← Chapters

မိစ္ဆာဓားသမားပေါ်ထွက်လာခြင်း

Vol. 4 Ch. 44

မိစ္ဆာဓားသမားပေါ်ထွက်လာခြင်း

Vol. 4 Ch. 44

ယခုတစ်ကြိမ်၌ ရုပ်ဆိုးအဖိုးအို၏စကားကို ခါးကုန်းအဖိုးအိုကလည်း ခေါင်းညိမ့်ကာထောက်ခံလိုက်သည်။

" အေးကွ.. ဒီကောင်တွေ ငါတို့အထွတ်အမြတ်နတ်နန်းတော်ကို ဘာများအောင့်မေ့နေတဲ့မသိဘူး ။

ငါနန်းတော်ကိုပြန်လာတဲ့အချိန်ကျမှ ငါတို့သုံး‌ယောက်ပေါင်းပြီးဒီကောင်တွေကိုမှတ်လောက်သားလောက်အောင်ပညာပေးရမယ်....."

အတိုင်အဖောက်ညီနေကြသည့်အဖိုးအိုနှစ်ယောက်၏ပုံစံကြောင့် မိန်းမပျိုလေး၏ကြည်လင်သည့်မျက်ဝန်းအစုံကပြုံးယောင်သမ်းသွားပြီး ချိုသာစွာရယ်မော၍ပြောလိုက်သညိ။

" ကောင်းပါပြီ အဖိုးလီကိုမနှောင့်ယှက်တော့ပါဘူး။ ပြီးတော့ အဲဒီလူသုံးယောက်က ကျမတို့ကိုထိခိုက်စေလိုတဲ့ဆန္ဒတော့ရှိပုံမရဘူး...."

ထိုလူသုံး‌ယောက် သူတို့နတ်နန်းတော်ကိုနှောင့်ယှက်နေသည်က ယခုမှမဟုတ်ဘဲ လွန်ခဲ့သည့်နှစ်အနည်းငယ်ကပင်ဖြစ်၍ မိန်းမပျိုလေးပင်ထိုသုံးယောက်လုံးကိုကောင်းစွာတွေ့ဖူးမြင်ဖူးပေသည်။

မိန်းမပျိုလေး၏စကားကြောင့် ခါးကုန်းအဖိုးအိုကခေါင်းညိမ့်၍လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

" ဒါတော့ဟုတ်တယ် သူတို့ကလည်း ဂုဏ်သိက္ခာရှိတဲ့သိုင်းပညာရှင်တွေပဲ။ ဒါပေမယ့် ဘာလို့ ကျုပ်တို့နန်းတော်ကို မထိတထိရန်စနေကြတဲ့မသိဘူး...."

ခါးကုန်းအဖိုးအို၏ပုံစံကိုထိုအကြောင်းကိုအလေးအနက်စဉ်းစားနေဟန်တူသော်လည်း ရုပ်ဆိုးအဖိုးအိုကခေါင်းယမ်း၍ရေရွတ်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် ငါတို့ကိုလာပြီးစရင်တန်ရာတန်ကြေးတော့ပေးဆပ်ရမှာပေါ့...."

ထို့နောက် ရုပ်ဆိုးအဖိုးအိုကတစ်စုံတစ်ခုကိုသတိရဟန်ဖြင့်မိန်းမပျိုလေးကိုမေးလိုက်သည်။

" ဒါနဲ့ သခင်မလေးကဘာဖြစ်လို့ အကြီးအကဲသံမဏိကိုပါသိုင်းလောကထဲခေါ်ဆောင်ခိုင်းခဲ့တာလဲ။

သူက နန်းတော်မှာပဲအေးအေးဆေးဆေးနေချင်ခဲ့တာ။ သခင်မလေးရဲ့အမိန့်ကြောင့်သာသိုင်းလောကထဲဝင်ရောက်လာရတာ...."

ရုပ်ဆိုးအဖိုးအို၏မေးခွန်းကြောင့် မိန်းမပျို၏အကြည့်များက ခပ်လှမ်းလှမ်းတွင်ရှိနေသည့်လူတစ်ယောက်ဆီသို့အကြည့်ရောက်သွားသည်။

သံမဏိမျက်နှာဖုံးတစ်ခုကိုတပ်ထားပြီး ဓားတစ်လက်ကိုကျောတွင်သိုင်းလွယ်ကာဆံပင်ဖြူများကိုစည်းနှောင်ထားသည့်အဖိုးအို၏ပုံစံက ဓားတစ်လက်ထောင်ထားသလိုဖြစ်နေပြီး အလိုလိုနေရင်း ထက်ရှသည့်အရှိန်အဝါများထွက်ပေါ်နေသည်။

ထိုအဖိုးအိုက နန်းတော်၏ မိုးနတ်လေးပါးထဲတွင်တစ်ဦးတည်းသောဓားသမားဖြစ်ရုံသာမက ဓားဆန္ဒကိုနားလည်သဘောပေါက်ထားသည့်အစွမ်းထက်သိုင်းဝိဇ္ဇာတစ်ယောက်လည်းဖြစ်သည်။

" ကျမ သူ့ကိုမေးစရာလေးရှိလို့ပါ။ ပြီးတော့ အတုမဲ့နတ်ဂိုဏ်းအတွက်လည်း သူ့လိုအစွမ်းထက်တဲ့သိုင်းဝိဇ္ဇာတစ်‌ယောက်လိုအပ်သေးတယ် ... "

မိန်းမပျိုလေးက ထူးဆန်းစွာပြုံး၍ပြောလိုက်သည်။

မွဲခြောက်သည့်သစ်သားမျက်နှာဖုံးကဖုံးကွယ်ထား၍ သူမ၏တုနှိုင်းမဲ့သည့်အပြုံးကိုတော့မည်သူမှမြင်တွေ့ခွင့်မရလိုက်ပေ။

&&&

လူစည်ကားသည့်မြို့ကြီးတစ်မြို့၏လမ်းမထက်တွင် ဟောင်းနွမ်းနေသည့်အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက် ဖြေးညင်းစွာလျှောက်လှမ်းလာသည်။

သူ၏အသက်အရွယ်က နှစ်ဆယ့်ခြောက်နှစ်ဆယ့်ခွန်ခန့်သာရှိမည်ဖြစ်သော်လည်းခံစားချက်ကင်းမဲ့သည့်အေးစက်စက်မျက်နှာကြီးကြောင့် ရှိရင်းစွဲအသင်ထက်ပို၍ရင့်ကျက်နေဟန်တူသည်။

ဖြူ‌ဖျော့နေသည့်အသားအရေ အရယ်အပြုံးကင်းမဲ့သည့်မျက်နှာသေတို့ဖြင့်လူငယ်၏သွင်ပြင်က လမ်းလျှောက်နေသညိ့အ‌လောင်းကောင်တစ်ကောင်နှင့်ပင်ဆင်တူနေသည်။

ထို့ကြောင့်လမ်း လမ်းသွားလမ်းလာများကလူငယ့်ကိုထူးဆန်းသည့်အကြည့်များဖြင့်ကြည့်ရှုသွားခဲ့ကြပြီး သူ၏အနီးသို့မည်သူမှမကပ်လိုဘဲရှောင်ကွင်းသွားကြသည်။

လူငယ်ကတော့ထိုအဖြစ်ကိုဂရုမစိုက်ဘဲ ပုံမှန်အတိုင်းသာဆက်လက်သွားလာနေပေသည်။

မြို့၏လမ်းမဘေးရှိဆိုင်ငယ်တစ်ခုထဲတွင် လက်ဖက်ရည်သောက်ရင်း သိုင်းသမားနှစ်ယောက် လေပန်းလျက်ရှိကြသည်။

သူတို့အဓိကဆွေးနွေးပြောဆိုနေသည့်အကြောင်းအရာက အမြစ်ပြတ်သုတ်သင်ခံရသည့်အင်အားစုနှစ်ခု ၊ မိစ္ဆာဓားသမားနှင့်ဂိုဏ်းကြီးခြောက်ဂိုဏ်းပေါင်းစည်းတည်ထောင်ထားသည့် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်တို့အကြောင်းဖြစ်သည်။

ထိုအဖြစ်အပျက်များဖြစ်ပွားခဲ့သည်က သုံးလေးရက်ခန့်ရှိပြီဖြစ်သည့်တိုင် သိုင်းလောကအနှံ့ပြောဆိုနေကြဆဲပင်ဖြစ်၏။

" မိစ္ဆာဓားသမားဆိုတာ လူငယ်တစ်ယောက်ရောဖြစ်နိုင်ပါ့မလားကွ....သူက ဒီလောက်အထိကြောက်စရာကောင်းတာ မျိူးဆက်ဟောင်းသိုင်းပညာရှင်တစ်ယောက်ယောက်ပဲနေမှာပါ ...."

အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ဓားတစ်လက်ကိုခါးတွင်ချိတ်ဆွဲထားသည့်သိုင်းသမားက ကြွေခွက်ထဲရှိလက်ဖက်ရည်လက်ကျန်ကိုကောက်မော့ကာပြောလိုက်သည်။

ထိုလူက သိုင်းလောကတွင်အတော်အ‌တန်ကျော်ကြားသည့်ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်ပြီး ယခု ချူမိသားစုအခြေစိုက်ရာ ချူမင်းမြို့သို့ လာရောက်လေ့လာခြင်းဖြစ်သည် ။

သူ၏စကားကိုမျက်နှာချင်းဆိုင်တွင်ထိုင်နေသညိ့သိုင်းသမားက ချက််ခြင်းလိုလိုငြင်းချက်ထုတ်လိုက်သညန ။

" မဟုတ်သေးဘူးကွ... ကောင်းယွဲ့ဂိုဏ်းနှင့် ချူမိသားစုကလွတ်မြောက်လာတဲ့လူတွေပြောတာတော့ သူက တကယ့်ကိုလူငယ်တစ်ယောက်ပဲတဲ့ ။

ဒါပေမယ့် ကြောက်စရာကောင်းချက်ကတော့ ချူမိသားစုကသိုင်းသမားတစ်ချို့ဆိူ အခုချိန်ထိကယောင်ချောက်ခြားဖြစ်နေကြတုန်းဆိုပဲ...."

သူတို့နှစ်ယောက်က ဂိုဏ်းကြီးခြောက်ဂိုဏ်းပေါင်းစည်းထားသည့်မိစ္ဆာနှိမ်နင်းရေးအဖွဲ့ထဲသို့ဝင်ရောက်ရန်အတွက်ဆုံးဖြတ်ထားကာ လုံဟိုင်မြို့သို့သွားနေရင်း ချူမိသားစုတည်ရှိရာချူမင်းမြိူ့သို့လမ်းကြုံဝင်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်က ကြီးကျယ်ခမ်းနားလှသည့်ချူမိသားစုခြံဝန်းကြီးမှာ လူသူတစ်ဦးတစ်ယောက်မှမရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေပြီး သွေးချောင်းစီးတိုက်ပွဲ၏လက်ကျန်အငွေ့အသက်များအဖြစ် ခြံဝန်းတစ်ခုလုံး သွေးစွန်းလျက်ရှိနေသေးသည် ။

ခြံဝန်း၏နောက်ဘက်တွင်မူ လောလောလက်လက်မြုပ်နှံထားသည့်မြေပုံများစွာရှိနေပြီး သိုင်းမဟာမိတ်၏ထုတ်ပြန်ချက်အရ ထိုညကချူမိသားစုခေါင်းဆောင်အပါအဝင် သိုင်းသမားတစ်ရာခုနစ်ဆယ့်နှစ်ယောက်အထိ ‌သေဆုံးခဲ့သည်ဟုသိရသည်။

ထိုမြေပုံများက ချူမိသားစုမှလက်ကျန်အဖွဲ့သားများပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်ဆိူးကြီးပြီးနောက်တွင်မည်သူမှ ချူမိသားစုခြံဝန်းတွင်ပြန်မနေဝံ့ကြတော့ပေ။

တိုက်ပွဲများနှင့်မစိမ်းဘဲ အတွေ့အကြုံရင့်သိုင်းသမားများဟုဆိုနိုင်သည့်သူတို့နှစ်ယောက်ပင် ချူမိသားစုခြံဝန်းထဲတွင်ကြာကြာမနေဝံ့ဘဲပြန်ထွက်ခဲ့ရသည်အထိပင်။

သူတို့နှစ်ယောက်သားကိုယ်ထင်ရာကိုယ်ပြောနေကြစဉ် သူတို့၏အနီးမှအနက်ရောင်ဝတ်စုံဝတ်လူငယ်ကဖြတ်ကျော်သွားလေသည်။

" ငါအသေအချာကိုကြားခဲ့တာကွ မိစ္ဆာဓားသမားဆိုတာ လူငယ်တစ်‌ယောက်ပါဆို သူ့ပုံတူနဲ့တောင် ဆုငွေထုတ်ထားသေးတယ်။

ခံစားချက်မရှိတဲ့မျက်နှာကြီးနဲ့ အေးစက်စက်ပုံစံကြီးက ကြောက်စရာကြီးကွ....."

ပထမလူက သူ၏အဆိုကိုအခိုင်အမာပြောဆိုနေရင်း အနက်ရောင်ဝတ်စုံဝတ်လူငယ်ကိုညွန်ပြကာပြောလိုက်သည်။

" ဟိုမှာ ဟိုလူငယ်လေးလိုပုံမျိုးဆိုပဲကွ ..."

ပြောရင်းဆိုရင်း သူ၏မျက်လုံးများကပြူးကျယ်သွားပြီး ဘေးဘက်ရှိလူကိုအလျှင်အမြန်လက်တို့လိုက်သည်။

" ဟေ့ကောင် ဟိုမှာ ဆုငွေထုတ်ခံထားရတဲ့မိစ္ဆာဓားသမားနဲ့တစ်ပုံစံထဲတူတဲ့လူ...."

ပထမလူ၏စကားကြောင့် ကျန်သိုင်းသမားလည်း မြို့တံခါးဆီသို့ဦးတည်သွားနေသည့်လူငယ်၏နောက်ကျောကိုကြည့်ကာ အလျှင်အမြန်ထရပ်လိုက်သည်။

" ဒါဆိုလည်းသွားကြည့်ရအောင် သူ့နေရာကိုအတိအကျသတင်းပေးနိုင်ရုံနဲ့ လျှံငွေသုံးသောင်းရမှာဟ နည်းတာမဟုတ်ဘူး ..."

သိုင်းသမားနှစ်ယောက်ကအချင်းချင်းတီးတိုးတိုင်ပင်လိုက်ကြပြီ ကျသင့်ငွေကိုရှင်းကာ အလျှင်အမြန်ထရပ်လိုက်ကြသည်။

အနက်ရောင်ဝတ်စုံဝတ်လူငယ်ကမည်သည့်အရာကိုမှဂရုမစိုက်ဘဲ မြို့တံခါးဆီသို့ဦးတည်သွားနေကာ မြို့တံခါးအနီးတွင်ရှိနေသည့်ချူမိသားစုမှသိုင်းသမားများကရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

သူတို့၏လက်ထဲတွင် အနက်ရောင်ဝတ်စုံဝတ်လူငယ်နှင့်ခုနစ်ဆယ်ရာခိုငိနှုန်းတူညီသည့်ပုံကြမ်းတစ်ထပ်ရှိနေပြီး မြို့တံခါးအနီးတွင်ကပ်မည်ပြု‌နေခြင်းဖြစ်၏။

ပုံကြမ်းအောက်တွင် ဆုငွေပမာဏများပင်ရေးထိုးထားသေးသည်။

သို့သော် သူတို့လေးယောက်လုံးကလူငယ့်ကိုငေးကြည့်ကာ တုန်ရီနေကြပြီးသူတို့ထဲမှတစ်ယောကိက အထစ်ထစ်အငေါ့ငေါ့ဖြင့်ရေရွတ်လိုက်သည်။

" သူ... သူပဲ ..."

သူတို့အားလုံးက ထိုညကကံသီ၍လွတ်မြောက်လာခြင်းဖြစ်သော်လည်းမိသားစုခေါင်းဆောင်နှင့်အကြီးအကဲများကိုပင် အလွယ်တကူသတ်ဖြတ်ခဲ့သည့်ထိုလူငယ်၏ရုပ်သွင်ကိုသူတို့၏စိတ်ထဲတွင်စွဲမြဲနေကြဆဲဖြစ်၏။

ယခု လူငယ်နှင့်ပတ်ပင်းဆုံတွေ့ရာတွင် လက်နက်ကိုယ်စီဆွဲထုတ်ကာ တိုက်ခိုက်ရန်ဝေးစွ ကြောက်စိတ်ကြောင့် နေရာတွငိတောင့်တင်းလျကိရှိနေကြသည်။

ချူမိသားစုမှလူများ၏အမူအယာကြောင့်လူငယ်၏ အေးစက်စက်မျက်ဝန်းများထဲတွင်အရောင်တစ်ချက်ဖြတ်ပြေးသွားပြီး သူတို့၏အနီးသို့လျှောက်သွားလိုက်သည်။

ထိုအခါ မူလကပင်ထိတ်လန့်ကြောက်ရွံ့နေသည့်ချူမိသားစုသိုင်းသမားများမှာ လိပ်ပြာစင်တော့မည့်ဟန်ဖြင့်ဖြူဖျော့လာပြီး သူတို့၏ထူးခြားသည့်သွင်ပြင်ကြောင့် အနီးရှိလူများပင် တအံ့တဩဖြစ်နေကြသည်။

ထိုနည်းတူလူငယ်၏နောက်မှ နောက်ယောင်ခံလိုက်လာသည့်သိုင်းသမားနှစ်ယောက်လည်း ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားမိကာ သူတို့၏ခြေထောက်များပင်အေးခဲသွားတော့မတတ်ဖြစ်သွားကြ၏

လူငယ်က ချူမိသားစုမှသိုင်းသမားများကိုလုံးဝမမြင်သည့်အလားတစ်ချက်ကလေးပင်စောင်းငဲ့ကြည့်ခြင်းမရှိဘဲသူတို့ထဲမှတစ်ယောက်၏လက်ထဲတွင်ကိုင်ထားသည့်ပုံကြမ်းစာရွက်တစ်ရွက်ကိုဖျက်ခနဲဆွဲယူလိုက်သည်။

သူနှင့်တူညီသည့်ပုံကြမ်းနှင့်အောက်ဘက်မှဆုငွေပမာဏကိုမြင်သည့်အခါ လူငယ်၏မျက်ခုံးများက စုကြုံ့သွားပြီး တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်လိုက်သည်။

" သူတို့စပြီးလှုပ်ရှားနေပြီပေါ့ ...."

အင်အားစုနှစ်ခုကို ရက်စက်ကြမ်းကြုတ်စွာအမြစ်ပြတ်သုတ်သင်ခဲ့သော်လည်း လူငယ်က ဦးနှောက်မရှိသူမဟုတ်ပေ။

ထိုသို့ပြုလုပ်ပြီးပါက ဂိုဏ်းကြီးခြောက်ဂိုဏိးနှင့်ကျန်အင်အားစုများအာရုံစိုက်မိမည်ကိုအသေအချာသိရှိထားသည်။

ထိူ့ကြောင့်လည်း ကောင်းယွဲ့ဂိုဏ်းကိုသုတ်သင်ပြီးနောက်တစ်ရက်တွင်ချူမိသားစုကိုဆက်တိုက်သတ်ဖြတ်ခြင်းဖြစ်ကာ ပထမတိုက်ပွဲမှဒဏ်ရာများကိုပင်ကုသခြင်းမရှိခဲ့ပေ။

အကျိုးအဆက်အနေဖြင့် တိုက်ပွဲကြီးနှစ်ခုကိုဆက်တိုက် တိုက်ခိုက်ပြီးနောက်တွင်သူ၏ခန္တာကိုယ်က ကန့်သက်ချက်သို့ရောက်ရှိသွားပြီး ပြိုလဲလုမတတ်ဖြစ်သွားခဲ့သည်။

ထိုနည်းတူ တိုက်ပွဲကြီးနှစ်ခုမှရရှိခဲ့သည့်ဒဏ်ရာများက ဆယ်ခုအထက်ရှိပြီး သေစေနိုင်သည့်ဒဏ်ရာနှစ်ခုသုံးခုပင်ပါဝင်သည် ။

ထို့ကြောင့် လူငယ်လည်းချူမိသားစုကိုသုတ်သင်ပြီးနောက်တွင်မည်သည့်နေရာကိုမှသွားရောက်ခြင်းမရှိဘဲ ချူမင်းမြို့တွင်သာအနားယူကာ သူ၏ကိုယ်ပေါ်ရှိဒဏ်ရာများပျောက်ကင်းရန်ကုသနေခြင်းဖြစ်သည်။

&&&

All Chapters