ဂြိုလ်သားမျိုးနွယ်စု
Vol. 34 Ch. 497
တောင်ပိုင်းနယ်မြေ..၊ ကမ္ဘာမြေကြီး၏ မြို့အများအပြားတွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် နေရာတိုင်း၌ ဆန်းကြယ်သစ်ပင်များ၊ ဆန်းကြယ်သားရြများနှင့် ဂြိုလ်သားများဖြင့် ပြည့်ကျပ်နေသည်။ စစ်ပွဲကြီးတွင် မပါဝင်မီ သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းအရှင်နှင့် ညဘုရင်တို့ကဲ့သို့သော ဒဏ္ဍာရီလာအဆင့်ကျွမ်းကျင်သူများသည် သက်ဆိုင်ရာ ဝိုင်းရံခြင်းအစီအစဥ်များကို စီစဥ်ခဲ့ပြီးဖြစ်သည်။
အစီအစဥ်သည် ရိုးရှင်းလှသည်။ ၎င်းတို့၏ ထိပ်တန်းတပ်များက တိုက်ခိုက်နေချိန်တွင် လူသားမျိုးနွယ်ကို အခွင့်ကောင်းယူ၍ ကမ္ဘာမြေကြီးကို တိုက်ခိုက်ရန်ဖြစ်သည်။ ရှေးဟောင်းပစ္စည်းများကြောင့် ကမ္ဘာ၏ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားသည် မူလနယ်မြေ၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားနှင့် တန်းတူနီးပါးဖြစ်သည်။ သို့ရာတွင် ကမ္ဘာမြေဘက်ခြမ်းရှိ အလယ်အလတ်မှ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားသည် မူလမြေထက် များစွာအဆင့်နိမ့်သည်။
ကမ္ဘာ၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားကို အောင်မြင်စွာ ထိန်းချုပ်ထား၍ မြို့များကို အချိန်မီ မထောက်ပံ့နိုင်သရွေ့ မြို့များသည် မူလမြေ၏ အလယ်အလတ်မှ အမြင့်ဆုံး တိုက်ခိုက်ရေးတပ်များထံ မလွဲမသွေ ကျရောက်နေမည်ဖြစ်သည်။ အချိန်တစ်ခုသာကြာမြင့်မည်ဖြစ်၍ အခက်အခဲရှိလှမည်မဟုတ်ပေ။
...
အမှတ် ၁ မြို့တော်ရှေ့၌ ကြက်သွေးရောင် ဆူးနွယ်ပင်များစွာသည် ကောင်းကင်ယံထိ မြင့်တက်လျက် မြို့ကို လုံးလုံးလျားလျားဖုံးလွှမ်းကာ တံတိုင်းတစ်ခုအဖြစ်ဖန်တီးထားသည်။ မြို့တစ်မြို့လုံးတွင် မှင်များကဲ့သို့ နက်မှောင်နေသည့် မြူခိုးများက တစ်မြို့လုံးကို ဖုံးလွှမ်းကာ အမှောင်ထုထဲသို့ ကျဆုံးစေ၍ တစ်နေရာလုံးက ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ အမှောင်ထုထဲတွင် မရေမတွက်နိုင်အောင်များပြားလှသည့် ဆန်းကြယ်သားရဲများ၊ သစ်ပင်များနှင့် ဂြိုလ်သားများအုံကြွလာကာ မြို့ကို အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
မြို့ရိုးနှင့် တံခါးများပေါ်တွင် မြို့သူကြီးအုပ်စုတစ်စုသည် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသည်။ အချို့က နံရံအောက်ရှိ ဆန်းကြယ်သားရဲများ၊ သစ်ပင်များနှင့် ဂြိုလ်သားများကိုကြည့်နေကြသည်။
အချို့က ဆယ်မိုင်ကျော်အကွာအဝေးမှ သစ်ပင်နံရံကိုငေးကြည့်နေကြသည်။ အချို့က မြို့တစ်လျှောက် ဖုံးလွှမ်းနေသည့် အနက်ရောင်မြူခိုးများကိုကြည့်နေကြသည်။ ၎င်းတို့ မည်သည့်နေရာကိုကြည့်စေကာမူ ၎င်းတို့၏ မျက်နှာများက စူးစမ်းမှုအပြည့်ဖြင့် နက်ရှိုင်းနေကာ အမူအရာများသည်လည်း အလွန်လေးလံ၍ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုအချို့ရှိနေသည်။ ဆန်းကြယ်သားရဲများ၊ ဆန်းကြယ်သစ်ပင်များနှင့် ဂြိုလ်သားအများအပြားရှိနေခြင်းဖြစ်၍ မြို့ကို အတင်းအကြပ် ဝိုင်းရံထားသည့်နှယ်ဖြစ်ကာ ထွက်ပြေး၍ မရနိုင်ပေ။ ထို့ကြောင့် လက်ရှိအခြေအနေအရ အောင်ပွဲခံရန် လုံးလုံးလျားလျားအခွင့်အရေးမရှိသည့်နှယ်ပင်ဖြစ်သည်။
“သခင်ယဲ့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ကိုယ်ခန္ဓာတောင့်တင်းသော အသက်လတ်ပိုင်းယောက်ျားတစ်ယောက်သည် ယဲ့ရုန်ရှန်းကို တလေးတစားကြည့်ကာမေးလိုက်သည်။
“သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို ပိတ်ပြီး သေတဲ့အထိ တိုက်ကြ” ယဲ့ရုန်ရှန်းက ခဏတာမျှ နှုတ်ဆိတ်နေပြီးနောက်ပြောလိုက်သည်။
မူလမြေတွင် ဒုအုပ်ချုပ်ရေးအဖြစ် တာဝန်ယူခဲ့သူဖြစ်သောကြောင့် ချင်ချွမ်းနှင့် အခြားသူများ မြို့မှ ထွက်သွားကာ အချိန်အတော်ကြာပြန်မလာခဲ့သဖြင့် အစောတလင်ပင် မြို့တော်အမှတ် ၁သို့ အပြေးသွားခဲ့သည်။
မူလမြေ၏ အဓိက အခြေစိုက်မြို့ဖြစ်သော မြို့အမှတ် ၁ သည် ကမ္ဘာ့အရေးအကြီးဆုံး အမာခံနယ်မြေဖြစ်သည်။ မဟုတ်လျှင် ကမ္ဘာမြေသည် မူလမြေ၌ အခြေခံအုတ်မြစ်ကို ဆုံးရှုံးရပေလိမ့်မည်။ ယဲ့ရုန်ရှန်း၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ခဏမျှ တုံ့ဆိုင်းသွားသည်။
“သခင်ယဲ့ ကမ္ဘာမြေရဲ့ ထိပ်တန်းပါရမီရှင်အားလုံးက မြို့တော်အမှတ် ၁ မှာရှိပါတယ်။ သူတို့ကို ကမ္ဘာမြေကို ပြန်ပို့ပြီး သွေးမျိုးဆက်စစွမ်းအားလမ်းကြောင်းကို ပိတ်သင့်လား”
မြို့အမှတ် ၁ ရှိ ဆင့်ကဲပြောင်းလဲနိုင်သော ပါရမီရှင်များသည် အနာဂတ် ကမ္ဘာ၏ မဏ္ဍိုင်များဖြစ်သည်။
အကယ်၍ ၎င်းတို့သည် လာမည့်တိုက်ပွဲတွင် သေဆုံးသွားပါက၊ ၎င်းတို့၏ ဆင့်ကဲဖြစ်စဉ်စွမ်းရည်များကို ဖြုန်းတီးကာ အဖိုးတန်သောအသက်များကို အလကားဖြစ်စေမည်ဖြစ်သည်။ ပါရမီရှင်များကို အစောပိုင်းအဆင့်များတွင် ကောင်းစွာကာကွယ်၍ ပြုစုပျိုးထောင်သင့်ကာ ၎င်းတို့သန်မာလာမှသာလျှင် ကမ္ဘာမြေ၏ တာဝန်ကို ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် မြို့တော် အမှတ် ၁ မှ ပါရမီရှင်များသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် နီးကပ်သော မြို့ကာကွယ်ရေးတိုက်ပွဲတွင် မပါဝင်သင့်ပေ။
ယဲ့ရုန်ရှန်းက အဝေးကို စိုက်ကြည့်၍ လေးနက်စွာပြောလိုက်သည်။
“ကျောက်စိမ်းလိုပဲ။ ပါရမီရှင်တွေက တကယ် အဖိုးတန်လာဖို့ဆို ပွတ်သပ်ပေးဖို့လိုတယ်။ မစမ်းသပ်ရသေးတဲ့ ပါရမီရှင်တွေဆိုတာ ဘာမှမဟုတ်တဲ့ အမှိုက်တွေပဲ”
“ဒါပေမယ့်…” လူလတ်ပိုင်းအမျိုးသားက ဆက်၍ ဆွဲဆောင်ရန်ကြိုးစားသည်။
ယဲ့ရုန်ရှန်းက သူ့ကို အခွင့်အရေးမပေးဘဲ အေးစက်သောအသံဖြင့် သူ့ဘက်သို့လှည့်ကာပြောလိုက်၏။
“စစ်အမိန့်ဆိုတာ တောင်တွေလိုပဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် နှုတ်ခမ်းလှုပ်၍ တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် ယဲ့ရုန်ရှန်း၏ အခွင့်အာဏာကြောင့် ခြိမ်းခြောက်ခံရကာ စကားလုံးများကို ပြန်မြိုချ၍ မည်သည့်စကားမျှ ထပ်မပြောဘဲ အမိန့်ကိုနာခံကာ သွေးမျိုးဆက်လမ်းကြောင်းကို ပိတ်လိုက်သည်။
ဤသွေးမျိုးဆက်လမ်းကြောင်းကို ပိတ်လိုက်သည်နှင့် ယဲ့ရုန်ရှန်းကဲ့သို့သော စွမ်းအားကြီး ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူပင်လျှင် ၎င်းကို ပြန်ဖွင့်၍ မရနိုင်ပေ။ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူတစ်ဦးကသာ ယင်းကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် အမှတ် ၁ ကို လုံးလုံးလျားလျား လွှမ်းမိုးသွားလျှင်ပင် ရန်လိုသော ဆန်းကြယ်သစ်ပင်များ၊ သားရဲများနှင့် ဂြိုလ်သားများက သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းမှတစ်ဆင့် ကမ္ဘာသို့ဝင်ရောက်နိုင်မည်မဟုတ်ပေ။
သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို ပိတ်ခြင်းသည် ကမ္ဘာမြေကို ကာကွယ်ရန်အတွက် နောက်ဆုံးသော ကာကွယ်ရေးလမ်းကြောင်းဖြစ်သည်။
“ကြည့်… အလယ်ပိုင်းနယ်မြေမှာ ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားပြီ။ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူတစ်ယောက် ကျရှုံးသွားပြီ”
“ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူသေသွားတယ်။ ဘယ်သူများဖြစ်နိုင်မလဲ”
“အဲ့တာဘာလဲ”
“ဘယ်လိုသစ်ပင်ကြီးလဲ”
“နေလအထွတ်အမြတ်မြေရဲ့ လက်ချက်လား”
"..."
ရုတ်တရက် မြို့တံတိုင်းများပေါ်တွင် အာမေဋိတ်အသံများထွက်ပေါ်လာသည်။
တိုက်ပွဲ၏ပြင်းထန်မှုကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဖြစ်ပွားနေသည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခုကို လူအများက သတိပြုမိကြကာ ၎င်းတို့၏ မျက်နှာများက အံ့သြမှု မယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။
မူလမြေ၌ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူသည် လက်ရွေးစင်အင်အားစုများတွင်ပါသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ယခုမူ ထိုသို့သော ကျွမ်းကျင်သူတစ်ဦး ကျဆုံးသွားခဲ့ပြီဖြစ်၏။ အအရာက လက်ရှိရှိနေသောလူတိုင်းကို အိပ်မက်မက်နေသည့်အလား ဆန်းကြယ်သည်ဟု ခံစားစေသည်။
ယဲ့ရုန်ရှန်းက အလယ်ပိုင်းနယ်မြေ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သတိပြုမိသည်။ သို့သော် သူသည် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူ၏ ကျဆုံးမှုကို အနည်းငယ်မျှ အာရုံဏိုက်ခြင်းမရှိပေ။ သူ့အာရုံတစ်ခုလုံးက ကောင်းကင်ကို ဖောက်ထွက်နေသည့် ဧရာမသစ်ပင်ကြီးဆီသို့ရောက်နေသည်။
“သစ်သားနဘုရား တကယ် ပြန် အသက်ရှင်လာပြီလား”
"နောက်ဆယ်နှစ်ကြာမှ အသက်ပြန်ရှင်လာရမှာ မဟုတ်ဘူးလား"
"ဘာလို့ အခု ပြန်ရှင်လာတာလဲ”
ယဲ့ရုန်ရှန်းက လုံးလုံးလျားလျားထိတ်လန့်သွားသည်။
...
ရှုပ်ထွေးသော တောအုပ်အထက်တွင် ဆန်းကြယ်သစ်ပင်မာျးနှင့် ပြည့်နေသည်။ ရှန်ချင်းဟန်ကို ဖက်ထားသည့် လင်းဇီချန်က အလင်းတန်းတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းကာ အလယ်ပိုင်းနယ်မြေမှ တောင်ပိုင်းနယ်မြေသို့ အသည်းအသန်ထွက်ပြေးနေသည်။
အလယ်ပိုင်းနယ်မြေဌာနချုပ်မှ ဆူညံသံကြောင့် သူနှလုံးခုန်သံများ လှုပ်ရှားသွားသည်။
အထူးသဖြင့် ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦး ကျဆုံးသွားခြင်းကြောင့် ဖြစ်ပွားခဲ့သော ပြောင်းလဲမှုများက အကြောက်တရားနှင့် သေခြင်းတရားမှ သဲ့သဲ့လေးလွတ်မြောက်ခဲ့သည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။ ကံကောင်းသောကြောင့်သာ ၎င်းတို့က အလျင်အမြန် ပြေးထွက်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အပျက်အစီးများထဲတွင် ရှိနေခဲ့ပြီး မထွက်ခွာခဲ့ပါက၊ ယခုအချိန်တွင် ရှေးဘိုးဘေးအဆင့် တိုက်ပွဲအပြီးတွင် ၎င်းတို့ သေဆုံးသွားနိုင်ဖွယ်ရှိသည်။
မျက်လုံးများမှိတ်ရန်ပင် အခွင့်အရေးရလိုက်မည်မဟုတ်ဘဲ တိတ်တဆိတ်သေဆုံးသွားကြလိမ့်မည်။
“ဇီချန် ဘယ်ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူ သေသွားတာလဲ”
သူ့ရင်ခွင်ထဲမှ ရှန်ချင်းဟန်က အလယ်ပိုင်းနယ်မြေဘက်သို့ စူးစူးစိုက်စိုက်ကြည့်နေကာ သူမ၏ နူးညံ့သိမ်မွေ့၍ သက်ဝင်လှုပ်ရှားနေသော မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ရှေးဘိုးဘေးအဆင့် သွေးမျိုးဆက်စွမ်းအားရှိသူတစ်ဦး ထိုကဲ့သို့ ပျောက်ကွယ်သွားခြင်းကို သူမ စိတ်ကူးရခက်လျက်ရှိသည်။
အနုမြူဗုံးများကို ခံနိုင်ရည်ရှိလောက်အောင် ပြင်းထန်သောဆင့်ကဲပြောင်းလဲထားသည့် သတ္တဝါများဖြစ်သောကြောင့် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများသည် မြင့်မြတ်သူအဆင့်ထက် အဆင့်နှစ်ဆင့်မြင့်သော ကျွမ်းကျင်သူများဖြစ်သည်။ သီအိုရီအရ ထိုသို့သော ဖြစ်တည်မှုမျိုးသည် မသေနိုင် မပျက်ဆီးနိုင်သော ဖြစ်တည်မှုများဖြစ်သင့်သည်။
ယခုအချိန်တွင် ထိုသို့သာ သေဆုံးသွားကြရပြီဖြစ်သည်။ ဤသည်က အမှန်ပင် မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ ဘေးနားမှ နားထောင်နေသော လင်းဇီချန်လည်း ယုံရခက်နေသည်။ သခင်အဆင့် ကျွမ်းကျင်သူဖြစ်သော စုကျိုကျဲသည် လွတ်မြောက်ရန် ၎င်း၏ အမြှီးကို ပြန်လည် ကြီးထွားစေနိုင်သည့် သွေးမျိုးဆက်စွမ်းအားဆိုင်ရာ ဂုဏ်သတ္တိများရှိသည်။ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများသည် စုကျိုကျဲနှင့် နှိုင်းယှဥ်ပါက သတ်ရန် ပို၍ပင် ခက်ခဲပေလိမ့်မည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် အလယ်ပိုင်းနယ်မြေ၌ ရှေးဘိုးဘေးအဆင့်တိုက်ပွဲတစ်ခုဖြစ်ကာ မကြာမီ၌ပင် ရှေးဘိုးဘေးအဆင့်
ကျွမ်းကျင်သူတစ်ဦး ကျဆုံးခဲ့သည်။
“တကယ်လို့ ရှေးဘိုးဘေးအဆင့်ရှိတဲ့လူတစ်ယောက်ရဲ့အလောင်းကို ငါစုပ်ယူနိုင်ခဲ့ရင်…. အာ နှမျောစရာပဲ”
လင်းဇီချန်က စိတ်ထဲမှရေရွတ်လိုက်သည်။
...
တစ်ရက်။
နှစ်ရက်။
သုံးရက်...
တစ်ပတ်နီးပါးကြာသောအခါ။
အလယ်ပိုင်းဒေသ၏ အပျက်အစီးများမှ ထွက်လာသော လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် နောက်ဆုံးတွင် တောင်ပိုင်းနယ်မြေသို့ ပြန်လည်ရောက်ရှိလာကြကာ မြို့တော် အမှတ်တစ်ရှေ့ရှိ အန္တရာယ်ရှိသော နေရာသို့ ရောက်ရှိခဲ့သည်။
ထိုမှသာ မြို့တော် အမှတ် ၁ သည် ဆန်းကြယ်သစ်ပင်များဝိုင်းရံထားခြင်းခံရကာ ဆန်းကြယ်သားရဲများနှင့် ဂြိုလ်သားများ ဝိုင်းအုံကာ လှည့်ပတ်သွားလာလျက် အလွန်ဆိုးရွားသော အခြေအနေတစ်ရပ်ကို ဖန်တီးလျက်ရှိသည်။
"ဇီချန် တစ်မြို့လုံး ဝိုင်းခံထားရပြီ ငါတို့ ပြန်လို့မရဘူး"
ရှန်ချင်းဟန်သည် သူမရှေ့မှ အခြေအနေကိုမြင်ပြီးနောက် စိုးရိမ်မှုအပြည့်ဖြင့်ပြောလိုက်သည်။ ထို့နောက် မြို့ကို မပြန်နိုင်ခင် ခဏမျှပုန်းနေရန် တခြားနေရာရှာရန် အကြံပေး၏။
မူလမြေကိုရောက်ကတည်းက အရေးပေါ်အခြေအနေများစွာ ကြုံခဲ့ရသည်ဖြစ်ရာ ဤအရာများကို တွေးတောဆင်ခြင်နိုင်လောက်အောင် တည်ငြိမ်နေခဲ့ကြသည်။ အကယ်၍ ၎င်းသည် သူမ၏အတိတ်၌သာဖြစ်ခဲ့ပါက သူမသည် သူမ၏လက်ဖဝါးပေါ် ချွေးစေးများတင်ကပ်လျက် ဖြူဖျော့နေပေလိမ့်မည်။ လင်းဇီချန်ကို ယခု မည်သို့လုပ်ရမည်ကို မေးလျက် သူမ၏အသံသည် တဆတ်ဆတ်တုန်နေပေလိမ့်မည်။
ယခုအချိန်တွင် လင်းဇီချန်၏အာရုံအားလုံးသည် မြို့ပြင်ရှိ ဆန်းကြယ်သစ်ပင်များ၊ သားရဲများနှင့် ဂြိုလ်သားများအပေါ်တွင်သာ အာရုံစိုက်နေသည်။
ကောင်းကင်မျက်လုံးနှင့် အန္တရာယ်ကြိုတင်သိမြင်ခြင်ရ၏ အကူအညီဖြင့် မိုင်ပေါင်းများစွာ ဝေးကွာနေသော်လည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
အခြေအနေက အလွန်ပြင်းထန်လှသည်။
ဝိုင်းထားသူများထဲတွင် ဒဏ္ဍာရီအဆင့် သတ္တဝါများ ဆယ်ယောက်အထက် ပါဝင်သည်။ မြင့်မြတ်သူအဆင့် အရေအတွက် များသထက်များလျက်ရှိရာ ရာနှင့်ချီ၍ရှိနိုင်သည်။
ထိုသို့သောအင်အားဖြင့် မြို့သခင် ချင်ချွမ်းနှင့် အခြားသူများ အသက်ရှင်လျက်ရှိသည့်တိုင် မြို့ထဲတွင်ပင်လျှင် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
မြို့အမှတ် ၁ သည် ၎င်းအား ကာကွယ်ရန် သန်မာသော သတ္တဝါများ မရှိဘဲ ယခုအချိန်အထိ ဖောက်ဖျက်ခြင်း မပြုဘဲ ဆက်လက် ရပ်တည်နေနိုင်သည်ဆိုသော အချက်သည် မြို့တော်၏ အကာအကွယ် ဖွဲ့စည်းမှု ထိရောက်မှုအပေါ် လုံးလုံး မှီခိုနေရသည်။
သို့သော် လက်ရှိအခြေအနေအရ ဝိုင်းရံမှုတွင် ပါ၀င်နေသော ဤဂြိုလ်သားမျိူးနွယ်ဝင်များသည် တိုက်ခိုက်ရန် အလျင်စလိုမဖြစ်နေကြဘဲ ၎င်းတို့ မည်သည့်အရာကို စောင့်မျှော်နေသည်က အနည်းငယ် မရှင်းမလင်းဖြစ်လှသည်။
အခြေအနေကို အကဲဖြတ်ပြီးနောက် လင်းဇီချန်က ဆုံးဖြတ်ချက်တစ်ခုချလိုက်ကာ သူ့ရင်ခွင်ထဲတွင် ဖက်ထားသည့် ရှန်ချင်းဟန်ကို ငုံ့ကြည့်၍ ပြောလိုက်သည်။
"မြို့မှာ အကာအကွယ်စနစ်ရှိထဲ။ အထဲကိုပြန်ဝင်တာက အလုံခြုံဆုံးပဲ"
"အရေးကြီးဆုံးကတော့ မြို့ကို ဂြိုလ်သားမျိုးနွယ်တွေက ဖျက်ဝင်ပြီး မြို့ရဲ့ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်း ပျက်သွားရင်၊ ကိုတို့မိသားစုကို ကာကွယ်ဖို့ ကမ္ဘာမြေဆီ အရင်ဆုံးပြန်နိုင်အောင်လုပ်ရမယ်"
ကမ္ဘာပေါ်ရှိ သူ့မိသားစုကို လျစ်လျူမရှု့နိုင်ပေ။
သူ့မိဘများက သူ့အတွက် အရေးကြီးသကဲ့သို့ သူ့မွေးခါစ ညီမလည်း ပါဝင်သည်။ သူ့မိသားစုကို မစွန့်လွှတ်နိုင်ပေ။
ထိုစကားကို ကြားလိုက်ရသောအခါ ရှန်ချင်းဟန်လည်း စိုးရိမ်တကြီးဖြစ်သွားရသည်။
သူမ ပြဿနာကို ယခုတင် စဉ်းစားခဲ့စဉ်က ကမ္ဘာပေါ်က မိသားစုအကြောင်းကို လုံးလုံး မေ့သွားခဲ့ကာ သူမနှင့် လင်းဇီချန်၏ လက်ရှိအခြေအနေအတွက်သာ စိတ်ပူနေခဲ့သည်။
သူမကိုယ်တိုင်နှင့် လင်းဇီချန်သည် မြို့သို့မပြန်ဘဲ အခြားတစ်နေရာသို့ ပြောင်းရွှေ့ခြင်းက ပိုလုံခြုံမည်မှာ သေချာသည်။ သို့သော် မြို့ကိုကျူးကျော်၍ ဂြိုလ်သားများသည် သွေးမျိူးဆက်စွမ်းအားလမ်းကြောင်းသို့ အပြေးအလွှား ဝိုင်းအုံလာပါက ကမ္ဘာပေါ်ရှိ အခြေအနေကို တွေးကြည့်ရန် ခက်ခဲသည်။
နောက်ဆုံးတွင် ကမ္ဘာမှ သန်မာသော သတ္တဝါများသည် အဓိကအားဖြင့် မူလမြေ၌ ရှိနေကြသည်။ ဒဏ္ဍာရီ အဆင့်ရှိသော ဂြိုလ်သားအုပ်ကသာ ကမ္ဘာမြေထဲသို့ဝင်သည့်လမ်းကြောင်းထဲ ပြုံဝင်လာမည်ဆိုပါက ဤအရာသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းပြီးနောက် ရှန်ချင်းဟန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဒါပေမယ့် အခု မြို့ပြင်မဇာ ဂြိုဟ်သားတွေ အပြည့် ဝန်းရံထားတယ်။ မြို့ထဲကို ဘယ်လို ပြန်ဝင်နိုင်မှာလဲ"
လင်းဇီချန်က ရယ်မောလိုက်သည်။
"ဒါက ရိုးရှင်းပါတယ်။ ကောင်းကင်လမ်းက ပိတ်နေတယ်ဆို ကိုတို့ မြေအောက်လမ်းကပဲသွားကြမယ်လေ"
"မြေအောက်လမ်းလား”
ရှန်ချင်းဟန်သည် ဝိုင်းစက်စိုအိနေသော မက်မွန်ပွင့်မျက်လုံးလေးများကို မျက်တောင်ခတ်လိုက်သည်။ လင်းဇီချန်က
ရှန်ချင်းဟန်ကို မရှင်းပြခဲ့ပေ။ သူ့လုပ်ရပ်များမှတစ်ဆင့် သူမကို ပြသရန်သာ ရွေးချယ်ခဲ့သည်။
သူသည် ရှန်ချင်းဟန်ကို မြေကြီးပေါ်သို့ ချလိုက်ကာ မြေကြီးပျော့ပျောင်းသော နေရာကို ရှာဖွေရန် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုလျက် မြေတွင်းတူးခြင်းဗီဇကို အသက်သွင်းကာ ထိုနေရာ၌ တွင်းတစ်ခုကို စတင် တူးခဲ့သည်။
သွေးမျိုးဆက်စွမ်းအဆင့် ပျမ်းမျှအားဖြင့် အခြေခံ ပဉ္စမအဆင့်သာရှိသည့် ဧရာမမျိုးပြောင်း ကြွက်များသည် အချိန်လုံလောက်စွာ ရှိလျှင် မီတာသောင်းနှင့်ချီနက်သော ဥမင်လှိုဏ်ခေါင်းများကို တူးဖော်နိုင်သည်။
သွေးမျိုးဆက်စွမ်းအား [မြေတွင်းတူးခြင်းဗီဇ] ပိုင်ဆိုင်ထားသူ လင်းဇီချန်သည် ပျမ်းမျှအားဖြင့် ဧရာမမျိုးပြောင်း ကြွက်များ၏ ပျမ်းမျှအဆင့်ထက် အဆမတန်ကျော်လွန်ကာ မီတာတစ်သောင်းမျှသာရှိသော ဥမင်လိုဏ်ခေါင်းကို အလွယ်တကူ တူးဖော်နိုင်ခဲ့သည်။
လင်းဇီချန်၏ ထိရောက်သော တူးဖော်မှုအောက်တွင်၊
စက္ကန့်အနည်းငယ်ကြာပြီးနောက် မီတာထောင်ပေါင်းများစွာနက်သော မြေအောက်ဥမင်တစ်ခုပေါ်လာသည်။
မြို့အပြင်ဘက်ရှိ ဂြိုလ်သားများ သို့မဟုတ် အတွင်းရှိ ကမ္ဘာမြေသားများလည်း သတိပြုမိခြင်းမရှိပေ။
မြင့်မြတ်သူ ဆဋ္ဌမအဆင့်သို့ ရောက်ရှိပြီးနောက်၊ သူ၏တည်ရှိမှုကို ဖုံးကွယ်နိုင်သည့် စွမ်းရည်က ပိုမိုအားကောင်းလာကာ ဒဏ္ဍာရီ အဆင့်ရှိသတ္တဝါများပင်လျှင် သူ၏တည်ရှိမှုကို ခံစားသိရှိရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ရှန်ချင်းဟန်အတွက်မူ ရေနတ်ဘုရားနန်းတော်၏ အမည်မသိသော အရိပ်အငွေ့အောက်တွင် သူမ၏တည်ရှိမှုကို ဖုံးကွယ်ထားသည်။
မကြာခင်၌ ရှန်ချင်းဟန်ကို ပွေ့ချီထားသော လင်းဇီချန်သည် နက်နဲသောဥမင်လိုဏ်ခေါင်းမှတဆင့် မိုင်ဆယ်နှင့်ချီသော ခြေလှမ်းများလှမ်းလျက် လျှောက်လာခဲ့ရာ မည်သည့်ထူးခြားမှုမျှမရှိဘဲ မြို့အောက်ခြေသို့ ချောချောမွေ့မွေ့ ရောက်သွားသည်။
အောက်ခြေသို့ရောက်သည်နှင့် လင်းဇီချန်သည်
ရှန်ချင်းဟန်ကို ခေါ်ဆောင်ရန် ကြိုးစားခဲ့သည်။ သို့သော် မြို့၏အောက်ခြေကိုလည်း အကာအကွယ်ပုံစံဖြင့် ဖုံးအုပ်ထားသည်ကို သူတွေ့ရှိခဲ့သည်။
ထင်ထားသကဲ့သို့ပင်…၎င်းတို့မဝင်နိုင်ခဲ့ပေ။
လင်းဇီချန်က ဤသို့ဖြစ်နိုင်ကြောင်း မျှော်လင့်ထားပြီးဖြစ်သည်။
အခက်အခဲများထက် ဖြေရှင်းနည်းများစွာ အမြဲရှိကြသဖြင့် လေးနက်သော တွေးခေါ်မှုဖြင့် ဖြေရှင်းရန် နည်းလမ်း အမြဲရှိသည်။
ဤကိစ္စများကို အကောင်းမြင်စိတ်ဖြင့် တွေးနေချိန်၌…