ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူကို သုတ်သင်ခြင်း
Vol. 34 Ch. 500
“ဇီချန် မြို့တံတိုင်း အဖောက်ခံလိုက်ရပြီ”
တစ်ကီလိုမီတာ ရှည်လျားသော ရေနဂါးကို ထိန်းချုပ်နေသော ရှန်ချင်းဟန်သည် လင်းဇီချန်အား မြို့တံခါးတစ်ခုလုံး ပွင့်သွားသည်ကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဂြိုလ်သားများစွာဝင်လာသည်ကိုတွေ့လိုက်ရသောအခါ လင်းဇီချန်ကို အော်ပြောလိုက်သည်။ သူမ၏ အသံတွင် လေးနက်မှုနှင့် ကြောက်လန့်စိတ်တို့ ကိန်းဝင်နေသည်။
တစ်နေရာလုံးတွင် ဂြိုလ်သားများစွာရှိနေရာ မြို့တစ်ခုလုံးက ပြိုကျတော့မည့်အလား တုန်လှုပ်နေသည်။ အော်သံကိုကြားသောအခါ လင်းဇီချန်က ရှန်ချင်းဟန်ဆီသို့ အမြန်ပျံသန်းလျက် ပြေးလာ၏။ လမ်းတွင် သူ့အကြည့်က မြင့်မားသော တံတိုင်းထက်၌သာရှိနေရာ ဒုအုပ်ချုပ်ရေးမှုးယဲ့ရုန်ရှန်းကို ရှာနေသည်။
သူ ယခုတင် တံတိုင်းထိပ်မှ အော်သံကို ကြားလိုက်ရရာ.. ယင်းက ယဲ့ရုန်ရှန်းကအဘယ်ကြောင့် ဝင်ပေါက်ကို ဖွင့်လိုက်သနည်းဟူ၍ပင်ဖြစ်သည်။
သူဘာကိုဆိုလိုတာလဲ…
ယဲ့ရုန်ရှန်းက ဘာလို့ ဝင်ပေါက်ကို ဖွင့်လိုက်တာလဲ။
ယဲ့ရုန်ရှန်းက သစ္စာဖောက်များဖြစ်နိုင်မလား။
ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ၊ ဒုအုပ်ချုပ်ရေးမှူးသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးအာဏာပိုင်တစ်ဦးဖြစ်သည်။
အကယ်၍ ထိုအဖွဲ့အစည်းသည် အမှန်တကယ်သစ္စာဖောက်ဖြစ်ခဲ့ပါက၊ ၎င်းသည် ဂြိုဟ်သားမျိုးနွယ်များကို ဆန့်ကျင်သည့် လူသားများ၏ ခုခံမှုကို ဆိုးရွားစွာ ထိုးနှက်သွားမည်ဖြစ်သည်။
ဒုအုပ်ချုပ်ရေးမှူးက သစ္စာဖောက်မို့လို့မဟုတ်ဘဲ အခြားရည်ရွယ်ချက်တစ်ခုခုကြောင့် ဖွင့်လိုက်တာဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဂြိုလ်သားတွေကို သတ်ဖို့မျှားခေါ်တာဖြစ်မှာပါ။
လင်းဇီချန်က စိတ်ထဲမှတွေးလိုက်သည်။ ဤအရာများကိုတွေးနေရင်းဖြင့် ရှန်ချင်းဟန်သည်လည်း သူ့ဆီသို့ ပျံသန်းလာခဲ့သည်။ မကြာခင်၌ပင် မူလက မီတာတစ်ထောင်အကွာအဝေးမှ ၎င်းတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။
"ငါတို့ အခု ဘာလုပ်သင့်လဲ”
ရှန်ချင်းဟန်က မျက်မှောင်ကြုတ်၍ စိုးရိမ်ထိတ်လန့်နေသော မျက်နှာဖြင့် မေးလိုက်သည်။
“အခြေအနေကို စောင့်ကြည့်ရအောင်” လင်းဇီချန်က အေးဆေးတည်ငြိမ်စွာပြော၏။
ဘေးကင်းရေး ရှုထောင့်အရ၊ သူသည် ရှန်ချင်းဟန်ကို ခေါ်၍ ယခုထွက်ခွာကာ သွေးမျိုးဆက်စွမ်းအား လမ်းကြောင်းမှတစ်ဆင့် ကမ္ဘာမြေသို့ ပြန်သွားကာ သူ့မိသားစုကို ထိုနေရာတွင် ကာကွယ်သင့်သည်။ သို့သော် မြို့ထဲသို့ ပြေးဝင်လာသော ဂြိုလ်သားများကို နောက်တွင် မထားခဲ့နိုင်ပေ။ ဤသည်က ဆင့်ကဲဖြစ်စဥ် အရင်းအမြစ်များဖြစ်သည်။
“အသန်မာဆုံးသူက အောင်နိုင်သူ”ဟူသော နိယာမအရ ဤအရင်းအမြစ်များက သူ့ကို သွေးမျိုးဆက်စွမ်းအားအမျိုးမျိုးပေးစွမ်းနိုင်သည်။ “အရင်းအမြစ်ဝါးမြိုခြင်း” ၏ အကျိုးသက်ရောက်မှုအောက်တွင် ၎င်းတို့သည် သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို ခုန်ပျံကျော်လွှားတိုးတက်စေနိုင်သည်။ သူက ဤနေရာတွင်နေ၍ ဂြိုလ်လူသားမျိုးနွယ်ဝင်များကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သောအခိုက်၌…
‘ဖွီး’
အသားစိုင်တစ်ခု ဖောက်ထွင်းခံလိုက်ရသည့် အသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် မယုံကြည်နိုင်လောက်အောင် အားနည်းမှုများဖြင့် ပြည့်နှက်နေသော အသံ ထွက်ပေါ်လာ၏။
“သခင်ယဲ့… ခင်ဗျား… ခင်ဗျား ဘာလုပ်နေတာလဲ”
“သခင်ယဲ့” ဟူသော အသံကိုကြားသောအခါ လင်းဇီချန်သည် အသံ၏အရင်းအမြစ်ဆီသို့ ချက်ချင်းကြည့်လိုက်သည်။
သူမြင်လိုက်ရသည်ကား အလွန်ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုပင်ဖြစ်၏။ မကြာသေးမီက မြို့တံခါးဖွင့်ခြင်းနှင့်ပတ်သက်၍ ယဲ့ရုန်ရှန်းကို မေးခွန်းထုတ်ခဲ့သော မြို့ခေါင်းဆောင်သည် ယခုအခါတွင် ယဲ့ရုန်ရှန်း၏ လက်ဗလာအောက်တွင် ရင်ဘတ်သို့ အပေါက်ဖောက်ခံရကာ ထွက်လာသော ယဲ့ရုန်ရှန်း၏ လက်ထဲတွင်ကား ခုန်နေလက်စဖြစ်သည့် နှလုံးတစ်ခု ပေါ်လာသည်။ ယဲ့ရုန်ရှန်းက ထိုသူ၏ အမေးကို မဖြေဘဲ လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူကိုင်ထားသော နှလုံးသားကို ကြေမွသွားစေခဲ့သည်။ ထို့နောက်တွင် သူ၏ ရင်ဘတ်က ပွင့်ထွက်လာ၍ စူးရှသောသွားများရှိသော မေးရိုးတစ်ခု ပေါ်ထွက်လာကာ ပတ်ဝန်းကျင်ရှိ လူအများ၏ ထိတ်လန့်သောအကြည့်များအောက်၌ နှလုံးတစ်ခုလုံး ဆုံးရှုံးထားရသည့်သူကို ဝါးစားမျိုချလိုက်သည်။ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လင်းဇီချန် အံ့သြသွားရသည်။
သစ္စာဖောက်!
ယဲ့ရုန်ရှန်းသည် အမှန်ပင် သစ္စာဖောက်ဖြစ်သည် ။
ဒုအုပ်ချုပ်ရေးမှုတောင် သစ္စာဖောက်ဆိုရင် ကမ္ဘာာကြီးတော့ ပျက်စီးပြီ။
လင်းဇီချန်က ဤသို့သဘောပေါက်သွားသောအခိုက်၌
"သစ္စာဖောက်၊ သခင်ယဲ့က သစ္စာဖောက်ပဲ”
“အားလုံး သူ့ဆီကနေထွက်သွားကြ”
“လူစုမခွဲကြနဲ့ မထွက်ပြေးကြနဲ့။ ငကြောက်တွေမလုပ်နဲ့ကွာ။ သူ့ကို တိုက်ဖို့ ပူးပေါင်းကြရအောင်”
ယဲ့ရုန်ရှန်းက သစ္စာဖောက်ဖြစ်ကြောင်း တံတိုင်းထက်ရှိ မြို့ခေါင်းဆောင်များ တစ်ချိန်တည်းတွင် အားလုံးနီးပါးက အော်ဟစ်ကာ အချင်းချင်းသတိပေးကြသည်။ ဤအော်သံများကိုကြားသောအခါ လင်းဇီချန်သည် မြို့ခေါင်းဆောင်များ၏ သွေးမျိုးဆက်စွမ်းအားအဆင့်များကို အကဲဖြတ်ရန်အတွက် အသံလာရာများဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။
ဒဏ္ဍာရီစတုတ္ထအဆင့်
ဒဏ္ဍာရီတတိယအဆင့်
ဒဏ္ဍာရီဒုတိယအဆင့်အထွတ်အထိပ်
မြင့်မြတ်သူနဝမအဆင့်အထွတ်အထိပ်
မြင့်မြတ်သူနဝမအဆင့်…
ဟိုဟိုဒီဒီကြည့်ပြီးနောက် အော်ငေါက်နေကြသည့် မြို့ခေါင်းဆောင်များ၏သွေးမျိုးဆက်စွမ်းအားအဆင့်များက မနိမ့်လှပေ။ ၎င်းတို့အားလုံးသည် ဒဏ္ဍာရီအဆင့်အလယ်အလတ်ကျွမ်းကျင်သူနှင့် လက်တွဲဖြေရှင်းနိုင်စွမ်းရှိကြသည်မှာ သေချာသည်။
ကောင်းစွာညှိနှိုင်းဆောင်ရွက်ပါက၊ ၎င်းတို့သည် ဒဏ္ဍာရီသတ္တမအဆင့်ရှိသူနှင့်ပင် ပြိုင်ဆိုင်နိုင်ကာ အောင်နိုင်သူများအဖြစ် အဆုံးသတ်နိုင်လိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် ယဲ့ရုန်ရှန်း၏ သွေးမျိုးဆက်စွမ်းအားအဆင့်က ဒဏ္ဍာရီအဠမအဆင့်အထိရှိနေသည်။
ပြောရလျှင် သတ္တမအဆင့်ထက် တစ်ဆင့်မြင့်သည်။ ဤသည်က ၎င်းတို့ကြားရှိ စွမ်းအားချိန်ခွင်လျှာကို ချိုးဖျက်နိုင်သည့် အဆင့်တစ်ခု အတိအကျပင်ဖြစ်သည်။
‘ငါနဲ့ ဟန်ဟန်တို့ ပေါင်းတိုက်ရင် နှစ်ဖက်ကြားက ကွာဟချက်ကို ဖြည့်နိုင်လောက်လား’ လင်းဇီချန်က စိတ်ထဲမှတွေးလျက် အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်လာသည်။
သူသည် ယဲ့ရုန်ရှန်းကို သေစေချင်သည်။
ပထမအချက်မှာ လွန်ခဲ့သောနှစ်များက သူကြုံတွေ့ခဲ့ရသော ကမ္ဘာမြေပေါ်မှ တိုက်ခိုက်မှုများစွာကို လက်တုံ့ပြန်ရန် ယဲ့ရုန်ရှန်းကို သေစေချင်သည်။
ထိုအချိန်က ယဲ့ရုန်ရှန်းသည် ဘေးကင်းရေးကို စိုးရိမ်ခြင်းမရှိဘဲ သူ၏ စွမ်းအားကို လွတ်လပ်စွာပြသရန် ပြောခဲ့သည်။ သို့တိုင်၊ သူသည် သူ၏ရွယ်တူများထက် ကျော်လွန်သော ခွန်အားကို အမှန်တကယ်ပြသခဲ့ပြီးနောက် အကျိုးဆက်အားဖြင့် အစွန်းရောက်ဂိုဏ်းများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသောအခါ ယဲ့ရုန်ရှန်းက မည်သည့်အကာအကွယ်မျှ မပေးခဲ့ပေ။ ၎င်းက သူ့ကို သတ်လုနီးနီးဖြစ်ခဲ့သည်။
ဒုတိယအနေဖြင့်… ယဲ့ရုန်ရှန်း၏ အလောင်းကို ဝါးမြိုချင်သောကြောင့်ဖြစ်သည်။ ယဲ့ရုန်ရှန်းသည်
ဒဏ္ဍာရီအဠမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့်၊ သူ့အတွင်းရှိ ဆန်းကြယ်သားရဲမျိုးဗီဇက မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်စွမ်းအားကြီးလိမ့်မည်ဖြစ်သည်။ သူသာ ယဲ့ရုန်ရှန်း၏ ဆန်းကြယ်သားရဲမျိုးဗီဇအားလုံးကို ဝါးမြိုနိုင်ပါက သူ၏ ဆင့်ကဲဖြစ်စဉ်အတွက် အကျိုးကျေးဇူးများကို တွေးကြည့်၍ ရနိုင်မည်မဟုတ်ပေ။
ဤသို့ ဤကိစ္စကို သေချာစဥ်းစားပြီးမှ… နောက်ဆုံးတွင် လင်းဇီချန်သည် ယဲ့ရုန်ရှန်းကို သတ်ရန်ကြိုးစားကာ
အလွန်အန္တရာယ်များသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။
"သခင်ယဲ့က အခု သစ္စာဖောက်ဖြစ်သွားပြီ။ ငါတို့ ဘာလုပ်ကြမလဲ”
ရှန်ချင်းဟန်သည် ထုံးစံအတိုင်း သူမ၏ ဆုံးဖြတ်ချက်မခိုင်မာသော အမူအရာဖြင့် တုန်လှုပ်ခြောက်ခြားကာ လက်ဖဝါးမှ ချွေးစေးများစီးကျလျက် လင်းဇီချန်ကို မေးလိုက်သည်။
သူမကို အပြစ်တင်၍မရပေ။ ယဲ့ရုန်ရှန်းက သစ္စာဖောက်ဖြစ်နေသောကိစ္စသည် အလွန်ကြီးသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ ကြောက်ရွံ့မှုကို သတိပြုမိသည်။ သို့သော် သူမကို မနှစ်သိမ့်ပေးခဲ့ပေ။
ယင်းအစား၊ သူသည် သူမ၏လက်ကိုကိုင်ကာသွေးစွမ်းအင်စာတိုတစ်စောင်ပို့လိုက်သည်။