လမ်းဆုံးသို့ရောက်ခြင်း
Vol. 4 Ch. 49
" ဝှစ်...."
ထန်ချင်းရှန်၏လက်နက်ပုန်းများက မိန်းမပျိုလေးဆီသို့ဦးစွာဝင်ရောက်သွားပြီး အမျိုးအစားစုံလင်သည့်လက်နက်ပုန်းများက မိုးသီးမိုးပေါက်များပမာ လျှင်မြန်စွာတိုးဝင်သွားကြသည် ။
သိုင်းလောကတွင်ကျော်ကြားသည့် အဖြူရောင်သိုင်းမိသားစုပီပီ ထန်မိသားစုဝင်တိုင်းက အဆိပ်ကိုအသုံးပြုလေ့မရှိသော်လည်း သူတို့၏လက်နက်ပုန်းပညာက သိုင်းလောကတစ်ခုလုံးတွင်နံပါတ်တစ်နေရာ၌ရှိသည်။
ထို့ကြောင့် ထန်ချင်းရှန်၏လက်နက်ပုန်းများက လျှင်မြန်ပြင်းထန်လှသည့်အပြင် မိန်းမပျိုလေးရှောင်တိမ်းနိုင်မည့်နေရာများကိုဦးတည်ပိတ်ဆိူ့ထားခြင်းဖြစ်၏။
သို့သော် မိန်းမပျိုလေး၏ကိုယ်ဖော့ပညာက အံ့အခန်းဖြစ်ပြီး အဖိုးအိုချန်စန်ထက်ပင်ပို၍သာလွန်နေရာ ထိုလက်နက်ပုန်းများက သူမ၏အင်္ကျီစကိုပင်ထိအောင်မစွမ်းဆောင်နိုင်ခဲ့ပေ။
" ဟူး...."
လေတိုးသံနှင့်အတူ မိန်းမပျိုလေး၏ခန္တာကိုယ်ကအစိမ်းရောင်လိပ်ပြာလေးအလား လှပပေါ့ပါးစွယရွေ့လျားသွားတော့သည်။
သူမ၏ကိုယ်ဟန်ကအံ့ဩဖွယ်ကောင်းလောက်အောင်လှပတင့်တယ်လှသော်လည်း သိုင်းမဟာမိတ်နှင့်ချန်ချင်းဂိုဏ်းသားများ၏မျက်စေ့ထဲတွင် သူမ၏လှုပ်ရှားမှူကိုကောင်းစွာမမြင်ရဘဲ အစိမ်းရောင်အရိပ်တစ်ခုကိုသာမြင်လိုက်ရခြင်းဖြစ်၏။
သို့သော် သူမ၏ကိုယ်ဖော့ပညာစွမ်းကိုကောင်းစွာသိရှိထားကြသည့်ချောင်ဖေးဟုန်နှင့်အဖိုးအိုချန်စန်တို့က ဘေးတစ်ဖက်တစ်ချက်စီမှ ပြိုင်တူဝင်ရောက်တိုက်ခိုက်လိုက်ကြသည် ။
" ဝှစ်...."
" ရွှီး...."
ကြောက်စရာကောင်းသည့်ဓားရိပ်ကြီးနှစ်ခုက မိန်းမပျိုလေးဆီသို့လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့် ညှပ်ပူးညှပ်ပိတ်ဝင်ရောက်လာတော့သည်။
သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည့် အဖိုးအိုချန်စန်၏ဓားကွက်ကလွန်စွာအစွမ်းထက်လှသလို လျှပ်ပြတ်ဓားသခင်ဟုနာမည်ကျော်သည့်ချောင်ဖေးဟုန်၏တိုက်ကွက်ကလည်းမခေပေ။
ပို၍ကြောက်စရာကောင်းသည်က သူတို့နှစ်ယောက်လုံးက အမြန်နှုန်းအထူးပြုသည့်ဓားသမားများဖြစ်ကြ၍ ဓားကွက်နှစ်ခု၏အရှိန်က လွန်စွာမြန်ဆန်နေခြင်းဖြစ်သည်။
ထိုအခြေအနေကိုရင်ဆိုင်ရာတွင် မိန်းမပျိုလေးသည်လည်း ရွေးချယ်စရာမရှိဘဲ နောက်တစ်ကြိမ်ထပ်မံရှောင်တိမ်းလိုက်ရပြန်သည် ။
သို့သော် ယခုတစ်ကြိမ်၌ ရန်သူနှစ်ယောက်၏အစွမ်းထက်ဓားကွက်များကိုမထိခိုက်ဘဲရှောင်တိမ်းနိုင်မည်မဟုတ်၍ ပို၍အထိခိုက်နည်းစေမည့်လမ်းကိုသာရွေးချယ်လိုက်ရသည်။
မိန်းမပျိုလေး၏ခန္တာကိုယ်ကနောက်တစ်ကြိမ်ရွေ့လျားသွားသလို သူမ၏လက်ဝါးတစ်ဖက်ကလည်း ရိပ်ခနဲမြောက်တက်သွားသည်။
" ဝှစ်...."
" ဝုန်း ..."
မိန်းမပျိုလေး၏ခန္တာကိုယ်က နောက်ဘက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်။
သူမ၏ဝဲဘက်ပခုံးထက်တွင် တစ်လက်မခန့်နက်သည့်ပြက်ရှရာတစ်ခုရှိနေသလို မျက်နှာထက်ရှိအနက်ရောင်ပဝါကလည်း သူမအန်ထုတ်ခဲ့သည့်သွေးများဖြင့်စွန်းထင်းလျက်ရှိ၏။
အစောပိုင်းက အခက်တွေ့နေသည့်အခြေအနေတွင် ချောင်ဖေးဟုန်၏ဓားကွက်ကိုထိတ်တိုက်ရင်ဆိုင်၍ အဖိုးအိုချန်စန်၏တိုက်ကွက်ကိုရှောင်တိမ်းရန်ဆုံးဖြတ်ခဲ့သည်။
သို့သော် သူမ၏အတွင်းဒဏ်ရာက ဆိုးရွားနေသည့်အပြင် အတွင်းအားသုံးပုံတစ်ပုံသာကျန်ရှိတော့ခြင်းကြောင့် ချောင်ဖေးဟုန်၏တိုက်ကွက်ကိုလည်း ကောင်းစွာမချေဖျက်နိူင်ခြင်းဖြစ်သည်။
ရလာဒ်အနေဖြင့် သူမ၏ကိုယ်ပေါ်တွင်ဒဏ်ရာတစ်ခုပိုတိုးလာပြီး အတွင်းဒဏ်ရာကလည်းပြန်၍ထကြွလာကာ သွေးတစ်လုပ်အန်ထုတ်လိုက်ခြင်းဖြစ်သည်။
" တိုက်ကြ...."
အဖိုးအိုချန်စန်၏အော်ဟစ်သံနှင့်အတူ ထန်ချင်းရှန်နှင့်ချောင်ဖေးဟုန်တို့ကလည်းလျှင်မြန်စွာတိုးဝင်သွားကြသည်။
ထန်ချင်းရှန်၏လက်ထဲတွင် တစ်ပေခန့်ရှည်သည့်ဓားတိုလေးနှစ်လက်ရောက်ရှိနေပြီး မိန်းမပျိုလေး၏သေကွင်းသေကွက်နေရာများသို့ဉီးတည်တိုက်ခိုက်လာသည်။
အစောပိုင်းက အရှက်ရမှုကို လက်စားချေလိုသည့်အလား ထန်ချင်းရှန်၏မျက်နှာကအေးစက်တင်းမာနေသလို သူ၏မျက်လုံးများက သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နှက်လျက်ရှိ၏။
သည့်မတိုင်မီက မိန်းမပျိုလေးနှင့်ချန်ချင်းဂိုဏ်းတို့အကြားတွင်သာနက်ရှိုင်းသည့်ရန်ငြိုးတစ်ခုရှိနေခြင်းဖြစ်သော်လည်း အဖိုးအိုချန်စန်ကိုကူညီကာ သူမကိုလိုက်လံသတ်ဖြတ်ပြီးနောက် သူတို့၏ကြားရှိရန်ငြိုးင ချေဖျက်မရသည့်အဆင့်ထိရောက်ရှိနေပြီဖြစ်သည် ။
မိန်းမပျိုသာတစ်နည်းနည်းဖြင့်လွတ်မြောက်သွားပါက သူ့အနေဖြင့်စားဝင်အိပ်ကျော်နိုင်မည်မဟုတ်ဘဲ မည်သည့်အချိန်တွင်လာရောက်တိုက်ခိုက်ခံရမည်ကို ရင်တထိတ်ထိတ်သတိထားနေရပေမည်။
အထူးသဖြင့် မိန်းမပျို၏၏အသက်အရွယ်နှင့်သိုင်းပညာက လန့်စရာကောင်းလှပြီး သူမ၏အကောင်းဆုံးအခြေအနေတွင်ရှိနေပါက သူတို့သုံးယောက်ပေါင်းတိုက်လျှင်ပင် သူမကိုအနိုင်ယူနိုင်မည်မဟုတ်ပေ။
ထို့အပြင် လွန်ခဲ့သည့်ဆယ်နှစ်က သူမ၏သိုင်းပညာက သိုင်းဝိဇ္ဇာအဆင့်သို့မရောက်သေးသော်လည်း ဆယ်နှစ်ကြာပြီးနောက် သိုင်းဝိဇ္ဇာတစ်ယောက်အဖြစ်ပြန်လည်ပေါ်ထွက်လာသည်ကိုကြည့်၍ သူမ၏အံ့မခန်းပါရမီကိူသိရှိနိုင်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် မိန်းမပျိုကိုမသတ်ဖြတ်နိုင်ပါက သူမ၏လက်စားချေမှုကို သူတို့အနေဖြင့်တစ်ချိန်လုံးကြောက်လန့်နေရပေမည်။
ထိုမိန်းကလေးကလည်း ရန်ငြိူးရန်စကိုမမေ့လျော့တတ်ဘဲ ချန်ချင်းဂိုဏ်းမှတိုက်ပွဲတွင် သိုင်းဝိဇ္ဇာနှစ်ယောက်၏တိုက်ခိုက်မှုများကြောင့်သေလုမျောပါးထွက်ပြေးရစဉ် သူမ၏ရန်သူကြီးဖြစ်သည့် ချန်လုကိုရအောင်သတ်ဖြတ်သွားသေးသည် ။
များစွာသောအကြောင်းပြချက်များက စိတ်ထဲတွင်ဖြတ်ပြေးသွားသော်လည်း ထန်ချင်းရှန်ထဲတွင်ရည်ရွယ်ချက်တစ်ခုသာရှိနေသည်။
ဤသည်က ထိုမိန်းကလေးကို သေချာပေါက်သတ်ဖြတ်ရပေမည်။
တခဏအတွင်းအတွေးများစွာဖြတ်ပြေးသွားသော်လည်း ထန်ချင်းရှန်၏ခန္တာကိုယ်ကလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားသွားသလို သူ၏လက်ထဲရှိဓားမြောင်နှစ်ချောင်က အရိပ်ပင်မမြင်ရအောင် မွတ်မွတ်လည်နေသည်။
ဤသည်က ထန်မိသားစု၏နာမည်ကျော်လူသတ်ဓားသိုင်းနှင့် ထန်မိသားစုခြေလှမ်းကွက်တို့ဖြစ်ပြီး တူတစ်စူံလိုအမြဲလိုလိုယှဉ်တွဲနေသည့်ပညာရပ်နှစ်ခုပင်ဖြစ်သည်။
ထန်မိသားစုခြေလှမ်းကွက်က ထိပ်တန်းအဆင့်လှုပ်ရှားမှုသိုင်းပညာတစ်ခုဖြစ်ပြီး ထိုပညာရပ်နှင့်နှိုင်းယှဉ်နိုင်သည့် လှုပ်ရှားမှူပညာရပ်က လက်ချိုးရေ၍ရအောင်ပင်နည်းပါးသည်။
ထန်မိသားစု၏လူသတ်ဓားသိုင်းဆိုသည်ကလည်းအနီးကပ်တိုက်ပွဲများတွင်လွန်စွာကြောက်စရာကောင်းသည့်သိုင်းပညာဖြစ်ပြီး ထန်ချင်းရှန်၏လက်ထဲတွင်သူ၏စွမ်းအားကိူအပြည်အဝထုတ်ဖော်ပြသလျက်ရှိသည်။
ထန်မိသားစု၏တည်ထောင်သူက လှံရှည်တစ်ချောင်းဖြင့်သိုင်းလောကကိုကိုင်လှုပ်ခဲ့သူဖြစ်သော်လည်း သူ၏မိသားစုမျိုးရိုးစဉ်ဆက်က ခြောက်နိုင်ငံခေတ်တွင်ကျော်ကြားသည့်လုပ်ကြံသတ်ဖြတ်ရေးမိသားစုတစ်ခုဖြစ်သည်။
ကြီးမြတ်သည့်ဝူအင်ပါယာခေတ်တွင် သိုင်းလောကသို့ဝင်ရောက်ခဲ့ပြီးထိပ်တန်းအင်အားစုအဖြစ်ရပ်တည်ခဲ့သော်လည်းသူတိူ့၏ပညာရပ်အများစုက ထိက်တိုက်ရင်ဆိုင်ရခြင်းထက် ပရိယာယ်ဖြင့်တိုက်ခိုက်ရခြင်းကများပြားပေသည်။
ထို့ကြောင့်လည်း ထန်မိသားစုဝင်တိုင်းက ကိုယ်ဖော့ပညာလွန်စွာကောင်းမွန်ကြကာ သူတို့၏လက်နက်ပုန်းပညာရပ်ကလည်း သိုင်းလောကတွင်နံပါတ်တစ်ဖြစ်နေခြင်းဖြစ်၏။
" ဝှစ်...ဝှစ်...."
အေးစိမ့်သည့်အငွေ့အသက်တို့ကိုသယ်ဆောင်ထားသည့်ဓားမြောင်နှစ်လက်က မိန်းမပျိုလေး၏အသက်ကိုနုတ်ယူရန်ရည်ရွယ်ချက်ဖြင့်ဝင်ရောက်လာသည်။
သူမ၏အကောင်းဆုံးအခြေအနေတွင်သာရှိနေပါက ထန်ချင်းရှန်းအနေဖြင့် ယခုလိုထိတ်တိုက်ရင်ဆိုင်ရန်ဝေးစွ အရိပ်မြင်လျှင်ပင်ထွက်ပြေးရပေမည်။
ယခုတော့ ထိုမိန်းမပျိုက ဆိုးရွားသည့်အတွင်းဒဏ်ရာရရှိနေသည့်အပြင် သူမ၏အတွင်းအားကလည်း အပြည့်အဝရှိမနေရာ သူ့လိုသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ပင် ထိတ်တိုက်ရင်ဆိုင်နိုင်ပြီဖြစ်သည်။
" ရွှီး ..."
ထန်ချင်းရှန်၏ဓားမြောင်လေးနှစ်လက်က လေထုကိုပိုင်းဖြတ်သံကျယ်လောင်စွာထွက်ပေါ်လာပြီး အသဲယားစဖွယ်တိုးဝင်လာသည်။
သို့တိုင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုလေး၏လှုပ်ရှားမှုက အနည်းငယ်မှပင်နောက်ကျခြင်းမရှိဘဲ ဓားသွားထက်တွင်ကခုန်နေသလို လှပသည့်ကိုယ်ဟန်ဖြင့် ညင်သာစွာရွေ့လျားလျက်ရှိသည်။
သူမ၏ကိုယ်ဟန်က ကချေသည်တစ်ယောက် ကကွက်ဆင်နေသလိုလွန်စွာလှပသည့်တိုင် ထန်ချင်းရှန်၏တိုက်ကွက်များအားလုံးကိုတစ်ချက်ကလေးပင်မထိခိုက်အောင်ရှောင်တိမ်းနိုင်ခဲ့သည် ။
ထန်ချင်းရှန်၏အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေး၏ကျောက်စိမ်းရောင်ဝတ်စုံတို့က လူရိပ်မကွဲအောင်ရောယှင်နေကာ အဝေးမှကြည့်နေကြသူများဆိုလျှင် အစိမ်းရောင်အရိပ်ကြီးနှစ်ခုကိုသာမြင်ရပေမည်။
လက်ရှိအခြေအနေက ရှုပ်ထွေးနေပြီး အဖိုးအိုချန်စန်နှင့် ချောင်ဖေးဟုန်တိူ့ပင် ဝင်ပါရန်မဖြစ်နိုင်၍ ဓားကိုယ်စီဆွဲကိုင်ကာ အသင့်အနေအထားဖြင့် ဘေးဘက်မှရပ်ကြည့်နေကြသည်။
အကယ်၍ ပူးပေါင်းတိုက်ကွက်များကိုလေ့ကျင့်မထားပါက ကြောက်စရာကောင်းသည့်တိုက်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်ရန်မလွယ်ကူဘဲ မိမိ၏ဘက်သားများကိုမထိခိုက်စေရန် ထိမ်းချုပ်တိုက်ခိုက်ရသည်။
ထို့ကြောင့် တိုက်ခိုက်နေသည့်လူနှစ်ယောက်လုံးက အစွမ်းအထက်ဆုံးတိုက်ကွက်များကိုထုတ်သုံးနေကြသည့်အချိန်တွင် အဖိုးအိုချန်စန်လိုသိုင်းဝိဇ္ဇာတစ်ယောက်ပင်လက်လွတ်စပယ်ဝင်မပါဝံ့ခြင်းဖြစ်သည်။
မိန်းမပျိုလေး၏အခြေအနေက သိသိသာသာဆိုးရွားနေသော်လည်း သူတို့နှစ်ယောက်လုံးသတိလက်လွတ်မနေဝံ့ကြပေ။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် ခပ်အုပ်အုပ်မြည်သံများပေါ်ထွက်လာပြီး ထန်ချင်းရှန်၏ခန္တာကိုယ်က ဒယီးဒယိုင်ဖြင့်နောက်ဆုတ်လာသည်ကိုမြငိတွေ့လိုက်ရသည်။
ထိုမြင်ကွင်းကကြည့်ရှုနေကြသူများကိုအံ့ဩတုန်လှုပ်စေရုံသာမက အဖိုးအိုချန်စန်တို့ကိုပင် မျက်နှာပြောင်းလဲသွားစေခဲ့သည်။
ဒဏ်ရာအပြင်းအထန်ရရှိနေကြောင်းသိသာထင်ရှားသည့်တိုင် ထိုမိန်းကလေးက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ကိုတိုက်ကွက်အနည်းငယ်အတွင်းအနိုင်ယူနိုင်သေးဆဲဖြစ်သည်။
" ဆရာကြီး ချန် ...ဖေးဟုန် အတူတိုက်ကြ...."
ထန်ချင်းရှန်က သူ၏နှုတ်ခမ်းထောင့်စွန်းမှသွေးများကိုသုတ်ပစ်ရင်းအေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
မူလက ဒဏ်ရာအပြင်းအထန်ရရှိနေသည့်ထိုမိန်းကလေးကိုသူတစ်ဦးထဲအနိုင်ရမည်ဟုထင်ခဲ့မိသည့်တိုင် သူမ၏တိုက်ကွက်များက လွန်စွာကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်၏။
သူမအသုံးပြုသွားသည့်လက်ဝါးသိုင်းက သူမ၏နာမည်ကျော်ဘီလူးစိမ်းလက်ဝါးမဟုတ်ဘဲ ခုံတုံဂိုဏ်း၏ခုနစ်ဆင့်လက်သီးနှင့်ဆင်တူသည့်လက်ဝါးသိုင်းတစ်မျိုးဖြစ်သည်။
အားလှိုင်းရှစ်ခုပါဝင်ပြီး တစ်ခုထက်တစ်ခုပို၍အားပြင်းလာသည့်ထိုသိုင်းပညာက လွန်စွာရှုပ်ထွေးခြင်းမရှိသော်လည်း အစွမ်းအစထက်မြက်လှပြီး ခုနစ်ဆင့်လက်သီးအောက်နိမ့်ကျမည်မဟုတ်ပေ။
ယခင်တိုက်ပွဲများတွင် ထိုမိန်းကလေး၏တိုက်ကွက်တစ်ခုထိမှန်ခဲ့သည့်ချောင်ဖေးဟုန်၏အတွင်းဒဏ်ရာပင်ယခုအချိန်ထိပျောက်ကင်းခြင်းမရှိသေးသည်မဟုတ်လား။
အတွင်းဒဏ်ရာရရှိ၍ နောက်ဆုတ်ပေးလိုက်ရသော်လည်း ထန်ချင်းရှန်၏မျက်ဝန်းများက သတ်ဖြတ်လိုစိတ်ပြည့်ဝနေဆဲဖြစ်ပြီး အတွင်းဒဏ်ရာကို အတွင်းအားဖြင့်ဖိနှိပ်ထားလိုက်သည်။
တစ်ဖက်တွင်မိန်းမပျိုလေး၏အခြေအနေကလည်းသူ့ထက်များစွာကောင်းမွန်နေခြင်းမရှိပေ။
သူမ၏မျက်နှာကိုဖူံးကွယ်ထားသည့် အနက်ရောင်ပဝါလေးက အန်ထုတ်ထားသည့်သွေးများဖြင့်ရွဲနစ်နေပြီး လှပသည့်ကိုယ်ဟန်လေးက တဆက်ဆက်တုန်ယင်နေသည် ။
ထန်ချင်းရှန်နှင့်ခြားနားစွာ သူမက အစောပိုင်းကထိတ်တိုက်ရင်ဆိုင်မှုတွင်ဒဏ်ရာတစ်စုံတစ်ရာမရဘဲ အတွင်းအားများစွာသုံးစွဲခဲ့ရသည့်အတွက် အတွင်းဒဏ်ရာပြန်ထကာ ပို၍အားနည်းလာခြင်းဖြစ်သည်။
ထိုအခြေအနေတွင် ချောင်ဖေးဟုန်နှင့် အဖိုးအိုချန်စန်တို့လည်းအတူလှုပ်ရှားလာတာ့မညိဖြစ်ရာ သူမ၏အခြေအနေက လုံးဝမျှော်လင့်ချက်မရှိတော့ဟုဆိုရပေမည်။
&&&