← Chapters

မဟူရာည၏နတ်ဆိုးသံစဉ်

Vol. 4 Ch. 55

မဟူရာည၏နတ်ဆိုးသံစဉ်

Vol. 4 Ch. 55

ရှောက်ယောင်၏စိုးရိမ်တကြီးအော်ဟစ်သံကြောင့် မိန်းမပျိုလေး၏အကြည့်များက သူ့ဆီသို့ရောက်ရှိလာပြီး မျက်ဝန်းနှစ်ခုဆုံတွေ့သွားတော့သည်။

သူတို့၏အကြည့်များထဲတွင် စိုးရိမ်ပူပန်မှုများသာပြည့်နှက်လျက်ရှိပေသည်။

ကိုယ်ပေါ်တွင် ‌ငါးခုထက်မနည်းသည့်ဓားဒဏ်ရာများနှင့် ‌ကြွေတော့မည့်သစ်ရွက်တစ်ရွက်ကိုလွန်စွာအားနည်းနေသည့်မိန်းမပျိုလေးကိုမြင်တွေ့ချိန်၌ ရှောင်ယောင်၏ရင်ထဲတွင်ဆက်ဆက်ခါအောင် နာကျင်သွားရသည် ။

ထိုမိန်းမပျိုကသူ့ကိုအသိအမှတ်မပြုသည့်တိုင် သူ၏စိတ်ထဲတွင် စွဲလမ်းမြတ်နိုးရသည့်တစ်ဦးတည်းသောမိန်းကလေးဖြစ်ပြီး သူမကိုထိခိုက် းစေမည့်မည်သူတစ်ဦးတစ်ယောက်ကိုမှ သူခွင့်လွှတ်မည်မဟုတ်ပေ။

ရှောင်ယောင်၏မျက်နှာက အေးစက်တင်းမာနေပြီး သူ၏အကြည့်များကနီရဲလျက်ရှိသည် ။

ထိုနည်းတူသိုင်းမဟာမိတ်မှလူနှစ်ဆယ်နီးပါးကို တခဏအတွင်းအနိုင်ယူလိုက်သည့်ရှောင်ယောင်၏သိုင်းပညာကိုကျန်လူများထိတ်လန့်တုန်လှုပ်နေကြသည်။

မိန်းမပျိုလေး၏လက်ချက်ကြောင့်အတွင်းဒဏ်ရာရရှိသွားသည့်အပြင်ကိုယ်ဖော်သည့်ဆေးကိုယ်ပြန်စားလိုက်ရသည့်ထန်ချင်းရှန်ကား အဆိပ်သဲမှုန့်များကြောင့် မြေကြီးပေါ်တွင်လူးလှိမ့်နေရသည်။

ထန်ချင်းရှန်၏မျက်နှာနှင့်ခန္တာကိုယ်တစ်ခြမ်းလုံးက စုတ်ပြတ်သွားပြီး သွေးသံရဲရဲနှင့်အရိုးဖြူဖြူများပေါ်ထွက်နေကာ မခံမရပ်နိုင်လောက်အောင်နာကျင်ခံစားနေရပြီး တိရစ္ဆာန်တစ်ကောင်လို အော်ဟစ်ညဉ်းတွားနေရသည်။

ချောင်ဖေးဟုန်နှင့်အဖိုးအိုချန်စန်တို့လည်း ထန်ချင်းရှန်ကိုစိုးရိမ်တကြီးစစ်ဆေးလိုက်ကြပြီး သူ၏အခြေအနေဆိုးရွား‌လှသည့်မြင်တွေ့၍ အဖိုးအိုချန်စန်ကမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" လာကြစမ်း သူ့ကိုအနီးဆုံးက မြို့ရွာတစ်ခုခုကိုခေါ်သွားပြီးကုသပေးလိုက်...."

အဖိုးအိုချန်စန်၏စကားအဆုံးတွင် ချန်ချင်းဂိုဏ်းမှသိုင်းထိပ်သီးနှစ်ယောက်ကချက်ခြင်းရောက်ရှိလာပြီး ထန်ချင်းရှန်၏ခန္တာကိုယ်ကိုသယ်ဆောင်ကာထွက်ခွာသွားကြသည်။

ထို့နောက် အဖိုးအိုချန်စန်က ဒဏ်ရာအပြင်းအထန်ဖြင့် လဲကျနေသည့်သိုင်းမဟာမိတ်မှလူများအလယ်တွင် မားမားကြီးရပ်နေသည့် ရှောင်ယောင့်ကိုတစ်ချက်ကြည့်ကာ သူ၏လက်ကိုဝေ့ယမ်း၍ပြောလိုက်သည်။

" သူ့ကိုရှင်းပစ်လိုက်တော့ ...."

ရှောင်ယောင်မည်သူမည်ဝါဖြစ်သည်ကိုဂရုမစိုက်အားသော်လည်း သူတို့နှင့်ရန်သူများဖြစ်နေသည့်အပြင် မိန်းမပျိုလေးနှင့်တစ်စူံတစ်ရာပတ်သတ်‌နေဟန်တူ၍ ရှောင်ယောင့်ကိုအလွတ်ပေးမည်မဟုတ်ပေ။

အဖိုးအိုချန်စန်၏စကားကြောင့် ချန်ချင်းဂိုဏ်းမှသိုင်းသမားများစွာက ဓားကိုယ်စီကိုင်ဆွဲကာ ပြေးဝင်လာကြသည်။

ရှောင်ယောင်သည်လည်း နတ်မိမယ်လေး၏ဒဏ်ရာများကြောင့် အလွန်အမင်းဒေါသထွက်နေစဉ် ချန်ချင်းဂိုဏ်းသားများက ထပ်မံဝင်ရောက်လာ၍ သူ၏မျက်ဝန်းထဲတွင်သတ်ဖြတ်လိုသည့်အရိပ်အယောင်များထွက်ပေါ်လာသည် ။

အစောပိုင်းက သိုင်းမဟာမိတ်မှလူများကိုတမင်သက်ညှာပေးကာ သန်ဖညတ်ခြင်းမပြုဘဲ ဒဏ်ရာအပြင်းအထန်ရရှိစေရန်ပြုလုပ်ခဲ့သော်လည်းတစ်ဖက်လူများက သူ၏အသက်ကိုနုတ်ယူလိုသည့်ရည်ရွယ်ချက်ရှိသည်။

ထိုအခြေအနေတွင် ရှောင်ယောင်၏စိတ်ထဲတွင် သွေးအေးရက်စက်သည့်ခံစားချက်တစ်ခုပေါ်လာပြီး အေးစက်စက်ကြုံးဝါးလိုက်သည်။

" အခုလိုဖြစ်လာမှတော့ ငါ့အဆိုးမဆိုနဲ့တော့ ...."

" မေမေ ကျနော့်ကိုခွင့်လွှတ်ပါ...."

ရှောင်ယောင်က စိတ်ထဲမှတောင်းပန်လိုက်ပြီး ကျောက်စိမ်းပုလွေကို ဖြေးညင်းစွာဆွဲထုတ်ကာ သူ၏နှုတ်ခမ်းနားတွင်တေ့လိုက်သည်။

ထိုအချိန်မှာပင် ချန်ချင်းဂိုဏ်းမှသိုင်းသမားများစွာက သူ၏အနီးသို့ရောက်ရှိနေကြပြီဖြစ်ပြီး ရှောင်‌ယောင်၏ပုံစံက သူ၏အသက်ကိုနုတ်ယူမည့်ထိုလူများကိုတစ်ချက်ကလေးမှသတိထားမိဟန်မတူပေ။

လက်ရှိအချိန်တွင် သူ၏စိတ်အာရုံက လက်ထဲတွင်ကိုင်ထားသည့်ကျောက်စိမ်းပုလွေလေးဆီသို့အပြည့်အဝရောက်ရှိနေကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အတွင်းအားအသုံးပြုကာ စတင်တီးမှုတ်လိုက်သည်။

ရုတ်တရက် စူးရှသည့်သံစဉ်တစ်ခုက ရှောင်ယောင်၏လက်ထဲရှိကျောက်စိမ်းပုလွေထံမှထွက်ပေါ်လာပြီး သူ၏အနီးသို့ရောက်ရှိလာကြသည့်ချန်ချင်းဂိုဏ်းမှသိုင်းသမားများမှာ ချက်ခြင်းဆိုသလို တဆကဆကတုန်ယင်သွားကြပြီး သူတို့၏ခြေလှမ်းများနှေးကွေးသွားကြသည်။

စူးရှညင်သာပြီး ကြည်လင်သည့်သံစဉ်က သူတို့၏အကြားအာရုံမှတစ်ဆင့်နှလုံးသားတွင်းထိုးဖောက်ဝင်ရောက်သွားကာ သူတိူ့၏အပြုအမူများက နှေးကွေးလေးလံကုန်သည်။

ထိုသို့ဖြစ်ပျက်နေသည်က လူတစ်ဦးနှစ်ဦးသာမဟုတ်လဲ ဤနေရာတစ်ဝိုက်ရှိတစ်ရာနီးပါးရှိမည့်သိုင်းသမားများအားလုံးဖြစါကာ ဒဏ်ရာအပြင်းအထန်ရရှိ၍ လဲကျညဉ်းညူနေကြသူများပင် အော်သံများတိတ်ဆိတ်ကုန်သည်။

သူတိူ့၏မျက်ဝန်းများကမှူန်မှိုင်းသွားပြီး တစ်စုံတစ်ခုကိုတွေးတောနေကြဟန်ဖြင့် ရှုပ်ထွေးသည့်အမူအယာများဖြစ်နေကြသည်။

အစောပိုင်းက တိုက်ခိုက်သံများ ၊ အော်ဟစ်မာန်သွင်းသံများဆူညံခဲ့သည့်နေရာတစ်ခုလုံးမှ ပကတိတိတ်ဆိတ်သွားပြီး ကျောက်စိမ်းပုလွေမှထွက်ပေါ်နေသည့်စူးရှရှသံစဉ်တစ်ခုသာ ထင်ရှားလျက်ရှိပေသည်။

တစ်စုံတစ်ခုမှားယွင်းနေသည်ကိုရိပ်စားမိလိုက်သည့် လူအနည်းငယ်က ချက်ခြင်းဆိုသလိုခြေချိတ်ထိုင်လိုက်ကြပြီးအတွင်းအားလှည့်ပတ်ကာ ပုလွေသံစဉ်ကိူခုခံရန်ကြိူးပမ်းလိုက်ကြသည် ။

သို့သော် အများစုက ရှောင်ယောင့်ထက်အတွင်းအားနိမ့်ကျသူများဖြစ်ရာ သူတို့်သိလိုက််င်မှာပင်ပုလွေသံ၏လွှမ်းမိုးမှုအောက်သိူ့ရောက်ရှိပြီးဖြစ်၏။

စစ်မှန်သည့်ဂီတက လူများ၏စိတ်တွင်းခံစားချက်များကိုနှိုးဆွပေးနိုင်စွမ်းရှိသည်။

ထိုထက်ပို၍အဆင့်မြင့်သည့်ဂီတပညာရှင်များဆိုလျှင် လူတို့၏စိတ်ကိုလွှမ်းမိုးနိုင်ကာ ဗျပ်စောင်းတစ်လက် ၊ ပုလွေတစ်ချောင်းဖြင့် ရာထောင်ချီသည့်လူများကိုအနိုင်ယူနိုင်စွမိးရှိပေသညိ။

လူတို့စိတ်အတွင်းနက်နက်တစ်နေရာမှ စိတ်ခံစားချက်များ၊ ပျော်ရွှင်ကြည်နူးမှုများ ၊ အလှအပများကို ဂီတဖြင့်ဖော်ထုတ်နိုင်စွမ်းရှိသည်။

အချို့ဂီတများက ချိုမြိန်သောအမှတ်တရများကိုပြန်လည်နှိုးဆွပေးနိုင်ပြီး တသသဖြင့်လွမ်းမောဖွယ်ခံစားချက်ကိုပေးစွမ်းနိုင်ပေသည်။

သို့သော် ရှောင်ယောင်တီးမှုတ်နေသော မဟူရာည၏နတ်ဆိုးတေးသံဆိုသည့်သံစဉ်ကကွဲပြားခြားနားပြီး လူတို့၏နှလုံးသားတွင်းမှနတ်ဆိုးများကိုထုတ်ဖော်နိုင်စွမ်းရှိသည်။

မည်သို့သောလူမျိုးပင်ဖြစ်စေ မကောင်းသည့်လုပ်ရပ်တစ်ခုမဟုတ်တစ်ခုကိုလုပ်ဖူးကြမည်သာဖြစ်ပြီး သူတောင်စင်များပင်ချွင်းချက်မဟုတ်ပေ။

မဟူရာည၏နတ်ဆိုးသံစဉ်က ထိုသို့သောမကောင်းသည့်အမှတ်တရများကိုပြန်လည်ဖော်ထုတ်ကာ ကြားရသူတိုင်းကို နောင်တတရားများနှင့်ပြည့်နှက်စေနိုင်ပြီး သူတို့ကိုအိပ်မွေ့ချသည့်စဖွယ် နေရာတွင်မိန်းမောတွေဝေသွားစေနိုင်သည်။

" ချွမ်...."

ရှောင်ယောင်နှင့်အနီးဆုံးတွင်ရှိနေသည့် သိုင်းသမားများလက်ထဲရှိဓားက စတင်လွတ်ကျလာပြီးနောက် ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူတစ်ရာနီးပါးမှာ သူတို့၏လက်နက်များကိုတစ်ဦးပြီးတစ်ဦးလွှတ်ချလိုက်ကြသည်။

‌ဤ‌နေရာတစ်ခုလုံးတွင်ထူးခြားဆန်းကြယ်လှသည့်မြင်ကွင်းတစ်ခုဖြစ်ပေါ်လျက်ရှိပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်က တစ်လောကလုံးကို ဥပေက္ခာပြုထားကာ သံစဉ်တစ်ပုဒ်တီးမှုတ်လျက်ရှိသလို သူ၏ဘေးပတ်လည်တွင် ကျောက်ရုပ်များသဖွယ်မိန်းမောတွေဝေနေသည့်လူများစွာရှိနေသည်။

အဖိုးအိုချန်စန်နှင့်ချောင်ဖေးဟုန်တို့လည်း အတွေ့အကြံပြည့်ဝလှသည့်သိုင်းသမားများဖြစ်သည့်တိုင် ယခုလိုမျိုးမြင်ကွင်းကိုပထမဆုံးအကြိမ်အဖြစ်တွေ့မြင်ဖူးခြင်းဖြစ်၍နေရာတွင် ကြောင်အလျက်ရပ်နေမိကြသည်။

မိန်းမပျိုလေးက လရောင်အောက်တွင် ဂီတနတ်သားတစ်‌ယောက်သဖွယ် ခန့်ညားသည့်သွင်ပြင်ဖြင့် ကျောက်စိမ်းပုလွေကိုတီးမှုတ်နေသည့်လူငယ်ကို နူးညံ့သည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

ထိုခဏတွင် သူမ၏စိတ်တွင်းရှိတွန့်ဆုတ်မှုများ ၊ နှောင်ဖွဲ့မှုများကျိုးပျက်သွားသည်ကိုရှင်းလင်းစွာခံစားမိလိုက်ပြီး သွေးများစိုရွှဲနေသည့်အနက်ရောင်ပဝါလေးအောက်တွင် ရေခဲပြင်အရည်ပျော်လာသလို နွေဦးပန်းပွင့်များထက်ပို၍လှပသည့်အပြုံးလေးတစ်ခုထွက်ပေါ်လာပေသည်။ ။

ပုလွေသံစဉ်ထွက်ပေါ်လာသည်က အချိန်အနည်းငယ်သာရှိသေးသော်လည်း ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများမှာ စိတ်ဝိညာဉ်ကင်းလွတ်သည့်ပမာ မိန်းမောတွေဝေနေကြသည်။

သူတို့၏စိတ်ထဲတွင် ဘဝတစ်လျှောက်လုပ်ခဲ့မိသည့်မကောင်းမှုများကိုတရိပ်ရိပ်ပြန်မြင်ယောင်လာကာ နောင်တရသည့်စိတ်များက နှလူံးအိမ်ကိုတိုးဝင်လှိုက်စားလျက်ရှိသည်။

မဟူရာည၏နတ်ဆိုးသံစဉ်ကိုဖန်တီးရခြင်းရည်ရွယ်ချက်က ပြိုင်ဘက်များကိုမိမိအမှားကိုပြန်၍မြင်ယောင်ဆင်ခြင်လာရန်ဖြစ်သလို ထိူ့ထက်ပို၍ ကြောက်စရာကောင်းသည့်အချက်က သူတို့၏စိတ်ကိုလွှမ်းမိုးချုပ်ကိုင်ကာ ကိုယ့်ကိုယ်ကိုသတ်သေရန်ပင်စေခိုင်းနိုင်၍ဖြစ်သည်။

ရှောင်ယောင်၏လက်ရှိအဆင့်က ထိုအဆင့်နှင့်များစွာဝေးကွာနေသေးသော်လည်း သူ့ထက်အတွင်းအားနိမ့်ကျသူမှန်သမျှကို လွှမ်းမိုးနိုင်ရန်က ပြဿနာမဟုတ်ပေ။

တစ်ချိန်ထဲမှာပင် ရှောင်ယောင်၏စိတ်ထဲ၌ လွန်စွာအံ့သြတကြီးဖြစ်နေပြီး ထိုမျှအစ်ွးထက်လှသည့်သံစဉ်များကို သူ၏မိခင်မည်ကဲ့သို့တတ်မြောက်ခဲ့သည်ကို စဉ်းစားမရဘဲဖြစ်နေသည်။

မဟူရာည၏နတ်ဆိုးသံစဉ်က ရန်သူများ၏စိတ်ကိုထိမ်းချုပ်ပြောင်းလဲနိူင်စွမ်းရှိကာ လွန်စွာကြောက်စရာကောင်းသည့်ပညာရပ်တစ်ခုဖြစ်သလို စိတ်ဝိညာဉ်တေးသွားသည်လည်း ကြားမိသူတိုင်း၏စိတ်နှလုံးကိုကြည်နူးနှစ်သိမ့်သွားစေသည့်အကျိုးသက်ရောက်မှုတို့ရှိပေသည်။

စိတ်ဝိညာဥ်တေးသွားက လက်နက်ကိုယ်စီကိုင်ဆောင်၍သတ်ဖြတ်ရန်ပြေးဝင်လာသည့်လူများကိုပင် ဒေါသစိတ်များပျောက်ကွယ်သွားစေရန်စွမ်းဆောင်နိုင်ပေမည်။

ထိုသံစဉ်နှစ်ခုက အနည်းငယ်ဆင်တူသော်လည်း ဆန့်ကျင်ဘက်အကျိူးသက်ရောက်မှုများရှိကြပြီး တစ်ခုက ရန်သူများ၏စိတ်ကိုထိမ်းချုပ်ဖျက်ဆီးကာ ကျန်တစ်ခုက သူတို့၏စိတ်ကို ကြည်လင်အေးချမ်းစေခြင်းဖြစ်၏။

ရှောင်ယောင်နှင့်အတွင်းအားများစွာကွာဟခြင်းမရှိသည့်သိုင်းထိပ်သီးများသည်လည်း ခြေချိတ်ထိုင်၍ အတွင်းအားလှည့်ပတ်နေရကာ ကြောက်စရာကောင်းလှသည့်ထိုပုလွေသံကိုခုခံလျက်ရှိကြသည်။

တစ်ရာကျော်ခန့်ရှိမည့်လူများထဲတွင် ပုလွေသံသက်ရောက်မှုမခံရသူဟူ၍ မိန်းမပျိုလေးနှင့် အဖိုးအိုချန်စန်တို့နှစ်ယောက်သာရှိပေသည်။

ထိုနည်းတူ ထူးခြားလှသည့်မြင်ကွင်းကိုအံ့ဩတုန်လှုပ်စွာရပ်ကြည့်နေကြပြီးနောက်မှ အဖိုးအိုချန်စန်က သတိဝင်လာပြီးအလျှင်အမြန်အော်ဟစ်လိုက်သည်။

" ရပ်လိုက်စမ်း....."

အတွင်းအားပြည့်ဝလှသည့်အဖိုးအိုချန်စန်၏အော်သံက ရှောင်ယောင်၏ပုလွေသံကိုဖုံးလွှမ်းသွားပြီး မိန်းမောတွေဝေနေကြသူများကိုလည်း အသိဝင်လာစေသည်။

သို့သော် ထိုလူများ၏ခန္တာကိုယ်က တဆက်ဆက်တုန်ယင်ကာအားနည်းနေကြပြီး အတွင်းအားနိမ့်ကျသူများဆိုလျှင် မြေကြီးပေါ်သို့အားအင်ချိနဲ့စွာလဲကျကုန်ကြသည်။

ကျန်ရှိနေသည့်လူများသည်လည်း အိပ်မက်မက်နေရာမှပြန်လည်နိုးထလာသည့်အလားငူငူငိုင်ငိုင်ဖြစ်နေကြသည်။

တူညီသည့်အချက်ကား သူတို့၏မျက်နှာများထက်တွင် စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တရခြင်းစသည့်ခံစားချက်မျိုးစုံထွက်ပေါ်နေကြခြင်းပင်ဖြစ်သည် ။

ရှောင်ယောင်၏ပုလွေသံကိုအတွင်းအားဖြင့်ခုခံနေရသည့်သိုင်းသမားများသည်လည်း ထိုအခါမှစိတ်သက်သာရာရသွားကြဟနိတူသည်။

သူတို့၏မျက်နှာများထက်တွင်တော့ တုန်လှုပ်ချောက်ခြားသည့်အမူအယာများရှိနေကြပြီး အနုပညာသမားတစ်ယောက်နှင့်ဆင်တူသည့် ကျောင်းတော်သားဝတ်စုံဝတ်လူငယ်လေးကိ ကြောက်ရွံ့စွာကြည့်လိုက်မိကြ၏။

တစ်ရာနီးပါးရှိမည့်လူများက တိုက်ပွဲကလေးတစ်ခုပင်ရင်မဆိုင်လိုက်ရဘဲ အားအင်လျော့နည်းကာ အရှုံးပေးလိုက်ရသည်က ကိုယ်တိုင်ကိုယ်ကျမမြင်တွေ့ပါကမည်သူမှယုံကြည်နိုင်ကြမည်မဟုတ်ပေ။

ထိုအချိန်တွင် ရှောင်ယောင်သည်လည်း သူ၏သံစဉ်ပြတ်တောက်သွားပြီဖြစ်၍ ကျောက်စိမ်းပုလွေကိုခါးတွင်ပြန်ထိုးလိုက်သည်။

သူ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သော်လည်း ရင်ဘက်ထဲတွင်အပြင်းအထန်လှိူင်းထနေကာ အန်ထွက်တော့မည့်သွေးများကိုကြိတ်မှိတ်မျိုချလိုက်ရသည့်အတွက် သူ၏နှုတ်ခမ်းထောင့်စွန်းတွင်သွေးစီးချောင်းတစ်ခုစီးကျလာသည်။

အစောပိုင်းက သူ၏သံစဉ်ကိုအဖိုးအိူချန်စန်က အတွင်းအားများစွာအသုံးပြုကာ အော်ဟစ်၍ချိုးဖျက်လိုက်သဖြင့် တန်ပြန်ဒဏ်ရာရကာ ရှောင်ယောင်လည်းအတွင်းဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

အဖိုးအိုချန်စန်ကား အဆင့်လွန်ထိပ်သီးအဆင့်သာရှိသေးသော်လည်း ထူးဆန်းပြီးကြောက်စရာကောင်းလှသည့်လူငယ်လေးကိုအခွင့်အရေးမပေးတော့ဘဲ သူ၏လက်ကိုဝေ့ယမ်းကာ အော်ဟစ်လိုက်သည်။

" သူ့ကိုသတ်ကြ...."

&&&

All Chapters