လက်ရှစ်ဘက်နတ်ဆိုးမျောက်ဝံကို သတ်ခြင်း
Vol. 34 Ch. 506
သူ၏စိတ်ခံစားမှုများကို တည်ငြိမ်စေရန် လင်းဇီချန်သည် သူရရှိထားသည့် သွေးမျိုးဆက်စွမ်းအားကိုသာ အာရုံစိုက်ခဲ့သည်။
[မီးတောက်များအတွင်း ပြန်လည်မွေးဖွားခြင်း- မီးပတ်ဝန်းကျင်တွင် သင်သည် ရက်အကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်သည်။]
မီးပတ်ဝန်းကျင်မှာ အကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်တာလား။
ငါ့မှာ မီးစတင်ဖို့ [မီးမှုတ်ထုတ်ခြင်း] သွေးစွမ်းအားရှိတာပဲဆိုတော့ ယဲ့ရုန်ရှန်းနဲ့ လာမယ့်တိုက်ပွဲမှာ ငါ စစ်မြေပြင်ကို မီးတောက်လောကအဖြစ်ပြောင်းပြီး ငါ့နယ်မြေဖြစ်အောင်လုပ်ရမယ်။
မကြာမီ၌ပင် လင်းဇီချန်၏ ပုံရိပ်က ဖျတ်ခနဲပျောက်ကွယ်သွားကာ မြို့ထဲသို့ အရှိန်အဟုန်ဖြင့် ပြန်လာခဲ့သည်။ မိုင်ဆယ်ချီဝေးသော အကွာအဝေးသည် သူ့အတွက် မျက်စိတစ်မှိတ်စာထက်မပိုပေ။
နောက်တစ်စက္ကန့်တွင် သူသည် မြို့၏အထက်ကောင်းကင်၌ ပေါ်လာသည်။ ထိုအချိန်၌ ယဲ့ရုန်ရှန်းသည် မြို့တွင်းရှိခေါင်းဆောင်များနှင့် အပြင်းအထန်တိုက်ပွဲဝင်နေဆဲဖြစ်ရာ နှစ်ဖက်စလုံးက အညီအမျှ တိုက်ခိုက်နေကြသောကြောင့် အောင်နိုင်သူကို ဆုံးဖြတ်ရန် ခက်ခဲစေသည်။
မြို့တွင်း၌မူ လုံးလုံးလျားလျားရှုပ်ထွေးနေသည်။ ကမ္ဘာမြေသားများဘက်နှင့် မူလမြေဘက်တွင် အဆုံးမဲ့ထိပ်တိုက်တွေ့ကာ တိုက်ပွဲသံများနှင့် အော်ဟစ်သံများက နားထဲတွင် အဆုံးမဲ့မြည်ဟည်းနေသည်။
ယေဘုယျအားဖြင့် ကမ္ဘာမြေသားများဘက်တွင် အားနည်းချက်ရှိသည်။ အကြောင်းအရင်းမှာ တူညီသော သွေးမျိုးဆက်စွမ်းအားအဆင့်တွင် ကမ္ဘာမြေသား၏ ကာယကြံ့ခိုင်မှုသည် ဂြိုလ်သားမျိုးနွယ်စုများ မယှဥ်နိုင်သောကြောင့်ပင်ဖြစ်သည်။
“ဝှစ်”
လေထဲတွင် စူးရှသော လေပြိုကွဲသံများထွက်ပေါ်လာသည်။
တိုက်ပွဲအခြေအနေကို စူးစမ်းလေ့လာပြီးနောက် လင်းဇီချန်သည် သူ၏ သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားတစ်ခုလုံးကို ချက်ချင်းထုတ်လွှတ်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် မြို့တွင်းရှိ စစ်မြေပြင်သို့ ဒုံးကျည်တစ်စင်းနှယ်ပျံသန်းလာသည်။
...
မြို့တွင်း၌ လော့ချန်းရွှယ်၊ ကျောက်ချင်ရှန်း၊ ကျန်းထောင်းနှင့် အခြားသော ဂြိုလ်လူသားအဆင့် ပါရမီရှင် အများအပြားသည် နည်းပြဖြစ်သူ လန်ထျန်ပိုင်၏ ဦးဆောင်မှုအောက်၌ သခင်အဆင့် နဝမအဆင့်ရှိသော လက်ရှစ်ဘက်ပါသည့် မျောက်ဝံတစ်ကောင်ကို တိုက်ခိုက်နေကြသည်။ ဂြိုလ်လူသားအဆင့် ပါရမီရှင်များစွာရှိသော်လည်း လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံကို တိုက်ခိုက်ရာတွင် ၁၆ ဦးအထိ ပါဝင်ခဲ့သည်။
သို့သော်လည်း လက်နက်ကိုင်ရှစ်ခုသော နတ်ဆိုးမျောက်ဝံ၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် ၎င်းသည် ဉာဏ်ကြီးရှင်အုပ်စုအား အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ အပြည့်အဝ ချေမှုန်းနိုင်ခဲ့သည်။ ၎င်းက နေရာတိုင်းသို့ နွားတစ်ကောင်နှယ် ချီတက်လျက်ရှိရာ ပါရမီရှင်များအားလုံးကို ခက်ခဲစေသည်။
“ချန်းရွှယ် မြန်မြန်လုပ် အဲ့တာကို ခဲပစ်လိုက်”
အရှိန်ပြင်းသော ထရပ်ကားကဲ့သို့ ချီတက်လာသည့် လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံကို မြင်လိုက်ရသောအခါ လန်ထျန်ပိုင်သည် လော့ချန်းရွှယ်ကို ချက်ချင်း အော်ပြောလိုက်သည်။ လော့ချန်းရွှယ်သည် နှုတ်ဖြင့် မတုံ့ပြန်ဘဲ သူမ၏ ဝိဉာဥ်စွမ်းအားကို တိတ်တဆိတ်ထုတ်လွှတ်လိုက်ရာ များပြားသော ကြည်လင်သော အပြာရောင် နှင်းမှုန်များ ထုတ်လွှတ်ကာ သူမရှေ့သို့ ချီတက်လာသည့် လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံကို အေးခဲသွားစေရန် အစွမ်းကုန် လုပ်ဆောင်လျက်ရှိသည်။
တခဏအတွင်း အေးခဲနေသော နှင်းမြူများသည် ဟာရီကိန်းကဲ့သို့ လက်ရှစ်ဘက်ပါသည့် နတ်ဆိုးမျောက်ဝံထံဦးတည်သွားသည်။ နှင်းမြူမှုန်များဖြတ်သွားရာနေရာတိုင်းတွင် ရေခဲလွှာတစ်ခု ချက်ချင်းဖြစ်ပေါ်လာကာ ထို့နောက် မိုးသီးမုန်တိုင်းတစ်ခုက ကောင်းကင်မှ ပြိုလဲကျကာ မြေပြင်သို့ထိသောအခါ အက်ကွဲသံများထွက်ပေါ်လာစေခဲ့သည်။ မကြာမီ၌ပင် လျင်မြန်စွာ ချီတက်လာသည့် လက်ရှစ်ဖက် နတ်ဆိုးမျောက်ဝံသည် နှင်းခဲအခိုးအငွေ့များနှင့် ထိမှန်သွားသည်။
နှင်းခဲ၏ အခိုးအငွေ့အောက်တွင် မျက်စိတစ်မှိတ်အတွင်း ကြီးမားလှသည့် လက်ရှစ်ဖက်ပါသော နတ်ဆိုးမျောက်ဝံ၏ ခန္ဓာကိုယ်အား ရေခဲလွှာအပြည့်ဖြင့် အုပ်လျက် မလှုပ်မယှက်နိုင်တော့သည့် ရေခဲရုပ်တုတစ်ခုဖြစ်လာသည်။
ထိုစဥ် လူတိုင်း သက်ပြင်းချလိုက်ကြသောအခိုက်၌
ပြင်းထန်စွာ ကွဲအက်သွားသည့် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံကို ဖုံးအုပ်ထားသည့် ရေခဲများသည် ကွဲကြေနေသော ဖန်ကွဲစများကဲ့သို့ ကွဲအက်ကာ အပြင်ဘက်သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်နေသည်။ အနီးဆုံးနေရာရှိ ဂြိုလ်လူသားကျွမ်းကျင်သူများက ရှောင်တိမ်းရန် အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ကြဘဲ ၎င်းတို့၏ ခန္ဓာကိုယ်များကို ချွန်ထက်သော ရေခဲတုံးများဖြင့် တိုက်ရိုက်ထိုးဖောက်ကာ သွေးများ အဆက်မပြတ် ထွက်ကျလာလျက် ထိတ်လန့်တုန်လှုပ်ဖွယ် ဒဏ်ရာများကို ဖြစ်ပေါ်လာစေခဲ့သည်။
“ချန်းရွှယ် နောက်တစ်ကြိမ် ထပ်ခဲအောင်လုပ်လိုက်”
လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံသည် ရေခဲပြင်ထဲမှ လွတ်မြောက်လာသည်ကို မြင်လိုက်ရသဖြင့် လန်ထျန်ပိုင်သည် ချက်ချင်းပင် လော့ချန်းရွှယ်ကို ထပ်မံအော်လိုက်သည်။ လော့ချန်းရွှယ်သည် ထုံးစစံအတိုင်း အသံမထွက်ဘဲ သူမ၏ ဝိဉာဥ်စွမ်းအားကို တိတ်တဆိတ် ထုတ်လွှတ်ကာ လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံ မလှုပ်နိုင်စေရန် အေးစက်သော နှင်းမြူများ ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။
သို့သော် နှင်းမြူမှုန်များ ဖြစ်ပေါ်လာသည်နှင့်အမျှ လော့ချန်းရွှယ်သည် အတန်ငယ်မူးဝေသွားကကာ အသိစိတ်က အနည်းငယ် ရှုပ်ထွေးလာသည်။ ထို့ကြောင့် သူမသည် နှင်းမြူများကို မထုတ်လုပ်နိုင်ခဲ့ဘဲ လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံ၏ လှုပ်ရှားမှုများကို ကန့်သတ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံနှင့် ပြင်းထန်သော တိုက်ပွဲအတွင်း သူမ၏ စွမ်းအားအသုံးပြုမှုက အလွန်မြင့်မား၍ သူမ၏ ခန္ဓာကိုယ်မှ ဝိဉာဥ်စွမ်းအားများ ကုန်ဆုံးလုနီးပါးရှိနေပြီဖြစ်သဖြင့် နှင်းမြူအမြောက်အမြားကို ချက်ချင်း မထုတ်လုပ်နိုင်ခဲ့ပေ။
လန်ထျန်ပိုင်သည် လော့ချန်းရွှယ်က မိမိကိုယ်မိမိ အလွန်အကျူးဖိအားပေးနေသည်ကို သတိပြုမိသော်လည်း စိုးရိမ်ခြင်း အမြောက်အမြားမရှိဘဲ ရိုးရှင်းစွာ အော်ငေါက်လိုက်သည်။
“ချန်းရွှယ် မင်းရဲ့ အနှစ်သာရသွေးကို မြန်မြန်စတေးလိုက်။ ကျန်သေးတဲ့ ဝိဉာဥ်စွမ်းအားကို ပို ခိုင်ခံစေပြီး လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံကို ရေခဲထဲ အပြည့် ထည့်ထား”
လော့ချန်းရွှယ်ကို အော်ပြောပြီးနောက် လန်ထျန်ပိုင်က အခြားသူများကို ချက်ချင်း အော်လိုက်ပြန်သည်။
“အခြားလူတွေအားလုံးလည်း မြန်မြန် အနစ်သာရသွေးကို စစေတးပြီး ခွန်အားကို အမြန်မြှင့်လိုက်ကြ။ မင်းတို့ရဲ့ အလားအလာကို ထိခိုက်မိမှာ မစိုးရိမ်ကြနဲ့”
အနှစ်သာရသွေးသည် အလားအလာကို ပျက်စီးစေကာ ပင်ကိုယ်စွမ်းရည်ကို ဖျက်ဆီးနိုင်သော်လည်း လက်ရှိအခြေအနေတွင် ကျည်ဆံကို ကိုက်၍ပင် ဖျက်စီးလျှင် ဖျက်စီဂရမည်ဖြစ်သည်။ ဤသို့မျှမဟုတ်ပါက အဖွဲ့ထဲမှလူတိုင်းက မကြာခင်တွင် ရောက်လာမည့် လက်ခြောက်ဘက် နတ်ဆိုးမျောက်ဝံ၏ လက်ထဲတွင် သေသွားကြရပေလိမ့်မည်။
ကျောက်ချင်းရှန်၊ ကျန်းထောင်း၊ ဖုကျိုး၊ ဝူရှီးယာနှင့် အခြားသော ဂြိုလ်လူသားအဆင့်ပါရမီရှင်များသည် အစပိုင်းတွင် ဤစကားကိုကြားသောအခါတွင် တုံ့ဆိုင်းသွားသော်လည်း၊ ထို့နောက်တွင် ခိုင်မာသောနှလုံးဖြင့် အံကြိတ်ကာ ၎င်းတို့၏ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အလားအလာကို ယာယီသော်လည်းကောင်း သိသာထင်ရှားသော ခွန်အားအတွက် စွန့်လွှတ်လိုက်ကြသည်။
အသက်ရှင်နေသော ပါရမီရှင်သည် ပါရမီရှင်ဖြစ်ဆဲဖြစ်သည်။ သေဆုံးသွားသော ပါရမီရှင်သည်မူ တန်ဖိုးမရှိပေ။
ထိုအချိန်၌ လော့ချန်းရွှယ်က အကျပ်ရိုက်နေခဲ့သည်။
သူမ၏ ဆင့်ကဲပြောင်းလဲခြင်းပါရမီသည် သူမအတွက် အလွန်ဂုဏ်ယူဖွယ်ကောင်းသောအရာတစ်ခုဖြစ်သည်။
သူမသည် မြင့်မြတ်သူအဆင့်၊ ဒဏ္ဍာရီအဆင့် သို့မဟုတ် ထို့ထက်မြင့်သော အဆင့်သို့ ပြောင်းလဲလိုသည်။ သူမသည် ထိုနတ်ဆိုးကို ကိုင်တွယ်ရန် သူမ၏ ဆင့်ကဲပြောင်းလဲခြင်းပါရမီကို မစတေးလိုပေ။ ဤအတွေးများဖြင့် ရှုပ်ထွေးနေချိန်တွင်
“ဝေါင်း”
လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံသည် ရေခဲပြင်ထဲမှ လုံးဝ ကွဲထွက်လာသည်။ ကောင်းကင်ထိ ပေါက်ကွဲသွားစေနိုင်သည့် ဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် ကြမ်းတမ်းသော သွေးနီရောင် မျက်လုံးကြီးများက လော့ချန်းရွှယ်ကို စိုက်ကြည့်နေသည်။ ထို့နောက် ဘမ်းဟူသောအသံဖြင့်အတူ မြေပြင်သို့ ခြေဆောင့်ကာ နောက်ထပ်တစ်စက္ကန့်တွင် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် လေထဲသို့ ပေါက်ထွက်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် လော့ချန်းရွှယ်ထံပြေးသွားခဲ့သည်။ လော့ချန်းရွှယ်၏ လုပ်ရပ်ကြောင့် ရေခဲထဲတွင် ပိတ်မိနေခဲ့ရခြင်းဖြစ်ကြောင်း သူသိသည်။