ဒုတိယ အုပ်ချုပ်ရေးမှုး
Vol. 34 Ch. 502
မြို့အထက်၌ အလွန်မာျးပြားသော သွေးစွမ်းအင်များသည် ကြက်သွေးရောင် မီးတောက်များအဖြစ်သို့ လောင်ကျွမ်းသွားကာ ချက်ချင်းပင် ကမ္ဘာကြီးမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ လူများစွာသည် မီးတောက်များ၏ ပူလောင်မှုကို ခံစားခဲ့ရ၍ စကားမပြောဘဲ ကောင်းကင်ကို မျှော်ကြည့်လိုက်ကြသောအခိုက်တွင် ၎င်းတို့၏ မျက်လုံးကို ဖမ်းစားနိုင်ခဲ့သည်မှာ အမြင့်၌ ပျံသန်းနေသည့် လူငယ်တစ်ဦးနှင့် ခေါင်းမပါသော ခြင်္သေ့ကြီးတစ်ကောင်၏ ခန္ဓာကိုယ်ကြီးပင်ဖြစ်သည်။
မကြာမီ၌ပင် ခြင်္သေ့၏ ခေါင်းကွဲသွားသည့်နေရာမှ လက်ဆတ်၍ နီရဲသော အသားလွှာများပေါက်ထွက်ကာ
ခြင်္သေ့ခေါင်းကြီးတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြန်လည်စုစည်းနေသည်။
"မင်းက ဘယ်သူလဲကွ”
ကောင်းကင်ခြင်္သေ့ကြီး၏ ဦးခေါင်းက တစ်ဖန်ပြန်လည်ကြီးထွားလာကာ လင်းဇီချန်ကို ထိတ်လန့်မှုအပြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။ မြို့အမှတ် ၁ကို မတိုက်ခိုက်မီတွင် ၎င်းသည် မြို့တွင်းရှိ ထိပ်တန်းတိုက်ခိုက်ရေးအဖွဲ့များကို လေ့လာခဲ့ရာ လင်းဇီချန်အမည်ရှိသော မည်သူတစ်ဦးတစ်ယောက်၏ အကြောင်းကိုမျှ မကြားခဲ့ဖူးပေ။ လင်းဇီချန်က ထိုသို့ မေးခွန်းကို ကြုံရသော်လည်း ပြန်လည် တုံ့ပြန်ခြင်းမပြုဘဲ လက်သီးတစ်ချက်ဖြင့်သာ ပြန်ဖြေခဲ့သည်။
ဘမ်း
နားစည်ကို ကွဲသွားစေနိုင်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်လာသည်။ လင်းဇီချန်၏ လက်သီးက ကောင်းကင်ခြင်္သေ့ကို ထိမှန်ခဲ့ရာ သွေးစွမ်းအင်များက အလွန်ပြင်းထန်စွာပေါက်ကွဲထွက်၍ ကောင်းကင်ခြင်္သေ့ကြီးကို တစ်ကိုယ်လုံးစုတ်ပြဲသွားစေသည်။
ရိုက်ခတ်မှုမှ ကျန်ရှိနေသော အင်အားသည် မြို့ကို အနည်းငယ် တုန်ခါသွားစေကာ ပြန့်ကျဲလာသည့် သွေးစွမ်းအင်များက အလွန်ပူပြင်းလှသောကြောင့် အများစုကို ချွေးများအလျှံပယ်ထွက်ကျလာစေခဲ့သည်။ ထို့နောက် သွေးမိုးများနှင့်အတူ ကြီးမားလှသောခြင်္သေ့တစ်ကောင်၏ ခန္ဓာကိုယ်သည် ကောင်းကင်မှ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားသည်။
ခြင်္သေ့၏ရင်ဘတ်တွင် ကြီးမားသောအပေါက်ကြီးတစ်ခုကို အတိုင်းသားမြင်နေရ၏။ ယင်းမှ သွေးများစီးကျလာသည်နှင့်တစ်ပြိုင်နက် အသက်စွမ်းအားသည်လည်း လျင်မြန်စွာဆုတ်ယုတ်သွားသည်။
ဘမ်း
ခြင်္သေ့အလောင်း ပြုတ်ကျပြီး မကြာမီတွင် နောက်ထပ် ကြီးမားသော ရိုက်ခတ်မှု ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
အသံတိတ်သွားသည့်အခိုက် ကောင်းကင်တစ်ခုလုံးကို ပိတ်ထားသည့် ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်ကြီးသည် ပေါက်ကွဲလာသည့် ဖရဲသီးကဲ့သို့ စုတ်ပြဲကြေမွလျက် အောက်ရှိမြို့ပေါ်သို့ သွေးမျိုးများနှင့်အသားစိုင်များအဖြစ် ရွာကျလာကာ သွေးရနံ့များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သို့သော် သွေးမိုးတစ်စက်ကလေးမျှ အောက်သို့ မကျမီတွင် ကြီးမားလှသော တွန်းအားတစ်ခုကြောင့် သွေးအားလုံး စုပ်ယူခြင်းခံရကာ အောက်သို့ ကျရမည့် အစား အထက်သို့တက်လျက် လင်းဇီချန်၏ လက်ဝါးသို့ ငြိမ်သက်စွာ စုပြုံလာကာ အနီရောင် သွေးစက်တစ်စက်အဖြစ်ပြောင်းလဲသွားသည်။
"ငါ့ကိုမသတ်နဲ့”
“ငါက ရှေးဘိုးဘေးအဆင့် ညဘုရင်ရဲ့သားတော်ပဲ။ မင်း ဘာတောင်းတောင်း ငါလုပ်ပေးပါ့မယ်”
“ကျေးဇူးပြုပြီး ငါ့ကို သက်ညှာပေးပါ”
ထူထပ်သော သွေးစွမ်းအင်စက်ဝန်းအတွင်းတွင် ကောင်းကင်ခြင်္သေ့သည် သက်ညှာပေးရန် အော်ဟစ်တောင်းဆိုခဲ့သည်။ လင်းဇီချန်သည် ၎င်း၏ တောင်းဆိုချက်ကြောင့် တုန်လှုပ်ခြင်းအတန်ငယ်မျှမရှိဘဲ သွေးစက်အတွင်းမှ ဝိဉာဥ်ကို စတင်တိုက်စားသွားသည်။ သူ၏ ဝိဉာဥ်ရေးစွမ်းအား၏ ဖိနှိပ်မှုအောက်၌ သွေးစက်အတွင်းမှ ကောင်းကင်ခြင်္သေ့သည် သေခြင်းတရားထက် ပို၍ ဆိုးဝါးသော ဝေဒနာကို ခံစားခဲ့ရကာ ၎င်း၏ ဝိဉာဥ်သည်လည်း ပြိုလဲလုနီးနီးဖြစ်နေသည်။
၎င်း၏ဝိညာဉ်သည် လုံးလုံးလျားလျား မပျက်စီးသေးသော်လည်း၊ နောက်ဆုံးအခိုက်အတန့်၌ ကောင်းကင်ခြင်္သေ့က အားကုန်သုံးကာ အဝေးမှ ယဲ့ရုန်ရှင်းထံသို့ စိတ်ပျက်အားငယ်စွာ အော်လိုက်သည်။
“သခင်ယဲ့ ကယ်ပါဦး”
သွေးစွမ်းအားများ သယ်ဆောင်လာသော အော်သံသည် လေထုအလွှာများကို ထိုးဖောက်ဝင်ရောက်ကာ ယဲ့ရုန်ရှန်း၏ နားထဲသို့နှောင့်နှေးခြင်းမရှိဘဲ တိုးဝင်သွားသည်။ ဤအခိုက်အတန့်တွင် ယဲ့ရုန်ရှန်းသည် မြို့၏ ခေါင်းဆောင်အများအပြားနှင့် တိုက်ပွဲတွင် အပြည့်အဝပါဝင်နေသဖြင့် ကမ္ဘာမြေပြိုကွဲလုနီးနီး တိုက်ပွဲဝင်နေခြင်းဖြစ်ရာ စစ်မြေပြင်ကို အသက်ကန့်သတ်နယ်မြေအဖြစ်သို့ ပြောင်းလဲလုနီးပါးအတိုင်းအတာအထိ ဖြစ်စေခဲ့သည်။ ကောင်းကင်ခြင်္သေ့၏ အသနားခံမှုကို ရုတ်တရက်ကြားလိုက်ရသောအခါ ယဲ့ရုန်ရှန်းက မတတ်နိုင်ဘဲ ပဟေဠိဖြစ်လျက် မျက်ခုံးပင့်လိုက်မိသည်။
မြို့သူမြို့သားအားလုံးနီးပါးက ဒုအုပ်ချုပ်ရေးမှုးကို ဝိုင်းထားကြသည်။
ထိုသို့သောအခြေအနေမျိုးတွင်၊ ဒဏ္ဍာရီ ပထမအဆင့်ရှိသော ကောင်းကင်ခြင်္သေ့သည် မြို့တွင်း၌ မယုံကြည်နိုင်သောတည်ရှိမှုဖြစ်သင့်သည်။ မယုံနိုင်လောက်အောင်ကောင်းသည့်ဖြစ်တည်မှုဟု ယူဆရသည့် ခြင်္သေ့သည် ဤသို့ အကူအညီတောင်းရန် အော်ဟစ်လိုက်ခြင်းမှာ မည်သည့်အရာဖြစ်နိုင်သနည်း။ ဤမေးခွန်းကို စိတ်ထဲတွင် တွေးလျက လျက်ယဲ့ရုန်ရှန်းက သူ၏ ကိုယ်ပိုင်စွမ်းအင်များကို အနည်းအကျဥ်းမျှ လျော့ကျစေခြင်းမရှိဘဲ ကောင်းကင်ခြင်္သေ့က အော်ဟစ်အကူအညီတောင်းပြီးနောက်တွင် သူ၏ ဝိဉာဥ်ရေးစွမ်းအားကို ထပ်တိုးလိုက်သည်။
လင်းဇီချန်သည် ကောင်းကင်ခြင်္သေ့ဝိဉာဥ်ကို ဖုံးအုပ်ထားသော သွေးစက်တစ်စက်ကို ကိုင်လျက် မြို့၏ အထက်တွင် မတ်တပ်ရပ်နေသည်ကို သူမြင်လိုက်ရသောအခါ လုံးလုံးလျားလျား အံ့သြသွားရသည်။
လင်းဇီချန်လား။
ဘာဖြစ်သွားတာလဲ။
ဒဏ္ဍာရီပထမအဆင့်ကောင်းကင်ခြင်္သေ့က သူ့လက်ထဲကို ဘယ်လိုရောက်သွားနိုင်မှာလဲ။
ဟမ်
မြင့်မြတ်သူဆဠမအဆင့်ဟုတ်လား။
သူ့အဆင့်က တကယ် မြင့်မြတ်သူဆဠမအဆင့်လား။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ။
ယဲ့ရုန်ရှန်းတစ်ယောက် လုံးဝမှင်သက်နေမိသည်။ လင်းဇီချန်သည် ဂြိုလ်လူသားအဆင့်ပါရမီရှင်များအဖွဲ့တွင် ပထမဦးစွာပါဝင်ခဲ့စဥ်က အခြေခံအဆင့်၌သာရှိသေးကာ သူ၏ စွမ်းအားက အဆင့်မြင့်အဆင့်ကျွမ်းကျင်သူများနှင့် တန်းတူနီးနီးဖြစ်သည်။
ထိုအချိန်မှစ၍ အချိန်မည်မျှ ကုန်ခဲ့သေးသနည်း။
တစ်နှစ်ခန့်သာရှိပေဦးမည်။
အချိန်တိုလေးအတွင်း၌ လင်းဇီချန်က အနိမ့်ဆုံးအခြေခံအဆင့်မှ ယခု ဒဏ္ဍာရီပထမအဆင့် ရှေးသတ္တဝါတစ်ကောင်ကို လက်တစ်ဖက်တည်းဖြင့် သတ်နိုင်ခဲ့သောအဆင့်အထိ ကြီးထွားလာခဲ့သည်။
‘ဒီလို သူဘယ်လိုအောင်မြင်လာခဲ့တာလဲ’
ယဲ့ရုန်ရှန်းက ဤအချက်ကို နားမလည်နိုင်ဖြစ်ကာ စိတ်ရှုပ်ထွေးသွားရသည်။ အတန်ငယ် ဝေခွဲရခက်နေသော်လည်း ဤအချိန်တွင် ဤကိစ္စကို ခပ်ကြာကြာတွေးနေရန်အချိန်မရှိတော့ပေ။ သူသည် ပတ်ဝန်းကျင်သို့ ပြင်းထန်သော ဖိအားတစ်ခုကို အမြန်ထုတ်လွှတ်လိုက်ကာ ပတ်ဝန်းကျင်မြို့ခေါင်းဆောင်များကို ခေတ္တဖယ်ထုတ်လိုက်ပြီး လင်းဇီချန်ဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ပြေးသွားခဲ့သည်။
သွေးစက်ဝန်းအတွင်းရှိ ကောင်းကင်ခြင်္သေ့၏ ဝိညာဉ်သည် ဝိညာဉ်ရေးစွမ်းအားကို အသုံးပြု၍ လင်းဇီချန်က လျင်မြန်စွာ ဝါးမြိုနေသည်ကို ခံစားနိုင်သည်။ ထို့နောက် မကြာမီ၌ပင်မီးခိုးငွေ့များအဖြစ်သို ပျောက်ကွယ်သွားသည်။ ကောင်းကင်ခြင်္သေ့သည် ညဘုရင်၏ ဆက်ခံသူမျိုးဆက်ဖြစ်သည်။ သစ္စာဖောက်တစ်ဦးအနေဖြင့် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူ၏ မျိုးဆက်ကို ကာကွယ်ရပေမည်ဖြစ်သည်။ မဟုတ်လျှင် နောက်ပိုင်း၌ သူသည် နှစ်ဖက်စလုံးနှင့် ပူးပေါင်းနေသည်ဟု သံသယဝင်ခြင်းခံရပေလိမ့်မည်။
“သူ့ကို မြန်မြန်တားကြ မလွတ်စေနဲ့”
ယဲ့ရုန်ရှန်းကို ဝိုင်းရံနေသော မြို့ခေါင်းဆောင်များက သူသည် မိမိတို့နှင့် မယှဥ်နိုင်ကြောင်းသိ၍ ထိတ်လန့်စွာ
စစ်မြေပြင်မှ ရုတ်တရက် ထွက်ခွာသွားသည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကအခွင့်ကောင်းကို ဆုပ်ကိုင်ချင်ဇောဖြင့် စိတ်လှုပ်ရှားစွာအော်လိုက်ကြသည်။ ထို့ကြောင့် ယဲ့ရုန်ရှန်းသည် ပိတ်ခံထားရကာ ကောင်းကင်ခြင်္သေ့ကို ချက်ချင်းကယ်ဆယ်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။
ထိုခဏ၌ သွေးစက်အတွင်းရှိ ကောင်းကင်ခြင်္သေ့၏ ဝိညာဉ်ကို လင်းဇီချန်က အပြည့်အဝါ ဝါးမြိုသွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်း၌ပင် ထူးခြားသောအဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ကောင်းကင်ခြင်္သေ့ကြီး၏ ကြီးမားသောရုပ်သွင်သည် မြို့အထက်၌ ပေါ်လာကာ တောင်ပိုင်းနယ်မြေ သက်ရှိများအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။
ဤသို့ဖြင့် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူကြီး သေဆုံးသွားသည်။ ဤစစ်မြေပြင်ပေါ်တွင် ကျဆုံးခဲ့သော ပထမဆုံး ကျဆုံးခဲ့သည့် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူဖြစ်သည်။ လင်းဇီချန်သည် သူ၏ ဦးခေါင်းထက်မှ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို ဂရုမစိုက်ဘဲ သွေးစက်အတွင်းမှ ကောင်းကင်ခြင်္သေ့၏ဝိညာဉ် ဆုတ်ယုတ်သွားသည်ကို မြင်လိုက်ရသဖြင့် သူက ချက်ချင်းပင် အတွေးတစ်ခုတွေးလိုက်သည်။
ဝါးမြိုစမ်း
[ "အတောင်ရှစ်တောင် ကောင်းကင်ခြင်္သေ့"ရဲ့ အသက်စွမ်းအင်ကို ဝါးမြိုလိုက်ပါပြီ]
[သင်သည် အတောင်ရှစ်တောင်ကောင်းကင်ခြင်္သေ့စွမ်းအားကို အောင်မြင်စွာရရှိခဲ့ပြီး ကောင်းကင်ကြီးစိုးသူ သွေးမျိုးဆက်စွမ်းအားကို ရခဲ့ပါပြီ]
[ကောင်းကင်ကြီးစိုးသူ - သင့်ရဲ့ ပျံသန်းနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်]
[သင်သည် အတောင်ရှစ်တောင် ကောင်းကင်ခြင်္သေ့ထံမှ မူလစွမ်းအား ပမာဏများစွာကို စားသုံးခဲ့ပြီး မူလစွမ်းအားကို သွေးစွမ်းအင်နှင့်ဝိဉာဥ်စွမ်းအင်အဖြစ်သို့ပြောင်းလဲ၍ သင်၏ ဝိဉာဥ်ကို သိသိသာသာမြှင့်တင်ပေးနိုင်ခဲ့ပါပြီ]
[သင်၏ သွေးမျိုးဆက်စွမ်းအား မြင့်မြတ်သူ ဆဠမအဆင့်မှ သတ္တမအဆင့်သို့ တိုးတက်သွားပါပြီ]
“အသန်မာဆုံးသူက အောင်နိုင်သူ” နှင့် “အရင်းအမြစ်ဝါးမြိုခြင်း”တို့၏ အကျိုးသက်ရောက်မှုများအောက်တွင် လင်းဇီချန်သည် လင်းဇီချန်သည် အတောင်ရှစ်တောင်ရှိသော ကောင်းကင်ခြင်္သေ့၏ အသက်ဇစ်မြစ်ကို ဝါးမြိုလိုက်သည်နှင့် တပြိုင်နက် သူ့စိတ်ထဲရှိ လေဟာနယ်တွင် အချက်ငါးချက် ထွက်ပေါ်လာသည်။
သူ၏ သွေးမျိုးဆက်စွမ်းအားသည် မြင့်မြတ်သူသတ္တမအဆင့်သို့ ဆင့်ကဲပြောင်းလဲခြင်းကိုမြင်ရကာ မြင့်မားသောအဆင့်ရှိ သတ္တဝါဖြစ်လာသောကြောင့် လင်းဇီချန်က အနည်းငယ် တက်ကြွလာခဲ့သည်။
[အရင်းအမြစ်ဝါးမြုခြင်း] သည် သူထင်ထားသည်ထက် ပို၍ အသုံးဝင်ပေ၏။
ယခင်က၊ ဂြိုလ်သားမျိုးနွယ်စုများ၏ အလောင်းများကို ဝါးမျိုခြင်းသည် သက်ဆိုင်ရာသွေးမျိုးဆက်စွမ်းရည်များသာ ထုတ်ပေးခဲ့သည်။ ယခုမူ ၎င်းသည် သွေးစွမ်းအင် နှင့် စိတ်ဝိဉာဉ်တို့ကိုလည်း မြှင့်တင်ပေးကာ ဆင့်ကဲဖြစ်စဉ်၏အရှိန်သည် အဆင့်များစွာကို တိုးမြင့်လာခဲ့သည်။
မြို့ထဲတွင် မြင့်မြတ်သူအဆင့် ဂြိုလ်သားမျိုးနွယ်ဝင် များစွာရှိနေဆဲဖြစ်သည်။
အချို့က ဒဏ္ဍာရီအဆင့်တွင်ရှိသည်။ အကယ်၍ သူသည် ဤဂြိုလ်သားအားလုံးကို သတ်၍ ဝါးမြိုနိုင်ပါက သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် မြင့်မြတ်သူ အဠမအဆင့်သို့ပင် ဆင့်ကဲတိုးတက်သွားနိုင်သည်။ ကံကောင်းလျှင် သူသည် မြင့်မြတ်သူအဆင့် အတားအဆီးကိုပင် ကျော်ဖြတ်ကာ ဒဏ္ဍာရီအဆင့်ပထမအဆင့်သို့ မြင့်တက်သွားနိုင်သည်။ ဒဏ္ဍာရီပထမအဆင့်သို့ အမှန်တကယ်ပြောင်းလဲလာသည်နှင့်အမျှ၊ သူသည် ယဲ့ရုန်ရှန်းကိုအနိုင်ယူရန် ပို၍ပင် ယုံကြည်မှုရှိလာမည်ဖြစ်သည်။
ဤသည်ကိုတွေး၍ လင်းဇီချန်က စိတ်လှုပ်ရှားမှုများတစ်ဟုန်ထိုးခံစားလာရသည်။ ထို့ကြောင့် အချိန်တစ်ခဏမျှ မဖြုန်းဘဲ ချက်ချင်းပင် အောက်သို့ ပျံသန်းကာ မြို့ထဲသို့ ကျူးကျော်ဝင်လာသည့် ဂြိုလ်သားများဆီ ချီတက်လိုက်သည်။
တစ်ကောင်တစ်လေကိုမျှ မချန်ထားဘဲ အသေးအမွှားများကို ဦးစွာသတ်ပြီးမှ အကြီးများကို သတ်မည်။
သူ တတ်နိုင်သမျှ သတ်၍ လုံလောက်စွာဝါးမြိုပြီးသည်နှင့် ထိုသစ္စာဖောက် ယဲ့ရုန်ရှန်းကို သုတ်သင်ရန် ယုံကြည်ချက်ရှိလာမည်ဖြစ်သည်။