← Chapters

လက်ရှစ်ဘက် မျောက်ဝံကို သတ်ခြင်း ၂

Vol. 34 Ch. 507

လက်ရှစ်ဘက် မျောက်ဝံကို သတ်ခြင်း ၂

Vol. 34 Ch. 507

၎င်း၏ခန္ဓာကိုယ်ကို အေးခဲသွားစေနိုင်သော ဂြိုလ်သားသည် ယခုအချိန်အထိ ရင်ဆိုင်ခဲ့ရသည့်အနက် အခြိမ်းခြောက်နိုင်ဆုံးရန်သူဖြစ်သည်။ ယခု လော့ချန်းရွှယ်ကို ဦးစွာချေမှုန်းပြီးနောက်မှ ပေါ်ပေါက်လာနိုင်သည့် အလားအလာရှိသော ခြိမ်းခြောက်မှုများကို ဖယ်ရှားပစ်ချင်ခဲ့သည်။

"လမ်းဖယ်”

လန်ထျန်ပိုင်သည် လက်ရှစ်ဘက်ပါသောနတ်ဆိုးမျောက်ဝံက လော့ချန်းရွှယ်ထံသို့ အပြေးသွားနေသည်ကိုမြင်သောအခါ ကျယ်လောင်စွာအော်လိုက်သည်။ လော့ချန်းရွှယ်သည် အော်သံကိုကြား၍ လျင်မြန်စွာတုံ့ပြန်ကာ သူမ၏ဝိညာဉ်ရေးစွမ်းအား၏ နောက်ဆုံးစွမ်းအားကို ထုတ်လွှတ် လျက် လက်ရှစ်ဘက်မျောက်ဝံဆီသို့ ရေခဲမြူတစ်ခု ဖန်တီးလိုက်သည်။ ဤမျှ သေးငယ်သော ရေခဲမြူခိုးများက လက်နက်ရှစ်ဘက် မျောက်ဝံကို ထိန်းထားနိုင်မည်ဟု သူမမျှော်လင့်ထားပေ။

အနည်းငယ်နှေးကွေးသွားစေမည်ဟုသာ သူမမျှော်လင့်ထားခဲ့သည်။ ထို့နောက် သွေးအနှစ်သာရကို စွန့်လွှတ်ခဲ့သော လန်ထျန်ပိုင်သည် လက်ရှစ်ဘက်နတ်ဆိုးမျောက်ဝံကို ကြီးမားသော ဆုံးရှုံးမှုပေးနိုင်မည်ဖြစ်သည်။

ဘမ်း

ရုတ်တရက် နားစည်ကွဲအက်လုသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ လန်ထျန်ပိုင်သည် နှင်းခဲကြီးကြောင့် နှေးကွေးသွားသော လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံ၏ ခန္ဓာကိုယ်ထဲသို့ သွေးအနှစ်သာရစွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။ ထို့နောက် လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံသည် ဒွာရခုနှစ်ပေါက်မှ သွေးများထွက်ကာ ၎င်း၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ သွေးကြောအများစု ပေါက်ကွဲလျက် သွေးပူများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

သွေးများသည် စူးရှသောအသံနှင့်အတူ မြေပြင်ပေါ်သို့ ကျလာ၍ အချို့သော ကျောက်စရစ်များပင် အရည်ပျော်သွားသည်။ ရုတ်တရက် လန်ထျန်ပိုင်၏ လက်ထဲရှိ ကြီးမားသော ဓားကြီးပေါ်တွင် မရေမတွက်နိုင်အောင်များပြားလှသည့် သေးငယ်သော အက်ကွဲကြောင်းများပေါ်လာ၏။ ထို့နောက် တခဏချင်းပင် ကွဲကြေသွားကာ အသေးငယ်သောအပိုင်းအစများအဖြစ်သို့ကွဲ၍ မြေပြင်ပေါ်သို့ ကျသွားသည်။ လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံအသားနှင့် ထိပ်တိုက်တွေ့လိုက်ရသောအခါ အထူး အေ-အဆင့် သတ္ထုစပ်ဖြင့်ပြုလုပ်ထားသည့် ပထမတန်းစားဓားကြီးပ်ငလျှင် အရိပ်မဲ့ဓားအဖြစ်သို့ တိုက်ရိုက်ကျိုးကြေသွားရာ ကျိုးပဲ့နေသည့် လက်ကိုင်တစ်ခုသာကျန်တော့သည်။

‘ဒါမကောင်းဘူး’

လန်ထျန်ပိုင်၏ မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံ၏ ခန္ဓာကိုယ်သည် အဆင့်အေ သတ္ထုစပ်ဖြင့် ပြုလုပ်ထားသည့် ဓားမကို ကွဲကြေနိုင်သည်အထိ တောင့်တင်းလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

နောက်ထပ်တစ်စက္ကန့်တွင်

ဘမ်း

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ လန်ထျန်ပိုင်က ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ခင်တွင် လူဦးခေါင်းထက်ကြီးသော လက်သီးဖြင့် မျက်နှာတည့်တည့်သို့ ထိမှန်ကာ ချက်ချင်းပင် လွင့်ထွက်သွားသည်။ ထို့နောက် ကျယ်လောင်သော လေသံနှင့်အတူ လွင့်ထွက်လျက် မြို့ရိုးနံရံကို ဝင်တိုက်ကာ နံရံတစ်ခုလုံးပြိုကျသွားသည်။ သူ့မျက်နှာတစ်ခုလုံးသွေးများဖြင့် ဖုံးလွှမ်းလျက် သတိလစ်သွားကာ သေလုနီးနီး အခြေအနေတွင်ရှိနေသည်။

ဝှစ်

လေထဲ၌ တစ်စုံတစ်ရာ ကွဲအက်သံများ ထွက်ပေါ်လာသည်။ လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံသည် မျက်တောင်ခတ်လျက် သတိမေ့နေပြီဖြစ်သော လန်ထျန်ပိုင်အား ထိုးနှက်ရန် အဆင်သင့်ဖြစ်လျက် ပြေးလာသည်။ ဂြိုလ်လူသားအဆင့် ပါရမီရှင်များအားလုံးသည် ၎င်းတို့၏ သွေးစွမ်းအင်များကို ဖောက်ကွဲလျက် လန်ထျန်ပိုင်ကို ကယ်တင်ရန် အတွေးတစ်ခုတည်းဖြင့် ၎င်းတို့၏ လုံခြုံရေးကို ဂရုမစိုက်ကြဘဲ ပြေးသွားကြသည်။ လော့ချန်းရွှယ်က အဖွဲ့ဝင်တစ်ဦးအနေဖြင့် တုံ့ဆိုင်းနေခြင်းမရှိပေ။

ထို့နောက် သူမက ဆိုင်းတွခြင်းမရှိဘဲ သူမ၏ ဝိဉာဥ်ခွန်အားကို မြှင့်တင်နိုင်ရန်အတွက် အနှစ်သာရသွေးများကို စတေးကာ လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံကို အေးခဲစေ၍ လန်ထျန်ပိုင်ကို ကယ်တင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူမက တတ်နိုင်သမျှ သွေးအနှစ်သာရများကို စတေးရန် အဆင့်သင့်ဖြစ်နေသည်။

‘ဝှစ်’

ထိုစဥ် သတ္တဝါတိုင်း၏ နားစည်ကို တုန်လှုပ်သွားစေသည့် ကျယ်လောင်သော ဆူညံသံသည် မြို့ပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် သတ္တဝါတိုင်းလိုလိုသည် ထိုကျယ်လောင်သောအသံ၏ ဦးတည်ရာကို လိုက်ကြည့်နေကြသည်။ လော့ချန်းရွှယ်က သူမ၏ အနှစ်သာရသွေးအများစုကို စွန့်လွှတ်ပြီးနောက်မှ ကောင်းကင်သို့ အလိုအလျောက် မျှော်ကြည့်နေသည်။

နောက်ထပ်တစ်စက္ကန့်တွင် သူမမြင်လိုက်ရသည်မှာ မြင့်မားသောကောင်းကင်ထက်မှ အနီရောင်အလင်းတန်းတစ်ခုဖြစ်ကာ သူမ၏ဦးတည်ရာသို့ သို့မဟုတ် ပိုမိုတိကျစွာပြောရလျှင် အရှိန်ပြင်းပြင်းဖြင့် ချီတက်လာသည့် လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံထံဦးတည်နေခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းတွင်

ဘမ်း

အနီရောင်အလင်းတန်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးထွင်းဝင်ရောက်ကာ မြေပြင်ပေါ်တွင် ချီတက်နေသော လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံအား တိတိကျကျ ထိမှန်သွားရာ ထိမှန်သွားသည့်အခိုက်၌ပင် မြေပြင်တစ်ခုလုံဂ ပြင်းထန်စွာ တုန်ခါသွားသည်။ ပြင်းထန်သော ရိုက်ခတ်မှုသည် လေထဲသို့ ဖုန်မှုန့်အမြောက်အမြားထွက်လာစေသည်။ တိုက်ခိုက်မှု၏ အလယ်ရှိ အခြေအနေကို ဖုန်မှုန့်များဖြင့် ဖုံးကွယ်ထားသောကြောင့် မည်သူမျှ မမြင်နိုင်ပေ။

ရှိရှိသမျှသော သက်ရှိအားလုံးသည် မြေမှုန်အတွင်းမှ လျှံထွက်လာသည့် သွေးစွမ်းအားကို အာရုံခံစားနိုင်ကြသည်။ ယခင်က ကောင်းကင်ခြင်္သေ့ကို ချက်ချင်းသတ်ခဲ့ဖူးသော လင်းဇီချန်သည် တည်ရှိနေသော သက်ရှိများအားလုံး၏ မြင်ကွင်းကို တဖြည်းဖြည်း သိမြင်လာခဲ့သည်။ ထိုအချိန်၌ လင်းဇီချန်သည် အက်ကြောင်းများပြည့်နေသည့် မြေတွင်းကြီးအတွင်း၌ တိတ်တဆိတ်ရပ်နေ၏။

သူ့ခြေထောက်အောက်တွင် လက်ရှစ်ဘက်ပါသော ခေါင်းမပါသည့် အလောင်းကိုတက်နင်းထားသည်။ ၎င်းသည် လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံ၏ အလောင်းဖြစ်သည်။ ဂြိုလ်လူသားအဆင့် ပါရမီရှင်များအားလုံးကို ခြိမ်းခြောက်ခဲ့သည့် လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံသည် ယခုအခါ ၎င်း၏ ကြီးမားသော ဦးခေါင်းကြီးက ခြေထောက်အောက်၌ နင်းခြေခြင်းခံရကာ သွေးအိုင်အဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဂြိုလ်သားအဆင့် ပါရမီရှင်များအားလုံး၏ အကြည့်အောက်တွင် ရှိနေသည်။ လင်းဇီချန်သည် လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံ၏ ဦးခေါင်းကို ဖိထားသည့် ခြေထောက်ကို ခန္ဓာကိုယ်ပေါ်သို့ ရွှ့လိုက်သည်။

ထို့နောက် သူက အားအနည်းငယ် ထပ်ထည့်၍ နင်းချလိုက်၏။

ဘမ်း

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကွဲအက်နေပြီဖြစ်သော မြေပြင်သည် ချက်ချင်းပင် အက်ကွဲသွားကာ ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းအသစ်များ ထပ်မံထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းများပေါ်တွင် လက်ရှစ်ဘက်ပါသော နတ်ဆိုးမျောက်ဝံ၏ အလောင်းက သွေးအခိုးအငွေ့အဖြစ်သို့ ပြန့်ကျဲသွားကာ ပတ်ဝန်းကျင်လေထုကို ပြင်းထန်သော သွေးရနံ့များဖြင့် စိမ့်ဝင်သွားစေသည်။

ရုတ်တရတ် ပြန့်ကျဲနေသော သွေးမှုန်များက ယခုအခါ ပျံ့လွင့်သွားသော မမြင်နိုင်သည့် စွမ်းအားအချို့က ဆွဲငင်သွားသည့်နှယ် တစ်နေရာတည်းသို့ လျင်မြန်စွာ စုစည်းလာသည်ကို အားလုံး မြင်လိုက်ကြရသည်။ လော့ချန်းရွှယ်၊ ကျောက်ချင်းရှန်၊ ကျန်းထောင်းနှင့် အခြားဂြိုလ်လူသားအဆင့် ပါရမီရှင်များသည် သွေးအမှုန်အမွှားသွားသည့် လမ်းကြောင်းအတိုင်း စေ့စေ့ကြည့်နေကြသည်။

၎င်းတို့သည် လင်းဇီချန်၏ လက်ထဲသို့ လျင်မြန်စွာ ပျံသန်းသွားကာ လက်ဖဝါးအထက်တွင် ငြိမ်သက်စွာ လွင့်နေသော သွေးစက်ထဲသို့ လျင်မြန်စွာ စုစည်းလာသည်။

ဒါက ဘယ်လိုနည်းပညာမျိုးလဲ။

လင်းဇီချန်က ဘာလုပ်ဖို့ စီစဉ်နေတာလဲ။

လက်ရှိ ဂြိုလ်လူသားအဆင့် ပါရမီရှင်အားလုံးသည် လင်းဇီချန်၏ လုပ်ရပ်ကို နားမလည်နိုင်ဘဲ ပဟေဌိဖြစ်နေကြသည်။ လင်းဇီချန်သည် ၎င်းတို့၏ သံသယများကို ဂရုမစိုက်ဘဲ တိတ်တဆိတ် တွေးလိုက်သည်။

‘ဝါးမြို’

[သင်သည် လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံ၏ အသက်စွမ်းအင်ကို ဝါးမြို၍ သွေးမျိုးဆက်စွမ်းအား မာကျောသော ခန္ဓာကိုယ်ကို ရရှိသွားပါပြီ]

[မာကျောသော ခန္ဓာကိုယ် - သင့်ခန္ဓာကိုယ် ကြံ့ခိုင်မှု အလွန်တိုးလာပါမည်]

[သင်သည် ဝိဉာဥ်စွမ်းအင်နှင့် သွေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသော လက်ရှစ်ဘက် နတ်ဆိုးမျောက်ဝံမှ မူလစွမ်းအားအများအပြားကို စုပ်ယူခဲ့ကာ သွေးစွမ်းအင်နှင့် ချီစွမ်းအားနှစ်ခုလုံး အနည်းငယ်ကို တိုးလာစေသည်။]

အနည်းငယ်တဲ့လား။

အရင်နှစ်က ငါ လက်လှမ်းမမှီခဲ့တဲ့ သခင်အဆင့်နဝမအဆင့်တွေက အခု သွားကြားညပ်ရုံလောက်ပဲရှိတော့တယ်…

လင်းဇီချန်က အတိတ်သို့ ပြန်တွေးလိုက်ရသည်။ အတိတ်သို့ ပြန်တွေးပြီးနောက် သူသည် ရုတ်တရက် ခြေဆောင့်လိုက်ရာ တစ်ခဏချင်း၌ပင် ရှေ့သို့ ချီတက်ကာ တိုက်ခိုက်တော့သည်။ သူ့ရှေ့တွင် အလွန် ပြင်းထန်သော ချီစွမ်းအင်နှင့် မူလစွမ်းအားများရှိသည့် ဂြိုလ်သားမျိုးနွယ်စုဝင်မာျးစွာရှိသည်။

သူသည် ဤများပြားလှသော ဂြိုလ်သားမျိုးနွယ်စုအဖွဲ့ကြီးကို တတ်နိုင်သမျှ မြန်မြန်သတ်ပစ်ရန်၊ ၎င်းတို့၏ အလောင်းများကို ဝါးမြို၍ ၎င်းတို့၏ မူလဇစ်မြစ်နှင့် မူလစွမ်းအားကို ကိုယ်တိုင်အသုံးပြုရန်အတွက် စုပ်ယူရန် ပြင်ဆင်ထားသည်။ သူ့နောက်ရှိ ဂြိုလ်သားအဆင့် ပါရမီရှင်များ၏ မျက်နှာများက တုန်လှုပ်ခြောက်ခြားမှုတို့ အပြည့်ရှိနေသည်။

မကြာသေးမီက လင်းဇီချန်သည် ၎င်းတို့နှင့်အတူ အသင်းဖော်ဖြစ်ခဲ့သည်။

သို့သော် ယနေ့ကဲ့သို့ ဤသို့ အချိန်တိုလေးအတွင်းတွင် သူသည် မတူညီသောအဆင့်တစ်ခုသို့ရောက်လာခဲ့ပြီဖြစ်သည်။

...

အခြားသူများလည်း အံ့သြသွားကြသည်။ လင်းဇီချန်သည် ဂြိုလ်သားမျိုးနွယ်စုဝင်များကို တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ သတ်ဖြတ်ခဲ့သည်။

All Chapters