ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူကို သုတ်သင်ခြင်း ၂
Vol. 34 Ch. 501
“ဒုအုပ်ချုပ်ရေးမှုးယဲ့ကို သတ်ဖို့ ကြိုးစားချင်တယ်”
“အဲ့ကျ မင်းအကူအညီလိုလောက်တယ်”
“မင်းလုပ်နိုင်လား”
“...”
ဒုအုပ်ချုပ်ရေးမှုးကို သတ်ဖို့လား။
ရှန်ချင်းဟန်၏ မျက်ခုံးများက ပို၍ပင် ကျုံ့သွားကာ မျက်လုံးများကလည်း မယုံကြည်မှုများ အပြည့်နှင့် သူမ လင်းဇီချန်ထံမှ ကြားလိုက်ရသောစကားများကို မယုံကြည်နိုင်ဖြစ်နေသည်။
အဲ့တာ… ဒုအုပ်ချုပ်ရေးမှုးလေ
သူ့စွမ်းအားက ပြိုင်ဘက်ကင်းပဲ
မြို့တော်သခင် ချင်ချွမ်းထက်တောင် ပိုကြောက်ဖို့ကောင်းတယ်။
သူ့ကို လုပ်ကြံဖို့ ဘယ်လိုလုပ်ကြမလဲ။
သံသယများနှင့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသော်လည်း ရှန်ချင်းဟန်သည် လင်းဇီချန် စိတ်မကောင်းဖြစ်မည်ကို စိုးသောကြောင့် နောက်ဆုံးတွင် အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။
“ငါလုပ်နိုင်ပါတယ်”
ထို့နောက် သူမက ဆက်ပြောသည်။
"နင်ပြောတဲ့အတိုင်းငါလုပ်မယ်။ နင်ဘာလုပ်ခိုင်းခိုင်း ငါလုပ်မယ်။ နင်… ငါ့ကို တာဝန်ပေးတဲ့ဟာတွေ အကုန် ငါပြီးပြည့်စုံအောင်လုပ်ပေးမယ်”
သူမ၏ ခိုင်မာပြတ်သား၍ ယုံကြည်မှုရှိသော စကားလုံးများကို နားထောင်လျက် လင်းဇီချန်က ခေါင်းညိတ်လိုက်သည်။
“အွန်း… ကို မင်းကို ယုံတယ်”
နှစ်ယောက်သား ဆွေးနွေးကြစဉ် မြို့တော်၏ခေါင်းဆောင်များသည် မြင့်မားသောတံတိုင်းပေါ်တွင် ယဲ့ရုန်ရှန်းနှင့် ပြင်းထန်သောတိုက်ပွဲတွင် ပါဝင်နေပြီဖြစ်သည်။
တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့သည်။
စတင်တိုက်ခိုက်သည်နှင့် စွမ်းအင်လှိုင်းလုံးကြီးများက မြို့ရိုး၏ အဘက်ဘက်သို့ ပြိုလဲသွားခဲ့ပြီဖြစ်သည်။ နောက်ဆက်တွဲစွမ်းအားရိုက်ခတ်မှုများကြောင့် သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သော လူအများအပြားနှင့် အနီးနားရှိဂြိုလ်သားမျိုးနွယ်စုများ ထိခိုက်ကုန်ကြသည်။
“သခင်ယဲ့ မင်း ဒီဘုရင်ရဲ့ အကူအညီလိုသေးလား”
နောက်ကျောတွင် အတောင်ရှစ်ခုပါသော ကောင်းကင်ခြင်္သေ့တစ်ကောင်သည် တိုက်ပွဲ၏အထက်တွင် ဝိုင်းပတ်လျက် အောက်မှ ယဲ့ရုန်ရှန်းကို ငုံ့ကြည့်နေသည်။ ၎င်း၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ယဲ့ရုန်ရှန်းထက်မမြင့်သော ဒဏ္ဍာရီပထမအဆင့်တွင်ရှိသည်။ သို့သော် သူပြောသည့်လေသံသည် ယဲ့ရုန်ရှန်းကို လုံးလုံးလျားလျားဂရုမစိုက်သောအနေအထားတွင်ရှိနေသည်။
ထူးထူးခြားခြားအဆင့်အတန်းရှိသော ဒဏ္ဍာရီအဆင့်မျိုးဆက် ညဘုရင်၏ တရားမဝင်သားဖြစ်သည်။ ထို့ကြောင့် ယဲ့ရုန်ရှန်း၏ ရှေ့တွင် သာလွန်၍ မာနကြီးသော အပြုအမူကို သဘာဝကျကျ ပြုမူခဲ့သည်။
ယဲ့ရုန်ရှန်းသည် ကောင်းကင်ခြင်္သေ့၏ မာနကို ရိပ်မိ၍ အတွင်းစိတ်တွင် မကျေနပ်သကဲ့သို့ ခံစားလိုက်ရသော်လည်း ယင်းကို မဖော်ပြခဲ့ပေ။
"မလိုပါဘူး၊ ငါဒီမှာ တစ်ယောက်တည်း လုပ်နိုင်တယ်၊ မင်း ဒီနေရာကို မြန်မြန် သိမ်း” သူက တည်ငြိမ်စွာတုံ့ပြန်၏။
ကောင်းကင်ခြင်္သေ့က ရယ်မောလိုက်သည်။
“သခင်ယဲ့ တကယ့်ကို ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူပါပဲ။ တကယ် ယုံကြည်ချက်အပြည့်ရှိပါတယ်”
ထိုငေါ့တော့သော မှတ်ချက်ကို ချလိုက်ပြီးနောက်၊ ကောင်းကင်ခြင်္သေ့သည် မြို့လယ်ဧရိယာကို ကျော်ဖြတ်ကာ အောက်ဘက်ရှိ တိုက်ပွဲကို လျင်မြန်စွာ ကျော်ဖြတ်သွားခဲ့သည်။
"သနားစရာကောင်းတဲ့ ပုရွက်ဆိတ်တွေ မင်းတို့ စွမ်းအားကြီးတယ်ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ဖို့အချိန်ရောက်ပြီ”
မြို့ထဲကလူများကို ရှုတ်ချသော မျက်လုံးများဖြင့် ငုံ့ကြည့်၍ ကောင်းကင်ခြင်္သေ့က ပြောလိုက်သည်။ ထိုစကကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်း၏ ဧရာမတောင်ပံ ရှစ်ခုသည် အဆပေါင်း ထောင်နှင့်ချီ ချဲ့ထွင်ကာ အလင်းမဝင်နိုင်တော့သည်အထိ မြို့ကို တင်းကြပ်စွာဖုံးလွှမ်းသွား၏။
ထို့နောက်…
ဝှစ် ဝှစ် ဝှစ်
စူးရှသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မူလအင်အားဖြင့် ပေါင်းစပ်ထားသော အမွေးအတောင်များစွာသည် ဧရာမအတောင်ပံများမှ ပြင်းထန်စွာ ပစ်လွှတ်ထွက်ပေါ်လာကာ အလင်းအရှိန်ဖြင့် မြို့ဆီသို့ အရှိန်ပြင်းပြင်း အောက်ဘက်ရှိ မြေသားများကို တိုက်ရိုက်ပစ်မှတ်ထားသည်။
ဘုန်း ဘုန်း ဘုန်း
အသားစိုင်များကို ချွန်ထက်သော အရာများဖြင့် ထိုးထွင်းခံရသောအသံများထွက်ပေါ်လာသည်။ မြို့တွင်းရှိ ကမ္ဘာမြေသားထက်ဝက်ကျော်ခန့်သည် ထိုအမွှေးများဖြင့် ထိမှန်၍ ၎င်းတို့၏ ခန္ဓာကိုယ်များသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ် သွေးပေါက်များနှင့်အတူ ရုတ်တရက် ပေါက်ထွက်သွားသည်။ ဤဒဏ်ရာများစွာထွက်ပေါ်လာပြီးနောက် မြေပြင်တစ်ခုလုံးသို့ နီရဲနေသော သွေးများ စွန်းထင်းသွားသည်။ လင်းဇီချန်သည် ကောင်းကင်ယံ၌ ပျံသန်းနေသည့် ကောင်းကင်ခြင်္သေ့ကို စိုက်ကြည့်ကာ ၎င်း၏ သွေးမျိုးဆက်စစွမ်းအားအဆင့်ကို စမ်းသပ်ကြည့်လိုက်သည်။
သွေးမျိုးဆက်စွမ်းအားအဆင့်က ဒဏ္ဍာရီပထမအဆင့်၌သာရှိနေသည်ကိုမြင်လိုက်ရသဖြင့် အနည်းငယ်အံ့အားသင့်ကာ မှားယွင်းစွာမြင်မိသည်ဟုပင် တွေးလိုက်မိသည်။
ဒဏ္ဍာရီပထမအဆင့်သာရှိသော သွေးမျိုးဆက်စွမ်းအားအဆင့်ရှိသူသည် ဤကဲ့သို့ အထင်သေးသော လေသံဖြင့်ပြောကာ အရာအားလုံးကို ပုရွက်ဆိတ်ကဲ့သို့ ဆက်ဆံနေခြင်းဖြစ်၏။
‘မသိရင် ရှေးဘိုးဘေးအဆင့်လို့ ထင်မိတော့မလို့’
"မင်း လူတွေကို ဂရုစိုက်၊ ငါ ထိန်းမယ်။"
ကောင်းကင်ခြင်္သေ့၏ သွေးမျိုးဆက်စွမ်းအားအဆင့်က ဒဏ္ဍာရီပထမအဆင့်၌သာရှိနေသည်ကို သိလိုက်ရသောအခါ လင်းဇီချန်က ထိုသို့ပြောလျက် ချက်ချင်းထွက်ခွာသွားကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ဤကောင်းကင်ခြင်္သေ့၏ တိုက်ခိုက်ရေး အကာအဝေးသည် ကြီးမားလွန်းကာ စစ်မြေပြင်သို့ ၎င်း၏ အဖျက်စွမ်းအားကလည်း အလွန်ကြီးမားလွန်းလှသည်။ ထို့ကြောင့် ၎င်းကို ဦးစားပေးအနေဖြင့် ကိုင်တွယ်ရပေမည်ဖြစ်သည်။ လင်းဇီချန်က ကောင်းကင်ခြင်္သေ့ဆီသို့ အပြေးအလွှား ပြေးသွားသောအခါ ရှန်ချင်းဟန်က အောက်တွင် ဘာမှမလုပ်ဘဲ ရပ်မနေခဲ့ပေ။
သူမသည် ရုတ်တရက် ဝိဉာဥ်စွမ်းအားကို အပြည့်ထုတ်လွှတ်လျက် အတွေးတစ်ခုဖြင့် မြေပြင်ပေါ်ရှိ
သွေးများကို အဝေးမှ ထိန်းချုပ်ကာ သွေးရောနေသော သွေးများကို စေ့စေ့စပ်စပ် ခွဲထုတ်လျက် သက်ဆိုင်ရာ ခန္ဓာကိုယ်များသို့ ပြန်ပေးခဲ့သည်။
ဤထူးခြားသောကုသမှုအောက်တွင် သွေးစွမ်းအင်များ အလွန်အကျွံ ဆုံးရှုံးခြင်းကြောင့် သေခါနီးဖြစ်နေသော ဒဏ်ရာရသူ အများအပြားသည် ငရဲတံခါးမှ ချက်ချင်း ပြန်ထွက်လာကာ အသက်ပြန်ရှုနိုင်လာကြသည်။
"ဘယ်လို အံ့ဩစရာကောင်းတဲ့ ကုသမှုနည်းလမ်းလဲ"
“သူ ဘယ်လိုလုပ်လိုက်တာလဲ”
"အရမ်းသန်မာတယ်..."
မြို့တော်အတွင်းတွင်၊ လူများစွာသည် ရှန်ချင်းဟန်၏ အံ့ဖွယ်ကုသမှုနည်းလမ်းကြောင့်င့် အံ့အားသင့်ဖွယ်ရာ လုပ်ရပ်များကို သတိပြုမိကြကာ ၎င်းတို့၏ မျက်နှာများသည် မယုံနိုင်မှုများဖြင့်ပြည့်နေသည်။
ဤသည်မှာ အထူးသဖြင့် လော့ချန်းရွှယ်အတွက်မှန်သည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်မရောက်မီ အမြင့်ဆုံးဆင့်ကဲ စွမ်းရည်ရှိသူဟု ချီးမွမ်းခံထားရသော ဤပါရမီရှင်သည် ယခုအခါတွင် မျက်လုံးများပြူးကျယ်စွာကြည့်လျက် သူမ၏ ဘဝဖြစ်တည်မှုအပေါ် မေးခွန်းထုတ်ကား နားမလည်နိုင်ပြီး နားမလည်နိုင်ဖြစ်နေသည်။ ရှန်ချင်းဟန်က ဂြိုလ်လူသားပါရမီရှင်အဖွဲ့ထဲသို့ ပထမဆုံးရောက်လာခဲ့စဥ်က သူမသည် နားလည်ရခက်သူမဟုတ်ခဲ့ပေ။ အချိန်များ မည်မျှကြာသွားခဲ့သည်ကိုပင် တွေး၍ မရနိုင်အောင် သူမသည် ဤမျှ ကြီးကျယ်သောအတိုင်းအတာအထိ ကြီးပြင်းလာခဲ့သည်။
အလွန်အဆင့်မြင့်သော ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို သူမ စားသုံးခဲ့ပေသလော။
...
```
တစ်ဖက်တွင်။
မြင့်မားသောကောင်းကင်၌။
လင်းဇီချန်သည် အလျင်မြန်ဆုံးအမြန်နှုန်းဖြင့် ပေါက်ကွဲထွက်ကာ ကောင်းကင်ခြင်္သေ့ရှေ့သို့ ချက်ချင်းချီတက်လျက် ကြွယ်ဝသောသွေး သွေးစွမ်းအင်များဖြင့် သူ၏လက်သီးများကို လွှဲကာ ကောင်းကင်ခြင်္သေ့ကြီး၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာထိုးနှက်လိုက်သည်။ လင်းဇီချန်၏ လက်သီးထဲရှိ သွေးစွမ်းအင်၏ ပြင်းထန်မှုမှတစ်ဆင့် ၎င်းသည် မြင့်မြတ်သူဆဌမအဆင့်ဖြစ်ကြောင်း ကောင်းကင်ခြင်္သေ့က ခံစားသိရှိခဲ့သည်။
“မြင့်မြတ်သူ ဆဠမအဆင့်လောက်နဲ့ ငါ့ကို စိန်ခေါ်ရဲတဲ့သတ္တိဘယ်ကရလာတာလဲ”
သို့သော် မကြာခင်၌ပင် သူ ရယ်မော၍ မရနိုင်တော့ပေ။ လင်းဇီချန်၏ သွေးစွမ်းအင်များသည် ကောင်းကင်ခြင်္သေ့၏ သွေးစွမ်းအင်ထက် များစွာနိမ့်ပါးသည်။
သို့သော်လည်း သူ၏သွေးမျိုးဆက်စွမ်းအားများ၏ မြှင့်တင်မှုအောက်တွင် ၎င်းသည် လေထုကို စုတ်ဖြဲနိုင်သည်အထိ အလွန်စွမ်းအားကြီးလှသည်။
ဘမ်း
လင်းဇီချန်သည် ကောင်းကင်ခြင်္သေ့ကြီး၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထုချေလိုက်ရာ ခေါင်းတစ်ခုလုံးကို သွေးများ အုံ့ဆိုင်းသွားစေသည်။ ကောင်းကင်ခြင်္သေ့သည်လည်း လင်းဇီချန်က ဤမျှ သန်မာမည်ဟု မမျှော်လင့်ထားပေ။ လင်းဇီချန်၏ ဝင်လာသော ထိုးချက်အား ရင်ဆိုင်လိုက်သောအခါ ၎င်း၏ဦးခေါင်းသည် သွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသဖြင့် တုံ့ပြန်ရန် အချိန်ပင် မရှိလိုက်ပေ။ သို့သော် နောက်ထပ်တစ်စက္ကန့်တွင် သူ၏ ဦးခေါင်းက ဒဏ်ရာဖြစ်သွားသည့် လက္ခဏာမပြဘဲ အသွေးအသားများနှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။