဖြစ်ပြီး ယခုအခါ တစ်ဖက်လူများ၏လက်ထဲတွင်ဖမ်းမိကာ အကြောပိတ်ခံထားရဟန်တသသည်။

ထိုနည်းတူ ဓားတစ်လက်ကိုသိုင်းလွယ်ထားပြီး တည်ကြည်ပြက်သားသည့်ရုပ်သွင်ရှိသည့်အပြာရောင်ဝတ်စုံဝတ်လူက သူဖမ်းခေါ်လာသည့်နောက်ထပ်တစ်ယောက်ကို ဘေးသို့ပစ်လိုက်ရင်း အစိမ်းရောင်ဝတ်စုံဝတ်လူကိုပြောလိုက်သညိ။

" ဒီတစ်ခါတော့ အစ်ကိုထန်က သာသွားပြီ ကျုပ်မှာ ဒီတစ်ကောင်ပဲဖမ်းမိခဲ့တာ..."

ထိုလူက သူဖမ်းခေါ်လာသည့်လေနကိအဖွဲ့ဝင်တစ်ယောက်ကို ပစ်ချရင်းအရေးမပါသည့်ပုံစံဖြင့်ပြောလိုက်ခြင်းဖြစမသည်။

သူ၏အပြုအမူကြောင့် လေနက်အဖွဲ့သားများမှာ ဒေါသတကြီးဖြစ်သွားကြသော်လည်း အပြာရောင်ဝတ်စုံဝတ်လး၏ရုပ်သွင်ကိုတွေ့မြင်ပြီးနောက် တုန်လှုပ်သွားကြသည်။

" လျှက်တပြတ်ဓားသခင်...."

" သူက ...လက်နက်ပုန်းသခင်ပဲ...."

စခန်းကိုဝင်ရောက်တိုက်ခိုက်သည်က ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများသာမက ကြောက်စရာကောင်းလှသည့်လူနှစ်ယောက်လည်းပါဝင်နေပေသည်။

ထို့အပြင် ချန်ချင်းဂိုဏ်းချုပ်၏အရိပ်အယောင်ကိုမမြင်ရသေးသော်လည်း ကင်းသမားများ၏စကားအရ သူလည်းအတူပါဝင်နေသည်ဟုသိရသည်။

ထိုအခြေအနေတွင် ဝက်ဝံရိုင်းတို့လို ခေါင်းဆောင်များပင်တည်တည်ငြိမ်ငြိမ်ရှိမနေနိုင်တော့ပေ။

" မိတ်ဆွေတို့ ကျုပ်တို့စခန်းကိုလာတာ ဘာကိစ္စရှိလို့ပါလဲ ...."

ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူရွယ်က ဝါးအိမ်လေးပေါ်မှနေ၍ ချောင်ဖေးဟုန်တိူ့အနီးသို့ ရိပ်ခနဲရောက်ရှိလာသည်။

သူ၏ပုံစံက တည်ငြိမ်လှသလို အမူအယာကလည်း ခန့်မှန်းမရဘဲဖြစ်နေသည်။

ထို့အပြင် လူရွယ်၏မြင့်မားသည့်ကိုယ်ဖော့ပညာနှင့် ငယ်ရွယ်သည့်အသက်အရွယ်တို့ကြောင့် ချောင်‌ဖေးဟုန်းတို့လည်းအံ့ဩသွားကြပြီး ထန်ချင်းရှန်ကမေးလိုက်သည်။

" မင်းက ဘယ်သူလဲ ..."

သည့်မတိုင်မီက သူတို့အနေဖြင့် လေနက်အဖွဲ့အကြောင်းကိုစုံစမ်းခဲ့ပြီးဖြစ်သည့်တိုင် ယခုလိုသိုင်းပညာအဆင့်မြင့်လှသည့်လူရွယ်တစ်‌ယောက်ရှိနေသည်ကိုမသိခဲ့ရပေ။

လေနက်အဖွဲ့၏မူလခေါင်းဆောင်က အနက်ရောင်သိုင်းလောကမှထင်ရှားသည့်သိုင်းသမားတစ်ဦးဖြစ်သော်လည်း ထိုလူ၏သိုင်းပညာက လူရွယ့်ထက်များစွာနိမ့်ကျနေပေသည်။

ယခု သူတို့၏ရှေ့တွင်တည်ငြိမ်စွာရှိနေသည့်လူရွယ်က အသက်သုံးဆယ်ပင်မပြည့်လောက်သေးသော်လည်း သူတို့နှင့်တူညီသည့်သိုင်းအဆင့်သို့ရောက်ရှိနေပေသည် ။

ထန်ချင်းရှန်၏မေးခွန်းကို လူရွယ်က တည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည် ။

" ကျုပ်က လေနက်အဖွဲ့ရဲ့လက်ရှိခေါင်းဆောင်ပဲ .."

ကျော်ကြားလှသည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သခင်နှစ်ယောက်ကိုရင်ဆိုင်နေရချိန်တွင်ပင် အကြောက်အလန့်ကင်းသည့်ခေါင်းဆောင်ပုံစံကို လေနက်အဖွဲ့သားများက လေးစားစွာကြည့်လိုက်ကြသည်။

&&&

All Chapters