← Chapters

မဟူရာချောက်နက်ရဲ့ သားတော် ဖွားမြင်ခြင်း

Vol. 34 Ch. 505

မဟူရာချောက်နက်ရဲ့ သားတော် ဖွားမြင်ခြင်း

Vol. 34 Ch. 505

‘မင်းလွတ်မယ်လို့ထင်နေလား’

‘ပါးစပ်ထဲရောက်နေတဲ့ ဘဲတစ်ကောင်က ဘယ်လိုပျံနိုင်မှာလဲ’

လင်းဇီချန်က အောက်ရှိလူများ၏ အံ့အားသင့်နေသော အကြည့်များကို စိတ်ထဲမထားမိပေ။ အနက်ရောင်ဖီးနစ်က ရုတ်တရက် ထွက်ပြေးသွားသည်ကိုကြည့်၍ သူ့စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာကာ သူ၏ ဝိဉာဥ်စွမ်းအားကို လွှတ်ထုတ်လိုက်ရာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ရှေ့တွင် ပျံပြေးသွားသော အနက်ရောင်ဖီးနစ်က စိတ်သက်သာရာရလျက်ရှိနေပြီဖြစ်သည်။ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ထွက်ပြေးခြင်းသည် မည်မျှ ပညာရှိသနည်း။

ထိပ်တိုက်သာရင်ဆိုင်နေပါက ယခုအချိန်တွင် ကောင်းကင်ခြင်္သေ့နှင့်တူညီသော ကံကြမ္မာကို ရင်ဆိုင်ရနိုင်ခြေရှိသည်။

"ဒီကမ္ဘာမြေသားက ဘာဖြစ်နေတာလဲ”

"သူ့ခန္ဓာကိုယ်ထဲမှာ သီးခြားမျိုးဗီဇမရှိပါဘူး။"

“သွေးမျိုးဆက်စွမ်းအားအသက်လည်း မကြီးသေးဘူး”

"ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို သူ ဘယ်လို ထုတ်သုံးနိုင်တာလဲ”

“အဆိုးဆုံးက သူ့ရဲ့ မြင့်မြတ်သူအဆင့်နဲ့ ဒဏ္ဍာရီအဆင့်သတ္တဝါတွေကို အနိုင်ယူနိုင်တာပဲ။ သူ အဲ့တာကို ဘယ်လိုလုပ်တာလဲ”

အနက်ရောင်ဖီးနစ်က လုံးလုံးလျားလျားထိန်လန့်လျက်ရှိသည်။ လင်းဇျီန် ပြသခဲ့သော စွမ်းအားသည် သူမ နားလည်နိုင်စွမ်းကို အပြည့်အဝ ကျော်လွန်နေပြီဖြစ်သည်။ မူလမြေတွင် အချိန်အတန်ကြာနေထိုင်ခဲ့ပြီးနောက် ဤမျှ ထူးခြားဆန်းကြယ်သော သတ္တဝါကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။

“ဘမ်း

ရုတ်တရက် အလယ်ပိုင်းနယ်မြေမှ ကျယ်လောင်သော ဆူညံသံတစ်ခုထွက်ပေါ်လာကာ မရေမတွက်နိုင်လောက်အောင် သေးငယ်သော အကွဲအပြဲများနှင့်အတူ လေထုက ကွဲကြေသွားသည်။ ပေါက်ကွဲသံအဆုံးတွင် အနက်ရောင်ဖီးနစ်က အလယ်ပိုင်းနယ်မြေရှိ ကောင်းကင်ယံ၌ ပေါ်ထွက်နေသည့် ဧရာမသစ်ပင်ကြီးကို ကြောက်ရွံ့ထိတ်လန့်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ဧရာမသစ်ပင်ကြီးက သစ်သားနတ်ဘုရားဖြစ်နေခြင်းကြောင့် အံ့သြထိတ်လန့်နေခြင်းမဟုတ်ဘဲ အချိန်မတိုင်မီနိုးထလာသောကြောင့်ပင်ဖြစ်သည်။

"သစ်သားနတ်ဘုရားက ဘာလို့ အစောကြီး နိုးလာတာလဲ”

"တစ်ခုခုဖြစ်ပြီလား”

“မီးနတ်ဘုရားရော အချိန်မတိုင်ခင် နိုးထလာမှာလား”

အနက်ရောင်ဖီးနစ်သည် အလယ်ပိုင်းနယ်မြေရှိ ဧရာမသစ်ပင်ကြီးကိုကြည့်ကာ စိတ်ထဲတွင် အတွေးမျိုးစုံထွက်ပေါ်လျက်ရှိသည်။

သူမ အတွေးထဲတွင် နစ်မွန်းနေချိန်တွင်

ဝှစ်

လေထဲ၌ စူးရှသောအသံတစ်ခုက သူမနောက်မှ ထွက်ပေါ်လာသည်။

အနီးနားရှိ လေထုသည် ကမောက်ကမ ဖြစ်သွားသည်။

သူမ၏နောက်ဘက်မှ အသံကိုကြားသောအခါ အနက်ရောင်ဖီးနစ်၏ မျက်နှာက သိသိသာသာပြောင်းလဲသွားကာ ထိတ်လန့်တကြားဖြစ်သွားသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

သူ ဘယ်လို လိုက်နိုင်မှာလဲ

ငါ့ပျံသန်းမှု အမြန်နှုန်းက မူလမြေက အားလုံးရဲ့အမြင့်ဆုံးအဆင့်မှာရှိတယ်’

ဘာဖြစ်နေတာလဲ

ဝှစ်

ဝှစ်

ဝှစ်

လေခွင်းသံများ နီးကပ်လာသည်နှင့်အမျှ လင်းဇီချန်သည် အနက်ရောင်ဖီးနစ်နှင့် တစ်ကီလိုမီတာအကွာသာလိုတော့သည်။

ဤအကွာအဝေးသည် ပစ်မှတ်ကို လက်သီးဖြင့်ထိုးရန် လုံလောက်သည်။ သို့သော် တစ်ချက်တည်းထိုးသတ်ခြင်းသေချာစေရန် လင်းဇီချန်က ယခု မတိုက်ခိုက်သေးရန်ရွေးချယ်ခဲ့သည်။

၉၀၀ မီတာ။

၈၀၀ မီတာ။

၇၀၀ မီတာ

၆၀၀ မီတာ

၅၀၀ မီတာ

၎င်းတို့ကြားရှိ အကွာအဝေးက မီတာ ငါးရာသာရှိတော့သည်။ လင်းဇီချန်သည် သူ့ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအင်များကို စတင်စုဆောင်းကာ ညာဘက်လက်သီးကို အမြန်မြှောက်လိုက်သည်။

မျက်တောင်တစ်ခါခတ်စာအချိန် အတွင်းမှာပင် သူ၏ ညာလက်သီးမှ ကြီးမားသော သွေးစွမ်းအင်များပျံ့နှံ့သွားသည်။

လေထုတစ်ခုလုံးပွက်ပွက်ဆူလာသည်။ အနက်ရောင်ဖီးနစ်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးနေဆဲဖြစ်ကာ လွှမ်းခြုံလာသည့် သွေးစွမ်းအင်များကို ခံစားရလျက် သူမ၏ မျက်နှာဖြူဖျော့သွားသည်အထိ ထိတ်လန့်သွားသည်။ ဤသွေးစွမ်းအား၏ ပြင်းထန်မှုက အလွန်ကြီးမားလွန်းလှသည်ဖြစ်ရာ ဒဏ္ဍာရီ ဒုတိယအဆင့်ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူမကိုယ်တိုင်သည်လည်း ဒဏ္ဍာရီအဆင့် ဒုတိယအဆင့်၌သာရှိ၍ ဤမျှ များပြားသော သွေးစွမ်းအားကို မခံနိုင်ပေ။

သူမသာ လင်းဇီချန်ထံမှ လက်သီးတစ်ချက်ဖြင့် ထိမှန်လျှင် သူမသည် ကောင်းကင်ခြင်္သေ့ကဲ့သို့ အဆုံးသတ်ရမည်မှာ အသေအချာပင်ဖြစ်သည်။ သူမ၏ ကိုယ်ခန္ဓာသည် သွေးအခိုးအငွေ့များ အဖြစ် ပေါက်ကွဲသွားကာ သူမ၏ ဝိညာဉ်စွမ်းအားသည် ဘာမှမကျန်တော့ဘဲ သူမ၏ ဝိညာဉ်ကို ဝါးမြိုသွားလိမ့်မည်ဖြစ်ကြောင်း သူမ ကြိုသိနိုင်ခဲ့သည်။

ဤအတွေးဖြင့် သူမသည် တခဏမျှ တုံ့ဆိုင်းမနေဝံ့ဘဲ ခုခံမှုကို စွန့်လွှတ်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။

သူမ လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်းသိသောကြောင့် ရိုးရှင်းစွာရပ်လိုက်သည်။ ထို့နောက်

အနက်ရောင်နန်းတော်ဝတ်စုံကို ၀တ်ဆင်ထားသော လှပသော အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ အသွင်အပြင်သည်လည်း အလွန်အမင်းဆွဲဆောင်မှုရှိလွန်းလှသည်။

သူမ၏ကိုယ်လုံးကိုယ်ထည်သည် ကျော့ရှင်းကာ တခိုက်ခိုက်တုန်နေသော်လည်း ပြီးပြည့်စုံစွာဖွဲ့စည်းထားသော အဖုအဖောင်း၊ အကောက်အကွေ့များက ဆွဲဆောင်မှုရှိလှသည်။

“ကျွန်မအသက်ကို ချမ်းသာပေးပါ”

"ကျွန်မ ရှင့်ရဲ့ ကျွန်မလေးဖြစ်ချင်ပါတယ်”

“ရှင့်အမိန့်အောက်မှာ…”

အနက်ရောင်ဖီးနစ်သည် ယခုအခါ လှပသော အမျိုးသမီးတစ်ဦးအသွင်ဖြင့် လှည့်ကြည့်ကာ လင်းဇီချန်ကို မျက်နှာမူကာ အော်ဟစ်လိုက်သည်။ သူမ၏ အသံသည် လေးနက်သည်။ စကားပြောနေစဉ်တွင် သူမသည် လင်းဇီချန်ကို သွေးဆောင်ရန်ကြိုးစားကာ သူမ၏ အထင်ကြီးလောက်သော ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြရန် မမေ့ခဲ့ပေ။ သူမသည် မီးနတ်ဘုရား၏ မျိုးရိုးနှင့် သဘာဝအတိုင်း မြင့်မြတ်သော အဆင့်အတန်းရှိသည့် အနက်ရောင်ဖီးနစ်တစ်ကောင်ဖြစ်သည်။ ကမ္ဘာမြေသား၏ ကျွန်မတစ်ယောက်ဖြစ်လိုစိတ်ကို ပြသခဲ့လျှင် ကမ္ဘာမြေသားက မည်သို့မျှ ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု သူမထင်ခဲ့သည်။

ဤသည်ကို သူမ သေချာပေါက်တွေးထားသောအခိုက်တွင် …

ဝှစ်

စူးရှသော လေခွင်းသံတစ်ခုနှင့်အတူ လင်းဇီချန်သည် အနက်ရောင်ဖီးနစ်ရှေ့၌ ပေါ်လာကာ သွေးစွမ်းအင်အပြည့်လက်သီးချက်ဖြင့် သူမ၏ လူသားပုံစံကို ရက်ရက်စက်စက်ထိုးနှက်လိုက်သည်။ အနက်ရောင်ဖီးနစ်က လင်းဇီချန်သည် အလွန်သနားညှာတာမှုကင်းစွာဖြင့် ထိုးနှက်မည်ဟု မမျှော်လင့်ထားသဖြင့် အလွန်အမင်း အံ့သြကြောက်လန့်နေသည်။

ဘမ်း

မကြာမီ၌ပင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ဒဏ္ဍာရီအဆင့် အနက်ရောင် ဖီးနစ်သည် သူမ၏ ဝိညာဉ်နှင့်အတူ သွေးနီရောင်အမှုန်အမွှားများအဖြစ်သို့ ကြေမွသွားသည်။ သူမ၏ အသားကို ပြန်လည်ဖန်တီးနိုင်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။

ဤသို့ဖြင့် သူမ ကျရှုံးသွားသည်။ မသေချင်အချိန်အထိတိုင် အနက်ရောင်ဖီးနစ်သည် မြင့်မြတ်သူအဆင့်ကမ္ဘာမြေသားက မည်ကဲ့သို့ မူလမြေမှ သက်ရှိတစ်ဦးကို အနိုင်ယူနိုင်ခဲ့သည်ကို နားမလည်နိုင်သေးပေ။

...

မြို့၏အထက်ကောင်းကင်၌။

ယဲ့ရုန်ရှန်းသည် စိတ်ပျက်အားငယ်နေသော မြို့ခေါင်းဆောင်အုပ်စုနှင့် ထိပ်တိုက်တွေ့နေဆဲဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် လေထုသည် အကြိမ်ကြိမ်အခါခါ အက်ကွဲခဲ့ရသည်။

ထို့နောက် ရုတ်တရက်

ဘမ်း

မြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော အန္တရာယ်ဇုန်တွင် ကြောက်မက်ဖွယ်ရာ ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ရုန်ရှန်းနှင့် မြို့တွင်းရှိ ခေါင်းဆောင်များ အားလုံး ထိတ်လန့်တုန်လှုပ်သွားကာ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့မျက်စိရှေ့တွင် ပေါ်လာသည်မှာ အန္တရာယ်ရှိသော ဧရိယာမှ ပြင်းထန်သော သွေးစွမ်းအားများ ထွက်ပေါ်လာပြီး အန္တရာယ်ရှိသော ဧရိယာအထက် ကောင်းကင်ယံ၌ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူတစ်ဦး ကျဆုံးသွားသည့်အရိပ်အယောင်များပေါ်လာသည်။ ယဲ့ရုန်ရှန်းဖြစ်စေ၊ မြို့တွင်းခေါင်းဆောင်များဖြစ်စေ အားလုံးက အန္တာရာယ်ဇုန်အထက်ကောင်းကင်မှ ပြောင်းလဲမှုကိုမြင်လိုက်ရသောအခါ ၎င်းတို့၏ ပထမဆုံးအတွေးက အနက်ရောင်ဖီးနစ်ကျရှုံးသွားခြင်းပင်ဖြစ်သည်။ အစောက ကျရှုံးသွားခဲ့သည့် အတောင်ရှစ်တောင် ခြင်္သေ့ကဲ့သို့ပင် ၎င်းသည်လည်း လင်းဇီချန်၏ လက်ထဲတွင် သေဆုံးသွားခြင်းဖြစ်သည်။ ထို့နောက်တွင် ဝိဉာဥ်ရေးစွမ်းအားအချို့လွှတ်၍ စုံစမ်းကြည့်ပြီးနောက် ယင်းမှာ ၎င်းတို့ထင်ထားသည့်အတိုင်းပင်၊ ကျဆုံးခဲ့သည်မှာ အနက်ရောင်ဖီးနစ်ဖြစ်သည်။ ၎င်း လင်းဇီချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရာ သဲလွန်စပင် မကျန်ခဲ့ပေ။ ကြက်သွေးရောင် သွေးအမှုန်အမွှားများသာ ကျန်ရှိတော့သည်။

“အဲ့တာ မီးနတ်ဘုရားရဲ့ မျိုးဆက်ပဲ။ ဒဏ္ဍာရီဒုတိယအဆင့်မှာရှိတာ ဘယ်လိုလုပ် လင်းဇီချန်ရဲ့ လက်ထဲ သေသွားတာလဲ… ဘာတွေဖြစ်ကုန်ပြီလဲ”

ယဲ့ရုန်ရှန်းသည် မိုင်ပေါင်းများစွာဝေးသော အန္တရာယ်ရှိသောနေရာကို တိတ်တဆိတ် ငေးကြည့်ရင်း သူ့မျက်နှာတွင် သံသယများ၊ စိတ်ရှုပ်ထွေးမှုများနှင့် ကြောက်လန့်မှုတို့ပါဝင်နေသည်။ လင်းဇီချန်၏ ခွန်အားက မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် နားလည်၍ မရနိုင်ပေ။ယဲ့ရုန်ရှန်းသည် လင်းဇီချန်ဆီ၌ အမည်မသိ ရှေးဟောင်းအမွေအနှစ်တချို့ရှိနေသည်ဟု သံသယဝင်မိကာ စွမ်းအားကြီးသော နတ်ဘုရားငါးပါးကဲ့သို့ ရှေးကျသော ဖြစ်တည်မှုတစ်ခုခုက ကျောထောက်နောက်ခံပြုထားနိုင်သည်။ မဟုတ်ပါက လင်းဇီချန်၏ အံ့အားသင့်ဖွယ်တိုက်ခိုက်ရေးစွမ်းအားကို ရှင်းပြန်ရန် အမှန်တကယ် မဖြစ်နိုင်ပေ။

...

မြို့တွင်းရှိ ခေါင်းဆောင်များသည်လည်း တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေပြီး အန္တရာယ်ရှိသော ဧရိယာရှိ ပြောင်းလဲသွားသည့် မြင်ကွင်းဆီသို့ တညီတညွတ်တည်း လှည့်ကြည့်ကာ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နေသည်။ လင်းဇီချန်သည် မကြုံစဖူးသော ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ ပါရမီရှင် တစ်ဦးဖြစ်သည်။ r

မူလမြေမှရောက်ရှိလာပြီး တစ်နှစ်မပြည့်မီတွင် သခင်အဆင့်သတ္တဝါအဖြစ် ဆင့်ကဲပြောင်းလဲခဲ့ပြီးနောက် ဂြိုလ်လူသားအဆင့်ပါရမီရှင်တစ်ဖွဲ့လုံးကို ချေမှုန်းပစ်ခဲ့၍ နည်းပြဖြစ်သူ လန်ထျန်ပိုင်ပင်လျှင် သူ့ကို မယှဥ်နိုင်ပေ။ ထို့အပြင် သူ့တွင် မယုံနိုင်လောက်အောင် ထူးခြားသော စွမ်းရည်များရှိသည်။

သူသည် အပင်များကို ထိန်းချုပ်နိုင်သည်။

မြေကြီးထဲ ကျွင်းတူးနိုင်သည်။

သူ၏ အဆင့်ကို လုံးဝ ဖုံးကွယ်ထားနိုင်သည် ။

သွေးမျိုးဆက် စွမ်းရည်များနှင့် ပတ်သက်၍၊ သူသည် မျိုးဗီဇပေါင်းစပ်ထားသူများထက်ပင် ပို၍ အစွမ်းထက်သည်။

သို့သော်လည်း ယနေ့တွင် လင်းဇီချန်၏ စွမ်းပကားသည် ၎င်း၏ယခင်စွမ်းဆောင်ရည်ကို ကျော်လွန်သွားခဲ့သည်။ မြင့်မြတ်သူအဆင့် သတ္တဝါတစ်ကောင်ကို သတ်ရန်မှာ ပုရွက်ဆိတ်များကို ချေမှုန်းရန် လွယ်ကူသလောက် ရိုးရှင်းပေသည်။ ပထမဆုံးအနေဖြင့် အတောင်ရှစ်တောင် ကောင်းကင်ခြင်္သေ့နှင့် ဒဏ္ဍာရီအဆင့် အနက်ရောင်ဖီးနစ်တို့ကို တစ်ကြိမ်သာ သတ်ဖြတ်ခြင်းကိုလည်း ပြုလုပ်ခဲ့သည်။

ကောလိပ်ကျောင်းသားအရွယ်ရှိသေးသော ဤကမ္ဘာမြေသားတွင် ဤကဲ့သို့သောအစွမ်းသတ္တိများပေါ်လာသည်မှာ ရိုးရိုးရှင်းရှင်းပင် စိတ်ကူးမယဉ်နိုင်ဖွယ်ကောင်းလှသည်။

ဒီ လင်းဇီချန်... သူ့မှာ မသိသေးတဲ့ တန်ခိုးကြီးတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ရှိသလား။

မြို့တော်ရှိခေါင်းဆောင်များသည် ယဲ့ရုန်ရှန်းကဲ့သို့ပင် အတွေးများဝင်လာကြသည်။ လင်းဇီချန်၏ အစွမ်းအစကြောင့် အားလုံးက တူညီသော ဖြေရှင်းချက်များကို တွေးခဲ့ကြသည်။ ဤရှင်းလင်းချက်မှလွဲ၍ အခြားဖြစ်နိုင်လောက်သော အကြောင်းပြချက်ကို ၎င်းတို့ ရှာမတွေ့နိုင်ပေ။ ဤလောက၌ အကြောင်းပြချက်မရှိဘဲ ခွန်အားမရှိ၊ အကြောင်းမရှိသော ပါရမီလည်း မရှိပေ။

ပါရမီရှင်တိုင်းသည် ၎င်း၏အမြစ်များကို ပြန်ခြေရာခံပါက၊ လျှို့ဝှက်ဆန်းကြယ်သော ရှေးခေတ်သွေးမျိုးဆက်အချို့နှင့် ဆက်စပ်မှုရှိနိုင်သည်။

ကောင်းကင်ခြင်္သေ့၏ စွမ်းအားသည် ၎င်း၏ဖခင် ညဘုရင်၏ အသွေးအသားမှ ဆင်းသက်လာသည်။ အနက်ရောင်ဖီးနစ်၏ စွမ်းအားသည် ၎င်း၏ဘိုးဘေးများဖြစ်သော မီးနတ်ဘုရား၏ အသွေးအသားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ပင်လယ်နတ်ဘုရား၏ စွမ်းပကားသည် ၎င်း၏ သခင် ရေနတ်ဘုရားဆီမှ ဆင်းသက်လာသည်။

အထက်ဖော်ပြပါ ပုံစံများကို အခြေခံ၍ လင်းဇီချန်သည် ထိုကဲ့သို့သော ငယ်ရွယ်စဉ်တွင် ရှေးဟောင်းအမွေအနှစ်အချို့၏ ပံ့ပိုးမှုဖြင့်သာ အလွန်တန်ခိုးကြီးနိုင်သည်။

```

မြို့၏ခေါင်းဆောင် ယဲ့ရုန်ရှန်းနှင့် အခြားအင်အားကြီးပုဂ္ဂိုလ်များနှင့်အတူ အားလုံးက ဒါကို တညီတညွတ်တည်း ယုံကြည်ခဲ့ကြသည်။

အလယ်ပိုင်းနယ်မြေကောင်းကင်ယံထွက်တွင် မရေမတွက်နိုင်အောင်များပြားလှသော စပျစ်နွယ်ပင်များသည် ကောင်းကင်ပြင်သို့ လွင့်ပျံလာပြီး ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်ထားသည်။

များပြားလှသော အဆိပ်အတောက်ဖြစ်စေသော ဝတ်မှုန်များသည် လေထုအတွင်း ပျံ့နှံ့သွားသည်။

ထူထပ်သော သစ်ကိုင်းများနှင့် သစ်ရွက်များသည် ကောင်းကင်ကို ဖုံးလွှမ်းကာ အလယ်ပိုင်းနယ်မြေတစ်ခုလုံးသို့ အေးစက်သော အရိပ်တစ်ခုအဖြစ်သို့ ကျဆင်းသွားခဲ့သည်။

ချီချင်းမော့၊ ပင်လယ်နတ်ဘုရား၊ စုမေ့ရှောင်း၊ လီလောင်၊ ရွှမ်ယွမ်ဝမ်ယွီနှင့် စစ်မာရွှမ်တို့သည်

ဤဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ ခြောက်ဦးတို့သည် ယခု အရိပ်ထဲတွင် ပိတ်မိနေပြီး မလွတ်မြောက်နိုင်ပေ။ အများအားဖြင့် ပြိုင်ဘက်ကင်းသူများသည် ယခုအခါတွင် သစ်သားနတ်ဘုရား၏ စွမ်းအားကြီးသော တိုက်ခိုက်မှုများအောက်၌ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ပေ။ သစ်သားနတ်ဘုရား၏ အဆင့်က ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများထက် ကျော်လွန်သွားခဲ့သည်။

ထိုခြောက်ဦးသည် ရှေးဘိုးဘေးအဆင့်၌ ရှိသည်ဆိုရုံသာဖြစ်၍ ၎င်းတို့က ပူးပေါင်းကာ အစွမ်းကုန်တိုက်ခိုက်ကြလျှင်ပင် အောင်နိုင်နိုင်ခြေအနည်းအကျဥ်းမျှမရှိပေ။

“ဒါအဆင်ပြေမှာမဟုတ်ဘူး။ ငါတို့ ဆက်လုပ်ရင် ဒီမှာ ကျရှုံးသွားလိမ့်မယ်”

စုမေ့ရှောင်းက မျက်မှောင်ကြုတ်၍ အော်ပြောသည်။

“ငါတို့ လွတ်လမ်းရှာရမယ်။ မဟုတ်ရင် အချည်းအနှီးပဲ”

“ဒါကို ငါတို့ အားလုံးသိပါတယ်။ ဒါပေမယ့် ဒီအရိပ်ကနေ ဘယ်လိုလွတ်မြောက်နိုင်ကြမလဲဆိုတာပဲ” ရွှမ်ယွမ်ဝမ်ယွီက မေးသည်။

သူမ၏ လေသံမှာ အလွန်ပင် စိတ်မရှည်လှပေ။

စုမေ့ရှောင်း၏ မျက်နှာများသော သဘောသဘာဝကိုသူမသိသောကြောင့် သေမျိုးလောက၏ ဇနီးသဘ် ကျင့်ဝတ်ကို မလိုက်နာသော မြေခွေးမ စုမေ့ရှောင်းကို အလွန်ရွံရှာလျက်ရှိသည်။

"ဗွမ်း--!"

ရုတ်တရက် ကောင်းကင်၌ တောင်ပိုင်းနယ်မြေဘက်မှ ကြီးမားသောအသံတစ်ခု ထွက်ပေါ်လာသည်။

အရိပ်အတွင်းမှ သက်ရှိသတ္တဝါအားလုံးတို့သည် တောင်ပိုင်းနယ်မြေအပေါ်မှ ကောင်းကင်ဆီသို့ တညီတညွတ်တည်း မျှော်ကြည့်နေကြသည်။ ၎င်းတို့အနက်မှ သွေးသန့်လူသားလမ်းစဥ်ကိုလျှောက်သော ချီချင်းမော့သည် ထိုနေရာမှ ထွက်ပေါ်လာသော သွေးစွမ်းအားကို ပထမဆုံး သိရှိသူဖြစ်သည်။

အရမ်းရင်းနှီးတဲ့ ခံစားချက်ပဲ။

ဒါ ငါမကြာခဏ စုပ်ယူခဲ့တဲ့ သွေးစွမ်းအားပဲ။

ဒါ လင်းဇီချန်ရဲ့ သွေးစွမ်းအား

ဘာတွေဖြစ်နေတာလဲ

သူ့ရဲ့ သွေးစွမ်းအားက ဘယ်လောက်တောင် သန်စွမ်းနိုင်မှာလဲ

ချီချင်းမော့သည် လင်းဇီချန်၏ သွေးစွမ်းအားကောင်းမှုကို ခံစားမိ၍ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမ၏ နှလုံးသားထဲတွင် အတန်ငယ် အံ့သြသွားရသည်။

လင်းဇီချန်သည် ယခင်ကကဲ့သို့ အံ့အားသင့်စရာ ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်ရှိ၍ သန်မာကြောင်း သူမသိသည်။

သို့သော် ဤမျှမြင့်မားသော ဆင့်ကဲပြောင်းလဲခြင်းပါရမီဖြင့်ပင်၊ ဒဏ္ဍာရီအဆင့်သတ္တဝါကို သတ်နိုင်သည့်အတိုင်းအတာအထိ အချိန်တိုတိုအတွင်း တိုးတက်ပြောင်းလဲရန် မဖြစ်နိုင်ပေ။

ဒီလူငယ်လေးဘာတွေဆက်ဖြစ်နေတာလဲ။

ချီချင်းမော့သည် ဤအကြောင်းကို အလွန်သိချင်ကာ အဖြေကို သိချင်လှသည်။

သူမ သိချင်နေချိန်

မြင့်မားသောသစ်ပင်အဖြစ်ပြောင်းလဲခဲ့သော သစ်သားနတ်ဘုရားသည် တောင်ပိုင်းနယ်မြေဆီသို့ လှမ်းကြည့်၍ ပြောလိုက်သည်။

“မဟူရာချောက်နက်ရဲ့ ကလေးလည်း မွေးပြီ”

...

တောင်ပိုင်းနယ်မြေ အထက်ကောင်းကင်။

လင်းဇီချန်သည် အနက်ရောင်ဖီးနစ်ကို အောင်မြင်စွာ သတ်လိုက်ပြီးနောက် အတွေးတစ်ခုဖြင့် ပတ်ဝန်းကျင်ရှိ သွေးအမှုန်အမွှားများကို စုစည်းကာ သူ့လက်ထဲတွင် ငြိမ်သက်စွာ စီးဆင်းနေသော ထူထပ်သော သွေးစက်ကြီးတစ်ခုအဖြစ် ဖန်တီးလိုက်သည်။

[သင်သည် "အနက်ရောင်မီးဖီးနစ်"၏ အသက်စွမ်းအင်ကို ဝါးမြိုကာ သွေးမျိုးဆက်စွမ်းအား ‘မီးတောက်များအတွင်း ပြန်လည်ဖွားမြင်ခြင်း” ကို ရရှိခဲ့ပါသည်]

[မီးတောက်များအတွင်း ပြန်လည်မွေးဖွားခြင်း- မီးတောက်နေသောပတ်ဝန်းကျင်တွင် သင်သည် အကန့်အသတ်မရှိ ရှင်ပြန်ထမြောက်နိုင်သည်]

[သင်သည် အနက်ရောင်ဖီးနစ်မှ မူလစွမ်းအားများစွာကို ဝါးမြိုခဲ့ပြီး ၎င်းကို သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားအဖြစ်သို့ ပြောင်းလဲလိုက်သည်]

All Chapters