← Chapters

ကမ္ဘာမြေပေါ်မှ အကြီးဆုံး သစ္စာဖောက် ၂

Vol. 34 Ch. 499

ကမ္ဘာမြေပေါ်မှ အကြီးဆုံး သစ္စာဖောက် ၂

Vol. 34 Ch. 499

ကောင်းကင်ယံထိ ထိုးဖောက်နေသည့် စိမ်းလန်းစိုပြေသော ဧရာမသစ်ပင်ကြီးများအောက်တွင် မရေမတွက်နိုင်အောင်များပြားလှသည့် ကြက်သွေးရောင်အမြစ်စနစ်များရောယှက်လျက် သစ်ပင်များအောက်ရှိ ဂြိုလ်လူသားအဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာကို ဖုံးအုပ်ထားကာ ဖောက်ထွင်း၍မရနိုင်သော သွေးပင့်ကူအိမ်တစ်ခုနှယ်ဖြစ်ပေါ်လာစေသည်။ ဂြိုလ်လူသားအဆင့်ပါရမီရှင်များသည် သတ်ရန်အတွက် စောင့်နေမည့် သိုးသငယ်များမဟုတ်ကြပေ။

ထို သွေးပင့်ကူအိမ်များဖြစ်ပေါ်လာသည့်အခိုက်တွင် ၎င်းတို့က အလျင်အမြန်လူစုခွဲကာ ရုတ်တရက် တိုက်ခိုက်မှုကို သဲ့သဲ့လေး ရှောင်ရှားခဲ့ကြသည်။

“ဘမ်း”

“ဘမ်း”

“ဘမ်း”

ကြက်သွေးရောင်အမြစ်စနစ်များ အထက်သို့တက်လာ၍ မြို့တွင်းရှိလူများကို အရက်စက်ဆုံးတိုက်ခိုက်မှုကို စတင်လိုက်သည်နှင့်အမျှ မြေကြီးကို ဖောက်ထွင်းဝင်ရောက်သည့်အသံများ ထွက်ပေါ်လာသည်။

ရေခဲတုံးတစ်ခုပေါ်တွင် မတ်တပ်ရပ်နေသည့် လော့ချန်းရွှယ်သည် ထိုအချိန်၌ မရေမတွက်နိုင်အောင်များပြားလှသည့် ကြက်သွေးရောင်အမြစ်စနစ်များ၏ တိုက်ခိုက်မှုကို ခံနေရပြီဖြစ်သည်။ ကြက်သွေးရောင်အမြစ်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသဖြင့် သူမ လွတ်မြောက်ရန် နေရာမရှိတော့ပေ။

သို့သော်လည်း ထွက်ပြေးရန် ရည်ရွယ်ချက်မရှိပေ။

ကြက်သွေးရောင်အမြစ်စနစ်များသည် သူမ၏ခန္ဓာကိုယ်မှ စင်တီမီတာဝက်ခန့်အကွာတွင်ရှိနေသော်လည်း ထိုအမြစ်များကို ကြည်လင်ပြတ်သားသော ရေခဲတိုင်များအဖြစ်သို့ အေးခဲစွားစေခဲ့ကာ အဆုံးတွင် ရေခဲငွေ့အဖြစ်ပြောင်းလဲသွားစေသည်။ တိုက်ခိုက်မှုကို အောင်မြင်စွာရှောင်တိမ်းနိုင်ပြီဟု သူမထင်ခဲ့သောအခိုက်၌

အက်ကွဲသံများစွာ ထွက်ပေါ်လာသည်။ နောက်ထပ်တစ်စက္ကန့်တွင် ရေခဲတိုင်များအဖြစ်ပြောင်းလဲသွားသော ကြက်သွေးရောင်အမြစ်စနစ်များက ရေခဲပြင်မှ ကွဲထွက်သွားကာ လော့ချန်းရွှယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ လော့ချန်းရွှယ်က အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ လုံးဝ ဒြပ်စင်ပုံစံပြောင်းလဲထားခြင်းဖြစ်၍ သူမသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် ထိုမျှသော အမြစ်စနစ်များ၏ ရစ်ပတ်မှုက သူမကို ဒုက္ခပေးနိုင်မည်မဟုတ်ပေ။ သို့သော် နောက်ဆက်တွဲဖြစ်ပျက်ခဲ့သမျှသည် သူမ၏ ရိုးအသော အတွေးကို လုံးဝ ကွဲကြေသွားစေခဲ့သည်။ ချီစွမ်းအင်များဖြင့် လည်ပတ်နေသည့် ကြက်သွေးရောင်အမြစ်များက သူမကို ထိသွားသောအခါ ယခင်ကကဲ့သို ထွင်းဖောက်ဝင်သွားခြင်းမရှိပေ။

သူမ၏ အေးခဲနေသော ခန္ဓာကိုယ်နှင့်ထိတွေ့သောအခါ ၎င်းတို့သည် စပါးအုံးမြွေများကဲ့သို့

လော့ချန်းရွှယ်ကို ရစ်နွယ်ကာ ပိုးအိမ်သဖွယ် လွှမ်းခြုံလိုက်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် အမြစ်စနစ်မှ စူးရှသော မြှားအမြောက်အမြား ပေါက်ဖွားလာကာ လော့ချန်းရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ ထွင်းဖောက်ဝင်ရောက်လျက် သူမ၏ အတွင်းသွေးစွမ်းအင်များနှင့် အသိစိတ်ပင်လယ်ကို စုပ်ယူလိုက်သည်။

လော့ချန်းရွှယ်သည် အသတ်ခံရန် စောင့်ဆိုင်းမနေဘဲ သွေးရောရေင် အမြစ်စနစ်မှ လွတ်မြောက်နိုင်ရန် သူမ၏ မူလစွမ်းအင်များကို ချက်ချင်းပေါက်ကွဲစေခဲ့သည်။ ကံမကောင်းစွာဖြင့် ဤသွေးရောင်အမြစ်စနစ်များ၏ အမြင့်က သူမထက် များစွာမြင့်မားသည်။

သူမ၏ မူလစွမ်းအားသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော်လည်း၊ ကြက်သွေးရောင်အမြစ်စနစ်၏ တင်းကျပ်သော ချုပ်ကိုင်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သူမ မလွတ်မြောက်နိုင်ခဲ့ပေ…

ငါသေတော့မယ်...

သူမကိုယ်သူမ ကယ်တင်နိုင်တော့မည်မဟုတ်ကြောင်းသိသောအခါ လော့ချန်းရွှယ်သည် စိတ်ပျက်အားငယ်မှုအပြည့်နှင့် ရှင်သန်ရန် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးလိုက်ရသည်။

ဘမ်း

ကျယ်လောင်သော နားစည်ကွဲလုသည့်အသံထွက်ပေါ်လာသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တစ်ယောက်နှင့်တစ်ယောက် အနီးကပ်နေသည့် လူနှစ်ယောက်က မြေကြီးပေါ်သို့ ဖောက်ထွင်းဝင်ရောက်လျက် ပတ်ဝန်းကျင်ရှိ လူအများအပြား၏ မြင်ကွင်းတွင်ပေါ်လာ၏။

၎င်းသည်ကား…

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဖြစ်သည်။

ကြက်သွေးရောင် အမြစ်စနစ်များနောက်သို့ လိုက်လာပြီးနောက် ၎င်းတို့သည် နက်နဲသော မြေကြီးအောက်မှ ထွက်လာကာ မြို့ထဲသို့ ပြန်လာခဲ့ကြသ်ည။ မြို့ကြီး၏ ဆိုးရွားလှသော အခြေအနေကိုကြည့်ကာ ၎င်းတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။ ကြက်သွေးရောင်အမြစ်စနစ်များသည် မြို့ထဲသို့ မိနစ်ဝက်ခန့်စော၍ ဝင်ရောက်လာခဲ့ကြသည်။ သို့သော် ထိုမိနစ်ဝက်တိုလေးအတွင်းတွင် ဤကြက်သွေးရောင်အမြစ်စနစ်များက တစ်မြို့လုံးကို ပရမ်းပတာဖြစ်စေခဲ့ကာ နေရာတိုင်းတွင် အလွန်ဆိုးရွားသော အပျက်အစီးများကို ဖြစ်ပေါ်စေခဲ့သည်။

“သူတို့ကို ကယ်”

မြို့တော်၏ ကြေကွဲဖွယ် အခြေအနေကို မြင်လိုက်ရသည်နှင့် လင်းဇီချန်သည် ရှန်ချင်းဟန်ကို ချက်ခြင်း ပြောလိုက်သည်။ ထို့နောက် မကြာမီ၌ပင် သူ၏ သွေးစွမ်းအင်ကို အပြင်းထန်ဆုံးအခြေအနေထိ မြှင့်တင်ကာ သူ့လက်ထဲတွင် များစွာသော သွေးဓားမြှောင်များအဖြစ် စုစည်းလိုက်သည်။ ထို့နောက် လေခွင်းသံများစွာ ဆက်တိုက်ထွက်ပေါ်လာည်။ သူ၏ သွေးဓားမြှောင်များသည် ပတ်ဝန်းကျင်ရှိ ကြက်သွေးရောင် အမြစ်များစွာဆီသို့ ချက်ချင်းဦးတည်သွားကာ စတင်တိုက်ခိုက်တော့သည်။

ဝှစ်

ဝှစ်

ဝှစ်

ဤကဲ့သို စူးရှသော လေသံများနှင့်အတူ သွေးဓားမြှောင်များဖြတ်သွားသည့် နေရာတစ်လျှောက်တွင် ကြက်သွေးရောင်အမြစ်စနစ်များက နေရာတိုင်းတွင် အက်ကွဲကျိုးကြေသွားကာ လွှစာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ မကြာသေးမီကပင် ဖောက်ထွင်းမရနိုင်သော ပိုးအိမ်ထဲတွင် ဖုံးလွှမ်းချုပ်နှောင်ခံထားရသည့် လော့ချန်းရွှယ်သည် သွေးဓားမြှောင်များ၏ အကူအညီကြောင့် လွတ်မြောက်လာခဲ့သည်။

သူမလွတ်မြောက်လာချိန်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို မလှမ်းမကမ်းတွင် မြင်လိုက်ရ၏။ လင်းဇီချန်သည် လေထဲတွင် ပျံဝဲနေကာ ကြက်သွေးရောင် အမြစ်စနစ်များကို အလွယ်တကူ ဖျက်ဆီးနိုင်ရန် များပြားလှသော သွေးဓားမြှောင်များကို ထိန်းချုပ်ထားသည်ကို မြင်လိုက်ရသည်နှင့် သူမသည် ခဏတာ အံ့အားသင့်သွားကာ ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်လိုက်မိသည်။ လင်းဇီချန်က ပိုမိုသန်မာလာသည်ကို သူမ ရှင်းရှင်းလင်းလင်းခံစားနိုင်သည်။ လင်းဇီချန်၏ ရှေ့တွင် သူမသည် အလိုအလျောက် နင်းချေ၍ ရနိုင်သော ပုရွက်ဆိတ်တစ်ကောင်နှင့်တူနေသည်။

“သူ ဘယ်လိုလုပ် ဒီလိုကြီး ရုတ်တရက် ပိုသန်မာလာတာလဲ”

လော့ချန်းရွှယ်သည် စိတ်ရှုပ်ထွေးမှုများပြည့်နှက်စွာဖြင့် ကောင်းကင်ယံထက်မှ လင်းဇီချန်ကို မော့ကြည့်လိုက်သည်။ သို့သော် မကြာမီ၌ပင် ပို၍ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

လင်းဇီချန်အနားတွင် ရပ်နေသော ရှန်ချင်းဟန်သည် လင်းဇီချန်ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားကို ပြသနေသည်။ သူမ၏ လက်လှုပ်ရှားရုံမျှဖြင့် မြေအောက်ရေအမြောက်အမြားကို ထိန်းချုပ်ကာ ၎င်း၏ လမ်းကြောင်းရှိ ကြက်သွေးရောင်အမြစ်စနစ်အားလုံးကို အမှုန့်အဖြစ်ချေမှုန်းကာ ဧရာမနဂါးတစ်ကောင်အဖြစ်ပေါင်းစည်းလိုက်သည်။

“သူကရော ဘယ်လိုတောင် ဒီလောက်သန်မာသွားရတာလဲ”

လော့ချန်းရွှယ်သည် ကီလိုမီတာများစွာ ရှည်လျားသော ရေနဂါးကို ထိန်းချုပ်ထားသည့် ရှန်ချင်းဟန်ကို တုန်လှုပ်ခြောက်ခြားစွာ စိုက်ကြည့်နေသည်။ ရှန်ချင်းဟန်သည် ဂြိုလ်လူသားအဆင့်ပါရမီရှင်အဖွဲ့သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဥ်က သူမသည် အရေးမပါလှသော မထင်မရှားမိန်းကလေးတစ်ယောက်မျှသာဖြစ်ခဲ့သည်။ ထိုမှစ၍ အချိန်မည်မျှကုန်သွားခဲ့သနည်း။

သူ့ခွန်အား မည်မျှ တိုးလာခဲ့သနည်း။

လော့ချန်းရွှယ်က သူမဘဝအကြောင်း မေးခွန်းထုတ်နေဆဲအချိန်တွင်…

‘ဘမ်း’

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုက တံတိုင်းမြင့်ကြီးများအောက်ခြေမှ ထွက်ပေါ်လာသည်။

မြို့တံခါးများ ကျယ်လောင်စွာပွင့်ထွက်လာသည်။

မြို့တံခါးပွင့်သွားပြီ။

All Chapters