← Chapters

ရှေးဘိုးဘေးအဆင့်သားရဲ ဖီးနှစ်ငှက်

Vol. 34 Ch. 503

ရှေးဘိုးဘေးအဆင့်သားရဲ ဖီးနှစ်ငှက်

Vol. 34 Ch. 503

ညဘုရင်၏သားတော် ... ကွယ်လွန်သွားပြီ။

ယဲ့ရုန်ရှန်းသည် ကောင်းကင်ကို စိုက်ကြည့်ရင်း ကောင်းကင်ခြင်္သေ့ သေဆုံးခြင်းကြောင့်ဖြစ်ပေါ်လာသည့် အပြောင်းအလဲကြောင့် အတန်ငယ် မှင်သက်မိနေသည်။ ဆန်းကြယ်သားရဲ မျိုးဗီဇနှင့် ပေါင်းစပ်မှုကြောင့် ပြောင်းလဲသွားသော သူ၏ ကြက်သွေးရောင်မက်လုံးများတွင် သေခြင်းတရားကို ကြောက်ရွံ့မှုအရိပ်အယောင်များကို ရှင်းလင်းစွာမြင်နေရသည်။

ဒဏ္ဍာရီပထမအဆင့်ကျွမ်းကျင်သူသည် သူ့ရှေ့၌ပင် သေသွားသည်။ ယခု ဒုတိယအုပ်ချုပ်ရေးမှုးအဖြစ်သူ၏ ရာထူးသည် ညဘုရင်၏ ပံ့ပိုးကူညီမှုများစွာအပေါ် အကြွေးတင်နေသည်။ ညဘုရင်၏ သားကို အချိန်မှီကယ်တင်နိုင်ခဲ့ခြင်းမရှိသောကြောင့် သူသည် ညဘုရင်၏ဒေါသအတွက် ပစ်မှတ်ဖြစ်လာပေလိမ့်မည်။

‘အခု အားလုံးပြီးသွားပြီ’

‘မဟုတ်ဘူးးး’

‘အခွင့်အရေးတစ်ခုရှိသေးတယ်’

‘လင်းဇီချန်ကို အရှင်လတ်လတ်ဖမ်းပြီး ညဘုရင်ဆီအပ်လိုက်မယ်’

‘ဒီလိုလုပ်ရင် ငါ့မှာ အသက်ရှင်ဖို့ အခွင့်အရေးရှိနိုင်သေးတယ်’

‘ဒါကို ပြင်လို့ရသေးတယ်’

ဤသို့တွေးကာ ယဲ့ရုန်ရှန်း၏ မျက်လုံးများတင်းမာလာကာ သူ့ခန္ဓာကိုယ်ထဲမှ တတ်နိုင်သမျှသော အနှစ်သာရသွေးအားလုံးကို စွန့်လွှတ်လိုက်ကာ သူ့အတွင်းရှိ မျိုးဗီဇအမျိုးမျိုးကို အပြည့်အဝ အသက်ဝင်စေခဲ့သည်။

နောက်ထပ်တစ်စက္ကန့်တွင် သူ၏ အရေပြားအောက်ရှိ သွေးကြောများဖောင်းပွလာကာ ကြွက်သားများ အဆပေါင်းများစွာ ကြီးထွက်လျက် ကြီးမားသော အနက်ရောင်တောင်ပံတစ်စုံက သူ့နောက်ကျောမှထွက်လာကာ မြို့၏ ခေါင်းဆောင်အားလုံးကို အရိပ်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်သည်။

တစ်ချိန်တည်း၌ပင် သေးငယ်သော ကြက်သွေးရောင်နွယ်များက ပါးစပ်တစ်ဝိုက်၌ ကြီးထွားလာကာ

နားရွက်များသည်လည်း အလွန်ကြီးမားလာလျက် လူသား လင်းနို့တစ်ကောင်နှင့်ဆင်တူသည်။

ထို့နောက် အနက်ရောင်တောင်ပံများဖုံးလွှမ်းနေသော အရိပ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု သူ့ပါးစပ်မှ ထွက်လာသည်။

ထို့နောက် အသံလှိုင်း၏ ရိုက်ခတ်မှုအောက်တွင် အရိပ်အတွင်းမှ လေထုသည် ချက်ချင်းပင် ကွဲအက်မှုများ ပြည့်နှက်သွားသည်။ ၎င်းက ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့ကာ အေးစက်၍ သေစေနိုင်သော ရောင်ဝါများဖြာထွက်နေသည်။

အရိပ်ထဲတွင်ရှိသော မြို့ခေါင်းဆောင်များသည် ဤအသံဖြင့် ချေမှုန်းမှုအောက်တွင် ပြင်းထန်သော ခေါင်းကိုက်ခြင်းကို ခံစားခဲ့ရသည်။ အထူးသဖြင့် ဒဏ္ဍာရီအဆင့်အောက်ကျွမ်းကျင်သူများသည် လုံးဝ သတိလစ်သွားကာ ၎င်းတို့၏ မျက်လုံးများ ပျက်ပြယ်သွားလျက် ဝိညာဉ်မဲ့ ခန္ဓာများသာ ကျန်ခဲ့တော့သည်။

"မြန်မြန်၊ မင်းတို့ရဲ့ အနှစ်သာရသွေးကို စတေးလိုက်၊ ဒီတိုက်ခိုက်မှုကို ခံနိုင်အောင် မင်းတို့ရဲ့ ခွန်အားကို မြှင့်ကြ”

ဒဏ္ဍာရီပထမအဆင့်ရှိသော မြို့ခေါင်းဆောင်တစ်ဦးသည် ပတ်ဝန်းကျင်ရှိ အခြားသူများကို သတိပေးရန် အသံကျယ်ကျယ်ဖြင့် အော်လိုက်ကာ သူ၏ခွန်အားကို ယာယီမြှင့်တင်ရန်အတွက် ၎င်း၏ကိုယ်ပိုင် အနှစ်သာရသွေးကို အရူးအမူးစတေးခဲ့သည်။ သူ့အော်သံကိုကြားသောအခါ အသိစိတ်မကြည်လင်သေးသော ခေါင်းဆောင်များအားလုံးက စိတ်ပျက်လက်ပျက် စတင်လှုပ်ရှားခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့၏အသက်ကို မမူဘဲ အနှစ်သာရသွေးကို စတေးခဲ့ကြ၏။

ဤသည်က ၎င်းတို့၏ ခွန်အားကို ခဏတာတိုးမြင့်စေနိုင်သည်။

“ဒီသစ္စာဖောက်ကို သတ်ကြ”

ဒဏ္ဍာရီစတုထ္ထမြောက်အဆင့်ရှိ မြို့ခေါင်းဆောင်က ခေါင်းဆောင်အဖြစ်ဆောင်ရွက်ကာ ယဲ့ရုန်ရှင်းကို တိုက်ခိုက်ရာတွင် ဦးဆောင်ရန် လူတိုင်းကို သေသေချာချာ ဆုံးဖြတ်ချက်ချရန် အမိန့်ပေးခဲ့သည်။ ဤသည်ကိုမြင်သောအခါ အခြားသူများက နောက်မှ အနီးကပ်လိုက်လာကြသည်။

"ပုရွက်ဆိတ်တစ်သိုက်”

ယဲ့ရုန်ရှန်းသည် သူ့ဆီသို့ ချီတက်လာသော လူများကို အထင်သေးစွာကြည့်လိုက်သည်။

သူစကားပြောသည်နှင့် တပြိုင်နက် သူ့နောက်ကျောပေါ်ရှိ အနက်ရောင်အတောင်ပံကြီးကို ကြမ်းတမ်းစွာခတ်လိုက်ကာ အရိပ်ထဲမှ သွေးဆာနေသော အနက်ရော် လင်းနို့များစွာကို ဖိတ်ခေါ်လိုက်ရာ ပျားအုပ်ကြီးကဲ့သို့ အစုလိုက်အပြုံလိုက်စတင်တိုက်ခိုက်ကြတော့သည်။

သူ့မျက်လုံးများတွင် ဒဏ္ဍာရီလာအဆင့်မှလွဲ၍ အခြားသတ္တဝါအားလုံးသည် အမှိုက်များဖြစ်၍ သူ့ကိုစိန်ခေါ်ရန်မထိုက်တန်ပေ။

ထိုအချိန်၌…

မြို့တွင်းရှိ လင်းဇီချန်သည် ကျူးကျော်ဝင်ရောက်လာသော ဂြိုလ်သားမျိုးနွယ်စုဝင်များဆီသို့ ချီတက်နေပြီဖြစ်သည်။ လက်သီးတစ်ချက်စီဖြင့် ဂြိုလ်သားမျိုးနွယ်ဝင်များကို နေရာ၌ပင် သုတ်သင်ပစ်လိုက်ရာ အသားစိုင်များအဘက်ဘက်သို့လွင့်ထွက်လာသည်။ အသက်စွမ်းအင်အများအပြားကို ဝါးမြို၍ သွေးမျိုးဆက်စွမ်းအားများစွာကို ရရှိခဲ့သည်။ များပြားလှသော မူလစွမ်းအားကို ချီစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်တို့အဖြစ်ပြောင်းလဲပစ်လိုက်သည်။

ဤအတောအတွင်း၊ သူသည် ဒဏ္ဍာရီအဆင့် စစ်မြေပြင်တွင် ရုတ်တရက် ပြောင်းလဲသွားသည်ကို သတိပြုမိသည်၊ ကျန်ရှိသော ပေါက်ကွဲသံတစ်ခုစီသည် နောက်ဆုံးထက် ပိုမိုပြင်းထန်လာကာ နှလုံးသားတစ်ခုလုံးကို တုန်လှုပ်စေသည်။ သို့သော် ခဏတာစောင့်ကြည့်ပြီးနောက်

မြို့ခေါင်းဆောင်များက ယဲ့ရုန်ရှန်းနှင့် အညီအမျှ တိုက်ခိုက်နေကြောင့် သူမြင်လိုက်ရကာ လက်ရှိအချိန်တွင် အောင်နိုင်သူကို မဆုံးဖြတ်နိုင်ပေးပေ။ ထို့နောက် အနည်းငယ် စိတ်အေးလက်အေးနှင့် ဂြိုလ်သားမျိုးနွယ်များကို သတ်ပစ်ရန် အာရုံစိုက်ခဲ့သည်။

ယဲ့ရုန်ရှန်းကိုအနိုင်ယူရန် မြို့ခေါင်းဆောင်များကို မလိုအပ်ပေ။ ခဏတာ ထိန်းထားရန်သာလိုအပ်သည်။

ယဲ့ရုန်ရှန်းကို စွမ်းအင် အမြောက်အမြားအသုံးချမိစေရန် တတ်နိုင်သမျှ လုပ်ပေးရန်သာလိုအပ်၍ ယင်းဖြင့်ပင် လုံလောက်မည်ဖြစ်သည်။

[သင်သည် “တောအုပ်နက်သစ်ပင်နတ်ဆိုး”၏ အသက်စွမ်းအင်အမြောက်အမြားကို ဝါးမြိုခဲ့ကာ သွေးမျိုးဆက်စွမ်းအား - ရုတ်တရက်တက်ကြွမှုကို ရရှိခဲ့ပါသည်]

[ရုတ်တရက်တက်ကြွမှု- သင့်ခန္ဓာကိုယ်အတွင်း တက်ကြွမှု သိသိသာသာ မြင့်တက်လာသည်]

[သင်သည် တောအုပ်နက်သစ်ပင်နတ်ဆိုးမှ မူလစွမ်းအား အများအပြားကို စားသုံးခဲ့ပြီ ချီစွမ်းအင်နှင့်ဝိဉာဥ်စွမ်းအင်အဖြစ်သို့ပြောင်းလဲကာ သင်၏ သွေးစွမ်းအင်အမြောက်အမြားကို မြှင့်တင်ပေးခဲ့ပါသည်]

...

[သင်သည် "တိတ်ဆိတ်ခြင်းအဆိပ်ပြင်းပုရွက်ဆိတ်" အသက်စွမ်းအင် အမြောက်အမြားကို ဝါးမြိုခဲ့ကာ သွေးမျိုးဆက်စွမ်းအား - လျင်မြန်စွာ ပြိုကွဲခြင်းကိုရရှိခဲ့ပါသည်]

[လျင်မြန်စွာပြိုကွဲခြင်း - သင်၏တိုက်ခိုက်မှုက ပစ်မှတ်ကို လျင်မြန်စွာပြိုကွဲခြင်း ပုံမှန်မဟုတ်သောအခြေအနေသို့ရောက်သွားစေသည်]

[သင်သည် တိတ်ဆိတ်ခြင်းအဆိပ်ပြင်းပုရွက်ဆိတ်မှ မူလစွမ်းအား အများအပြားကို စားသုံးခဲ့ကာ ချီစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်အဖြစ်သို့ပြောင်းလဲကာ သင်၏ သွေးစွမ်းအားနှင့် ဝိဉာဥ်ရေးစွမ်းအားကို အလွန်တိုးတက်စေပါသည်]

...

[သင်သည် "မျက်စိတစ်ထောင်ရှိသော နတ်ဆိုးပင့်ကူ"၏ အသက်စွမ်းအင် အမြောက်အမြားကို စားသုံးခဲ့ကာ သွေးမျိုးဆက်စွမ်းအား ကောင်းကင်ပင့်ကူအိမ်ကို ရရှိခဲ့ပါသည်]

[ကောင်းကင်ပင့်ကူအိမ် - သင့်ရဲ့ လက်ချောင်းထိပ်များမှတစ်ဆင့် သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်နှင့်ညီသော ပင့်ကူမျှင်များထုတ်လွှတ်နိုင်သည်]

[သင်သည် မျက်လုံးတစ်ထောင်ရှိသော နတ်ဆိုးပင့်ကူထံမှ မူလစွမ်းအား အများအပြားကို စားသုံးခဲ့ကာ ချီစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်အဖြစ်သို့ပြောင်းလဲကာ သင်၏ သွေးစွမ်းအားနှင့် ဝိဉာဥ်ရေးစွမ်းအားကို အလွန်တိုးတက်စေစပါသည်]

...

[သင်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် မြင့်မြတ်သူ သတ္တမအဆင့်မှ အဠမအဆင့်သို့ပြောင်းလဲသွားပါပြီ]

…

သူ အဆင့်တက်သွားပြီဖြစ်သည်။ လင်းဇီချန်က ဤစာကြောင်းကိုမြင်လိုက်ရသောအခါ သူ့နှလုံးသားထဲတွင် ရင်ခုန်သံများ တဟုန်ထိုး ထွက်ပေါ်လာသည်။ ဂြိုလ်သားမျိုးနွယ်များကို သိသာသောအရေအတွက်အထိပင် မစားရသေးသော်လည်း ဒဏ္ဍာရီအဆင့် ဂြိုလ်သားမျိုးနွယ်ဝင်များဝင်များကိုပင် မဝါးမျိုရသေးသော်လည်း သူ၏ သွေးမျိုးဆက်အဆင့်ကမူ တိုးတက်နေပြီဖြစ်သည်။

ဤအရာမှ၊ သူသည် မြို့တွင်းရှိ ဂြိုလ်သားအများစုကို ဝါးမြိုနိုင်ခဲ့ပါက၊ သူ၏သွေးမျိုးဆက်စွမ်းအားက မြင့်မြတ်သူအဆင့်ကို ကျော်ဖြတ်ကာ ဒဏ္ဍာရီ ပထမအဆင့်သို့ ဆင့်ကဲပြောင်းလဲရန် အခွင့်အလမ်းကောင်းတစ်ခုရနိုင်မည်ဖြစ်သည်။

ဤသို့တွေးလျက် လင်းဇီချန်၏ခြေထောက်များက ရုတ်တရက် မြင့်တက်လာကာ သားရဲများထက်တွင် ပျံဝဲနေသော ဒဏ္ဍာရီအဆင့်ဒုတိယအဆင့်ရှိသော မီးဖီးနစ်ကို တိုက်ရိုက်ပစ်မှတ်ထားလိုက်၏။

All Chapters