ထွက်ပေါ်လာခြင်း
Vol. 4 Ch. 41
ချန်စန်မှာ လက်ရှိသိုင်းလောက၏ထိပ်တန်းတွင်ရပ်တည်နေသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အတွေ့အကြံပြည်ဝသည့်သိုင်းဝိဇ္ဇာတစ်ဦးဖြစ်သည့်တိုင် လူရွယ်အသုံးပြုနေသည့်ဓားသိုင်းကိုတစ်ကြိမ်မှမမြင်ဖူးဘဲ လူရွယ်၏အသက်အရွယ်နှင့်သိုင်းပညာကလည်း သူ့ကိုပင်အံဩတုန်လှူပ်စေခဲ့သည်။
တစ်ချိန်ထဲမှာပင် ချန်စန်၏စိတ်ထဲတွင် ချောင်ဖေးဟုန်တို့ကိုပင်နှစ်ယောက်တစ်ယောက်ယှဉ်တိုက်နိုင်သည့်လူရွယ်အရည်အချင်းကိုထိတ်လန့်မိပြီးနောက်တစ်ချိန်တွင် သူတို့၏ရန်သူဖြစ်လာနိုင်၍ အပြက်ရှင်းရန်တွေးတောနေမိသည်။
ယခုလောလောဆယ်တော့ တိုက်ပွဲအခြေအနေတစ်ခုလုံးက သူတို့၏ဘက်တွင်အလေးသာနေပြီး သူဝင်ပါရန်မလိုအပ်သေးပေ။
မှန်ပေသည်။
ခေါင်းဆောင်လူရွယ်သိုင်းပညာက ကြောက်စရာကောင်းလှပြီး သိုင်းမဟာမိတ်၏နာမည်ကျော်သခင်နှစ်ပါးကိုပင်တစ်ကိုယ်တော်တိုက်ခိုက်နိုင်သည့်တိုင် သူ၏အဖွဲ့သားများကား ဆိုးရွားသည့်အခြေအနေသို့ကျရောက်နေပေသညိ။
ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများပေါင်းစည်းထားသည့်အင်အားကတစ်ရာ့ငါးဆယ်ခန့်ရှိပြီးသူတို့အားလုံးကလက်ရွေးစင်များဖြစ်၍ လေနက်အဖွဲ့သားများမှာ လူံးဝမယှဉ်နိုင်ဘဲ ဒဏ်ရာကိုယ်စီဖြင့်အသဲအသန်ခုခံနေကြရသည်။
အင်အားကွာခြားချက်ကများပြားလွန်း၍ ဆုတ်ခွာထွက်ပြေးရန်ပင်အခွင့်အရေးရမည်မဟုတ်ပေ။
ယခုပုံစံအတိုင်းဆက်သွားပါက နောက်ထပ်အချိန်အနည်းငယ်အတွင်းသူတို့အားလုံးအမြစ်ပြတ်သုတ်သင်ခံရမည်ကိုရိပ်စားမိသည့်ဝက်ဝံရိုင်းနှင့်မြေခွေးနီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဝက်ဝံရိုင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
" သွေးအေးသခင်မရှိတဲ့နေရာကို ကျုပ်ပြောမယ်...."
ထိုအသံကြောင့် ချောင်ဖေးဟုန်နှင့်တိုက်ခိုက်နေသည့်လူရွယ်၏မျက်နှာက ကွက်ခနဲပျက်သွားလေသည်။
" ဝက်ဝံကြီး မင်းလုပ်ရဲလား...."
လူရွယ်က သိုင်းလောကထဲသိုဝင်ရောက်ချိန်မှစ၍ပထမဆုံးအကြိမ်အဖြစ်ဒေါသအပြင်းအထန်ထွက်လာခြင်းဖြစ်ကာ သူ၏တိုက်ကွက်များကလည်းကြောက်မခန်းလိလိပြင်းထန်လာသည် ။
သို့သော် သူ၏ပြိုင်ဘက်နှစ်ယောက်ကလည်းတူညီသည့်အဆင့်တွင်ရှိကြသည့်အပြင် နှစ်ယောက်တစ်ယောက်တိုက်ပွဲဖြစ်၍ လူရွယ်မှာ တိုက်ပွဲကိုအနိုင်ယူရန်မဖြစ်နိုင်သေးပေ။
ဝက်ဝံရိုင်း၏အော်ဟစ်သံကြောင့် တိုက်ခိုက်နေကြသူများတန့်ကုန်ကြပြီး လူရွယ်နှင့်ချောင်ဖေးဟုန်တို့၏တိုက်ပွဲကိုကြည့်ရှုနေသည့်ချန်စန်ပင် မျက်နှာပြောင်းလဲသွားသည်။
ထို့နောက် သူ၏ခန္တာကိုယ်က ဝက်ဝံရိုင်း၏ရှေ့သို့ရိ ပ် ရောက်လာပြီး နောက်ကျောမှဓားက လျှပ်ပြက်သလိုထွက်ပေါ်လာသည် ။
" မင်းအမှန်အတိုင်းမပြောရင် အသတ်ခံရမယ်....'
ချန်စန်၏ဓားက ဝက်ဝံရိုင်း၏လည်ပင်းပေါ်သို့ရောက်ရှိနေပြီး သူ၏လှုပ်ရှားမှုကိုမည်သူမှကောင်းစွာမတွေ့လိုက်ရပေ။
အေးစိမ့်သည့်ဓားအငွေ့အသက်နှင့် ချန်စန်၏တင်းမာသည့်အမူအယာတို့ကြောင့် ဝက်ဝံရိုင်းလည်းတံတွေးတစ်ချက်မျိုချလိုက်မိသည့်တိုင် နောက်မဆုတ်ဘဲ ချန်စန့်ကိုတည့်တည့်ကြည့်ကာမေးလိုက်သည်။
" သူရှိနေတဲ့နေရာကိုပြောရင် ကျုပ်တို့အားလုံးကိုအလွတ်ပေးမယ်လို့ခင်ဗျားပြောထားတယ်နော်...."
အခြားလူများက ခေါင်းဆောင်ကယ်တင်လယသည့်မိန်းမပျိုလေးနှင့် သွေးအေးသခင်မကို ကောင်းစွာမသိကြသေးသော်လည်း ဝက်ဝံရိုင်းနှင့်မြေခွေးနီတို့ကား ထိုနှစ်ယောက်က ထပ်တူဖြစ်သည်ကိုရိပ်စားမိပြီးဖြစ်သည် ။
" စကားမများနဲ့ မပြောရင် မင်းအရင်ဆုံးသေမယ်...."
အဖိုးအိုချန်စန်၏အေးစက်စက်စကားကြောင့် ဝက်ဝံရိုင်း၏မျက်နှာကအနည်းငယ်တင်းမာသွားစဉ် ကြည်လင်အေးမြသည့်စကားသံတစ်ခုက တိုက်ပွဲနေရာတစ်ခုလုံးကိုဖုံးလွှမ်းသွားတော့သည်။
" မဆိုင်တဲ့လူတွေကို ဒုက္ခပေးမနေနဲ့ ကျမဒီမှာရှိတယ်...."
ကျောက်စက်ကြားမှစိမ့်စမ်းရေလို အေးစက်ချိုလွင်သည့်စကားသံလေးက တိုက်ခိုက်နေသူများကိုပင် ခေတ္တရပ်တန့်သွားစေခဲ့သည်။
ထိုနည်းတူ သူတို့အားလုံးအသံထွက်ပေါ်လာရာနေရာသို့ကြည့်လိုက်မိကြချိန်တွင် မလှမ်းမကမ်းရှိ ဝါးအိမ်လေး၏အမိုးပေါ်တွင်ရပ်နေသည့် လှပသည့်ပုံရိပ်ကလေးကို တွေ့မြင်လိုက်ကြရသည် ။
နာမည်ကျော်ပန်းပုဆရာတစ်ဦး၏ ပန်းပုသူဇာလေူထက်ပင်အချိုးကျသည့်ခန္တာကိုယ်က ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်တိုင် ဆွဲဆောင်မှုအားပြင်းစွာရှိနေသေးသည် ။
ကျောက်စိမ်းလိုသန့်စင်သည့်အသားအရေနှင့် နောက်ကျောတွင်လွတ်လပ်စွာဖြန့်ချထားသည့်ပိတုန်းရောင်ကေသာများက လွန်စွာပနံ့သင့်နေပြီး အနက်ရောင်ဇာပဝါတစ်ခုဖြင့်ကာရံထားသည့်တိုင် ပြိုင်ဘက်ကင်းသည့်မျက်နှာကလေးကို မသဲမကွဲတွေ့မြင်နေရသေးသညိ ။
ယခုအခါ သူမ၏အမူအယာက ရေခဲလိုအေးစက်ပြီးခံစားချက်ကင်းမဲ့နေသည့်တိုင် ထိုအမူအယာကလေးကပင် လူ့လောကသို့ဆင်းသက်လာသည့်နတ်ဘုရားမတစ်ပါးလိုတင့်တယ်မြင့်မြတ်နေသေးသည်။
အဖိုးအို ချန်စန်နှင့်ချန်ချင်းဂိုဏ်းသားများမှာ ထိုညက သူတိူ့၏ဂိုဏ်းကိုဝင်ရောက်မွှေနှောက်သွားသည့်မိန်းမပျိုလေးကိုတွေ့မြင်ဖူးသော်လည်း ယခုလိုနေ့ဘက်တွင်မြင်တွေ့လိုက်ရချိန်တွင် သူတို့အားလုံးငေးမောသွားမိကြသည် ။
ထိုနည်းတူ သဲနက်အဖွဲ့သားများလည်းချွင်းချက်မဟုတ်ဘဲ ပြိုင်ဘက်ကင်းသည့်မိန်းမပျို၏သွင်ပြင်ကိုတွေ့မြင်လိုက်ရမှ မည်သည့်အတွက် သူတို့ခေါင်းဆောင်က ထိုမိန်းကလေးကို လွန်မင်းစွာကာကွယ်ပေးနေသည်ကို နားလည်သွားကြသည်။
" မိန်ကလေး..ဘာဖြစ်လို့ထွက်လာတာလဲ ..."
လူရွယ်၏စိုးရိမ်တကြီးအော်ဟစ်သံကြောင့် မိန်းမပျိုလေးကိုငေးမောနေကြသူများမှာ ပြန်သတိဝင်လာကြသည် ။
ထိုအချိန်တွင် လူရွယ်က ရနိသူများစွာ၏ရှေ့တွင် ကိုယ်ထင်ပြလာသည့်မိန်းမပျိုလေးဆီသို့ စိုးရိမ်ပူပန်စွာပြေးသွားလိုက်သော်လည်း လူရိပ်တစ်ရိပ်က သူ့ထက်ပင်ပို၍မြန်ဆန်နေသေးသည် ။
" မိစ္ဆာမ ဒီတစ်ကြိမ် မင်းမလွတ်တော့ပါဘူး ...."
အတွင်းအားပြည်ဘဝသည့်အော်ဟစ်သံနှင့်အတူ အဖိုးအိုချန်စန်၏လက်ထဲရှိဓားက လျှင်မြန်စွာရွေ့လျားသွားသည်။
" ဝုန်း....."
လွန်စွာကျယ်လောင်သည့်မည်သံကြီးနှင့်အတူ ခြေတံရှည်ဝါးအိမ်လေး၏ခေါင်မိုးက ထက်ပိုင်းဖြတ်ခံလိုက်ရသည် ။
အဖိုးအိုချန်စန်၏ဓားကွက်က လွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး လူအားလုံးမှာ အံ့ဩတကြီးငေးမောနေမိကြသည် ။
သို့သော်ချန်စန်ကိုယ်တိုင်က တင်းမာသည့်မျက်နှာဖြင့်ရှိနေပြီး သူ၏တိုက်ကွက်ကိုပေါပါးစွာရှောင်တိမ်းကာ သစ်ပင်များပေါ်မှဖြတ်ပြေးကာ တောအုပ်ထဲသို့ဝင်ပြေးသွားသည့်မိန်းမပျိုလေး၏ပုံရိပ်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
မိန်းမပျိုလေး၏အံ့မခန်းကိုယ်ဖော့ပညာကို ယခင်တိုက်ပွဲကပင်ကောင်းစွာတွေ့မြင်ပြီးဖြစ်ကာ သူနှင့်နတ်ဓားရှင်တို့ဝန်းရံတိုက်ခိုက်နေသညိ့ကြားမှပင်ဖောက်ထွက်နိုင်ခဲ့သညိ။
သို့သော် ထိုညက သူမကအတွင်းဒဏ်ရာတစ်ခုခုရရှိထားသည့်အလားအလိုလိုသွေးအန်ခဲ့သည့်အပြင် နတ်ဓားရှင်ဝေ့ယန်၏လက်ချက်ကြောင့် ဒဏ်ရာအကြီးအကျယ်ရရှိသွားခဲ့သည် ။
ထို့ကြောင့် အဖိုးအိုချန်စန်လည်း မိန်းမပျိုလေးကိုသတ်ဖြတ်နိုင်ရန် အဆက်မပြက်လိုက်လံစုံစမ်းနေခြင်းဖြစ်ကာ ယခု သူမ၏ပုံစံက ဒဏ်ရာများပျောက်ကင်းတော့မည့်ဟန်တူ၍ မည်သို့အလွတ်ပေးနိုင်မည်နည်း။
ချန်စန်၏ခန္တာကိုယ်ကလည်းလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားသွားကာ မိန်းမပျိုလေးထွက်ပြေးသွားရာနောက်သို့ လျှင်မြန်စွာရွေ့လျားပျောက်ကွယ်သွားတော့သည်။
ခေါင်းဆောင်လူငယ်ကား ပြိုပျက်တော့မည့်ဝါးအိမ်ကလေးပေါ်တွင် တွေဝေစွာဖြင့်ရပ်နေပြီး မိန်းမပျိုလေးထွက်ခွာသွားရာဆီသို့ ရီဝေစွာငေးမောနေသည်။
သည့်မတိုင်မီက ချန်စန်တို့ရောက်ရှိလာစဉ် ထိုမိန်းကလေးကို တိတ်တဆိတ်ထွက်ပြေးရန်သူပြောဆိုခဲ့ပြီးဖြစ်သည်။
သို့သော် ခေါင်းမာလှသည့်မိန်းမပျိုလေးက သူမအတွက် ကျန်လူများဒုက္ခမရောက်စေရန် တိတ်တဆိတ်ထွက်ခွာခြင်းမရှိဘဲ ချန်စန့်ကိုမျှားခေါ်သွားခြင်းဖြစ်သည်။
သူမ၏သိုင်းပညာမြင့်မားလှသည့်တိုင် ထူးဆန်းသည့်အတွင်းဒဏ်ရာကြောင့် ချန့်စန့်ကိုယှဉ်နိုင်မည်မဟုတ်ပေ။
ထိုနည်းတူ သူကိုယ်တိုင်က ထိုနှစ်ယောက်၏နောက်သို့မီအောင်လိုက်နိုင်စွမ်းမရှိ၍ လူရွယ်လည်း အံကိုတင်းတင်းကြိတ်ကာ လက်သီးဆုပ်ထားလိုက်လေသည်။
ထို့နောက် သူ၏မျက်နှာက အေးစက်တင်းမာလာပြီး တိုက်ပွဲနေရာသို့လွှားခနဲရောက်လာကာ မေးလိုက်သည်။
" ကျုပ်တို့က ထပ်ပြီးတိုက်ခိုက်ကြဦးမှာလား ..."
လူရွယ်၏ပုံစံကအစောပိုင်းကနှင့်မတူဘဲ သတ်ဖြတ်လိုသည့်အငွေ့အသက်များပင်ထွက်ပေါ်နေသည် ။
သူတို့ခေါင်းဆောင်၏ဒေါသတကြီးပုံစံကိုပထမဆုံးအကြိမ်အဖြစ်မြင်တွေ့လိုက်ခြင်းဖြစ်၍ သဲနက်အဖွဲ့သားများမှာအံ့သြတုန်လှုပ်နေကြပြီး ဝက်ဝံရိုင်းနှင့်မြေခွေးနီတို့လည်းမျက်နှာပျက်နေကြသည်။
ထိုစဉ် ချောင်ဖေးဟုန်နှင့်ထန်ချင်းရှန်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ထန်ချင်းရှန်က လက်တစ်ဖက်မြောက်၍ သူ၏လူများကိုဆုတ်ခွာရန်အမူအယာပြလိုက်သည် ။
" နောက်တစ်ခါပြန်တွေ့ကြတာပေါ့ ...."
ထန်ချင်းရှန်က ထိုသို့ပြောဆိုလိုက်ပြီး ချောင်ဖေးဟုန်နှင့်အတူ ဆုတ်ခွာသွားတော့သည်။
နာမည်ဆိုးဖြင့်ကျော်ကြားသည့်သဲနက်အဖွဲ့ကိုတစ်ခါထဲဖြိုဖျက်လိုသည့်တိုင် သူတို့ထံတွင်ပို၍အရေးကြီးသည့်ကိစ္စရှိနေသေးပြီး သွေးအေးသခင်မကိုသတ်ဖြတ်ရန်တာဝန်က ဦးစားပေးဖြစ်နေသည်။
ထို့အပြင် သဲနက်အဖွဲ့၏ခေါင်းဆောင်လူရွယ်က သူတို့နှစ်ယောက်ကိုပင်ယှဉ်တိုက်နိုင်ကာ ဆက်လက်တိုက်ခိုက်လျှင်ပင် သူတို့အနေဖြင့်ဆုံးရှုံးမှုများစွာကြုံတွေ့ရမည်ဖြစ်၍ ထန်ချင်းရှန်က ပြန်လည်ဆုတ်ခွာရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ထိုနည်းတူ ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများက သူတို့ခေါင်းဆောင်၏အမိန့်အတိုင်း ပြန်လည်ထွက်ခွာသွားကြပြီး ဒဏ်ရာကိုယ်စီရရှိထားကြသည့် သဲနက်အဖွဲ့သားများသာ ကျန်ရှိနေတော့သည်။
တိုက်ပွဲဖြစ်ပွားချိန်ကများစွာကြာမြင့်ခြင်းမရှိသော်လည်း သဲနက်အဖွဲ့သားများမှာ ဒဏ်ရာများစွာရရှိထားကြပြီးအချို့လူများဆိုလျှင်အတော်လေးပြင်းထန်ကြသည်။
ကံကောင်းထောက်မစွာဖြင့် သေဆုံးသူမရှိသေးသော်လည်း အစောပိုင်းကပူံစံအတိုင်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေပါက ခေါင်းဆောင်လူရွယ်မှလွဲ၍မည်သူမှလွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထို့ကြောငိ့လည်းဝက်ဝံရိုင်းက မိန်းမပျိုရှိသည့်အကြောင်းကိုထုတ်ဖော်ပြောဆိုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ။
ယခုအခါ ဝက်ဝံရိုင်းနှင့်မြေခွေးနီသာမက ကျန်အဖွဲ့သားများလည်း နေရာတွငိ တွေတွေကြီးရပ်နေပြီး အေးစက်တင်းမာသည့်ပုံစံဖြင့်ရှိနေသည့်သူတို့ခေါင်းဆောင်ကိုမည်သို့ပြောဆိုရမှန်းပင်မသိတော့ပေ။
" ခေါင်းဆောင်...."
မြေခွေးနီက လူရွယ်၏အနီးသို့ချဉ်းကပ်သွားလိုက်သည်။
ထိုနည်းတူ ဝက်ဝံရိုင်းကလည်း ဒူးထောက်ချကာ ခေါင်းငုံ့၍ပြောလိုက်သည် ။
" ခေါင်းဆောင် ကျုပ်ကိုအပြစ်ပေးပါ...."
သူတို့၏စကားကိုကြားမှ လူရွယ်၏အမူအယာက အနည်းငယ်ပြေလျော့လာကာ ဒဏ်ရာကိူယ်စီဖြင့် ကြမ်းတမ်းသည့်တိုက်ပွဲတစ်ပွဲကိုဖြတ်ကျော်ခဲ့ရသည့်သူ၏အဖွဲ့သားများကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
လက်ရှိအချိန်၌ သူ၏စိတ်က လွန်စွာပင်ပန်းနွယ်နယ်လျက်ရှိပြီး မည်သည့်အရာကိုမှလုပ်ဆောင်လိုစိတ်ရှိမနေပေ။
" ငါတို့ ဒီမှာဆက်နေလို့မဖြစ်တော့ဘူး နေရာရွေ့ပြောငိးကြတာပေါ့။ ဒဏ်ရာရတဲ့သူတွေကိုအရင်ဂရုစိုက်လိုက်ဦး ...."
လူရွယ်၏လေသံ ပုံမှန်အတိုင်းတည်ငြိမ်နေသော်လည်း ကူကယ်ရာမဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများပါဝင်လျက်ရှိသည်။
" စိတ်ချပါ ငါမင်းကိုအတူရန်သူတွေကိုရင်ဆိုင်မယ်..."
လူရွယ်၏စိတ်ထဲတွင်တော့ ပြက်သားစွာဆုံးဖြတ်ထားပြီးဖြစ်ကာ သူ၏မျက်ဝန်းများက ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့်အရောင်တလက်လက်တောက်ပလျက်ရှိသည်။
&&&